12/12/2024
လာမည့် စနေနေ့မှာ "Digital Business" - ခေတ်သစ်စီးပွားရေးလုပ်ငန်း အကြောင်းဆွေးနွေးပေးမည့် ဆရာမ Myat Hmone Nathar ဆိုတာ ဘာ်သူလဲ?
Speaker Profile: 👩💼
မမြတ်မှုနံ့သာဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မြန်မာလူငယ် Creative Technologists များ ပူးပေါင်းဖန်တီးထားတဲ့ အနုပညာ နည်းပညာပေါင်းစပ်မှု - XR Exhibition Project "(Re) Imagine City/ (Re) Imagine Home", Art School တစ်ခုဖြစ်တဲ့ Zest Club , Indie Filmmaker အဖွဲအစည်းတစ်ခုဖြစ်တဲ့ "Despair Cinema" အပါအဝင် အမေရိကန်နဲ့ သြဇီနိုင်ငံအခြေစိုက် Artist Studios များ၊ Creative Industry အသီးသီးမှ လူငယ် Community များ၊ မြန်မာလူငယ်ပညာရှင်များ၊ လုပ်ငန်းရှင်များနဲ့အတူ လက်တွဲအလုပ်လုပ်ကိုင်နေတဲ့ Multi-Creative တစ်ဦးပဲ ဖြစ်ပါတယ်။ 🎯🎯
ဘာတွေ ဆွေနွေးသွားမှာလဲ?
သင်ကြားရေးပိုင်းမှာ (၈) နှစ်ကျော် အတွေ့အကြုံရှိတဲ့ Educator တစ်ယောက်အနေနဲ့ အခု Webinar ကို ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပြီး ယခုခေတ်မှာ ခေတ်စားလာပြီဖြစ်တဲ့ Digital Business ရဲ့ အခြေခံသဘောတရားတွေ၊ နည်းပညာနဲ့အပြိုင်တိုးရတော့မယ့် သမားရိုးကျစီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးသွားရမယ့်သူတွေအတွက် Digital Business Tools တချိုကိုပါ အကောင်းဆုံးလမ်းညွှန်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်/