Rose Chinese Language Centre

Rose Chinese Language Centre

Share

本补习班专门聘请在中国著名大学毕业的专兼职教师任教。
本中心热烈欢迎有学习意向者积极到
“玫瑰中文补习中心” 咨询详情,或直接拨打热电话 咨询详情与报。

16/12/2023

命运的好坏,全在一张嘴上。
Mìngyùn de hǎo huài, quán zài yī zhāngzuǐ shàng.
ကံဆိုးကံကောင်းတွေဟာ ပါးစပ်တပေါက်ပေါ်ပဲမူတည်ပါတယ်။

闭上嘴是最高的修行。
Bì shàng zuǐ shì zuìgāo de xiūxíng.
ဆိတ်ဆိတ်နေခြင်းဟာ အကောင်းမြတ်ဆုံးကျင့်စဉ်ပါဘဲ။

Lao ge. . .

Photos from Rose Chinese Language Centre's post 04/11/2023

形容人的外貌的作文👁
——————————————

Photos from Rose Chinese Language Centre's post 14/10/2023
23/09/2023

总有人站在不同的角度指责你。

zǒng yǒu rén zhàn zài bù tóng de jiǎo dù zhǐ zé nǐ.
လူတွေက မတူညီတဲ့ရှုထောင့်အမျိုးမျိုးကနေတော့ မင်းကိုမျိုးစုံဝေဖန်ပြစ်တင်ကြစမြဲပါဘဲ။

但没人了解你这一路走来有多难。

dàn méi rén le jiě nǐ zhè yī lù zǒu lái yǒu duō nán .

ဒါပေမဲ့ မင်းလျှောက်ခဲ့တဲ့လမ်းဟာ ဘယ်လောက်ပင်ပမ်းလဲဆိုတာတော့ ဘယ်သူမှနားမလည်နိုင်ကြပါဘူး။

Lao ge.

17/09/2023

တရုတ်နိုင်ငံမှာ ဒေသိယစကား (၇)မျိုးရှိပါတယ်။
‌မတူညီကွဲပြားနေတဲ့ ဒေသိယစကားများကို 方言 (fāng yán)လို့ခေါ်ပါတယ်။
(၁)北方方言 (bēi fāng yán)မြောက်ပိုင်းစကား
မြောက်ပိုင်းစကားက အဓိကဒေသိယ စကားဖြစ်ပြီး လေးပုံသုံးပုံသော တရုတ်လူမျိုးများပြောဆိုသုံးနှုန်းကြပါတယ်။ယခုသင်ယူနေကြတဲ့ နိုင်ငံသုံးစကား မန်ဒရင်း (Mandrin)普通话( pú tōng huà )ဟာလည်း မြောက်ပိုင်းစကားကနေအခြေခံဆင်းသက်လာတာမို့ 普通话( pú tōng huà )တတ်မြောက်ထားတယ်ဆိုရင် တရုတ်လူမျိုးအများစုပြောတဲ့စကားကိုနားလည်မှာဖြစ်ပါတယ်။
မြောက်ပိုင်းစကားမှာတင် နောက်ထပ်လေးမျိုးထပ်ကွဲပါသေးတယ်။
河北-东北方言(Héběi-dōngběi fāngyán)
西北方言(Xīběi fāngyán)
江淮方言 (Jiānghuái fāngyán)ဆိုပြီးဖြစ်ပါတယ်။
江淮方言(Jiānghuái fāngyán)စကားပြောတဲ့လူများက 长江(cháng jiāng)ယန်စီမြစ်ရဲ့မြောက်ဘက်မှာ နေထိုင်ကြပါတယ်။
အလွယ်ကူဆုံး မြောက်ပိုင်းစကားကတော့ Héběi-dōngběi fāngyán ဖြစ်ပါတယ်။

(၂) 广东话 (Guǎngdōng huà)ကွမ်တုံး စကား
ကွမ်တုံးစကားကလည်း တရုတ်လူမျိုးတော်တော်များများ အသုံးပြုတဲ့စကားဖြစ်ပါတယ်။တရုတ်ပြည် ကွမ်တုံးပြည်နယ်(广东,Guǎngdōng)၊ ကွမ်ရှီး ပြည်နယ်(广西,Guǎngxī)ရဲ့ဒေသအချို့၊ ဟောင်ကောင် (香港,Xiānggǎng)နဲ့ မကာအို (澳门,Àomén) မှာရှိတဲ့ လူများက ကွမ်တုံးစကားပြောကြပါတယ်။普通话(pú tōng huà)မှာ အသံတုံး (声调,Shēngdiào)(၄)ခုပဲရှိပေမယ့် ကွမ်တုံးစကားမှာတော့ အသံတုံး (၉)ခုရှိတာမို့ သင်ယူရတာ မလွယ်ကူပါဘူး။

(၃) 吴方言 (Wú fāngyán)ဝူ စကား
ဝူစကားကတော့ တောင်ပိုင်းစကားဖြစ်ပြီး ဝူစကားကို အဓိကပြောဆိုတဲ့သူများကတော့ ယန်စီမြစ်တောင်ပိုင်းမှာ နေကြသူများဖြစ်ပါတယ်။ နာမည်အကြီးဆုံး ဝူစကားက 上海话(Shànghǎi huà)ရှန်ဟိုင်းစကားပါ။ ရှန်ဟိုင်းစကားက နားထောင်ရတာ ပျော့ပျောင်းပါတယ်။ အခြားဒေသတွေရဲ့ ဝူစကားကလည်း အဲ့လိုပါပဲ။ ကွမ်တုံးစကားလိုပါပဲ မြောက်ပိုင်းသားတွေကလည်း ဝူစကားကိုနားမလည်ပါဘူး။ ဒါပေမယ့် ဂျပန်လူမျိုးတွေအနေနဲ့ပြောရမယ်ဆိုရင်တော့ ဝူစကားက သိပ်မခက်ပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ ဂျပန်စကားရဲ့အချို့စကားလုံးတွေက ဝူစကားနဲ့ အရမ်းဆင်ပါတယ်။
ဒီစကား(၃)မျိုးအပြင်
(၄)湘方言 (Xiāng fāngyán)
(၅)赣方言(Gàn fāngyán)
(၆)客家人(Kèjiā rén)
(၇)闽方言(Mǐn fāngyán)
တို့ရှိပါတယ်။ ဒီစကား လေး မျိုးကိုပြောတဲ့သူတွေကအဓိကအားဖြင့် တရုတ်ပြည်တောင်ပိုင်းမှာ နေထိုင်ကြသူများဖြစ်ပါတယ်။ တရုတ်ပြည်တောင်ပိုင်းက တောင်ထူထပ်တာကြောင့် အရင်တုန်းကလူတွေက အချင်းချင်းတွေ့ကြဖို့အရမ်းခက်ခဲပါတယ်။ဒါကြောင့် တဖြည်းဖြည်းနဲ့ မတူညီတဲ့စကားတွေရှိလာကြတာပါ။
အထက်ပါပြောခဲ့တာတွေက တရုတ်ပြည်ရဲ့ဒေသိယစကား (၇)မျိုးအ ‌ကြောင်းဖြစ်ပါတယ်။

Crd..

Photos from Rose Chinese Language Centre's post 17/09/2023

Occupation( 职业)

16/09/2023

生活,有太多的情非得已。
shēng huó, yǒu tài duō de qíng fēi dé yǐ.
ဘဝမှာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတာတွေ အများကြီးပါ။

总有些遗憾,弥补不了;
zǒng yǒu xiē yí hàn, mí bǔ bù le
တချို့နှမျောတသစရာတွေက အစားပြန်မရနိုင်ကြဘူး။

人生中,总有些意外,避之不开。
rén shēng zhōng, zǒng yǒu xiē yì wài, bì zhī bù kāi
တချို့အမှတ်မထင်တွေက ရှောင်လွှဲလို့မရဘူး။

有太多的情非得已,太多的无可奈何。
yǒu tài duō de qíng fēi dé yǐ, tài duō de wú kě nài hé.
ကိုယ့်သဘောအတိုင်းလည်းမဖြစ်ရ၊ ကိုယ်လည်းမတတ်နိုင်တာတွေအများကြီး။

学会乐观,
xué huì lè guān
အကောင်းဘက်ကတွေးတတ်ဖို့ဘဲ ကြိုးစားရမှာပါ။

别让琐事,挤走快乐;
bié ràng suǒ shì, jǐ zǒu kuài lè
အရေးမပါတာတွေက ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို ယူမသွားပါစေနဲ့။

别让压力,影响心情;
bié ràng yā lì, yǐng xiǎng xīn qíng
ဖိအားတွေက စိတ်ကိုအနှောင့်အယှက်မဖြစ်လာပါစေနဲ့။

别让情绪,淡了笑容。
bié ràng qíng xù, dàn le xiào róng
စိတ်ခံစားချက်ကြောင့် အပြုံးတွေပေါ့မသွားပါစေနဲ့။

百年岁月,
bǎi nián suì yuè
ရက်လနှစ်တွေဟာ

并非我们想像的那么长,
bìng fēi wǒ men xiǎng xiàng de nà me chǎng
ငါတို့ထင်သလောက်မကြာရှည်ပါဘူး
在一场场遗憾里,光阴就少了,

在一次次徘徊中,时光就没了。
zài yī cì cì pái huái zhōng, shí guāng jiù méi le
ဒီလိုနဲ့ပဲ အချိန်ဟာကုန်ဆုံးသွားတာပါ။

Lao ge...

16/09/2023

意外之财不要贪,
yì wài zhī cái bù yào tān
ပုံမှန်မဟုတ်တဲ့ငွေကြေးကို လောဘမတက်နဲ့။

莫名的艳遇不要沾,
mò míng de yàn yù bù yào zhān
အကြောင်းမသိတဲ့မိန်းမချောကိုလည်း မထိတွေ့နဲ့။

不属于自己的东西不要碰,
bù shǔ yú zì jǐ de dōng xī bù yào pèng
ကိုယ်နဲ့မဆိုင်တာကိုလည်း မထိနဲ့။

错误的关系及时止损,
cuò wù de guān xì jí shí zhǐ sǔn
မှားယွင်းတဲ့ပတ်သက်ဆက်နွယ်မှုတွေလည်း ရပ်တန့်ပစ်။

懂得自制,
dǒng dé zì zhì
ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ရင်

你的人生会少很多麻烦!
nǐ de rén shēng huì shǎo hěn duō má fán
ကိုယ့်ရဲ့ဘဝဟာ သောကတွေပိုနည်းရမှာပါ။

Lao ge...

Photos from Rose Chinese Language Centre's post 16/09/2023

English‌ကျောင်းကတပည့်လေးရဲ့ တိုးတက်ချက်👏🫶

Lao shiဆီ စရောက်လာတုန်းကဆို တရုတ်စာ4skillသိပ်အဆင်မပြေဘူး
အသံထွက်ထွက်ခိုင်းရင် ဘိုသံပဲပေါက်
ဆိုခိုင်းတော့လည်း အသံအနိမ့်အမြင့်လည်းမရ
ဝါကျရေးခိုင်းလည်းမရဘူး
အဲလိုအ‌ခြေအနေကနေ.......

ခုတော့ ကြိုးစားမှုပေါ် ဘိုသံကနေတကယ့်တရုတ်သံဖြစ်😘
ကျောင်းဆရာမဆီကချီူကျူးခံရတဲ့အဆင့်😍

ကျောင်းစာမေးပွဲမှာလည်းအမြဲ 100မှတ်မှာ 98
99တွေ😍🥰

Lao shi‌တော့အရမ်းကျေနပ် အားရ ပီတိဖြစ်ရပါတယ်🥰🤩

ကြွာအုံးမယ်😎
တာတောင်မပြင်ရသေးတဲ့ဟာနော်

သူ့ကို စာလုံး 4 5လုံး ပေးပြီး စာပိုဒ်တပိုဒ်ဖြစ်အောင်ရေးခိုင်းတာ

Photos from Rose Chinese Language Centre's post 16/04/2023

Family Members in Chinese

Photos from Rose Chinese Language Centre's post 16/04/2023

အဖြေမှန်ရွှေးကြမယ်

22/11/2022

ခရစ်စမတ်မှာအသုံးဝင်တဲ့စာလုံးစိမ်းတွေ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


16st , Lanmadaw Tsp
Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00