ZMA Private School

ZMA Private School

Share

School for all round Enrichment of every individual...
Trust us, we will deliver back to you School for holistic enrichment of every individual.

We care you and your well being. It's connected with ours one ........
ဘက်စုံဖွံ့ဖြိုးမှုသည်သာ ပဓာန၊ ပြီးပြည့်စုံသော သင်ကြားမှုက အဓိက၊ နွေးထွေးလုံခြုံမှုဟာ ပထမ၊ စေတနာ အပြည့်အ၀ရှိတာ ZMA ပါ

01/02/2021

အင်တာနက်လိုင်းများ အခက်အခဲကြောင့် ပုံမှန်သင်ကြားလျှက်ရှိသော အတန်းများနှင့် ယနေ့စတင်သင်ကြားရန် ရှိသောအတန်းများ အားလုံး တစ်ပတ်ပိတ်ထားပါကြောင်း ​ေကျာင်းသားမိဘများ၊ ကျောင်းသား/သူများ ဆရာဆရာမများ အားလုံးကို အသိပေးအပ်ပါသည်။
ZMA School

31/01/2021

မိဘတိုင်း သတိမထားမိသေးတဲ့
ကလေးပြုစုပျိုးထောင်ရေး ထိပ်တန်းနည်းနာများ (၂)

✅ ကလေးတွေကို မောင်နှမအချင်းချင်းကြားမှာ ယှဉ်ပြိုင်လိုစိတ် မွေးပေးပါ

တခြားသူတွေနဲ့ ယှဉ်ပြိုင်လိုစိတ်ဟာ ပြဿနာတွေ ပဋိပက္ခတွေ ရန်လိုစိတ်တွေ မွေးဖွားပေးတတ်ပြီး သိပ်ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ … မှန်ကန်တဲ့ယှဉ်ပြိုင်လိုစိတ်ကို ကလေးတွေဆီမှာ ကိန်းအောင်းလာအောင် မွေးမြူပေးလို့ရပါတယ်။ အဲဒီကနေ အကျိုးရလဒ်ကောင်းတွေလည်း ထွက်ပေါ်လာတတ်ပါတယ်။

ဥပမာ - “သား … အကိုရဲ့အခန်းလေးကို ကြည့်စမ်း သန့်ရှင်းနေတာပဲ” လို့ ပြောတဲ့အခါ သင့်ကလေးအနေနဲ့ အားကျမခံစိတ်တွေ ဝင်လာပြီး သူ့အခန်းသူ သန့်ရှင်းရေးလုပ်လိုစိတ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ … “ပျင်းမနေနဲ့ ၊ သွား … အခန်းကို သန့်ရှင်းရေးလုပ်” ဆိုရင်တော့၊ ကလေးတွေဟာ လုပ်ချင်မှ လုပ်ပါလိမ့်မယ်။

✅ လုပ်မိတဲ့ အမှားတွေကနေ
ပြန်လည်သင်ယူတတ်အောင် လေ့ကျင့်ပေးပြီး
သူတို့ကိုယ်သူတို့ ယုံကြည်မှုဖြစ်လာအောင် တည်ဆောက်ပေးပါ

လူတိုင်းဟာ အမှားတွေ လုပ်တတ်ပါတယ်။ အဓိကအချက်က အဲဒီအမှားတွေက သင်ယူတတ်ဖို့ပဲ ဖြစ်ပါတယ်။ မှားမှာ ကြောက်တဲ့သူတွေဟာ ဘာမှမသင်ယူချင်သူတွေပဲ ဖြစ်တယ်။ တကယ်လို့ သင့်ကလေးက သူ တစ်ခါမှ မလုပ်ဖူးတဲ့အရာတစ်ခု လုပ်ဖို့ ကြိုးစားနေတာမျိုးဆိုရင် သူ့ကို လုပ်ဖြစ်အောင် တွန်းအားပေးပါ။ အသက်အန္တရာယ်နဲ့ ပတ်သတ်ပြီး မစိုးရိမ်ရတဲ့ကိစ္စမျိုး ၊ ဥပဒေဘောင်အတွင်းက ကိစ္စမျိုးတွေဆိုရင် မိဘတွေအနေနဲ့ ထောက်ပံ့ကူညီပေးရမှာပဲ ဖြစ်ပါတယ်။

နောက်ပြီး - သူလုပ်တဲ့ကိစ္စနဲ့ ပတ်သတ်လို့ မအောင်မြင်ခဲ့တဲ့အခါ ဝေဖန်ပြစ်တင်ခြင်း မလုပ်မိပါစေနဲ့။ ကလေးအများစုဟာ သူတို့ရဲ့ရှုံးနိမ့်မှုကြောင့် မိဘတွေအနေနဲ့ ဒေါသထွက်စိတ်ပျက်မှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ထပ်မံကြိုးစားလို့ ရကြောင်း တိုက်တွန်းပြီး သင့်ကလေးငယ်ကို စိတ်သက်သာရာ ရပါစေ။ အဲဒီလို မှန်ကန်ကောင်းမွန်တဲ့ အထောက်အပံ့ပြုပေးခြင်းဟာ ကလေးငယ်ကို ယုံကြည်မှု တည်ဆောက်ပေးရာရောက်ပြီး သူတို့ကို နောင်တစ်ချိန်မှာ စွမ်းရည်ပြည့်ဝလာစေပါတယ်။ ကလေးနဲ့မိဘကြား သံယောဇဉ်နှောင်ကြိုးကိုလည်း ပိုမိုခိုင်မာစေနိုင်ပါတယ်။

✅ အသစ်အသစ်သော အရာတွေကို
သင်ယူဖို့ စိန်ခေါ်မှုတွေကို ဖန်တီးပေးပါ

ပျင်းရိခြင်းဟာ ကလေးတွေအတွက်တော့ သိပ်ကို အန္တရာယ်ရှိတဲ့အရာပါပဲ။ အဲဒီအခြေအနေကို မရောက်အောင် မိဘတွေအနေနဲ့ စိန်ခေါ်မှုအသစ်တွေ ဖန်တီးပေးဖို့ လိုပါတယ်။ အသက်အရွယ်အလိုက် ရည်မှန်းချက်ပန်းတိုင်ငယ်လေးတွေ ချမှတ်ပေးပြီး အဲဒီပန်းတိုင်တွေဆီရောက်ဖို့ လမ်းညွှန်ပြသပေးပါ။

“အနာခံမှ အသာစံ” ဆိုတဲ့စကားဟာ ကလေးငယ်တွေကို ပြုစုပျိုးထောင်ရေးနဲ့ ပတ်သတ်လို့ အထူးသတိပေးထားသလိုပါပဲ။ အောင်မြင်မှုတိုင်းရဲ့နောက်ကွယ်မှာ ပေးဆပ်အနစ်နာခံမှု၊ အပင်ပန်းခံကြိုးစားအားထုတ်မှုရှိကြောင်း ကလေးငယ်တွေအနေနဲ့ သိလာစေပါလိမ့်မယ်။ ကိစ္စတိုင်းမှာ တာဝန်ယူတတ်မှု ရှိလာပြီး မိဘတွေအပေါ် ကလေးတွေဟာ ယုံကြည်စိတ်ချခိုင်မာလာမှာပဲ ဖြစ်ပါတယ်။

✅ မိမိ သိထားသမျှ အရာရာကို
သင့်ကလေးကို ပြန်လည်သင်ကြားပေးပါ

တကယ်လို့ မိဘတွေအနေနဲ့ ကလေးငယ်တွေကို “သား ကြီးလာရင် ဘာဖြစ်ချင်လဲ” ၊ “သမီး ကြီးလာရင် ဘာဖြစ်ချင်လဲ” မေးခဲ့မယ်ဆိုရင် သူတို့ရဲ့အဖြေက “ဖေဖေ့လိုပဲ ဖြစ်ချင်တယ်” ၊ “မေမေ့လိုပဲ ဖြစ်ချင်တယ်” စသဖြင့် ဖြစ်ပါလိမ့်မယ်။ အဲဒါ ရိုးရှင်းတဲ့အဖြေပါပဲ။ တကယ်တော့ …မိဘတွေဟာ ကလေးတွေရဲ့အမြင်မှာ သူရဲကောင်းတွေပါပဲ။ သူတို့အတွက်တော့ ..သူတို့ထက်ပိုပြီး လူ့ဘဝအကြောင်း ၊ ပြဿနာကိစ္စတွေအကြောင်း စုံလင်စွာ သိရှိနားလည်ထားတဲ့သူရဲကောင်းတွေပေါ့။ အဲဒါကြောင့် … မိဘတွေအနေနဲ့ သူတို့ သိထားသမျှ အရာရာကို သူတို့ကလေးငယ်တွေအတွက် ပြန်လည်သင်ကြားပေးဖို့ဟာ သိပ်ကို အရေးကြီးပါတယ်။

မိဘတွေ ဘယ်လို တွေးခေါ်တယ် ၊ ဘယ်လို ပြောဆိုတယ် ဆိုတာ သူတို့အတွက်တော့ စံနမူနာပါပဲ။ အသိပညာဗဟုသုတရဲ့စွမ်းအားက ကြီးမားကြောင်း လူတိုင်းသိပါတယ်။ ကလေးငယ်တွေလည်း အဲဒါကို သိရှိကြပါတယ်။ မိဘတွေ သိထားတဲ့အရာတွေကို သိရှိဖို့လည်း ကလေးငယ်တွေဟာ မျှော်လင့်တကြီး စောင့်စားနေတတ်ကြပါတယ်။ မိမိ သိထားသမျှ အရာရာကို သင့်ကလေးကို ပြန်လည်သင်ကြားပေးခြင်းဟာ ကလေးငယ်ရဲ့အနာဂတ်ဘဝ အောင်မြင်ရေးအတွက် ပံ့ပိုးကူညီပေးတဲ့ အဓိကနည်းလမ်းပဲ ဖြစ်ပါတယ်။

29/01/2021

၂၀၂၁ မှာ ZMA Private School ထံ
ကျောင်းအပ်နှံသင့်တဲ့ အကြောင်းအရင်း (၁၀) ချက်

✅ အပြင်ကျူရှင်၊ Guide ထပ်တက်စရာ *လုံးဝ* မလိုအောင် သင်ကြားပေးပြီး ဘာသာရပ်တိုင်း ထူးချွန်နေအောင် အထူးအလေးထားခြင်း
✅ သင်ထောက်ကူပစ္စည်းများဖြင့် လေ့လာစေသည့်အပြင် Critical Thinking Skills မြင့်မားစေရန် ဆွေးနွေးမေးမြန်းမှု အလေ့အကျင့်ကိုပါ ပြုစုပျိုးထောင်ပေးခြင်း
✅ ပညာရေးဝန်ကြီးဌာန သင်ရိုးညွှန်းတမ်းအပြင် နိုင်ငံတကာတန်းဝင် သင်ခန်းစာများကိုပါ ထပ်ဆောင်းသင်ကြားပေးခြင်း
✅ Computer / Cambridge English နှင့် Cambridge Science ဘာသာရပ်များကိုပါ လေ့လာသင်ယူစေပြီး STEAM Education (Science, Technology, Engineering, Art & Mathematics) ကိုပါ ထည့်သွင်း သင်ကြားပေးခြင်း
✅ AI (Artificial Intelligence) နှင့် Robotic Science တို့၏ အခြေခံသဘောတရားများကိုပါ မိတ်ဆက် သင်ကြားပေးခြင်း
✅ စာလေ့လာရုံတင် မဟုတ်ဘဲ ကျောင်းသားကျောင်းသူတို့၏ ဝါသနာအရ ပန်းချီနှင့် ဂီတပညာရပ်များကိုပါ သင်ကြားပေးခြင်း
✅ ဉာဏ်ရည်နှင့်အတူ ကိုယ်ကာယစွမ်းရည်ပါ ဖွံ့ဖြိုးမြင့်တက်စေရန် သက်ဆိုင်ရာ ကျွမ်းကျင်ဆရာများက Table Tennis, Badminton, Yoga, Karate, Outdoor Sports နှင့် Football တို့ကိုပါ သင်ကြားပေးခြင်း
✅ ယခုလို ကိုဗစ်ကာလ၊ ကျောင်းများ ပြန်မဖွင့်မီ အချိန်အတွင်း ZMA Private School မှ Online Class များကို စတင် ဖွင့်လှစ် သင်ကြားရန် စီစဉ်ထားပြီး ဖြစ်ခြင်း။
✅ အတန်းတစ်တန်းချင်းစီနှင့် ဘာသာရပ် တစ်ခုချင်းစီအလိုက် ကျွမ်းကျင်ဝါရင့်ဆရာများက အနီးကပ် လေ့ကျင့် သင်ကြားပေးခြင်း။
✅ ပညာအရည်အချင်းအတွက် Intelligent Quotient (IQ) မြင့်မားစေရုံတင် မကဘဲ Emotional Quotient (EQ) နှင့် Physical Quotient (PQ) စတဲ့ ဉာဏ်ရည် (၃) မျိုးစလုံး မြင့်မားအားကောင်းစေရန် သင်ကြားပို့ချပေးခြင်း ...
စတဲ့ အားသာချက်တွေ ရှိတာကြောင့် -

ကျူရှင်တွေလည်း ထပ်တက်စရာလည်း မလို
ကျောင်းသားစာမရမှာ သောကရောက်စရာ မလိုဘဲ
ကိုယ့်ကလေးပညာရေး စိတ်အေးရအောင်
ပညာရေးဂုဏ်သတင်း ကျော်စောတဲ့
ZMA Private School မှာ စိတ်ချလက်ချသာ
Online Class ကျောင်းအပ်နှံလိုက်ပါလို့ တိုက်တွန်းပါရစေရှင့် 🤗

27/01/2021

သားသမီးများအပေါ် မေတ္တာတရားတို့နှင့် ကျေးဇူးကြီးမားလှသော
မိခင်တို့ကို ပြာသိုလပြည့် အမေများနေ့မှာ
ZMA Private School မိသားစုမှ
လက်အုပ်ချီဂုဏ်ပြုဂါရဝပြုလိုက်ရပါသည်။

26/01/2021

မိဘ ြပည်သူများသို့ လေးစားစွာ အသိပေးပါရစေ။ ြပည်တွင်းြပည်ပ နိုင်ငံတကာကျောင်း International School များတွင် ပညာသင်ကြားနေသော ကလေးများကို ြမန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အ​​​ခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများသို့ ​ပြောင်း​ရွှေ့ပြီး​ လက်ဆက်ပညာ​သင်ယူရန် ဆန္ဒရှိသော ကလေးများ အနေနဲ့ မြန်မာနိုင်ငံပညာရေးဌာနမှ နှစ်စဥ် ကျင်းပသည့် Entrance စာမေးပွဲ ဖြေဆိုရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မိဘများအနေဖြင့် မိမိတို့ ရင်သွေးငယ်များအား Entrance စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် အကြိုလေ့ကျင့်ပေးရမည် ဖြစ်ပါသည်။ ထိုသို့သော ကျောင်းသား/ကျောင်းသူများကို ZMA ကျောင်းမှလည်း ယခင်နှစ်များနည်းတူ လက်ခံကူညီပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ အမြန်ဆုံး ဆက်သွယ် စုံစမ်းနိုင်ပါပြီ။
Covid 19 ကို အတူတကွ တားဆီးကာကွယ်ကြပါဆို့
, and များကို တိကျစွာ လိုက်နာ ကျင့်သုံးရင်း သင်နှင့်သင့်မိသားစု၊ကျန်းမာရေးဝန်ထမ်များနှင့် နိုင်ငံတော်အစိုးရကို ကူညီကြပါဆို့ ။
ဆက်သွယ်ရန် ဖုန်း 09960040300,
Email : [email protected]

19/01/2021

သင့်ကလေးအတွက် IQ / EQ နဲ့ PQ ဆိုတဲ့
ဉာဏ်ရည် (၃) မျိုးကို
ဂရုစိုက် မြှင့်တင်ပေးနေတဲ့ ZMA Private School 💁‍♀️

ခေတ်သစ်ပညာရေးမှာ ကျောင်းသားတစ်ယောက်က IQ မြင့်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ အခြား ဉာဏ်ရည်ပြကိန်းတွေလည်း ဖွံ့ဖြိုးအားကောင်းနေဖို့ လိုအပ်ပါတယ်ရှင့်။ ဒါကြောင့်၊ ဉာဏ်ရည်တွေနဲ့ ပတ်သက်ပြီး အားလုံးရင်းနှီးပြီးသား ဉာဏ်ရည်ပြကိန်း (Intelligent Quotient) အပြင် အခြား Q တွေဖြစ်တဲ့ EQ နဲ့ PQ ဆိုတဲ့ ဉာဏ်ရည် (၃) မျိုး ဖွံ့ဖြိုးအားကောင်းဖို့ ZMA Private School က လေ့ကျင့် သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။

✅ IQ (Intelligence Quotient) - လူတစ်ယောက်ရဲ့ ဉာဏ်ရည်ကို စနစ်တကျတိုင်းထွာပြီး ရလာတဲ့အဖြေကို Quotient အနေနဲ့ ရည်ညွှန်းပြီး ဉာဏ်ရည်ပြကိန်း (IQ) လို့ သတ်မှတ်တာ ဖြစ်ပါတယ်။ IQ နိမ့်ခြင်း မြင့်ခြင်းဆိုတာ စာမေးပွဲရလဒ်နဲ့ တိုက်ရိုက် ဆက်စပ်တယ်လို့ ယေဘူယျ ပြောဆိုနိုင်ပါတယ်။ ဘာသာရပ်တွေကို ကျွမ်းကျင်တတ်မြောက်ပြီး အမှတ်ကောင်းကောင်း ရရှိရုံတင်မဘဲ ဂုဏ်ထူးရမှတ်အထိ IQ မြင့်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာရေးဟာ ZMA ရဲ့ ဦးတည်ချက်ပဲ ဖြစ်ပါတယ် 💯

✅ EQ (Emotional Quotient) IQ မြင့်မားခြင်းဟာ စာတတ်မြောက်ခြင်းနဲ့ သက်ဆိုင်တယ်ဆိုရင် EQ မြင့်မားခြင်းဟာာ စိတ်ကောင်းရှိခြင်းလို့ အလွယ်တကူ သတ်မှတ်နိုင်ပါတယ်။ ကိုယ်ချင်းစာမှု၊ စာနာတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တစ်ပါးသူ ခံစားချက်ကို နားလည်နိုင်စွမ်း စတဲ့ Emotional Intelligence လို့လည်း ခေါ်ကြတဲ့ စိတ်ခံစားမှုဉာဏ်ရည် (EQ) မြင့်မားအောင်၊ ပညာပြည့်ဝနှလုံးလှစေဖို့ ZMA Private School က ဆွေးနွေး သင်ကြားပေးလျက် ရှိပါတယ်ရှင့် 🤗

✅ PQ (Physical Quotient) - ကျောင်းသားတွေအနေနဲ့ ကာယဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလည်း ရှိဖို့အတွက် ZMA က အထူး ဂရုစိုက်ပေးပါတယ်။ ကျောင်းစာတစ်ခုထဲကိုပဲ ဖိလုပ်ပြီး ကိုယ်လက်လှုပ်ရှားမှု အားနည်းတဲ့အခါ ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ကိုယ့်ကျောင်းသားတစ်ယောက် ကိုယ်စိတ်ပင်ပန်းမှာကို စိုးရိမ်ကြီးတဲ့အလျောက် ZAM ဟာ ကျောင်းသားကျာင်းသူတွေရဲ့ ကာယပညာရေးကိုလည်း သင်ကြားလေ့ကျင့်ပေးနေပါတယ် 💁‍♀️

ဒါကြောင့် ... မိမိကလေးကို
ကျောင်းစာမှာပဲ ထူးချွန်ထက်မြက်ပြီး
IQ ကောင်းနေရုံတင်မကဘဲ
တစ်ဘဝလုံးစာအတွက် အရေးပါလှတဲ့
အခြားဉာဏ်ရည်တွေ မြင့်မားရေးကိုလည်း
ထည့်သွင်းသင်ကြားပေးနေတဲ့ ZAM Private School မှာ
နောင်ရေးစိတ်အေးရအောင် အခုပဲ ကျောင်းအပ်လိုက်ပါ !

အခုဆိုရင် လာမယ့်
ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး
ZMA Online Class ကို
စတင်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပြီး
ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်ရှင့် 🤗


မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Online အမှတ်စာရင်း 12/01/2021

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့်အစီအစဉ် အသိပေးကြေညာ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ဇန်နဝါရီ (၁၂)

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက် နံနက် (၆) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေးကြေညာ အပ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ပါကြောင်း၊ Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့်အစီအစဉ်အား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် page ဖြစ်သော https://mmexamscore.org နှင့် https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာထားသည်။

#သတင်းစဉ် From; MDN
Photo Credit - Department of Myanmar Examinations

မူရင်း Link

https://www.facebook.com/523763414336156/posts/3785282864850845/

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Online အမှတ်စာရင်း ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို Online မှကြည့်ရှုခြင်း။

11/01/2021

ဖေဖော်ဝါရီ (၁) ရက်နေ့မှစတင်ပြီး
𝐙𝐌𝐀 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 တွေ ဖွင့်ပြီနော် !
ကျောင်းအပ်လက်ခံနေပါပြီရှင့် 🤗

ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ ကျောင်းသင်ခန်းစာတွေကို
အလျင်မီမီနဲ့ ပြန်လည် လေ့ကျင့်လေ့လာနိုင်အောင်
ကလေးတွေကို စာနဲ့ အဆက်ပြတ်မသွားအောင်လို့ ၊
ZMA Private School မှ 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 များ စတင် ဖွင့်လှစ်
သင်ကြား ပို့ချပေးသွားတော့မှာပဲ ဖြစ်ပါတယ် 🤗

ZMA မှာ အပ်ဖြစ်နေကြ မိဘတွေအနေနဲ့
ZMA ရဲ့ ပြီးပြည့်စုံသောသင်ကြားပို့ချမှုကို နှစ်သက်တဲ့
ကျောင်းသားမိဘအသစ်တွေအနေနဲ့ ...
ကိုယ့်ကလေးကို အိမ်မှာနေရင်း ကောင်းမွန်ထိရောက်စွာ
စာသင်ယူလေ့လာနိုင်ဖို့ မိမိတို့ Online Class မှာ အပ်နှံလိုက်ပါ !

ZMA Online Class ကို လာမည့်
ဖေဖော်ဝါရီ (၁) ရက်နေ့တွင် စတင်သွားမှာဖြစ်ပြီး -

✅ Grade (6) နှင့် Grade (7) အတွက်
[ ဖေဖော်ဝါရီ၊မတ် > နှစ်လစာ (၈၀,၀၀၀) ကျပ်]

✅ Grade (8) နှင့် Grade (9) အတွက်
[ ဖေဖော်ဝါရီ၊မတ် > နှစ်လစာ (၁၀၀,၀၀၀) ကျပ်]

အတန်းများအားလုံးအတွက် *ဘာသာစုံ*
သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင့် 🤗

👉 အတန်းသင်ခန်းစာအပြင်
Mathematics နှင့် English subject နှစ်ခုကိုလည်း
*အထူး* သင်ကြားပေးသွားဖို့ စီစဉ်ထားပါတယ်။

>> သင်္ချာဘာသာရပ်ကြီးရဲ့
အခြေခံသဘောတရားများကို
သင်ကြား လေ့လာစေသွားမှာ ဖြစ်ပါတယ်။

>> ကျောင်းသုံး English Text Book အပြင်
မဖြစ်မနေ လိုအပ်တဲ့
English Four Skills & Grammar ကိုလည်း
ထပ်မံ လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ...
ကျူရှင်တွေလည်း ထပ်တက်စရာလည်း မလို
ကျောင်းသားစာမရမှာ သောကရောက်စရာ မလိုဘဲ
ကိုယ့်ကလေးပညာရေး စိတ်အေးရအောင်
ပညာရေးဂုဏ်သတင်း ကျော်စောတဲ့
ZMA Private School မှာ စိတ်ချလက်ချသာ
Online Class ကျောင်းအပ်နှံလိုက်ပါလို့ တိုက်တွန်းပါရစေရှင့် 🤗

08/01/2021

မိဘတိုင်း သတိမထားမိသေးတဲ့
ကလေးပြုစုပျိုးထောင်ရေး ထိပ်တန်းနည်းနာများ (၁)

✅ ကလေးတွေကို အပြုသဘောနဲ့ လမ်းညွှန်ပြသဆုံးမပေးပါ

အသက်အရွယ်ကြီးပြင်းလို့ ရင့်ကျက်ပြီးသားသူတွေဟာ ညွှန်ကြားချက်တွေ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်တယ်။ ပြဿနာကိစ္စတွေရဲ့နောက်ကွယ်က ယုတ္တိဗေဒကိုလည်း စက္ကန့်ပိုင်းအတွင်း နားလည်နိုင်စွမ်းရှိတယ်။ အဲဒါကြောင့်၊ လူကြီးတွေဟာ တခြားသူတွေနဲ့ ကိစ္စတစ်စုံတစ်ခုကို ငြင်းခုံလေ့ မရှိပါဘူး။ ကလေးတွေကတော့ … အဲဒီလို မဟုတ်ပါဘူး။

သူတို့ရဲ့လုပ်ရပ်တွေနဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲကိစ္စတွေကို စဉ်းစားနိုင်စွမ်း နည်းပါတယ်။ အကျိုးဆက်တွေကို နားလည်ဖို့လည်း ခဲယဉ်းတယ်။ အဲဒါကြောင့်၊ ကလေးတွေရဲ့အပြုအမူနဲ့ ပတ်သတ်ပြီး ညွှန်ကြားချက်တွေ ပြောဆိုတဲ့အခါ ပိုပြီး ရှင်းလင်းဖို့၊ ပြတ်သားဖို့ လိုအပ်ပါတယ်။ ဥပမာ “အန္တရာယ်ရှိတဲ့ ကားလမ်းမပေါ်က မလျှောက်နဲ့” လို့ ပြောမယ့်အစား “အန္တရာယ်ကင်းအောင် လမ်းဘေး ပလက်ဖောင်းပေါ်က လျှောက်နော်” လို့ပဲ ပြောသင့်ပါတယ်။

✅ တန်ဖိုးထားကြောင်း ဖော်ထုတ်ပြသ ချီးမွမ်းပါ
ကောင်းတဲ့အရာတွေ လုပ်ချင်လာအောင် တွန်းအားပေးပါ

မိဘတွေဟာ သူတို့ကလေးတွေရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ လျှော့မတွက်ထားသင့်ပါဘူး။ ကိုယ့်ကလေး ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတာကို သေချာစူးစမ်းပြီး သူတို့ပန်းတိုင်ရောက်ဖို့ အားပေးကူညီရမှာပါ။ ကိုယ့်သဘောထားနဲ့ မကိုက်ညီတဲ့အခါ ဟန့်တားပိတ်ပင်တာမျိုးတွေ လုပ်တတ်ပါတယ်။ သူတို့ဘဝမှာ သူတို့တန်ဖိုးထားရမယ့် အရာတွေကို သေချာသိအောင် မိဘတွေအနေနဲ့ လုပ်ပေးသင့်ပါတယ်။

နောက်ပြီး၊ သူတို့ တန်ဖိုးထားတဲ့ အဲဒီအရာတွေကို ရရှိပိုင်ဆိုင်ဖို့ ရင်းနှီးမြှုပ်နှံရကြောင်း၊ တန်ဖိုးတစ်စုံတစ်ရာ ပေးဆပ်ရကြောင်း နားလည်သဘောပေါက်အောင် ကူညီပေးရမှာပါ။ ငယ်ရွယ်ချိန်မှာ ပုံပြင်တွေကနေတဆင့် လူ့အကြောင်း၊ သဘာဝအကြောင်း သင်ယူတတ်ဖို့ လမ်းကြောင်းပြပေးရမှာပဲ ဖြစ်ပါတယ်။ အဲဒီကနေ ကလေးတွေအနေနဲ့ အတုယူတတ်လာပြီး ကောင်းမွန်တဲ့လုပ်ရပ်တွေ သူတို့ဆီမှာ ဖြစ်ထွန်းလာတဲ့အခါ ချီးမွမ်းပေးပါ။ အကျင့်ကောင်းတွေ မွေးမြူတတ်အောင် တွန်းအားပေးရမှာပဲ ဖြစ်ပါတယ်။

✅ ကလေးဆီက အပြုအမူကောင်းတွေ
တွေ့တဲ့အခါ နှစ်လိုစွာချီးကျူးပေးပါ

ကောင်းမွန်တဲ့လုပ်ရပ်အတွက် မှန်ကန်တဲ့ချီးမွမ်းစကားတွေဟာ အားအင်ဖြစ်စေပါတယ်။ ရှေ့ဆက်ပြီး အဲဒီလိုအပြုအမူမျိုးတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ယုံကြည်မှုကို တည်ဆောက်ပေးရာလည်းရောက်ပါတယ်။ ကလေးတွေဟာ လူကြီးတွေထက်ပိုပြီး အဲဒီလို တန်ဖိုးထားမှု၊ အလေးပေးမှုကို လိုလားတတ်ကြတယ်။ အဲဒါကြောင့်၊ ကလေးတွေဆီက အပြုအမူကောင်းတွေ တွေ့တဲ့အခါ မိဘတွေအနေနဲ့ နှစ်လိုစွာ ချီးကျူးပေးဖို့ လိုအပ်ပါတယ်။

✅ ဟင်းသီးဟင်းရွက်တွေကို ကလေးတွေ
စားချင်လာအောင် မသိမသာ ကျွေးပေးပါ

ကလေးတော်တော်များများဟာ ဟင်းသီးဟင်းရွက်တွေကို မကြိုက်ကြဘူး။ အာလူးကြော်လို ဟာမျိုးတွေ ကျွေးတာမျိုးနဲ့ တခြားအရသာရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း သူတို့ စားချင်လာအောင် ဆွဲဆောင် ကျွေးမွေးသင့်တယ်။ အစားအသောက်စားတဲ့ကိစ္စမှာ ကလေးငယ်တွေကို အလိုလိုက်ပြီး သူတို့အကြိုက် ကျွေးမွေးခြင်းဟာ လုံးဝ မဖြင်သင့်ပါဘူး။ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တန်ဖိုးတွေကို မိဘတွေအနေနဲ့ အလေးထားတတ်ဖို့ လိုပါတယ်။

✅ ကလေးတွေရဲ့သိချင်စိတ်ကို
ပိတ်ပင်တားဆီးဖို့ မကြိုးစားပါနှင့်

ကလေးတွေဟာ သိချင်စိတ် သိပ်ကို ပြင်းပြပါတယ်။ ဘယ်လိုကိစ္စမဆို သူတို့မှာ မေးခွန်းတစ်ခု (တစ်ခါတလေ တစ်ခုမက ရှိနေတတ်ပါတယ်) မိဘတွေအနေနဲ့ ကလေးတွေ စိတ်ဝင်တစားမေးလာတဲ့အရာတွေအပေါ် မှန်ကန်ကောင်းမွန်တဲ့ အဖြေတွေ ပေးတတ်ဖို့ လိုပါတယ်။ အဲဒီလို ပြန်ဖြေတဲ့နေရာမှာလည်း ကလေးရဲ့အသက်အရွယ်နဲ့ အသိဉာဏ်အတိမ်အနက်အပေါ် ချင့်ချိန်ပြီး ဖြေဖို့ သတိပြုသင့်ပါတယ်။

“ဒါဟာ ဘာလဲ” “အဲဒါ ဘာကြောင့်ဖြစ်ရတာလဲ” ဆိုတဲ့ မေးခွန်းနှစ်ခုက မိဘတွေအနေနဲ့ အမြဲလိုလို မေးခံရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ … ကလေးအရွယ်ရောက် ကြီးပြင်းလာတာနဲ့အမျှ သူတို့မေးတဲ့ မေးခွန်းတွေဟာလည်း ခက်ခဲရှုပ်ထွေးလာမှာဖြစ်ပြီး မိဘတွေအနေနဲ့လည်း မေးခွန်းတစ်ခုစီတိုင်းကို စိတ်ရှည်ရှည်မေးလိုစိတ် နည်းသွားတတ်ပါတယ်။ ကလေးတွေ မေးလာတဲ့ကိစ္စတစ်ခုအပေါ် “မသိဘူး” လို့ ပြန်ဖြေရတာ ရှက်စရာမဟုတ်ပါဘူး။ သူတို့ကို ကောင်းမွန်တဲ့အဖြေတွေ ပေးဖို့ မိဘတွေအနေနဲ့လည်း လေ့လာစူးစမ်း ရှာဖွေရပါလိမ့်မယ်။

04/01/2021

လွတ်လပ်ရေးအတွက်
အသက်ပေးခဲ့ကြသော
အာဇာနည်ခေါင်းဆောင်ကြီးများကို
ZMA Private School မိသားစုမှ
ဦးညွှတ်လိုက်ပါသည်။

31/12/2020

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့
ZMA Private School မိသားစုမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်

25/12/2020

Merry Christmas

May Christmas bring joy and happiness
to our students and to their families.

ပျော်ရွှင်စရာ Christmas နေ့လေး ဖြစ်ပါစေ ...

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 49, Thida Street, ​​ ​Kyauk Myaung Gyi Quarter Tamwe
Yangon
11211

Opening Hours

Monday 06:45 - 16:00
Tuesday 06:45 - 16:00
Wednesday 06:45 - 16:00
Thursday 06:45 - 16:00
Friday 06:45 - 16:00
Saturday 06:45 - 12:00