Japanese Juku Education Service

Japanese Juku Education Service Study and work in Japan 🇯🇵

📚 Kanji တွေမြင်တိုင်း ခေါင်းကိုက်တတ်တဲ့သူတွေ ရှိကြလား 😵‍💫ဂျပန်စာစသင်တဲ့သူတိုင်း ကြုံဖူးတဲ့ အခိုက်အတန့်တစ်ခုရှိပါတယ်။ အဲ့...
18/08/2026

📚 Kanji တွေမြင်တိုင်း ခေါင်းကိုက်တတ်တဲ့သူတွေ ရှိကြလား 😵‍💫

ဂျပန်စာစသင်တဲ့သူတိုင်း ကြုံဖူးတဲ့ အခိုက်အတန့်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့
Hiragana ✔️
Katakana ✔️
Kanji ❌ (ဦးနှောက်က “ဒီနေ့တော့ မလုပ်နိုင်ဘူး” လို့ ပြောသွားတဲ့အပိုင်း 🤣)

တကယ်တော့ Kanji က ခက်လို့မရတာ မဟုတ်ပါဘူး။ စာလုံးတစ်လုံးချင်းစီမှာ အဓိပ္ပာယ်၊ အသံထွက်နဲ့ အသုံးဝင်တဲ့ Pattern တွေရှိလို့ မှတ်တဲ့နည်းမှန်ရင် တဖြည်းဖြည်း ပိုပြီးလွယ်ကွယ်လာပါတယ် 💁

Kanji မှတ်ရလွယ်စေမယ့် နည်းလမ်း ၃ ခု ✨
- အဓိပ္ပာယ်နဲ့ တွဲမှတ်ပါ — ပုံပြင်လို ချိတ်ဆက်မှတ်ရင် ပိုမှတ်မိတတ်ပါတယ်။
- အသုံးများတဲ့ စကားလုံးနဲ့ လေ့ကျင့်ပါ — Kanji တစ်လုံးတည်းထက် Vocabulary နဲ့တွဲမှတ်တာ ပိုထိရောက်ပါတယ်။
- တစ်နေ့ ၅ လုံးပဲ ပုံမှန်လုပ်ပါ — အများကြီးကျက်တာထက် နေ့တိုင်းပြန်နွေးတာက အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါ။

Kanji က သင့်ကို မကြောက်ပါဘူး သင်ကိုယ်တိုင်ကသာ Kanji ကို အရင်ကြောက်နေတာပါ 😆

JLPT အတွက်ပဲဖြစ်ဖြစ်၊ ဂျပန်မှာ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် Kanji က ရှောင်လွှဲလို့မရတဲ့ မိတ်ဆွေတစ်ယောက်မို့ မေ့ထားလို့မရပါဘူး 🤝

နောက်ထပ်လည်း ဂျပန်စာနဲ့ပတ်သက်တဲ့ မှတ်ပုံမှတ်နည်းလေးတွေကို တင်ပေးအုံးမှာမို့ Japanese Juku Page လေးကို Like and Follow လေးလုပ်ထားလိုက်တော့နော် 🇯🇵

#ဂျပန်စာ #ဂျပန်ဗဟုသုတ

17/08/2026

ဒီ‌နေ့ N5အတန်းက ကလေးတွေနဲ့ Activity လေးလုပ်ဖြစ်ပါတယ် 🫶

ကလေးတွေကို စာမေးပြီးမုန့်ကျွေးဖြစ်တာလေးပါ 🫂

ကြိုးကြိုးစားစားနဲ့စာကိုလိုက်လုပ်ပေးကြလို့လည်း Japanese Juku က ကျေးဇူးတင်ပါတယ် ကလေးတို့ 🙇

နောက်လည်း ပျော်ဖို့ကောင်းတဲ့ activity လေးတွေ လုပ်ဖြစ်အုံးမှာမို့ စောင့်ကြည့်ပေးကြအုံးနော် 💁

#ဂျပန်စာ

🇯🇵 ဂျပန်သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ သုံးလေ့ရှိတဲ့ ဗန်းစကားတစ်ချို့ဂျပန်စာကို JLPT အတွက်ပဲ လေ့လာထားရင် Native(ဂျပန်လူ...
17/08/2026

🇯🇵 ဂျပန်သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ သုံးလေ့ရှိတဲ့ ဗန်းစကားတစ်ချို့

ဂျပန်စာကို JLPT အတွက်ပဲ လေ့လာထားရင် Native(ဂျပန်လူမျိုး) တွေပြောတဲ့ စကားတချို့ကို ကြားတဲ့အခါ နားမလည်တာမျိုး ဖြစ်တတ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ Slang (ဗန်းစကား) တွေကတော့ ဂျပန်လူငယ်တွေ Chat နဲ့ နေ့စဉ်စကားပြောရာမှာ အရမ်းအသုံးများတဲ့ စကားလေးတွေဖြစ်ပါတယ် 🫶

✨ よく使う Slang(ဗန်းစကား) ၅မျိုး
① やばい (Yabai) — အရမ်းမိုက်တယ် / အရမ်းဆိုးတယ်

② えぐい (Egui) — လွန်လွန်းတယ်၊ ရင်သပ်ရှုမောဖို့ကောင်းတယ်

③ ガチ (Gachi) — တကယ်အမှန်၊ အလေးအနက်

④ それな (Sorena) — ဟုတ်တာပေါ့! ငါလည်းအဲ့လိုပဲထင်တယ်

⑤ まじで? (Majide?) — တကယ်လား? အံ့ဩတဲ့အခါ သုံးတယ်

💬 ဥပမာ
A : このラーメン、やばい!
B : それな!ガチでおいしい。

📌 ဒီဗန်းစကားတွေက သူငယ်ချင်းတွေနဲ့ဆို သဘာဝကျကျ သုံးလို့ရပေမယ့် ဆရာ၊ အလုပ်ခွင်နဲ့ လူကြီးရှေ့မှာတော့ Formal ဂျပန်စကားကို ရွေးသုံးတာ ပိုသင့်တော်ပါတယ် 🙇

သင်ရော ဘယ်စကားလုံးကို သုံးကြည့်ချင်လဲ❔

ဒီလိုမျိုး ဗဟုသုတရတဲ့ ဂျပန်စာစကားလုံးလေးတွေကို သိချင်တယ်ဆိုရင်တော့ Japanese Juku Page လေးကို Like and Follow လေးလုပ်ထားလိုက်တော့နော် 💕

#ဂျပန်ဗဟုသုတ #ဂျပန်စာ

🇯🇵 Kaigo Scholarship လျှောက်ထားဖို့ အခွင့်အရေးက 21 ရက်နေ့အထိပဲနော် ဂျပန်မှာ ပညာသင်ယူရင်း အလုပ်အတွေ့အကြုံရယူပြီး ကိုယ့်အန...
17/08/2026

🇯🇵 Kaigo Scholarship လျှောက်ထားဖို့ အခွင့်အရေးက 21 ရက်နေ့အထိပဲနော်

ဂျပန်မှာ ပညာသင်ယူရင်း အလုပ်အတွေ့အကြုံရယူပြီး ကိုယ့်အနာဂတ်အတွက် ရေရှည်အခွင့်အရေးကောင်းတွေ ဖန်တီးချင်သူတွေအတွက် Kaigo Scholarship က စိတ်ဝင်စားစရာကောင်းတဲ့ program တစ်ခုပါ 🌸

ဒါပေမယ့် ဒီအခွင့်အရေးက အချိန်အကန့်အသတ်နဲ့သာ လျှောက်ထားနိုင်မှာဖြစ်လို့ စိတ်ဝင်စား‌ပေမယ့် နောက်မှလျှောက်လို့ရပါတယ်ဆိုပြီး မေ့မထားသင့်ပါဘူးနော် 😓

📌 Kaigo Scholarship လျှောက်ထားရန် လိုအပ်ချက်များ
• အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရပါမယ်
• JLPT N4 Passed အထက် ရှိရပါမယ်
• သတ်မှတ်ထားတဲ့ လျှောက်ထားမှုဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီရပါမယ်ရှင် ☘️

⏰ Deadline — 21.8.2026 ⏰
14 ရက်နေ့ကျော်သွားရင် လျှောက်ထားလို့မရ‌တော့တာမို့ ဖော်ပြထားတဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီနေပြီး Kaigo Scholarship ကို စိတ်ဝင်စားသူတွေအနေနဲ့ Deadline မတိုင်ခင် ကြိုတင်စုံစမ်းပြီး လျှောက်ထားထားဖို့က တကယ့်ကိုအရေးကြီးပါတယ် 🫶

“ဂျပန်ကိုသွားချင်တယ်” ဆိုတဲ့အိပ်မက်တစ်ခုတည်းနဲ့ မပြီးဘဲ ကိုယ့်ရဲ့ပညာရေးနဲ့ အနာဂတ်အတွက် ဘယ်လိုလမ်းကြောင်းနဲ့ စတင်မလဲ ဆိုတာကိုလည်း သေချာစဉ်းစားဖို့လိုတယ်နော် 🫂

🌸 N4 Passed ထားပြီး အထက်တန်းအောင်မြင်ပြီးသူဆိုရင် ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့ 🌸

အခွင့်အရေးရှိနေတုန်းမှာ Japanese Juku နဲ့အတူ ကိုယ့်အနာဂတ်အတွက် ခြေလှမ်းတစ်လှမ်းကို စတင်လိုက်ပါ 🇯🇵✨

အသေးစိတ်ကိုစုံစမ်းမေးမြန်းပြီး လျှောက်ထားချင်ပါက
☎️ 09796026416 (Viber)
☎️ 09776676442 (Viber)

📮 အမှတ် (၂၉)(က)၊ တတိယထပ်၊ ဇေယျာသီရိလမ်း၊ လှည်းတန်းမှတ်တိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

⛔ စနေ၊ တနင်္ဂနွေနေ့တိုင်း ရုံးပိတ်ပါတယ်ရှင့် 🙏

#ဂျပန်ဗဟုသုတ #ဂျပန်စာ #ဂျပန်ရောက်ကျောင်းသားများ #ဘိုးဘွားစောင့်ရှောက် #စကော်လာ

16/08/2026

JLPT Form တင်ပြီး မိမိအခြေအနေ 🥲

#ဂျပန်ဗဟုသုတ

🇯🇵 ဂျပန်ရောက်ရင် အဆင်ပြေပြေနေထိုင်နိုင်ဖို့ ယဉ်ကျေးမှုအရ ရှောင်ကြဉ်သင့်တဲ့အချက်များဂျပန်ကို ရောက်တဲ့အခါ ဘာသာစကားတစ်ခုတည်...
15/08/2026

🇯🇵 ဂျပန်ရောက်ရင် အဆင်ပြေပြေနေထိုင်နိုင်ဖို့ ယဉ်ကျေးမှုအရ ရှောင်ကြဉ်သင့်တဲ့အချက်များ

ဂျပန်ကို ရောက်တဲ့အခါ ဘာသာစကားတစ်ခုတည်း သိထားရုံနဲ့ မလုံလောက်ပါဘူး။ ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံတွေကိုလည်း နားလည်ထားဖို့ကလည်း အရေးကြီးပါတယ်🌸

မသိလို့ အမှားလုပ်မိတာမျိုး မဖြစ်အောင် ဂျပန်ရောက်တဲ့အခါ အထူးဂရုစိုက်သင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ် ☘️

① ရထား၊ ဘတ်စ်ကားပေါ်မှာ အသံမကျယ်ပါနဲ့ 🤫
အများပြည်သူနေရာတွေမှာ အသံကျယ်ကျယ်ပြောတာနဲ့ ဖုန်းပြောတာကို ရှောင်ကြဉ်ပါ

② တန်းစီတဲ့အခါ ကိုယ့်အလှည့်ကို စောင့်ပါ 🚶‍♀️
ရထားစောင့်တာ၊ ဆိုင်ဝင်တာ၊ ငွေရှင်းတာတွေမှာ တန်းစီပြီး ကိုယ့်အလှည့်ကို စောင့်ပေးပါ

③ အမှိုက်ကို နေရာတကာ မပစ်ပါနဲ့ 🗑️
အမှိုက်ပုံးမတွေ့ရင် ကိုယ့်အမှိုက်ကို ကိုယ်သိမ်းထားပြီး သတ်မှတ်ထားတဲ့နေရာမှာ စနစ်တကျ စွန့်ပစ်ပါ

④ အိမ်နဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ ဖိနပ်ချွတ်ပါ 👟
တစ်ပါးသူရဲ့အိမ်နဲ့ တစ်ချို့ဆိုင်တွေမှာ ဖိနပ်ချွတ်ရတာရှိလို့ သတိထားပါ

⑤ “ကျေးဇူးတင်ပါတယ်” နဲ့ “တောင်းပန်ပါတယ်” ကို အသုံးပြုပါ 🙇‍♀️
「ありがとうございます」(Arigatou gozaimasu) နဲ့ 「すみません」(Sumimasen) လို စကားလေးတွေကို သင့်တော်တဲ့အချိန်မှာ အသုံးပြုတတ်ရင် နေ့စဉ်ဘဝမှာ ပိုပြီးအဆင်ပြေပါတယ်

ဂျပန်မှာ အဆင်ပြေပြေနေထိုင်နိုင်ဖို့ ဘာသာစကားတတ်ထားရုံသာမကဘဲ ဂျပန်ယဉ်ကျေးမှုကို နားလည်လေးစားတတ်ဖို့လည်း အရေးကြီးပါတယ် 🇯🇵🤍

ဂျပန်သွားဖို့ ပြင်ဆင်နေသူတွေအတွက် အသုံးဝင်တာမို့ သေချာလေးမှတ်သားထားလိုက်တော့နော် 🌸

နောက်လည်း ဒီလိုဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုတင်ပေးမှာမို့ Japanese Juku Page ကို Like and Follow လုပ်ဖို့ မမေ့ပါနဲ့ 🫶

#ဂျပန်စာ #ဂျပန်ဗဟုသုတ #ဂျပန်ရောက်ကျောင်းသားများ

🎐 ဘိုးဘွားမိဘများကို ကန်တော့ကြသည့် ဂျပန်တို့၏ အိုဘွန်း (Obon) ပွဲတော် 🇯🇵ဂျပန်နိုင်ငံမှာ နှစ်စဉ် နွေရာသီကာလရောက်တိုင်း ကျ...
14/08/2026

🎐 ဘိုးဘွားမိဘများကို ကန်တော့ကြသည့် ဂျပန်တို့၏ အိုဘွန်း (Obon) ပွဲတော် 🇯🇵

ဂျပန်နိုင်ငံမှာ နှစ်စဉ် နွေရာသီကာလရောက်တိုင်း ကျင်းပလေ့ရှိတဲ့ အိုဘွန်း (Obon) ပွဲတော်ဟာ ဘိုးဘွားမိဘများ၊ ဆွေမျိုးသားချင်းများရဲ့ ဝိညာဉ်များကို အမှတ်တရ သတိရကန်တော့ကြတဲ့ အရေးကြီးတဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ် 🌸

အများအားဖြင့် ဩဂုတ်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပကြပြီး မိသားစုဝင်တွေက နေရပ်ကိုပြန်ကာ ဘိုးဘွားများကို ကန်တော့ကြပါတယ်။ အိမ်မှာ ပူဇော်ပွဲများ ပြုလုပ်ကြသလို ဘုရားကျောင်းများသို့လည်း သွားရောက်ဆုတောင်းလေ့ရှိကြပါတယ် 🙏

Obon ပွဲတော်ရဲ့ ထင်ရှားတဲ့ အစိတ်အပိုင်းတစ်ခုကတော့ Bon Odori (ဘွန်အိုဒိုရီ) အကပွဲ ဖြစ်ပါတယ်။ လူအများက ရိုးရာဝတ်စုံ Yukata ဝတ်ဆင်ပြီး စုဝေးကာ ကပြကြတာဟာ နွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါ 👘✨

ပွဲတော်အတွင်းမှာ
🏮 သင်္ချိုင်းများသို့ သွားရောက်သန့်ရှင်းခြင်း
🌼 ပန်းများ၊ အစားအသောက်များဖြင့် ကန်တော့ခြင်း
🕯️ မီးအိမ်များထွန်းညှိကာ ဝိညာဉ်များကို ကြိုဆိုခြင်း
💃 Bon Odori ရိုးရာအကများ ကပြ‌ဖျော်‌ဖြေခြင်း
စတဲ့ အစဉ်အလာများကို ပြုလုပ်လေ့ရှိကြပါတယ်

Obon ပွဲတော်ဟာ ပျော်ရွှင်စရာပွဲတော်တစ်ခုသာမက၊ မိသားစုတန်ဖိုး၊ ကျေးဇူးတရားနှင့် ဘိုးဘွားမိဘများကို အမှတ်တရသတိရခြင်း ကို ဖော်ပြပေးတဲ့ အဓိပ္ပာယ်ရှိတဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုလည်း ဖြစ်ပါတယ် 🤍

ဂျပန်ယဉ်ကျေးမှုကို စိတ်ဝင်စားသူများအတွက် Obon ပွဲတော်ဟာ သိထားသင့်တဲ့ ဂျပန်ရိုးရာဓလေ့တစ်ခုပါပဲ 🇯🇵🎐

#ဂျပန်ဗဟုသုတ #ဂျပန်စာ

ကောင်းမွန်တဲ့ Feedback တွေနဲ့ ယနေ့ထိတိုင် အောင်မြင်စွာ ရပ်တည်နေတဲ့ Japanese Juku 🤍🇯🇵တစ်ချိန်က “ဂျပန်ကို သွားချင်တယ် ဒါပေ...
13/08/2026

ကောင်းမွန်တဲ့ Feedback တွေနဲ့ ယနေ့ထိတိုင် အောင်မြင်စွာ ရပ်တည်နေတဲ့ Japanese Juku 🤍🇯🇵

တစ်ချိန်က “ဂျပန်ကို သွားချင်တယ် ဒါပေမယ့် ဘယ်ကစရမလဲ မသိဘူး” ဆိုတဲ့ မေးခွန်းလေးတွေနဲ့ Japanese Juku ကို ရောက်လာခဲ့ကြတဲ့သူတွေ အများကြီးရှိပါတယ် 😓

တစ်ချို့က ဂျပန်မှာ ကျောင်းတက်ချင်ကြတယ်။ တစ်ချို့က အလုပ်လုပ်ပြီး ကိုယ့်ဘဝကို တိုးတက်ချင်ကြတယ်။ တစ်ချို့ကတော့ မိသားစုအတွက် ပိုကောင်းတဲ့အနာဂတ်တစ်ခု တည်ဆောက်ချင်ကြတယ်။ ရည်ရွယ်ချက်တွေ မတူကြပေမယ့် အားလုံးမှာ တူညီတာတစ်ခုရှိပါတယ်။ အဲဒါကတော့ ဂျပန်မှာ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ချင်တာပါ။ 🌱

ဒါပေမယ့် အိပ်မက်ရှိတာနဲ့ အဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့က မတူပါဘူး။ ဘယ်လမ်းကြောင်းကို ရွေးရမလဲ၊ ဘယ်လိုကျောင်းကို လျှောက်ရမလဲ၊ ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်မလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲဆိုတာ မသိတာတွေ အများကြီးရှိပါတယ် 💁

အဲ့ဒီလိုအချိန်မှာ Juku က “သွားချင်ရင် သွားပါ” လို့ပဲ ပြောမယ့် Agency မဖြစ်ချင်ခဲ့ပါဘူး။ ကိုယ်သွားမယ့်လမ်းကြောင်းကို သေချာနားလည်အောင် ရှင်းပြပေးချင်တယ်။ လိုအပ်တာတွေကို စနစ်တကျ ပြင်ဆင်ပေးချင်တယ်။ အဆင်မပြေတာတွေရှိလာရင်လည်း တစ်ယောက်တည်း မရင်ဆိုင်ရအောင် အတူတူဖြေရှင်းပေးချင်ပါတယ် 🫂

ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် Juku နဲ့အတူ ဂျပန်ကို ထွက်ခွာသွားကြပါတယ်။ အချိန်တစ်ခုကြာတဲ့အခါ “Juku က သေချာရှင်းပြပေးလို့ စိတ်ချရတယ်”၊ “စာရွက်စာတမ်းပိုင်းကိုအမှားအယွင်းမရှိအောင်သေချာစစ်ဆေးပေးလို့ အဆင်ပြေပါတယ်”၊ “အမြဲဆက်သွယ်လို့ရလို့ စိတ်ချရတယ်” ဆိုတဲ့ စကားလေးတွေ ပြန်ကြားလာခဲ့ပါတယ် 🤍

ဒီ Feedback တစ်ခုချင်းစီက Juku အတွက် ရိုးရိုးချီးကျူးစကားတွေ မဟုတ်ပါဘူး။ နောက်ထပ်အိပ်မက်တွေကို ဆက်ပြီး လက်တွဲပေးနိုင်ဖို့ အားအင်ဖြစ်စေတဲ့ ယုံကြည်မှုတွေပါ 💪

ယနေ့ Japanese Juku က ဒီအထိ ရပ်တည်လာနိုင်တာဟာ ကိုယ့်ကိုယ်ကိုယ် ချီးကျူးလို့ရလာတာမဟုတ်ပါဘူး။ Juku ကို ယုံကြည်ပြီး ကိုယ့်အိပ်မက်တွေကို အပ်နှံခဲ့ကြတဲ့သူတွေ၊ ကောင်းမွန်တဲ့ Feedback တွေနဲ့ အားပေးခဲ့ကြတဲ့သူတွေကြောင့်ပါ 🫶🏻

ဂျပန်ကို သွားဖို့ စဉ်းစားနေတဲ့သူတိုင်းမှာ မတူညီတဲ့အိပ်မက်တွေ ရှိကြပါတယ်။ Juku ကတော့ အဲ့ဒီအိပ်မက်တွေကို တန်ဖိုးထားပြီး တစ်ယောက်ချင်းစီအတွက် သင့်တော်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်အောင် အကောင်းဆုံး လမ်းညွှန်ပေးဖို့ အမြဲကြိုးစားလျက်ရှိပါတယ် 🌸🇯🇵

Japanese Juku ကို ရွေးချယ်ခဲ့တဲ့သူတွေအတွက်လည်း အကောင်းဆုံးကြိုးစားပေးခဲ့သလို ယနေ့ Japanese Juku ကို ရွေးချယ်လိုက်တဲ့သူတွေအတွက်လည်း အကောင်းဆုံးကြိုးစားပေးသွားမှာပါ 🧑‍💻💕

အနာဂတ်မှာ Juku ကို ယုံကြည်ပြီး ရောက်လာမယ့် နောက်ထပ်အိပ်မက်တွေအတွက်လည်း Japanese Juku က အတူရှိနေပါမယ် 🤍🇯🇵

☎️ 09796026416 (Viber)
☎️ 09776676442 (Viber)

📮 အမှတ် (၂၉)(က)၊ တတိယထပ်၊ ဇေယျာသီရိလမ်း၊ လှည်းတန်းမှတ်တိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

⛔ စနေ၊ တနင်္ဂနွေနေ့တိုင်း ရုံးပိတ်ပါတယ်ရှင့် 🙏

#ဂျပန်ဗဟုသုတ #ဂျပန်စာ #ဂျပန်ရောက်ကျောင်းသားများ

ဂျပန်ရောက်ရင် အဆင်မပြေမှာ ကြောက်နေတဲ့သူတွေအတွက် Juku က အတူရှိနေပေးပါမယ် 🤍🇯🇵“ဂျပန်ရောက်သွားရင် ဘယ်လိုလုပ်ရမလဲ…”“အခက်အခဲတစ...
12/08/2026

ဂျပန်ရောက်ရင် အဆင်မပြေမှာ ကြောက်နေတဲ့သူတွေအတွက် Juku က အတူရှိနေပေးပါမယ် 🤍🇯🇵

“ဂျပန်ရောက်သွားရင် ဘယ်လိုလုပ်ရမလဲ…”
“အခက်အခဲတစ်ခုခုကြုံရင် ဘယ်သူ့ကိုအကူအညီတောင်းရမလဲ…”
“ဘာသာစကားမကျွမ်းသေးရင် အဆင်ပြေပါ့မလား…”

🇯🇵 ဂျပန်ကိုသွားဖို့ စိတ်ကူးထားတဲ့အခါ ဒီလိုအတွေးတွေ ဝင်လာတာက သဘာဝပါပဲ။ မရင်းနှီးသေးတဲ့နိုင်ငံတစ်ခုမှာ ဘဝအသစ်ကို စတင်ရမယ်ဆိုတော့ စိုးရိမ်တာ၊ ကြောက်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်ရောက်သွားတဲ့နေ့ကစပြီး အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရမှာမဟုတ်ပါဘူး 🤍

ဂျပန်မှာ ဘဝအသစ်တစ်ခုကို စတင်တဲ့အခါ
ပိုပြီးအဆင်ပြေပြေ ရပ်တည်နိုင်အောင်
လိုအပ်တာတွေကို Japanese Juku က ကြိုတင်ပြင်ဆင်ပေးပါမယ် 💪

Japanese Juku မှာဆိုရင် ဂျပန်မရောက်ခင် စာသင်ပေးတာမျိုး ဒါမှမဟုတ် ဂျပန်ရောက်အောင်ပို့ပေးတာမျိုးနဲ့တင် မပြီးပါဘူး💁
📚 ဂျပန်မှာ နေထိုင်ဖို့လိုအပ်တဲ့ အခြေခံအသိပညာတွေကို ကြိုတင်ပြင်ဆင်ပေးမယ်။
🗣️ နေ့စဉ်ဘဝမှာ အဆင်ပြေပြေပြောဆိုနိုင်အောင် ဘာသာစကားပိုင်းမှာ ကူညီပေးမယ်။
🏠 ဂျပန်ရောက်ပြီးနောက် ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကိုလည်း နားလည်ပြီး ဖြေရှင်းနိုင်အောင် လမ်းညွှန်ပေးမယ်။
🤝 မသိတာ၊ မေးချင်တာ၊ စိုးရိမ်တာရှိရင်လည်း တစ်ယောက်တည်း သိမ်းထားစရာမလိုပါဘဲ သိသမျှအကုန် ဖြေကြားပေးမယ်။

အိပ်မက်တစ်ခုကို စတင်ဖို့ဆိုတာ သတ္တိလိုပါတယ်။
ဒါပေမယ့် အဲဒီအိပ်မက်လမ်းတစ်လျှောက်မှာ ကိုယ့်ဘက်ကနေ ရပ်တည်ပေးမယ့်သူရှိရင် ပိုပြီးစိတ်ချရပါတယ် 🌸

ဂျပန်မြေပေါ်မှာ ဘဝအသစ်ကို စတင်တဲ့အခါ
“ငါတစ်ယောက်တည်းမဟုတ်ဘူး” ဆိုတဲ့စိတ်နဲ့ ရှေ့ဆက်နိုင်အောင် Juku က အတူရှိနေပေးပါမယ် 🤍🇯🇵

စိုးရိမ်နေတာတွေကို ဖျောက်ပြီး တိကျသေချာတဲ့လမ်းကြောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ Juku နဲ့အတူရှေ့ဆက်လိုက်တော့နော် 🌱

☎️ 09796026416 (Viber)
☎️ 09776676442 (Viber)

📮 အမှတ် (၂၉)(က)၊ တတိယထပ်၊ ဇေယျာသီရိလမ်း၊ လှည်းတန်းမှတ်တိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

⛔ စနေ၊ တနင်္ဂနွေနေ့တိုင်း ရုံးပိတ်ပါတယ်ရှင့် 🙏

#ဂျပန်ဗဟုသုတ #ဂျပန်စာ #ဂျပန်ရောက်ကျောင်းသားများ

ဒီနေ့ 2026 10လပိုင်း intake Kaigo scholarship program နဲ့ interview အောင်မြင်သွားကြတဲ့ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက...
12/08/2026

ဒီနေ့ 2026 10လပိုင်း intake Kaigo scholarship program နဲ့ interview အောင်မြင်သွားကြတဲ့ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေကို ဂျပန်ဘက်နဲ့ meeting လုပ်ပေးတုန်းက ပုံရိပ်လေးတွေဖြစ်ပါတယ်ရှင့် 🫶

ကိုယ့်ကျောင်းသားတွေအားလုံးကို ဂျပန်ရောက်ရင်ပြီးရောဆိုပြီးသဘောမထားဘဲနဲ့ ဂျပန်ရောက်ရင်အဆင်ပြေပြေနေနိုင်ဖို့ပါ သေချာဆွေးနွေးပြောဆိုပေးတာ Japanese Juku ပါပဲရှင် 🫂

ဆာကူရာမြေကိုနောက်ထပ်ခြေလှမ်းနိုင်မယ့်သူက သင်ကိုယ်တိုင်လည်းဖြစ်နိုင်တာမို့ အချိန်ရှိတုန်းကြိုးစားကြရအောင်နော် 🤝

ယခု Japanese Juku မှာ Kaigo Scholarship လေးအတွက် ကျောင်းသားထပ်မံခေါ်ယူနေပြီဖြစ်လို့ အမြန်ဆုံးလာရောက်လျှောက်ထားလိုက်တော့နော် 💪

အသေးစိတ်ကိုစုံစမ်းမေးမြန်းပြီး လျှောက်ထားချင်ပါက
☎️ 09796026416 (Viber)
☎️ 09776676442 (Viber)

📮 အမှတ် (၂၉)(က)၊ တတိယထပ်၊ ဇေယျာသီရိလမ်း၊ လှည်းတန်းမှတ်တိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

⛔ စနေ၊ တနင်္ဂနွေနေ့တိုင်း ရုံးပိတ်ပါတယ်ရှင့် 🙏

#ဂျပန်ဗဟုသုတ #ဂျပန်စာ #ဂျပန်ရောက်ကျောင်းသားများ #ဘိုးဘွားစောင့်ရှောက် #စကော်လာ

Address

No(29A), 4th Floor, Zay Yar Thiri Street, Hledan, Kamayut Township
Yangon
11051

Alerts

Be the first to know and let us send you an email when Japanese Juku Education Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share