13/10/2024
IELTS Speakingမှာrepetitionတွေများလို့စိတ်ညစ်နေရပြီလား🤯
ကျောင်းသားအများစုကြုံတွေ့နေရတဲ့Speaking Partမှာစကားလုံးတွေခနခနထပ်နေတယ်ဆိုတဲ့ပြသနာကိုဖြေရှင်းဖို့နည်းလမ်းလေးတွေရှိပါတယ်
1. Use Synonyms📌
စကားလုံးတစ်ခုခုတည်းကိုထပ်ခါထပ်ခါသုံးနေတာမျိုးထက် သူနဲ့အဓိပ္ပါယ်တူတဲ့စကားလုံးမျိုးတွေကိုပြောင်းလဲသုံးစွဲပေးပါ
ဥပမာ autonomic cars - robotic cars
2. Vary your sentence structure📌
စာကြောင်းပုံစံတွေကိုပြောင်းလဲအသုံးပြုပေးပါ
ဥပမာ AI plays an important role in our daily life. - We have become increasingly reliant on AI in our daily activities.
3. Use appropriate idioms and phrasal verbs📌
Idiomsတွေကိုလည်းသင့်လျော်တဲ့နေရာမှာသဘာဝကျကျလေးအသုံးပြုပေးလို့ရပါတယ်
ဥပမာ I'm very happy - I'm over the moon
(Idiomရဲ့ဆိုလိုရင်းကိုသေချာမသဲကွဲဘူးဆိုရင်မသုံးတာကပိုကောင်းပါတယ်)
4. Use different grammar structures📌
အမျိုးမျိုးသော Grammar ပုံစံတွေကိုလည်းလှည့်ပတ်ပြီးသုံးပေးလို့ရပါတယ်
ဥပမာ Although there are a lot of advantages of using AI, there are also some downsides on it. - Despite having a plenty of benefits, AI still has some drawbacks.
ဒီလောက်ဆိုရင်တော့Speakingမှာဒါတွေချည်းပဲထပ်နေတယ်ဆိုတဲ့ပြသနာကိုဖြေရှင်းဖို့နည်းလမ်းတွေ့သွားလောက်ပြီထင်ပါတယ်
တခြားသောနည်းလမ်းလေးတွေရှိရင်လည်းcommentမှာဝေမျှပေးသွားဖို့မမေ့နဲ့နော်👀