25/01/2025
ကျောင်းသားအများစု အခက်တွေ့တတ်ကြတယ့် U.S. History အပိုင်းကို ဘယ်လိုမှတ်ကြမလဲ 🤷🏻♀️
U.S. History အပိုင်းက Social Studies မှာ စာအများဆုံးအပိုင်းဆိုလဲဟုတ်တယ် မှတ်ရတာအများဆုံးအပိုင်းလဲဖြစ်တယ့်အတွက် main pointsလေးတွေကို focus လုပ်တတ်ဖို့ လိုအပ်ပါတယ် စာမေးပွဲမှာလဲ passageပေးထားတာမလို့ ခရေစေ့တွင်းကျ မမှတ်လဲအဆင်ပြေပါတယ်✅
ဒါဆို U.S. History မှာ ဘာတွေကိုမှတ်ထားရမလဲ👇🏻
▪️Key Dates 📅
U.S. Historyမှာ စစ်ပွဲတွေနဲ့ပတ်သက်တယ့် dateတွေ၊ Supreme Court Caseနဲ့ပတ်သက်တယ့် dateတွေ၊ စာချုပ် ချုပ်တယ့် date စသဖြင့် dateတွေအများကြီးပါပါတယ် အကုန်မှတ်စရာမလိုပါဘူး အရေးကြီးတယ့်ဟာတွေပဲမှတ်ရင်ရပါတယ် ✔️
World War 1က 1914-1918၊ World War 2ဆို 1939-1945ပေါ့ အဲ့လိုအတိအကျ မမှတ်ချင်ဘူးဆိုရင် WW1က 1910s, WW2ဆို 1940s အဲ့လိုအကြမ်းဖျင်းလောက်တော့သိထားသင့်ပါတယ်📝
▪️War
ဘယ်ပွဲမဆို ဝင်ပါတတ်တယ့် U.S. Historyက Warတွေကို အသေးစိတ်မှတ်လိုက်မယ်ဆိုရင်တော့ မှတ်ရများမှာပါ
Who? When? Why? ဒီမေးခွန်းသုံးခုကိုသိထားရင်ရပြီ ဘယ်သူတွေဖြစ်တာလဲ ဘယ်အချိန်ဖြစ်တာလဲ ဘာလို့ဖြစ်တာလဲ ဘယ်သူနိုင်သွားလဲ⁉️
▪️Key figures
U.S. Historyတစ်လျှောက် presidentတွေရော တခြားသော အရေးကြီးတယ့်သူတွေရော အများကြီးပါပါတယ် အဲ့ထဲကမှ အရေးကြီးတယ့်သူတွေနဲ့ သူတို့ရယ့်အကြောင်းလေးတွေကို သိရပါမယ် ✅
E.g.- George Washington ဆိုရင် U.S.ရယ့် 1st President, Thomas Jefferson ဆိုရင် Author of Declaration of Independence, Thomas Paineဆို Common Senseကိုရေးတယ့်သူ စသဖြင့် မှတ်ထားရပါမယ်📜
▪️အရေးကြီးတယ့် Amendmentsတွေမှတ်ထားရမှာဖြစ်ပြီး ဆက်စပ်နေတယ့် နာမည်ကြီး Caseတချို့ကိုလဲ သိထားရပါမယ် (ဘယ်Amendments တွေမှတ်ထားရမလဲဆိုတာ Postတင်ပေးထားပြီးပါပြီ🥰)
ဒါကတော့ မှတ်ထားသင့်တာတွေကို အကြမ်းဖျင်းအားဖြင့် ပြောပြပေးသွားတာဖြစ်ပြီး ကျန်သေးတယ့် အကြောင်းအရာတွေလဲရှိပါတယ် 🗃️
GEDသည် ကြက်တူရွေးနှုတ်တိုက်ကျက်ရတာမဟုတ်လို့ စာလုပ်တယ့် focusထားရမှာတွေကို သိထားရင်ပိုအဆင်ပြေပါတယ် ✔️
တကယ်လို့ ကျောင်းသားဘက်မှာ ဘာမှတ်ရမလဲမသိဖြစ်ပြီး မှတ်ရကျက်ရတာတွေအခက်အခဲရှ်ိနေတယ်ဆိုရင်လဲ Hopes Up Page မှာ One-on-One Guideယူပြီး သေချာလေ့လာနိုင်ပါတယ်ရှင်🤎✨