26/09/2022
သားဥအိမ်ကင်ဆာ (သို့) အသံတိတ် ကင်ဆာ
=============================
သားဥအိမ်ကင်ဆာ အကြောင်းမပြောခင် သားဥအိမ်ဆိုတာ ဘာလဲ ကြည့်ကြရအောင်...
သားဥအိမ်ဟာ အမျိုးသမီးများရဲ့မျိုးပွားစနစ်မှာ အဓိက ကျတဲ့အစိတ်အပိုင်းတစ်ခုပါ။
ဘယ် နဲ့ညာ ၂ ဖက်မှာ ရှိပြီး မျိုးပွားခြင်းနဲ့ပတ်သတ်တဲ့ လုပ်ငန်း နှစ် ခုကို လုပ်ဆောင်ပေးပါတယ်။
ပထမလုပ်ငန်းကတော့ ဟော်မုန်းထုတ်ပေးတာပါ
ဒီဟော်မုန်းတွေကြောင့် အမျိုးသမီးတွေရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေ အပြင်ခန္ဒာကိုယ်ပုံစံအချိုးအဆစ်လှပမှုကိုပါ ဖြစ်ပေါ်စေတာပါ။
ဒုတိယလုပ်ငန်းကတော့ မမျိုးဥထုတ်ပေးခြင်းဖြစ်ပါတယ်။ မ မျိုးဥဟာ သုက်ပိုးနဲ့ပေါင်းစပ်ပြီး ကိုယ်ဝန်ရရှိစေပါတယ်။
ဒီလို လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ သားဥအိမ်မှာ ကင်ဆာ ဘာကြောင့်ဖြစ်လဲဆိုတာ တိတိကျကျမသိရသေးပါဘူး။
များသောအားဖြင့်တော့ မျိုးရိုးဗီဇကြောင့်လို့သာ ကောက်ချက်ချနိုင်ပါသေးတယ်။
ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်ပွားဖူးတဲ့ မျိုးရိုးရာဇဝင်ရှိရင် ပိုမိုဖြစ်ပွားနိုင်ချေရှိပါတယ်။
သားဥအိမ်ကင်ဆာဟာ အမျိုးသမီးများ အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး သွေးဆုံးပြီးချိန်တိုင်အောင် ဖြစ်နိုင်ပါသေးတယ်။
သားဥအိမ်ကင်ဆာဟာ ရေရေရာရာ လက္ခဏာမပြတတ်တာမို့ အသံတိတ်ကင်ဆာအမျိုးအစားလို့ တင်စားကြပါတယ်။
ဝမ်းဗိုက်မအီမသာဖြစ်မယ် ၊ အစာမကြေဘူး ၊ အစာစားပြီး ဗိုက်ကတင်းနေမယ်၊ ဗိုက်ထဲမှာ သက်တောင့်သက်တာသိပ်မရှိလှဘူး ၊ ဆီးခဏခဏသွားမယ်၊ ဆီသွားရခက်မယ်၊ ဓမ္မတာ မမှန်ဖြစ်မယ်၊ များသောအားဖြင့်ဒီ လောက်ပဲ ခံစားရပါတယ်၊ ဒီလက္ခဏာတွေဟာ မသိရင်တော့ သာမန်ပဲလို့ထင်ရပေမယ့် အတွင်းမှာ သားဥအိမ်ကင်ဆာဖြစ်နေနိုင်တာ အထူးသတိထားစရာပါ။
သားဥအိမ်ကင်ဆာအတွက် အကောင်းဆုံးကုသနည်းကတော့ ခွဲစိတ်တာပါ၊ ခွဲစိတ်တယ်ဆိုတာ သားဥအိမ်ကိုဖယ်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်၊ ယနေ့ခေတ်မှာတော့ Laparoscopic surgery လို့ခေါ်တဲ့ အပေါက်ဖောက်ပြီး ခွဲစိတ်တဲ့ နည်းလမ်းကို သုံးလာကြပါပြီ ။
နာကျင်မှုသက်သာတယ်၊ ဒဏ်ရာသေးသေးပဲ ကျန်တယ်၊ တစ်ချို့လူနာတွေမှာတော့ ခွဲစိတ်ရုံသက်သက်နဲ့မပြီးပါဘူး ၊ ကင်ဆာ အဆင့်အလိုက် ဆေးသွင်းကုသရတာမျိုးရှိပါတယ်၊ ဒါပေမယ့် ဒီကင်ဆာမျိုးဟာ ကုသပြီးပေမယ့် ပြန်လည် ဖြစ်ပွားတတ်တာတော့ သတိထားရပါမယ်။
အဲဒါကြောင့်မို့သားဥအိမ်ကင်ဆာဟာ ကြိ ုတင်သတိထား သိရှိဖို့ခက်ခဲတတ်တဲ့အတွက်ပုံ မှန်ကျန်းမာရေးစစ်ဆေးခြင်းကသာ အကောင်းဆုံးကာကွယ်ခြင်းပါ။
ပုံမှန်မဟုတ်တဲ့လက္ခဏာတွေ့ပြီဆိုတာနဲ့စစ်ဆေးသင့်ပါတယ်၊ သားဥအိမ်ကင်ဆာဖြစ်နေတယ်ဆိုရင်လည်း မကြောက်ပါနဲ့၊ ကုသမှုခံယူပါ။ စောလျင်စွာစစ်ဆေးသိရှိပြီးကုသမှုခံယူပါက ပျောက်ကင်းနိုင်ပါတယ်။
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနှင့်ပြရန်
📞 099 5454 5854, 09 773 770 750, 09 7654 85882
ဆေးခန်းလိပ်စာက
🏥 အမှတ် ၁၀၊ ယမုံနာလမ်းမကြီးနှင့် ဇေယျာသီရိ (၂) လမ်းထောင့်၊ ဇေယျာသီရိရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ရှုခင်းသာ Waterboom အနီး၊ ရန်ကုန်။
Google map လမ်းညွှန်
https://goo.gl/maps/JQ7JWjWeMwRZhZ6RA