ရန်ကုန် ဗုဒ္ဓတက္ကသိုလ်

ရန်ကုန် ဗုဒ္ဓတက္ကသိုလ်

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရန်ကုန် ဗုဒ္ဓတက္ကသိုလ်, Education, mayangon, Yangon.

Photos 24/01/2016

ဆရာကြီး ဦးမြင့်ဆွေ၏ စကားများ အပိုင်း (၁၁၃)----

=ဦးဇင်းတို့ ကျောင်းပြီးလို့ ဘွဲ့ရသွားရင် နောက်ကြောင်း ပြန်မလှည့်ရဘူး။ ဒုန်
ရင်းပြန်မသွားရဘူး။ ဒုန်ရင်းဆိုတာ ငယ်-လတ်-ကြီးလောက်သာ စာဝါတွေကိုသင်ကြားပေးနိုင်ခြင်းကို ခေါ်တယ်။ မတင်းတိမ်ရသေးဘူး။

=တက္ကသိုလ်ပညာရပ်ဆိုတာ အတိုင်းအဆမရှိဘူး။ အင်မတန်မှ ကျယ်ဝန်းတာ။ စွပ်ပြီးတက်ရတယ်။ ကိုယ်သင်တဲ့ ဘာသာရပ်ကို ထူးချွန်အောင် ကြိုးစားရတယ်။

=ခေတ်အခြေအနေပြောင်းသွားရင် ပညာရေးအခြေအနေတွေလည်း ပြောင်း
သွားတတ်တယ်။

=အခုခေတ်မှာ ပိုက်ဆံပေါတဲ့ သူတွေက ထိပ်ရောက်နေတယ်။ ပညာ
တတ်ပြီး ပိုက်ဆံမရှိတဲ့ ဝန်ထမ်းတွေက ဝပ်နေကြတယ်။ ဒါ့ကြောင့် တေလေ
ကြမ်းပိုး မလုပ်ပါနဲ့။ ပညာရေးနဲ့ နယ်ချဲ့နိုင်အောင် စိုက်လိုက်မတ်တတ်လုပ်
ရမယ်။

မှတ်တမ်းပြုစုသူ=အရှင်ပဏ္ဍိတ (ပါဠိ ဆရာတော်) (၂၃-၁-၁၆)

Photos 06/01/2016

သူဌေးတွေ နဲ့ သာမန် လူတွေ တွေးခေါ်ပုံ ဘယ်လို ကွာခြားသလဲ
၁။ သာမန် လူတွေက ပိုက်ဆံ စုဖို့ပဲ စဉ်းစားတယ်၊ သူဌေးတွေ ကတော့ ပိုက်ဆံ ဘယ်လို ၀င်အောင်လုပ်မလဲ ဆိုတာ ကိုပဲ စဉ်းစားကြတယ်။
ကျွန်တော်တို့ ကို ငယ်ငယ်လေးကတည်း က ပိုက်ဆံ စုဖို့သင်ပေးကြပါတယ်။ သင်ဟာ တစ်လ ကို ၅ သိန်းရ တယ် ဆိုပါတော့၊ လတိုင်း ၁၀ ရာခိုင်နှုန်း စုရင် တစ်နှစ်ပြည့်ရင် ၆ သိန်း ပဲ စုမိ မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘယ်တော့မှ သူဌေးဖြစ်မှာ မဟုတ်ပါဘူး။
သူဌေးတွေ ဟာ စုတော့ စုပါတယ်၊ ဒါပေမဲ့ ရလာတဲ့ ပိုက်ဆံကို တိုးပွားအောင် အရင်လုပ်ပါတယ်။
၂။ လုပ်ငန်းသစ် တစ်ခု တည်ထောင်တော့မယ် ဆိုရင် လူတွေက ရှုံးမယ်၊ မအောင်မြင်နိုင်ဘူး လို့ မြင်ကြ တယ်၊ သူဌေးတွေ ကတော့ အောင်မြင်မယ့် လမ်းစ လို့ မြင်ကြပါတယ်။ လူတွေ ဟာ ၀င်ငွေ နဲ့ ပတ်သက် လာ ရင် ရိုးရိုး တန်း တန်း စဉ်းစားကြပါတယ်။ အလုပ် အချိန်ပို လုပ်ရင် လစာ ပိုရမယ်၊ ရာထူး တိုးရင် လစာ တိုး မယ် လို့ပဲ တွေးပါတယ်။
ပညာကောင်းကောင်းတတ် တဲ့ မန်နေဂျာ တွေတောင် လစာ တိုး အောင် MBA တက်ရမယ် လို့ပဲ တွေး ပါတယ်။
သူဌေးတွေ ဟာ တခြား လူတွေ ရဲ့အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း အသစ်တွေကို ရှာဖွေ ပါ တယ်၊ ဒီလို နည်းလမ်း အသစ်တွေ အကြံဥာဏ် အသစ်တွေ ကပဲ ပိုက်ဆံ ၀င်တာဖြစ်ပါတယ်။
၃။ သူဌေးတွေ ဟာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမှာ ကို မကြောက်ကြပါဘူး။ ရင်းနှီးမြှုပ်နှံမှု လုပ်ရာ မှာ ငွေဆုံးမှာ ကို ကြောက်စရာ မလိုပါဘူး၊ ရင်းနှီးမြှုပ်နှံ မှုတွေကမှသာ အခွင့်အလမ်းကောင်းတွေ နဲ့ လုပ်ပိုင်ခွင့် အသစ်တွေ ရရှိလာ မှာဖြစ်ပါတယ်။

၎။သူဌေးတွေ ဟာ ပန်းတိုင်တွေ ကို တိတိကျကျ ချမှတ်လေ့ ရှိပါတယ်။ သူဌေး တွေဟာ သူတို့ လုပ်ငန်း အောင်မြင် မှု နဲ့ ငွေဝင်ဖို့ကိုပဲ အဓိက အာရုံစိုက်ပါ တယ်။ သူတို့ဟာ သူတို့ ချမှတ် ထားတဲ့ ပန်းတိုင်တွေ ကို အလွယ်လမ်း က မလိုက် ဘဲနဲ့ သေသေချာချာ အာရုံ စူးစိုက်လေ့ရှိပါတယ်။
၅။ သာမန် လူတွေက သူဌေးတွေလိုနေကြတယ်၊ သူဌေးတွေ က သာမန်သူ တွေလိုနေကြ တယ်။ Donald Trump( တရမ့် လုပ်ငန်းစု ဥက္ကဋ္ဌ) နဲ့ Richard Branson(ဗာဂျင် လုပ်ငန်းစု ပိုင်ရှင်) တို့လို သူဌေးတွေ ဟာ ကိုယ်ပိုင်ဂျက် လေယာဉ်တွေ နဲ့ ကမ္ဘာပတ်နေကြပေမယ့် ချမ်းသာဝကြွယ်ဝ တဲ့ လူအများစု ကတော့ သာမန် လိုပဲနေကြပြီးတော့ ဇိမ်ခံကားတွေ၊ စံအိမ်ကြီးတွေ နဲ့ မနေကြပါဘူး။
ကန်းထရီး အဆိုတော် Naomi Judd နဲ့ အင်တာဗျူး တဲ့ အခါမှာ သူဟာဈေးကြီး တဲ့ အ၀တ် အစားတွေ၊ လက်ဝတ် ရတနာတွေ ၀ယ်လေ့ မရှိပါဘူးလို့ ပြောပါ တယ်၊ သူ အခုလို ချမ်းသာကြွယ်ဝ လာတာဟာ ပိုက်ဆံ ကို မလိုဘဲ မသုံးလို့ ပါတဲ့။
Siebold ဆိုသူဟာ ချမ်းသာကြွယ်ဝသူ အယောက် ၃၀ ကျော် ကို အင်တာဗျူး ကြည့်တဲ့ အခါမှာ သူတို့ဖြေတဲ့ အဖြေတွေ မှာ တူညီတဲ့ အချက်တွေ ရှိပါတယ်တဲ့။
အဲဒါ ကတော့ သူတို့ဟာ သူများ လက်အောက်မှာ အလုပ် မလုပ်ချင်ကြ ဘဲနဲ့ လွတ်လပ်စွာ လုပ်ကိုင်ချင်ကြ ပါတယ်တဲ့။
ဒီလို လွတ်လပ်ချင်စိတ်ကပဲ ကိုယ် ပိုင် စီးပွားရေး လုပ်ငန်းတွေ တည်ထောင်ပြီး အောင်မြင်စေဖို့ တွန်းအားဖြစ် စေပါတယ်။
ဗဟုသုတစာမျက်နှာများမှ........

Photos 23/12/2015

ညောင်တုန်း ပဥ္မစံကျောင်းဆရာတော်ကြီး၏ သြဝါဒစကား...

စာသင်သားဆိုတာ ကျောင်းတိုက်က ဆရာတော်စတဲ့ မထေရ်ကြီး
များက ဆိုဆုံးမ ပြောပြတဲ့ စကားတွေကို တစ်လုံးရရ၊ နှစ်လုံးရရ
မှတ်ထားကြ။

ကိုယ့်နေရာကိုယ်ရောက်မှ အသုံးဝင်မှာ သေချာတယ်။ သာသနာဆို
တာ ဒီလိုပဲ လက်ဆင့်ကမ်းပြီး သင်ပေးရတယ်။ ထေရဝါဒဆိုတာ
ဒီစကားကိုပြောတာ။

Photos 05/06/2015

ကွန်ဖြူရှပ်စ်ကဲ့သို့လေးစားခြင်းခံရသော တောင်ဝါဒ၏ စာသားအချို့--

+ပူဇော်ပသပွဲများမလို လူ့စိတ်ဓာတ်သာလျှင် အမွန်မြတ်ဆုံးဖြစ်၏။

+သူတစ်ပါးအကြောင်းကို သိစွမ်းသူသည် ပညာရှင်သာဖြစ်၍ ကိုယ့်အကြောင်းကို
ကိုယ်ကောင်းစွာနားလည်ခြင်းသည်သာလျှင် ဥာဏ်အလင်းကို ရခြင်းမည်၏။

+သူတစ်ပါးကို နှိမ်နင်းနိုင်သူသည် လူစွမ်းကောင်းသာဖြစ်၍ မိမိကိုယ်ကို အောင်နိုင်သူ
သာလျှင် အစွမ်းထက်ဆုံးဖြစ်၏။

+အကောင်းကို အကောင်းဖြင့် ကျေးဇူးပြန်၍ အဆိုးကိုလည်း အကောင်းဖြင့်သာ တုံ့ပြန်
အပ်၏။ အဘယ့်ကြောင့်ဆိုသော် ကောင်းခြင်းသည်သာလျှင် ဖြူစင်သန့်ရှင်းခြင်းခြင်း
အကျိုးရှိ၏။

+အမုန်းကို ကြင်နာခြင်းဖြင့် တုန့်ပြန်ပါ။

(ဤ၀ါဒသည် တရုပ်နိုင်ငံတွင်အတော်အသင့်ခေတ်စား၏။)

Photos 17/05/2015

၂၀၁၅-ပညာသင်နှစ်
မန္တလေး-ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ဒုတိယနှစ်ဝက်( Second Semester )ကျောင်းဖွင့်ရက် ပြန်လည်သတ်မှတ်
ထုတ်ပြန်ခြင်း။
-----------------------------
မန္တလေး-ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဒုတိယနှစ်ဝက်ကျောင်းဖွင့်ရက်ကို ၁၃၇၇-ခုနှစ် နယုန်လဆန်း(၁ )ရက်နေ့ ၁၈-၅-၂၀၁၅ ရက်နေ့ ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ရာသီဥတုပူပြင်းခြင်း ယခုနှစ်သည်ဝါထပ်နှစ်ဖြစ်ခြင်း အကြောင်းများကြောင့် မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ် သင်ကြာကြားစီမံကထိကဆရာများ၏အစည်းဝေးဆုံးဖြတ်ချက်အရ-----
=၁၃၇၇-ခု နယုန်လပြည့်ကျော်( ၁)ရက် 2-6-2015အင်္ဂါနေ့ တွင် ပြန်လည်စတင် သင်ကြားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ မော်ကွန်းထိန်းဌာနများမှ ထုန်ပြန်ထားကြောင်း သိရသည်။
---------------------------------
သတင်း....

Photos 21/04/2015

အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရရိပ်သာ မော်လမြိုင်မြို့နယ် မွန်ပြည်နယ်
==============
၂၀၁၄-ပညာသင်နှစ်
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
B.A; M.Aဘွ့ဲယူကြမည့် ကျောင်းသားသံဃာတော်များနှင့်သီလရှင်ဆရာလေး ကျောင်းသူများ -လူပုဂ္ဂိုလ်များ တရားထိုင်မည့်နေ့ရက်နှင့် အချိန်
-----------------
၁၃၇၇-ခုနှစ် ကဆုန်လဆန်း( ၅ )ရက်( 22-4-2015) ဗုဒ္ဓဟူးနေ့ ညနေ( ၆း၀၀) နာရီ ထက်နောက်မကျစေဘဲ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်( သာဓုကျောင်းတိုက်) သို့ အရောက်ကြွရောက်ရန်
----------------------
ယူဆောင်လာရမည့် ပစ္စည်းများ
( ရဟန်းတော်)
၁။ သာသနာဝင်ကဒ်(မှတ်ပုံတင် )
၂ ။အညိုရောင် သင်္ကန်း (၂ )စုံ
၃။ခြင်ထောင်အိပ်ယာခင်း မယူဆောင်ရ။
လူပုဂ္ဂိုလ်များအတွက်
-----------------------
ခြင်ထောင်အိပ်ယာခင်းအပြည့်စုံနှင့် ထမင်းစားပုဂံပြား တချပ်
မတ်ခွက်- ဇွန်း - လက်သုတ်ပုဝါ
ယူဆောင်လာရပါမည်။
မော်ကွန်းထိန်းဌာန
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
စုံစမ်း နိုင်ရန်
ဖုန်း- 09-73016644
09-44801-6140
09-4500-28099
09-4500-55854

Photos 17/03/2015

ဆရာကြီး ဦးမြင့်ဆွေ၏ စကားများအပိုင်း (၁၁၀)-----

+လူတိုင်း လူတိုင်းဟာ လွပ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ သို့သော်လည်းအရမ်းကာရော ဆန့်ကျင်ဘက်ချည်း ဆန်တက်သွားရင် မကောင်းဘူး။

+လောကမှာ ၁) ချစ်သူရယ် ၂) မုန်းသူရယ် ၃) ဂရုမစိုက်သူရယ် ဆိုပြီး လူသုံးမျိုးရှိပါတယ်။ မိမိဘ၀ကို အမြင့်ရောက်အောင် လမ်းညွှန်ပေးတတ်
လို့ ဘ၀ရဲ့ ဆရာ-လို့တောင်ပြောနိုင်တယ်။

+ချစ်တဲ့သူတွေက မိမိကို လိမ်မာအောင် သင်ပေးတတ်တယ်။ အလေးထားတတ်ရင် အောင်မြင်မယ်။

+ မုန်းတဲ့သူတွေကတော့ မိမိကို သတိထားတတ်အောင် သင်ပေးတတ်
တယ်။ ကျေးဇူးတင်ရပါမယ်။ အမှားနည်းတော့ အောင်မြင်တာပေါ့။

+ဘယ်သူ့ကိုမှ ဂရုမစိုက်သူကတော့ မိမိအား ကိုယ့်အားကိုယ်ကိုး
တတ်အောင်သင်ပေးတတ်လို့ တကယ့်မိတ်ဆွေစစ် ဆရာစစ်ပါပဲ။ ဘုရားကလည်း ´အတ္တာ ဟိအတ္တနော နာထော´ လို့ ဟောထားပါတယ်။

မှတ်တမ်းပြုစုသူ=အရှင်ပဏ္ဍိတ (ပါဠိ ဆရာတော်) (၁၇-၃-၁၉)

Photos 06/02/2015

ခေါင်းမော့ရင်း မျက်ရည်ဝဲနေတယ်
*********************************************

ဆယ်နှစ်ပြည့်တက္ကသိုလ်
နုပျိုတယ်ဆိုပေမယ့်
ရင့်ကျက်ခဲ့ပါပြီ ဆရာ။

No sponsor, No signpost နဲ့
အပတ်တကုတ်ကြိုးစားခဲ့ပြန်တော့
မွေးထုတ်ခဲ့တဲ့ အာဇာနည်တွေက
မြန်မာပြည်အနှံ့
ပညာတွေ ဝေဖြန့်ရုံမက
ကမ္ဘာမှာပါ ခြေဆန့်နိုင်ခဲ့ပါပြီဆရာ။

`` ပညာသင်ရင်း သာသနာပြု´´ တဲ့
ဆရာအခုလို ဆုံးမခဲ့လို့
ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်သားတွေဟာ
ဆရာ့ကို စံပြုလို့
သာသနာတွေ ပြုနေကြပြီဆရာ။

ဆရာ့ကို စံထားလို့
``အနား´´ ဆိုတဲ့ ဒီသဒ္ဒါကို
အနားပေးလိုက်ကြပြီဆရာ။

ဆရာ့လို စိတ်မျိုးနဲ့
အရိပ်မိုးပေးဖို့ပဲ
တွေးတတ်ခဲ့ကြပြီဆရာ။

အခု
ဆရာတည်ထောင်ခဲ့တဲ့
ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဆိုတဲ့ ဒီကျောင်းတော်
ဆယ်နှစ်ပြည့်ပွဲတော်မှာ
တပည့်တွေ
ပြုံးပျော်လို့ ခေါင်းမော်တာ
အပြစ်မဆိုသာပါဘူးနော်ဆရာ။

ဒါပေမယ့် ဆရာ
ဒီအပင် ဒီအပွင့်
ဒီအမြင့်မှာ ဒီလိုတင့်အောင်
ပခုံးနဲ့ထမ်း ကြိုးပမ်းခဲ့တဲ့ဆရာ
ဒီကမ္ဘာမှာ မရှိတော့ဘူးဆိုတဲ့ အသိက
တပည့်တွေရင်မှာ မချိပါဘူးဆရာ။

ဒီအတွေး ဒီအသိကြောင့်
ဒီမှာရှိတဲ့ တပည့်တွေ
ခေါင်းမော့ရင်း မျက်ရည်ဝဲနေတယ်ဆရာ
ခေါင်းမော့ရင်း မျက်ရည်ဝဲနေကြပါတယ်ဆရာ။

အရှင်ပညောဘာသ(ရွှေဘို)
BA(Third Year)
Yangon Buddhist University

Photos 03/02/2015

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာကြီး ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန်ဒန်)၏ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်။

၁၃၇၆-ခုနှစ် တပို့တွဲလပြည့်ကျော်(၁)ရက် ၄.၂.၂၀၁၅ (ဗုဒ္ဓဟူးနေ့)တွင် ရန်ကုန်တိုင်း ကြည့်မြင့်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက် နတ်စင်
လမ်း၌ မန္တလေး၊ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူ၊ ပါမောက္ခချုပ် ဆရာကြီး၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇသိရီပ၀ရဓမ္မာစရိယ၊ ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန်ဒန်)၏ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်ကို အောက်ပါ အစီအစဉ် လေးရပ်တို့ဖြင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မိသားစုများက ကျင်းပပြုလုပ်မည်ဖြစ်သည်။

၁။ နံနက် (၉)အချိန်တွင် ဆရာကြီး ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန်ဒန်)ရေးသားပြုစုသည့် ကျမ်းစာအုပ် များနှင့်မှတ်တမ်းဓာတ်ပုံများ
၏ပြခန်းကို မန္တလေး၊ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် တို့၏ အဓိပတိ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ဆရာတော် ကြီးထံမှ ရေစက်ချတရားနာယူကာ အမျှအတမ်းပေးဝေခြင်း။

၂။ နံနက် (၁၀)နာရီအချိန်တွင် ပင့်သံဃာတော် ဆရာတော်ကြီးများအား လှူဘွယ်ပစ္စည်းများ နှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း။

၃။ နေ့(၁) နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ကမ္ဘာ့ဗုဒ္ဓ သာသနာပြု ဒေါက်တာဘဒ္ဒန္တဓမ္မပိယ(ပါမောက္ခ၊ ပရိယတ္တိမဟာဌာန
ဌာနမှူး၊) ဆရာတော်က တက္ကသိုလ်နှင့် ပတ်သက်သည့် ပညာရေးနှင့်သာသနာပြုရေး ဆိုင်ရာ အကြောင်း အရာများကို
ဟောပြောခြင်း။

၎။ နေ့(၃)နာရီအချိန်တွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဆရာများနှင့် ကျောင်းသား/သူ ဟောင်းများ တွေ့ဆုံဆွေးနွေးခြင်း
တို့ဖြစ်သည်။

ဤအခမ်းနားမတိုင်မီ ရက်များကလည်း ဆရာကြီး၏ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ကို အကြောင်းပြု၍ ပြည်တွင်းပြည်ပမှ ပညာရှင်များကို
ဖိတ်ကြားပြီး တက္ကသိုလ်၏ပညာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောပို့ချစေခဲ့ပါသည်။ ထိုပညာရှင်များမှာ
(၁) သြစတေးလျနိုင်ငံ Monach Umiversity မှ Prof. Padmasiri de
Silva,
(၂) အင်္ဂလန်နိုင်ငံ Oxford ပါမောက္ခဆရာတော် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ နှင့်
(၃) အင်္ဂလန်နိုင်ငံ ဘာမင်ဂန်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥတ္တရဥာဏ တို့ ဖြစ်ကြောင်းသိရသည်။ ဆက်သွယ်ရန်= ၀၉ ၇၃၀၁၆၆၄၄၊

Photos 01/02/2015

ဆရာကြီး ဦးမြင့်ဆွေ၏ စကားများ အပိုင်း (၁၀ဂ)-----

*ပညာရေးစနစ်ကြီးက မတ်စောက်ကြီး ဖြစ်နေရင် မကောင်းဘူး။ ပညာရေးကောင်းလို့ရှိရင် ကျန်တာအကုန်လုံးကောင်းပါလိမ့်မယ်။
ပညာရေးက နံပါတ်တစ်ပါပဲ။

*အင်္ဂလန်ဝန်ကြီးချုပ် တိုနီဘလဲက သတင်းထောက်တွေကို ပထမဦး
စားပေးက ပညာရေးပါပဲ။ ဒုတိယဦးစားပေးကလည်း ပညာရေးပါပဲ။
တတိယဦးစားပေးကလည်း ပညာရေးပါပဲ-ဟု ပြောပြဘူးတယ်။

*ဒီအချက်က ဗိုလ်ချုပ်အောင်ဆန်းပြောပြတဲ့အချက်နဲ့ သွားတူနေတယ်။ သူက မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးသည် ပထမ။ လွတ်လပ်ရေး
သည် ဒုတိယ၊ လွတ်လပ်ရေးသည်သာလျှင် တတိယ-ဆိုတဲ့ စကားနဲ့ သွားကိုက်ညီနေတယ်။

*အနောက်နိုင်ငံရဲ့ ရည်ရွယ်ချက်က တိုင်းပြည်နဲ့ လူမျိုးကို ပြောင်းလဲ
ပစ်နိုင်တာ ပညာရေးပဲ-ဟု ကမ္ဘာ့ပညာရှင်တွေက ကောက်ချက်ချကြ
တယ်။

*ပညာရေးစနစ်ကို ပြောင်းလဲပစ်သင့်ပြီ။ ထိပ်က ပိတ်နေရင် မကောင်း
ဘူး။ အိန္ဒိယပြည်မှာ သာသနာကွယ်ခဲ့တာ ပညာရေးစနစ်မလုပ်ခဲ့လို့ပါ။ ပညာရေးစနစ်ကောင်းရင် မြန်မာပြည်မှာ ထေရ၀ါဒသာသနာလည်း ကွယ်ပသွားမှာမဟုတ်ပါဘူး။

မှတ်တမ်းပြုစုသူ=အရှင်ပဏ္ဍိတ (ပါဠိ ဆရာတော်) (၁-၂-၁၅)

Photos 29/01/2015

ပါမောက္ခဆရာတော် (ကမ္ဘာ့သာသနာပြု) ဒေါက်တာ ဓမ္မပိယ ဟောပြောမည်-----

၂၀၁၅-ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့သည် မန္တလေး ရန်ကုန် ဗုဒ္ဓတက္ကသိုလ်များကို တည်ထောင်သွားသည့် ပါမောက္ခချုပ်ဆရာကြီး ဦးမြင့်ဆွေ၏ ကွယ်လွန်သွားသည်မှာ တစ်နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သူ၏ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပညာရေးမိသားစုများက သူအား အစဉ်သတိရစေလိုသောအထိမ်းအမှတ်များအဖြစ် နိုင်ငံတကာမှ ပညာရှင်များကို
တက္ကသိုလ်သို့ ပင့်ဖိတ်၍တက် ရောက်ဆဲ ကျောင်းသား ကျောင်းသူများများအား
နိုင်ငံတကာအတွေ့အကြုံများနှင့် ပညာရေးဆိုင်ရာ ဗဟုသုတများရရှိစေရန်အလို့ငှါ
ရည်ရွယ်လျက် ပညာရှင် (လေးဦး)တိတိဖိတ်ကြားခဲ့သည်။

သြစတေးလျမှ ဒေါက်တာဒေဆီးဘားနှင့် ကမ္ဘာ့သာသနာပြု အောက်စဖို့ဒ် ၀ိဟာရ ပါမောက္ခဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မသာမိနှင့် အင်္ဂလန်နိုင်ငံ ဘာမင်ဂန်ဗုဒ္ဓ၀ိဟာရ ဆရာတော် ဘဒ္ဒန္တဒေါက်တာ ဥတ္တရဥာဏ-တို့က ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် ပညာရေးဆိုင်ရာများ ဟောပြောပို့ချပြီးဖြစ်သည်။

သို့ဖြစ်၍ လာမည့် ၂၀၁၅-ခု၊ ဖေဖော်ဝါရီလ (၄) ရက် နေ့ (၁) နာရီတွင်
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခဆရာတော်
ကမ္ဘာ့သာသနပြု ဒေါက်တာ အရှင်ဓမ္မပိယက မှ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
တွင် ပညာရေးဆိုင်ရာ တွေ့အကြုံများကို ဟောပြောပို့ချပေးမည်ဖြစ်ကြောင်း
ကျောင်းသား ကျောင်းသူအပေါင်းတို့အား အသိပေးကြေငြာအပ်ပါသည်။

ဆရာတော်၏ ဘ၀ဖြစ်စဉ်အကျဉ်းမှာ---
မွေးရပ်ဇာတိ=စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ရွှေနားဋောင်းကျရွာ။
(၁၉၈၀) ခုနှစ်တွင်=သာသနဓဇဓမ္မာစရိယဘွဲ့။
မဟာစည်ရိပ်သာတွင် တရားအားထုတ်ခဲ့။
(၁၉၈၂) ခုနှစ်တွင်=မဟာစည်နယ်လှည့်ဓမ္မကထိကတာဝန် ထမ်းဆောင်။
(၁၉၈၆) ခုနှစ်တွင်=မလေးရှားနိုင်ငံ ပီနန်မြို့၊ မလေးရှားဗုဒ္ဓဘာသာ တရား
ရိပ်သာတွင် တရားပြခဲ့။

ဓမ္မဒူတခရီး=ပဏ္ဍိတာရာ ရွှေတောင်ကုန်းဆရာတော်ကြီးနှင့် စင်္ကာပူ၊ ထိုင်း၊
နီပေါ၊ ယူကေ၊ ဂျာမနီ၊ သြစတေးလျ၊ ကနေဒါ နှင့် အမေရိကန်နိုင်ငံများသို့
လိုက်ပါတရားပြခဲ့။

(၁၉၉၂) ခုနှစ်တွင်=အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်
ဆန်ဟိုဆေးမြို့၊ တထာဂတ တရားရိပ်သာ သို့ ကျောင်းထိုင်ဆရာတော်အ
ဖြစ်ဖြင့် ပင့်ဖိတ်ခံရပြီး၊ ဒေသခံယောဂီများနှင့် ပြည်ပယောဂီများအား
တရားပြ။ နွေရာသီတွင် လူငယ်များအား ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း
များကို သင်ကြားပေးခဲ့။

(၁၉၉၇) ခုနှစ်တွင်=ဘီအေ (ဘာသာတရာ နှိုင်းယှဉ်လေ့လာမှု ဘွဲ့)။
(၁၉၉၈) ခုနှစ်တွင်=အမ်အေ (ဒသနိကဗေဒ) ဘွဲ့။ ဆန်ဟိုဆေး စတိတ်
ယူနီဗာစီတီ မှ ရရှိခဲ့။

(၁၉၉၉) ခုနှစ်တွင်= ကာလီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်မြို့တွင် မေတ္တာ
နန္ဒ၀ိဟာရဓမ္မရိပ်သာအမည်ရှိ ကမ္မဋ္ဌာန်းဋ္ဌာနအသစ်တစ်ခုကို တည်ထောင်
ခဲ့။

(၂၀၀၃) ခုနှစ်တွင်=ဆန်ဖရန်စစ္စကိုမြို့၊ ကာလီဖိုးနီးယားသိပ္ပံကျောင်းမှ
ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ရန်ကုန်မြို့တွင် ငါးကျမ်းပြန် ထားဝယ်သာသနာ့
ရိပ်သာဖွင့်လှစ်၍ စာပေများ သင်ကြားပေးခြင်း၊ ၀ိပသနာတရားပြခြင်း။
မင်္ဂလာဒုံမြို့နယ် နွေခွေကျေးရွာနှင့် လားရှိုးမြို့ တွင်လည်း
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဖွင့်လှစ်ထားသည်။

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင်လည်း
ပါမောက္ခဆရာတော်အဖြစ်ဖြင့်လည်း ကောင်း၊ စာပေများရေးသား ၍လည်းကောင်း သာသနာ့တာဝန်များကို ထမ်းဆောင်နေပါသည်။

Photos 14/01/2015

ဆရာကြီး ဦးမြင့်ဆွေ၏ စကားများအပိုင်း (၁၀၄)----

+ ဒီခေတ်မှာ သက်တမ်းက အရမ်းတိုနေပြီ။ လုပ်သလောက် အကျိုးမရှိသည့် ပင်ပန်းမည့် လုပ်ငန်းမျိုးတို့ကို မလုပ်ထိုက်တော့ဘူး။ အချိန်ကုန်တယ်။ (ပညာရေးကို ရည်ညွှန်း)

+ဒီခေတ်တွင် မြန်မာနိုင်ငံမှာ စာကောင်းကောင်းချပေးဖို့ စာချကောင်းကောင်းဆရာတွေ လိုနေပြီ။ အောက်ခြေကနေ အခြေခိုင်အောင် စာသင်ပေးမှ အထက်တန်းစာပေတွေကို သင်ရတာလွယ်ကူတယ်။

+တက္ကသိုလ်အဆင့်ထက် အောက်ခြေအဆင့်က ပိုအရေးကြီးတယ်-လို့ တပည့်တော်
အယူရှိတယ်။ အန္တိမ-ရည်မှန်းချက်ပါပဲ။ သဒ္ဓါတရားကို တပည့်တော် ပြိုင်ရဲတယ်။

+ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်။ ဘာ့ကြောင်လဲဆိုတော့ (၁) ဆုပ်ကပ်
ဖြစ်နေလို့ အသက်တမ်းတိုလာခြင်း (၂) ကိလေသာတွေ ထုံထိုင်းလာတဲ့ခေတ်ဖြစ်လာခြင်း
(၃) သဒ္ဓါတရားတွေခေါင်းပါးတဲ့ ခေတ်ဖြစ်လာခြင်း။ ဒါ့ကြောင့် ခေတ်အခြေအနေကိုကြည့်
ပြီး ပြုပြင်ရပါမယ်။

မှတ်တမ်းပြုစုသူ=အရှင်ပဏ္ဍိတ (ပါဠိ ဆရာတော်) (၁၄-၁-၁၅)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mayangon
Yangon