Bds/eds/ads Alumni-MOFA

Bds/eds/ads Alumni-MOFA Alumini Group for all BDS/EDS/ADS
MOFA (Ministry Of Foreign Affairs) Myanmar

29/06/2022
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးနှင့် အငယ်တန်း လက်နှိပ်စက်ရိုက် ( လစာနှုန်း ကျပ် ၁၈၀,၀၀၀-၂,၀၀...
21/05/2021

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးနှင့် အငယ်တန်း လက်နှိပ်စက်ရိုက် ( လစာနှုန်း ကျပ် ၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀ ) ရာထူး ( ၄၀ ) နေရာ ( အမျိုးသား-၂၀ နေရာ၊ အမျိုးသမီး-၂၀ နေရာ ) အတွက် လျှောက်လွှာတင်သွင်းနိုင်

(၂၁-၅-၂၀၂၁ ရက်၊ နေပြည်တော်)

သတိထားကြပါ
20/08/2020

သတိထားကြပါ

07/05/2020

မိမိနိုင်ငံဘယ်လောက်တန်ဖိုးရှိလဲ ဂုဏ်ယူစရာကောင်းလဲ ဖွင့်ကြည့်သင့်ပါတယ်

17/04/2020
18/03/2020

“သားကောင်းတမန်မဂ္ဂဇင်း (၂၀၁၉ ခုနှစ်) စတင်ဖြန့်ချိခြင်း”
(၁၇-၃-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သားကောင်းတမန်မဂ္ဂဇင်းများကို နှစ်စဉ်ထုတ်ဝေလျက်ရှိရာ စာမူရှင်များ၏ ပံ့ပိုးကူညီမှု၊ အလှူရှင်များ၏ ဝိုင်းဝန်းကူညီမှုများနှင့် သားကောင်း တမန်မဂ္ဂဇင်း ထုတ်ဝေရေး ကော်မတီဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် သားကောင်းတမန် မဂ္ဂဇင်း(၂၀၁၉ခုနှစ်)ကို အောင်မြင်စွာ ပုံနှိပ်ထွက်ရှိလာပြီ ဖြစ်ပါသည်။

သားကောင်းတမန်မဂ္ဂဇင်း(၂၀၁၉ခုနှစ်)တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်းစား သံအမတ်ကြီးများ၊ ဝါရင့်သံတမန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများနှင့် ပြင်ပစာမူရှင်များမှ ၎င်းတို့ကြုံတွေ့ဖြတ်သန်းခဲ့ရသော အတွေ့အကြုံ ဗဟုသုတများ၊ သံတမန်ရေးရာများနှင့် နိုင်ငံတကာရေးရာဆိုင်ရာများ အား မြန်မာစာကဏ္ဍနှင့် အင်္ဂလိပ်စာကဏ္ဍများတွင် သုတ၊ ရသ စုံလင်စွာ ပါဝင်ရေးသားထားရှိကြပါသည်။

မဂ္ဂဇင်းစာအုပ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ ဦးစီးဌာနများအသီးသီးနှင့် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး များသို့ ၁၆-၃-၂၀၂၀ ရက်မှစတင်၍ ပေးပို့ဖြန့်ဝေ သွားမည် ဖြစ်ပါသည်။ ပုဂ္ဂလိကဝယ်ယူဖတ်ရှုလိုသူများအနေဖြင့် ၁၇-၃-၂၀၂၀ ရက်မှစတင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်နှင့် ရန်ကုန်) ရှိ စာကြည့်တိုက် များတွင် တစ်အုပ်လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

သားကောင်းတမန်မဂ္ဂဇင်း(၂၀၁၉ခုနှစ်) အောင်မြင်စွာထုတ်ဝေနိုင်ရေး အတွက် ပံ့ပိုးကူညီ ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိ ပါကြောင်းနှင့် ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ် ကြေညာထားရှိပါသဖြင့် သားကောင်းတမန်မဂ္ဂဇင်း (၂၀၁၉ခုနှစ်) ထုတ်ဝေခြင်း အခမ်းအနားနှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲ အခမ်းအနားတို့ အား လတ်တလောအခြေအနေများအရ ဆောင်ရွက်ခြင်း မပြုလုပ် သေးဘဲ၊ သင့်လျော်သည့်အချိန်တွင် ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါသည်။

Address

No. 81 , PYI HTAUG SU YEIK THAR Road, YANGON
Yangon

Website

Alerts

Be the first to know and let us send you an email when Bds/eds/ads Alumni-MOFA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category