07/01/2024
England မှာတော့ Teddies လို့ခေါ်ကြတဲ့ Oxford ရဲ့ နာမည်ကြီး boarding school တွေထဲက တစ်ခုကိုရောက်ခဲ့တယ်ပေါ့ 👩🎓
အခု အလုပ်လုပ်နေတဲ့ college က Term အသစ်
မစခင်မှာ ဆရာ၊ဆရာမတွေ staff တွေကို စုပြီး Training ပေးတာပါ ၊ Training ကို "St Edward’s “လို့ခေါ်တဲ့ ကျောင်းတစ်ခုမှာလုပ်ပါတယ်
ကျောင်းက အရမ်းကို အားကျချင်စရာပါပဲ
ဒီဘက်က လူတွေကတောင် Posh school (လူချမ်းသာတွေရဲ့ကျောင်း) လို့ပြောကြပါတယ်၊
St Edward’s က 1863 လောက်ထဲက စတည်ထောင်ခဲ့ပြီး အခု ဧက 100 ကျယ်ပါတယ်တဲ့
ဒီကျောင်းမှာ UK Education ရဲ့ Shell , Fourth Form , Fifth form , Sixth Form level တွေကို boarding / day အနေနဲ့ တက်လို့ရပါတယ် ၊
နားလည်လွယ်အောင် ပြောရရင် Secondary school နဲ့ High school လိုမျိုး အရွယ်တွေ တက်ကြတာပါ
Sixth Form ရောက်ရင် UK system အရ GCSE A
ဒါမှမဟုတ် အခုနောက်ပိုင်းကျောင်းသားတွေ အရွေးများတဲ့ IB ( international Baccalaureate) program တွေတက်လို့ရပါတယ်
🪽ကျောင်းစာအပြင် ဒီမှာ musical school တွေ drama , sport activities , ကိုယ်ပိုင် sail club နဲ့ horse riding club တွေထိ ရှိတယ်
ကျွန်မတို့ training လုပ်ခဲ့တဲ့ အပိုင်းက musical school နေရာမှာ လုပ်ခဲ့တာမို့ private piano class လေးတွေကျောင်းသားတစ်ယောက်ချင်းစီအတွက်ရှိတာတွေ့ခဲ့ပါတယ် ၊ facilities တွေက တကယ် ပြည့်စုံတာပါပဲ
ဒီကျောင်းက တစ်နှစ်ကို £30000 ( သိန်း 1200)အနည်းဆုံးက စပေးရလေ့ရှိတယ်လို့ websiteမှာပြထားတယ်
England မှာ ဒီထက်ကောင်းတဲ့ private school တွေအများကြီးရှိပြီး အဲ့ဒီschool တွေကနေ နိုင်ငံခေါင်းဆောင်တွေ ၊ ပညာရှင်တွေ ထွက်ကျလို့ money familiesတွေက ဒီလိုနေရာတွေ ကို ထားကြတယ်ထင်ပါတယ်
ပညာရေးက တကယ်လည်း အရေးကြီးပြီး ငွေရှာလို့ကောင်းတဲ့ system ကြီးလည်းဖြစ်နေတော့တာပါ
စိတ်ဝင်းစားစရာက ဒီကျောင်းပုံစံမျိုး Oxford မှာရှိတဲ့တခြားကျောင်းတွေမှာ မြန်မာအချို့တက်နေတာလည်း သတိထားမိတယ်
ကိုယ်တွေတော့ Training တက်နေရင်း အားကျရင်း Page က စာဖတ်သူတွေ ဗဟုသုတရအောင် share ပေးလိုက်ပါတယ်နော်
🍀🍀🍀