02/11/2025
ကလေး က ဒါ သူ့ Privacy လို့ ပြောတဲ့ မိဘများအတွက်
ဒီနေ့ခေတ်မှာ ဆယ်ကျော်သက် ကလေးလေးတွေက တစ်ဦးတည်းသီးသန့် နေလိုချင်စိတ်တွေ တိုးလာတာကို Mie တို့ မိဘတွေ သတိထားမိမှာပါ ။
🚪အခန်းတံခါးကို ပိတ်ထားတာမျိုး
❗️"ဒါက သားရဲ့ လျှို့ဝှက်ချက်ပါ" လို့ ပြောတာမျိုး၊
💢 ဒါမှမဟုတ် "မေမေ မသိပါဘူး၊ ဒါက Privacy ပဲ" လို့ ပြောဆိုလာတဲ့အခါမျိုးတွေမှာ
Mie တို့ မိဘတွေ စိတ်ထဲမှာ
"ငါ့ကလေးနဲ့ ငါဆက်ဆံရေးတွေ ဝေးနေပြီလား?"
"တစ်ခုခု ဖုံးကွယ်နေတာလား?" ဆိုတဲ့
စိုးရိမ်စိတ်တွေ ဝင်လာတတ်ပါတယ် ။
ဒီလို အခါမျိုးတွေမှာ Mie တို့ မိဘတွေဘက်ကနေ
ကလေးလေးတွေကို ပြန်ရှင်းပြသင့်တာလေးကို ပြောပြပေးပါမယ်။
သားသမီးနဲ့ မိဘကြားက
ဆက်ဆံရေးမှာ "Privacy" ဆိုတာ မရှိပါဘူး။
ရှိသင့်တာက တစ်ယောက်နဲ့တစ်ယောက် လေးစားမှုနဲ့ ယုံကြည်မှုအခြေခံတဲ့ "Boundary" သာရှိသင့်တယ်ဆိုတာမျိုးပေါ့။
ဉပမာနဲ့ ရှင်းပြရမယ်ဆိုရင်တော့ -
သား/သမီးနဲ့ မိဘကြားက ဆက်ဆံရေးဟာ
"ကားမောင်းသင်ခြင်း" နဲ့တူပါတယ်။ 🚗💨
ကားမောင်းတာကို သင်ကြားခွင့်ပေးတဲ့
မိဘတစ်ယောက်အနေနဲ့၊
ကလေးရဲ့ လက်လှမ်းမီနိုင်တဲ့
အကွာအဝေးမှာ အမြဲရှိနေရပါမယ် ။
ကလေးဟာ ကားကို ကိုယ်တိုင်မောင်းဖို့
(ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့) လိုချင်နေတာ
မှန်ပေမယ့် ၊
စည်းကမ်းချက်တွေနဲ့ လမ်းညွှန်မှု ကိုတော့
မိဘဆီက လိုအပ်နေပါသေးတယ် ။
ဘယ်လိုပဲ လွတ်လပ်ခွင့်ပေးပေး၊
ကားရဲ့ဘရိတ်က မိဘရဲ့လက်ထဲမှာပဲ ရှိနေသေးတယ် ဆိုတဲ့ အသိကို ကလေးကို ထည့်ပေးထားဖို့လိုပါတယ်။
"Privacy" ဆိုတာက လျှို့ဝှက်ထားတာ၊ ဖုံးကွယ်ထားတာပါ။
မိဘကို ဖုံးကွယ်ခြင်းဟာ
"အမှားလုပ်မိရင် လိမ်ဖို့၊
ဖုံးကွယ်ဖို့ ကြိုးစားတတ်လာတာ" ရဲ့
အစပဲ ဖြစ်ပါတယ် ။
ဒီလို လျှို့ဝှက်မှုတွေဟာ ရေရှည်မှာ
ကလေးရဲ့ စိတ်ခံစားချက်တွေကို သိုဝှက်တတ်စေပြီး ၊
ဖုန်းတွေနဲ့ နေသားကျပြီး စွဲလမ်းမှုဆီကို ဦးတည်သွားစေနိုင်ပါတယ် ။
သင့်ကလေးက "Privacy" လို့ ပြောလာရင်
အောက်ပါအတိုင်း ပြန်လည်ဖြေရှင်းပါ။
၁။ ခံစားချက်ကို အသိအမှတ်ပြုပါ။ 🤎
"သမီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချင်တာ၊
ကိုယ်ပိုင်နေရာ လိုချင်တာကို မေမေ နားလည်ပါတယ်" ။
၂။ "Boundary" နဲ့ "Privacy" ကို ရှင်းပြပါ။ 🤎
"ဒါပေမဲ့ သမီးရယ်၊
တို့မိသားစုရဲ့ စည်းကမ်းကတော့
'လုံခြုံတဲ့ လွတ်လပ်မှု’ ပဲ ရှိတာပါ။
မေမေက သမီးရဲ့ ကိုယ်ပိုင်မှတ်တမ်းတွေကို
အမြဲ စစ်ဆေးနေမှာ မဟုတ်ပေမယ့်၊
သား/သမီး အန္တရာယ်ကင်းဖို့အတွက်
ဘယ်နေရာတွေ သွားတယ်၊
ဘယ်သူတွေနဲ့ ပြောဆိုတယ်
ဆိုတာကိုတော့ မေမေ သိခွင့်ရှိရမယ်။
ဒါဟာ အချစ်နဲ့ တာဝန်ယူမှုရဲ့
နယ်နိမိတ် (Boundary) ပဲဖြစ်တယ်။
၃။ တာဝန်ယူမှုနဲ့ ချိတ်ဆက်ပါ။ 🤎
"ဖုန်းတစ်လုံးကို ပေးလိုက်တာနဲ့
'တာဝန်ယူမှု' ပါ ပါလာတယ် ။
ညအိပ်ချိန် Screen-free ဖြစ်ရမယ့်အချိန်မှာ၊
သား/သမီးက ဖုန်းကို ဖုံးကွယ်ထားရင်
ဒါဟာ လုံခြုံရေးစည်းမျဉ်းကို
ချိုးဖောက်တာ ဖြစ်သွားပြီ။
ဖုံးကွယ်စရာမလိုဘဲ ရိုးသားစွာ
ပြောပြရင် မေမေတို့က ပိုပြီး နားလည်ပေးနိုင်မှာပေါ့။
………………..
မိဘတစ်ယောက်ရဲ့ တာဝန်ဟာ
ကလေးရဲ့ 'ညှိနှိုင်းပေးသူ' ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။
ကလေးကို လုံးဝ လွတ်လပ်မှု
ပေးလိုက်တာမျိုး မဟုတ်ဘဲ ၊
လုံခြုံတဲ့ နယ်နိမိတ်တွေ သတ်မှတ်ပေးပြီး ၊
ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်တဲ့ အရည်အချင်းကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးရပါမယ် ။
သင့်ကလေးက ဘယ်အရွယ်မှာစပြီး
Boundary တွေ လိုအပ်နေပြီလဲ ❓
Mie ကို ပြောပြခဲ့ပါဦးနော်။
< Dr.Mie Page မှစာသားများကို
သဘောကျနှစ်သက်ပါက မူရင်းပိုစ့်ကို
လွတ်လပ်စွာ Share နိုင်ပါသည်။
ကူးယူဖော်ပြခွင့်မပြုပါ။ >
မေမေ၊ ဖေဖေတို့အတွက် Modern Parenting နဲ့ဆိုင်တဲ့အကြောင်းအရာတွေကို ကိုယ်နဲ့ ရင်ဖက်ချင်းနီးတဲ့သူတွေနဲ့အတူ အပြန်အလှန် ဆွေးနွေးမျှဝေနိုင်မယ့် Modern Parenting ရပ်ဝန်းဖြစ်တဲ့ Modern Parenting Group ကို Join ဖို့အတွက် ဖေဖေ၊ မေမေတို့ကို ဖိတ်ခေါ်လိုက်ပါတယ် 👇
https://tinyurl.com/NewParentingCommunity
~ 𝐘𝐨𝐮𝐫 𝐏𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫 - 𝐃𝐫.𝐌𝐢𝐞 🎀
#ကလေးပျိုးထောင်ခြင်း
23/10/2025
ပြန်ရေးရမယ့် Transcription သင်ခန်းစာ
၂၁ အောက်တိုဘာ ၂၀၂၅
ကျနော်တို့တွေ မော်လီကျူးဇီဝဗေဒ (Molecular Biology) မှာ ပရိုတိန်းထုတ်လုပ်ပုံ (Gene Expressions) ကို DNA ကနေ mRNA အဖြစ်ကူးရေးတာ (Transcription) နဲ့ mRNA ကနေ Protein အဖြစ်ပြောင်းတာ (Translation) ဆိုပြီး ပါဝင်တာ သိခဲ့ကြပြီးဖြစ်ပါတယ်။
DNA ကနေ mRNA အဖြစ် ကူးရေးခြင်း (Transcription) အဆင့်မှာ ဖတ်စာအုပ်တွေအရ တလျောက်လုံး ကျနော်တို့ သိထားကြတာက ဗီဇ တခုမှာ စတင်ကူးရေးတဲ့နေရာက တနေရာတည်းပုံသေဖြစ်တယ် (fixed transcription start site) လို့ သိထားကြတယ်။ အဲ့ဒီ Transcription Start Site (TSS) ဆိုတာ ကူးရေးခြင်း (Transcription) စတင်ရာနေရာပေါ့။ DNA ရဲ့ အဲ့ဒီနေရာလေး (TSS) မှာ ဘာတွေပါလဲဆို
(၁) Promotor Region
သူက ဗီဇ (gene) တခုရဲ့ အစနေရာရဲ့ ရှေ့ကပ်လျှက်မှာ ရှိတဲ့ DNA sequence လေး။
(၂) RNA Polymerase Binding
အထက်က Promoter က အချက်ပြလိုက်တာနဲ့ RNA Polymerase နဲ့ တခြား အထောက်ကူပြု ပရိုတိန်းတွေ (Transcription factors) တွေက ဗီဇ (gene) ရဲ့ DNA ပေါ်လာ ပူးကပ်လိုက်တယ်။
(၃) Transcription Initiation
အဲ့လို ပူးကပ်ပြီးမှ RNA Polymerase က ကူးရေးခြင်း (Transcription) လုပ်ငန်းစဉ်ကို Transcription Start Site (TSS) နေရာအတိကျကနေ စတင် ကူးရေးတော့တာပါပဲ။
ဒါက ကျနော်တို့ သိထားတဲ့ ကူးရေးခြင်း စတင်ရာနေရာက ဇာတ်လမ်းဆိုပါတော့။ အပြည့်စုံ အဆင့်တွေပြောရရင် အစပြုခြင်း (Initiation), ရှည်ဆန့်ခြင်း (Elongation) နဲ့ အဆုံးသတ်ခြင်း (Termination) ပေါ့။ ဗီဇတခု (gene) ပရိုတိန်းထုတ်လုပ်မယ်ဆိုတိုင်း (gene expressions) ဒီနေရာကနေပဲ စတင်တယ်။ တရားသေ ဒီနေရာပဲ လို့ပဲ သိထား၊ မှတ်ယူထားကြတာ။
ဒါပေမယ့် ဘော်စတွန်တက္ကသိုလ်ရယ်၊ မန်ဆာချူးဆက်တက္ကသိုလ် က T.H. Chan ဆေးကျောင်းက ဇီဝဗေဒ လက်ထောက်ပါမောက္ခ Ana Fiszbein တို့ရဲ့ သုတေသန တွေ့ရှိချက်က အထက်က ကျနော်တို့ အစဉ်အလာရ သိထားတာထက် ပိုတယ်လို့ဆိုပါတယ်။ သူတို့တွေ့ရှိချက် သုတေသနကို Science ဂျာနယ်မှာ ရေးသားထုတ်ဝေခဲ့တာပါ။
သူတို့ဘာတွေဖော်ထုတ်ခဲ့လဲ?
ကျနော်တို့ အရင်က သိထားတာ ဗီဇတခု ပရိုတိန်းထုတ်ရင် စတင်ကူးရေးရာနေရာဟာ တခုတည်းပဲ။ အဲ့ဒီနေရာကပဲ တသမတ်တည်း စတင်တယ်လို့ သိထားတယ်။
အခု သူတို့ ဖော်ထုတ်တာမှာ ပထမတခုက Transcription Start Site (TSS) ဟာ ပြောင်းနိုင်တယ်။ တခုတည်း တရားသေမဟုတ်ဘူး။ ဒါကတချက်။
ဒုတိယတခုက အဲဒီကူးရေးခြင်း အစပြုရာနေရာ (TSS) ပြောင်းရင် ကူးရေးခြင်း ရပ်တဲ့နေရာ (Transcription Stop Site) ကလည်း လိုက်ပြောင်းသွားတယ်။ ဆိုလိုတာ ကူးရေးခြင်း အစပြုတဲ့နေရာကပဲ အဆုံးသတ်နေရာကို ဆုံးဖြတ်ပေးတယ်။ အစပြုတဲ့နေရာက အဆုံးသတ်ေနရာကို ထိန်းချုပ်ထားတယ်ေပါ့။ ဒီ (၂) ချက်ကို ဖော်ထုတ်ခဲ့ကြတာ။
ဘယ်လိုအခြေအနေမှာ TSS ပြောင်းသွားနိုင်သလဲ?
(၁) ဆဲလ်ဖွံ့ဖြိုးခြင်းနဲ့ ခွဲခြားကွဲပြားခြင်း
ကျနော်တို့ဆဲလ်တွေဟာ မူလဆဲလ် (Stem cells) တွေဟာ သက်ဆိုင်ရာ ဆဲလ်တွေ (ဥပမာ၊ အရေပြားဆဲလ်၊အရိုးဆဲလ်၊ ဦးနှောက်ဆဲလ် စသဖြင့်) အဖြစ် ခွဲခြားကွဲပြား ပြောင်းလဲတဲ့အခါ သက်ဆိုင်ရာ ဆဲလ်မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်အတွက် လိုအပ်တဲ့ ပရိုတိန်း ထုတ်ပေးနိုင်ဖို့ TSS ပြောင်းလဲသွားပါတယ်။
(၂) ပတ်ဝန်းကျင်ကိုတုန့်ပြန်ခြင်း
ကျနော်တို့ဆဲလ်တွေက သူ့ပတ်ဝန်းကျင် (Stress, Hormone နဲ့ Nutrition) ပြောင်းသွားရင် လိုက်လျောညီထွေဖြစ်အောင် ပရိုတိန်းတွေ ပြောင်းထုတ်ရပါတယ်။ အဲ့လိုအခြေအနေမှာ ဒီ ဗီဇတခုတည်းကနေပဲ TSS ပြောင်းပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ပရိုတိန်း ထုတ်ပေးပါတယ်။
(၃) သတ်မှတ်တစ်ရှူးအရ ပြောင်းလဲခြင်း
လူတယောက်ရဲ့ ဗီဇ (gene) တွေဟာ ဆဲလ်တိုင်းမှာ တူတူပဲ ဆိုပေမယ့် သူလုပ်ဆောင်ရတဲ့ လုပ်ငန်းက ကွာခြားသွားရင် ပရိုတိန်းထုတ်ပုံလည်း ကွာသွားတာမို့ TSS ပြောင်းပြီး သူ့တစ်ရှူးနဲ့ ကိုက်ညီတဲ့ ပရိုတိန်း ပြောင်းထုတ်ပေးပါတယ်။
(ဥပမာ ဗီဇ တခုဟာ ဦးနှောက်ဆဲလ်မှာရော ကြွက်သားဆဲလ်မှာပါ တည်ဆောက်ပုံ တူညီတယ်ဆိုပေမယ့် ဦးနှောက်ဆဲလ်မှာ ဦးနှောက်နဲ့ သင့်လျော်တဲ့ ပရိုတိန်းထုတ်ပြီး၊ ကြွက်သားဆဲလ်ထဲမှာ ကြွက်သားနဲ့ အလုပ်ဖြစ်တဲ့ ပရိုတိန်းထုတ်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ TSS နေရာကို ပြောင်းလိုက်တာပါပဲ)
ဘယ်လိုဖော်ထုတ်လဲ?
သူတို့တွေက မျိုးဗီဇကြီးအချက်အလက် အမြောက်အများ (Large scale genomic data) တွေ အသုံးပြုပြီး တိကျတဲ့ ဗီဇပြုပြင်ရေးနည်းလမ်းတွေ (gene editing) နဲ့ ဗီဇတွေကို ဖွင့်တာ၊ပိတ်တာ မျိုးတွေလုပ်ပြီး စမ်းသပ်ဖော်ထုတ်ခဲ့ကြတာပါ။ အဲ့ဒီမှာ သူတို့တွေ ကူးရေးခြင်း စတင်တဲ့နေရာကို ပြောင်းလိုက်ရင် အဆုံးသတ်တဲ့နေရာပါ လိုက်ပြောင်းသွားတာ တွေ့ခဲ့ကြရတယ်။
အဲ့မှာ ဒီ ဗီဇတခုတည်းကနေ ပရိုတိန်း ပုံစံ ရာချီ ထုတ်နိုင်တာ တွေ့လာရတယ်။ isoform တေွပေါ့။ အဲ့လို စတင်တဲ့နေရာတွေ ပြောင်းပေးလိုက်တာနဲ့ ပရိုတိန်းတွေကလည်း ပြောင်းကုန်တာ။ တချို့ဆို အရင် ပုံမှန်ပရိုတိန်း လုပ်ငန်းစဉ်နဲ့ ပြောင်းပြန်အလုပ်လုပ်တဲ့ ပရိုတိန်းတွေတောင် ထွက်လာပါတယ်။ ဆိုတော့ ဗီဇတခုက မူမမှန်ဖြစ်ပြီး လွဲမှားတဲ့ ပရိုတိန်း ထုတ်နေရင်တောင် မူလ ပုံမှန်ပရိုတိန်း ပြန်ထုတ်နိုင်အောင် စတင်ကူးရေးတဲ့ နေရာကို ပြောင်းပေးလို့ရနိုင်တယ် ဆိုပါတယ်။
ဘယ်လိုတွေ သက်ရောက်နိုင်သလဲ?
ဗီဇတခုရဲ့ ကူးရေးခြင်း စတင်တဲ့ နေရာ ပြောင်းသွားတာနဲ့ အဆုံးသတ်ပါ ပြောင်းပြီး မတူညီတဲ့ ပရိုတိန်းတွေ ထုတ်လာတတ်တယ်။ အဲ့လိုထုတ်တဲ့အခါ ကင်ဆာအကျိတ် လိုမျိုးတွေဖြစ်လာနိုင်တယ်။ ဘယ်လောက်တောင်ဆို တခါတလေမှာ ကင်ဆာကျိတ်ကို ဖိနှိပ်ပေးထားတဲ့ ပရိုတိန်းကနေ ကင်ဆာဖြစ်စေတဲ့ ပရိုတိန်း အဖြစ်တောင် ပြောင်းစေနိုင်ပါတယ်။
အဲ့လိုအခါ နဂိုမူလ ပုံမှန် စတင်ရာနေရာကို ပြန်ပြောင်းပေးခြင်းအားဖြင့် ပုံမှန်ပရိုတိန်းတွေ ပြန်ထုတ်လာနိုင်အောင် လုပ်ပေးနိုင်တယ်ပေါ့။
ဒါ့ကြောင့် ကင်ဆာ တွေကို ပစ်မှတ်ထားတာ၊ အာရုံကြောရောဂါတွေ၊ ဖွံဖြိုးမှု နောက်ကျတာ နဲ့ ဇရာဖြစ်စဉ်လို ရောဂါတွေ ကုသရေးအတွက် အင်မတန်ကောင်းမွန်တဲ့ နည်းတွေ ဖြစ်လာနိုင်ပါတယ်။
ဆိုတော့ အရင်က အခြေခံအသိအရ ကုသရေးမှာ ဗီဇတခု ပုံမှန်မဟုတ်ဘဲ ပြသနာဖြစ်စေတဲ့ ပရိုတိန်းတွေထုတ်နေတယ်ဆို အဲ့ဒီ ဗီဇကို ပိတ်ချလိုက်ပြီး၊ အလုပ်မလုပ်အောင် တားလိုက်တာမျိုးပေါ့။
အခုတွေ့ရှိချက် အသစ်အရ ပိတ်လိုက်တာမျိုး လုပ်စရာ မလိုဘဲ ကိုယ်လိုချင်တဲ့ ပုံမှန် ပရိုတိန်း ထုတ်အောင် စတင် ကူးရေးတဲ့ နေရာကို ရွှေ့ပေးလိုက်ပြီး ပြင်လို့ရလာမယ်ပေါ့။
ဒါဟာ ကျနော်တို့ အရင်က သိထားတဲ့ မောလီကျူးဇီဝဗေဒ Textbook ကို ပြင်ရေးရမယ့် သဘောဖြစ်သွားတာပေါ့။
Photo credit
14/10/2025
မှတ်ချက် ကျွန်တော် မည်သူ တဦးတယောက်ကို မှ ထိခိုက်စေလိုတဲ့ စိတ်နဲ့ ပြောခြင်း မဟုက်ပဲ မလိုလားအပ်တဲ့ တခြား ပြသာနာတွေ မဖြစ်အောင် သတိလေးထားစေချင်တဲ့ စေတနာစိတ်နဲ့ ပြောပြခြင်း ဖြစ်ပါတယ်။
ဒီစာလေးဖက်ပြီး လေ့လာနေတဲ့ ညီကိုတွေတွက်လည်း အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
ဂီယာဆောင့်တယ် ဆိုတိုင်း ခဲလိုက်တို့ ဖို့ မလိုပါဖူး ။
ခဲတို့ လို့မပျောက်ရင် ဂီယာဘောက်ကြောင့်ဆိုပြီး အလွယ်တကူ ပြောလိုက်တာကိုလည်း မလုပ်သင့်ဖူး ။ ဆိုင်တိုင်း ကိုလည်း မပြောသလို ၊ လူတိုင်း ကိုလည်း မပြောဖူး။ ကျွန်တော့်တို့ ထက် တကယ်သိပြီး တကယ် ကို တက်တဲ့ ဆရာတွေ အများကြီး ပဲ ။
ကျွန်တော် ဟိုးတစ်ရက်က Probox ECU တွေ ပြင်ပါတယ်။ ကြိုတင်ပြီး ကာကွယ်နိုင်ပါတယ်လို့ တင်လိုက် တဲ့ Post ကြောင့် လာစစ်ပြီး လာပြင်တဲ့ ကားတွေထဲက တကယ် တိုင်ပက်တဲ့ နှစ်စီး အကြောင်း ပြောပြမယ် ။
Probox 1500 CC ။ စက်နှိူး ပြီး D ထိုးတာနဲ့ Gear ဆောင့်တာက ဒုန်းဆိုပြီး ဆောင့်တာ ။ D ကနေ N ကို ပြန်ထိုးလည်း ဆောင့်တယ် ။ ပုံမှန် Gear ဆောင့်တာတွေက 20 ကနေ 40 ကြား ။ 40 ကနေ 60 ကြား ကို မောင်းနေရင်း နဲ့ ဆောင့် တာကများတယ် ။ ကွန်ပျူတာ ဘောက်စ် နှစ်ခါ ပြင်ပြီးပြီ ။ Gear Box ကြောင့်ဆိုပြီးလည်း ဂီယာဘောက်စ် လဲ ပြီးပြီ ။ အောက်ပိုင်းတွေလည်း စစ်ပြီးပြီး ။ ပထမ အစက 20နဲ့ 40 ကြားမှာပဲ ဆောင့်တာ ။ 20နဲ့ 40 ကြားမှာ ဆောင့်တာကို ပြင်ရင်းနဲ့ မှ ဖြစ်သွားဝာာ ။ တကယ်ဆို ဇာက်လမ်းက အရှည်ကြီး မဖြစ်သင့်သလို Gear box လည်း လဲ စရာ မလိုဖူး ။ 20နဲ့ 40 မှာ ဆောင့်တာကို ပြင်ပြီးရင် ကောင်းသွားရမှာ ။ မသေချာ ရင် အသစ်လဲလိုက် ။ ဒါမှ မဟုက် တခြား စမ်းနည်းတွေ ရှိတယ် ။ ECU ကြောင့်လား ၊ ဂီယာဘောက်စ် ကြောင့်လား ၊ အောက်ပိုင်း ကြောင့်လား ဆိုပြီး ။ ဘာမှ လဲ စရာမလိုပဲ စမ်းလို့ရတဲ့ နည်းတွေအများကြီး ။ အဲ့လို တွေမဟုက်ပဲ အရင်ဆုံး စပြင်တဲ့ သူကနေ စပြီးမှားရာကနေ မကုန်သင့်တာတွေ ကုန်တာပဲ ။ နောက်ဆုံး ဟိုလိုလို ဒီလိုလိုနဲ့ အဖြေ ပါ ရှာ မရတော့ဖူး ။ ဂီယာဘောက်စ်ဆိုင်ကလည်း ECU လဲစမ်းခိုင်းတယ် ၊ ECU လဲစမ်းတော့လည်း မပျောက်ဖူး ။ အဲ့လိုနဲ့ တိုင်တွေ ပက်ကုန်တာ ။
ECU ကို ကျွန်တော် ပြင်မယ်ဆိုပြီး စစ်ကြည့်တော့ ခဲဆော်ထားတာ တစ်ခုလုံးပဲ ။ Solenoide တွေကို မောင်းတဲ့ IC ကို ပါ ခဲဆော်ထားတာ။ ကြည့်လိုက်တော့ IC ခြေ ထောက် နှစ်ငုပ်လောက်က ပျက်နေပြီ ။ ခဲတွေကလည်း ပူးနေသေးတယ် ။ ဒါနဲ့ ကို့ မှာရှိတဲ့ IC တလုံး အစားထိုးပြီး အကုန်လုံးသေချာ ပြန်လုပ်ပြီး စမ်းတော့လည်း Error က ထိုနည်း ၎င်း ပဲ ။ ကိုယ်တိုင်တောင် ဇဝေဇဝါ ဖြစ်သွားတယ် ။ ငါပြင်တာ ပဲ မဟုက်လို့လား ဆိုပြီး ။ ဒါပေမယ့် Error က မပျောက်တော့ ကျွန်တော် ပိုက်ဆံ တောင်းဖို့တောင် မတောင်းတော့ဖူးလို့ ဆုံးဖျက်ပြီးသား ။ သူ့ IC အဟောင်းလည်း ပြန် ဖြုက် ပြန်တပ်မလုက်ချင်တာနဲ့ အဆုံးခံ ပြီးပဲ ထားလိုက်တော့တယ်။ ဒါပေမယ့် မကျေနပ်သေးဖူး ။ နောက်ဆုံး မသက်ာလို့ ကွန်ပျုတာ ထိုးကြည့်တော့ P1760 Solenoide ကုဒ်ပြနေတယ်။ Code ကလည်း ဖျက်မရ ။ ဒါပေမယ့် လုံး ၀ ချက်မီးမလင်းဖူး။ ဒါနဲ့ ECU socket တွေ ဖြုက်ပြီး သော့ဖွင့်ကြည့်တော့ Check မီးက မပျောက်ဖူး ။ သေချာပြီ ဒိုင်ခွက်မှာပါ ချက်မီး ကကျော်ထားပြီးသား ။ ဒါနဲ့ ကို့ မှာ ရှိတဲ့ ECU တပ်စမ်း ကြည့်တော့လည်း Error code က ဖျက်မရ ။ ဒါဆို Wiring ပိုင်းလား ၊ Solenoide ပိုင်းလားဆိုတာ စစ်ရမယ် ဆိုပြီး သေချာ စစ်ကြည့်တော့မှ Solenoide နှစ်ကြိုး ကို ဖျက် ထားပြီး ။ အပေါင်းနဲ့ အနုတ်ကို ဒဲ့ကျွေးထားတယ် ။ အကုန်လုံး သူ့ ဟာနဲ့သူ Original တိုင်း ပြန်လုပ်ပြီး စမ်းကြည့်တော့မှ Code ပါပျောက်ပြီး ဂီယာဆောင့်တဲ့ Error ပါ ပျောက်သွားတယ် ။
အဲ့တော့ မလုပ်သင့်တာတွေကို လုပ် ပြီး Error တွေ တက် ပီး ရှင်းမရတော့ အကုန်လုံးကျော်ခွပြီး တလွဲတွေကြီး လုပ်ထားတော့ မကုန်သင့်တာတွေလည်း ကုန်တယ် ။ ကိုယ်ပါ အလကားနေရင်း ခေါင်းစားသွားတယ် ။
ပြသနာ တွေရဲ့ အစက 20နဲ့ 40 မှာ Gear ဆောင့်တယ် ။ အဲ့ဒါကို ပြင်တယ် ၊ ပြင်ရင်းနဲ့ မဆိုင်တာတွေပါ ဖြစ်လာတော့ လျော်ရမှာဆိုးလို့ ကျော်ခွပြီး နောက်ဆုံး ဂီယာဘောက်စ် ကြောင့်ဆိုပြီး လွှဲချတယ် ။ လွှဲ ချ တာ က ပြသာနာ မဟုက်ဖူး ။ ချက်မီး ကျော်တာလည်း ကိစ္စမရှိဖူး ။ ဘာတွက်ကြောင့် Solenoide တွေ ကို အပေါင်းနဲ့ အနုတ် တွေ ပေးလိုက်တာကိုက ကိုယ်ပါတိုင်တွေပက်ကုန်တာ ။
ဂီယာဆောင့်တာ ECU ကြောင့်လား ၊ ဂီယာဘောကစ်ကြောင့်လား ၊ အောက်ပိုင်း ကြောင့်လား ဆိုတာ
ကိုယ်တိုင်လက်တွေ့စစ်နေတဲ့ နည်းလမ်းလေး ပြောပြမယ် ။
နံပါက်တစ် ဘားဘော်ဒီ Socket ဖြုက်ပြီး မောင်းကြည့် ။ ကား တော့နည်းနည်းလေးလိမ့်မယ် ။ မောင်းနေရင်းမဆောင့်ဖူးဆို ECU နဲ့ Wiring ကြောင့် ။ ဆောင့်တယ်ဆိုရင် ဂီယာဘောက်စ်နဲ့ အောက်ပိုင်း ကြောင့် ။
ECU နဲ့ Wiring ကြောင့်ဆိုရင် အရင်ဆုံး Scan Tool စစ်ကြည့် Solenoide ကုဒ် ရှိမရှိ ။ မရှိဖူးဆိုရင် ECU ပြင်ကြည့် ၊ လဲစမ်းကြည့် ။ Solenoide ကုဒ် ရှိတယ်ဆိုရင် Wiring နဲ့ Solenoide တွေစစ် ကြည့် ။
ဂီယာဘောက်စ်နဲ့ အောက်ပိုင်း ကြောင့် ဖြစ်တယ်ဆိုရင် အရင်ဆုံး Engine ကို ဂျိူင့် မပြီး စမ်း ။ ပြီးရင် ဂီယာဘောက်စ် ကို မ ပြီးစမ်း ။ မဆောင့်ဖူးဆို အောက်ပိုင်း စစ် ။ ဆောင့်တယ်ဆို ဂီယာဘောက်စစ် ။
ဂီယာဆောင့်တယ် ဆိုပြီး ခဲ တို့ရင်လည်း သတိနဲ့ တို့ကျပါ။ သိလို့ ပဲ တို့တို့ မသိလို့ပဲ တို့ တို့ ဘယ်လိုပဲ တို့ တို့ သတိနဲ့တို့ ။