02/11/2025
ကလေး က ဒါ သူ့ Privacy လို့ ပြောတဲ့ မိဘများအတွက်
ဒီနေ့ခေတ်မှာ ဆယ်ကျော်သက် ကလေးလေးတွေက တစ်ဦးတည်းသီးသန့် နေလိုချင်စိတ်တွေ တိုးလာတာကို Mie တို့ မိဘတွေ သတိထားမိမှာပါ ။
🚪အခန်းတံခါးကို ပိတ်ထားတာမျိုး
❗️"ဒါက သားရဲ့ လျှို့ဝှက်ချက်ပါ" လို့ ပြောတာမျိုး၊
💢 ဒါမှမဟုတ် "မေမေ မသိပါဘူး၊ ဒါက Privacy ပဲ" လို့ ပြောဆိုလာတဲ့အခါမျိုးတွေမှာ
Mie တို့ မိဘတွေ စိတ်ထဲမှာ
"ငါ့ကလေးနဲ့ ငါဆက်ဆံရေးတွေ ဝေးနေပြီလား?"
"တစ်ခုခု ဖုံးကွယ်နေတာလား?" ဆိုတဲ့
စိုးရိမ်စိတ်တွေ ဝင်လာတတ်ပါတယ် ။
ဒီလို အခါမျိုးတွေမှာ Mie တို့ မိဘတွေဘက်ကနေ
ကလေးလေးတွေကို ပြန်ရှင်းပြသင့်တာလေးကို ပြောပြပေးပါမယ်။
သားသမီးနဲ့ မိဘကြားက
ဆက်ဆံရေးမှာ "Privacy" ဆိုတာ မရှိပါဘူး။
ရှိသင့်တာက တစ်ယောက်နဲ့တစ်ယောက် လေးစားမှုနဲ့ ယုံကြည်မှုအခြေခံတဲ့ "Boundary" သာရှိသင့်တယ်ဆိုတာမျိုးပေါ့။
ဉပမာနဲ့ ရှင်းပြရမယ်ဆိုရင်တော့ -
သား/သမီးနဲ့ မိဘကြားက ဆက်ဆံရေးဟာ
"ကားမောင်းသင်ခြင်း" နဲ့တူပါတယ်။ 🚗💨
ကားမောင်းတာကို သင်ကြားခွင့်ပေးတဲ့
မိဘတစ်ယောက်အနေနဲ့၊
ကလေးရဲ့ လက်လှမ်းမီနိုင်တဲ့
အကွာအဝေးမှာ အမြဲရှိနေရပါမယ် ။
ကလေးဟာ ကားကို ကိုယ်တိုင်မောင်းဖို့
(ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့) လိုချင်နေတာ
မှန်ပေမယ့် ၊
စည်းကမ်းချက်တွေနဲ့ လမ်းညွှန်မှု ကိုတော့
မိဘဆီက လိုအပ်နေပါသေးတယ် ။
ဘယ်လိုပဲ လွတ်လပ်ခွင့်ပေးပေး၊
ကားရဲ့ဘရိတ်က မိဘရဲ့လက်ထဲမှာပဲ ရှိနေသေးတယ် ဆိုတဲ့ အသိကို ကလေးကို ထည့်ပေးထားဖို့လိုပါတယ်။
"Privacy" ဆိုတာက လျှို့ဝှက်ထားတာ၊ ဖုံးကွယ်ထားတာပါ။
မိဘကို ဖုံးကွယ်ခြင်းဟာ
"အမှားလုပ်မိရင် လိမ်ဖို့၊
ဖုံးကွယ်ဖို့ ကြိုးစားတတ်လာတာ" ရဲ့
အစပဲ ဖြစ်ပါတယ် ။
ဒီလို လျှို့ဝှက်မှုတွေဟာ ရေရှည်မှာ
ကလေးရဲ့ စိတ်ခံစားချက်တွေကို သိုဝှက်တတ်စေပြီး ၊
ဖုန်းတွေနဲ့ နေသားကျပြီး စွဲလမ်းမှုဆီကို ဦးတည်သွားစေနိုင်ပါတယ် ။
သင့်ကလေးက "Privacy" လို့ ပြောလာရင်
အောက်ပါအတိုင်း ပြန်လည်ဖြေရှင်းပါ။
၁။ ခံစားချက်ကို အသိအမှတ်ပြုပါ။ 🤎
"သမီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချင်တာ၊
ကိုယ်ပိုင်နေရာ လိုချင်တာကို မေမေ နားလည်ပါတယ်" ။
၂။ "Boundary" နဲ့ "Privacy" ကို ရှင်းပြပါ။ 🤎
"ဒါပေမဲ့ သမီးရယ်၊
တို့မိသားစုရဲ့ စည်းကမ်းကတော့
'လုံခြုံတဲ့ လွတ်လပ်မှု’ ပဲ ရှိတာပါ။
မေမေက သမီးရဲ့ ကိုယ်ပိုင်မှတ်တမ်းတွေကို
အမြဲ စစ်ဆေးနေမှာ မဟုတ်ပေမယ့်၊
သား/သမီး အန္တရာယ်ကင်းဖို့အတွက်
ဘယ်နေရာတွေ သွားတယ်၊
ဘယ်သူတွေနဲ့ ပြောဆိုတယ်
ဆိုတာကိုတော့ မေမေ သိခွင့်ရှိရမယ်။
ဒါဟာ အချစ်နဲ့ တာဝန်ယူမှုရဲ့
နယ်နိမိတ် (Boundary) ပဲဖြစ်တယ်။
၃။ တာဝန်ယူမှုနဲ့ ချိတ်ဆက်ပါ။ 🤎
"ဖုန်းတစ်လုံးကို ပေးလိုက်တာနဲ့
'တာဝန်ယူမှု' ပါ ပါလာတယ် ။
ညအိပ်ချိန် Screen-free ဖြစ်ရမယ့်အချိန်မှာ၊
သား/သမီးက ဖုန်းကို ဖုံးကွယ်ထားရင်
ဒါဟာ လုံခြုံရေးစည်းမျဉ်းကို
ချိုးဖောက်တာ ဖြစ်သွားပြီ။
ဖုံးကွယ်စရာမလိုဘဲ ရိုးသားစွာ
ပြောပြရင် မေမေတို့က ပိုပြီး နားလည်ပေးနိုင်မှာပေါ့။
………………..
မိဘတစ်ယောက်ရဲ့ တာဝန်ဟာ
ကလေးရဲ့ 'ညှိနှိုင်းပေးသူ' ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။
ကလေးကို လုံးဝ လွတ်လပ်မှု
ပေးလိုက်တာမျိုး မဟုတ်ဘဲ ၊
လုံခြုံတဲ့ နယ်နိမိတ်တွေ သတ်မှတ်ပေးပြီး ၊
ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်တဲ့ အရည်အချင်းကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးရပါမယ် ။
သင့်ကလေးက ဘယ်အရွယ်မှာစပြီး
Boundary တွေ လိုအပ်နေပြီလဲ ❓
Mie ကို ပြောပြခဲ့ပါဦးနော်။
< Dr.Mie Page မှစာသားများကို
သဘောကျနှစ်သက်ပါက မူရင်းပိုစ့်ကို
လွတ်လပ်စွာ Share နိုင်ပါသည်။
ကူးယူဖော်ပြခွင့်မပြုပါ။ >
မေမေ၊ ဖေဖေတို့အတွက် Modern Parenting နဲ့ဆိုင်တဲ့အကြောင်းအရာတွေကို ကိုယ်နဲ့ ရင်ဖက်ချင်းနီးတဲ့သူတွေနဲ့အတူ အပြန်အလှန် ဆွေးနွေးမျှဝေနိုင်မယ့် Modern Parenting ရပ်ဝန်းဖြစ်တဲ့ Modern Parenting Group ကို Join ဖို့အတွက် ဖေဖေ၊ မေမေတို့ကို ဖိတ်ခေါ်လိုက်ပါတယ် 👇
https://tinyurl.com/NewParentingCommunity
~ 𝐘𝐨𝐮𝐫 𝐏𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫 - 𝐃𝐫.𝐌𝐢𝐞 🎀
#ကလေးပျိုးထောင်ခြင်း