21/05/2021
Bank Account ကငွေထုတ်မယ် တန်းစီးမယ်။
လိုအပ်ရင် % ပိုပေးပြီး လဲမယ်။ ဘယ်အချိန်ထိလုပ်ကြမှာလဲ?
ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်တာ ဘာလို့မထုတ်ပေးနိုင်တာလဲ? Bank တွေမှာပိုက်ဆံမရှိတာလား? ပိုက်ဆံတွေဆုံးရင်ဘယ်လိုလုပ်မလဲ။ ဘယ်သူတာဝန်ယူမှာလဲ??
ပြည်သူတွေမှာ Bargaining power ရှိပါတယ်။
ငွေဝိုင်းထုတ်လို့ ငွေထုတ် limits ကိုကန့်သက်လိုက်ရတာ။ bank တွေက မပေးနိုင်လို့မဟုတ်ဘူး။ ပေးလိုက်ရင် ချေးငွေတွေ ပေးထားတဲ့ customer တွေကနေ အကြွေးတောင်းမယ် Hire Purchase / home loan အားလုံးကိုချက်ချင်းပြန်ဆပ်ခိုင်းမယ်။ မဖြစ်နိုင်ဘူးလေ။ COVID ကြောင့်လုပ်ငန်းတွေ ထိနေတာ၊ အခုဆိုပိုဆိုးပေါ့။
လုပ်ငန်းရှင်တိုင်း အကြွေးမကင်းဘူး။ ဝန်ထမ်းတော်တော်များများ အကြွေး/ hire purchase မကင်းဘူး။
ငွေထုတ်မယ်။ cash လိုအပ်ချက်များလေလေ % ပေး လုပ်စားတဲ့စျေးကွက်က ကြီးလာလေလေပဲ။ ဒီအချိန်မှာ cash အများကြီးရှိနိုင်တာ ဘယ်သူတွေ ဖြစ်မလဲစဉ်းစားကြည့်။
ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်သွားမယ်...
ဘယ်လိုဖြေရှင်းမလဲ?
ရိုးရှင်းပါတယ်။ Cashless society ကိုရသလောက်ပြန်သွားရမယ်။
💳 Cashless မရတဲ့ဆိုင် မသွားဘူး။
boycott လုပ်မယ်။
💳 သုံးစရိတ်ကို card နဲ့ပေးမယ် ။
💳 ပေးစရာရှိတာကို bank transfer
ရအောင်ညှိမယ်။
For Personal
ကိုယ်တွေရဲ့ expense တော်တော်များများကို MPU card, mBanking နဲ့ပေးမယ်။ နေရာတော်တော်များများလက်ခံပါတယ်။ လက်မခံရင် လက်ခံတဲ့ဆိုင်သွားမယ်ဆိုတဲ့ consumer power ရှိတယ်။
ATM card မရှိရင် လုပ်ထားပါ။ mbanking လုပ်ထားပါ။ စားသောက်ဆိုင်သွားမယ်ဆို မသွားခင်မှာ MPU ရမရကြိုမေးမယ်။ မရရင် ရတဲ့ဆိုင်သွားမယ်။ City Mart ရတယ်။ car ဆီဆိုင်သွားမယ် card နဲ့ပေးမယ်။
Eg. အရင်က car ဆီဆိုင် SPC မှာထည့်နေကြ။ MPU မရလို့ MAX energy, Denko ပြောင်းထည့်တယ်။ မကြာခင် SPC လဲ MPU နဲ့ရတော့မှာသေချာတယ်။ Customer တွေမှာ consumer power ရှိပါတယ်။
For Business
Sales, Rental & supplier payments, Expenses & salaries သုံးပိုင်းရှိတယ်။
Sales တွေကို cashless လက်ခံပေးမယ်။ လက်မခံရင် Customer နည်းသွားမယ်။ ရောင်းအားကျသွားမယ်။
Rental & suppliers ပေးရန်ရှိသူတွေကို cashless/bank transfer လက်ခံပေးဖို့ တောင်းဆိုရမယ်။ Salary & expenses တွေလဲရသလောက် cashless သွားရမယ်။
ပြည်သူတွေမှာ bargaining power ရှိတယ်ဆိုတာမေ့နေကြတာပါ။
Society တစ်ခုလုံးပါဝင်ပေးမှ ငွေထုတ်ဖို့ တန်းစီရတာ၊ % ပိုပေးတာတွေ လျှော့သွားမှာပါ...
17/04/2021
🙏🏻🙏🏻🙏🏻 2021 နှစ်သစ်ဆုတောင်း 🙏🏻🙏🏻🙏🏻
ယနေ့ကျရောက်သော နှစ်သစ်မင်္ဂလာအခါသမယနေ့မှစ၍ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများကိုပိုင်ဆိုင်နိုင်ပြီး လိုအင်ဆန္ဒတွေပြည့်ဝပါစေ။
ကပ်ကြီး၃ပါး၊ ရန်သူမျိုး၅ ပါး နှင့် ဘေးအပေါင်း ရန်အသွယ်သွယ်ကင်းဝေးပြီးအနာရောဂါကင်းဝေးပါစေကြောင်း Yuya Eain Company Limited မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻
05/08/2020
၀န်ထမ်းအလိုရှိသည်။
(1) Delivery Driver (Male)
(2) Sales & Marketing Staff (F/M)
(3) Delivery Staff ( Male )
(4) Cleaner (Female)
***For (2 ) Computer Basic ရှိရမည်။
***2 Year Experiences in related field.
အလုပ်ချိန် မနက် 8:30 နာရီမှ ညနေ 5:30 နာရီ။
ပညာအရည်အချင်း အထက်တန်းအောင်။
Weekend & PH Closed!!!
မရမ်းကုန်းမြို့နယ် နေသူဦးစားပေး လျှောက်ထားရန်။ လူကိုယ်တိုင်လာရောက်လျောက်ထားနိုင်ပါသည်။
CV ကို Viber or Email မှတင်ပေးပါ။
Phone: 01 8652130~09779084968
Viber: 09 30353012
Email: [email protected]
Work Location: မရမ်းကုန်းမြို့နယ် Junction 8 အနီး၊ ရန်ကုန်မြို့။
13/04/2020
ကိုဗစ်အလွန် နှင့် ကုမ္ပဏီ ၀န်ထမ်းများ ဖတ်စေချင် ဆောင်းပါး….
ကိုဗစ်ကပ်ဘေးကြီး ဘယ်တော့ပြီးမှာလဲ?ဆိုတာ ၊ ဒီနေ့အချိန်ထိတော့ ဘယ်သူမှ မဖြေနိုင်တဲ့မေးခွန်းပါ။ ဘယ်လောက်ကြာမှာလဲ? ၊ ကာကွယ်ဆေးဘယ်တော့လောက်ထွက်မှာလဲ? ဆိုတာလည်းမသိကြသေးပါဘူး။ သေချာတာက ၁ပတ် ၁၀ ရက် / ၁လ ၂လ နဲ့ ပြီးသွားမယ့် ရောဂါ မဟုတ်ပါဘူး ။ ရေရှည် ဖြစ်နိုင်မယ့် ရောဂါပါ။
ဒါပင်မဲ့…
သင့်ရဲ့ လုပ်ငန်းရှင်တွေကတော့ ကိုဗစ်အလွန်ကို စဉ်းစားနေပါပြီ။ သင်စဉ်းစားတာနဲ့ သင့်အလုပ်ရှင်စဉ်းစားတာ တူမှ လုပ်ငန်းမှာ လုပ်ကိုင်ရတာကောင်းပါမယ်။
ကိုဗစ် အလွန် မှာ အချို့ လုပ်ငန်းတွေ ဒီဂျစ်တယ်ဘက်ရွှေ့ဖို့စဉ်းစားနေပြီ။ Online , Offline ရောင်းချဖို့လုပ်နေပါပြီ။ ကိုယ်လည်း စီမံသူနေရာမှာဆို ဒီဂျစ်တယ်ကို စလေ့လာသင့်ပါပြီ။
အချို့လုပ်ငန်းတွေ (အများစု) က လူလျှော့ဖို့(၀န်ထမ်းလျှော့ဖို့) စဉ်းစားနေပါပြီ။ (ကိုယ်မပါသွားဖို့လိုပါတယ်)
ကိုဗစ်အလွန်လှိုင်းကြီးမှာ စီးပွားရေးအခြေအနေက "ကျပ်" ပါလိမ့်မယ်။
အချို့လုပ်ငန်းတွေ ပျောက်သွားမှာတောင် စိုးရိမ်ရတယ်။
အရင်က ၀ယ်သူပျော်ဖို့ (Happy Customer) အဓိက ဆိုပြီး ကြွေးကြော်နေတဲ့ ၀န်ထမ်းတွေ နည်းနည်းပုံစံပြောင်းရပါမယ်။
သူဌေးပျော်အောင် (Happy Boss) လုပ်ရပါမယ်။
မလုပ် ၊ မရှုတ် ၊ မပြုတ် ရေသာခိုနေသူတွေ ရှင်းတဲ့ထဲပါသွားနိုင်ပါတယ်။ လုပ်ငန်းအပေါ် တာ၀န်ကျေလုပ်နေသူလည်း ဒီထက်ပိုပြီးကြိုးစားရပါမှ မြဲပါမယ်။
လုပ်ငန်းမကျွမ်းကျင်ဘဲ လစာများများယူထားသူများ အခြေအနေမကောင်းနိုင်ပါ။
ကိုဗစ်အလွန် လုပ်ငန်းရပ်တည်မှု့ တိုက်ပွဲကို ကျစ်ကျစ်လစ်လစ် နဲ့ တိုက်ပွဲ၀င်ဖို့ လုပ်ငန်းရှင်တွေ ကြိုးစားပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ၀င်ငွေ(အမြတ်) က မကြိမ်းသေတာမို့ ၊ ထွက်ငွေ (ကုန်ကျစရိတ်) လျှော့ဖို့လုပ်လာပါလိမ့်မယ်။
အရင်က ဟိုဟာတောင်းဆို ၊ ဒီဟာတောင်းဆိုတာတွေ ၊ ဒါရမှလုပ်မယ် ဆိုတာမျိုးတွေ ခဏရပ်ပြီး ၊ လုပ်ငန်းပြန်လည်ပတ်ဖို့အတွက် နေ့မအား ၊ ညမအား လုပ်ရပါမယ်။ ဒီလိုလူမျိုးကိုသာ လုပ်ငန်းရှင်က လိုချင်မှာပါ။ တစ်ယောက်တည်းကို အလုပ် ၂ခု ၊ ၃ခုလောက်တာ၀န်ယူသူတွေ ကို လိုချင်ပါလိမ့်မယ်။ ဒီအလုပ်က ငါ့အလုပ်မဟုတ်ဘူး ၊ မလုပ်နိုင်ဘူးဆိုသူတွေကတော့ ၊ သိတ်အလားအလာမကောင်းပါဘူး။
ကိုဗစ်အလွန်လူရွေးပွဲမှာ ကိုယ်ပါဖို့လိုပါတယ်။
ကိုဗစ်အလွန်မှာ အလုပ်လက်မဲ့တွေပိုများလာပါလိမ့်မယ်။ အရင်လို နောက်အလုပ်ပြောင်းမယ်ကွာ ဆိုပြီးထွက်ခဲ့ရင် ၊ အလုပ် ရှာရခက်ပါလိမ့်မယ်။
လုပ်ငန်းသစ်တွေ တိုးချဲဖို့ နည်းပြီး ၊ ရှိပြီးသားအလုပ်ကို ရပ်တည်ဖို့ကြိုးစားတာရယ် ၊ အလုပ်ထွက်ခဲ့ရတဲ့ ၀န်ထမ်းတွေများတာကြောင့် လုပ်သားစျေးကွက်ကတော့ ၊ လုပ်ငန်းရှင်အကြိုက်ပါ။
ပိုဆိုးတာက အရင် လုပ်ငန်းကောင်းတုံးက လစာ ကောင်းကောင်း ရခဲ့သူတွေ အခုအပြင်ရောက်နေရင် အလုပ်ပြန်ရှာရခက်ပါမယ်။
လုပ်ငန်းရှင်က သူနဲ့အတူ လုပ်ငန်းကို စိတ်၀င်စားသူ ၊ ကြိုးစားသူတွေကိုရွေးပါလိမ့်မယ်။ အဓိက ကတော့ စိတ်ဓါတ်ပိုင်း (Attitude) အပိုင်းကို အခြေခံရွေးပါလိမ့်မယ်။
မြန်မာပြည်မှာ မတ်လ တတိယအပတ်လောက်ကနေ ဧပြီပထမအပတ်လောက်ထိ အလုပ်ရှင် ၊ အလုပ်သမား သဘောထားကွဲတာတွေများပါတယ်။ သူများတွေပိတ်နေပြီ ၊ ကိုယ်မပိတ်သေးဘူးလား? ဆိုတာမျိုးတွေ ၊ သူများတွေကတော့ ဘာတွေထောက်ပံ့နေပြီ ၊ ငါတို့ရုံးကတော့... ဆိုတာမျိုးတွေ ။ အသက်နဲ့ရင်းပြီး အလုပ်ဆင်းနေရတယ်ဆိုမျိုးတွေ ပြောခဲ့ဆိုခဲ့တာမျိုးက လုပ်ငန်းရှင် အကြိုက်မတွေ့တက်ပါဘူး။
လုပ်ငန်းရှင်တွေဘက်ကလည်း ၊ တစ်ခါမှ မဖြစ်ဘူးတဲ့ စိန်ခေါ်မှု့နဲ့ သူတို့အပူ သူတို့သာသိ ဆိုတာကို သိသိနဲ့ မဖြေရှင်းပေးနိုင်တာမျိုး ရှိပါတယ်။
ဒါပင်မဲ့ လုပ်ငန်းရှင်က ဆင်ပိန်ကျွဲပါ။ ကိုယ်က အလုပ်ပြုတ်ရင် နောက်အလုပ်တစ်ခုခု မရခင်မှာ စား၀တ်နေရေးရှိပါတယ်။
ဒီတော့
ကိုဗစ်အလွန်မှာ ခံစားခွင့်တွေထက် ၊ ပြန်လည်ထူထောင်ရေးမှာ စိတ်ရောကိုယ်ပါ ပါ၀င်နိုင်ဖို့ကြိုးစားစေ ချင်ပါတယ်။
သူဌေးလည်း သူဌေး ဒုက္ခ ၊ ၀န်ထမ်းလည်း၀န်ထမ်းဒုက္ခပါ။
အခုကတည်းက မိမိတို့စိတ်ဓါတ်တွေပြင်ရပါလိမ့်မယ်။ လွယ်လွယ်နဲ့ အလုပ်ထွက်ဖို့မကြိုးစားစေချင်ပါ။ ဒုက္ခရောက်နိုင်ပါတယ်။
ချစ်လို့ပြောတာပါ။
ကပ်ရောဂါကြီးအမြန်လွန်မြောက်ပါစေ….
အားလုံးကျမ်းမာ၊ချမ်းသာကြပါစေ…
မြန်မာပြည်ကြီးကျမ်းမာပါစေ….
Credit # ကိုအောင်စည်လင်း
၁၁.၀၄.၂၀၂၀
(အခု Post ကို ခွင့်တောင်းစရာမလိုဘဲ ၊ မျှဝေပေးနိုင်ပါတယ်။)
29/03/2020
Unicode
လူကြီးမင်း တို့၏ ကုန်ပစ္စည်း များ ကို စိတ်ချ မြန်ဆန် စွာဖြင့်၀ယ်သူ လက်သို့ပို့ဆောင်ပေးခြင်း လုပ်ငန်း ကို YY Express မှတာ၀န်ယူပါ၇စေ။
လုပ်ငန်း ပူးပေါင်း လို သူ များ အနေဖြင့်ဖုန်း တချက်သာဆက်လိုက်ပါ။
Sales Office: +95-1-8652130
Sales Hotline : +95 9696598133 / 34
အသင်းအဖွဲ့များအတွက် အထူးနှုန်း Z E R O ♥
Zawgyi
လူကြီးမင်း တို့၏ ကုန်ပစ္စည်း များ ကို စိတ်ချ မြန်ဆန် စွာဖြင့်၀ယ်သူ လက်သို့ပို့ဆောင်ပေးခြင်း လုပ်ငန်း ကို YY Express မှတာ၀န်ယူပါ၇စေ။
လုပ်ငန်း ပူးပေါင်း လို သူ များ အနေဖြင့်ဖုန်း တချက်သာဆက်လိုက်ပါ။
Sales Office: +95-1-8652130
Sales Hotline : +95 9696598133 / 34
27/03/2020
နေ့စဥ်ဘဝမှာ ခ ပ် ခွာ ခွာ နေ ပါ...
24/02/2020
၀န်ထမ်းအလိုရှိသည်။
(1) Marketing Staff (F/M)
(2) Delivery Staff ( Male )
(3) Office Staff/Cashier (Female)
(4) Driver (Male) (Auto & Manual)
For (1 & 3) Computer Basic ရှိရမည်။
***2 Year Experiences in related field.
အလုပ်ချိန် မနက် 8:30 နာရီမှ ညနေ 5:30 နာရီ။
ပညာအရည်အချင်း အထက်တန်းအောင်။
Sunday & PH Closed!!!
မရမ်းကုန်းမြို့နယ် နေသူဦးစားပေး လျှောက်ထားရန်။
CV ကို Viber or Email မှတင်ပေးပါ။
Phone: 01 652130~09779084968
Viber:0930353012
Email: [email protected]
Work Location: မရမ်းကုန်းမြို့နယ် Junction 8 အနီး၊ ရန်ကုန်မြို့။
29/01/2020
၀န်ထမ်းအလိုရှိသည်။
(1) Marketing Staff (F/M)
(2) Delivery Staff ( Male )
(3) Office Staff/Cashier (Female)
(4) Driver (Male)
For (1 & 3) Computer Basic ရှိရမည်။
***2 Year Experiences in related field.
အလုပ်ချိန် မနက် 8:30 နာရီမှ ညနေ 5:30 နာရီ။
ပညာအရည်အချင်း အထက်တန်းအောင်။
Sunday & PH Closed!!!
မရမ်းကုန်းမြို့နယ် နေသူဦးစားပေး လျှောက်ထားရန်။
CV ကို Viber or Email မှတင်ပေးပါ။
Phone: 01 652130~09779084968
Email: [email protected]
Work Location: မရမ်းကုန်းမြို့နယ် Junction 8 အနီး၊ ရန်ကုန်မြို့။
02/01/2020
May the New Year bring you Happiness, Peace and Prosperity!
Wishing You a Very Happy New Year 2020♥
နှစ်သစ်မှာ စိတ်သစ် လူသစ်နှင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ တိုးတက်ကြီးပွားခြင်း များ ပိုင်ဆိုင်နိုင်ကြပါစေလို့ Yuya Eain မိသားစုမှ ဆုမွန်ကောင်း ပို့သလိုက်ပါသည်။
02/01/2020
၀န်ထမ်းအလိုရှိသည်။
(1) Marketing Staff (F/M)
(2) Delivery Staff ( Male )
(3) Driver (Auto & Manual )၂ မျိုးလုံးမောင်းနိုင်ရမည်။ (2 Years Experiences) (Male)
For (1 ) Computer Basic ရှိရမည်။!!!
အလုပ်ချိန် မနက် 8:30 နာရီမှ ညနေ 5:30 နာရီ။
ပညာအရည်အချင်း အထက်တန်းအောင်။
Sunday & PH Closed!!!
မရမ်းကုန်းမြို့နယ် နေသူဦးစားပေး လျှောက်ထားရန်။
CV ကို Viber or Email မှတင်ပေးပါ။
Office Phone: 01 652130
Viber-09-3035 3012/ [email protected]
Work Location: မရမ်းကုန်မြို့နယ် Junction 8 အနီး