23/08/2026
❓ “ဘာကြောင့် ကလေးက စာမလုပ်ချင်တာလဲ?” 🤷♂️📚
ကလေးက စာလုပ်ဖို့ ပျင်းတာ၊ စာလေ့လာဖို့ မထိုင်ချင်တာဟာ ပျင်းရိတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
တစ်ခါတလေ စာလေ့လာတဲ့ အလေ့အကျင့် (Study Habit) မတည်ဆောက်ရသေးတာ၊ သင်ခန်းစာတွေက ခက်ခဲနေတတ်တာ ဒါမှမဟုတ် စာလုပ်ရတာကို စိတ်မဝင်စားသေးတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 💡
ကလေးမှာ စာလေ့လာတဲ့ အလေ့အကျင့်ကောင်းတွေ တဖြည်းဖြည်း တည်ဆောက်လာနိုင်ဖို့ မိဘတွေအနေနဲ့ ဒီနည်းလမ်း (၃) ချက်ကို စတင်ကျင့်သုံးကြည့်လို့ရပါတယ်။ 👇
📌 စာလေ့လာတဲ့ အလေ့အကျင့်ကောင်း တည်ဆောက်ပေးမယ့် နည်းလမ်း (၃) ခု
1️⃣ Same Time Daily
(နေ့စဉ် အချိန်တူ စာလေ့လာပါ)
နေ့တိုင်း ပုံမှန်အချိန်တစ်ခု သတ်မှတ်ပေးပြီး စာလေ့လာတဲ့ အလေ့အကျင့်ကို တဖြည်းဖြည်း တည်ဆောက်ပေးပါ။ ⏰
2️⃣ Start Small
(အချိန်နည်းနည်းနဲ့ စတင်ပါ)
အစမှာ အချိန်အကြာကြီး မခိုင်းဘဲ ၁၅ မိနစ်၊ ၂၀ မိနစ်ခန့်ကနေ စတင်ပြီး ကလေးနဲ့ အဆင်ပြေသလို တဖြည်းဖြည်း တိုးပေးပါ။ ⏱️
3️⃣ Celebrate Progress
(ကြိုးစားမှုကို အသိအမှတ်ပြုပါ)
ကလေးက သတ်မှတ်ထားတဲ့အချိန်အတိုင်း စာထိုင်လုပ်နိုင်တာ၊ ကြိုးစားပြီး လုပ်ဆောင်နိုင်တာတွေကို အသိအမှတ်ပြုပြီး အားပေးပေးပါ။ 👏✨
🌱 “သေးငယ်တဲ့ အလေ့အကျင့်ကောင်းလေးတွေက ကလေးရဲ့ ရေရှည်သင်ယူမှုအတွက် ကြီးမားတဲ့ တိုးတက်မှုတွေကို ဖန်တီးပေးနိုင်ပါတယ်။”
💙 Eye Level မှာတော့ ကလေးတွေကို ဆရာက ပြောပေးတာကိုသာ လိုက်လုပ်စေခြင်းထက် မိမိကိုယ်တိုင် လေ့လာသင်ယူနိုင်တဲ့ Self-Directed Learning အလေ့အကျင့်တွေ တဖြည်းဖြည်း ဖွံ့ဖြိုးလာစေဖို့ ပံ့ပိုးပေးပါတယ်။
ကလေးရဲ့ ကိုယ်ပိုင်အရှိန်နဲ့ သင်ယူနိုင်ပြီး စာလေ့လာမှုအပေါ် ယုံကြည်မှု တည်ဆောက်လာစေဖို့ Eye Level နဲ့အတူ စတင်လိုက်ပါ။ 🌟
📩 အသေးစိတ်စုံစမ်းရန် Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဆက်သွယ်ရန်👇
Center Address:
No-99 (B),Level-7, Room-703, Myay Nu Condo, Myay Nu Street, Sanchaung Township, Yangon.
For further inquiries, please contact:
09-259301417, 09-259301418