02/05/2026
"C’est une folie de haïr toutes les roses parce qu’une épine vous a piqué, d’abandonner tous les rêves parce que l’un d’entre eux ne s’est pas réalisé, de renoncer à toutes les tentatives parce qu’on a échoué. C’est une folie de condamner toutes les amitiés parce qu’une vous a trahi, de ne croire plus en l’amour juste parce qu’un d’entre eux a été infidèle, de jeter toutes les chances d’être heureux juste parce que quelque chose n’est pas allé dans la bonne direction. Il y aura toujours une autre occasion, un autre ami, un autre amour, une force nouvelle. Pour chaque fin, il y a toujours un nouveau départ."
Antoine de Saint-Exupéry.
29/04/2026
"တိုက်ဆိုင်မှုဆိုတာ မရှိပါဘူး၊ အရာရာတိုင်းဟာ အကြောင်းပြချက်တစ်ခုခုကြောင့် ဖြစ်လာတာပါ။"
29/04/2026
(Avoir un aspect extérieur peu avenant.)
(အပြင်ပန်းကြည့်ရုံနှင့် အထင်မကြီးလောက်စရာ)
Au XVIIe siècle, le verbe « payer » avait le sens de « faire preuve de », et le terme « mine » viendrait du breton « min » signifiant « bec », « museau ».
၁၇ ရာစုတွင် « payer » ဆိုသော ကြိယာသည် « သက်သေပြသည်/ပြသသည် » ဟု အဓိပ္ပာယ်ရပြီး « mine » ဆိုသော စကားလုံးမှာ « နှုတ်သီး » သို့မဟုတ် « တိရစ္ဆာန်၏ နှာခေါင်းစွန်း » ဟု အဓိပ္ပာယ်ရသည့် Breton ဘာသာစကား « min » မှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။
C'est au XVIIIe siècle que l'expression prend forme pour désigner le décalage entre l'image de ce que renvoie quelqu'un ou quelque chose et sa véritable nature.
၁၈ ရာစုတွင်မှ လူတစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခု၏ အပြင်ပန်း မြင်တွေ့ရသောအသွင်နှင့် ၎င်း၏ စစ်မှန်သော သဘာဝကြားရှိ ကွဲလွဲမှုကို ရည်ညွှန်းရန်အတွက် ဤအသုံးအနှုန်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
Exemple : « Ce petit restaurant de quartier ne paye pas de mine, mais c'est pourtant là que j'ai mangé la meilleure cuisine française de ma vie. »
ဥပမာအသုံး - "ဒီရပ်ကွက်ထဲက ဆိုင်သေးသေးလေးက ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်သလိုပဲ၊ ဒါပေမဲ့ ကျွန်တော့်ဘဝမှာ အကောင်းဆုံး ပြင်သစ်အစားအစာကို အဲ့ဒီဆိုင်မှာပဲ စားခဲ့ဖူးတာပါ။
Le terme « mine » se retrouve dans d'autres expressions telles que signifiant êtres en bonne ou mauvaise santé.
"mine" ဆိုသော စကားလုံးကို ကျန်းမာရေး ကောင်းမွန်ခြင်း သို့မဟုတ် မကောင်းခြင်းကို ဆိုလိုသည့် "avoir une bonne ou mauvaise mine" ကဲ့သို့သော အခြား အသုံးအနှုန်းများတွင်လည်း တွေ့ရှိနိုင်ပါသည်။
#ဆရာသိုက် ရှာဖွေတင်ပြသည်။
#ဗဟုသုတအဖြာဖြာတိုးပွားကြပါစေ။
@29.4.2026
အပတ်စဥ် စနေနေ့တိုင်း နေ့ခင်း ၁နာရီခွဲတွင် ပြင်သစ်ဂန္ထဝင်စာပေနှင့် French Expressions များကို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။
ZOOM ဖြင့် တက်ရောက် သင်ကြားနိုင်ပါသည်။
Saw Naing Oo
28/04/2026
(Faire beaucoup pour plaire.)
(ဧည့်ဝတ်ပြုရာတွင်) အစွမ်းကုန် ကြိုးစားအားထုတ်သည်။ / အကောင်းဆုံး ပြင်ဆင်ဧည့်ခံသည်။
Cette expression datant du XIXe siècle est une façon de dire que l'on met tout en œuvre pour plaire, voire éblouir quelqu'un.
၁၉ ရာစုကတည်းက စတင်ခဲ့သော ဤစကားအသုံးအနှုန်းသည် တစ်စုံတစ်ယောက်ကို စိတ်ကျေနပ်စေရန်၊ သို့မဟုတ် အထင်ကြီး အံ့အားသင့်သွားစေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခြင်းကို ဆိုလိုသည်။
Usage : À utiliser quand on fait un effort exceptionnel (cuisine, décoration, accueil) pour recevoir quelqu'un.
အသုံးနှုန်း - တစ်စုံတစ်ယောက်ကို ဧည့်ခံရန်အတွက် (ချက်ပြုတ်ခြင်း၊ အလှဆင်ခြင်း၊ ကြိုဆိုခြင်း စသည်ဖြင့်) ထူးထူးခြားခြား အစွမ်းကုန် ကြိုးစားအားထုတ်သည့်အခါတွင် အသုံးပြုသည်။
Exemple : « Pour l'anniversaire de mariage de ses parents, Marie a décidé de mettre les petits plats dans les grands en réservant un chef à domicile. »
ဥပမာအသုံး - "သူ့မိဘတွေရဲ့ မင်္ဂလာသက်တမ်း နှစ်ပတ်လည်နေ့အတွက် အိမ်တိုင်ရာရောက်လာပေးမယ့် စားဖိုမှူးတစ်ဦးကို မာရီက ကြိုတင်ငှားရမ်းပြီး အကောင်းဆုံး ပြင်ဆင်ဧည့်ခံဖို့ ဆုံးဖြတ်ထားတယ်။"
#ဆရာသိုက် ရှာဖွေတင်ပြသည်။
#ဗဟုသုတအဖြာဖြာတိုးပွားကြပါစေ။
@28.4.2026
အပတ်စဥ် စနေနေ့တိုင်း နေ့ခင်း ၁နာရီခွဲတွင် ပြင်သစ်ဂန္ထဝင်စာပေနှင့် French Expressions များကို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။
ZOOM ဖြင့် တက်ရောက် သင်ကြားနိုင်ပါသည်။
Saw Naing Oo
26/04/2026
• (Etre excessivement fier.)
• ၁၇ ရာစုလောက်ကတည်းက ပြင်သစ်တွေ သုံးနှုန်းခဲ့ကြတဲ့ ဒီအသုံးအနှုန်းဟာ ပြင်သစ်ဘာသာစကားမှာ အင်မတန် ရေပန်းစားပေမဲ့ တော်တော်လေး "Informel" ဖြစ်ပြီး (Vulgaire) ရိုင်းပျတဲ့ဘက် ကို အနည်းငယ် ရောက်ပါတယ်။
• L’expression évolue ensuite pour désigner l’air adopté par une personne qui prend les autres de haut.
• မြန်မာလိုဆိုရင်တော့ "ဂုဏ်မရှိ ဂုဏ်ခဲ"၊ "ဖင်ခေါင်းကျယ်" ဒါမှမဟုတ် "ကိုယ်နဲ့မမျှဘဲ ကြွားဝါတာ" မျိုးကို ဆိုလိုတာပါ။ မိမိရဲ့ တကယ့်အရည်အချင်း ဒါမှမဟုတ် အခြေအနေထက် ပိုပြီး ဟိတ်ဟန်ထုတ်တဲ့သူတွေကို ရည်ညွှန်းပါတယ်။ ဒီအသုံးအနှုန်းရဲ့ Usage (အသုံးပုံစံ) အချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ အခြေအနေတစ်ခုကို ဝေဖန်ခြင်း (Critiquer quelqu'un)
• တစ်စုံတစ်ယောက်က သူ့ကိုယ်သူ အထင်ကြီးပြီး တခြားသူတွေကို အထက်စီးက ဆက်ဆံတဲ့အခါ သုံးပါတယ်။
• Exemple : "Depuis qu'il a eu sa promotion, il ne nous parle plus. Il a tendance à péter plus haut que son cul." "သူ ရာထူးတက်သွားကတည်းက ငါတို့ကို စကားမပြောတော့ဘူး။ သူပုံက တော်တော်လေး ဖင်ခေါင်းကျယ်လာပုံပဲ"
၂။ ဟန်ဆောင်ကြွားဝါသူကို သတိပေးခြင်း (Mettre en garde)
• ကိုယ့်အခြေအနေကို မေ့ပြီး ဟိတ်ဟန်ထုတ်နေသူကို ခနဲ့တဲ့တဲ့ ပြောတဲ့အခါ သုံးပါတယ်။
• "Arrête de vouloir acheter cette voiture de luxe, tu n'as pas d'argent. Ne pète pas plus haut que ton cul."
• "အဲဒီ ဇိမ်ခံကားကို ဝယ်ချင်နေတာ တော်လိုက်တော့။ မင်းမှာ ပိုက်ဆံမှ မရှိတာ။ ကိုယ့်ခြေထောက်နဲ့ ကိုယ့်ဖိနပ် မတော်တရော် မလုပ်နဲ့ (ကိုယ်နဲ့မမျှတာကို မလုပ်နဲ့)"
၃။ စရိုက်တစ်ခုကို ဖော်ပြခြင်း (Décrire un trait de caractère)
• လူတစ်ယောက်ရဲ့ မာန်မာနကြီးတဲ့ စရိုက်ကို ယေဘုယျ ပြောတာပါ။
• Exemple : "Je n'aime pas cette actrice, elle pète plus haut que son cul dans toutes ses interviews."
• "အဲဒီမင်းသမီးကို ငါမကြိုက်ဘူး၊ အင်တာဗျူးတိုင်းမှာ အထက်စီးနဲ့ အရမ်းဟိတ်ဟန် ထုတ်တတ်လွန်းလို့"
Attention! (သတိပြုရန်) “Alternative plus polie” (ယဉ်ကျေးသော အသုံးအနှုန်း)
• တကယ်လို့ လူကြီးသူမတွေရှေ့မှာ ဒါမှမဟုတ် လုပ်ငန်းခွင်ထဲမှာ "Péter" (လေလည်တယ်) ဆိုတဲ့ စကားလုံးကို မသုံးချင်ဘူးဆိုရင် "Se prendre pour quelqu'un d'important" ဒါမှမဟုတ် "Être prétentieux" (မာနကြီးတယ်/ဟန်ထုတ်တယ်) လို့ သုံးနိုင်ပါတယ်။ ဒီစကားပုံက အင်္ဂလိပ်စကားပုံဖြစ်တဲ့ "To think one's s**t doesn't stink" နဲ့လည်း အဓိပ္ပာယ် ခပ်ဆင်ဆင် တူပါတယ်။ လူမှုပတ်ဝန်းကျင်မှာ တော်တော်လေး ထိခိုက်စေနိုင်တဲ့ စကားလုံးဖြစ်လို့ သုံးတဲ့အခါမှာတော့ သတိထားဖို့ လိုပါမယ်။
#ဆရာသိုက် ရှာဖွေတင်ပြသည်။
#ဗဟုသုတအဖြာဖြာတိုးပွားကြပါစေ။
@26.4.2026
အပတ်စဥ် စနေနေ့တိုင်း နေ့ခင်း ၁နာရီခွဲတွင် ပြင်သစ်ဂန္ထဝင်စာပေနှင့် French Expressions များကို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။
ZOOM ဖြင့် တက်ရောက် သင်ကြားနိုင်ပါသည်။
19/04/2026
“သူ့မြက်ခင်းက ပိုစိမ်းတယ်/ တခြားတစ်နေရာက ပိုကောင်းတယ်လို့ အမြဲထင်တတ်ကြတယ်”
On a souvent l'impression que les autres vivent mieux, que c'est mieux ailleurs.
တခြားသူတွေက ပိုပြီး အဆင်ပြေပြေ နေထိုင်နေကြတယ်၊ တခြားနေရာတွေက ပိုကောင်းတယ်လို့ ကျွန်တော်တို့ စိတ်ထဲမှာ မကြာခဏ ထင်မြင်မိတတ်ကြပါတယ်။
L'origine de cette expression reste floue.
ဒီစကားပုံရဲ့ အရင်းအမြစ်ကတော့ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။
On pense cependant qu'elle serait née d'un réel effet d'optique trompeur qui donne à l'herbe, ou au gazon, une couleur et un éclat parfaits lorsqu'on l'observe de loin.
ဒါပေမဲ့ မြက်ခင်းတွေကို အဝေးကနေ ကြည့်တဲ့အခါ အရောင်အသွေး၊ တောက်ပမှုဟာ ပြီးပြည့်စုံနေသယောင် ထင်မြင်တတ်ပါတယ်။ အဲဒိ အမြင်မောက်မှားမှု သဘောတရားကနေ ဒီစကားပုံ ဖြစ်ပေါ်လာတာလို့ ယူဆကြပါတယ်။
Or, vu de près, le gazon peut très souvent s'avérer bien terne.
တကယ်တမ်း အနီးကပ်ကြည့်လိုက်တဲ့အခါမှာ အဲဒီမြက်ခင်းဟာ အရောင်မှိန်ပြီး ခြောက်သွေ့နေတာကို မကြာခဏ တွေ့ရတတ်ပါတယ်။
Au sens figuré, l’expression renvoie à des considérations fausses ou trompeuses.
တင်စားအနက်အရဆိုရင် ဒီအသုံးအနှုန်းက မှားယွင်းတာ ဒါမှမဟုတ် လှည့်စားတတ်တာ စတဲ့ ယူဆချက်ကို ရည်ညွှန်းပါတယ်။
L’adverbe « toujours » est ici employé de façon ironique pour insister sur le fait que jamais les choses ne sont telles qu’on les imagine.
ဒီနေရာမှာ "toujours" (အမြဲတမ်း) ဆိုတဲ့ ကြိယာဝိသေသနကို ရွဲ့တဲ့တဲ့သဘော (Irony) အနေနဲ့ သုံးနှုန်းထားတာဖြစ်ပြီး အရာဝတ္ထုတွေဟာ ကျွန်တော်တို့ စိတ်ကူးယဉ်သလိုမျိုး ဘယ်တော့မှ ဖြစ်မနေဘူးဆိုတဲ့ အချက်ကို အလေးအနက်ဖော်ပြလိုရင်း ဖြစ်ပါတယ်။
Usage : On l’emploie pour décrire l’insatisfaction chronique ou l’envie envers ce que les autres possèdent.
အသုံးနှုန်း - အမြဲတမ်းလိုလို မရောင့်ရဲနိုင်ဖြစ်နေတာ ဒါမှမဟုတ် တခြားသူတွေ ပိုင်ဆိုင်ထားတဲ့ အရာတွေအပေါ် မနာလိုဖြစ်မှုနေတာကို ဖော်ပြဖို့ရာ ဒီစကားပုံကို အသုံးပြုပါတယ်။
Exemple : « Il a quitté son emploi pour un autre poste, mais il regrette déjà son choix. Il a oublié que l’herbe est toujours plus verte ailleurs. »
ဥပမာအသုံး - "သူက တခြားရာထူးတစ်ခုရဖို့ အလုပ်ကနေ ထွက်လိုက်ပေမဲ့ သူ့ရဲ့ရွေးချယ်မှုအတွက် အခုပဲ နောင်တရနေပြီ။ တခြားတစ်နေရာက ကိုယ်ရှိနေတဲ့နေရာထက် ပိုကောင်းတယ်လို့ အမြဲထင်တတ်ကြတဲ့ စကားပုံကို သူ မေ့သွားပုံရတယ်"
#ဆရာသိုက် ရှာဖွေတင်ပြသည်။
#ဗဟုသုတအဖြာဖြာတိုးပွားကြပါစေ။
@19.4.2026
အပတ်စဥ် စနေနေ့တိုင်း နေ့ခင်း ၁နာရီခွဲတွင် ပြင်သစ်ဂန္ထဝင်စာပေနှင့် French Expressions များကို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။
ZOOM ဖြင့် တက်ရောက် သင်ကြားနိုင်ပါသည်။
Saw Naing Oo
18/04/2026
'habit_ne_fait_pas_le_moine
အဓိပ္ပာယ် - သင်္ကန်းဝတ်ရုံနဲ့ ရဟန်းအစစ်လို့ ပြောလို့မရဘူး။ (လူကို အပြင်ပန်းအဆောင်အယောင်နဲ့ မဆုံးဖြတ်ပါနဲ့။)
Il ne faut pas se fier aux apparences.
အပြင်ပန်း အသွင်အပြင်တွေကို (အလွယ်တကူ) မယုံကြည်သင့်ပါဘူး။
L'expression est un proverbe ancien inspiré du vieil adage « La robe de lin ne fait pas le prêtre d'Isis », pour montrer que le fait de porter un habit religieux n'est pas toujours en adéquation avec celui qui l'endosse.
- ဤအသုံးအနှုန်းသည် ရှေးဟောင်းဆိုရိုးစကားတစ်ခုဖြစ်သည့် "ပိုက်ဆန်လျှော်သင်္ကန်း ဝတ်ရုံမျှဖြင့် အိုက်စစ်နတ်ဘုရားမ၏ ယဇ်ပုရောဟိတ်တစ်ဦး ဖြစ်မလာနိုင်ပါ" ဟူသော စကားကို အခြေခံထားသည့် ရှေးဟောင်းစကားပုံတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဘာသာရေးဝတ်စုံကို ဝတ်ဆင်ထားရုံဖြင့် ဝတ်ဆင်ထားသူ၏ စိတ်ဓာတ် သို့မဟုတ် အရည်အချင်းနှင့် အမြဲတမ်း ကိုက်ညီမှု ရှိမနေနိုင်ကြောင်း ဖော်ပြချက်ဖြစ်သည်။ (En adéquation ဆိုသည်မှာ ကိုက်ညီမှုရှိခြင်း (သို့မဟုတ်) ထပ်တူကျခြင်းကို ဆိုလိုသည်။)
Par la suite, l'expression a évolué et est sortie du domaine religieux pour se vulgariser.
နောက်ပိုင်းတွင် ဤအသုံးအနှုန်းသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး ဘာသာရေးနယ်ပယ်ထဲမှ ကျော်လွန်ကာ အများပြည်သူကြားတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြခြင်း ဖြစ်ပါသည်။
အနှစ်ချုပ် ရှင်းလင်းချက် - ဒီစာသားရဲ့ ဆိုလိုချက်ကတော့ လူတစ်ယောက်ဟာ သူတော်စင်ဝတ်စုံ ဝတ်ထားရုံနဲ့ သူတော်စင်တစ်ယောက် ဖြစ်မလာနိုင်ဘူးဆိုတဲ့ အချက်ပါ။ အရင်က ဘာသာရေးအခြေခံပြီး သုံးနှုန်းခဲ့ပေမဲ့ အခုခေတ်မှာတော့ ဘဝရဲ့ ဘယ်နေရာမှာမဆို "အပေါ်ယံကြည့်ပြီး မဆုံးဖြတ်ဖို့" သတိပေးထားတဲ့ စကားပုံအဖြစ် အားလုံးက သုံးနေကြပြီ ဖြစ်ပါတယ်။
Exemple : « Ce vieil homme en vêtements usés est en fait un génie de l'informatique ; comme quoi, l'habit ne fait pas le moine. »
ဥပမာအသုံး - "ဒီအဖိုးအိုဟာ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေကို ဝတ်ထားပေမဲ့ တကယ်တမ်းတော့ သူဟာ ကွန်ပျူတာ နည်းပညာပိုင်းဆိုင်ရာ ပါရမီရှင်တစ်ဦး ဖြစ်နေလေရဲ့။ ဒါက ဘာကိုပြသလဲဆိုတော့ လူတစ်ယောက်ကို အပြင်ပန်းနဲ့ ဆုံးဖြတ်လို့မရဘူး ဆိုတာ ထင်ရှားပါတယ်။"
#ဆရာသိုက် ရှာဖွေတင်ပြသည်။
#ဗဟုသုတအဖြာဖြာတိုးပွားကြပါစေ။
@18.4.2026
အပတ်စဥ် စနေနေ့တိုင်း နေ့ခင်း ၁နာရီခွဲတွင် ပြင်သစ်ဂန္ထဝင်စာပေနှင့် French Expressions များကို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။
ZOOM ဖြင့် တက်ရောက် သင်ကြားနိုင်ပါသည်။
18/04/2026
#မျက်လုံးထဲကိုဖုန်မှုန့်သဲမှုန့်တွေနဲ့ပက်တာ
Volonté d'impressionner par les apparences.
မူရင်းဆိုလိုချက် - အပေါ်ယံအရှိန်အဝါများဖြင့် သူတစ်ပါးကို အထင်ကြီးစေလိုသော ဆန္ဒ။
Dans la Grèce antique, les lutteurs jetaient de la poussière dans les yeux de leurs adversaires tentant ainsi de les aveugler afin de remporter la victoire.
သမိုင်းနောက်ခံ - ရှေးဟောင်းဂရိခေတ်တွင် နပန်းသမားများသည် ပြိုင်ဘက်ကို မျက်စိလည်သွားစေရန်နှင့် အမြင်အာရုံ ဝေဝါးသွားစေရန်အတွက် မျက်လုံးထဲသို့ ဖုန်မှုန့်များဖြင့် ပက်လေ့ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပြိုင်ဘက်ကို အနိုင်ယူရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။
Aujourd'hui, l'expression renvoie au fait d'éloigner les concurrents grâce à une apparence trompeuse, censée éblouir le public en référence aux lutteurs de l'Antiquité.
မျက်မှောက်ခေတ်အသုံး - ဤအသုံးအနှုန်းသည် ရှေးခေတ်နပန်းသမားများကို ရည်ညွှန်းသုံးစွဲမှုမှ ဆင်းသက်လာပြီး၊ ယနေ့ခေတ်အသုံးတွင်တော့ အပေါ်ယံ ဟိတ်ဟန်များ သို့မဟုတ် လှည့်စားတတ်သော အသွင်အပြင်များကို အသုံးပြုကာ လူထုကို အံ့အားသင့်စေရန် သို့မဟုတ် ပြိုင်ဘက်များကို လမ်းလွဲစေရန် ပြုလုပ်ခြင်းကို ဆိုလိုသည်။
Usage : On l’utilise pour critiquer quelqu'un qui essaie d'impressionner par des artifices ou des mensonges.
အသုံးပြုပုံ - လှည့်ကွက်များ သို့မဟုတ် မုသားစကားများဖြင့် သူတစ်ပါးကို အထင်ကြီးအောင် ကြိုးစားနေသူတစ်ဦးအား ဝေဖန်ကဲ့ရဲ့ရာတွင် ဤအသုံးအနှုန်းကို အသုံးပြုသည်။
Exemple : « Ce candidat promet des réformes incroyables, mais je pense qu'il essaie seulement de jeter de la poudre aux yeux des électeurs. »
ဥပမာ - "ဒီကိုယ်စားလှယ်လောင်းက အံ့မခန်း ပြုပြင်ပြောင်းလဲမှုတွေကို ကတိပေးနေတာပဲ၊ ဒါပေမဲ့ သူက မဲဆန္ဒရှင်တွေကို လှည့်စားဖို့ပဲ ကြိုးစားနေတာလို့ ကျွန်တော်ထင်တယ်။"
#ဆရာသိုက် ရှာဖွေတင်ပြသည်။
#ဗဟုသုတအဖြာဖြာတိုးပွားကြပါစေ။
@18.4.2026
အပတ်စဥ် စနေနေ့တိုင်း နေ့ခင်း ၁နာရီခွဲတွင် ပြင်သစ်ဂန္ထဝင်စာပေနှင့် French Expressions များကို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။
ZOOM ဖြင့် တက်ရောက် သင်ကြားနိုင်ပါသည်။