TIME STUDY Japanese Education Center

TIME STUDY Japanese Education Center

Share

Japanese Language Teaching N5 To N1 level, JLPT Practice, Japanese Business Manner , Speaking with Native Speaker, Preparation Course for Study In Japan.

26/04/2026

TIME STUDY မှ ဖွင့်လှစ်တဲ့ 2026 UPDATE Online Class များနှင့်ပတ်သက်ပြီး ရှင်းပြပေးထားပါတယ်ရှင်။

သည်နေ့ခေတ်ရဲ့ ဂျပန်စာအရည်အချင်းလိုအပ်မှုအခြေအနေအပေါ်မှာ ဘယ်လိုနားလည်သဘောပေါက်သင့်တယ်။ ဘယ်လိုကြိုးစားအားထုတ်သင့်တယ်။ ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတဲ့ အကြောင်းအရာများကို အဓိကထားပြီး ပြောပြပေးထားပါတယ်။

26/04/2026

Online Class သင်နေကြတဲ့ ဂျပန်စာသင်ဆရာ၊ ဆရာမများရဲ့ ဗွီဒီယိုဖိုင်သင်ခန်းစာများကို Download ဆွဲပြီး Telegram များမှာ Channel ထောင်ပြီး စျေးပေါပေါနဲ့ပြန်ရောင်းစားနေကြတဲ့ သူများနှင့် အောက်ကြေးနှင့်ဗွီဒီယိုဖိုင်များ ကို ဝယ်ယူပြီးလေ့လာနေကြတဲ့ ကျောင်းသားကျောင်းသူများအတွက် ပြောပြထားတဲ့ ဗွီဒီယိုဖိုင်လေးဖြစ်ပါတယ်။

Photos from TIME STUDY Japanese Education Center's post 24/04/2026

🍀🍀🍀2026 JULY JLPT စာမေးပွဲဖြေဆိုကြမယ့်သူများအတွက် N5, N4, N3, N2 Ready Complete နှင့် Daily Schedule Video Online Class စာမေးပွဲအနီးကပ် သင်တန်းများ🍀🍀

🟢JULY JLPT အတွက် (၂) လအပြတ် Challenge လုပ်ချင်သူများအတွက် အထူးဖွင့်လှစ်ပေးလိုက်တဲ့ Online Video Class များဖြစ်ပါတယ်။

🟢မေလ (၁) ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

🟢အချိန် (၂) လ တောင်ကျန်သေးတာ။ အမှန်တကယ်သာ စနစ်တကျကြိုးစားမယ်ဆိုရင် စာမေးပွဲ မအောင်နိုင်စရာအကြောင်းမရှိတာမို့ အားမလျော့ဘဲ ကြိုးစားနိုင်ကြဖို့ ဖွင့်လှစ်ပေးလိုက်တဲ့အတန်းများဖြစ်ပါတယ်။

တချို့ဆို တစ်လနှင့်စာအပြတ်ကျက်ပြီး စာမေးပွဲအောင်သွားကြတာမို့ ကြိုးစားမယ်ဆိုရင် အချိန်မှီပါသေးတယ်။

🟢အချိန် (၂) လနှင့်အပြတ်စာကျက်ပြီး ဖြေကြမယ့်သူများအတွက် ဆရာမဆွဲပေးတဲ့ Schedule အတိုင်း တစ်နေ့စာတစ်နေ့အပြတ်ကျက်ချင်ကြတဲ့သူများက Daily Schedule Video Online Class ကို ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

🟢အချိန် (၂) လနှင့်အပြတ်ကို ကိုယ်အချိန်ရရင်ရသလို စာကျက်ချင်သူများအတွက် စာတွေအကုန်တင်ထားပေးပြီးသား ၊ Schedule ပါဆွဲပေးထားပြီးသား Ready Complete Video Online Class ကို ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

🟢အလုပ်တဘက်နဲ့ အပြင်သင်တန်းတက်ဖို့၊ Zoom Class တက်ဖို့အချိန်မပေးနိုင်သူများအတွက် နေ့ရက်အလိုက် ဘာသာရပ်အလိုက်Schedule ဖြင့်မိမိတို့အားလပ်ချိန်မှာဝင်ရောက်လေ့လာနိုင်မယ့်အတန်းများဖြစ်ပါတယ်။

⭐️2026 နှစ်သစ်အတွက် ထပ်မံပြီး UPDATE ပြန်လုပ်ပေးထားတဲ့ Video Online Class ဖြစ်ပါတယ်။ လိုအပ်ချက်မရှိရလေအောင် ဖိုင်အသစ်များထပ်ဖြည့်ပြီး သင်ပေးထားပါတယ်။ ဖိုင်အဟောင်းများကိုလည်း အားလုံးပြန်စစ်ပြီး Update လုပ်ပေးထားလို့ အားလုံးကို လိုလေသေးမရှိပြည့်စုံသည်ထက်ပိုလျှံစွာ သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။

🟢N5, N4, N3, N2 Grammar အတွက် မှတ်ရလွယ်ကူစေပြီး JLPT စာမေးပွဲအတွက်သာမက လက်တွေ့အသုံးချ ရေးနိုင်ပြောနိုင်စေဖို့အတွက် အထူးပြုပြီးထုတ်ထားတဲ့ Notes များဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။

🟣 မေလ (၁) ရက်နေ့အတွင်းအပ်နှံသူများ ၁၀% သင်တန်းကြေးသက်သာခွင့်နှင့် ဇူလိုင်လ JLPT စာမေးပွဲပြီးချိန်မှာဖွင့်လှစ်မယ့် အခြေခံဂျပန်စာအရေးအပြော Online Video Class + Zoom သင်တန်းအတွက် ၅၀% သင်တန်းကြေးသက်သာခွင့် ကိုပါရရှိနိုင်မှာဖြစ်ပါတယ်။

🔴သင်ခန်းစာများအားလုံးသည် စာအုပ်ကိုအခြေခံပြီးသင်ကြားသည့် Video Class များဖြစ်သည့်အတွက် စာအုပ်မဖြစ်မ‌ေနလိုအပ်ပါတယ်။

🔴 VPN မရလျှင်တောင် အင်တာနက်ရှိရုံမျှဖြင့်ဝင်ရောက်လေ့လာနိုင်မည့် Google Classroom မှ သင်ကြားမည့် Video Online Class ဖြစ်ပါတယ်။ သက်ဆိုင်ရာ အတန်းတိုင်း သင်ကြားပေးမည့် ဆရာမနှင့် Telegram မှ ဆက်သွယ်၍ စာမေးနိုင်ပါတယ်။

🔴သင်တန်းတက်ရောက်သည်မှ (2) နှစ်တာကာလအထိ Google Classroom ထဲမှာ ဆက်လက်လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။

🔴(2) နှစ်ပြည့်တိုင်း ခေတ်အခြေအနေအပေါ်လိုက်၍ ဂျပန်စာသင်ရိုးအဆင့်မြှင့်တင်ရခြင်း၊ စာအုပ်အသစ်ပြောင်းခြင်း၊ တိုးခြင်းများပြုလုပ်ပြီး Update ပြုလုပ်မည်ဖြစ်ပါသောကြောင့် Course အပြောင်းအလဲများရှိပါသဖြင့် သတ်မှတ်ကာလအား ထားရှိရခြင်းဖြစ်ပါတယ်ရှင်။

🟢 နိုင်ငံတကာအဆင့်မှီ Google Classroom မှ စနစ်တကျသင်ကြားပေးခြင်း ဖြစ်သောကြောင့် Google Drive တွင် Data များထိန်းသိမ်းရခြင်း၊ ဖိုင်များလျှင်များသလို Data Space အခက်အခဲများရှိပါသဖြင့် ဝယ်ယူရသည့်ကုန်ကျစရိတ်များများပြားခြင်းတို့ကြောင့် Life Time မပေးနိုင်ခြင်း၊ ပြောင်းလဲလာသည့်ခေတ်နှင့်အညီ Course များကို အဆင့်မြှင့်တင်ရခြင်းကြောင့် သင်ကြားပုံနည်းစနစ်များ သင်ရိုးများ အပြောင်းအလဲများ ပြုလုပ်ရပါသောကြောင့် ဖိုင်အဟောင်းများကို ပြန်လည်အသုံးမပြုတော့ဘဲ ဖိုင်အသစ်များဖြင့် အစားထိုးခြင်းတို့ အမြဲမပြတ်ပြုလုပ်နေပါသဖြင့် Life Time မပေးနိုင်ခြင်းအပေါ်မှာ နားလည်ခွင့်လွတ်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

⭐️သင်ကြားပေးမည့်ပုံစံ⭐️

Google Classroom မှ ရုပ်သံကြည်လင်ပြတ်သားသောသင်ခန်းစာ Video ဖိုင်များဖြင့်စနစ်တကျသင်ကြားပေးသွားမှာဖြစ်ပြီး Google Form များဖြင့် ဘာသာရပ်အလိုက်လေ့ကျင့်ခန်းများဖြေဆိုခြင်း၊ စာမေးပွဲများဖြေဆိုခြင်း၊ အဖြေတိုက်ပေးခြင်း ၊ JLPT Practice လေ့ကျင့်ခန်းများဖြေဆိုခြင်းတို့နှင့်အတူ JLPT စာမေးပွဲအား ရမှတ်ကောင်းများဖြင့်အောင်မြင်အောင် တစ်ဦးချင်းကိုထိရောက်စွာလေ့ကျင့်သင်ကြားပေးလျှက်ရှိပါတယ်။

⭐️ သင်တန်းစတင်မည့်နေ့⭐️

2026 ခုနှစ် ‌‌ MAY (1) ရက်နေ့ (သောကြာနေ့)

⭐️သင်တန်းပြီးဆုံးမည့်နေ့⭐️

2026 ခုနှစ် JULY (1) ရက်နေ့ (သောကြာနေ့)

⭐️သင်တန်းကာလ ⭐️

(၂) လ (ရက် ၆၀) တိတိ

🔴သင်တန်းအပ်နှံသူများပြားတဲ့အတွက် အချိန်မှီစာအုပ်ရောက်ရှိနိုင်ဖို့ စောစီးစွာသင်တန်းအပ်နှံထားကြဖို့တော့လိုအပ်ပါမယ်။

🔵ဂျပန်နိုင်ငံမှတက်ရောက်မည့်သူများအနေဖြင့် ဂျပန်နိုင်ငံရှိ UFJ နှင့် Yuucho စာတိုက်ဘဏ်သို့ တိုက်ရိုက်လွှဲနိုင်ပါသည်။

🟠မြန်မာနိုင်ငံမှတက်ရောက်မည့်သူများအနေဖြင့် CB Pay, KBZ, AYA ဘဏ်နှင့် Wave Money မှ သင်တန်းကြေးလွဲ၍ ကျောင်းအပ်နှံနိုင်ပါသည်။

🟣သင်တန်းကြေးနှင့်သိလိုသည်များအပြင် ရှင်းပြပေးရန်လိုအပ်သည်များလည်းရှိသောကြောင့် Messenger Box တွင် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသည်။

🔴ဆက်သွယ်ရန် 🔴

☎️Ph: 09-972-757-762 (ရုံးချိန်အတွင်းသာ)

📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚

⭐️TIME STUDY JAPANESE EDUCATION
CENTER (1) ⭐️

တိုက်(၁)၊အခန်း(၁၀၉)၊ ပထမထပ်၊ (၉)ရပ်ကွက်၊ ရွေဝါမြိုင်အိမ်ယာ၊ အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့

⭐️TIME STUDY JAPANESE EDUCATION
CENTER (2) ⭐️

တိုက်(၁) ၊ အခန်း(၁၀၄)၊ ပထမထပ်၊ (၉)ရပ်ကွက်၊ ရွေဝါမြိုင်အိမ်ယာ၊ အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့

⭐️TIME STUDY JAPANESE EDUCATION
CENTER (3) ⭐️

တိုက်(၄၃) ၊ အခန်း(၈) ၊ ပထမထပ်၊ (၉)ရပ်ကွက်၊အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့

⭐️TIME STUDY JAPANESE EDUCATION
CENTER (4) ⭐️

တိုက်(၄၃) ၊ အခန်း (6) ၊ ပထမထပ်၊ (၉)ရပ်ကွက်၊အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့

⭐️TIME STUDY JAPANESE EDUCATION
CENTER(5) ⭐️

တိုက်(၄၃) ၊ အခန်း ( 11,12 ) ၊ ဒုတိယထပ်၊ (၉)ရပ်ကွက်၊အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့

☎️09-972 757 762
☎️09-441-188 -991

📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚





Photos from TIME STUDY Japanese Education Center's post 24/04/2026

⭐️⭐️⭐️ 2026 DECEMBER JLPT စာမေးပွဲဖြေဆိုကြမယ့်သူများအတွက် N3, N2, N1 Video Online Class⭐️⭐️⭐️

N5 နှင့် N4 Video Online Class အတွက် သပ်သပ်ကြော်ငြာပေးပါမည်။

🟢လာမယ့် 2026 December JLPT အတွက် ကြိုတင်ပြင်ဆင်ထားလိုသူများအတွက် တစ်နေ့စာတစ်နေ့ပုံမှန်လေး လေ့လာသွားနိုင်မယ့် ၆လခွဲ Course ဖြစ်ပါတယ်။

⭐️2026 နှစ်သစ်အတွက် ထပ်မံပြီး UPDATE ပြန်လုပ်ပေးထားတဲ့ Video Online Class ဖြစ်ပါတယ်။

⭐️ မေလ (5) ရက်နေ့အတွင်းအပ်နှံသူများ ၁၀% သင်တန်းကြေးသက်သာခွင့်ရှိပါမယ်ရှင်။

⭐️အလုပ်တဘက်နဲ့ အပြင်သင်တန်းတက်ဖို့၊ Zoom Class တက်ဖို့အချိန်မပေးနိုင်သူများအတွက် နေ့ရက်အလိုက် ဘာသာရပ်အလိုက်Schedule ဖြင့်တစ်နေ့စာတစ်နေ့အချိန်မှန် တင်ပေးမယ့် Video Online Class ဖြစ်ပြီး မိမိတို့အားလပ်ချိန်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

⭐️ Special Class နှင့် Regular Class ဆိုပြီး နှစ်တန်းရှိပါမယ်။

⭐ပုံမှန်လေ့လာမှုနဲ့စာမေးပွဲအောင်ဖို့ပဲဆိုရင် Regular Class ကိုရွေးချယ်ပါ။

⭐️ဂျပန်စာသင်ဆရာ၊ ဆရာမများအဖြစ်အသက်မွေးဝမ်းကျောင်းမှုပြုလိုသူများ ဂျပန်စာကို Level အမြင့်အသုံးချလိုသူများ Special Class ကိုရွေးချယ်ပါ။

🔴သင်ခန်းစာများအားလုံးသည် စာအုပ်ကိုအခြေခံပြီးသင်ကြားသည့် Video Class များဖြစ်သည့်အတွက် စာအုပ်မဖြစ်မ‌ေနလိုအပ်ပါတယ်။

⭐️ဒါ့အပြင်အထူးလက်ဆောင်အနေနဲ့ Short Story Volume (1) ကို N3 Special Class , Short Story Volume (2) ကို N2, Special Class, Short Story Volume (3) ကို N1 Special Class အပ်နှံသူတိုင်း မြန်မာဘာသာပြန် စာဖတ်ဗွီဒီယိုဖိုင်များကို အခမဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်။

🔴 VPN မရလျှင်တောင် အင်တာနက်ရှိရုံမျှဖြင့်ဝင်ရောက်လေ့လာနိုင်မည့် Google Classroom မှ သင်ကြားမည့် Video Online Class ဖြစ်ပါတယ်။ သက်ဆိုင်ရာ အတန်းတိုင်း သင်ကြားပေးမည့် ဆရာမနှင့် Telegram မှ ဆက်သွယ်၍ စာမေးနိုင်ပါသည်။

🔴သင်တန်းတက်ရောက်သည်မှ (2) နှစ်တာကာလအထိ Google Classroom ထဲမှာ ဆက်လက်လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။

🔴(2) နှစ်ပြည့်တိုင်း ခေတ်အခြေအနေအပေါ်လိုက်၍ ဂျပန်စာသင်ရိုးအဆင့်မြှင့်တင်ရခြင်း၊ စာအုပ်အသစ်ပြောင်းခြင်း၊ တိုးခြင်းများပြုလုပ်ပြီး Update ပြုလုပ်မည်ဖြစ်ပါသောကြောင့် Course အပြောင်းအလဲများရှိပါသဖြင့် သတ်မှတ်ကာလအား ထားရှိရခြင်းဖြစ်ပါသည်။

🟢 နိုင်ငံတကာအဆင့်မှီ Google Classroom မှ စနစ်တကျသင်ကြားပေးခြင်း ဖြစ်သောကြောင့် Google Drive တွင် Data များထိန်းသိမ်းရခြင်း၊ ဖိုင်များလျှင်များသလို Data Space အခက်အခဲများရှိပါသဖြင့် ဝယ်ယူရသည့်ကုန်ကျစရိတ်များများပြားခြင်းတို့ကြောင့် Life Time မပေးနိုင်ခြင်း၊ ပြောင်းလဲလာသည့်ခေတ်နှင့်အညီ Course များကို အဆင့်မြှင့်တင်ရခြင်းကြောင့် သင်ကြားပုံနည်းစနစ်များ သင်ရိုးများ အပြောင်းအလဲများ ပြုလုပ်ရပါသောကြောင့် ဖိုင်အဟောင်းများကို ပြန်လည်အသုံးမပြုတော့ဘဲ ဖိုင်အသစ်များဖြင့် အစားထိုးခြင်းတို့ အမြဲမပြတ်ပြုလုပ်နေပါသဖြင့် Life Time မပေးနိုင်ခြင်းအပေါ်မှာ နားလည်ခွင့်လွတ်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⭐️ ပညာသင်ဆုအစီအစဉ်အဖြစ် N1 မှ N4 အထိ (10) ဦးကို သင်တန်းကြေး ၁၀၀ ရာခိုင်နှုန်းသက်သာခွင့်နှင့် ပညာသင်ဆုပေးအပ်သွားမှာဖြစ်ပါတယ်။

🔴ပညာသင်ဆုလျှောက်ထားရာတွင်သတိပြုရမည့်အချက်များ

🟢 ပညာသင်ဆုလျှောက်ထားရခြင်းရည်ရွယ်ချက်ကို သေသေချာချာရေးပေးကြရန်လိုအပ်ပါသည်။ ဖြစ်သလိုရေးသားခြင်း၊ ဘာမှရေးသားထားခြင်းမရှိသူများကို ရွေးချယ်၍မရနိုင်ပါ။

⭐️ပညာသင်ဆုကို မေလ (၁၅) ရက်နေ့အထိနောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။

🟢မေလ (၁၆) ရက်နေ့မှာ Scholarship ရရှိသူများစာရင်းကိုကြေငြာပေးသွားမှာဖြစ်ပါတယ်။

⭐️ပညာသင်ဆုရယူဖို့အတွက်⭐️

🍀N1 ဆိုရင်


🍀N2 ဆိုရင်


🍀N3 ဆိုရင်


🍀N4 ဆိုရင်


လို့ရေးပြီး အောက်ပါ Link ထဲမှ မိမိလျှောက်ထားမည့် ဂျပန်စာ Level အတွက် ဖောင်ဖြည့်ပေးပါ။

🍀N1 2026 Kason Scholarship

https://forms.gle/nRVuZQWVq63Mp5BW7

🍀N2 2026 Kason Scholarship

https://forms.gle/1j9KLCWdorsvRaEP7

🍀N3 2026 Kason Scholarship

https://forms.gle/HtRU2aYh8eFBcCL86

🔴၂၀၂၆ ခုနှစ်မှစ၍ အောက်ပါ စည်းမျဉ်းစည်းကမ်းအချက်အလက်များနှင့် ကိုက်ညီမှုမရှိပါက ပညာသင်ဆုရွေးချယ်ပေးနိုင်မည်မဟုတ်ပါသဖြင့် အထူးဂရုပြုပေးကြစေလိုပါသည်။

(1) TIME STUDY Page ရဲ့ Top Fan ဖြစ်ရပါမယ်။

(2) ဂျပန်စာသင်ကြားနေကြတဲ့ မိမိသူငယ်ချင်းအနဲဆုံး (၃) ဦး ကို Mention ခေါ်၊ Public ဖွင့်ပြီး(Only Me မရပါ။) ယခု Post ကို Share ထားတဲ့ Screen Shot ကို Comment Box ကနေ မန့်ပေးရမှာဖြစ်ပါတယ်။ ဆုရွေးချယ်ချိန်မှာ Share ထားသည့်ပို့စ်ကိုမတွေ့ပါက ပညာသင် ဆုရရှိနိုင်မည်မဟုတ်ပါ။

(3) Comment တွေထဲကနေပဲ ပညာသင်ဆုပေးမယ့် စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီမယ့်သူကို ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

(4) ပညာသင်ဆုရယူရန် တစ်ဦးလျှင်တစ်တန်း ဖော်ပြထားသော Google Form များဖြည့်ပြီးလျှောက်ထားနိုင်ပါတယ်။

(5) လျှောက်ထားသူ၏ Facebook Account သည် မည်သူမည်ဝါမှန်းမသိရှိရသော Fake Account မဖြစ်ရပါ။

🔴အထက်ပါအချက်အလက်များနှင့်ကိုက်ညီသော်လည်း Scholarship လျှောက်ထားရာတွင် သေချာစွာလျှောက်ထားခြင်းမရှိဘဲ ဖြစ်ကတက်ဆန်းလျှောက်ထားပါက လျှောက်လွာအပယ်ခံရနိုင်ပါသဖြင့် သတိပြုပေးကြစေလိုပါသည်။

⭐️သင်တန်းအပ်နှံထားသူများထဲမှ Scholarship ရရှိသူများပါဝင်နေပါက သင်တန်းကြေးပြန်လည်ပေးအပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။

⭐️Regular Class များကိုသာ ပညာသင်ဆုပေးအပ်သွားမှာဖြစ်ပါတယ်ရှင်။

⭐️TIME STUDY Online Class ဆိုတာ ⭐️

⭐️သင်တန်းကျောင်းဖွင့်လှစ်သည်မှ Online Class မှ N1 အောင်မြင်သူ (60) ဦးအပါအဝင် မြန်မာနိုင်ငံမှာ N1 အောင်မြင်သူအများဆုံးသင်တန်းကျောင်းဖြစ်ပြီး JLPT , Nat - Test , J Test စသည့်စာမေးပွဲများကို အပြင်သင်တန်းအပါအဝင် စာမေးပွဲအောင်မြင်သူပေါင်း N5 မှ N1 အထိ အယောက် တစ်ထောင့်နှစ်ရာ ကျော်ရှိပါပြီ။

⭐️သင်ကြားပေးမည့်ပုံစံ⭐️

Google Classroom မှ ရုပ်သံကြည်လင်ပြတ်သားသောသင်ခန်းစာ Video ဖိုင်များဖြင့်စနစ်တကျသင်ကြားပေးသွားမှာဖြစ်ပြီး Google Form များဖြင့် ဘာသာရပ်အလိုက်လေ့ကျင့်ခန်းများဖြေဆိုခြင်း၊ စာမေးပွဲများဖြေဆိုခြင်း၊ JLPT Practice လေ့ကျင့်ခန်းများဖြေဆိုခြင်းတို့နှင့်အတူ JLPT စာမေးပွဲအား ရမှတ်ကောင်းများဖြင့်အောင်မြင်အောင် တစ်ဦးချင်းကိုထိရောက်စွာလေ့ကျင့်သင်ကြားပေးလျှက်ရှိပါတယ်။

🟢 အလုပ်၊ ကျောင်းမိတ်ဆက်ပေးပါတယ်။

⭐️ သင်တန်းစတင်မည့်နေ့⭐️

2026 ခုနှစ် ‌‌ မေလ(၁၈) ရက်နေ့ (တနလ်ာနေ့)

⭐️သင်တန်းပြီးဆုံးမည့်နေ့⭐️

2026 ခုနှစ် December (4) ရက်နေ့ (သောကြာနေ့)

⭐️သင်တန်းကာလ ⭐️

(6.5) Months

⭐️သင်ကြားမည့်နေ့ရက်⭐️

တနလ်ာမှ သောကြာနေ့အထိတစ်ပတ် (၅) ရက် မနက် (၁) နာရီတွင် ထိုနေ့တစ်နေ့တာလေ့လာရမည့်စာများ ရောက်ရှိလာမည်ဖြစ်ပါသည်။
(စနေ၊ တနဂ်နွေသည် နားရက်ဖြစ်ပါသည်)

⭐️JLPT စာမေးပွဲဖြေရန်နှစ်လအလိုတွင်သာ JLPT Practice Course အား စတင်မည်ဖြစ်ပါသည်။

🟢သင်တန်းကြေးအရစ်ကျခွဲသွင်းနိုင်ပါသည်

🔴သင်တန်းအပ်နှံသူများပြားတဲ့အတွက် အချိန်မှီစာအုပ်ရောက်ရှိနိုင်ဖို့ စောစီးစွာသင်တန်းအပ်နှံထားကြဖို့တော့လိုအပ်ပါမယ်။

🔵ဂျပန်နိုင်ငံမှတက်ရောက်မည့်သူများအနေဖြင့် ဂျပန်နိုင်ငံရှိ UFJ နှင့် Yuucho စာတိုက်ဘဏ်သို့ တိုက်ရိုက်လွှဲနိုင်ပါသည်။

🟠မြန်မာနိုင်ငံမှတက်ရောက်မည့်သူများအနေဖြင့် CB Pay, KBZ, AYA ဘဏ်နှင့် Wave Money မှ သင်တန်းကြေးလွဲ၍ ကျောင်းအပ်နှံနိုင်ပါသည်။

🟣သင်တန်းကြေးနှင့်သိလိုသည်များအပြင် ရှင်းပြပေးရန်လိုအပ်သည်များလည်းရှိသောကြောင့် Messenger Box တွင် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသည်။

🔴ဆက်သွယ်ရန် 🔴

☎️Ph: 09-972-757-762 (ရုံးချိန်အတွင်းသာ)

📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚

⭐️TIME STUDY JAPANESE EDUCATION
CENTER (1) ⭐️

တိုက်(၁)၊အခန်း(၁၀၉)၊ ပထမထပ်၊ (၉)ရပ်ကွက်၊ ရွေဝါမြိုင်အိမ်ယာ၊ အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့

⭐️TIME STUDY JAPANESE EDUCATION
CENTER (2) ⭐️

တိုက်(၁) ၊ အခန်း(၁၀၄)၊ ပထမထပ်၊ (၉)ရပ်ကွက်၊ ရွေဝါမြိုင်အိမ်ယာ၊ အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့

⭐️TIME STUDY JAPANESE EDUCATION
CENTER (3) ⭐️

တိုက်(၄၃) ၊ အခန်း(၈) ၊ ပထမထပ်၊ (၉)ရပ်ကွက်၊အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့

⭐️TIME STUDY JAPANESE EDUCATION
CENTER (4) ⭐️

တိုက်(၄၃) ၊ အခန်း (6) ၊ ပထမထပ်၊ (၉)ရပ်ကွက်၊အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့

⭐️TIME STUDY JAPANESE EDUCATION
CENTER(5) ⭐️

တိုက်(၄၃) ၊ အခန်း ( 11,12 ) ၊ ဒုတိယထပ်၊ (၉)ရပ်ကွက်၊အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့

☎️09-972 757 762
☎️09-441-188 -991

📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚





Photos from TIME STUDY Japanese Education Center's post 17/04/2026

TIME STUDY မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၏ နှစ်သစ်ကူးဖြတ်သန်းခြင်းပုံရိပ်များ
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰

သကြ်န်မကျမီ Hot Pot King မှာ Hot Pot စား။

ရုံးမပိတ်မီ သင်တန်းကျောင်းများ ၆ ခုလုံးကို သန့်ရှင်းရေးလုပ်။

နှစ်ဆန်းတစ်ရက်နေ့ TIME STUDY Book Center မှာ မုန့်လုံးရေပေါ်အလှူလုပ်၊ ဝန်ထမ်းများအားလုံးနှစ်သစ်ကူးမုန့်ဖိုးရ၊ အဆောင်သူများလည်း လာစားတဲ့သူမုန့်ဖိုးရ။

အဲသည်အထဲမှာမှ သမီးက ကံမကောင်းတတ်ဘူးဆိုပေမယ့် ကံစမ်းမဲ (၅) သိန်းကျပ်ပေါက်သွားသူလေးက ပြီးခဲ့တဲ့လကမှ အလုပ်စဝင်တဲ့ သင်ကြားရေးအတွက် ဝန်ထမ်းအသစ်ကလေး မပပဝင်း။

TIME STUDY မှာ အတူလက်တွဲပြီး ကြိုးစားရုန်းကန်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများ ၊ ဌာနအသီးသီးမှ ဝန်ထမ်းများအားလုံး အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

ဂျပန်ကိုရောက်သွားပေမယ့် TIME STUDY ရဲ့ အလှူမှာထည့်ဝင်ပေးတဲ့ ဆရာမ ဆုလဲ့ဝေကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

နောင်လာမယ့် နှစ်သစ်များမှာလည်း အခုလို အားလုံး စည်းစည်းလုံးလုံးပျော်ပျော်ရွင်ရွင်ဖြင့် လုပ်ငန်းများကို အောင်မြင်စွာရွက်ဆောင်ရင်း ဖြတ်သန်းသွားနိုင်ကြဖို့ကိုလည်း မျှော်လင့်ပါတယ်။

နှစ်ဆန်းတစ်ရက်နေ့မှာ အားလုံးအတူတူ
လှူကြစားကြပျော်ကြရွင်ကြရသလို တစ်နှစ်တာပတ်လုံး ပျော်ရွင်ချမ်းမြေ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗

နှစ်သစ်မှာအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေ🙏😃🤗

10/04/2026

Work Visa အတွက် N2 အောင်ဖို့မအောင်ဖို့ဆိုတဲ့အချက်က အသာထားဦး။

နောက်ထပ်အိမ်မက်ဆိုးတစ်ခုက ကျွန်မ
Work Visa နှင့် ဆယ်နှစ်ကျော်ကြာလာခဲ့တဲ့ကာလအတွင်းမှာ သည်နှစ်မှာမှ လဝကက ဘွဲ့လက်မှတ် ထပ်ပြပေးပါဆိုပြီးတောင်းလာခဲ့တဲ့ ကျွန်မရဲ့ ကိုယ်တွေ့ကိုမျှဝေပေးချင်ပါတယ်။

ကျွန်မက ဘွဲ့နှစ်ခုရထားတဲ့သူမို့ ဘွဲ့လက်မှတ်နှစ်ခုလုံးပို့ပေးလိုက်ပါတယ်။ ကိုယ့်မှာဘာလိုအပ်ချက်မှရှိမနေတာမို့ စိတ်မပူပေမယ့် ဘွဲ့လက်မှတ်အတုနဲ့လည်း Work Visa ရပါတယ်ဆိုတဲ့သူများ တချိန်ချိန်မှာ အခုလိုတောင်းလာခဲ့သည်ရှိသော် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြိုတင်စဉ်းစားထားသင့်တယ်လို့ထင်ပါတယ်။

အမှန်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းသွားနေရင် ဘာပြဿနာမှရှိမှာမဟုတ်ပေမယ့် လက်တစ်လုံးခြားလှည့်စားမှုတွေကြောင့် Work Visa တွေလည်း ပြဿနာတွေပေါင်းစုံနှင့် ထိခိုက်နစ်နာမှုတွေဖြစ်လာကြတဲ့အတွက် စည်းကမ်းတကျဖြစ်အောင် အခုလိုသတ်မှတ်လိုက်ကြတာလို့ထင်ပါတယ်။

Tokutei စားသောက်ဆိုင်ကိစ္စပြီးတော့ အခု Work Visa ကိစ္စ၊ နောက်ထပ်နောက်ထပ် နေရာအသီးသီးမှာလည်း ကန့်သတ်မှုတွေ တင်းကြပ်မှုတွေဖြစ်မလာနိုင်ဘူးလို့ပြောလို့မရပါဘူး။ အဲသည်အတွက် ကြိုတင်ပြင်ဆင်ထားတာကတော့ အကောင်းဆုံးပါပဲ။

အခုဆိုရင် N2 အောင်လက်မှတ်လိုအပ်တဲ့ ကုမ္ပဏီ မလိုအပ်တဲ့ကုမ္ပဏီဆိုပြီး ကုမ္ပဏီ Category အမျိုးအစားတွေခွဲခြားပြထားတာတွေ့ရပါတယ်။

သည်နေရာမှာတစ်ခုတွေးစရာရှိတာက ကိုယ်လျှောက်မယ့်ကုမ္ပဏီက အမြင့်လိုင်းမှာဖြစ်နေရင် အင်တာဗျူးဝင်ကတည်းက ကိုယ့်ဆီက မြင့်မားတဲ့ဂျပန်စာအရည်အချင်းလို၊ အောင်လက်မှတ်အရည်အချင်းလိုမျိုးကတော့ လိုကိုလိုအပ်မှာပါ။

တချို့ဆိုရင် ဂျပန်တက္ကသိုလ်ဆင်းတွေ N1 အောင်တွေလျှောက်ကြတာနော်။ သည်လိုကုမ္ပဏီမျိုးမှာ လစာကောင်းကောင်း အကျိုးခံစားခွင့်ကောင်းကောင်းတွေရရှိဖို့ဆိုရင် ကိုယ်ပိုင်အရည်အချင်းကောင်းကောင်းတွေမရှိဘဲနဲ့တော့ ရနိုင်မှာမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ သည်လိုကုမ္ပဏီမျိုးမှာ အလုပ်လိုချင်သူတွေကလည်းပိုများနေမှာဖြစ်ပြီး လိုအပ်တဲ့အရည်အချင်းနှင့် ယှဉ်ပြိုင်မှုတွေကလည်း ပိုပြီးပြင်းထန်နေမှာဖြစ်ပါတယ်။

ဒါက ပထမအချက်။

ကုမ္ပဏီကောင်းလေလေ အလုပ်ကောင်းကောင်းလုပ်ရလေလေ ကိုယ့်ကိုကိုယ် သည်လိုကုမ္ပဏီကောင်းကောင်းမှာ ရေရှည်ရပ်တည်နိုင်ဖို့ ကိုယ့်ရဲ့အရည်အချင်းကို မြှင့်တင်ရလေလေဖြစ်ရမှာဖြစ်လို့ ဂျပန်စာ N4, N3 လောက်နဲ့ကတော့ လုပ်ငန်းခွင်ထဲမှာ Communication ကောင်းကောင်းလုပ်နိုင်တဲ့ အရည်အချင်းမျိုးမဟုတ်တဲ့အတွက် ကံကောင်းလို့ အလုပ်တော့ရရင်ရလိမ့်မယ်။

ရာထူး၊ လစာ၊ နေရာကောင်းကောင်းမျှော်လင့်လို့ရနိုင်မှာမဟုတ်ပါဘူး။ အဂ်လိပ်စာနှင့် ဆက်သွယ်ပြောဆိုလို့ရပြီး အဂ်လိပ်စာ
ကောင်းနေရင်တော့ တစ်မျိုးပေါ့လေ။

တချို့ကုမ္ပဏီကြီးတွေမှာဆိုရင် N1 အောင်လောက်မှ ကောင်းကောင်းအလုပ်လုပ်လို့ရတာမျိုးရှိပါတယ်။ တကယ်ဆို N2 ဆိုတာကြားကောင်းရုံလောက်ပဲရှိတာပါ။ N1 လောက်အထိမှ တတ်မထားရင် တစ်ချို့နေရာတွေမှာ ကိုယ်လိုက်လို့ မမှီနိုင်တာမျိုးရှိပါတယ်။

အလုပ်ရရုံလောက်ပါပဲ။ ဘယ်နေရာမှာလုပ်ရလုပ်ရပြီးရော။ ရေရှည်တွေ၊ လစာတိုးဖို့တွေဘာတွေမတွေးဘူးဆိုရင်တော့လည်း N3 Level လောက်နဲ့ ကျေနပ်နေလိုက်လို့ရပါတယ်။

သူများတွေလစာအများကြီးရနေမှ ငါ့ကျမှဘာဖြစ်လို့ လစာသည်လောက်ပဲရရတာလဲလို့တော့ မပြောနဲ့ပေါ့နော်။

ကျွန်မဆီက အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဆိုရင် အလုပ်အင်တာဗျူးအောင်တုန်းက N3 ဒါပေမယ့် တစ်နှစ်အတွင်း N2 အောင်အောင်ကြိုးစားပေးရမယ်ဆိုလို့ ကြိုးစားလိုက်တာ N2 အောင်သွားတော့ လစာယန်း ၃ သောင်းလောက်ကွာသွားပြီး N1 အောင်သွားရင်လစာထပ်တိုးပေးမယ်ပြောတာပါ။ ဂျပန်မှာ Top 1 To 5 ထဲပါတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်ပါတယ်။

ဆိုလိုချင်တာက ဂျပန်စာ N2 အောင်ဖို့ ပုံမှန်စာလုပ်ရင် အများဆုံး ၆ လ။ စာတစ်ခုထဲကို အချိန်ပေးပြီး အာရုံစိုက်ပြီးလုပ်နိုင်ရင် တစ်ချို့ဆို (၃) လ လောက်နဲ့စာမေးပွဲအောင်ကြပါတယ်။ဂျပန်မှာနေတဲ့သူဆိုရင် တစ်လလောက်စာကောင်းကောင်းဖိလုပ်လိုက်တာနဲ့ကို အခြေခံကောင်းပါလာရင် N2 အောင်ပါတယ်။

TIME STUDY မှာက N5 ကနေ N2 အထိ တစ်နှစ်ခွဲအချိန်ပေးပြီး ပုံမှန်တဆင့်ပြီးတဆင့်ကြိုးစားသွားနိုင်ရင် N2 အောင်ပါတယ်။ တချို့ဆိုရင် ၂ နှစ်ဆိုရင် N1 အောင်ပါပြီ။

အင်ဂျင်နီယာဆိုရင် နှစ်တွေမှအကြာကြီးကျောင်းတက်ရသေး၊ စာတွေကခက်သေးတာ ဂျပန်စာ N2 အောင်အောင်ဖြေဖို့ဆို အဲသည်လောက်အထိ ခက်ခဲနေတဲ့အနေအထားမျိုးမှာ မရှိဘူးလို့ ကျွန်မကတော့ ထင်မြင်ယူဆပါတယ်။

ဒါကြောင့် လိုအပ်ခြင်းမလိုအပ်ခြင်းကို ပြောနေကြမယ့်အစား အချိန်တစ်ခုပေးပြီး သည် N2 အောင်လက်မှတ်လေးယူထားလိုက်တာက ကိုယ့်အတွက်ပိုပြီးအကျိုးရှိစေမှာမဟုတ်ဘူးလား။

နောက်ထပ်အရေးကြီးတဲ့အချက်က ကျွန်မကိုယ်တိုင်ဂျပန်ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့သူတစ်ဦးဖြစ်ပြီး ဂျပန်စာသင်ကြားပေးနေတဲ့ ဆရာမတစ်ဦးလည်းဖြစ်တဲ့အတွက် Level တစ်ခုချင်းစီရဲ့ အတိမ်အနက်နှင့် လက်တွေ့အသုံးချနိုင်မှုပြဿနာကို ကောင်းစွာသိရှိထားပါတယ်။

N3 Level သည် ဂျပန်လုပ်ငန်းခွင်မှာ အလုပ်လုပ်လို့ရတဲ့ Level မျိုးဖြစ်သော်လည်း ပြဿနာဖြေရှင်းရတဲ့အခါ၊ အစည်းအဝေးမှာ သူတင်ကိုယ်တင်ပြောရတဲ့အခါ၊ ချေပပြောဆိုရတဲ့အခါ၊ အရေးကြီးတဲ့မြင့်မားတဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေကို ကိုင်တွယ်လုပ်ဆောင်ရတဲ့အခါ၊ တာဝန်ခံရတဲ့အခါ N3 Level နဲ့ မနိုင်ပါဘူး။

ဒါကြောင့် အနာဂတ်မှာ ဘယ်လိုပေါ်လစီပြောင်းပြောင်း ဘယ်လိုထုတ်ပြန်မှုတွေပဲထွက်လာထွက်လာ ဂျပန်စာ Level ကို N2 အောင်အထိသာလုပ်ထားလိုက်ရင် ကိုယ့်ရဲ့အရည်အချင်းလည်း မြှင့်တင်ပြီးသားဖြစ် ဘာအကြောင်းကြောင့်မှလည်း စိတ်ပူစရာမလိုတော့သလို လုပ်ငန်းခွင်ထဲမှာလည်း ပိုပြီးအဆင်ပြေပြေနဲ့ဆက်သွယ်ပြောဆို လုပ်ကိုင်လာနိုင်မှာဖြစ်လို့ ကြိုးစားထားလိုက်တာက ပိုမကောင်းပေဘူးလားလို့ ကျွန်မကတော့တွေးမိပါတယ်။

Photos from TIME STUDY Japanese Education Center's post 10/04/2026

TIME STUDY မှ N3, N4, N5 Nat Test စာမေးပွဲအောင်မြင်သူ စုစုပေါင်း (၆၃) ဦးရဲ့ အောင်စာရင်းဖြစ်ပါတယ်။

皆さん、おめでとうございます🎊🎊

JLPT မှာ N3, N4 မှာ တစ်မှတ်နှစ်မှတ်နှင့်ကပ်ကျခဲ့တဲ့ ကလေးတွေကို Nat Test ဝင်ဖြေခိုင်းလိုက်တာ အောင်ကုန်ပါပြီ💪

N5 ကတော့ မဖြေလည်းရတယ်လို့တွေးကြပေမယ့် TIME STUDY မှာက တစ်တန်းစာတစ်တန်းစာကြေမကြေအရည်အချင်းအစစ်အမှန်ကို စစ်ဆေးနိုင်ကြဖို့ဖြေခိုင်းရခြင်းဖြစ်ပါတယ်။

ကျောင်းသားဆိုတာမျိုးက စာမေးပွဲရှိမှ စာကျက်ကြတာ။ စာမေးပွဲမဖြေရင် N5 ကို သည်လိုနဲ့ပဲဖြတ်ကျော်သွားတဲ့အခါ အခြေခံမှာစာမကြေခဲ့ရင် နောက် Level တွေမှာ အခက်အခဲဖြစ်ကြတာမျိုး မဖြစ်ကြစေဖို့အတွက်ပါ။

တချို့ဆို ကျောင်းလျှောက်တာ N5 အောင်လက်မှတ်လေးရှိလို့ကံကောင်းသွားတယ်ဆိုတဲ့ဖြစ်စဉ်မျိုးလည်းရှိပါတယ်။

တချို့ဆို နောက်မှဖြေမယ်ဆိုပြီး နေလာလိုက်တာ N3 , N2 သာရောက်လာတယ် တခုခုလျှောက်မယ် လုပ်မယ်လည်းဆိုရော ဘာအောင်လက်မှတ်မှမရှိတော့ ဘာမှလုပ်မရ။

TIME STUDY မှာက ဂျပန်စာကို ကိုယ့်ဘာသာကြိုးစားချင်သည်ဖြစ်စေ မကြိုးစားချင်သည်ဖြစ်စေ အမြဲတမ်း ဂျပန်စာအရည်အချင်းတွေတိုးတက်နေစေဖို့ လေ့ကျင့်သင်ကြားပေးပြီး စာမေးပွဲအောင်လက်မှတ်တွေလည်း ရနိုင်သမျှအကုန်ယူထားကြရအောင် အမြဲတိုက်တွန်းအားပေးပါတယ်။

စာမေးပွဲဖောင်တွေဆိုရင်လည်း လိုလေသေးမရှိအကုန်တင်ပေးပါတယ်။

မိမိဘာသာဖောင်တင်ကြတဲ့ကလေးတွေလည်း စာမေးပွဲအောင်မြင်ကြောင်း သတ
င်းပို့တဲ့အခါ ထပ်ဖြည့်ပေးသွားမှာဖြစ်ပါတယ်။

N3 အောင်Nat Test ပဲဖြစ်ဖြစ် JLPT ပဲဖြစ်ဖြစ် အလုပ်အင်တာဗျူးမှာ လက်ခံပေးရင် ကိုယ့်အတွက်အမြတ်ပဲမဟုတ်ဘူးလား။

အင်တာဗျူးမှာ N4 အောင်နှင့် N3 အောင်ကလည်း ခွဲခြားသတ်မှတ်ခံရသေးတာကိုး။ တချို့ဆို N4 ဆို အင်တာဗျူးအတွက် ဖောင်တင်
ကတည်းက ပယ်ချပစ်တာမျိုးနော်။

ဒါကြောင့် အင်တာဗျူးမြန်မြန်ထည့်ပေးချင်တဲ့အတွက် စာမေးပွဲတွေ ရသမျှဖြေခိုင်းနေရတာဖြစ်ပါတယ်။

N3 အောင်ထားတဲ့ကလေးတွေ သကြ်န်ပြီးတဲ့အခါ အင်တာဗျူးဝင်နိုင်အောင် သေချာလေ့ကျင့်ထားကြပါနော်။

09/04/2026

💦 TIME STUDY JLEC ၏ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက် အသိပေးကြေညာခြင်း 💦

ကျောင်းသားကျောင်းသူများအားလုံး မဂ်လာပါရှင် 🙏✨

TIME STUDY JLEC Office ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့မှ ဧပြီလ (၁၆) ရက်နေ့အထိ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ ရုံးပိတ်ရက်အဖြစ် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေး ကြေညာအပ်ပါတယ်ရှင် 📅

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ (သောကြာနေ့) မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

သင်္ကြန်ပိတ်ရက်အတွင်း သင်တန်းကိစ္စများနှင့် ပတ်သက်၍ သိရှိလိုသည်များနှင့်စုံစမ်းမေးမြန်းမှုများကို Page Messenger မှတစ်ဆင့် မေးမြန်းချန်ထားခဲ့နိုင်ပြီး ရုံးပြန်လည်ဖွင့်လှစ်မည့် ဧပြီလ (၁၇) ရက်နေ့တွင် အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်ရှင်။

မြန်မာ့နှစ်သစ်ကူး အတာသကြ်န်အခါသမယမှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဖြေဆိုသမျှစာမေးပွဲတိုင်းအောင်မြင်ကြပြီး၊ အင်တာဗျူးများလည်း အမြန်အောင်မြင်ကြပြီး၊ မိမိတို့ရည်မှန်းချက်ပန်းတိုင်များဆီသို့ အရောက်လှမ်းနိုင်ကြပြီး နှစ်သစ်မှာ ကောင်းခြင်းမင်္ဂလာများစွာနဲ့ ပြည့်စုံပါစေကြောင်း TIME STUDY JLEC မှ ဆု
မွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

Photos from TIME STUDY Japanese Education Center's post 09/04/2026

TIME STUDY မှ ကျောင်းသားကျောင်းသူများအတွက် ဆရာမကိုယ်တိုင် မတ်လမှာ ဂျပန်ကိုရောက်နေတုန်း ဂျပန်ကစာအုပ်ဆိုင်မှာ စိတ်ကြိုက်စာအုပ်တွေရွေးချယ်ဝယ်ယူခဲ့ပါတယ်။

အမြဲ Update ဖြစ်တဲ့ အသစ်အသစ်သောစာအုပ်တွေနဲ့မှ သင်ပေးချင်တဲ့အတွက် နှစ်စဉ်နှစ်တိုင်း စာအုပ်အသစ်များကို ဆရာမကိုယ်တိုင် ဂျပန်မှာစိတ်ကြိုက်ဝယ်ယူလေ့ရှိပါတယ်။

သကြ်န်ပိတ်ရက်မတိုင်ခင်မှာ အင်တာဗျူးတွေများစွာ ဝင်နိုင်အောင်ကြိုးစားပေးခဲ့တဲ့ ဂျပန်အေဂျင်စီကိုလည်း ကျေးဇူးတင်ပါတယ်။

မြန်မာအဝင်မှာ ကီလိုအပိုဝယ်မရတော့လို့ စာအုပ်တွေ ကူသယ်လာပေးမယ့်အတွက်လည်းကျေးဇူးအထူးတင်ပါတယ်ရှင်။

မေလမှာ TIME STUDY မှ ကျောင်းသားကျောင်းသူများနှင့် တွေ့ဖို့လာကြမှာဖြစ်လို့
ပျော်ရွင်စွာဖြင့်စောင့်ကြိုနေကြပါတယ်🤗

Photos from TIME STUDY Japanese Education Center's post 09/04/2026

March (4) မှာ အင်တာဗျူးဖြေခဲ့ကြတဲ့အချိန်တုန်းက ကုမ္ပဏီက အကြောင်းကြောင်းကြောင့် (၃) ယောက်လုံးကို မရွေးဖြစ်ခဲ့ဘူးဆိုလို့ စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် မကြာခင်မှာ
Nan Thi Thi Ko က နောက်ထပ်အင်တာဗျူးတစ်ခုမှာ အောင်သွားပြီး တစ်လလောက်ကြာမှ By Name နဲ့ အင်တာဗျူးအောင်သွားပြီလား မအောင်သေးရင် အလုပ်ခေါ်ချင်ပါတယ်ဆိုပြီး တကျော့ပြန် အလုပ်ခေါ်ယူသွားတဲ့ သမီး

Mya Thin Swe

おめでとうございます🎉

တစ်ရာမှာတစ်ယောက် ထူးခြားဖြစ်စဉ်မျိုးနှင့် အင်တာဗျူးအောင်မြင်သွားလို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

သည် (၃) ယောက်တွဲက အင်တာဗျူးဖြေပြီး အလုပ်ရှင်ဘက်က Cancel ခံရတာချည်းဘဲနဲ့ နှစ်ခါလောက်ခံနေရတော့ လူစုခွဲမှဖြစ်တော့မယ်ပြောနေခဲ့တာ အခုတော့ (၂) ယောက်က အင်တာဗျူးအောင်သွားပြီဖြစ်လို့ ကျန်တဲ့သမီးတစ်ယောက်ကလည်း N1 တက်နေသူဖြစ်လို့ နောက်တစ်ခေါက်အင်တာဗျူးမှာအစွမ်းကုန်ကြိုးစားပြီး အမြန်ဆုံးအင်တာဗျူး အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။



09/04/2026

March (31) ရက်နေ့မှာ Tokutei စားသောက်ကုန်ထုတ် ဖြေဆိုခဲ့တဲ့ TIME STUDY မှ ကျောင်းသူလေး။

လွန်ခဲ့တဲ့ (၃) နှစ်ကျော်လောက်က Tokutei စားသောက်ကုန်ထုတ်အလုပ်ကို TIME STUDY မှ (၄) ဦးမိတ်ဆက်ပေးခဲ့တာ အဲသည်ကုမ္ပဏီမှာ အခုထိဆက်လုပ်နေကြပြီး အလုပ်အရမ်းကြိုးစားကြလို့ သူတို့နှင့် သူငယ်ချင်းကျန်သေးလားမေးရာမှ အဲသည်အသုတ်တွေက အားလုံးဂျပန်ရောက်ကုန်ကြပြီဖြစ်ပေမယ့် TIME STUDY က ပဲထပ်ရှာပေးပါဆိုလို့ ပို့ပေးလိုက်တာ စာစကားကောင်းကောင်းရပေမယ့် ဂျပန်မှာရောက်နေတဲ့ သူတို့သူငယ်ချင်းကိုပဲ ရွေးသွားလိုက်လို့ ကျန်ခဲ့ပေမယ့် သမီးရဲ့ အရည်အချင်းနဲ့ဆိုရင် နောက်တစ်ခေါက်ဆို သေချာပေါက်အောင်ပြီမို့ သကြ်န်ပြီးတာနဲ့ အင်တာဗျူးအမြန်ထည့်ပေးမှာမို့ ဆက်ကြိုးစားထားပါနော်💪

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Center(1)Building(1R), Room(109), 1st Floor, 9 Quarter, Insein Road, Hlaing Township. , , Center(2)Building(1R), Room(104), 1st Floor, 9 Quarter, Insein Road, Hlaing Township. , , Center(3)Building(43
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30