TIME STUDY Japanese Education Center

TIME STUDY Japanese Education Center Japanese Language Teaching N5 To N1 level, JLPT Practice, Japanese Business Manner , Speaking with Native Speaker, Preparation Course for Study In Japan.

(July-18) ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့ N2 Special & Regular Class ⭐️⭐️⭐️⭐️⭐️⭐️⭐️တက်ရောက်သူစုစုပေါင်း (၁၂၅) ဦး။ အစောကတည်းက လူ...
21/07/2026

(July-18) ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့ N2 Special & Regular Class ⭐️⭐️⭐️⭐️⭐️⭐️⭐️

တက်ရောက်သူစုစုပေါင်း (၁၂၅) ဦး။ အစောကတည်းက လူပြည့်သွားတဲ့အတွက် လူပြည့်သွားပါပြီလို့ ကြေငြာပြီး (၁၁၀) ဦးနှင့် စာရင်းပိတ်ခဲ့သော်လည်း တစ်ယောက်ကလေးလက်ခံပေးလို့မရနိုင်တော့ဘူးလားဆိုတာလိုမျိုး၊ TIME STUDY မှာပဲ တက်ချင်လို့ပါဆိုလို့ ငြင်းလို့မရလိုက်နဲ့ စာရင်းချုပ်
လိုက်တော့ (၁၂၅) ဦး။

ဒါ့အပြင် တစ်ရက်ထဲမှာပဲ N3 PM အတန်းပြီးတော့ N2 အတန်းကိုပါ ဆက်တက်ဦးမယ်ဆိုသူများလည်းရှိကြပြီး အရင်ကဆို N3, N2, N1 အစဉ်လိုက်ဖွင့်ပေးထားတဲ့အတန်းမှာ အချိန်က တစ်ချိန်ပြီးတစ်ချိန်ဆက်တိုက်ဆက်လို့ရတော့ တပြိုင်တည်း N3, N2, N1 ကို တက်ကြတဲ့သူတွေလည်းရှိပါတယ်။

TIME STUDY မှ TIME STUDY ဆိုပြီး တကူးတကရွေးချယ်ပေးခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙇💝

TIME STUDY မှ ကျောင်းအုပ်ကိုယ်တိုင် တစ်နေ့တည်းဖွင့်လှစ်ခဲ့တဲ့ အတန်း (၃) တန်းလုံးကို မမောနိုင်မပန်းနိုင် ခန်းဂျိရဲ့ Bushu အစိတ်အပိုင်းများကိုရှင်းပြခြင်းနှင့် လက်တွေ့ရေးဆွဲပြပြီး စနစ်တကျသင်ကြားပေးခဲ့ပါတယ်။

TIME STUDY ရဲ့ N2 အတန်းမှာက ခန်းဂျိစာအုပ်မှာ စုစုပေါင်း (၇၉) ခန်းသင်ယူကြရမှာဖြစ်ပြီး ပုံမှန်သင်ယူကြရတဲ့ ခန်းဂျိဖတ်စာအုပ်တွေထက် ၂ ဆပိုပြီး သင်ယူကြရပြီးသင်ခန်းစာ (၇၉) ခန်းလုံးပြီးစီးအောင် အိမ်စာထပ်သူများအားလုံးကို နှစ်စဉ်ဆုချီးမြှင့်ပေးပါတယ်။

ဒါကြောင့် ခန်းဂျိသင်ခန်းစာ (၇၉) ခန်းကို အခက်အခဲမရှိလေ့လာမှတ်သားနိုင်ကြဖို့နှင့်
N2 ရောက်နေပြီး ခန်းဂျိရဲ့ Bushu အစိတ်အပိုင်းတွေကို မသိကြဘူးမဖြစ်ရလေအောင် အခြေခံမှစပြီး ပြန်လည်ရှင်းလင်းသင်ကြားပေးရခြင်းဖြစ်ပါတယ်။

TIME STUDY မှလည်း ယခုစာသင်နှစ်မှာ အတန်းတိုင်းအတွက် သင်ကြားရေးအဆင့်များကိုပိုမိုမြှင့်တင်ထားပြီး သင်ရိုးအသစ်များကိုပါ ထပ်ဖြည့်သင်ကြားပေးခြင်းများကိုပြုလုပ်ထားပြီး ဂျပန်စာကို Level အလိုက် အရည်အချင်းပြည့်ဝစေဖို့နှင့် လက်တွေ့အသုံးချနိုင်စေဖို့အတွက် အကောင်းဆုံးလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်💪💪💪💪😊😊😊



(July-18) ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့ N3 PM Special & Regular Class ⭐️⭐️⭐️⭐️⭐️မနက်ပိုင်း N3 AM အတန်းနှင့်အတူတူ ခန်းဂျိ Bush...
21/07/2026

(July-18) ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့ N3 PM Special & Regular Class ⭐️⭐️⭐️⭐️⭐️

မနက်ပိုင်း N3 AM အတန်းနှင့်အတူတူ ခန်းဂျိ Bushu အစိတ်အပိုင်းများနှင့် ရေးဆွဲပုံရေးဆွဲနည်းများကို သင်ကြားပြသပေးခဲ့ပါတယ်။

ပုံမှန်ဆိုရင် ပထမဆုံးနေ့မှာ Grammar စသင်တာဖြစ်ပေမယ့် သည်စာသင်နှစ်မှာတော့ စနေနေ့မှာခန်းဂျိ၊ တနဂ်နွေနေ့မှာ Grammar ကို သင်ပေးသွားမှာဖြစ်ပါတယ်။

ဂျပန်စာလေ့လာနေကြတဲ့ ကျောင်းသားကျောင်းသူအများစုက ခန်းဂျိကိုကြောက်ကြပေမယ့် TIME STUDY မှာကတော့ N5, N4, N3 အတန်းတွေမှာ Bushu စနစ်နှင့် ခန်းဂျိတစ်လုံးမှာ ပေါင်းစပ်ထားတဲ့အစိတ်အပိုင်းတွေနှင့် အဓိပ္ပာယ်တွေကို ရှင်းပြလိုက်တဲ့အခါ ခန်းဂျိကို ခက်ခဲတယ်မခံစားရတော့ဘဲ လွယ်လွယ်ကူကူနှင့် ပျော်ပျော်ရွင်ရွင် စနစ်တကျ လေ့လာ လာနိုင်ကြတာကိုတွေ့ရပါတယ်။




(July-18) ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့ N3 AM Special & Regular Class ⭐️⭐️⭐️⭐️⭐️ပထမဆုံးနေ့မှာကတည်းက ခန်းဂျိကိုစနစ်တကျရေးဆွဲတတ...
21/07/2026

(July-18) ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့ N3 AM Special & Regular Class ⭐️⭐️⭐️⭐️⭐️

ပထမဆုံးနေ့မှာကတည်းက ခန်းဂျိကိုစနစ်တကျရေးဆွဲတတ်အောင် ခန်းဂျိရဲ့ Bushu အစိတ်အပိုင်းများကို ရှင်းပြရင်း လက်တွေ့ရေးဆွဲသင်ပြပေးခဲ့ပါတယ်။

TIME STUDY မှာက N5, N4, N3 အတန်းများမှာ အခြေခံကစပြီး ခန်းဂျိကို Bushu စနစ်ဖြင့် တစ်လုံးချင်းရေးဆွဲပြပြီး ဂျပန်အသံ၊ တရုတ်အသံနှင့် ခန်းဂျိတွဲလုံးများကို ဖတ်နိုင်စေဖို့ စနစ်တကျ ရေးတတ်စေဖို့ လေ့ကျင့်သင်ကြားပေးခြင်း၊ အိမ်စာခန်းဂျိများရေးခိုင်းပြီး အိမ်စာထပ်ခိုင်းခြင်း၊ အိမ်စာအားလုံးထပ်သူများအတွက် လက်ရေးအလှဆုံးဆုပေးခြင်းတို့ကိုပြုလုပ်ပေးပြီး ခန်းဂျိကို စနစ်တကျလေ့လာသင်ယူနိုင်အောင် လေ့ကျင့်သင်ကြားပေးတဲ့အတွက်ကြောင့် TIME STUDY မှာ အခြေခံ N5 ကတည်းကတက်လာခဲ့ကြတဲ့ ကျောင်းသူကျောင်းသားများအတွက်ကတော့ N1 ခန်းဂျိတွေအထိ ဆက်စပ်မှုတွေကို ကောင်းစွာသိရှိနားလည်ထားကြပြီး ခန်းဂျိနဲ့ပတ်သက်ရင် အခက်အခဲမရှိကြသူများလည်း ဖြစ်ပါတယ်။



(July-16) ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ (N2 Special Class) တက်ရောက်သူ (၉၀) ဦး⭐️⭐️⭐️⭐️⭐️အဂါ်၊ ဗုဒ္ဓဟူးမှာပါ စုစုပေါင်း ၂ တန...
20/07/2026

(July-16) ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ (N2 Special Class) တက်ရောက်သူ (၉၀) ဦး⭐️⭐️⭐️⭐️⭐️

အဂါ်၊ ဗုဒ္ဓဟူးမှာပါ စုစုပေါင်း ၂ တန်းဖွင့်ပေးဖို့စီစဉ်ထားပြီးကာမှ ဂျပန်စကားပြောအတန်းကိုပါ တောင်းဆိုသူများလို့ မဖွင့်မနေရဖွင့်ပေးလိုက်ရလို့ Special Class တစ်တန်း၊ Regular Class တစ်တန်းသာ ဖွင့်ပေးနိုင်တော့လို့ အစောကတည်းက လူပြည့်သွားတဲ့အတန်းဖြစ်ပါတယ်။

TIME STUDY ကို ရွေးချယ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

TIME STUDY မှလည်း အစဉ်အမြဲ အကောင်းဆုံးကြိုးစားပေးသွားမှာဖြစ်ပါတယ်ရှင်။


(July-16) ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ (N3 PM) Special Class အတန်း⭐️⭐️⭐️ညနေဘက်ဆိုတော့ အဝေးမှာနေကြတဲ့သူတွေက အိမ်ပြန်နောက်ကျမ...
20/07/2026

(July-16) ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ (N3 PM) Special Class အတန်း⭐️⭐️⭐️

ညနေဘက်ဆိုတော့ အဝေးမှာနေကြတဲ့သူတွေက အိမ်ပြန်နောက်ကျမှာစိုးလို့ မနက်ပိုင်းအချိန်ကိုယူကြတာများလို့ မနက်ပိုင်း AM အတန်းမှာက တက်ရောက်သူပိုများပါတယ်။

TIME STUDY ကို ရွေးချယ်ပေးတဲ့အတွက် ကျောင်းသားကျောင်းသူတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။



(July-16) ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့ (N3 AM) Special Class⭐️⭐️⭐️⭐️⭐️TIME STUDY ကို ရွေးချယ်ပေးခဲ့ကြတဲ့ ကျောင်းသားကျောင်းသူ...
20/07/2026

(July-16) ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့ (N3 AM) Special Class⭐️⭐️⭐️⭐️⭐️

TIME STUDY ကို ရွေးချယ်ပေးခဲ့ကြတဲ့ ကျောင်းသားကျောင်းသူ အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။


TIME STUDY မှ (July, 14) ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ Tokutei စားသောက်ကုန်ထုတ်သင်တန်းသစ်ဖြစ်ပါတယ်။သင်ကြားပေးတဲ့ ဆရာမလေးကတ...
20/07/2026

TIME STUDY မှ (July, 14) ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ Tokutei စားသောက်ကုန်ထုတ်သင်တန်းသစ်ဖြစ်ပါတယ်။

သင်ကြားပေးတဲ့ ဆရာမလေးကတော့လက်ရှိ ဂျပန်နိုင်ငံမှာ Work Visa ဖြင့်အလုပ်လုပ်ကိုင်နေပြီး ကိုယ်တိုင်လည်း အောင်လက်မှတ်များစွာနှင့်အတူ အသင်အပြအထူးကောင်းမွန်တဲ့ ဆရာမလေးဖြစ်ပါတယ်။

ကုန်ထုတ်စာအုပ်အသစ်ထွက်ရှိရင်လည်း ထွက်ရှိသလို ချက်ချင်းသင်ကြားပေးပြီး
စဉ်ဆက်မပြတ်အမြဲလေ့လာပြီး သင်ကြားမှုအပိုင်းမှာလည်း စားသောက်ကုန်ထုတ်သင်တန်းအတွက် အထူးကျွမ်းကျင်တဲ့ ဆရာမတစ်ဦးဖြစ်ပါတယ်။

TIME STUDY မှ (July, 15) ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ Tokutei Kaigo အတန်းသစ်မှာတက်ရောက်သူ (၈၈) ဦးဖြစ်ပါတယ်။TIME STUDY မှ ...
20/07/2026

TIME STUDY မှ (July, 15) ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ Tokutei Kaigo အတန်းသစ်မှာတက်ရောက်သူ (၈၈) ဦးဖြစ်ပါတယ်။

TIME STUDY မှ Tokutei အတန်းများကို Zoom Class ဖြင့်သင်ကြားပေးတဲ့ ဆရာမလေးကတော့ လက်ရှိဂျပန်နိုင်ငံမှာ Work Visa ဖြင့်အလုပ်လုပ်ကိုင်နေပြီး ဂျပန်မသွားခင်မှာလည်း TIME STUDY မှာ Tokutei အတန်းများကို သင်သွားခဲ့တဲ့ အင်မတန်မှ အသင်အပြအထူးကောင်းမွန်တဲ့ ဆရာမတစ်ဦးဖြစ်ပါတယ်။

မိမိသင်ကြားပေးရတဲ့ဘာသာရပ်ဆိုင်ရာမှာ စာအုပ်အသစ်ထွက်ရှိတာ၊ သင်ရိုးထပ်တိုးတာမျိုးရှိရင်လည်း ချက်ချင်းအကြောင်းကြား၊ မြန်မာပြည်ကိုပို့ပေးပြီး ကျောင်းသားဟောင်းတွေကိုပါထပ်မံလေ့လာနိုင်အောင် လေ့ကျင့်သင်ကြားပေးပါတယ်။

ယနေ့ (20.7.2026) Kaiwa စကားပြောအတန်းမှ ကျောင်းသားကျောင်းသူများ ဂျပန်ဆရာနှင့် လက်တွေ့ဂျပန်စကားပြောလေ့ကျင့်ခြင်းစကားပြောအပ...
20/07/2026

ယနေ့ (20.7.2026) Kaiwa စကားပြောအတန်းမှ ကျောင်းသားကျောင်းသူများ ဂျပန်ဆရာနှင့် လက်တွေ့ဂျပန်စကားပြောလေ့ကျင့်ခြင်း

စကားပြောအပြင်သင်တန်းမှာ စုစုပေါင်း (၁၂၅) ဦးရှိပေမယ့် တစ်ယောက်မကျန် အပြင်မှာလည်း စကားပြောလေ့ကျင့်ပေးမယ့်အပြင် Zoom ကနေလည်း တစ်ပတ်တစ်ရက် ဂျပန်ဆရာနှင့် အင်တာဗျူးလေ့ကျင့်ကြရမှာဖြစ်ပါတယ်။

သည်တစ်ခါတော့ ကျောင်းအုပ်ဒေါ်အိအိချောကိုယ်တိုင် ဂျပန်ဆရာနှင့်အတူလေ့ကျင့်ပေးသွားမှာဖြစ်ပြီး အပြင်အတန်းရဲ့ Attendance List ကို ကိုင်ပြီး လေ့ကျင့်ခိုင်းမှာဖြစ်လို့ သေသေချာချာကြိုးစားမှရပါမယ်နော်။

အထူးသဖြင့် အားလုံးအပြုံးမျက်နှာကိုယ်စီနှင့် အသံထွက်ကောင်းမွန်အောင်ပါလေ့ကျင့်ပေးသွားမှာဖြစ်လို့ ပြုံးတတ်ရယ်တတ်အောင် အရင်လေ့ကျင့်ပေးထားကြပါနော်။

TIME STUDY ရဲ့ အလုပ်အင်တာဗျူးတွေမှာက အပြုံးမျက်နှာက အဓိကအချက်တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ပါ😊

TIME STUDY Kaiwa Class အခြေခံစကားပြောအတန်းယနေ့စတင်ဖွင့်လှစ်ခြင်း ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️စုစုပေါင်း (၁၂၅) ဦး။ (၁၁၀) ...
15/07/2026

TIME STUDY Kaiwa Class အခြေခံစကားပြောအတန်းယနေ့စတင်ဖွင့်လှစ်ခြင်း ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️

စုစုပေါင်း (၁၂၅) ဦး။ (၁၁၀) ဦးမှာလူပြည့်သွားပါပြီဆိုပြီး စာရင်းပိတ်လိုက်ပေမယ့် ဘယ်လိုကဘယ်လို (၁၂၅) ဦးဖြစ်သွားတယ်မသိသော်လည်း နောက်အတန်းသစ်က ဇန်နဝါရီလမှ ဖွင့်တော့မှာမို့ အသည်းအသန်ကြိတ်ကြိတ်တိုးအပ်လိုက်ကြတာ လူကပြည့်ရုံမက လျှံပါထွက်သွားလေရဲ့။

TIME STUDY ကို တကူးတကရွေးချယ်ပေးခဲ့ကြတဲ့ ကျောင်းသားကျောင်းသူအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိရင်း အခြေခံဂျပန်စကားအပြောနှင့် အရေးသာမက အင်တာဗျူးဂျပန်စာ၊ အင်တာဗျူး Manner များကိုလည်း အထူးပြုပြီးအကောင်းဆုံးလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Address

Center(1)Building(1R), Room(109), 1st Floor, 9 Quarter, Insein Road, Hlaing Township. , , Center(2)Building(1R), Room(104), 1st Floor, 9 Quarter, Insein Road, Hlaing Township. , , Center(3)Building(43
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Telephone

959972757762

Alerts

Be the first to know and let us send you an email when TIME STUDY Japanese Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share