07/07/2020
"ပုံမှန်ထက် နောက်ကျမှ ကျောင်းတွေဖွင့်ပေမယ့် သင့်ကလေးရဲ့ ပညာရေးကိုတော့ နောက်မကျစေဖို့ Elite က စီစဉ်ပေးလိုက်ပါပြီ''
၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ကလေးတွေအတွက် အိမ်ကနေပဲ သင်ယူနိုင်ဖို့ Elite International School ရဲ့ School-at-Home (SAH) program ကို ဇူလိုင်လ ၇ ရက်နေ့ကနေ စတင် မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။
🔷Online Learning ဖြစ်တဲ့အတွက် အဆင်အပြေဆုံးနဲ့ user-friendly ဖြစ်ပြီး သုံးရအလွယ်ဆုံး G Suite ( Google Classroom, Google Meet, etc,.) Platform ကို အသုံးပြုထားပါတယ်။
🔷ကျောင်းနေပျော်မှ စာတော်မည် ဆိုတဲ့အတိုင်း ကလေးတွေအတွက် သင်ယူရတာကို ပျော်နေစေဖို့ စာသင်ရုံ သီးသန့်မဟုတ်ပဲ တခြား စိတ်ဝင်စားစရာတွေနဲ့ activity လေးတွေကိုပါ သင်ရိုးထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်။
🔹 ကလေးတွေရဲ့ ကိုယ်ပိုင် သင်ယူနိုင်စွမ်းကို တိုးတက်လာစေခြင်း၊
🔹 သက်တောင့်သက်သာရှိပေမယ့် အကျိုးရှိအောင် သင်ယူတတ်စေခြင်း၊
🔹 ဆရာနဲ့ ကလေးတွေကြား ပုံမှန်ထိတွေ့ဆက်ဆံနိုင်စေဖို့ အတွက် Google Classroom၊ Google Meet တို့ကို အသုံးပြုထားခြင်း၊
🔹သင်ခန်းစာအပေါ်မူတည်ပြီး project တွေ assignment တွေနဲ့ ကလေးတွေ ဘယ်လောက်သင်ယူခဲ့ပြီးပြီလဲဆိုတာကို assessment ပြန်လုပ်ပေးခြင်း၊
🔹 မိဘတွေအနေနဲ့လည်း ကလေးတွေရဲ့ တိုးတက်မှုအခြေအနေကို ဝင်ရောက် ကြည့်ရှုနိုင်ခွင့်ရှိခြင်း၊
စတဲ့အချက်တွေက Elite International School ရဲ့ School-at-Home (SAH) ကို ရွေးချယ်သင့်တဲ့ အချက်တွေပါ။
ဒီ program မှာဆိုရင်တော့ - Foundation 2 အပါအဝင် Year 1 to 6 အထိ ပါဝင်ပါတယ်။
သင်ကြားပေးသွားမယ့် သင်ရိုးထဲမှာတော့ -
-English
-Mathematics
-Science တို့အပြင်
-Social Studies အနေနဲ့ -Geography နဲ့ History ကိုပါ ထည့်သွင်းသင်ကြားပေးသွားမှပါ။
ဒါ့အပြင်
-Myanmar
-Music
-Physical Education နဲ့
-Art and Craft တို့ကိုပါ သင်ကြားပေးသွားမှာဖြစ်လို့ ပုံမှန်ကျောင်းတက်နေရသလိုမျိုးကို ပြီးပြည့်စုံတဲ့ သင်ရိုးလည်း ဖြစ်ပါတယ်။
ဒီသင်ရိုးအတွက် လိုအပ်ချက်ကတော့ Tablet or ipad, Laptop, Desktop တို့ထဲက တစ်မျိုးမျိုးရှိရင်ကို ရပါပြီ။
နောက်နှစ်မှာ နောက်တစ်ဆင့် ထပ်တက်ဖို့အတွက်ကိုတော့ ကျောင်းခေါ်ချိန်နဲ့ စစ်ဆေးမှာဖြစ်ပြီး attendance 75% နဲ့ အထက် ရှိမှ အတန်းတက်ခွင့်ပေးမှာပါ။
Elite International School အနေနဲ့ School-at-Home (SAH) program သာမကပဲ ပုံမှန်အတိုင်းကျောင်းတက်ရမယ့် အတန်းတွေအတွက်ပါ ပြင်ဆင်ထားပေမယ့် ကလေးတွေရဲ့ ကျန်းမာလုံခြုံရေးအတွက်ကို အဓိကထား စဉ်းစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကလေးမိဘများအနေနဲ့ School-at-Home (SAH) program အကြောင်း ပိုမို နားလည်ရင်းနှီးစေဖို့ training ကိုလည်း Elite International School က စီစဉ်ပေးထားပါတယ်။
ဒီ program နဲ့ပတ်သက်ပြီး တခြား သိသင့်သိထိုက်တဲ့ အကြောင်းအရာများကိုလည်း အချိန်နဲတပြေးညီ တင်ပေးသွားပါဦးမယ်😊
သင့်ကလေးအတွက် အဆင့်မြင့်ပညာရေးကို စဉ်ဆက်မပြတ်ပေးနိုင်ဖို့ Elite International School ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်😇
FMI CAMPUS
No. CA-306/A, Cherry 2nd Street, FMI City, Hlaing Thar Yar Township, Yangon, Myanmar.
Ph: 09 420 117 735
[email protected]
www.eliteinternationalschool.com
N/DAGON CAMPUS
2b-810 Pinlone Road, ( Between Kyaung Lane and Sittaung Lane), Ward 36, North Dagon Township, Yangon.
Ph: 09 783 617 736