06/03/2020
Diploma in Medical Education 2020 တက်ခွင့်ရသူများ
The University of Public Health (UPH), Yangon, Myanmar is the Premier university for post graduate education on public health in Myanmar.
The University of Public Health (UPH), Yangon, Myanmar is the premier university for post graduate education on public health in Myanmar. The Ministry of Health, Republic of the Union of Myanmar formally established the University of Public Health as an academic institution for post graduate studies on public health in July 2007. The university offers various degree programs including Master and D
06/03/2020
Diploma in Medical Education 2020 တက်ခွင့်ရသူများ
28/02/2020
COVID-19
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်အရ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 - Covid-19) ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ပါပြီ အဆိုပါအမိန့်ထုတ်ပြန်ခြင်းကြောင့် ပုဒ်မ ၁၄ အရ ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသော အဖွဲ့အစည်း သို့မဟုတ် အရာရှိသည် အောက်ပါ ကိစ္စရပ်များကို တားမြစ်ပိတ်ပင်သည့် သ်ု့မဟုတ် ကန့်သတ်သည့် အမိန့်ကို ထုတ်ပြန်နိုင်မည် ဖြစ်ပါသည်
၁. အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူအား နေအိမ်မှ ထွက်ခွာသွားလာခွင့်
၂. အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားရာ နေအိမ် ရပ်ကွက် ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းရှိ နေသူများကို ပြင်ပသို့ ထွက်ခွာသွားလာခွင့်
၃. ပြင်ပမှ လူများအား အဓိကကူးစက်မြန်ရောဂါ ဖြစ်ပွားရာ နေအိမ် ရပ်ကွက် ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းသို့ ဝင်ရောက်ခွင့်
၄. မီးရထား မော်တော်ယာဉ် လေယာဉ် ရေယာဉ် သိူ့မဟုတ် အခြားယာဉ်တမျိုးမျိုးဖြင့် ရောက်ရှိလာသူများအနက် အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူပါရှိလာပါက ယင်းရောဂါ ဖြစ်ပွားနေသူအား ကျန်းမာရေးစစ်ဆေးရန် အလို့ငှါ သီးခြားထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သော အချိန်အထိ ပြင်ပသို့ ထွက်ခွာ သွားလာခွင့်
၅. ပွဲလမ်းသဘင်ကျင်းပနေစဉ် အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားပါက အများပြည်သူတို့အား ပွဲလမ်းသဘင်ကျင်းပရာ နေရာသို့ သွားလာခွင့်နှင့် ပွဲလမ်းသဘင်ကို ဆက်လက်ကျင်းပခွင့်
၆. ကူးစက်မြန်ရောဂါဖြစ်သည်ဟု သံသယရှိသော တိရစ္ဆာန် သို့မဟုတ် ယင်းတိရစ္ဆာန်ထွက်ပစ္စည်း သယ်ဆောင်လာသောယာဉ်အား ဝင်ထွက်သွားလာခွင့်
ပုဒ်မ ၁၄ အရ သက်ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အရာရှိက ထုတ်ပြန်သော တားမြစ်ပိတ်ပင်သည့် သို့မဟုတ် ကန့်သတ်သည့် အမိန့်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၆လ အထိဖြစ်စေ ကျပ် ၅၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပါသည်
Credit to MOHS page
27/02/2020
Health Supply Chain Management Certificate တက်ခွင့်ရသူများစာရင်း
Credit to page of Department of Human Resources for Health
29/01/2020
သတင်းကောင်းလေး ပါး ပါရစေ ခင်ဗျာ.....
မြန်မာနိုင်ငံဆရာဝန်အသင်း
ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာအဖွဲ့ ကနေ ဉီးဆောင်ပြီး....ဖွင့်လှစ်သင်ကြားပေးမည့်
“Basic application of statistical software for data management”
သင်တန်းကို
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက် ၊ ၂၃ ရက် ၊ ၂၉ ရက် နေ့ နဲ့ မတ်လ ၁ ရက် နေ့....တွေရဲ့
ညနေ ၁ နာရီ ကနေ ၄ နာရီ ၃၀ အထိ.....
ရန်ကုန်မြို့ ၊ မြို့မကျောင်းလမ်း နဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်မှာ ရှိတဲ့...ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ
ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်.....
အသုံးပြု သင်ကြားပေးမယ့် statistical software က တော့ သုတေသန နယ်ပယ် မှာ လူသိများ အသုံးများတဲ့....SPSS (Statistical Package for Social Science) ဖြစ်ပါတယ် ခင်ဗျာ......
ဦးဆောင် သင်ကြားပေးမယ့် ဆရာတွေ ကတော့...
ပါမောက္ခ ဒေါက်တာ စိုးမိုးနိုင် ၊ ပါမောက္ခ ဒေါက်တာ ခိုင် လေးမွန် ၊ ဒေါက်တာ ကျော်စွာမြ နဲ့...ဒေါက်တာ ကျော်မျိုးထွန်း တို့ ဖြစ်ပါတယ် ခင်ဗျာ......
စိတ်ပါဝင်စားသူများစာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ် ခင်ဗျာ......
အထူးသဖြင့်
• ဘွဲ့လွန်သင်တန်းတက်ရောက်နေပြီး သုတေသန ပြုလုပ်နေကြတဲ့ ဘွဲ့လွန်သင်တန်းသား/သူများ...
• သုတေသန လုပ်ငန်းတွေကို စိတ်ပါဝင်စားမှု ရှိပြီး...သုတေသန လုပ်ငန်းကို မိမိတို့ ပညာရေးဆိုင်ရာ နယ်ပယ် အသီးသီးမှာ အသုံးချ လေ့လာ ဆည်းပူး နေရတဲ့ သူများ...
• ကျန်းမာရေးနယ်ပယ် ဆိုင်ရာ သုတေသန လုပ်ငန်းများ နှင့် ထိတွေ့ လုပ်ကိုင် နေကြရသူများ အတွက်....အရမ်းအကျိုးရှိလှမယ့် သင်တန်းတစ်ခု ဖြစ်ပါတယ် ခင်ဗျာ....
သင်တန်းချိန်တွေမှာ.....
ဦးဆောင်သင်ကြားပေးမယ့် ဆရာတွေက....SPSS Software ကို အသုံးပြု၍...
Data Entry , Data Transformation လုပ်နည်းများ၊ Data Checking , Data Management လုပ်နည်းများ ၊ Data Analysis လုပ်နည်းများကို ဦးဆောင် ပြသ လေ့ကျင့် သင်ကြား ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ.....
သတိပြုရမှာက..........
• Software application course ဖြစ်နေလို့......လူဦးရေကန့်သတ်ထားပါခင်ဗျ....
• သင်တန်းလာရောက်တက်မည့်သူများ အနေနဲ့....Personal computer / notebook ယူဆောင်လာရပါမယ် ခင်ဗျ....
• Attendance 75% ပြည့်ပါက Completion Certificate ချီးမြှင့်ပါမည် ခင်ဗျ....
• သင်ကြားရေးအတွက် လိုအပ်မယ့် Software installation ကို သင်တန်းက စီစဉ် ပေးပါ့မယ် ခင်ဗျ....
• Statistical knowledge ရှိပြီးသူဖြစ်ပါက ပိုမို အဆင်ပြေပါမယ် ခင်ဗျာ.....
ဒါကြောင့်မို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက် နေ့ မတိုင်ခင် စာရင်းပေးသွင်း ပြီး တက်ရောက်နိုင်ပါတယ် ခင်ဗျာ......
သင်တန်းစာရင်းပေးသွင်းလိုပါက.....
ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) မှာ ဆိုရင် ဒေါက်တာ ရတနာ (ဖုန်း 09 5099406) ကို ဆက်သွယ် စာရင်းပေးသွင်း နိုင်ပါတယ်။
ဒါ့အပြင် ဆေးတက္ကသိုလ် ၁ ရန်ကုန် ၊ ဆေးတက္ကသိုလ် ၂ ရန်ကုန် ၊ ဆေးတက္ကသိုလ်(မန္တလေး) ၊ ဆေးတက္ကသိုလ်(မကွေး) နဲ့ ဆေးတက္ကသိုလ်(တောင်ကြီး) တွေမှာ ရှိတဲ့ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန တွေမှာလည်း ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ် ခင်ဗျာ.....
ဒါ့အပြင်
ဒေါက်တာတင်အောင်မိုး (ဖုန်း ၀၉ ၂၅၀၀၈၃၄၉၁) ၊ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ကိုလည်း ဆက်သွယ် စုံစမ်း မေးမြန်း စာရင်းပေးသွင်း နိုင်ပါတယ် ခင်ဗျာ......
*******
ဖေဖော်ဝါရီ လ ၁၄ ရက် မတိုင်ခင် စာရင်းပေးသွင်း ရမှာ ဖြစ်ပါတယ် ခင်ဗျ.....
*******
သင်တန်းကြေး အနေနဲ့ (သင်ကြားရေး အတွက် လိုအပ်သော Software ၊ စာရွက်စာတမ်း နဲ့ Refreshment များ အပါအဝင် အတွက်....) ကျပ် ၈ သောင်း ကောက်ခံ ကျသင့်မှာ ဖြစ်ပါတယ် ခင်ဗျာ.....
credit to Tin Aung Moe
@29 Jan 2020 (8:00 PM)
29/01/2020
ပြည်သူ့ကျန်းမာရေးတက္ကသိုလ်,ရန်ကုန်တွင် (၂၀၂၀)မတ်လပထမပတ်အတွင်း ဖွင့်လှစ်မည့် Certificate in Health Supply Chain Management (၂)ပတ်သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း
27/01/2020
Stengthening public health capacity to respond to Myanmar’s disease transmission: Final Project dissemination lessons learned workshop
Opening Ceremony of Centre for Implementation Science supported by
European Union and HelpAge International
25-1-2020 (Saturday)
University of Public Health, Yangon, Myanmar
19/10/2018
UPH: Roll No Announcement for Ph.D(PH), MPH and MHA entrance exam (30.10.2018)
06/09/2018
"PhD, MHA, MPH ဝင်ခွင့်"
ကျောင်းက Notice Board မှာ ကပ်ထားပါတယ်...
30/05/2018
World No To***co Day, May 31
To***co breaks Heart
Choose Health, not To***co
28/11/2017
MPH and HAHM Candidates 2018
17/11/2017
9th International Conference on Public Health Among Greater Mekong Sub-Regional Countries
“Adopting Healthy Lifestyle: Combating NCDs”
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |