UELC - Unique English Language Centre and International Preschool

UELC - Unique English Language Centre and International Preschool

Share

UELC offers premium English education from Preschool to Exam Level. Virtual online learning classes and On-site classes are Available! Enroll now!

A Cambridge Silver Award English Preparation Centre, we prepare learners for YLE, KET, PET, FCE & CAE with professionally trained educators. 📍Yangon | Est. 2019 | 📩 09959409628

Photos from UELC - Unique English Language Centre and International Preschool's post 23/04/2026

Happy Birthday, Emery! 🎉🥰

Wishing you a day filled with happiness,
laughter, and unforgettable moments.

May your year ahead be full of success,
good health, and exciting adventures.

Keep shining and making everyone around you proud. Enjoy your special day to the fullest! 🎂✨🥰

22/04/2026

At UELC International Pre-School, children learn joyfully through singing 🎶 and playing games .
These fun activities help build their confidence while naturally developing teamwork and social skills 💕

UELC International Pre-School မှာကလေးတွေဟာ သီချင်းဆိုရင်း 🎶 game ဆော့ရင်း ပျော်ရွှင်စွာ သင်ယူနေကြပါတယ်။ ဒီလို fun activities တွေက သူတို့ရဲ့ ယုံကြည်မှုကို တိုးတက်စေပြီး teamwork နဲ့ social skills တွေကိုလည်း သဘာဝအတိုင်း ဖွံ့ဖြိုးလာစေပါတယ် 💕

🎒 Join the UELC Family! (New Intake Now Open) 🎒
Give your child an education filled with adventure and wonder!
✨ Enroll Now:
📞 09 789539695
📞 09 959409628
&MayIntake

17/04/2026

မင်္ဂလာရှိတဲ့ မြန်မာ့ရိုးရာ နှစ်ဆန်းတစ်ရက်နေ့လေး ဖြစ်ပါစေ ကလေးတို့ရေ . . .။
ဒီနေ့ဟာ မြန်မာသက္ကရာဇ်အရဆိုရင် ၁၃၈၇ ခုရဲ့ ပထမဆုံးရက်၊ နှစ်သစ်ရဲ့ အဦးဆုံးရက်ပေါ့၊ ဒါကြောင့်လည်း နှစ်ဆန်းတစ်ရက် ခေါ်ကြတာပေါ့နော်။ ဒီနေ့မှာ ဗုဒ္ဓဘာသာဝင်တွေဟာ မြတ်စွာဘုရားရှင်ထံ ရည်မှန်းပြီး အလှူဒါနတွေ ပြုလုပ်တာ၊ သံဃာတော်တွေကို ‌ဆည်းကပ်ပူဇော်တာ၊ လူကြီးသူမတွေကို ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပေးတာ၊ ဇီဝိတဒါနအလှူတွေ ပြုလုပ်တာ စတဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ နှစ်ဦးကို ကြိုဆိုကြပါတယ်။
တီချယ့်ကလေးတွေရော . . . ဘာကောင်းမှုကုသိုလ်တွေ လုပ်ပြီးပါပြီလဲ။ Monday ကျောင်းပြန်ဖွင့်တဲ့အခါ ကျောင်းပိတ်ရက် အတွေ့အကြုံလေးတွေ ပြန်လည်မျှဝေကြမယ်နော်။




HappyMyanmarNewYear

16/04/2026

တီချယ်တို့ ငယ်ငယ်က ဧပြီလ ရောက်ပြီဆိုတာနဲ့ ကလေးတွေ ပျော်ကြပြီ။ နွေကျောင်းပိတ်ရက်ရှည် စကတည်းက သင်္ကြန်ကို မျှော်ရတာ ထုံးစံလိုပါပဲ။ သင်္ကြန်ဟာ ပျော်စရာလည်း ကောင်းတယ်၊ ရင်ခုန်စရာလည်း ကောင်းတယ်။ ဘာလို့ဆို သင်္ကြန်ပြီးလို့ နှစ်ဆန်း နှစ်ရက်နေ့ဆိုတာနဲ့ အောင်စာရင်းတွေ ထွက်ပြီကိုး။ လာမယ့်စာသင်နှစ်မှာ ဘယ်အတန်းခွဲကို ရောက်မလဲ၊ ဘယ်သူငယ်ချင်းနဲ့ ပြန်ဆုံမလဲဆိုတာကအစ ရင်ခုန်ရတာရယ်။

နောက်ပြီး ဟိုးအရင်တုန်းသင်္ကြန်တွေက အခုလို ဘယ်ဟုတ်ပါ့မလဲ။ ရေပက်တဲ့သူ၊ ရေပက်ခံထွက်တဲ့သူ၊ ရင်းနှီးခင်မင်သူအချင်းချင်း အိုးမည်းသုတ်ဖို့ စောင့်နေတဲ့သူ၊ ယောဂီဝတ်စုံဝတ်ပြီး ဥပုသ်သီလယူဖို့သွားတဲ့သူ၊ စတုဒိသာဝေဖို့ သွားတဲ့သူတွေနဲ့ စည်ကားသိုက်မြိုက်နေတာပေါ့။

သင်္ကြန်တွင်းမှာ မုန့်လုံးရေပေါ်၊ ရွှေရင်အေး စတဲ့ မြန်မာမုန့်တွေကို စတုဒိသာပေးဝေတာကလည်း သင်္ကြန်ရဲ့ပြယုဂ်ပါပဲ။ စတုဒိသာ‌ဆိုတာ အရပ်လေးမျက်နှာလို့ အဓိပ္ပါယ်ရသတဲ့။ ဆိုလိုချင်တာက အရပ်လေးမျက်နှာက လာတဲ့ ဘယ်လိုပုဂ္ဂိုလ်ကိုမဆို ပေးလှူတဲ့ အလှူပေါ့ကွယ်။ အင်မတန်လည်း မွန်မြတ်တာပေါ့။

တီချယ့်ကလေးတွေရဲ့ သင်္ကြန်ပိတ်ရက်ကို ဒီနေ့ နောက်ဆုံးနေ့အထိ ဘယ်လို ဖြတ်သန်းခဲ့ကြလဲ 2026 မဟာသကြ်န်အမှတ်တရလေးတွေ အကြောင်း ပြောပြကြပါဦး။

ဘေးဘယာကင်းကွာတဲ့ မဟာသင်္ကြန်ကာလလေး ဖြစ်ပြီး မနက်ဖြန် နှစ်ဦးမှာ ကုသိုလ်တွေ အများကြီးယူနိုင်ကြပါစေနော်။


#သင်္ကြန်

16/04/2026

UELC & KMG Water festival

အားကိုးမယ်နော်

15/04/2026

UECL & KMG Water festival

အ၀ါရောင်တန်ခူး

14/04/2026

UELC & KMG Water Festival

Thingyun Moe 😍

No copyright infringement intended. Music belongs to the rightful owner.

14/04/2026

Happy Thingyan 💦 စိတ်ပျော်ရွှင်မှုတွေပြည့်ပါစေ

12/04/2026

✨ New Year, New Happiness! နှစ်သစ်မှာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံပါစေ ✨

Listen to our lovely students and teachers from UELC and KMG share their heartfelt wishes for the upcoming Thingyan Festival. We are so proud of our community and wish you all the very best for the year ahead!

UELC နဲ့ KMG ရဲ့ ချစ်ရတဲ့ ကျောင်းသားလေးတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ ရင်ထဲကလာတဲ့ သင်္ကြန်ဆုတောင်းစကားလေးတွေကို နားဆင်ပေးကြပါဦး။ နှစ်သစ်မှာ အကောင်းဆုံးအရာများ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

🌼 Passing the joy and blessings of Thingyan to you all! သင်္ကြန်ရဲ့ ပျော်ရွှင်မှုနဲ့ ကောင်းခြင်းမင်္ဂလာအဖြာဖြာကို တစ်ယောက်ကနေတစ်ယောက် လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

🏖️ Enjoy the Long Break | ကျောင်းပိတ်ရက်ရှည်
Please note that we will be on holiday from April 10 through April 19. Classes will resume on April 20.
အတန်းများအားလုံးကို ဧပြီလ (၁၀) ရက်နေ့မှ (၁၉) ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ပြီး ဧပြီလ (၂၀) ရက်နေ့တွင် သင်တန်းများ ပြန်လည်စတင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Happy Thingyan everyone! 💦✨
ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေ။

11/04/2026

✨ 💦သကြ်န်ကျောင်းပိတ်ရက် ကြေညာချက် 💦✨

UELC မှ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများနှင့် မိတ်ဆွေများအားလုံး ပျော်ရွှင်စရာ မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 💦🌼

UELC သင်တန်းကျောင်း၏ သင်္ကြန်ရုံးပိတ်ရက်မှာ ဧပြီလ (၁၀) ရက်နေ့မှ (၁၉) ရက်နေ့အထိ ဖြစ်ပြီး၊ ဧပြီလ (၂၀) ရက်နေ့တွင် သင်တန်းများအားလုံး ပုံမှန်အတိုင်း ပြန်လည်စတင်မည် ဖြစ်ပါသည်။
သင်္ကြန်ပိတ်ရက်အတွင်း မိသားစုများနှင့်အတူ ပျော်ရွှင်စွာ အနားယူနိုင်ကြပါစေ။

Happy Thingyan everyone! 💦✨
ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေ။🙏🏻

• Centre (1): No.15, Right Ground Floor, Aye Yeik Mon 4th St, Hlaing Tsp.
• Centre (2): No.20, 2nd Floor, Hlaing Station Rd, Hlaing Tsp.
• Centre (3): No.6, Corner of Aye Yeik Mon 2th St & Yadanar Mon 5th St, Hlaing Tsp.
📞 Contact: 09 402 594 196, 09 952 538 380, 09 781 074 453

UELC

09/04/2026

ဒီနေ့ည Webinar လေးရှိပါတယ်နော်🤗🤗

အသက် ၆ လမှ ၇ နှစ်အရွယ် သားသားမီမီးလေးတို့ရဲ့
ဖေဖေ၊ မေမေများအတွက်
KMG Private School နှင့် Olympians Learning Hub
တို့ပူးပေါင်းစီစဥ်ပေးသော Free Webinar 🚩

⏰ "တစ်နာရီစာ ရင်းနှီးမြှုပ်နှံရုံဖြင့် သင့်ကလေး၏ တစ်ဘဝစာ အနာဂတ်အတွက် လမ်းပြမြေပုံကောင်းများကို ရရှိနိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်"

📅 Webinar အစီအစဉ် (ဧပြီလ ၉ ရက်- ကြာသပတေးနေ့)
⏰ အချိန်: ည (၇:၀၀) နာရီ မှ (၈:၀၀) နာရီအထိ
💻 Platform ZOOM

"Early Brain Development and Investing in Future Education" Free Webinar က မိဘများအတွက် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။

✅ အဖိုးတန်ဗဟုသုတများ

အသက် (၆) လမှ (၇) နှစ်အထိ ဦးနှောက်ဖွံ့ဖြိုးမှု ရွှေရောင်ကာလအကြောင်းနှင့် Nursery/Pre-KG အရွယ်တွင် လိုအပ်သော Skills များကို စနစ်တကျ နားလည်သွားမည်။

✅လက်တွေ့အသုံးချလမ်းညွှန်

အိမ်မှာတင် ကလေးကို လေ့ကျင့်ပေးနိုင်မည့် Brain Activity Guide များ

✅ အခမဲ့စမ်းသပ်ခွင့်

သင်ကြားရေးကို ကိုယ်တိုင်လေ့လာနိုင်ရန် Free Trial Class (၁) ကြိမ် ခံစားခွင့်ရမည်။

✅ အထူးသက်သာခွင့်

Webinar တက်ရောက်သူများအတွက်သာ သီးသန့်ပေးမည့် 10% Discount Promotion ကို ရရှိမည်။

✅ တိုက်ရိုက်ဆွေးနွေးခွင့်

UELC နှင့် KMG ကျောင်းတည်ထောင်သူ Teacher Emma နှင့် ပညာရေးအတိုင်ပင်ခံများထံမှ မိမိကလေး၏ အခြေအနေကို တိုက်ရိုက်မေးမြန်းဆွေးနွေးခွင့် ရရှိမည်။

🚀 စာရင်းပေးသွင်းရန် 👇

အခုပဲ Messenger မှာ "Webinar" လို့
စာပို့ပြီး အခမဲ့ စာရင်းပေးသွင်းလိုက်ပါ။

"သားသမီးတို့ရဲ့ အနာဂတ်ဟာ ယနေ့မိဘတို့ရဲ့ လမ်းညွှန်မှုအပေါ်မှာ မူတည်နေပါတယ်။" 🤝💖

Photos from UELC - Unique English Language Centre and International Preschool's post 09/04/2026

UELC & KMG water festival 2026 (part 2)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 15, Aye Yeik Mon 4th Street , Hlaing
Yangon
11501

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00