Tip Top Preschool

Tip Top Preschool Success Starts Here
(1)

23/08/2026

Neat handwriting, strong grip, and big confidence! ✏️ Bright futures start with steady hands.

​DM us to learn more about our foundational programs and secure your child's spot today!🥰





22/08/2026

🌟 Level 3 English 4 Skills: First Presentation Milestone! 🎤✨

​Big news from our Level 3 English 4 Skills class! Our amazing young learners stepped up for their very first English speaking presentation.

​Speaking in front of others in a second language can be nerve-wracking, but every single student showed incredible courage and tried their absolute best. From describing shapes to showcasing their custom drawings with big smiles, their hard work and enthusiasm completely shone through!

​ပထမဦးဆုံး Presentation အတွေ့အကြုံဖြစ်ပေမယ့် ကလေးတွေအားလုံး စိတ်ပါလက်ပါနဲ့ အကောင်းဆုံး ကြိုးစားပြောဆိုသွားကြတာ တွေ့ရလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။🥰

​Every giant journey begins with a brave first step. We are so proud of their effort, growth, and building confidence—keep up the great work and keep shining, superstars! 👏💖

ဝါး....ချိုလိုက်တာ!" 🍉 စေတနာရှင် မိဘများ၏ မေတ္တာကြောင့် ကျောင်းမှာ ပျော်ရွှင်သံတွေ လွှမ်းမိုးလို့နေပါတယ် 🥰​ ကျောင်းချိန်...
20/08/2026

ဝါး....ချိုလိုက်တာ!" 🍉

စေတနာရှင် မိဘများ၏ မေတ္တာကြောင့် ကျောင်းမှာ ပျော်ရွှင်သံတွေ လွှမ်းမိုးလို့နေပါတယ် 🥰

​ ကျောင်းချိန်မှာ ကလေးငယ်တွေနဲ့ ဆရာမတွေ အားလုံး အမောပြေ လန်းဆန်းသွားအောင် လတ်ဆတ်လှတဲ့ ဖရဲသီးအေးအေးလေးကို လက်ဆောင်ပေးခဲ့တဲ့ သမီးလေးနန်းနန်း ရဲ့ မိဘများကို ကျေးဇူးအများကြီး တင်ပါတယ်နော်။

​ကလေးတွေ သွားနီနီလေးတွေပေါ်အောင် ပျော်ပျော်ရွှင်ရွှင် စားနေကြတာကို မြင်ရတာ ဆရာမတို့ပါ ရင်ထဲမှာ ပီတိတွေ အပြည့်ပါပဲ။

​သားတို့၊ သမီးတို့ရဲ့ ကျောင်းတော်ကြီးကို အမြဲတမ်း အစွမ်းကုန် ပံ့ပိုးကူညီပေးတတ်တဲ့ မေတ္တာရှင် မိဘများကို ဆရာမများနှင့် ကလေးများ အားလုံးမှ အချစ်များစွာဖြင့် ကျေးဇူးတင်လိုက်ပါတယ်ရှင့်....🥰❤️

31/07/2026

🐸 "Excuse me... I lost my frog!" 🐸

​အင်္ဂလိပ်စာ လေ့လာရတာ စာအုပ်ထဲက စည်းမျဉ်းတွေကို ကျက်နေရုံတင် မဟုတ်ပါဘူး။ ပုံပြင်လေးတွေကို အသက်ဝင်အောင် ပြောပြရင်း သင်ယူတာ ဖြစ်ပါတယ်! 🌟

​Grade 2 သင်ရိုး Unit 2, Lesson 6: A Lost Frog လေးကို ကိုယ်တိုင်ဆွဲထားတဲ့ ပုံပြင်ကတ်လေးတွေနဲ့ သဘာဝကျကျ သရုပ်ဆောင် ပြောဆိုနေတဲ့ သမီးလေးကို ကြည့်ပေးပါဦး။

ကလေးတွေဟာ ကစားရင်း၊ ပုံပြင်ပြောရင်း သင်ယူတဲ့အခါ ဆန့်ကျင်ဘက် စကားလုံးတွေဖြစ်တဲ့ (big vs. small, fat vs. thin, brown vs. green) စတာတွေကို လွယ်လွယ်ကူကူ မှတ်မိသွားကြတာပါ! 🎨✨

​သူရှာနေတဲ့ ဖားလေးကို နောက်ဆုံးမှာ တွေ့သွားတဲ့အခါ ကလေးရဲ့ တောက်ပတဲ့ အပြုံးလေးကို ကြည့်ရတာနဲ့တင် ကြည်နူးဖို့ ကောင်းနေပါပြီ။ 😊

​🎯 လူကြီးမင်းတို့ရဲ့ ရင်သွေးငယ်တွေကို အင်္ဂလိပ်စာ ရဲရဲဝံ့ဝံ့နဲ့ ပျော်ပျော်ရွှင်ရွှင် ပြောဆိုနိုင်အောင် လေ့ကျင့်ပေးချင်ပါသလား။

Grade 1 မှ Grade 6 အထိ ကလေးငယ်များအတွက် အပြန်အလှန် လေ့ကျင့်ပေးတဲ့ သင်တန်းလေးတွေ ရှိပါတယ်နော်။

​💬 သင်တန်းအသေးစိတ် စုံစမ်းရန် သို့မဟုတ် Class တက်ရောက်ရန် Comment (သို့မဟုတ်) Direct Message မှတစ်ဆင့် ဆက်သွယ်နိုင်ပါပြီ!

​🐸 "Excuse me... I lost my frog!" 🐸

​Learning English isn't about memorizing rules; it's about bringing stories to life! 🌟

​Watch our brilliant Grade 2 star practice Unit 2, Lesson 6: A Lost Frog using handmade picture cards and interactive dialogue.

Notice how naturally describing opposites (big vs. small, fat vs. thin, brown vs. green) comes when children learn through play and visual storytelling! 🎨✨

​Look at that bright smile when the right frog is finally found! 😊

​🎯 Want your child to speak English with confidence and joy?

Give your Grade 1–6 child the gift of interactive learning where speaking comes naturally.

​💬 Drop a comment below or send us a message to enroll or book a class today!

Contact - 09793220786 (phone/viber)
Address - အမှတ်(၁၈၂)၊ ဗိုလ်တာရာ(၁)လမ်း၊ (၁၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။





ကျောင်းပိတ်ရက်ကြေငြာခြင်း29.7.2026 (Wed) နေ့သည် ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ဖြစ်သောကြောင့် Tip Top Preschool & Learning Ce...
28/07/2026

ကျောင်းပိတ်ရက်ကြေငြာခြင်း
29.7.2026 (Wed) နေ့သည် ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ဖြစ်သောကြောင့် Tip Top Preschool & Learning Center ရှိ အတန်းများအားလုံးကို ကျောင်း (၁)ရက်ပိတ်ထားပါသည်။


#ကျောင်းပိတ်ရက်ကြေငြာခြင်း

#ဝါဆိုလပြည့်နေ့🙏🙏🙏

🌟 Learning Grammar Through Creativity! 🎨✨​Our Level 3 English (4-Skills) students had a fantastic time putting their lan...
25/07/2026

🌟 Learning Grammar Through Creativity! 🎨✨

​Our Level 3 English (4-Skills) students had a fantastic time putting their language skills into practice!

Today’s focus was mastering the key target structures:
👉 "I’m good at + [verb]-ing"
👉 "I’m not good at + [verb]-ing"

​Instead of just memorizing rules, our young learners expressed their personal talents, interests, and areas for growth by drawing and presenting their own custom artwork! 🏸🎨🍳

​Combining Grammar, Writing, Drawing, and Speaking makes learning natural, meaningful, and fun. Look at these proud, confident smiles! Sinking deep into English through active participation! 💙👏

​📍 Tip Top Preschool & Learning Center
✨ Building confidence, one skill at a time.

22/07/2026

"ကျောင်းဆိုတာ ဒုတိယအိမ်ပါပဲ..." 🍲❤️

​ဒီနေ့တော့ ကျောင်းမှာရှိတဲ့ ကလေးငယ်လေးတွေကို အာဟာရပြည့်ဝပြီး နွေးထွေးစေမယ့် ကြက်စွပ်ပြုတ် ပူပူလေး တိုက်ကျွေးခဲ့သလို၊ နေမကောင်းလို့ ကျောင်းမလာနိုင်တဲ့ ကလေးငယ်လေးတွေဆီကိုလည်း ဆရာမတို့ရဲ့ မေတ္တာအပြည့်နဲ့ ကြက်စွပ်ပြုတ်လေး ပို့ပေးဖြစ်ခဲ့ပါတယ်။ ✨

​ကျောင်းဆိုတာ စာအုပ်ထဲက စာတွေကို သင်ကြားပေးရုံတင်မဟုတ်ဘဲ မိဘတွေလိုပဲ နွေးထွေးတဲ့ မေတ္တာနဲ့ ဂရုစိုက်စောင့်ရှောက်ရမယ့် နေရာတစ်ခု ဖြစ်ရမယ်လို့ ဆရာမတို့ အမြဲယုံကြည်ပါတယ်။
ကလေးငယ်တိုင်းရဲ့ ကျန်းမာရေး၊ စိတ်ဓာတ်ရေးရာနွေးထွေးမှုနဲ့ ပျော်ရွှင်မှုဟာ ဆရာမတို့ရဲ့ ပထမဦးစားပေးပါပဲ။ 🥰

​မိဘများအနေနဲ့လည်း မိမိတို့ရဲ့ ရင်သွေးလေးတွေကို စိတ်အေးချမ်းသာစွာနဲ့ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ဖို့ အရာရာကို အသေးစိတ်ကစလို့ မေတ္တာပါပါ ဂရုစိုက်ပေးနေပါတယ်။🥰

​✨ ကလေးတွေကို မိသားစုဝင်တစ်ယောက်လို မေတ္တာအပြည့်နဲ့ ပြုစုပျိုးထောင်ပေးနေတဲ့ ကျွန်မတို့ ကျောင်းမှာ ကျောင်းသားသစ်များ စတင်လက်ခံနေပါပြီရှင်။ ✨

​ကျောင်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းလိုပါက -
📞 Phone: 09793220786
📍 Address: အမှတ်(၁၈၂)၊ ဗိုလ်တာရာ(၁)လမ်း၊ (၁၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

💬 Messenger မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျောင်းပိတ်ရက်ကြေငြာခြင်း(19.7.2026) ရက်နေ့သည် အာဇာနည်နေ့ဖြစ်ပါသဖြင့် Tip Top Preschool & Learning Center ရှိ အတန်းများအ...
18/07/2026

ကျောင်းပိတ်ရက်ကြေငြာခြင်း
(19.7.2026) ရက်နေ့သည် အာဇာနည်နေ့ဖြစ်ပါသဖြင့် Tip Top Preschool & Learning Center ရှိ အတန်းများအားလုံးကို ကျောင်း(၁) ရက်ပိတ်ထားပါသည်။




ဒါကတော့ ၂၀၂၆ ခုနှစ်ရဲ့ အဆိုးဆုံး အိမ်တွင်းအလုပ်သမား အမြတ်ကြီးစားမှုပါဘဲ... 😭🤣​စာသင်ရင်းနဲ့ ဘီရိုမှာ ဒါကြီးကပ်ထားတာ တွေ့ရ...
08/07/2026

ဒါကတော့ ၂၀၂၆ ခုနှစ်ရဲ့ အဆိုးဆုံး အိမ်တွင်းအလုပ်သမား အမြတ်ကြီးစားမှုပါဘဲ... 😭🤣

​စာသင်ရင်းနဲ့ ဘီရိုမှာ ဒါကြီးကပ်ထားတာ တွေ့ရတယ်။ "ဘာခိုင်းခိုင်း ၅၀၀ ကျပ်" တဲ့။

မေမေတွေ၊ ဆရာမတွေရေ... သတိထားကြပါ၊ အိမ်က ကလေးတွေ အခုတလော Union (အလုပ်သမားသမဂ္ဂ) ထောင်နေကြပြီ ထင်တယ်နော်😅😂

​"သမီးရေ ရေသောက်ချင်လို့ ရေတစ်ခွက် ခပ်ပေးပါဦး" - ၅၀၀ ကျပ်🤭
"စာအုပ်လေး လှမ်းပေးပါဦး" - ၅၀၀ ကျပ်🤭
"ခဲဖျက် ကောက်ပေးပါဦး" - ၅၀၀ ကျပ်🤭
​စာတစ်လုံးမှားလို့ ပြင်ခိုင်းရင်တောင် ဝန်ဆောင်ခ ၅၀၀ တောင်းမယ့် ပုံစံမျိုးပါရှင် 😂
ဆရာမလစာတောင် သူတို့ကို ပြန်ပေးရတော့မယ်..😂😂

​မေမေတို့ရေ.... သားသမီးတွေကို စီးပွားရေးပညာ ဘယ်သူသင်ပေးလိုက်တာလဲ၊ အမြတ်ကတော့ အကြမ်းပတမ်းပဲနော်... 🤣

​ကြည့်ရတာ ဒီကလေးလေးတွေ ကြီးလာရင် လုပ်ငန်းရှင်အကြီးကြီးတွေ ဖြစ်မယ့် အလားအလာ ရှိတယ်...🤭
အလုပ်မလုပ်ခင်ကတည်းက စာချုပ်အရင် ချုပ်တာ.. 😂

ဒီနေ့တော့ 500 ပေးရမှာစိုးလို့ ရေကုန်တာတောင် ထပ်မထည့်ခိုင်းခဲ့ဘူးကွယ်..😂😝




တောင်ဥက္ကလာပမြို့နယ်ရှိ စာသင်စာကျက်ဝိုင်းတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ထပ်မံအလိုရှိနေပါသည်။​✨လိုအပ်သော အရည်အချင်းမျ...
07/07/2026

တောင်ဥက္ကလာပမြို့နယ်ရှိ စာသင်စာကျက်ဝိုင်းတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ထပ်မံအလိုရှိနေပါသည်။

​✨လိုအပ်သော အရည်အချင်းများ
​ပညာအရည်အချင်း: တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ သို့မဟုတ် တက္ကသိုလ်ကျောင်းသူ ဖြစ်ရပါမည်။
(Grade - 12 အောင်မြင်ပြီးသူများလည်းလျှောက်ထားနိုင်ပါသည်။)

​အတွေ့အကြုံ: ကလေးစာသင်ပြဖူးသူ သို့မဟုတ် ကလေးများနှင့် အဆင်ပြေပြေ ဆက်ဆံနိုင်သူ ဖြစ်ရပါမည်။

​စိတ်နေသဘောထား: စိတ်ရှည်သည်းခံတတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် ရှိသူဖြစ်ရပါမည်။

​စည်းကမ်း: အချိန်တိကျပြီး အလုပ်အပေါ် သစ္စာရှိသူ ဖြစ်ရပါမည်။

( အသက် ၁၈ နှစ်အောက် မငယ်သူ အသက် ၃၀ နှစ်ထက်မကြီးသူ ဆရာမ(အမျိုးသမီး) ဖြစ်ရပါမည်။)

​⏰ အလုပ်ချိန်
​ညနေ ၃:၀၀ နာရီ မှ ၅:၃၀ နာရီအထိ
​တနင်္လာနေ့ မှ သောကြာနေ့အထိ (Mon to Fri)

​📍 အလုပ်လုပ်ရမည့်နေရာ
​အမှတ်(၁၈၂)၊ ဗိုလ်တာရာ (၁)လမ်း၊ (၁၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

​📞 ဆက်သွယ်ရန်
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
​Phone: 09 793 220 786

Address

Yangon

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30
Saturday 08:30 - 16:30
Sunday 08:30 - 16:30

Website

Alerts

Be the first to know and let us send you an email when Tip Top Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category