Effective English

Effective English We believe all the students can achieve 100% output of their effort in learning English through our c

I had a cold last week.I've had a cold for the last week.အဲ့ဒီစာကြောင်းနှစ်ကြောင်း ဘာကွာပါသလဲ???မြန်မာလို ဘာသာပြန်ရင်တော...
19/04/2017

I had a cold last week.
I've had a cold for the last week.

အဲ့ဒီစာကြောင်းနှစ်ကြောင်း ဘာကွာပါသလဲ???

မြန်မာလို ဘာသာပြန်ရင်တော့…

I had a cold last week.
= ငါအရင်အပတ်ကဖျားခဲ့တယ်

I've had a cold for the last week.
= ငါဖျားနေတာ တစ်ပတ်(၇ ရက်) ရှိပြီ

last week ဆိုတာ ပြက္ခဒိန်ထဲမှာ အခုသီတင်းပတ်မတိုင်မီ အရင်တစ်ပတ်ကိုပြောတာပါ…

the last week ဆိုတာကတော့ the ပါတဲ့အတွက် တိကျတဲ့သဘောကိုဆောင်ပါတယ်…
ဒီကနေ့မတိုင်မီ ၇ ရက်တာ (တစ်ပတ်) ကိုပြောတာပါ…

last month နဲ့ the last month
last year နဲ့ the last year တို့ဟာလည်းအလားတူပါပဲ…

ဒီလက April ဆို last month ဆိုတာ March လကိုပြောတာပါ…
ဒါပေမယ့် the last month ဆိုတာကတော့ ဒီနေ့ April 20 ရက်နေ့ဆိုရင် March 21 ကနေ April 20 ဒီနေ့အထိ ရက်ပေါင်း ၃၀ (၁လတာ) ကာလကို ပြောတာပါ…

ဒီနှစ်ဟာ 2017 ဆို last year ဆိုတာ 2016 ကိုပြောတာပါ…
ဒါပေမယ့် the last year ဆိုတာကတော့ 2016 April 21 ကနေ ဒီ 2017 April 20 အထိ ၃၆၅ ရက် (၁ နှစ်တာ) ကာလကို ရည်ညွှန်းတာပါ

ဒီတစ်ခါတော့ အင်္ဂလိပ်စာရယ်မှမဟုတ်ပါဘူး…ဘာသာရပ်တိုင်းအတွက် အသုံးဝင်မယ့် စာလေ့လာနည်းစနစ်လေးကို ပြောပြထားပါတယ်…
09/04/2017

ဒီတစ်ခါတော့ အင်္ဂလိပ်စာရယ်မှမဟုတ်ပါဘူး…
ဘာသာရပ်တိုင်းအတွက် အသုံးဝင်မယ့် စာလေ့လာနည်းစနစ်လေးကို ပြောပြထားပါတယ်…

29/03/2017

Find 2 mistakes from the following sentence.

- I drove across the wood and through the desert.
-
-
-
-
across နဲ့ through က တူသလို နဲ့ ကွဲပါတယ်​။

*across က 2D space (အလျား x အနံ) အတွင်းက ​movement ​တွေအတွက်​ပါ။

* through ကတော့ 3D space (အလျား x အနံ x အမြင့်) အတွင်းက movement ​တွေအတွက်​ပါ။

wood (သစ်​​တော) က 3D ပါ…
အမြင့်​ရှိပါတယ်​။
ဒါ​ကြောင့်​ through ကိုပဲ သုံးသင့်​ပါတယ်​။

desert (ကန္တာရ) ကတော့ အမြင့်​မရှိတဲ့  2D လွင်​ပြင်​ပါ…
ဒါ​ကြောင့်​ across ကို သုံးသင့်​ပါတယ်​။
Thanks for reading 😊😊

28/03/2017

Find & Correct 1 mistake in the following sentence. 😉😉

"The strong air blew her hat away."
"The strong WIND blew her hat away."

air ဆိုတာ ကျွန်တော်တို့ ရှုတဲ့လေပါ။
တိုက်ခတ်တဲ့လေကိုတော့ wind လို့ သုံးရပါတယ်။

We breathe air.
The wind blows.

. :-) :-)

28/03/2017

I like ------ music.

A. all
B. every

ဘယ်ဟာက အဖြေမှန်ဖြစ်ပါသလဲ???

ပုံမှန်​အားဖြင့်​ all နဲ့ every က အဓိပ္ပါယ်​တူပါတယ်
singular noun နဲ့ plural noun လိုက်​တာပဲကွာတာပါ

all + အများကိန်း
every + အနဲကိန်း

all students
every student

ဒါ​ပေမယ့်​ ချွင်းချက်​လေး​တွေရှိပါတယ်

*determiner ​တွေ​ရှေ့မှာ all ပဲသုံးပါတယ်
every ကိုမသုံးပါဘူး

all + (the,these,those, two,three,…,my,our,…)

*ရေတွက်လို့မရတဲ့နာမ်(uncountable noun) တွေကို all နဲ့ ပဲသုံးပါတယ်​ every နဲ့မသုံးပါဘူး

all + UN

I like all music.(NOT "every music")

*အချို့ နေရာတွေမှာတော့ အဓိပ္ပါယ်​ လုံးဝကွာသွားပါတယ်

all day = from morning to night (တစ်နေ့လုံး)

every day = Monday, Tuesday,Wednesday,...(နေ့တိုင်း)

Thanks for reading😊😊

27/03/2017

မင်္ဂလာပါ…

အင်္ဂလိပ်စာသင်တန်းတွေတက်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှုရှိမလာလို့ စိတ်ညစ်နေပါသလား???

ကိုယ့်ရဲ့ရည်မှန်းချက်တွေဝေဝါးလာပြီလား???

၁ လ အတွင်း အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိ ပြောနိုင်ဆိုနိုင်ချင်ပါသလား???

ဒါဆိုရင်တော့…

(1) လူသုံးများတဲ့ စကားလုံး ၃၀၀၀ ကို ကျက်ရပါမယ်။

(2) Generative Grammar လို့ခေါ်တဲ့ ဝါကျတည်ဆောက်တဲ့ပုံသေနည်း (၉) ကြောင်း ကိုလည်း လေ့ကျင့်ရပါမယ်။

(3) ရှေ့ဆက်စကားလုံး(prefix) နောက်ဆက်စကားလုံး(suffix) တွေကိုလည်း လေ့လာထားရပါမယ်။

ဒါဆို လုပ်ကိုင်စားသောက်လို့ရတဲ့ Workable English level တစ်ခုကို အချိန်တို(1 လ) အတွင်း ရောက်ရှိလာမှာပါ…

တစ်ချက်ချင်းစီကို နောက် post များမှာ ဆက်လက် ရှင်းပြပါ့မယ်…

ကျေးဇူးတင်ပါတယ်… :-) :-) :-)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Effective English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category