ULearn Publishing House

ULearn Publishing House

Share

ပညာရေးသင်ထောက်ကူတွေကိုဖြန့်ချီနေတဲ့ Page ပါ။

ULearn offers a wide range of developmental products for young children and effective teaching tools for primary and secondary education teachers.

31/05/2026

📝 အသက် ၅ နှစ်အရွယ်ကလေးတွေရဲ့ ဉာဏ်ရည်အပေါ် သက်ရောက်နေမှုတွေကို သိပြီးပြီလား? 🤔

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မိဘတိုင်း၊ ဆရာတိုင်း သိထားသင့်တဲ့ ကမ္ဘာ့အကြီးဆုံး ကလေးသူငယ်ဖွံ့ဖြိုးမှု သုတေသနအစီရင်ခံစာ “Building Strong Foundations for Life” ကနေ ထွက်ပေါ်လာတဲ့ အံ့ဩဖွယ် အချက်အလက်များကို မျှဝေပေးချင်ပါတယ်။

ဒီစစ်တမ်းကို ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ကနေ ကိုရီးယား၊ အင်္ဂလန်၊ နယ်သာလန် အပါအဝင် ကမ္ဘာ့ဒေသအသီးသီးက အသက် ၅ နှစ်အရွယ် ကလေးပေါင်း ၂၃,၀၀၀ ကျော်ကို ဘက်စုံတိုင်းတာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်တမ်းမှာ ဖော်ထုတ်ထားတဲ့ အဓိကရလဒ် (၅) ချက်က ဘာတွေဖြစ်မလဲ? 👇

🔍 ၁။ အသက် ၅ နှစ်အရွယ်မှာ ကွာဟချက်တွေ စတင်နေပြီ
ကလေးတစ်ဦးရဲ့ ဘဝတစ်လျှောက်လုံး အောင်မြင်မှုအတွက် ပထမဆုံး ၅ နှစ်ဟာ အရေးကြီးဆုံးပါ။ ဒါပေမဲ့ အသက် ၅ နှစ်အရွယ်မှာတင် လူမှုစီးပွားဘဝ ကောင်းမွန်တဲ့မိသားစုက ကလေးတွေဟာ ဆင်းရဲနွမ်းပါးတဲ့မိသားစုအိမ်က ကလေးတွေထက် စာတတ်မြောက်မှုနဲ့ သင်္ချာစွမ်းရည်မှာ သိသိသာသာ အမှတ်ပိုမို မြင့်မားနေကြတာကို စစ်တမ်းအရ စိတ်မကောင်းစွာ တွေ့ရှိရပါတယ်။

💡 ၂။ ဆင်းရဲပေမဲ့ ထူးချွန်တဲ့ ကလေးတွေ ရှိနေဆဲပဲ (Resilient Children)
ဒါပေမဲ့ စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ အဆင်းရဲဆုံး မိသားစုနောက်ခံက လာပေမဲ့ သုတေသနရဲ့ ထိပ်ဆုံး ၂၅% Performance စာရင်းထဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ "ကြံ့ကြံ့ခံနိုင်စွမ်း အားကောင်းတဲ့ ကလေးသူငယ်" ၁၅% ကနေ ၂၂% အထိ ရှိနေပါတယ်။ ဒီကလေးတွေဟာ အိမ်တွင်းမှာ မိဘရဲ့ နွေးထွေးမှု၊ စာဖတ်ပြမှု အလေ့အထတွေကြောင့် အခက်အခဲတွေကို ဖောက်ထွက်နိုင်ခဲ့ကြတာပါ။

📚 ၃။ ဖုန်း/တက်ဘလက် (Screens) ထက် "စာအုပ်" က ပိုအစွမ်းထက်တယ်
ခေတ်ကာလအရ ကလေးတွေကို ဖုန်းတွေ၊ တက်ဘလက်တွေ ပေးဆော့တာ များလာကြပါတယ်။ ဒါပေမဲ့ သုတေသနအရ ဒစ်ဂျစ်တယ်ကိရိယာတွေ နေ့စဉ်သုံးတာဟာ ကလေးဖွံ့ဖြိုးမှုကို အထောက်အပံ့ မဖြစ်စေတဲ့အပြင် ဆိုးကျိုးပင် ဖြစ်စေနိုင်ပြီး၊ မိဘကိုယ်တိုင် "စာအုပ်ဖတ်ပြခြင်း" ကသာ ကလေးရဲ့ ဉာဏ်ရည်ကို အထိရောက်ဆုံး မြှင့်တင်ပေးနိုင်ကြောင်း သက်သေပြနေပါတယ်။

👧 ၄။ မိန်းကလေးတွေက လူမှုရေးနဲ့ စိတ်ခံစားမှုမှာ ပိုရှေ့ရောက်တယ်
သဘာဝအရ ရင့်ကျက်မှုနှုန်း ကွာခြားချက်ကြောင့် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် စာနာနားလည်မှု၊ စကားပြောဆိုမှုနဲ့ လူမှုဆက်ဆံရေးပိုင်း (Social and Emotional Skills) မှာ သိသိသာသာ ပိုမိုထက်မြက် အသာစီးရနေကြပါတယ်။ သင်္ချာစွမ်းရည်မှာတော့ ကျား/မ ကွာဟချက် အနည်းဆုံးပါပဲ။

🏫 ၅။ ECEC (မူကြိုပညာရေး) စောစောတက်တာ ပိုကောင်းတယ်
အသက် ၀၊ ၁ နှစ် သို့မဟုတ် ၂ နှစ်အရွယ်ကတည်းက မူကြို သို့မဟုတ် ကလေးထိန်းစင်တာတွေကို စောစောတက်ခွင့်ရတဲ့ ကလေးတွေဟာ အသက် ၅ နှစ်အရွယ်မှာ ဦးနှောက်စွမ်းရည် ပိုမိုဖွံ့ဖြိုးလာကြပါတယ်။

✨ မိဘများနှင့် ဆရာမများအတွက် အကြံပြုချက် -

ကလေးတွေရဲ့ အနာဂတ်ဘဝ ရှင်သန်နိုင်စွမ်းကို မြှင့်တင်ဖို့ဆိုရင် ငွေကြေးအများကြီး ကုန်ကျခံစရာမလိုပါဘူး။ အိမ်တွင်းမှာ ကလေးနဲ့အတူ အပြန်အလှန် စကားများများပြောပေးခြင်း၊ ကလေးရဲ့ ခံစားချက်ကို နားထောင်ပေးခြင်း၊ နေ့စဉ် စာအုပ်ဖတ်ပြခြင်းနဲ့ ကျောင်းနဲ့မိဘ နီးကပ်စွာ လက်တွဲပူးပေါင်းခြင်းတို့က ကလေးအတွက် အကောင်းဆုံး ဘဝအခြေခံအုတ်မြစ် (Strong Foundations) ကို တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်။







Photos from ULearn Publishing House's post 15/05/2026

လက်‌ရေးသင်စာအုပ်လေးတွေက ကလေးငယ်တွေ လက်ရေးလက်သားကောင်းမွန်စေဖို့နဲ့ စာအရေးအသားနည်းလမ်းတွေ စနစ်ကျစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ပညာရေးသင်ထောက်ကူပစ္စည်းလေးတွေဖြစ်ပါတယ်။

📢𝗨𝗟𝗲𝗮𝗿𝗻 မှ လက်ရေးသင်စသားသားမီးမီးတို့အတွက် လေးထောင့်ကွက်စာအုပ် (၇) မျိုးနှင့် လေးကြောင်းမျဉ်းစာအုပ်(၈)မျိုး ကို ထုတ်ဝေထားပါတယ်နော်. . . 💕

📘လက်ရေးသင်ထပ် လေးထောင့်ကွက် စာအုပ် (၇) မျိုး -
✍️ ခဲတံလက်လှည့် ရေးခြစ်ခြင်းလုပ်ငန်းစာအုပ် (၄၈ မျက်နှာ)
✍️ ရှေးဦးလက်ရေးသင်ခဲတံလက်လှည့် (၅၆ မျက်နှာ)
✍️ဗျည်းများရေးဆွဲနည်း (၇၂မျက်နှာ)
✍️ABCရေးဆွဲနည်း (၅၆ မျက်နှာ)
✍️abcရေးဆွဲနည်း (၅၆ မျက်နှာ)
✍️ကိန်းဂဏန်းများရေးဆွဲနည်း ( ၄၈ မျက်နှာ)
✍️ စိတ်ကြိုက်လက်ရေးလေ့ကျင့်ရန်စာအုပ် (၈၀ မျက်နှာ)

📘လက်ရေးသင် လေးကြောင်းမျဉ်း စာအုပ် (၈)မျိုး-
✍️ လွယ်ရာမှခက်ရာသို့ လေ့ကျင့်ခြင်း (၃၆ မျက်နှာ)
✍️ ဗျည်းများရေးဆွဲနည်း (၄၀ မျက်နှာ)
✍️ ABCရေးဆွဲနည်း (၃၂ မျက်နှာ)
✍️ abcရေးဆွဲနည်း(၃၂ မျက်နှာ)
✍️ ၁ မှ ၂၀ ထိ ကိန်းဂဏန်းများရေးဆွဲနည်း(၃၂ မျက်နှာ)
✍️ 1 to 20 ကိန်းဂဏန်းများရေးဆွဲနည်း(၃၂ မျက်နှာ)
✍️ ကိန်းများကို လေးကြောင်းမျဉ်းနှင့်တစ်ကြောင်းမျဉ်းတွင် ရေးသားခြင်း(၅၂ မျက်နှာ)
✍️ ၈ လိုင်းဆွဲ တွင် စိတ်ကြိုက်လေ့ကျင့်ရန်စာအုပ်( ၈၀ မျက်နှာ)

✅ လက်ရေးသင်စ ကလေးအတွက် လေးထောင့်ကွက်စာအုပ်မှာ ဉီးစွာကျင့်ပြီး လေးကြောင်းမျဉ်းစာအုပ်မှာ လေ့ကျင့်လိုက်ရင် လက်ရေးအတွက် အဆင်သင့်ဖြစ်သွားမှာပါ...

✅ စက္ကူအထူအချောကို သုံးထားပါတယ်...

✅လက်ရေးသင်စာအုပ်လေးတွေမှာ ရေးသားနိုင်ဖို့ ခဲသားနက်တဲ့ 𝟐𝑩 ခဲတံလေးတွေလည်း ရရှိနိုင်ပါတယ်...

✅လက်ရေးသင် တစ်အုပ် ဈေးနှုန်း ၃၀၀၀ ကျပ်ပါ။
လက္ကား‌ဈေးလည်းရှိပါတယ်..

ကဲ ဒါဆိုရင်တော့အခုပဲ
📱𝟬𝟵𝟰𝟰𝟯𝟮𝟬𝟴𝟲𝟴𝟲, 𝟬𝟵𝟯𝟭𝟮𝟴𝟳𝟵𝟮𝟯 ကို ဖုန်း/ 𝐕𝐢𝐛𝐞𝐫 တို့မှ လည်းကောင်း
Chat Boxမှာ နာမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံနှင့်လည်းကောင်း မှာယူနိုင်ပြီနော်...
Deli/စာတိုက် တို့ဖြင့် လိပ်စာအရောက် ပို့ပေးပါတယ်ရှင်။

#သင်ထောက်ကူ


#လက်ရေးသင် See less

Photos from ULearn Publishing House's post 11/05/2026

“သားတို့သမီးတို့ သင်ကြားလေ့လာရာမှာ မှတ်မိနားလည်ဖို့ 𝑼 𝑳𝒆𝒂𝒓𝒏 ရဲ့ ပိုစတာလေးတွေသုံးကြစို့” 💁‍♀️
✅ပိုစတာတွေက အမြင်နှင့် သင်ယူဖို့၊ စဉ်းစားတွေးခေါ်မှုကို အားပေးဖို့၊ အချက်အလက်တွေကို ရုတ်ခြည်း ကိုးကားဖို့ အထောက်အကူဖြစ်စေလို့ ကျောင်းသားရောဆရာတွေပါ 👩‍💼အသုံးပြုနေကြတဲ့ သင်ထောက်ကူတစ်မျိုးဖြစ်ပါတယ်...

✅ 𝑼 𝑳𝒆𝒂𝒓𝒏 က ရရှိနိုင်တဲ့ သင်ထောက်ကူပိုစတာလေးတွေ

✔ Toddlers ပိုစတာ (၁၉မျိုး)
✔ Life Cycle ( ၁၆) မျိုး
✔ ရေးဆွဲနည်း (၇) မျိုး
✔ Occupations
✔ ကျန်းမာရေး ပိုစတာများ
✔ Prepositions
✔ Verbs
✔ Sports
✔ ABC ရွတ်ဆိုရန်
✔ က မှ အ ထိ ဗျည်းအက္ခရာ ကဗျာများ
✔ ရွတ်ဆိုရန် ဗျည်းကဗျာ

✔ 𝑼 𝑳𝒆𝒂𝒓𝒏 က အတန်းစုံအတွက် ဘာသာရပ်အလိုက် ပိုစတာအမျိုးအစားပေါင်း ၄၀၀ ကျော် ထုတ်လုပ်ထားပါတယ်..

ပိုစတာ ၁ ချပ်တွဲ အရွယ်အစား - A3 စက္ကူ အရွယ် (11.7 * 16.5 ) လက်မ
👉ပိုစတာတစ်ချပ် စျေးနှုန်း - ၃၅၀၀ ကျပ်

အကြောင်းအရာအလိုက် ၂ ချပ်တွဲ၊ ၃ ချပ်တွဲတွေလည်း ထုတ်ထားတယ် အလွယ်တကူ ခေါက်ပြီး သယ်နိုင်/ ဖြန့်နိုင်ဖို့ စီစဉ်ပေးထားပါတယ်...

ရေစိုခံ၊ စုပ်ပြဲမှုကင်းအောင် ပလပ်စတစ်အထူလောင်းထားသလို အသင့်ချိတ်ဆွဲနိုင်ဖို့ ကြိုးတပ်ပေးထားပါတယ်... ဆန့်ဆန့်ပြန့်ပြန့်ရှိတာမို့ အဆင်ပြေစွာအသုံးပြုနိုင်ပါတယ်...

လက္ကားစျေးလည်း ရှိပါတယ်နော်...

📢ကဲဒါဆိုရင်တော့ အခုပဲရွေးချယ်ပြီး
📱𝟬𝟵𝟯𝟭𝟮𝟴𝟳𝟵𝟮𝟯, 𝟬𝟵𝟰𝟰𝟯𝟮𝟬𝟴𝟲𝟴𝟲 ကို ဖုန်း/ 𝐕𝐢𝐛𝐞𝐫 တို့မှ လည်းကောင်း
Chat Boxမှာ နာမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံနှင့်လည်းကောင်း မှာယူနိုင်ပါတယ်...
🚚🚲Deli/🏤စာတိုက် တို့ဖြင့် လိပ်စာအရောက် ပို့ပေးပါတယ်ရှင်။


#သင်ထောက်ကူ

#ပိုစတာ

Photos from ULearn Publishing House's post 08/05/2026

မင်္ဂလာပါရှင်
𝑼 𝑳𝒆𝒂𝒓𝒏 က ကလေးတို့အတွက် အောက်ပါဆေးရောင်ခြယ်စာအုပ်လေးတွေ ထုတ်ဝေထားပါတယ်....

(၁) KG ဆေးရောင်ခြယ် အပိုင်း (၁)+(၂) ၁၀၀၀၀ ကျပ် (KGသင်ရိုးပါ လုပ်ငန်းအားလုံးအတွက်)
(၂) သစ်သီးပုံများ ဆေးရောင်ခြယ်စာအုပ် ၃၅၀၀ ကျပ်
(၃) ဟင်းသီးဟင်းရွက်ပုံများ ဆေးရောင်ခြယ်စာအုပ် ၃၅၀၀ ကျပ်
(၄) ပန်းပွင့်ပုံများ ဆေးရောင်ခြယ်စာအုပ် ၃၅၀၀ ကျပ်
(၅) တိရစ္ဆာန်ပုံများ ဆေးရောင်ခြယ်စာအုပ် ၃၅၀၀ ကျပ်
(၆) အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ပုံများ ဆေးရောင်ခြယ်စာအုပ် ၃၅၀၀ ကျပ်
(၇) သယ်ယူပို့ဆောင်ရေးယာဉ်ပုံများ ဆေးရောင်ခြယ်စာအုပ် ၃၅၀၀ ကျပ်

လက္ကား‌ဈေးလည်းရှိပါတယ်..

ကဲ ဒါဆိုရင်တော့အခုပဲ

📱𝟬𝟵𝟰𝟰𝟯𝟮𝟬𝟴𝟲𝟴𝟲, 𝟬𝟵𝟯𝟭𝟮𝟴𝟳𝟵𝟮𝟯 ကို ဖုန်း/ 𝐕𝐢𝐛𝐞𝐫 တို့မှ လည်းကောင်း
Chat Boxမှာ နာမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံနှင့်လည်းကောင်း မှာယူနိုင်ပြီနော်...

Deli/စာတိုက် တို့ဖြင့် လိပ်စာအရောက် ပို့ပေးပါတယ်ရှင်။

#သင်ထောက်ကူ


Book
#ဆေးရောင်ခြယ်စာအုပ် See less

Photos from ULearn Publishing House's post 08/05/2026

ကလေးငယ်တွေ ပျော်ရွှင်မြူးထူး ဉာဏ်ကွန့်မြူးဖို့ U Learn ရဲ့ Lotto, Bingo, Matching, Memory ဗူးလေးတွေကို ရွေးချယ်ကြစို့....

🔳 ဒီဗူးလေးတွေကစားခြင်းကြောင့် ကလေးငယ်တို့ ရရှိမယ့်အကျိုးကျေးဇူးတွေ

✅ မှတ်ဉာဏ်တိုးမယ်
Memory ဂိမ်းလေးတွေက မှတ်ဉာဏ်ကို သန်စွမ်းစေတယ်။ ပုံတူကတ်ပြားတွေကို လိုက်ရှာရတာက ဦးနှောက်ကို လှုံ့ဆော်ပေးသလို ပုံတွေ၊ အရောင်တွေ၊ နံပါတ်တွေကို မှတ်မိစေပါတယ်..✔
✅ အာရုံစူးစိုက်မှု ပိုကောင်းမယ်
Lotto နဲ့ Bingo ဂိမ်းတွေက အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေတယ်။ ကတ်ပြားပေါ်က နံပါတ်တွေ၊ ပုံတွေကို သေချာစောင့်ကြည့်ရတာက သူတို့ရဲ့ အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးတယ်...✔
✅ အမြင်ဆိုင်ရာ ပုံဖော်နိုင်စွမ်းတိုးမယ်
Matching ဂိမ်းတွေက ကလေးတွေရဲ့ အမြင်ဆိုင်ရာ ပုံဖော်နိုင်စွမ်း ကို မြှင့်တင်ပေးတယ်။ ပုံတူကတ်ပြားတွေကို လိုက်ရှာရလို့ ပုံတွေကို မှတ်မိစေပြီး နေရာချထားပုံကို ပုံဖော်နိုင်စွမ်း တိုးတက်စေတယ်....✔
✅ သင်္ချာစွမ်းရည် မြင့်မားမယ်
Lotto နဲ့ Bingo ဂိမ်းတွေမှာ ပါဝင်တဲ့နံပါတ်တွေကို မှတ်မိပြီး ရေတွက်နိုင်စွမ်း တိုးတက်လာတယ်။ ပေါင်းခြင်း၊ နုတ်ခြင်းလို သင်္ချာဆိုင်ရာ အခြေခံသဘောတရားတွေကို လေ့လာနိုင်တယ်....✔
✅ လူမှုရေးစွမ်းရည် ဖွံ့ဖြိုးမယ်
မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အတူကစားရင်းတဲ့ အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်း၊ စည်းကမ်းလိုက်နာမှု နဲ့ ပြိုင်ဆိုင်မှုစိတ် တို့ကို ဖွံ့ဖြိုးလာစေတယ်...✔
✅ စိတ်ဖိစီးမှုလျော့ကျမယ်
ဒီဂိမ်းဗူးလေးတွေကစားခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပျော်ရွှင်မှုကို ဖြစ်စေတယ်..✔

🔳 ဘာကြောင့် ဒီဗူးတွေကို ရွေးချယ်သင့်တာလဲ?
• လွယ်လွယ်ကူကူ ပျော်ပျော်ပါးပါးနဲ့ ကစားနိုင်တယ် ✔
• ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးတယ် ✔
• မိသားစုနဲ့ အတူကစားနိုင်တယ် ✔
ဒါကြောင့် U Learn ကထုတ်လုပ်ထားတဲ့ Lotto, Bingo, Matching, Memory ဗူးလေးတွေကို ကလေးတွေနဲ့ အတူကစားပြီး သူတို့ရဲ့ ဖွံ့ဖြိုးမှုကို အားပေးလိုက်ပါ....
ကလေးငယ်တွေဟာ ပျော်ရွှင်ရင်း ဉာဏ်ရည်တိုးတက်လာမှာ အသေအချာပါပဲ!

# English Version
Let young children have fun and boost their brain power with U Learn’s Lotto, Bingo, Matching, and Memory Game Boxes!

🔳 Benefits children will gain from playing with these Game Boxes:
✅ Improved Memory
Memory games strengthen children’s memory skills. Searching for matching cards stimulates the brain and helps them remember pictures, colors, and numbers. ✔
✅ Better Concentration
Lotto and Bingo games enhance focus and attention. Watching the numbers and images on the cards carefully trains their ability to concentrate. ✔
✅ Enhanced Visual Recognition
Matching games boost visual processing skills. By looking for matching cards, children improve their ability to recall images and visualize patterns. ✔
✅ Stronger Math Skills
With the numbers included in Lotto and Bingo games, children develop counting skills and grasp basic math concepts like addition and subtraction. ✔
✅ Improved Social Skills
Playing together with family and friends develops teamwork, discipline, and a healthy sense of competition. ✔
✅ Reduced Stress
These fun and engaging games help relieve stress and bring joy to children. ✔

🔳 Why choose these game boxes?
• Easy and fun to play ✔
• Boosts children's intelligence and abilities ✔
• Perfect for family bonding ✔
So let’s play U Learn’s Lotto, Bingo, Matching, and Memory Game Boxes with our children and support their development...
Happy kids are definitely smarter kids!

📢 လိုအပ်လို့ မှာယူလိုပါက
☎ 𝟬𝟵𝟰𝟰𝟯𝟮𝟬𝟴𝟲𝟴𝟲, 𝟬𝟵𝟯𝟭𝟮𝟴𝟳𝟵𝟮𝟯 ကို ဖုန်း/ 𝐕𝐢𝐛𝐞𝐫 တို့မှ လည်းကောင်း
Chat Boxမှာ နာမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံနှင့်လည်းကောင်း မှာယူနိုင်ပါတယ်...
Deli/စာတိုက် တို့ဖြင့် လိပ်စာအရောက် ပို့ပေးပါတယ်ရှင်။

#သင်ထောက်ကူ
publishing house




See less

01/05/2026

လက်ရေးလှလှလေးတွေ ဆက်ပြီး ပိုင်ဆိုင်ဖို့ လေးကြောင်းမျဉ်းအလွတ် စာအုပ်လေးတွေ ရောက်ရှိလို့လာပါပြီ ✍️✨

U Learn ရဲ့ လက်ရေးသင် လေးကြောင်းမျဉ်း (၇) မျိုးကို ကျွမ်းကျင်အောင် လေ့ကျင့်ပြီးသွားပြီဆိုရင်တော့ လက်ချောင်းလေးတွေ ပိုမိုမြဲမြံလာစေဖို့ နှင့် လက်ရေးလေးတွေ ပိုမိုကောင်းမွန်စေဖို့ လေးကြောင်းမျဉ်းအလွတ်စာအုပ်လေးတွေ နဲ့ ဆက်လက်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

မိဘတွေ ဆရာမတွေနဲ့ ကလေးတွေ မှတ်ရလွယ်ကူစေဖို့အတွက် အရင်ထုတ်ထားတဲ့ လက်ရေးသင်စာအုပ် အရောင်လေးတွေအတိုင်း (၄) ရောင် ခွဲခြားပြီး ထုတ်ဝေပေးထားပါတယ်။

🌈 ဘာသာရပ်အလိုက် အရောင်လေးတွေကတော့ -

🔴 အနီရောင် - မြန်မာအက္ခရာ (က ခ) ကျင့်ရန်
🟢 အစိမ်းရောင် - အင်္ဂလိပ်အက္ခရာအကြီး (ABC) ကျင့်ရန်
🟡 အဝါရောင် - အင်္ဂလိပ်အက္ခရာအသေး (abc) ကျင့်ရန်
🔵 အပြာရောင် - ဂဏန်းသင်္ချာ (၁၂၃ / 123) ကျင့်ရန်

📏 စာအုပ်ရဲ့ ထူးခြားချက်များ -

စာမျက်နှာ (၈၀) တိတိ ပါဝင်လို့ စိတ်ကြိုက် လေ့ကျင့်နိုင်မှာပါ။

အရည်အသွေးကောင်းမွန်တဲ့အတွက် မူကြိုနဲ့ အခြေခံပညာစတင်မယ့် ကလေးငယ်များအတွက် အထူးသင့်လျော်ပါတယ်။

ဈေးနှုန်း တစ်အုပ် ၂၀၀၀ ကျပ်။
လက္ကား‌ဈေးလည်းရှိပါတယ်..

ကလေးတို့ရဲ့ လက်ရေးလှလှလေးတွေဟာ စဉ်ဆက်မပြတ် လေ့ကျင့်မှုကနေ လာတာဖြစ်လို့ ဒီလေးကြောင်းမျဉ်းအလွတ် စာအုပ်လေးတွေနဲ့ အခုပဲ ထပ်မံဖြည့်ဆည်းပေးလိုက်ရအောင်နော်။ ❤️

ကဲ ဒါဆိုရင်တော့အခုပဲ

📱𝟬𝟵𝟰𝟰𝟯𝟮𝟬𝟴𝟲𝟴𝟲, 𝟬𝟵𝟯𝟭𝟮𝟴𝟳𝟵𝟮𝟯 ကို ဖုန်း/ 𝐕𝐢𝐛𝐞𝐫 တို့မှ လည်းကောင်း
Chat Boxမှာ နာမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံနှင့်လည်းကောင်း မှာယူနိုင်ပြီနော်...
Deli/စာတိုက် တို့ဖြင့် လိပ်စာအရောက် ပို့ပေးပါတယ်ရှင်။

#သင်ထောက်ကူ


#လက်ရေးသင်

29/04/2026

"ရိုးသားမှုနဲ့ ဖြောင့်မတ်မှန်ကန်မှုဆိုတာ အတင်းအကျပ် ဖိအားပေးလို့ ရတဲ့အရာ မဟုတ်ပါ"

ကလေးတစ်ယောက်ကို ရိုးသားဖို့၊ ဖြောင့်မတ်မှန်ကန်ဖို့ သင်ပေးတဲ့အခါ "မလိမ်ရဘူး၊ အမှန်ပဲပြောရမယ်" လို့ အတင်းအကျပ် ပြောနေတာနဲ့တင် လုံလောက်ပါ့မလား?

တကယ်တော့ ရိုးသားမှု (Honesty) နဲ့ ဖြောင့်မတ်မှန်ကန်မှု (Integrity) ဆိုတာ ကလေးတွေကို အတင်းအကျပ် ရိုက်သွင်းလို့ မရတဲ့ အကျင့်စရိုက်တွေပါ။ ဒါတွေဟာ နှစ်ပေါင်းများစွာ စောင့်ရှောက်မှု၊ ဘေးကင်းလုံခြုံမှုနဲ့ မိဘတွေရဲ့ စံနမူနာကောင်းတွေကနေမှ တဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ "အဆင့်မြင့် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု" တွေ ဖြစ်ပါတယ်။

ကလေးတစ်ယောက် ရိုးသားဖို့ ဘာတွေလိုအပ်သလဲ?

✨ စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု (Emotional Safety)။ သူတို့ အမှားလုပ်မိတဲ့အခါ ဒါမှမဟုတ် အမှန်အတိုင်းပြောတဲ့အခါ အပြစ်တင်ခံရမှာကို မကြောက်ရအောင် စိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါတယ်။
✨ ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်း (Self-control)။ စိတ်အလိုကို ထိန်းချုပ်ပြီး မှန်ကန်တာကို ရွေးချယ်နိုင်ဖို့ စွမ်းရည်ရှိဖို့ လိုပါတယ်။
✨ အကျိုးဆက်ကို ရင်ဆိုင်နိုင်စွမ်း။ ကြောက်ရွံ့မှုကြောင့် လိမ်ပြောမယ့်အစား၊ မိမိလုပ်ရပ်ရဲ့ တာဝန်ကို ယူရဲတဲ့ သတ္တိမျိုးပါ။

ဘယ်လို ကူညီပေးနိုင်မလဲ?

✅ စံနမူနာပြပါ။ ကလေးတွေရှေ့မှာ ကိုယ်တိုင်ရိုးသားမှုရှိတဲ့ လူကြီးတွေ ဖြစ်ပါစေ။
✅ အရှက်မခွဲဘဲ သင်ပေးပါ။ အမှားတစ်ခုလုပ်မိတဲ့အခါ အရှက်ရစေမယ့် စကားလုံးတွေသုံးမယ့်အစား၊ ဘာကြောင့်မှားလဲ၊ နောက်တစ်ခါ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ပေးပါ။
✅ ယုံကြည်မှု တည်ဆောက်ပါ။ ကလေးတွေ အမှန်တရားကို ရဲရဲပြောရဲတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။

ဖြောင့်မတ်မှန်ကန်မှုဆိုတာ ကလေးကို ဖိအားပေးပြီး ပုံသွင်းလို့ မရပါဘူး။ အတွေ့အကြုံ၊ စံနမူနာနဲ့ အပြန်အလှန် ယုံကြည်မှုတွေကနေတစ်ဆင့် သူတို့ရဲ့ အတွင်းစိတ်မှာ အလိုလို ဖြစ်ပေါ်လာအောင် မေတ္တာနဲ့ ပုံဖော်ပေးရတာပါ။ ❤️

မိဘများအနေနဲ့ရော ကိုယ့်ကလေးတွေကို ဘယ်လို လမ်းပြပေးနေကြပါလဲ။ 👇



#သင်ထောက်ကူ




17/04/2026

ကလေးတစ်ယောက်ကို "ယုံကြည်မှု" ပေးလိုက်တဲ့အခါ... ✨

"မင်းလုပ်နိုင်ပါတယ်" လို့ ပြောပေးရုံထက်၊ တကယ့်အလုပ်တစ်ခုကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်လိုက်တာက ကလေးရဲ့ စွမ်းဆောင်ရည်ကို ပိုပြီး မြှင့်တင်ပေးနိုင်ပါတယ်။

✅ ဘာတွေထူးခြားလာမလဲ?

အာရုံစူးစိုက်မှု ပိုကောင်းလာမယ်။

တာဝန်ယူလိုစိတ် ရှိလာမယ်။

မိမိကိုယ်ကိုယ် ယုံကြည်မှု (Confidence) အစစ်အမှန် ရရှိလာမယ်။

ကလေးတွေကို ပစ္စည်းအစစ်တွေ၊ ကိရိယာအစစ်တွေနဲ့ အလုပ်လုပ်ခွင့်၊ ဆော့ကစားခွင့် ပေးခြင်းဟာ သူတို့ရဲ့ တန်ဖိုး ဂုဏ်သိက္ခာကို မြှင့်တင်ပေးသလို၊ အဓိပ္ပာယ်ရှိတဲ့ ပါဝင်ကူညီမှုတွေကိုလည်း ဖော်ဆောင်ပေးရာရောက်ပါတယ်။

ယုံကြည်မှုပေးခြင်းဟာ ကလေးတွေအတွက် အကောင်းဆုံးသော သင်ကြားမှုတစ်ခုပါပဲ။ ❤️



#သင်ထောက်ကူ

15/04/2026
30/03/2026

🎨 သင့်ကလေးရဲ့ အခန်းနဲ့ ကစားစရာ အရောင်တွေက သူတို့ ဦးနှောက်အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သလား? 🤔

မိဘအများစုဟာ ကလေးအခန်း ဒါမှမဟုတ် ကစားစရာတွေ ဝယ်တဲ့အခါ ပျော်စရာကောင်းဖို့နဲ့ လှပဖို့ကိုပဲ ကြည့်ပြီး အရောင်ရွေးချယ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီအရောင်ရွေးချယ်မှုတွေဟာ သင့်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် သိသိသာသာ သက်ရောက်မှုရှိတယ် ဆိုတာကိုရော သတိပြုမိကြပါသလား။

✨ အရောင်ဆိုတာ အလှဆင်ရုံသက်သက် မဟုတ်ပါဘူး။
အရောင်တွေဟာ ကလေးရဲ့ အာရုံကြောစနစ်က တစ်နေကုန် တုံ့ပြန်လုပ်ဆောင်နေရတဲ့ အချက်ပြလှိုင်းတွေပဲ ဖြစ်ပါတယ်။

🚫 ပြင်းထန်တဲ့အရောင်တွေရဲ့ သက်ရောက်မှု:
ကလေးရဲ့ ပတ်ဝန်းကျင်မှာ အရောင်တောက်တောက်တွေ၊ အလင်းအမှောင် ကွာခြားချက် ပြင်းထန်တဲ့ အရောင်တွေ (ဥပမာ- အနီရဲရဲ၊ အဝါတောက်တောက်) အပြည့်ဖြစ်နေရင် young brains (ကလေးဦးနှောက်ငယ်) ဟာ လှုံ့ဆော်မှုတွေ လွန်ကဲ (Overstimulated) သွားနိုင်ပါတယ်။ ဒီလို လှုံ့ဆော်မှုတွေ များပြားလွန်းခြင်းက ကလေးကို -

အာရုံစူးစိုက်ဖို့ ခက်ခဲစေပါတယ်။

စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်ခဲစေပါတယ်။

စိတ်အေးလက်အေးရှိဖို့ ခက်ခဲစေပါတယ်။

✅ နုညံ့တဲ့အရောင်တွေရဲ့ အကျိုးကျေးဇူး:
ရိုးရှင်းတဲ့ လေ့လာမှုတွေအရ အပြာနုရောင် (Soft Blues) နဲ့ အစိမ်းနုရောင် (Gentle Greens) တွေဟာ -

ကလေးတွေကို အာရုံစူးစိုက်မှု ပိုမိုကြာရှည်စေပါတယ်။

ပိုမိုတည်ငြိမ်စေပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ခံစားချက်ကို မျှတစေပါတယ်။

💡 နွေးထွေးတဲ့အရောင်တွေ (ဥပမာ- အဝါ၊ လိမ္မော်):
ဒီအရောင်တွေကလည်း အထောက်အကူပြုနိုင်ပေမဲ့ အနည်းငယ်သာ အသုံးပြုတာက အကောင်းဆုံးဖြစ်ပါတယ်။ အရောင်တောက်တောက်တွေ အရမ်းများနေရင် ကလေးကို တက်ကြွလန်းဆန်းစေမယ့်အစား ဂနာမငြိမ်ဖြစ်တာ ဒါမှမဟုတ် စိတ်မသက်မသာဖြစ်တာမျိုးတွေ ခံစားရစေနိုင်ပါတယ်။

🧑‍🏫 မိဘများအတွက် အကြံပြုချက်:
သင့်ကလေးက အာရုံပျံ့လွင့်နေတာ ဒါမှမဟုတ် စိတ်တိုလွယ်နေတာမျိုး ဖြစ်နေရင် သူတို့ကို အပြစ်မတင်ခင် သူတို့ပတ်ဝန်းကျင်ကို အရင်လေ့လာကြည့်ပါ။ ကလေးရဲ့ စာကြည့်ခန်း ဒါမှမဟုတ် အိပ်ခန်းတွေမှာ နုညံ့တဲ့အရောင်လေးတွေကို ပြောင်းသုံးကြည့်ပါ။ အပြောင်းအလဲ အနည်းငယ်ကပင် ကလေးရဲ့ စိတ်ကို တည်ငြိမ်သွားစေနိုင်ပြီး ပင်ပင်ပန်းပန်း အားထုတ်စရာမလိုဘဲ အနားယူဖို့နဲ့ သင်ယူလေ့လာဖို့အတွက် ပိုမိုလွယ်ကူသွားစေမှာ ဖြစ်ပါတယ်။

🎨✨ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ဆေးရောင်ခြယ်ခြင်း:
အရာဝတ္ထုတွေရဲ့ သဘာဝအရောင်တွေကို ခွဲခြားသိမြင်တတ်စေဖို့ U Learn ရဲ့ ဆေးရောင်ခြယ်စာအုပ်လေးတွေ က ကူညီပေးနိုင်ပါတယ်။

🍎 သစ်သီးဝလံများ (အနီ၊ အဝါ၊ အစိမ်း)

🌸 ပန်းပွင့်များ (အရောင်အသွေးစုံ)

🦁 တိရစ္ဆာန်များ (ညို၊ ဝါ)

🥦 ဟင်းသီးဟင်းရွက်များ (အစိမ်းရောင်)

🛶 သယ်ယူပို့ဆောင်ရေးယာဉ်များ (အရောင်အသွေးစုံ)

⛏ အလုပ်အကိုင်များ (အရောင်အသွေးစုံ)

စတဲ့ သဘာဝအရောင်တွေကို နမူနာကြည့်ပြီး ခြယ်သရင်း ကလေးရဲ့ စိတ်ကို တည်ငြိမ်စေကာ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ကလေးတို့ရဲ့ ကမ္ဘာငယ်လေးကို မျှတတဲ့ အရောင်အသွေးတွေနဲ့အတူ ပုံဖော်ပေးကြရအောင်လား။ ✨💖



#သင်ထောက်ကူ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 36(C) Taw Wyn Street, Dagon Township
Yangon
11191

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30