SORA Japanese Language Academy

SORA Japanese Language Academy •Japanese Collage, Language School Application Service
•Business Japanese and Manners
•Speaking (Conversation Course)
•JLPT (N1, N2, N3, N4, N5)

29/07/2017

🚻🔘 1st August နေ့အတွင်း ကျောင်းအပ်ပါက သူငယ်ချင်း(၁)ယောက် အခမဲ့ခေါ်ယူနိုင်မည့်အစီအစဉ်

N5 (Special Class) ➕ Kanji
🗓 Mon, Wed, Thu
🕰 6:30pm ~ 8:30pm
💴 88,000 Kyats (with Textbook) 📚
🎬 3.8.2017

N4 (Special Class) ➕ Kanji
🗓 Mon, Wed, Thu
⏰ 3:30pm ~ 5:30pm
💰 11,0000 Kyats (with Textbook) 📚
🎬 3.8.2017

N3 Grammar ➕ Vocabulary
🗓 Sat, Sun
⏰ 3:30pm ~ 5:30pm
💸 88,000 Kyats (with Textbook) 📚
🎬 5.8.2017

📍အမှတ်၁၀၅, သိပံ္ပလမ်း, အလုံမြို့နယ်, ရန်ကုန်မြို့
သီရိမင်္ဂလာဈေးဟောင်းမှတ်တိုင်အနီး
📲 095071539

29/06/2017
27/06/2017
24/06/2017

ဂျပန်နိုင်ငံသို့ Technical Intern Training Program ဖြင့် လာရောက် သည့် မြန်မာအလုပ် သမားများအား မေတ္တာရပ်ခံချက် (၂၅-၅-၂၀၁၆)

ဂျပန်နိုင်ငံမှ လာရောက် ကျောင်းမိတ်ဆက် ပုံရိပ်
02/02/2017

ဂျပန်နိုင်ငံမှ လာရောက် ကျောင်းမိတ်ဆက် ပုံရိပ်

02/02/2017
ဂျပန်နိုင်ငံတွင် ဂျပန်လူမျိုးများအား မြန်မာစာနှင့် မြန်မာနိုင်ငံစီးပွားရေးအကြောင်းများ သင်ကြားပို့ချပေးခဲ့သော ဂျပန်နိုင်...
02/02/2017

ဂျပန်နိုင်ငံတွင် ဂျပန်လူမျိုးများအား မြန်မာစာနှင့် မြန်မာနိုင်ငံစီးပွားရေးအကြောင်းများ သင်ကြားပို့ချပေးခဲ့သော ဂျပန်နိုင်ငံမှCollageကျောင်းဆင်း ဆရာမကိုယ်တိုင် သင်ကြားပို့ချမှာဖြစ်ပါတယ်။
သင်ကြားမှုအပိုင်းတွင် အထိရောက်ဆုံးဖြစ်အောင်
သင်တန်းသားဦးရေ အနည်းငယ်နှင့် မိသားစုသဖွယ် ရင်းနှင်းပွင့်လင်းစွာ မေးမြန်းဆွေးနွေးနိုင်ပါသည်။

🥇ဂျပန်အသံထွက် မှန်မှန်ကန်ကန်နှင့် 4Skills ဖြင့်သင်ကြားပိုချခြင်း

🥇ကျောင်းသူ၊ ကျောင်းသားများအတွက် သင့်တော်သောဈေးနှုန်းဖြင့်စီစဉ်ပေးခြင်း

🥇ကျောင်းသူ၊ကျောင်းသား နှစ်ဦးနှင့် အထက်မိတ်ဆက်ပေးပါက မိတ်ဆက်ပေးသူနှင့် မိတ်ဆက်ခြင်းခံရသော ကျောင်းသားများကိုပါ 10% Discount ပေးခြင်း

🥇သင်တန်းတခုတက်ရုံဖြင့် သက်ဆိုင်ရာ Level၏ သံရုံးစာမေးပွဲအား ဖြေဆိုနိုင်ခြင်း

လူဦးရေကန့်သတ်ထားပါ၍ အမြန်ဆုံးလာရောက်စာရင်းပေးသွင်းကြပါနော်

🍀N3, N2 သင်တန်းများကိုလည်း အချိန်ညှိနှိုင်း၍ တက်ရောက်နိုင်ပါပြီ

အမှတ်-၁၀၅, သိပံ္ပလမ်း, အလုံမြို့နယ်, ရန်ကုန်မြို့
သီရိမင်္ဂလာဈေးဟောင်းမှတ်တိုင်, ဝိုက်တော မှတ်တိုင် အနီး
ဖုန်း- 095413045, 095071539

21/12/2016

ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်မယ်ဆိုရင် ၂၀၁၇ခုနှစ်မှာ စတင်မည့် ဥပဒေနှင့် ခံစားခွင့် အကျိုးအပြစ်များ"

Training Visa ဖြင့်ဂျပန်သို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများအတွက် အလုပ်ရှင်အလုပ်သမား စာချုပ်ကို ကြိုတင်လေ့လာသိရှိနိုင်စေရန် ၊ ငွေကြေးလိမ်လည်ခံရတာမျိုး မဖြစ်စေရန် နှင့် ဥပဒေနဲ့အညီ လုပ်ကိုင်နေထိုင်စေရန် ရည်ရွယ်ရေးသားရပါသည် ။

ဂျပန်သွားရောက်လုပ်ကိုင်လိုသူများလေ့လာသိရှိနိုင်ရန် ယခင်စေလွှတ်ထားသော အလုပ်သင်အလုပ်သမားစာချုပ်ကို တင်ပြခြင်းဖြစ်ပြီး အလုပ်ချိန် ၊ လစာ ၊အခွန်အခ ဖြတ်တောက်မည့်ငွေ ၊ ထွက်ခွာရမည့်ရက်စွဲ ၊ အလုပ်ဝင်ရမည့်အချိန် ၊အသားတင် စားစရိတ်မပါပဲ ရရှိမည့်လစာ ၊ ခွင့်နှင့် ပိတ်ရက်များ စတာတွေ အကုန်ပါဝင်ပါတယ် ၊ နေရာဒေသနှင့် အလုပ်ပေါ်မူတည်ပြီး လစာကွာဟချက်ရှိနိုင်ပေမယ့် မြန်​မာနိုင်​ငံအစိုးရသတ်မှတ်ထားတဲ့ ယန်း ၁၂၀၀၀၀ ထက်
လျော့နည်းပြီး ပို့ဆောင်ခွင့်မရှိပါ ။

ဒီစာချုပ်ကို JITCOအဖွဲ့ကြီးက သတ်မှတ်ထားတဲ့အတိုင်း မည်သည့်နိုင်ငံမှ လုပ်သားမဆို ချုပ်ဆိုရတဲ့ စာချုပ်ဖြစ်ပါတယ်။
၃နှစ်အတွင်းရရှိမည့် ပုံသေလစာ ဖြစ်ပြီး အလုပ်ရှင်နဲ့မိမိစွမ်းဆောင်ရည်အပေါ်မူတည်ပြီးလစာတိုးပေးတာမျိုးတော့ရှိနိုင်ပါတယ်။

⭐️သွားရောက်လုပ်ကိုင်မည့်သူများသိစေရန်မှာ အလုပ်ပြောင်းလဲ လုပ်ကိုင်ခွင့်မရှိပါ ။

⭐️နိုင်ငံရေးခိုလှုံခွင့်လျှောက်ထား၍မရပါ ။

⭐️ဥပဒေနဲ့အညီနေထိုင်လုပ်ကိုင်ပြီး အလုပ်ရှင်ရဲ့ သတ်မှတ်စည်းကမ်း အတိုင်းလုပ်ကိုင်ရပါမယ်။

⭐️လစာကွာဟမှုရှိပါက အလုပ်ရှင် ၊ အေဂျင်စီ ၊
မြန်မာသံရုံး စသည်ဖြင့် တင်ပြတောင်းဆိုနိုင်ပါတယ် ။

⭐️ဂျပန်သွားရရင်ပြီးရောဆိုတဲ့သဘောထားနဲ့တော့ မသွားသင့်ပါ ၊

⭐️စာချုပ်ပါအချက်အလက်များအတိုင်း COE ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရန်လက်မှတ်မရခင်မှာ ဒီစာချုပ်ကိုချုပ်ဆိုရပြီး မိမိဆန္ဒအရ ရွေးချယ်နိုင်ပါတယ်။

⭐️လုပ်ငန်းခွင်မှ ထွက်ပြေးခြင်း ၊ ခွင့်ရက်ကျော်လွန်သည်အထိ အကြောင်းမကြားပဲ အလုပ်ပျက်ကွက်ခြင်းကြောင့် အလုပ်မှ ထုတ်ပယ်ခံရနိုင်ပြီး လစာငွေရဲ့ (၅)လစာ ထက်မပိုသော လျော်ကြေးငွေကို အေဂျင်စီက တောင်းခံနိုင်ခွင့်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။

⭐️ မိမိသွားရောက်လုပ်ကိုင်မည့် ဝန်ဆောင်ခငွေကြေးကို မသွားခင်မှာ တိကျရှင်းလင်းစွာ မေးမြန်းပေးသွင်းရန်လိုအပ်ပြီး အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခအတိုင်း ပေးသွင်းရမှာဖြစ်ပါတယ်။

⭐️ ဝန်ဆောင်ခထဲမှာ လေယာဉ်လက်မှတ်ဖိုးနဲ့ အေဂျင်စီကပေးဆောင်ရမယ့် အခွန်အခတွေ ပါပြီးသားဖြစ်ပြီးတော့ ဆေးစစ်ခ ပါတ်စပို့ပြုလုပ်ခ ထပ်ကုန်ကျနိုင်ပြီး အလုပ်လုပ်ကိုင်ကြောင်းထောက်ခံစာကိုလည်း မိမိအစီအစဉ်နဲ့ ရယူပေးရမှာဖြစ်ပါတယ် ၊

⭐️ မိမိလုပ်ကိုင်ရမယ့် အလုပ်အမျိုးအစားနဲ့ ရရှိမယ့်လစာငွေကို ကျေနပ်သဘောတူမှသာ စာချုပ်မှာလက်မှတ်ရေးထိုးပြီး သွားရောက်လုပ်ကိုင်သင့်ပါတယ်။

⭐️ဂျပန်ရောက်ပြီး ဆေးစစ်ရာမှာ ဆေးကျခဲ့ရင် မိမိစရိတ်နဲ့ပြန်လာရမှာလည်းဖြစ်တာကို သတိပြုသင့်ပါတယ်။

⭐️ သင်တန်းသားအလုပ်သမားလို့သတ်မှတ်ထားတာကြောင့် ဂျပန်မှာ လုပ်ကိုင်နေကြတဲ့ Work Visa နဲ့သွားရောက်လုပ်ကိုင်နေကြတဲ့ ကျွမ်းကျင်လုပ်သားတွေ ၊ ကျောင်းတက်ပြီး အလုပ်လုပ်ကိုင်ခွင့်ရနေတဲ့ လုပ်သားတွေထက်တော့ လစာနည်းမှာ အသေအချာဖြစ်ပါတယ်။

⭐️ သွေးဆောင်ဖျားယောင်းမှု ၊ မက်လုံးပေးမှု ၊
အတင်းအကြပ်ခြိမ်းခြောက်ခေါ်ယူမှုတို့ကြောင့်
နစ်နာထိခိုက်သူတွေလည်း အများအပြားရှိနေတာ တွေ့နေရပြီး တရားဝင်နေထိုင်ခြင်းကသာ အကောင်းဆုံးလုံခြုံစိတ်ချစွာဖြင့် လုပ်ကိုင်နိုင်မှာလည်းဖြစ်ပါတယ်။

⭐️ မလေးရှား ထိုင်း စင်္ကာပူ စတဲ့နိုင်ငံတွေထက်တော့ လစာပိုမိုရရှိတာကြောင့် ဥပဒေအတိုင်း (မြန်​မာနိုင်​ငံ နှင့် ဂျပန် ဥပဒေ)စည်းကမ်းလိုက်နာပြီး ၃ နှစ်ပြည့်တဲ့အခါမှာ အလုပ်ရှင်ရဲ့ ထောက်ခံချက်အရ ကျွမ်းကျင်လုပ်သားအနေနဲ့ ထပ်မံသွားရောက်
လုပ်ကိုင်ရင် ကျွမ်းကျင်လုပ်သားလစာရရှိမှာလည်း ဖြစ်ပါတယ်။

လာမယ့် ၂၀၁၇ မှာတော့ ၅နှစ်ထိ လုပ်ကိုင်ခွင့်ရဖို့
သတ်မှတ်ပေးမယ်လို့ သိထားပါတယ်။
ထပ်တိုး၂နှစ်ကိုတော့ အရည်​အချင်းစစ်စာမေးပွဲဖြေဆိုရပြီး လစာလည်းတိုးမြှင့်ရရှိမယ်လို့လည်း သိထားပါတယ်။

👉Work Visa သမားများအတွက်👈

Work Visa နဲ့သွားရောက်လုပ်ကိုင်မယ်ဆိုရင်တော့ GTI AGTI BE နဲ့ တခြားဘွဲ့တစ်ခုခုရရှိထားရန်လိုအပ်ပြီး ဂျပန်ဘာသာစကားအနည်းဆုံး N3 level အောင်မြင်ထားသင့်ပြီး ကွန်ပျူတာတတ်ကျွမ်းထားရန်နှင့် Autocad ၊ Photoshop စတာတွေလည်း ကျွမ်းကျင်ထားရင်အကောင်းဆုံးဖြစ်ပါတယ်။ ကျွမ်းကျင်လုပ်သားအတွက်ရရှိနိုင်မယ့်လစာက အနည်းဆုံး ယန်း၁၈၀ ၀၀၀ ခန့်ဖြစ်ပါတယ်။

၅နှစ်နေထိုင်ခွင့်ရှိပြီး ဆက်လက်သက်တမ်းတိုးနေထိုင်လုပ်ကိုင်ခွင့်နဲ့ မှီခိုမိသားစုလည်းခေါ်နိုင်ခွင့်ရှိပါတယ် ။ PR အမြဲတမ်းနေထိုင်ခွင့်ကိုလည်း ဆက်လက်လျှောက်ထားနိုင်မှာလည်းဖြစ်ပါတယ်။

အလုပ်ရှင်ကတိုက်ရိုက်ခေါ်ယူတာဖြစ်ပြီး အလုပ်ရှင်ရဲ့ခွင့်ပြုချက်အရ အလုပ်ပြောင်းလဲလုပ်ကိုင်ခွင့်ရှိပါတယ်။

ဂျပန်ရောက်ရင် ဂျပန်လို ပြုမူပြောဆိုနိုင်ရန်လိုအပ်ပြီး
ဂျပန်နိုင်ငံကသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာကျင့်သုံးနေထိုင်တတ်ဖို့လိုပါတယ်။

ဒါကြောင့်လည်း ဂျပန်ကိုသွားရောက်မလုပ်ကိုင်ခင်မှာ ဂျပန်စကားကို အသေအချာ လေ့လာကျက်မှတ်ထားရန်လည်း အရေးကြီးပါတယ်။

ဗီယက်နမ်လူမျိုးတွေရဲ့ ဂျပန်စာကျွမ်းကျင်မှုကို အမီလိုက်နိုင်ဖို့လည်း လိုအပ်နေသလို ထွက်ပြေးတဲ့နိုင်ငံသားထဲမှာလည်း မြန်မာလူမျိုးက ဒုတိယနေရာမှာ ရှိနေတာကြောင့် ကိုယ့်နိုင်ငံသားတွေအလုပ်အကိုင်
အခွင့်အလမ်း ဆုံးရှုံးနစ်နာမှုမရှိစေဖို့ မိမိတို့မှာလည်းတာဝန် ရှိပါတယ်။

၂၀၁၇ မှာတော့ နိုင်​ငံ​ရေးခိုလှုံခွင့်လည်း ရဖို့မလွယ်တော့သလို Overstay လုပ်သားတွေအတွက်လည်း အလုပ်အကိုင်ရရှိဖို့ မလွယ်နိုင်တဲ့အပြင် မြန်မာသံရုံးကလည်း ပါတ်စပို့ သက်တမ်းမတိုးပေးခြင်း ၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အမည်မဲစာရင်းသွင်းပြီး အရေးယူခံရခြင်း ၊ လစာရဲ့ ၅ လစာကို လျော်ကြေးပေးရခြင်းတို့ကြောင့် မသွားရောက်ခင်မှာ သေချာလေ့လာစဉ်းစားဆုံးဖြတ်ပြီးမှသာ မိမိရဲ့ဂုဏ်သိက္ခာ အကျိုးစီးပွား ၊ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို
မထိခိုက်မနစ်နာရအောင် နဲ့ မည်သူမှ အကျိုးမယုတ်ရလေအောင်သတ်မှတ်စာချုပ်အတိုင်း စာချုပ်ချုပ်ဆို
သွားရောက်လုပ်ကိုင်သင့်ပါတယ်။

တရားဝင်သွားရောက်လုပ်ကိုင်ခြင်း ဖြစ်တာကြောင့်
မိမိရဲ့ အလုပ်သမားအခွင့်အရေးကို အပြည့်အဝရရှိမှာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ အေဂျင်စီနဲ့အလုပ်သမားစံစာချုပ်အရ မိမိလုပ်ကိုင်နေသရွေ့ကာလပတ်လုံး ကာကွယ်စောင့်ရှောက်မှု နဲ့ ပံ့ပိုးကူညီမှုကိုလည်းရရှိစေမှာဖြစ်တဲ့အပြင်
အမြတ်ထုတ်ခံရခြင်း ၊ စာချုပ်ပါအတိုင်း ဆောင်ရွက်မပေးနိုင်ခြင်းတို့အပေါ် သက်ဆိုင်ရာသို့အဆင့်ဆင့်တင်ပြတိုင်တန်းနိုင်မှာလည်းဖြစ်ပါတယ် ၊

မသွားသင့်တဲ့နေရာ ၊ မပေါင်းသင့်တဲ့အပေါင်းအသင်း ၊ အပျော်အပါး ၊လောင်းကစား ၊ အသောက်အစားလွန်ကြူးခြင်း ၊ ရန်ဖြစ်ခြင်း ၊ကာမနှောင့်ယှက်ခြင်း ၊ မူးယစ်​​ဆေးဝါးသုံးစွဲရောင်းဝယ်ခြင်း ၊ဥပဒေချိုးဖောက်ခြင်း ၊ လူယုံလွယ်ခြင်း ၊ ချေးဌားခြင်း ၊ လူမှုရေးငြိစွန်းမှုကြောင့်ငွေကုန်ကြေးကျများခြင်း စတာတွေကို ရှောင်ကျဉ်သင့်ပြီး မိမိနဲ့ မိသားစုဘဝတွေအတွက်
အတတ်ပညာနဲ့ ငွေကြေးကို ရှာဖွေစုဆောင်းကာ
ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်အဖြစ် ကြီးပွားတိုးတက်အောင် ကြိုးစားကြစေလိုကြောင်း မေတ္တာဖြင့်ရေးသားတင်ပြလိုက်ရပါတယ်။

ထောက်ပြဆွေးနွေးပေးတာကိုလည်း မျှော်လင့်ပါတယ် ၊

ကိုစိုင်း (ငွေကြိုးကြာ)
Credit Ko Sai SiThu

JLPT စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသူကျောင်းသားများအားလုံး အမှတ်ပြည့်နဲ့ ဖြေဆိုအောင်မြင်နိုင်ကြပါစေ!!!
04/12/2016

JLPT စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသူကျောင်းသားများအားလုံး အမှတ်ပြည့်နဲ့ ဖြေဆိုအောင်မြင်နိုင်ကြပါစေ!!!

မနောမယဂျာနယ် ပရိသတ်ကြီး မှော်ဘီမြို့ရှိ ဂျပန်ဘုရားများပုံပါ   အားရပါးရဖူးမြော်ကြပါဦးအင်တာနက် ဝဂ်ဆိုဒ်မှာတောင် ရှာမရနိုင...
10/11/2016

မနောမယဂျာနယ် ပရိသတ်ကြီး မှော်ဘီမြို့ရှိ ဂျပန်ဘုရားများပုံပါ အားရပါးရဖူးမြော်ကြပါဦး

အင်တာနက် ဝဂ်ဆိုဒ်မှာတောင် ရှာမရနိုင် ဓါတ်ပုံ ရိုက်ခွင့်လည်းမပြုသော ဂျပန်ဘုရား (၃၀၁) ဆူဟု အလွန်ထင်ရှားကျော်ကြားသော ဘုရားပုံတော်များ အားလုံးတစ်စုတည်းတင်ပေးလိုက်ပါတယ်

အားရပါးရ ဖူးမြော်လိုက်ပါဦး

31/10/2016

☆彡Myanmar IT Job Matching Fair (at Japan,Tokyo)☆彡

ဂျပန်နိုင်ငံရှိ အိုင်တီလုပ်ငန်းများ၊ကုမ္မဏီများတွင် အလုပ်လုပ်ကိုင်လိုသော မြန်မာလူမျိုးများအတွက် Myanmar IT Job Matching Fair (Japan)ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နိုဝင်ဘာလ ၁၂ရက်နေ့ (စနေနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ထို Myanmar IT Job Matching Fairတွင် အလျင်အမြန်ဆုံးနှင့် ဂျပန် အိုင်တီကုမ္မဏီတွင် အလုပ်အကိုင်အခွင့်အရေး အများဆုံးရရှိနိုင်မည့် ပုံစံဖြစ်အောင် သေချာ စီစဉ်ထားပါသည်။

Permanent staff အနေဖြင့် ဂျပန် တွင် မြန်မာလူမျိုးကို အလုပ်ခန့်မည့် ဂျပန်အိုင်တီ ကုမ္မဏီ အနည်းဆုံး ၃ခု လာရောက်မှာဖြစ်ပြီး ၊တနေ့ထဲ တနေရာထဲတွင် အိုင်တီကုမ္မဏီ ၃ခု အား ဒုတိယ အဆင့်ထိ အင်တာဗျူးဝင်ခွင့်ရမည် ဖြစ်ပါသည်။

※တက်ရောက်ဆင်နွှဲရန် မြန်မာ လူမျိုး ၃၀ဦးသာ လက်ခံမည်ဖြစ်ပါသည်။
လူဦးရေ ၃၀ ကျော်လွန်ပါက ပါဝင်ဆင်နွှဲခွင့်ရမည်မဟုတ်ပါ။※

ကုမ္မဏီများ၏ ပထမ အဆင့် အင်တာဗျူးနှင့် အရည်အချင်းပြည့်မှီပါက Second Step Interview အထိ ကို ထိုနေ့တွင် တခါထဲ အင်တာဗျူးနိုင်အောင် ကျင်းပပြုလုပ်ပေးမှာဖြစ်ပါတယ်။

တက်ရောက်ဆင်နွှဲသူများအတွက် အလုပ်ရှာရန် ကြာချိန်အနည်းဆုံးနှင့် အမြန်ဆုံး အလုပ်အကိုင် ရှာဖွေနည်းကို ကျင့်သုံးထားသောကြောင့် အလုပ်ရရှိနိုင်ရန် အခွင့်အရေးအများဆုံးဖြစ်ပါသည်။

Myanmar IT Job Matching Fair (Japan) သို့ တက်ရောက်ဆင်နွှဲရန် လိုအပ်သောအရည်အချင်း
-အိုင်တီ carrier တွင် အလုပ်လုပ်ကိုင်ချင်သူများ၊ အလုပ်ပြောင်းလိုသူများ၊
-အိုင်တီဘာသာရပ်အား မြန်မာ (သို့) ဂျပန်နိုင်ငံ တို့တွင်ပညာသင်ကြားတက်ရောက်ထားပြီး အိုင်တီလုပ်ငန်းတွင် အလုပ်လုပ်ကိုင်လိုသူများ။
-ဂျပန်စာအနည်းဆုံး N3 အထက်၊ N2 အဆင့်နီးပါးရှိသောသူ။

Job Matching Fair သို့ တက်ရောက်လိုသူများသည် အောက်တိုဘာလ ၂၇ရက်နေ့ (ကြာသပတေးနေ့) နောက်ဆုံးထားပြီး အောက်ဖော်ပြပါ Entry Form မှ တဆင့် စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။Entry Formတွင် မိမိတို့၏ အရည်အချင်းအား အသေးစိတ် သေချာဖြည့်ပေးရန် လိုအပ်ပါသည်။

Entry Form for PC
https://service.sugumail.com/job/member/enquetes/input/3630
Entry Form for Hand Ph
https://service.sugumail.com/job/m/p/nm/3630

Myanmar IT Job Matching Fair (Japan)
သို့ တက်ရောက်ခွင့်ရရှိသူများအား မေးလ်မှ တဆင့် ကုမ္မဏီနာမည် များနှင့် လုပ်ငန်းအကြောင်းအရာ အား အသေးစိတ် အကြောင်းကြားပေးမည်ဖြစ်ပါသည်။

Myanmar IT Job Matching Fair (Japan)
နေ့ရက် 2016年11月12日(土) 
အချိန် 13:30~18:00

နေရာ 株式会社アルバイトタイムス本社
〒101-0043 東京都千代田区神田富山町5-1 
神田ビジネスキューブ 7F
ရထား 山手線・中央線・銀座線(地下鉄) 神田駅 東口・北口 徒歩5分

အစီအစဉ်
13:00~13:30  Reception Time
13:30~13:45 Companies presentation 
13:45~15:15 Group Interview for each company
15:30~18:00 2nd Step Interview( one by one)

Japan-Myanmar Jobs & Knowledge
株式会社アルバイトタイムス

28/10/2016

N5 (4 skill) သင်တန်းမှ ပုံရိပ်တခုပါ
Certificate ပေးသောသင်တန်းတခုလည်းဖြစ်ပါတယ်
သင်တန်းပြီးဆုံးသည်နှင့် JLPT N5 စာမေးပွဲကိုပါ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

ဂျပန်​မှာ ၇နှစ်​​လောက်​​နေပြီး ​ကျောင်းတက်​လာတဲ့ ဆရာမကိုယ်​တိုင်​ သင်​ကြား​ပေးမှာပါ။
ကျောင်းမှာ​ရော အလုပ်​မှာပါ ဆု​တွေရထားတဲ့ ဆရာမပါ
စကား​ပြောကို ဝါသနာပါသည့်​ အ​လျောက်​ ​​ကောလိပ်​​ကျောင်းမှာဆိုလည်း speech ​ပြောရန်​ ဆရာ၊ဆရာမများရဲ့ ​ရွေးချယ်​ခံရမှုကို အမြဲရခဲ့တဲ့ သူတ​ယောက်​ပါ။
ဆရာမဟာ ဂျပန်​ စကား​ပြော​ကောင်းရုံတင်​ မဟုတ်​ပါဘူး
Business Japaness and Manners ကိုလည်း ကျွမ်းကျင်​သူပီပီ အလုပ်​ခွင်​တွင်​လည်း Authorized Service Master ကိုချီးမြှင့်​ချင်းခံထားရသူတ​ယောက်​ပါ။
အဲ့ဒီလို ဆရာမနဲ့မှ သင်​ယူချင်​တယ်​ဆိုရင်​​တော့ SORA Japanese Language Academy သို့ လာ​ရောက်​ ပညာသင်​ယူဖို့ ဖိတ်​​ခေါ်ပါတယ်​။

ဂျပန်​နိုင်​ငံ သို့ သွား​ရောက်​ပညာသင်​ ​ကျောင်းတက်​​ရောက်​လိုသူများကိုလည်း
TOKYO မြို့တွင်း​ရှိ​ကျောင်းကို Air-Ticket အပြီးအစီး 95သိန်းဖြင့်​ လက်​ခံ​ဆောင်​ရွက်​​ပေး​ပါသည်​။

အမှတ်​(105)၊ သိပ္ပံလမ်း၊ (သီရိမင်္ဂလာ​ဈေး​ဟောင်း မှတ်​တိုင်​အနီး)
အလုံမြို့နယ်​၊ ရန်​ကုန်​မြို့
ဖုန်း- 09795334460, 095413045

Address

No. (105), Theak Pan Street, Ahlone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when SORA Japanese Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share