07/12/2025
おはようございます
Test voucher
Passport or NRC
ခဲတံ ခဲဖျက် ချွန်စက်
ဗိုက်ဆာတတ်ရင် မုန့်နဲ့ တံဆိပ်ခွါရေဘူး
ဗိုက်ဆံအနည်းငယ်နဲ့
ဖြေရမဲ့နေရာကို သေချာပြန်ကြည့်ပြီးသွားနော်
がんばってね🩷🈴
THOON🦦
(လူကစာဖြေခန်းထဲမှာ ပုံကစားချင်တာလေးတင်လိုက်ပါတယ်😁)
30/09/2025
မင်္ဂလာပါရှင်
📣N5သင်ပြီးသူနှင့် N4တက်လက်စသူများအတွက် Dec JLPT အမှီ N5N4 Reading အတန်းလေးကြေညာခြင်း
N5N4 ဖြေဖို့ Reading အားနည်းသူလေးတွေအတွက်ရည်ရွယ်တဲ့ Reading ကို အခြေခံခိုင်ခိုင် လေ့ကျင့်ပေးသွားမဲ့အတန်းလေးဘဲဖြစ်ပါတယ်
📚အသုံးပြုမည့်ဖတ်စာအုပ်
Speed Master N5N4
⏰သင်တန်းကာလ
13th Oct ~ 2nd Dec (၁၆ ကြိမ်)
Mon & Tue 8PM - 10PM (MMT)
💁♀️သင်ကြားမည့်ဆရာမ Thoon(N1 Passed)
သင်တန်းကြေး 120,000 MMK
(သင်တန်းကြေးတွင် ဖတ်စာအုပ်မပါဝင်ပါ၊ PDF file များမျှဝေပေးသွားပါမည်။)
AKRH_Thoon🧚♂️
Learn Language with AKRH
‼️(ကျောင်းသားဦးရေပြည့်မှသာလျှင် အတန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြိုတင်မေတ္တာရပ်ခံပါရစေရှင်။)
27/06/2025
အင်္ဂလိပ်စာအကြောင်းလေးဆိုပေမဲ့ ဂျပန်စာလေ့လာမှုအတွက်ပါ အကြုံးဝင်မယ်လို့ထင်ပါတယ်ရှင် 🩵
26/06/2025
2025 December JLPT N3/N4 အတန်းများ ကျောင်းသားလက်ခံနေပါတယ်ရှင်
စာမေးပွဲအမှီအတန်းလေးဖြစ်ပေမဲ့ ဂျပန်စကားပြောပါလေ့ကျင့်ပေးသွားမှာမလို့ four skill လုံးကို ၅ လအတွင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်👀✍🏻👂🏻🗣️
2025 အမှီကိုယ့်ရဲ့ဂျပန်စာရည်မှန်းချက်လေးတွေ ပြည့်မှီဖို့အတွက် ERO JLC နဲ့အတူ ကြိုးစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်😃
သင်တန်းအကြောင်း Post
https://www.facebook.com/share/p/1911RKZxRb/?mibextid=wwXIfr
https://www.facebook.com/share/p/1GECpk8kKc/?mibextid=wwXIfr
Learn Language with AKRH
THOON
24/06/2025
မင်္ဂလာပါရှင်
ERO JLC မှ ၂၀၂၅ ပထမဆုံးအတန်းလေး December JLPT N3 online face to face အတန်းလေး ဖွင့်လှစ်ကြောင်းကြေညာခြင်း
N3 ကို စာတင်မက Listening Reading Speaking JLPT Practice တွေကို ၅လတာသင်တန်းကာလနဲ့ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်ရှင်
အသုံးပြုသွားမည့်ဖတ်စာအုပ်များ
(သင်တန်းကြေးတွင် ဖတ်စာအုပ်မပါဝင်ပါ၊ PDF file များမျှဝေပေးသွားပါမည်။)
Grammar and Vocabulary - Shinkanzen Master
Kanji - Kanji Master
Reading - Speed Master
JLPT practice - Zettai Goukaku, Goukaku Dekiru
သင်တန်းကာလ - JULY 7 ~ DECEMBER 4
အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး 8PM - 10PM (MMT)
သင်တန်းကြေး - 300,000 MMK/10,000JPY
သင်ကြားမည့်ဆရာမ - Thoon(N1 Passed)
AKRH🪷
Learn Language with AKRH
‼️(ကျောင်းသားဦးရေပြည့်မှသာလျှင် အတန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြိုတင်မေတ္တာရပ်ခံပါရစေရှင်။)
23/06/2025
မင်္ဂလာပါရှင်
ERO JLC မှ ၂၀၂၅ ပထမဆုံးအတန်းလေး December JLPT N4 online face to face အတန်းလေး ဖွင့်လှစ်ကြောင်းကြေညာခြင်း
N4 ကို စာတင်မက Listening Reading Interview Speaking JLPT Practice တွေကို ၅လတာသင်တန်းကာလနဲ့ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်ရှင်
အသုံးပြုသွားမည့်ဖတ်စာအုပ်များ
(သင်တန်းကြေးတွင် ဖတ်စာအုပ်မပါဝင်ပါ၊ PDF file များမျှဝေပေးသွားပါမည်။)
Grammar and Vocabulary - Minna no Nihongo II
Kanji - Nihongo Challenge
Reading - Speed Master
JLPT practice - Zettai Goukaku, Goukaku Dekiru
သင်တန်းကာလ - JULY 4 ~ NOVEMBER 30
အပတ်စဥ် သောကြာ၊ စနေ၊ တနင်္ဂနွေ 8PM - 10PM (MMT)
သင်တန်းကြေး - 240,000 MMK/8,000JPY
သင်ကြားမည့်ဆရာမ - Thoon(N1 Passed)
AKRH🍀
Learn Language with AKRH
20/06/2025
မင်္ဂလာပါရှင်👋
🥹စာမေးပွဲလည်းနီးနေပြီ စာလည်းမရသေးဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ဖုန်းသုံးရုပ်ရှင်ကြည့်နေတဲ့သင်လေးမှာ အချိန်ရှိပါသေးတယ်၊ အခုစပြီး ပလန်လေးနဲ့ စာလေးသေချာလုပ်လိုက်ရင် အမှတ်အများကြီးကွာသွားနိုင်ပါသေးတယ်။
အကယ်လို့ အခု ၂ ပတ်အလိုလောက်လေးကို စာလုပ်လိုက်ရင်ဘာထူးသွားမလဲ⁉️
🪄အမှတ်လေးတိုးသွားနိုင်ပါတယ်။
၂မှတ် ၅မှတ်လောက်လေးတောင် ဥပမာပြောရမယ်ဆိုရင် ၉၅ ကျ ၁၀၀ အောင်ဆိုရင် အကျအအောင်ကွာခြားသွားနိုင်ပါတယ်။ ၁၂၀ B ၁၁၈ C ဆိုပြီး ကွာသွားနိုင်ပါတယ်။
🪄ငါလုပ်နိုင်တာဘဲဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးနိုင်ပါတယ်။
စာမေးပွဲကြေးကို လှူလိုက်ပြီဆိုပြီးအားလုံးဟာသနဲ့ တင်နေတာလေးက တကယ်ကိုယ်လိုတဲ့ရလဒ်မရတဲ့အခါ မသိလိုက်မသိဖာသာနဲ့ဘဲဖြစ်ဖြစ် သိသိသာသာဖြစ်ဖြစ် စိတ်ဓာတ်ကျ/ယုံကြည်မှု လျော့နဲသွားစေပါတယ်။ အဲ့တော့ ကြိုးစားကြည့်ပါ၊ ကြိုးစားကြည့်လို့မှ လိုချင်တဲ့ရလဒ်မရရင်တောင် နောက်တစ်ခါအတွက် အခြေအုတ်မြစ်လေး ကျန်ခဲ့မှာမလို့ အချည်းအနှီးမဖြစ်မှာ သေချာပါတယ်။
🖊ပလန်ဘယ်လိုလုပ်မလဲ⁉️
ဒါကတော့ စာရေးသူလုပ်လေ့လုပ်ထရှိတာလေးပါ
(နောက်ဆုံးအနားကပ်မှလုပ်တတ်တဲ့သူလေးမလို့ ပလန်ဆွဲတော့အရမ်းကျွမ်းကျင်😁)
📌 ကိုယ့်တစ်နေ့တာ တစ်ပတ်တာ စာကျက်လို့ရမဲ့အချိန်ကို ချိန်ပါ
📌 တစ်ကယ်အကျိုးပြုနိုင်မဲ့စာကျက်နည်းမျိုး၊ လေ့လာနည်းမျိုးနဲ့ စာလုပ်ပါ
(ဥပမာ ကိုယ်က Youtube ကစာရှင်းတာနားထောင်ရတာ စာပိုရတာလား၊ မေးခွန်းဟောင်းတွေဖြေပြီး အမှန်ကိုလေ့လာရင်း အသစ်ကိုမှတ်တာပိုအားသန်လား၊ သူငယ်ချင်းနဲ့အတူတူလုပ်ရတာစာပိုရလား)
📌 မလိုအပ်တာတွေလုပ်တဲ့အချိန်လျော့ပါ(နားလိုက်ပါဦးမယ်ဆိုပြီး ၂နာရီလောက် ဖုန်းကြည့်မိတာမျိုး)
📌 ပလန်က လုပ်နိုင်တဲ့ပမာဏရောဟုတ်ရဲ့လားဆိုတာကို ၂ ရက် ၃ ရက်လောက်လုပ်ကြည့်ပြီး ပြန်ချိန်ဆပါ
(ပလန်အတိုင်းလုပ်လည်းမလုပ်နိုင်ဘူး၊ ငါမလုပ်နိုင်လောက်ပါဘူးဆိုပြီး တွေးပြီးစိတ်မညစ်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်းအရမ်းမညှာပါနဲ့နော်)
‼️ အရေးအကြီးဆုံးက သူငယ်ချင်း ဆရာ/ဆရာမနဲ့ တိုင်ပင်ဆွေးနွေးပါ၊ ဘယ်လိုအနေအထား ကြုံနေရကြုံနေရ ကိုယ်နဲ့တူနေတဲ့သူ သူများနဲ့စကားပြောရင်းကိုယ်ရင်ဆိုင်နေရတာလေးတွေ ပြေလည်သွားတာမျိုးဖြစ်နိုင်တာကြောင့် ကိုယ့်ခံစားချက်လေးတွေကို ဖွင့်ချကြည့်ကြည့်ပါ။
🕵️ဖုန်းလေးသုံးတာရပ်ပြီး အခုဘဲစလုပ်ကြည့်ပါ
(စာမရသေးသောစာရေးသူမှ အကြံပြုစာ)🌬
THOON🎋
22/12/2024
မင်္ဂလာပါရှင်
ဒီနေ့မှာတော့ 「じどうし」「たどうし」ခွဲပုံအနည်းငယ်လေးကို မျှဝေပေးသွားချင်ပါတယ်ရှင်။
N5 ပြီးတဲ့သူကနေ N3 လေ့လာနေသူများအတွက် အသုံးဝင်နိုင်မဲ့ ခွဲပုံခွဲနည်းလေးတွေပါ။
🦕〜を ပါကိုပါရမဲ့ ကြိယာဆိုရင် たどうし
🦕အတွဲလိုက် 「じどうし」「たどうし」
🦕ပြုလုပ်သူ/လုပ်ဆောင်သူ ရှိခြင်းမရှိခြင်း
ဒီအချက်လေးတွေကို အဓိကထားပြီး ခွဲနည်းလေးတွေကို အသေးစိတ် ပုံတစ်ပုံချင်းစီ ဖတ်ကြည့်ပြီး ခွဲနည်းလေးမှတ်သားနိုင်အောင် မျှဝေပေးလိုက်ပါတယ်ရှင်။
✨အောက်ပါ Page အားဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါသည်။ အပြည့်အစုံဖတ်ရန်⬇️⬇️
✨https://japanese-bank.com/licence/intransitiveverb_transitiveverb/ -5
AKRH_Thoon🐦
30/11/2024
မင်္ဂလာပါရှင်
မနက်ဖြန် JLPT ဖြေမဲ့သူလေးတွေ Facebook သုံးနေကြသူများအတွက် 👀👀👀
🌸မနက်ဖြန်အတွက် စာလေးတွေသေချာနွေးမယ်၊ အစားကောင်းကောင်းစားမယ်(ဝမ်းလျှောစေမဲ့အရာလေးတွေရှောင်မယ်)၊ ယူသွားရမှာလေးတွေစစ်မယ်၊ ကောင်းကောင်းအနားယူမယ်
ERo JLC မှ ကျက်ထားတာလေးတွေအကုန်မှတ်မိပြီး စိတ်ငြိမ်ငြိမ်လေးနဲ့ ဖြေနိုင်အောင် ဆုတောင်းပေးလိုက်ပါတယ်ရှင်🍀
07/10/2024
အတန်းများအားလုံးခေတ္တယာယီပိတ်ကြောင်းကြေညာခြင်း🔔
လက်ရှိ せんせい ဂျပန်စစရောက်ချိန်လေးမလို့ အလုပ်ကိစ္စလေးရှုပ်နေတာရယ် အင်တာနက်လိုင်းအဆင်မပြေသေးတာရယ်ကြောင့် လက်ရှိအတန်းအားလုံး ၁ ပတ် ပိတ်ပါမယ်ရှင်🙆♀️
လက်ရှိလက်ခံထားတဲ့အတန်းများကိုသာ ဆက်လက်သင်ကြားသွားမှာဖြစ်ပြီး အတန်းသစ်များအား 2024 Dec မှ ပြန်လည် လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးပါရစေရှင်🍀
ပုံလေးကတော့ မြန်မာပြည်မှာမတွေ့ဖူးတဲ့ ပုံလှလှလေး မြောင်းအဖုံးလှလှလေးပုံလေးပါရှင်😄
02/08/2024
မင်္ဂလာပါရှင် 👋👋
🪄ဒီနေ့မှာတော့ စာလုပ်နည်းလေးတွေ ဟိုဟို ဒီဒီ အနည်းငယ် မျှဝေပေးသွားချင်ပါတယ်။
✍🏻ပထမတစ်ချက်ကတော့ စာရေးသူအနေနဲ့ ဘာသာစကားကို ကိုယ်အရမ်းသွားကြည့်ချင်တဲ့ ခရီးစဥ်တစ်ခုလို ယူဆပြီးတော့ စာလေ့လာခြင်းပါ။
စာရေးသူတို့ ကိုယ်အရမ်းသွားကြည့်ကြည့်ချင်တဲ့ နေရာတစ်ခုရောက်ရင် “ဟယ် ဒါလေးက ဒီလိုဘဲ၊ ဒီမှာကတော့ ဒါကို ဒီလိုခေါ်တာဘဲ” ဆိုပြီး စိတ်ဝင်တစား စူးစမ်းကြတယ်၊ အကြာကြီးနေပြီးမှ ပြန်စဥ်းစားရင်လည်း မှတ်မိကြတယ်။
ဘာသာစကားလေ့လာရင်လည်းတူတူပါဘဲ။ “ငါတို့ဘာသာစကားမှာတော့ ဒီဟာကို ဒါလို့ခေါ်တယ်၊ ဒီဘာသာစကားက ဒီလိုခေါ်တာကိုး” ဒါကတော့ ဝေါဟာရတွေ ကျက်ချိန်ပါ။ စကားပြောပြောချင်တဲ့အခါ “ဗမာစကားက မိုးရွာတော့မဲ့ပုံဘဲကို ဒီဘာသာစကားဆိုရင် ဘယ်လိုပြောလဲမသိဘူး” ဆိုပြီး စဥ်းစားပြီး ပြောကြည့်ပါ၊ တစ်ယောက်တည်းလည်း ပြောကြည့်ပါ၊ လေ့ကျင့်မှုတွေကနေ အကျင့်ပါမှုဖြစ်သည်အထိ လုပ်ကြည့်ပါ။
✍🏻ဒုတိယတစ်ချက်ကတော့ အတုယူတာပါ။
ဒါလေးကို တော်တော်များများ ဘာသာစကားသင်ယူသူတွေ ကြားဖူးကြမှာပါ။ “Shadowing လိုက်တယ်” လို့ သုံးနှုန်းကြပါတယ်။
ရုပ်ရှင်ကြည့်တယ်၊ သီချင်းနားထောင်တယ်၊ Podcast, Vlog ကြည့်တယ်၊ ဒီလိုအခါတွေမှာဆိုရင် အဓိပ္ပာယ်နားမလည်ရင်တောင် လိုက်ပြောကြည့်ပါ၊ သရုပ်ဆောင် / အဆိုတော် / Vlogger / Speaker လေသံအတိုင်း အားပါရင်ပါ စိတ်လှုပ်ရှားရင် စိတ်လှုပ်ရှားစွာ ပြောပါ။
ဒီလိုလုပ်ခြင်းအားဖြင့်ဘာရလာလဲဆိုတော့ accent, antonation လို့ခေါ်တဲ့ လေယူလေသိမ်း၊ Native အသံပီသမှုတွေ ရလာနိုင်ပါတယ်။ ပြီးတော့ သင်ယူရင်း ကိုယ်လိုက်လိုက်ပြောနေကြ စကားလုံးလေးတွေရဲ့ အဓိပ္ပာယ်ကို သိလာရရင် အဲ့ “ဝေါဟာရ” ကို အရမ်းကျက်စရာမလိုဘဲ မှတ်မိသွားနိုင်ပါတယ်။
✍🏻တတိယအချက်အနေနဲ့ ရည်မှန်းချက် နဲ့ စိတ်နေစိတ်ထားခွဲခြားစေချင်ပါတယ်။
အခုခေတ်မှာ ဘာသာစကားလေ့လာမှုက အလုပ်အတွက်၊ ကျောင်းတက်ဖို့အတွက် ဆိုပြီးတက်ကြတယ်ဆိုပေမဲ့ စာရေးသူအနေနဲ့ အဲ့ဒါတွေကို ရည်မှန်းချက်အနေနဲ့ဘဲ ထားဖို့ အကြံပြုချင်ပါတယ်။ လေ့လာနေချိန်အတွင်း “အလုပ်ရရင်ပြီးရော” “ဘယ် Level test အောင်ရုံဘဲကို” ဆိုတဲ့ စိတ်မထားဘဲနဲ့ လေ့လာကြည့်ပါ။ ဘာသာစကားကို လေ့လာတဲ့အခါ စိတ်ဝင်တစားလေ့လာရင် စိတ်ဝင်စားသလောက် ဘာသာစကားကျွမ်းကျင်ဖို့အတွက် လုပ်လို့ရတာတွေ “ဝေါဟာရကျက်၊ စာမေးပွဲအတွက် ကျက်” ရုံတင်မက အများကြီးတွေ့ရပါလိမ့်မယ်။
✍🏻နောက်ဆုံးအချက်ကတော့ ပြန်သုံးသပ်ခြင်းပါ။
ကိုယ့်အချိန်ကို သေချာ စီမံခန့်ခွဲပါ။ တစ်နေ့တာ ဘယ်လိုကုန်နေလဲ ပြန်စဥ်းစားပါ။ ဘယ်လိုအချိန်က ဖြုန်းမိသွားတာလဲ၊ ဘယ်အရာကတော့ မဖြစ်နိုင်တာကြီးကို ကိုယ့်ကိုယ်ကို အရမ်း ဖိအားပေးမိနေတာလဲ ပြန်သုံးသပ်ပါ။ ဥပမာ တစ်ပတ်မှာ ဝေါဟာရ အလုံးဘယ်နှလုံးရမှ ရမယ် ဒါပေမဲ့ ကိုယ့်အချိန်က အဲ့လောက်မပေးနိုင်ရင် ကိုယ့်ကိုယ်ကို မနိုင်ဝန်ဖိအားပေးရာ ရောက်ပါတယ်။ အဲ့တော့ ကိုယ်စာကျက်နှုန်း၊ ကိုယ်အခြားအလုပ်လုပ်ရမဲ့ အချိန်ကို ပြန်စဥ်းစားပါ၊ ပြန်ချင့်ချိန်ပါ။
👀ဂိမ်းကစားဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ အလည်သွားဖို့ ဒီအချိန်တွေကို ပြောချင်တာမဟုတ်ပါဘူး။
ဒီအချက်လေးတွေက စာဖတ်သူတို့ ဘာသာစကားလေ့လာရာမှာ အကျိုးအနည်းငယ်ရှိမယ်လို့ မျှော်လင့်ရင်း စာလေးကို ဒီမှာဘဲ ရပ်လိုက်ပါမယ်ရှင်။
ပုံလေးကတော့ မဆိုင်ပေမဲ့ ဒီတိုင်းထည့်ထားတာပါရှင်😆
Learn Language with AKRH
江・魯 ERO JLC by ARKH
🎋🍀