Japan Innovation Academy Yangon

Japan Innovation Academy Yangon Japanese Language School in Yangon.

Permanently closed.
23/01/2024
“ ⛈️ ဂျပန်နိူင်ငံ၏ မိုးရာသီ 🌧️ ”ဂျပန်နိူင်ငံ မှာ မြန်မာနိူင်ငံ ကဲ့သို့သော မိုးရာသီ မျိုးရှိပါတယ်...ဒါပေမယ့် ဂျပန်နိုင်ငံ...
04/06/2020

“ ⛈️ ဂျပန်နိူင်ငံ၏ မိုးရာသီ 🌧️ ”

ဂျပန်နိူင်ငံ မှာ မြန်မာနိူင်ငံ ကဲ့သို့သော မိုးရာသီ မျိုးရှိပါတယ်...

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ မိုးရာသီကတော့ ဇွန် လ မှ စတင်ပြီး အချိန်ကာလအားဖြင့် ၁ လခွဲ ပဲရှိကာ အနည်းငယ် တိုတောင်းပါတယ် နော်...

မိုးရွာသည့် နှုန်းများမှာလည်း မြန်မာနိုင်ငံ ၏ မိုးရွာနှုန်းများ နှင့် နှိုင်းယှဉ်လျှင်တော့ နည်းပါးတဲ့ အတွက် ဂျပန် နိူင်ငံမှာရေကြီးခြင်း၊ ရေလျှံခြင်းမျိုး မရှိပါဘူး 🌊

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်းမျိုး မရှိပဲ တနေကုန် မိုးနှင်းဖွဲ များ သာသာလောက်သာ တောက်လျောက်ရွာနေသည့် ရက်များက ပိုများပါတယ် 🌨️

အဲ့လို မိုးတွင်းအချိန်မှာ 紫陽花(あじさい) အဂျိစအိ လို့ခေါ်တဲ့ ခရမ်းရောင်၊ အပြာရောင် စသည့် ‌အရောင်လေး တွေ နဲ့ အရမ်းလှတဲ့ပန်းလေးတွေ ပွင့်‌လေ့ရှိပြီး၊ မိုးရွာပြီးတဲ့ အခါမှာလည်း စိုစိုစွတ်စွတ် နဲ့ တောက်ပစွာ လှပနေတတ်ပါတယ် 🌸

အဲဒီ ပန်းပွင့်လေးတွေ ပွင့်ဖို့ကိုလည်း ဂျပန်လူမျိုးတွေ က ပျော်ရွှင်စွာနဲ့မျှော်လင့်နေ တတ်ကြပါတယ် ☺️

မိုးရာသီ ကုန်သွားပြီဆိုလျှင်တော့ ဇူလိုင် လပိုင်း အလယ် လောက်ရောက်သွားပြီဖြစ်ပြီး နွေရာသီ ရဲ့ အစလည်းဖြစ်ပါတယ် ☀️

လူကြီးမင်းတို့ အား လေးစားစွာဖြင့် ဂျပန် နိူင်ငံ၏ မိုးရာသီ အကြောင်းကို ဗဟုသုတ ရရှိစေရန် မျှဝေ‌ပေးခြင်း ဖြစ်ပါတယ်နော် 🙇🏻‍♀️🙇‍♂️

" ဂျပန်လူမျိုးတွေ၏ ယဉ်ကျေးတဲ့ အပြုအမူများ ကိုတန်ဖိုးထားခြင်း"ဂျပန်လူမျိုး တွေဟာ ယဉ်ကျေးတဲ့ အပြုအမူတွေ‌ကို စောင့်ထိန်းရတာ...
06/05/2020

" ဂျပန်လူမျိုးတွေ၏ ယဉ်ကျေးတဲ့ အပြုအမူများ ကိုတန်ဖိုးထားခြင်း"

ဂျပန်လူမျိုး တွေဟာ ယဉ်ကျေးတဲ့ အပြုအမူတွေ‌ကို စောင့်ထိန်းရတာ အရမ်းသဘောကျပါတယ်။

ဂျပန်နိူင်ငံ က ပင်လယ်တွေ ဝိုင်းရံနေတဲ့ကျွန်းနိူင်ငံ ဖြစ်ပါတယ်🗾

ဒါ့အပြင် ဂျပန်နိုင်ငံမှာ ငလျင်နှင့်တိုင်ဖွန်းမုန်တိုင်းများ ကဲ့သို့သောသဘာဝ ဘေးအန္တရာယ် တွေကလည်း အလွန်ကြီးမားတဲ့ အတွက် ဂျပန်လူမျိုး တွေဟာ အချင်းချင်း အကူအညီ အထောက်အပံ့ မ‌ပေးဘဲနဲ့ အသက်ရှင် နေထိုင်ဖို့ မလွယ်ကူပါဘူး 👨‍👨‍👧‍👦

မိဘတွေဟာ ကလေးတွေကို ငယ်စဥ်မှာ တည်းက မိမိရဲ့ အပြုအမူကြောင့် အခြားသူတွေကို အနှောင့်ယှက် မပေးမိ‌ ‌စေဖို့ သင်ကြားပေးကြပါတယ်⛹️

မိမိရဲ့အပြုအမူကြောင့် အခြားသူစိတ်အနှောက်ယှက် မဖြစ်စေရန် တွေးပြီး၊ တခြားသူ စိတ်‌ကျေနပ်စေရန် ကြိုး စား နေထိုင်ပေးတဲ့ ကြင်နာတတ်သည့် ဂျပန်လူမျိုးတွေ လည်းအများကြီးရှိပါတယ် 🤵

ဂျပန်လူမျိုးတွေရဲ့ အဓိကကျင့်ဝတ်တွေကတော့ တခြားသူ‌‌ တွေကို စိတ်အနှောက်အယှက် မဖြစ်စေတာပါ

ဒါ့ကြောင့် ဧည့်ဝတ်ကျေပွန်ခြင်းကဂျပန်တွေ ရဲ့ မြင့်မားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ် 🙇

အားလုံးပဲ ဂျပန်ကိုသွားလည်မယ်ဆိုလျှင် ဂျပန် နိူင်ငံရဲ့ ယဉ်ကျေးမှု၊ ကျင့်ဝတ်ကောင်းတွေကို ပိုမိုပြီး သိသွားလိမ့်မယ်လို့ ထင်ပါတယ်နော် ☺️

"ゴールデンウィーク(Golden Week) ရွှေရောင် အားလပ်ရက်ရှည်အကြောင်း"ဂျပန် မှာ ရွှေရောင်အားလပ်ရက် တွေလို့ ခေါ်တဲ့ ပိတ်ရက်ရှည်ကို ၄ လပ...
04/05/2020

"ゴールデンウィーク(Golden Week) ရွှေရောင် အားလပ်ရက်ရှည်အကြောင်း"

ဂျပန် မှာ ရွှေရောင်အားလပ်ရက် တွေလို့ ခေါ်တဲ့ ပိတ်ရက်ရှည်ကို ၄ လပိုင်း အကုန် မှ ၅လပိုင်း ပထမဆုံးအပတ် အထိ ၇ရက် (သို့) ၁၀ရက်‌ လောက်ကြာအောင် ပိတ်ပါတယ်။

အနောက်နိူင်ငံတွေနဲ့ နှိုင်းယှဉ်လျှင် ဂျပန်နိူင်ငံက အလုပ် ပိတ်ရက်နည်းပါတယ်။ဒါကြောင့် အခုလို တစ်ပတ်ကျော်ကျော် ပိတ်ရက်ရှည် ကို နားရက် အကြီး‌‌ဆုံး (Golden week) လို့ခေါ် ဆိုပြီး လူကြီး တွေကော ကလေးတွေပါ ပျော်ရွှင်စွာနဲ့စောင့်မျှော် နေတတ်ပါတယ် ☺️

ဂျပန်လူမျိုးတွေ က အဲ့ဒီ အားလက်ရက်တွေ မှာ မွေးရပ်မြေကို ပြန်တာတို့ ၊အပန်းဖြေ ခရီးထွက်တာတို့ လုပ်ကြတဲ့ အတွက် ကားတွေ၊မီးရထား တွေမှာ လူတွေအရမ်းကြပ်တတ်ပါတယ်😌

Golden (ရွှေ)လို့‌ ပြောရတာက တော့အဲ့ဒီရက်တွေ မှာ ကုမ္ပဏီတွေ၊ စာသင် ကျောင်းတွေပါ ပိတ်ပြီး တစ်မိသားစုလုံး အတူတူ ပျော်ပျော်ရွှင်ရွှင် နဲ့ဖြတ်သန်း ရတဲ့ ပိတ်ရက်ရှည်ဖြစ် တဲ့အတွက် (ရွှေ) လို့ တန်ဖိုးရှိစွာ တင်စားထားတာပါ 🥰

နောက်ရက်တွေလည်း ဂျပန်မှာရှိတဲ့ ယဉ်ကျေးမှုလေး တွေ မျှဝေပေးပါမယ် နော် 🙏

" ဂျပန် နိူင်ငံ၏ Corona virus ဖြစ်ပွားမှုအတွင်း စီးပွားရေး စီမံမှုများ အား မိတ်ဆက်ခြင်း "အခုချိန် ဂျပန်မှာ ကိုရိုနာဗိုင်...
01/05/2020

" ဂျပန် နိူင်ငံ၏ Corona virus ဖြစ်ပွားမှုအတွင်း စီးပွားရေး စီမံမှုများ အား မိတ်ဆက်ခြင်း "

အခုချိန် ဂျပန်မှာ ကိုရိုနာဗိုင်းရပ်ကိုကာကွယ်ရန် ဂျပန်အစိုးရက နိူင်ငံသားများ အား အပြင်မထွက်ဖို့ တောင်းဆိုထားပါတယ်🙏

ဒါကြောင့် ဆိုင်တွေ၊ လူအများနှင့် ဆက်ဆံ ရတဲ့ အလုပ်တွေ အကုန် ပိတ်ထားရပါတယ်၊ ဂျပန်မှာ အလုပ်တွေပိတ်ထား‌တာကြောင့် ဒုက္ခရောက်တဲ့ လူတွေကိုကူညီဖို့ အစိုးရက လူတစ်ဦးကို ယန်း ၁ သိန်းထောက်ပံ့မှာပါ 😱

ဂျပန်မှာ နေထိုင်တာ ကြာပြီဖြစ်တဲ့ နိုင်ငံခြား သားတွေလည်းပါပါတယ်နော် 😍

ဂျပန် နိုင်ငံသားတွေဟာ ယန်း ၁သိန်း
ထောက်ပံ့ တာက မလုံလောက်ဘူးဆိုပြီး တခြား အထောက် အပံ့တွေ အစိုးရ ဆီကို ထပ်မံတောင်းဆို‌‌ နေပါတယ်😔

ပုံလေးတွေကိုလည်း ဗဟုသုတ ရရှိ
အောင် မျှဝေ ပေးထားပါတယ် နော်

JIA မှရုံးယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း။-  Covid-19အသက်ရှုလမ်းကြောင်းဆိုင်ရာ ​ရောဂါကူးစက်ပျံ့နှံ့မှုကို   ...
20/04/2020

JIA မှရုံးယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း။

- Covid-19အသက်ရှုလမ်းကြောင်းဆိုင်ရာ ​ရောဂါကူးစက်ပျံ့နှံ့မှုကို

ထိန်းချူပ်နိုင်ရန်အတွက် ၂၀၂၀. ၄. ၂၀ စ၍ ၂၀၂၀. ၄. ၃၀

ရက်နေ့ထိ ပိတ်ထားမှာ ဖြစ်ပါတယ် ။အရေးတကြီး ဆက်သွယ်

ချင်တယ်ဆိုရင်တော့ facebook messenger မှတစ်ဆင့်

ဆက်သွယ်နိုင်ပါတယ်ရှင်။ ဂျပန်နိုင်ငံမှ အလုပ်ခေါ် စာများကို

တော့ ပုံမှန်အတိုင်း တင်ပေးသွားမှာဖြစ်ပါတယ်ရှင်။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့ JIA မှဆုတောင်းပေးလိုက်ပါတယ်ရှင် 🙏🙏🙏

💦 သင်္ကြန်တွင်း ရုံးပိတ်ကြောင်း အသိပေးကြေငြာခြင်း...💦 သင်္ကြန်တွင်း ရုံးပိတ်ရက်များ ဖြစ်သော 10.4.2020 မှ 19.4.2020 အထိ J...
08/04/2020

💦 သင်္ကြန်တွင်း ရုံးပိတ်ကြောင်း အသိပေးကြေငြာခြင်း...

💦 သင်္ကြန်တွင်း ရုံးပိတ်ရက်များ ဖြစ်သော 10.4.2020 မှ 19.4.2020 အထိ Japan Innovation Academy Yangon မှ ရုံးပိတ် ထားမည် ဖြစ်ပါသည်😊

💦 သင်တန်းသို့ စုံစမ်း လိုသူများ အနေဖြင့်Page Messenger မှသိလိုသည် များကိုစာချန်ခဲ့၍ရပါသည်👌

💦 လူကြီးမင်းတို့ အားလုံး သင်္ကြန်ကာလ မှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာ ဖြင့် လိုအင်ဆန္ဒ ပြည့်ဝ ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါသည် ✌️☺️😇

ဂျပန်နိုင်ငံရဲ့ အလှအပတွေထဲက တစ်ခုဖြစ်တဲ့ ဆာကူရာပန်း (Hanami)🎆🎇ဂျပန်လို့ ပြောလိုက်တာနဲ့ ဆာကူရာ ဆိုတာတွဲမြင်ပီးသားဖြစ်မယ်လ...
08/04/2020

ဂျပန်နိုင်ငံရဲ့ အလှအပတွေထဲက တစ်ခုဖြစ်တဲ့ ဆာကူရာပန်း (Hanami)🎆🎇

ဂျပန်လို့ ပြောလိုက်တာနဲ့ ဆာကူရာ ဆိုတာတွဲမြင်ပီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဆာကူရာပန်းများဟာဆိုရင် တိုကျိုမှာတော့ မတ်လကုန်ခါနီး လောက် ကနေစပီးအနည်းငယ်ဖူးပွင့်စ ပြုလာပီး April လ လောက်မှာဆိုတော့ ဆာကူရာပန်းများ ဝေဝေဆာဆာ ဖူးပွင့်နေတာကို ဘယ်နေရာမဆိုမြင်တွေ့ရမှာဖြစ်ပါတယ်။

ဆောင်းအကုန်နွေအကူးရာသီ ဖြစ်လို့ ရာသီဥတုမှာလည်း အရမ်းလည်းမပူလွန်း ​အရမ်းလည်းမအေးလွန်း သောကြောင့် အလုပ်အားလပ်ရက်တွေမှာမိသားစုလိုက် ဖြစ်စေ သူငယ်ချင်းအဖွဲ့လိုက်ဖြစ်စေ ချစ်သူရည်းစားစုံတွဲလိုက်ဖြစ်စေ (Hanami)ပန်းကြည့်ပွဲတော်ကို ထမင်းဘူးများမုန့်များသယ် ဆောင်သွားကာ ပျော်ပွဲစားထွက် အပန်းဖြေကြသည်မှာလည်း ဂျပန်နိုင်ငံရဲ့ဓလေ့တစ်ခုလို့ ပြောမယ်ဆိုရင်လည်းမမှားပါဘူး။

ဂျပန်လူမျိုးအများစုက ပန်းဆိုတာမြတ်နိုးရင် အပင်ပေါ်မှာပဲထားရတယ်တဲ့ မခူးရဘူးတဲ့လေ ဘာကြောင့်လဲဆိုတော့ ပန်းရဲ့ အလှကိုမကျဆင်းစေချင်လို့ လို့ပြောကြပါတယ်။ အရမ်းကို ချီးကျူးပီးလေးစားဖို့ကောင်းပါတယ်နော် 😊👏

နှစ်စဉ်နှစ်တိုင်းဆင်နွဲနေကြ ဆာကူရာပန်းပွဲ တော်ကို ပျော်ရွှင်စွာဆင်နွှဲချင်ကြလိမ့်မယ်လို့ထင်ပါတယ် ဒီနှစ်မှာတော့ စိတ်မကောင်းစွာနဲ့ပဲ လူစုလူဝေးမလုပ်တာဟာ အကုန်လုံးအတွက် saveဖြစ်မယ်လို့မျှော်လင့်မိပါတယ် ။

နောက်နှစ်တွေမှာလည်း (Hanami) ဆာကူရာပန်းကြည့်ပွဲ တော်ဆိုတာအမြဲရှိနေမှာဖြစ်လို့ အားလုံးပဲstay at home
နေကြပြီးကျန်းကျန်းမာမာနဲ့ရှိနေကြဖို့ဆုမွန်ကောင်း တောင်းအပ်
ပါတယ်။ 🙏🙏🙏

🌸 🌸 🌸 March လကုန် April လအစမှာ ဂျပန်နိုင်ငံ (Tokyo)မြို့တွင် ဆာကူရာပန်းတွေ ဝေဆာနေအောင် ပွင့်တော့မှာဖြစ်ပါတယ်.......ထိုပန...
23/03/2020

🌸 🌸 🌸 March လကုန် April လအစမှာ
ဂျပန်နိုင်ငံ (Tokyo)မြို့တွင် ဆာကူရာပန်းတွေ
ဝေဆာနေအောင် ပွင့်တော့မှာဖြစ်ပါတယ်.......
ထိုပန်းတွေဟာ မှင်သက်ငေးမော စရာကောင်းလောက်အောင်လှပပြီး ပန်းပွင့်ချိန်ကတော့
အင်မတန်မှ တိုတောင်းလှပါတယ်..... 🌸 🌸 🌸

Address

No. 149, 11st Floor, AMBO Tower, Bo Aung Kyaw Road, Kyauktada Township
Yangon

Website

Alerts

Be the first to know and let us send you an email when Japan Innovation Academy Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share