မဟာသဒ္ဓမ္မဇောတိကဓဇ- ဒေါ်ခင်သန္တာဦး- လူမှုထူးချွန်

မဟာသဒ္ဓမ္မဇောတိကဓဇ- ဒေါ်ခင်သန္တာဦး- လူမှုထူးချွန်

Share

A Buddhism religious institution around Yagon city

23/08/2026
Photos from မဟာသဒ္ဓမ္မဇောတိကဓဇ- ဒေါ်ခင်သန္တာဦး- လူမှုထူးချွန်'s post 21/08/2026

💙အဘိဓမ္မာဆိုတာ ဘာကြောင့်
သင်ယူသင့်တာလဲ? 🌸

🧿“အဘိဓမ္မာက ခက်တယ်…”
🧿“စာတွေများတယ်…”
🧿“နားမလည်နိုင်ဘူးထင်တယ်…”

ဒီလိုထင်ထားသူများရှိပါသလား? 😊

🔷တကယ်တော့ အဘိဓမ္မာဆိုတာ
ကိုယ့်ဘဝနဲ့ အလွန်နီးစပ်တဲ့
တရားတော်ပါ။

စိတ်ဆိုးတဲ့အခါ —
ဘာကြောင့် စိတ်ဆိုးတာလဲ?

🙏 လောဘဖြစ်တဲ့အခါ —
ဘယ်လိုစိတ် ဖြစ်နေတာလဲ?

🙏 မနာလိုဖြစ်တဲ့အခါ —
ဘယ်တရားတွေ ပါဝင်နေတာလဲ?

🙏 ကုသိုလ်လုပ်တဲ့အခါ —
ဘယ်လိုစိတ်နဲ့ လုပ်နေတာလဲ?

🙏 သူတစ်ပါးကို ခွင့်လွှတ်မရတဲ့အခါ —
ကိုယ့်စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲ?

ဒီမေးခွန်းတွေရဲ့ အဖြေကို
ကိုယ့်စိတ်ကိုယ် နားလည်လာအောင်
သင်ပေးနိုင်တာ အဘိဓမ္မာပါ။ 🌿
🌏💎🌏💎🌏💎🌏💎🌏💎🌏

ငွေလှရတနာ ဓမ္မစာပေသင်တန်း

🟣 အဘိဓမ္မာ (၃)ဆင့် (Online) သင်တန်း -
📱 ဖုန်း/ လက်တော့ပ်တစ်လုံးနဲ့
အိမ်မှာပဲ လေ့လာနိုင်ပါတယ်ရှင်။
🌏💎🌏💎🌏💎🌏💎🌏💎🌏

အဘိဓမ္မာကို စာကျက်ဖို့အတွက်သာ
မဟုတ်ဘဲ နားလည်ဖို့၊ ဆင်ခြင်ဖို့၊
ကိုယ့်ဘဝမှာ အသုံးချဖို့ ရည်ရွယ်ပြီး
သင်ကြားပေးသွားပါမယ်။

✨ စိတ်အကြောင်း သိချင်သူ-
✨ ကိုယ့်အကျင့်ကို ကိုယ်ပြုပြင်ချင်သူ-
✨ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိချင်သူ-
✨ ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်ကို ပိုမို
နက်ရှိုင်းစွာ နားလည်ချင်သူ-
✨ အဘိဓမ္မာကို အခြေခံကနေ
စတင်လေ့လာချင်သူ-

🔹 အားလုံး တက်ရောက်နိုင်ပါတယ်။
🌏💎🌏💎🌏💎🌏💎🌏💎🌏💎

💬 “ကိုယ့်စိတ်ကို ကိုယ်နားလည်လာတဲ့
နေ့ကစပြီး ကိုယ့်ဘဝကိုလည်း ပိုပြီး
နားလည်လာပါလိမ့်မယ်။

🧿 ငွေလှရတနာ ဓမ္မစာပေ သင်တန်း
🧿 သင်တန်းမှူးဆရာမ ဒေါ်ခင်သန္တာဦး
(လူမှုထူးချွန်)နှင့်အတူ ဆရာများမှ
ဦးစီးပြီး-

🧿(၂၂-၈-၂၀၂၆) (စနေနေ့)
🧿(၂၃-၈-၂၀၂၆) (တနင်္ဂနွေ)

💙တစ်ပတ်လျှင် (၂) ရက်
🔹( စနေ၊ တနင်္ဂနွေ )နေ့တိုင်း
🔹နိုဝင်ဘာလကုန်သည့်အထိ
သင်ကြားပေးသွားပါမည်။
💎🌏💎🌏💎🌏💎🌏💎🌏💎

🌏 Zoom ID - 7763645321
( Password ) ထည့်ရန်မလို။
💎🌏💎🌏💎🌏💎🌏💎🌏💎

မဟာသဒ္ဓမ္မ ဇောတိကဓဇ-
ဒေါ်ခင်သန္တာဦး-လူမှုထူးချွန်
page မှာ Live လွှင့်ပါ့မယ်ရှင်။
••••••••••••••••••••••••••••

page linkလေးပါရှင်...
👇👇👇👇👇👇👇👇👇👇👇

https://www.facebook.com/share/1AHcCgW48o/

အဘိဓမ္မာ (၃)ဆင့် သင်တန်းကြီးကို
အပတ်စဉ်(စနေ၊ တနင်္ဂနွေ)နေ့တိုင်း
အဆင့်အလိုက်...

🌏 ပထမအဆင့် 🔹
ည (၇း၀၀) မှ (၉း၀၀) အထိ

🌏 ဒုတိယအဆင့် 🔹
နေ့လည် (၁:၀၀) မှ (၃:၀၀) အထိ၊

🌏 တတိယအဆင့် 🔹
မနက် (၉:၀၀)မှ (၁၁း၀၀) အထိ၊

🌏 အချိန် (၃) ချိန်ခွဲ၊ သင်ကြားပေး
သွားမှာဖြစ်ပါတယ်။
💎🌏💎🌏💎🌏💎🌏💎🌏💎

စာအုပ်မှာကြားရန်
*****************
🧿 အဘိဓမ္မာ ၃-ဆင့် အတွက်
***************************

ရန်ကုန်၊ နယ်အားလုံး
📕📚📓📒📖📂 🫟❄️
☎️ ၀၉၂၅၂၆၆၈၂၈၃
☎️ ၀၉၄၂၃၇၄၀၁၂၅

************************
💎🌏💎🌏💎🌏💎🌏💎🌏💎

မှတ်ချက်။ ။
✅ အဘိဓမ္မာစာမေးပွဲ ဖြေဆိုမည့်
သူများ၊ မေးခွန်းကြိုတင်လေ့လာ
လိုသူများ - ( မှတ်စုနှင့် မေးခွန်း )
စာအုပ်တွဲမှာရန် ဖြစ်ပါတယ်ရှင်။

သင်တန်းကို Zoom Class ဖြင့်
သင်ကြားပေးသွားမှာဖြစ်လို့ -

✅ Zoom ID - 7763645321ကို
✅ Password ထည့်စရာမလိုဘဲ
တက်ရောက်သင်ကြား လေ့လာနိုင်
ပါတယ်ရှင့်။

ဒါ့ကြောင့် လူမျိုး၊ဘာသာ၊ အသက်
အရွယ်မရွေး ဗုဒ္ဓစာပေများကို လေ့
လာရင်း တရားနဲ့ ပျော်မွေ့ချင်သူ-
ဓမ္မမိတ်ဆွေတိုင်း အဘိဓမ္မာ (၃)ဆင့်
ကို လေ့လာနိုင်ရန် ဖိတ်ခေါ်လိုက်ရ
ပါတယ်ရှင့်။
💎🌏💎🌏💎🌏💎🌏💎🌏💎

သင်တန်းကြီးပြီးဆုံးသွားချိန်မှာ
သာသနာရေးဝန်ကြီးဌာနမှ ဦးစီး
ကျင်းပတဲ့ စာမေးပွဲများကို ဝင်
ရောက်ဖြေဆို အောင်မြင်နိုင်သည်
အထိ အသေးစိတ် သင်ကြား ပို့ချ
ပေးသွားမှာဖြစ်လို့ -

အဘိဓမ္မာလေ့လာရင်း တန်ဖိုးရှိတဲ့
အသိတွေ တိုးပွားနိုင်ကြပါစေ။

#ဒေါ်ခင်သန္တာဦး
#‌အဘိဓမ္မာ


💎🌏💎🌏💎🌏💎🌏💎🌏💎

16/08/2026

Zoom ID 7763645321
Password 712345
Zoom ကို ID နှင့် password လေးရိုက်ပြီးဝင်ပေးပါရှင့်

Photos from မဟာသဒ္ဓမ္မဇောတိကဓဇ- ဒေါ်ခင်သန္တာဦး- လူမှုထူးချွန်'s post 14/08/2026

💖🌸 မေတ္တသုတ်တော် ကျင့်စဉ်
Online သင်တန်း 🌸💖
🌹(ပါဠိ- အသံထွက်- မြန်မာပြန်)🌹

🟣(၁၄-၈-၂၆) (သောကြာနေ့)
🌀ည (၇:၀၀)မှ (၉:၀၀)နာရီ ထိ🌀

🟣 Zoom ID - 7763645321
( Password ) ထည့်ရန်မလို။
💖🌸💐💖🌸💐💖🌸💐💖🌸💐

🌼 ဒီသင်တန်းကို ဘယ်သူတွေ
တက်သင့်သလဲ?

✔️ စိတ်အေးချမ်းချင်သူများ။

✔️ ဒေါသနှင့် စိတ်တိုမှုကို
လျော့ချချင်သူများ။

✔️ မေတ္တာဘာဝနာကို စနစ်တကျ
လေ့လာချင်သူများ။

✔️ မေတ္တသုတ်တော်ကို အဓိပ္ပာယ်
မှန်မှန် သိချင်သူများ။

✔️ တရားအားထုတ်မှုကို ပိုမို
နက်ရှိုင်းစေချင်သူများ။

✔️ မိသားစုအတွင်း ငြိမ်းချမ်းမှု
ပိုမိုရရှိချင်သူများ။

✔️ သူတစ်ပါးကို ချစ်ခင်နားလည်
ပေးနိုင်တဲ့ စိတ်ထားတစ်ခု
တည်ဆောက်ချင်သူများ။
🌺💐🌹🌺💐🌹🌺💐🌹🌺💐🌹
━━━━━━━━━━━━━━

🟣 အထူးသဖြင့်…

🟣 ကိုယ့်ကို ချစ်တဲ့သူကို မေတ္တာ
ထားဖို့ မခက်ပါဘူး။🫟

🫟 ကိုယ့်ကို မချစ်တဲ့သူကို…ကိုယ့်ကို
နာကျင်စေတဲ့သူကို…ကိုယ့်နဲ့
အမြင်မတူတဲ့သူကို…💐

💖 မေတ္တာထားနိုင်လာတဲ့အခါ—

💜 မေတ္တာရဲ့ အစွမ်းကို တကယ်
နားလည်လာပါလိမ့်မယ်။🩷

🟣🫟💐🟣🫟💐🟣🫟💐🟣🫟💐
━━━━━━━━━━━━━━

🌷 မေတ္တာဆိုတာ သူတစ်ပါးကိုပဲ
ပေးရတာမဟုတ်ပါဘူး။🌺

🌺 မေတ္တာပွားတဲ့အခါအရင်ဆုံး
အေးချမ်းလာတာက —
ကိုယ့်ရဲ့စိတ်ပါ။ 💖

🟣 ဒေါသတွေ လျော့လာမယ်…
🫟အငြိုးတွေ လျော့လာမယ်…
🫟စိတ်ကျဉ်းမြောင်းမှုတွေ
🫟လျော့လာမယ်…
🫟နှလုံးသားက ပိုနူးညံ့လာမယ်…
🫟လူတွေအပေါ် နားလည်ပေးနိုင်မှု
ပိုများလာမယ်… 🌿

🟣🫟💐🟣🫟💐🟣🫟💐🟣🫟💐
━━━━━━━━━━━━━━

🌺 မေတ္တသုတ်တော်ကို ရွတ်ဖတ်ရုံနဲ့
မပြီးဘဲအဓိပ္ပာယ်ကို သိပြီး
စိတ်ထဲမှာ ပွားများကာနေ့စဉ်
ဘဝမှာ လက်တွေ့ကျင့်ကြမယ်။

💖 “မေတ္တာကို သိရုံမဟုတ် —
မေတ္တာဖြစ်အောင် ကျင့်ကြမယ်…”

🌸 မေတ္တသုတ်တော် ကျင့်စဉ်
Online သင်တန်းမှာ အတူတူ
လေ့လာကြရအောင်နော်။ 🙏🌷

🌺 မေတ္တာပွားသူတိုင်း ကိုယ် စိတ်
နှစ်ဖြာ အေးချမ်းကြပါစေ။

🙏💖 သတ္တဝါအားလုံး ချမ်းသာ
ကြပါစေ။ 💖🙏

🙏💐💖🙏💐💖🙏💐💖🙏💐💖
=======================

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon