PE RSE Exam Tutorials

PE RSE Exam Tutorials

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PE RSE Exam Tutorials, Education, Yangon.

04/02/2020

******ဘိလပ်မြေအကြောင်းပြောပြမယ်*****

#ဘိလပ်မြေကိုလွန်ခဲ့တဲ့နှစ်ပေါင်းဘီစီ(၁၀၀)လောက်ကရောမလူမျိုးတွေစပြီးတွေ့ရှိခဲ့တယ်။ မီးတောင်ကရတဲ့ပြာတစ်မျိုးကိုထုံးကျောက်နဲ့ရောပြီးမီးဖုတ်လိုက်တယ်ပြီးတော့ရေနဲ့ထပ်ရောလိုက်တဲ့အခါမှာအလွန်မာကျောတဲ့ဘိလပ်မြေဆိုတာရလာတယ်။ ဘိလပ်မြေကို"Hydraulic Cement"လို့လဲခေါ်သေတယ်ဗျ။ ထုံးကျောက်နဲ့ရွှံ့ကိုအသေအချာထိန်းချုပ်ပြီးမြင့်သောအပူချိန်မှာမီးဖုတ်ပါကအားကောင်းတဲ့ကျောက်စရစ်"Pebbles"များဖြစ်လာပြီးအဲဒါကိုချော်ခဲ"Clinkers"လို့လဲခေါ်သေတယ်ဗျ။ အဲဒီချော်ခဲအတုံးအစကလေးတွေကိုအမှုန့်ကြိတ်ပြီး"Gypsum"နဲ့ရောလိုက်ပါကဘိလပ်မြေဖြစ်လာတယ်။

#ဘိလပ်မြေကိုစက်ရုံမှာဆိုရင်အချင်း၆မီတာ၊ အလျား၁၀၀-၂၂၅မီတာရှည်တဲ့သံမဏိဆလင်ဒါဖိုများအတွင်းသို့အမှုန့်ပြုလုပ်ထားတဲ့ထုံးကျောက်နဲ့ရွှံ့တို့ကိုအသေအချာရောစပ်ပြီးသွင်းပါ။ ဖိုရဲ့အောက်ခြေမှာလောင်စာသွင်း၍မီးရှို့ပါ။ ပြီးရင်ကုန်ကြမ်းတွေကိုအနည်းငယ်စောင်း၍လည်နေသောဆလင်ဒါအထက်ပိုင်းရဲ့အဖျားစွန်းမှသွင်းပါ။ အပူကကုန်ကြမ်းကိုစိမ်းမည်းရောင်ချော်ခဲကလေးများဖြစ်လာတဲ့အထိဖျော်ချပစ်လိုက်တယ်။ ဖိုထဲမှာရှိနေတဲ့ချော်ခဲလေတွေကို"Gypsum"3%-4%ထိရောနှောလိုက်တယ်။ ပြီးရင်အမှုန့်ကြိတ်လိုက်တယ်။ "Gypsum"ဘာလို့ထည့်တာလဲဆိုရင်ရေနဲ့ထိတဲ့အခါမှာမြန်မြန်မခဲသွားအောင်ရယ်၊ ဘိလပ်မြေရဲ့မာချိန်ကိုကြန့်ကြာစေချင်တာရယ်ကြောင့်ပါ။

#ဘိလပ်မြေ(၁၁)မျိုးရှိပါတယ်-
၁။ သဘာဝဘိလပ်မြေ(Natural Cement)
၂။ ရောမဘိလပ်မြေ(Roman Cement)
၃။ ပေါ့ဇိုလားနား(Pozzolana)
၄။ တရာ့စ်(Trass)
၅။ ပို့တလဲန်ဘိလပ်မြေ(Portland Cement)
၆။ အဖြူ နှင့်အရောင်ဘိလပ်မြေ(White & Coloured Cement)
၇။ အအိပ်မြန်၊ အခြောက်မြန်ဘိလပ်မြေ(Rapid Hardening Cement)
၈။ လေပြင်းဖိုထွက်ဘိလပ်မြေ(Blast Furnace Cement)
၉။ အပူနည်းဘိလပ်မြေ(Low Heat Cement)
၁၀။ ဆားဓာတ်ခံဘိလ်မြေ(Sulphate Resisting Cement)
၁၁။ အလူမီနာလိလပ်မြေ(High Alumina Cement)

***အသုံးအများဆုံးဘိလပ်မြေသုံးမျိုးကတော့"Ordinary & Rapid Hardening Portland Cement"၊ "Portland Blast Furnance Cement"၊ "High Alumina Cement"တို့ပဲဖြစ်ပါတယ်။***

#ပို့တလဲန်ဘိလပ်မြေအိပ်ခြင်း
ဘိလပ်မြေအိ်ပ်ပုံမှာသီးခြားလွတ်လပ်နေသောဓာတုတုံ့ပြန်မှုသာဖြစ်ပါတယ်။ အဲမှာရေပေါင်းစပ်ခြင်း၊ အပြန်အလှန်ဓာတ်ပြု ခြင်း၊ ဓာတုပစ္စည်းတွေတစ်ခုနဲ့တစ်ခုပူးပေါင်းပြီးမာသွားခြင်းဖြစ်တယ်။ ဘိလပ်မြေခဲဖို့ဘယ်သူ့ကိုယ်စားပြုအကူအညီမျှမလို။ ထူသောနံရံများ၏ဗဟိုထိတိုင်ခဲစေပါတယ်။ ရေအောက်မှာလည်းခဲပါတယ်။
ဘိလပ်မြေကိုသရွက်ကိုင်ရာမှာလဲသုံးနိုင်ပါတယ်။

#ဘိလပ်မြေဆန်းစစ်ကြည့်ဖို့အတွက်၅နည်းရှိပါတယ်-
၁။ နုညက်မှု(Fineness)
၂။ ဓာတုပစ္စည်းများပါဝင်မှု(Chemical Composition)
၃။ အားကိုစမ်းသပ်ခြင်း(Strength Test)
၄။ အိပ်ချိန်(Setting Time)
၅။ ခိုင်မာမှု(Soundness)

#ဘိလပ်မြေမာစေခြင်းနှင့်အိပ်ခြင်း
ဘိလပ်မြေကိုရေနဲ့ဖျော်ပြီးအနှောက်အယှက်မရှိဘဲထားလျှင်အနည်ထိုင်သွားပြီးပထမအဆင့်အရည်အခြေအနေတွင်ရှိနေပြီးနောက်ခဲသွားတယ်။ အဲဒါကိုကနဦးအိပ်ချိန်"Initial Setting"လို့ခေါ်တယ်။ နောက်တစ်ဆင့်မာတဲ့အခြေအနေကိုပြောင်းလာတယ်။ အဲဒီအဆင့်ကိုဘိလပ်မြေအပြီးသတ်အိပ်ချိန်"Final Setting"လို့ခေါ်တယ်။ ရေကိုခန်းခြောက်စေခြင်းအာဖြင့်ဘိလပ်မြေကိုမာလာစေတာမဟုတ်ဘဲဘိလပ်မြေကဓာတုဓာတ်ပေါင်းတစ်ခုဖြစ်လာတယ်။ အဲ့ဒီဖြစ်စဉ်ကို"Hydration of Cement"လို့ခေါ်ပါတယ်။

#ဘိလပ်မြေရဲ့ဂုဏ်သတ္တိများ(Properties of Cement)
၁။ ဘိလပ်မြေရဲ့အရောင်ကညီညာနေရမယ်။ အတုံးအခဲတွေမပါဝင်ရဘူး။
၂။ ဘိလပ်မြေကိုအရမ်းနုညံ့တဲ့အဆင့်ထိကြိတ်ချေထားရမယ်။
၃။ သာမန်ဘိလပ်မြေရဲ့ဖိအားခံနိုင်စွမ်းအားကဘိလပ်မြေနဲ့သ(ဲ1:3)ရောစပ်ထားသောကုဗတုံးနဲ့စမ်းသပ်ကြည့်ရင်၃ရက်စွမ်းအားက(16.5MPa)ရှိရမှာဖြစ်ပြီး၇ရက်စွမ်းအားက(22.5MPa)ရှိရမှာပါ။
၄။ဘိလပ်မြေကဆန့်အားကိုအနည်းငယ်သာခံနိုင်ပြီးဖိအားကိုများစွာခံန်ိုင်ပါတယ်။ စတုရန်းတစ်လက်မလျှင်ဆန့်အား၃၇၅ပေါင်ခံန်ိုင်ပြီး၊ ဖိနှိပ်အား၂၈၀၀ပေါင်ခံနိုင်ပါတယ်။
၅။ ဘိလပ်မြေစအိပ်ချိန်ကမိနစ်၃၀ထက်မနည်းစေရ။
၆။ ဘိလပ်မြေရဲ့အပြီးသတ်ခဲဖို့၁၀နာရီထက်ကျော်လွန်ခြင်းမရှိစေရ။
၇။ ဘိလပ်မြေတွင်ရောသွားခြင်းမရှိတဲ့ထုံးက(1.5%)ထက်မပိုစေရ။ ရောသွားခြင်းမရှိတဲ့ထုံးပါဝင်တဲ့ဘိလပ်မြေကအချိန်ကြာသွားတဲ့အခါဘိလပ်မြေကိုကျယ်ပြန့်စေတယ်။ အဲဒီကျယ်ပြန့်ခြင်းကို(Soundness Test)နဲ့စမ်းသပ်နိုင်တယ်။

#ထုတ်လုပ်ခြင်းနဲ့သိုလှောင်ခြင်း
ထုတ်လုပ်ပြီးဘိခပ်မြေကိုစက္ကူ အိတ်၊(သို့) သံပုံးနဲ့ထုတ်လုပ်ရောင်းချကြတယ်။ ဘိလပ်မြေတစ်အိတ်မှာ(50kg)၊ (112lb)လေးတယ်။ ဘိလပ်မြေချည်းပဲ(110.5lb)ရှိတယ်။ ဘိလပ်မြေအိတ်(20bags)ဆိုရင်(1ton)လေးတယ်။ "Portland Cement"ကိုတစ်ကုဗပေရှိတဲ့သေတ္တာထဲကိုမလှုပ်ဘဲထည့်ရင်(75-90lb)လေးပြီးလှုပ်ထည့်ရင်(110lb)လေးတယ်။ USAထုတ်ဆိုရင်Cementချည်းပဲ(94lb)လေးတယ်။ UKထုတ်ဆိုရင်(1.2cft)လေးတယ်။ ဘိလပ်မြေအိတ်တွေကိုမိုးလုံးလေလုံးသိုလှောင်ရုံများမှာ၈အိတ်ထက်မပိုအောင်ဆင့်ထပ်ပြီးသိုလှောင်ထားရတယ်။ သတိထားရမှာကတော့ကြာရှည်မသိုလှောင်ထားဖို့ပါပဲ။ သိုလှောင်ထားတဲ့ဘိလပ်မြေကိုအင်အားရှိ၊ မရှိဓာတ်ခွဲခန်းများတွင်စမ်းသပ်ပြီးမှသုံးသင့်ပါတယ်။ ။
‼️အုတ်စီ ကျောက်လောင်း ဘိလပ်မြေ သံချောင်း သစ် တွက်နည်း အနုပညာ‼️
မြေကြီး ၁ ကျင်း = ၁၀ ပေ ပတ်လည် × ၁ ပေ အနက်
10 ' × 10 ' × 1 ' = 100 ကုဗပေ = 1 ကျင်း
☘️ကျောက်လောင်း -
10 ' × 10 ' × 1 ' = 100 cft = 1 sud
Slab ( 6 " ထုအောက် ) -
10 ' × 10 ' = 100 sft = 1 sud
အလျား × အနံ × အမြင့် = ၁၀၀ = ၁ ကျင်း
၅၀ = ကျင်းဝက်
၂၅ = ကျင်းတစ်မတ်
-
၄.၅ လက်မ ( ၄ ခွဲ ) - နံရံ အုတ်စီ ၊ ဆေးသုတ် ၊ အမိုးမိုး ၊ ကြွေပြားကပ်
4.5 " အုတ်ရိုး -
10 ' × 10 ' = 100 sft = 1 sud
1 ကျင်း = အုတ် ၅၅၀
( 1 : 4 =
ဘိလပ်မြေ 2.7 အိတ် : သဲ 11 အိတ် )
-
၉ လက်မ ( ကိုး ) - အုတ်ဖိနပ် ၊ ကွန်ကရစ်လောင်း ၊ မြေကြီးတူး
9 " နှင့်အထက် အုတ်ရိုး -
10 ' × 10 ' × 1 ' = 100 cft = 1 sud
1 ကျင်း = အုတ် ၁၃၅၀
( 1 : 4 =
ဘိလပ်မြေ 6 အိတ် : သဲ 28 အိတ် တစ်မတ် )
-
ဘိလပ်မြေ ၁ အိတ် = ၅၀ ကီလို
အိတ် ၂၀ = ၁ တန်
-
1 : 3 : 6 = ဘိလပ်မြေ + သဲ + ကျောက်
ဘိလပ်မြေ ၁ အိတ်ပေါ် မူတည်တွက် ။
-
ဘိလပ်မြေ တွက်နည်း
1 : 3 : 6 = ( ဘိလပ်မြေ ) ၁၃ အိတ် : သဲ ကျင်းဝက် : ကျောက် ၁ ကျင်း
1 : 2 : 4 = ( ဘိလပ်မြေ ) ၁၈ အိတ် : သဲ ကျင်းဝက် : ကျောက် ၁ ကျင်း
1 : 1 : 1/2 ( 1 : 1 : 5.3 ) = ( ဘိလပ်မြေ ) ၂၅ အိတ် : သဲ ကျင်းဝက် : ကျောက် ၁ ကျင်း
-
သံချောင်း Size = ပေ ၄၀ ၊ ၁၂ မီတာ
၃၉ ပေ ၆ လက်မ ( မှန် )
-
1 တန် - ၁၀ မီလီ ၃ မူး ( ၃/၈ ) - ပေ ၄၀ အရှည် - ၁၃၅ ချောင်း
၁၂ မီလီ ၅ မူး ( ၁/၂ ) - ၈၈ ချောင်း
၁၆ မီလီ ၆ မူး ( ၅/၈ ) - ၅၃ ချောင်း
၂၀ မီလီ ၃ မတ် ( ၃/၄ ) - ၃၃ ချောင်း
၂၅ မီလီ ကျပ်လုံး ( ၁ ) - ၂၁ ချောင်း
-
သစ်
1 " × 1 " ပတ်လည် တစ်တန် = 7200 ' ပေ
2 " × 1 " = 3600 ' ပေ
2 " × 2 " = 1800 ' ပေ
3 " × 1 1/2 " = 1600 ' ပေ
3 " × 2 " = 1200 ' ပေ
4 " × 2 " = 900 ' ပေ
5 " × 2 " = 720 ' ပေ
6 " × 2 " = 600 ' ပေ

Civil Engineer တယောက်အနေနဲ့ ဘိလပ်မြေအကြောင်းသိကောင်းစရာ

(ဘိလပ်မြေ အတု အစစ် ဘယ်လိုသိနိုင်လဲ) ဘိလပ်မြေမှာ ပါဝင်ရမည် အဂုဏ်သတ္တိများ

မေးထားတာတော့ ကြာနေပါပြီး ကျော်လဲ လုပ်ပင်ပန်းတာနဲ့ မမျှဝေပေးဖြစ်သေးတာပါ။

Quality of cement ဘိလပ်မြေ ရဲ့ အရည်အသွေးကို lab မှာ standard tests တွေနှင့် သေသေချာချာ စမ်းသပ်လိုရပါတယ်။ အဲ့ဒါကို civil engineering material testing science ဆိုတဲ့ sub-disciplineပါ ပါတယ်။ ဘိလပ်မြေနှင့် ပတ်သက်လာရင် မြို့ပြ အင်ဂျင်နီယာ တစ်ယောက်မှာ responsibility တာဝန် အပြည့်အဝ ရှိပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေ မှာ အဲလို lab တွေထဲ သေသေချာချာ မဆမ်းသပ်နိုင်တဲ့အချိန်ရှိပါမယ်။ အဲလို အခြေအနေမှာ လုပ်ငန်းခွင်မှာပဲ field test အနေနှင့် စစ်ဆေးလို့ ရပါတယ် ။

( #စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကတော့)

(1) Date of paciking ထုတ်ပိုးတဲ့နေ့စွဲ
(2) Colour အရောင်
(3) Rubbing ပွတ်ကြည့်ခြင်း
(4) Hand insertion လက်ထည့်ကြည့်ခြင်း
(5) Float test ရေတွင်ပေါ်ခြင်း
(6) Smell test အနံ့
(7) Presence of lumpe အခဲဖြစ်ခြင်း
(8) Shape test ပုံစံမပျက်ခြင်း
(9) Strength test ခံနိုင်အားတိုဖြစ်ပါတယ်။

(1) Date of paciking က ထုတ်ပိုးတဲ့နေ့စွဲပါ။
အိတ်မှာပါပါတယ်။ ဘိလပ်မြေက လတ်ဆတ်လေ ကောင်းလေပါပဲ။
သက်တမ်းကြာလေလေ ဘိလပ်မြေ အားနည်းလေလေဖြစ်ပါတယ်။
ထုတ်လုပ်ပြီး ၆ ပတ်အတွင်းသုံးစွဲသင်တယ်လိုဆိုပါတယ်။
ထုတ်ပိုတဲ့ ရက်စွဲကို စစ်ဆေးရပါမယ့်။

(2) Color က အရောင်ဖြစ်ပါတယ်။
ပုံမှန် ဘိလပ်မြေ ဟာ gray မီးခိုးရောင်နှင့် light greenish shade စိမ်းဖန့်ဖန့်အရောင်ရှိပါတယ်။

(3) Robbing က ဘိလပ်မြေ နည်းနည်းကို လက်မနှင့် လက်ညိုးကြား ပွတ်ကြည့်တဲ့အခါ နူညံနေရပါမယ်။
နည်းနည်း ကြမ်းတမ်းနေမယ်ဆိုရင် အရောအနှော ရှိလို့ ဖြစ်ပါတယ်။
ဥပမာ - သဲနှင့်ရောနောထားတာမျိုး။

(4) Hand insertion က ဘိလပ်မြေ အိပ်ကိုဖွင့်ပြီး လက်ကို အိတ်ထဲ့ ထည့်ကြည့်တဲ့အခါ အေးမြတဲ့အထေိအတွေ့ ရရပါမယ်။
အဲလိုအေးမြနေတယ်ဆိုတာက စိုထိုင်းမူကြောင့် ဘိလပ်မြေမှာ hydration မရှိဘူး ဆိုတဲ့ သဘောပါ။

(5) Float test က ရေပေါ် ပေါမပေါ်ပါ။ ဘိလပ်မြေ အနည်းငယ်ကို ရေထဲ့ထည့်ကြည့်လိုက်တဲ့အခါ ရေပေါ်မှာအနည်းငယ် ပေါ်နေပြီး ပြီးမှ နှစ်သွားရမယ် ဆိုပါတယ်။

(6) Smell test က အနံပါ။ ဘိလပ်မြေ မှာ သကယ်လို့ ရွှံစေး မြေစေး စတာတွေ ရောနှောနေတာမျိုး ရှိတယ်ဆို earthy or muddy smell က ဘိလပ်မြေ အခဲလေးတွေ မပါရဘူးဆိုပါတယ်။

(7) Presence of lumps က ဘိလပ်မြေ အခဲလေးတွေ ပါတာပါ။ ဘိလပ်မြေ အသက်တမ်းကြာလို့ စိုထိုင်းမူရှိလို့ ဘိလပ်မြေ တွေခဲတတ်ပါတယ်။ အဲလိုဘိလပ်မြေ အခဲလေးတွေ မပါရဘူးဆိုပါတယ်။

(8) Shape test က ပုံစံပျက်မပျက် စမ်းတာပါ။ ဘိလပ်မြေ အနည်းငယ်ကို ရေနှင့်ရောစပ် မဆလာလုပ် ပုံစံလေးသွင်း မှန်ချပ်တစ်ခုပေါ်တင်ပြီး ရေထဲ နှစ်ထားတာမှာ ပုံစံမပျက်ရှိရမယ်။ setting ဖြစ်မာကြော သွားရမယ် ဆိုပါတယ်။

(9) Strength test က ဖိအားခံနိုင်မူပါ။
25mm×25mm ×200mm (1''×1''×8'')
ဘိလပ်မြေ မဆလာတုံးလေးတစ်ခုလုပ် ရေထဲ့ ခုနှစ်ရက်စိမ်ထားပြီး
150mm(6'') အစွန်း နှစ်ခုပေါ်တင်အပေါ်က 34kg (75lbs.)
အလေးတင်ရာမှာ မကျိုးရဘူး ဆိုပါတယ်။

ဒါလေးတွေ site လုပ်ငန်းခွင်ထဲ အကြမ်းဖျင်း စမ်းသပ်လို့ ရတဲ့ အနည်းလေးတွေပါ။ နောက်ဆုံးအဆင့် date လေးကြည့်တာ လက်ထဲခည့်ပွတ်ကြည့်တာ အခဲပါ မပါကြည့်တာ လောက်ကတော့ အပန်းမကြီးလောက်ဘူးထင်တာပဲ။

Credit: OrginalUploader
Credit

Photos from CSI ETABS Civil Engineer's post 17/01/2020
Photos from Home Design's post 17/01/2020
Photos from Engineering Information's post 26/04/2019
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Website

Address


Yangon