20/10/2025
လုပ်ငန်းတွေမှာ Internal Audit အနေနဲ့ Audit စစ်ကြရာဝယ် တွေ့ရတဲ့ finding တွေ အရ ဘယ်အရာတွေက ဖြစ်သင့်ပါတယ်...ဘယ်အရာတွေက မဖြစ်သင့်ပါဘူးဆိုတာကို suggestion တွေ Best Practise တွေအနေနဲ့ ပေးတဲ့အခါ ဖြစ်ပြီးမှ သိရတာဖြစ်တဲ့အတွက် Detective Control အနေနဲ့ ဖြစ်နေပင်မယ့် နောက်တခါ ထပ်မဖြစ်ရအောင် Preventive Control ရဖို့က သက်ဆိုင်ရာ process owner တွေနဲ့ လည်း အများကြီး သက်ဆိုင်တယ်....E.g Contract တခု ကိုချုပ်တော့မယ်ဆို အရင်ဆုံး contract သည် ဖြစ်သင့်/ မဖြစ်သင့် ကြည့်ရမှာက contract လက်မှတ်ထိုးမယ့် သူပါ..သက်ဆိုင်ရာ တာဝန်အရ ရာထူးအရ တာဝန်ယူထားတဲ့ သူလို့ပြောရင်လည်း မမှားပါဘူး...
Finding တွေကို ကြည့်လိုက်ရင်
1) ချမှတ်ထားတဲ့ SOP က perfect ဖြစ်နေရဲ့သားနဲ့ operation level က သေချာ မလိုက်နာလို့ ဖြစ်ရတဲ့ issue တွေ
2) ချထားတဲ့ SOP က တခု / လုပ်နေတဲ့ current practice နဲ့က တခြားစီ ဖြစ်နေတာ ( မူကမူ / လူက လူပေါ့ဗျာ)
3) SOP, DOA, Org Chat တွေ ဘာမှ မရှိပဲ ကြုံသလိုပဲကွာဆိုပြီး လုပ်နေတာမျိုးတွေ..
2) ချမှတ်ထားတဲ့ SOP / Criteria တွေကကို အားနည်းချက်တွေရှိနေပြီး Management ကလည်း ပြင်ဖို့ အခက်အခဲတွေရှိတာ / ပြင်ဖို့ မကြိုးစားတာ စသဖြင့် ပေါ့...
သို့သော် Management လို့ ဆိုရာဝယ် သူဌေး / Business Owner ကိုပဲ ပြေးမြင်လို့မရပြန်ဘူး...သက်ဆိုင်ရာ role အလိုက် Department / Process မှာ ပါဝင်ပါတ်သက်နေတဲ့သူတွေနဲ့လည်း သက်ဆိုင်တယ်...Auditee တွေအနေနဲ့ကလည်း Audit finding တွေအရ နောက်တခါ ဆိုတာ မဖြစ်ရအောင် အတိုင်းအတာ တခုအထိ ကိုယ်အနေနဲ့ ဘယ်လို ပူးပေါင်းပါဝင်လိုက်ရင်ဖြင့် ပိုကောင်းလာမယ်ဆိုတဲ့ အတွေးလေးရှိရင်
23/09/2025
လုပ်ငန်း တွေမှာ အဓိက Revenue တွေ Profit တွေက အရေးကြီး အခန်းကဏ္ဏာ ဖြစ်တယ်ဆိုတာလည်း တပိုင်း..နောက်တပိုင်းအရေးကြီးတာက Internal Control ပါ.....Ola Electric Case မှာ Financial Perspective က ကြည့်မယ်ဆိုရင် Materials consumed cost, WIP တွေကို Store နဲ့ State Distribution Center တွေမှာ Physical Verification မလုပ်နိုင်တာကြောင့် Inventory နဲ့ပါတ်သက်ပြီး material misstatement ကို ဖြစ်ပေါ်စေခဲ့တယ်...operation နဲ့ပါတ်သက်တဲ့အပိုင်းတွေမှာလည်း အားနည်းချက်တွေရှိတဲ့အပြင် Inventory Verification မလုပ်နိုင်တာကြောင့် Financial reporting accuracy ပါ ထိခိုက်လာပါတယ်...ဥပမာအားဖြင့် မိမိတို့ လုပ်ငန်းတွေမှာ Approval Control အားနည်းတာ...Proper Documentation မရှိတာ...Reconciliation Process ပုံမှန်မလုပ်တာတွေဟာ system အားနည်းချက်မဟုတ်ပါဘူး...သက်ဆိုင်ရာ ငှာနတွေမှာရှိတဲ့ responsible person တွေဟာ..လုပ်သင့်တာကို မလုပ်ပဲ လစ်လျူရှုထားတာဟာ culture အရ weak ဖြစ်တာပါ..ဒါကြောင့် "Culture kill Internal Control" လို့ ပြောလို့ရပါတယ်...မိမိလုပ်ငန်းမှာ လည်း Internal control အားနည်းတာဟာ ဘာကြောင့် လဲဆိုတာ သေချာ လေ့လာ ဆန်းစစ်ဖို့လိုပါတယ်....ဗဟုသုတ အနေနဲ့ OLA Electric Case ကို ဖတ်ချင်ရင်တော့ ဒီ link လေးကနေ တဆင့် ဖတ်ရှုလေ့လာနိုင်ပါတယ်...
👇👇👇
https://m.economictimes.com/tech/technology/ola-electric-auditor-flags-internal-controls-at-subsidiary/articleshow/123721359.cms
နောက်တပိုင်းမှာ ဘယ်လို အရာတွေက OLA Electric ကို Culture အရ လုပ်ငန်းရဲ့ control ကို အားနည်းရခြင်းဖြစ်စေတယ်ဆိုတဲ့ သုံးသပ်ချက်လေးတွေ "Culture kills Internal Control" ကို ဆက်ပြီး ဆွေးနွေးပါအုံးမယ်...
(23.Sept.2025)
15/09/2025
Financial Reporting မှာ 2027 Jan 1 မှာ Early Adoption အနေနဲ့ စတင်အသုံးပြုလို့ရတဲ့ IFRS 18 ကို IAS 1 အစား Replace လုပ်လိုက်တဲ့အခါ IFRS 18 က investor တွေအတွက် ပိုပြီး transparency ရှိလာတဲ့ အပိုင်းလေးတွေက
📌 Notes to the Financial Statement အပိုင်းမှာ..
▶ Management Performance Measurement ဖြစ်တဲ့ MPMs တွေနဲ့ ပါတ်သက်ပြီး Clear Defn နဲ့အတူ Reconciliation တွေ
▶ Expenses တွေကို Nature အရ တိတိကျကျ ခွဲပြီး ရှင်းလင်း တင်ပြပေးဖို့လိုအပ်ပါတယ်..
📌 Primary FS အနေနဲ့ကတော့
▶ Income Statement မှာ Operating Profit ရယ် Profit before financing and income taxes ရယ်ဆိုပြီး Subtotal အနေနဲ့ ဖော်ပြပေးရမယ်...
▶ Income & Expenses တွေကို Operating,Investing,Financing ရယ်ဆိုပြီး category ခွဲ ပြီး presentation ခွဲပြပေးဖို့ လိုအပ်တယ်..
အသေးစိတ်လေ့လာ ဖတ်ရှုလိုသူများအနေဖြင့်
ဒီ link လေးမှာ လေ့လာနိုင်ပါတယ်ခင်ဗျာ...
https://www.grantthornton.global/globalassets/1.-member-firms/global/insights/insight-content-blocks-and-media/ifrs/ifrs-18/get-ready-for-ifrs-18.pdf
စာရင်းကိုင်ပညာရပ်ကို စိတ်ပါဝင်စားလေ့လာချင်သူများ အနေဖြင့် ကျွန်တော်တို့ Page လေးကို Like & follow လုပ်ပြီး လေ့လာ နိုင်ပါတယ်....
Trainer Lynn(IBS)
11/02/2025
Computerized System Software သုံးရုံးနဲ့ Final Report ထွက်ပြီလား... 💭💭💭
ကျွန်တော်တို့ ဆီမှာ တချို့သော လုပ်ငန်း တွေမှာ Software သုံးရုံနဲ့ Final Account တန်းထွက်ပြီဆိုတဲ့ အနည်းငယ်လွဲမှားစွာ လက်ခံထားတာမျိုးလေးတွေကို တွေ့ရတတ်ပါတယ်..လုပ်ငန်းမှာ.Software ရှိပြီးသားဖြစ်လို့...Accountant အနေနဲ့ Final Account ဆွဲရတာ လွယ်မှာပါ ဆိုပြီး interviewer တွေနဲ့လည်း ကြုံဖူးခဲ့ကြသူတွေလည်း ရှိမှာပါ...ကျွန်တော် တို့ အနေနဲ့ မိမိလုပ်ငန်းနဲ့ သင့်တော်တဲ့ စာရင်းကိုင် မရှိသရွေ့ ဘယ်လောက်ကောင်းတဲ့ Computerized System ကိုပဲ သုံးသုံး System ဆိုတာ GIGO effect (Garbage In Garbage Out) လို့ လုပ်ငန်းတွေမှာ နားလည် လက်ခံဖို့ လိုပါတယ်....
▶ Trail Balance တော့ ထွက်လာတယ်...ဒါပင်မယ့် အမှားကိုက် Trail Balance
▶ Profit & Loss ထွက်လာတယ်...ဆွဲထားတာက Cash Basic နဲ့ report
▶ လကုန် inventory တွေတော့ကောက်တယ်..တစ်ရက်ထက်မက ကောက်ထားတဲ့ ကုန်လက်ကျန်တွေကို Roll Forward / backward တွေ adjustment မလုပ်ဘူး....Expired Report လည်း မထွက်ဘူး....
▶ သက်ဆိုင်ရာ Debit, Credit, JV ဆိူတာလည်း approved / checked တွေ မပါဘူး...စတာတွေ အများကြီး ပဲ...
တကယ်တော့ System ဆိုတာ လူမရှိပဲ လည်ပါတ်လိူ့ ရတယ်ဆိုပင်မယ့် လက်ရှိ ကျွန်တော်တို့ အနေအထားအရ system 50%,human 50% ပါ...
လုပ်ငန်းတိုင်းမှာ တိကျမှန်ကန်တဲ့ final account ရဖို့ software ရှိရုံနဲ့ မလုံလောက်ပါဘူး....Professional Accountant တစ်ယောက် လိုပါတယ်....
✅
02/10/2024
AI မှာ Prompt တွေကို စနစ်တကျရေးဖို့ လိုအပ်ပါသလား💭
စာရင်းကိုင်တွေအနေနဲ့ အနာဂါတ်မှာ AI Tools တွေကိုစနစ်တကျ သုံးနိုင်ခြင်းက မိမိရဲ့ Professional Career Growth အတွက် များစွာ အထောက်အကူပြုစေပါတယ်...AI tools တွေကို သုံးလာတာနဲ့ အမျှ Prompts တွေကို ရှင်းလင်းတိကျစွာ ရေးတတ်မှသာ မိမိလိုအပ်ချက်နဲ့ကိုက်ညီတဲ့ ရလာဒ်တွေကို အနီးစပ်ဆုံးရရှိအောင် AI က စနစ်တကျ ထုတ်ပေးနိုင်မှာဖြစ်ပါတယ်....Prompt ရဲ့ Context က AI response ရဲ့ Quality ကို သက်ရောက်စေတာဖြစ်လို့ structured Prompts တွေကို ဘယ်လိုရေးမလဲဆိုတာ နားလည်ဖို့လိုလာပါတယ်...
E.g. 𝐑𝐞𝐯𝐞𝐧𝐮𝐞 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭 𝐟𝐨𝐫 𝐧𝐞𝐱𝐭 𝐲𝐞𝐚𝐫 လို့ ရေးပြီး AI ကို မေးမယ်ဆိုရင် မိမိရေးသားလိုက်တဲ့ Prompt ဟာ Unstructured Prompt ဖြစ်တာကြောင့် မှန်ကန်မှု့မရှိတဲ့ assumption တွေကို သုံးပြီး Forecast Result ကို ထုတ်နိုင်ပါတယ်....
"𝐅𝐨𝐫𝐞𝐜𝐚𝐬𝐭 𝐟𝐨𝐫 𝐧𝐞𝐱𝐭 𝐲𝐞𝐚𝐫 𝐫𝐞𝐯𝐞𝐧𝐮𝐞 𝐛𝐚𝐬𝐞𝐝 𝐨𝐧 𝐱𝐱𝐱 𝐲𝐞𝐚𝐫 𝐬𝐚𝐥𝐞 𝐭𝐫𝐞𝐧𝐝, 𝐰𝐢𝐭𝐡 𝐱𝐱% 𝐠𝐫𝐨𝐰𝐭𝐡 𝐚𝐝𝐣𝐮𝐬𝐭𝐦𝐞𝐧𝐭 𝐟𝐨𝐫 𝐬𝐮𝐦𝐦𝐞𝐫 𝐡𝐨𝐥𝐢𝐝𝐚𝐲 𝐝𝐞𝐦𝐚𝐧𝐝" လို့ ရေးသားရင် AI ဟာ ပိုမိုတိကျတဲ့ အဖြေကို ထုတ်ပေးနိုင်ပါတယ်...
ဒါကြောင့် စာရင်းကိုင်တွေအနေနဲ့ " Structured Prompt" တွေကို စနစ်တကျ ရေးသားအသုံးပြုခြင်းက ပိုမိုကောင်းမွန်တဲ့ ရလာဒ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်...
ကျွန်တော်တို့ ICON Business School က ဖွင့်လှစ်သင်ကြားပေးမယ့် "𝐀𝐈-𝐃𝐫𝐢𝐯𝐞𝐧 𝐏𝐨𝐰𝐞𝐫 𝐟𝐨𝐫 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐚𝐧𝐭𝐬" မှာ Prompt တွေကို စနစ်တကျရေးသားနည်းများကို သင်ကြားပေးတဲ့အပြင် လက်တွေ့လုပ်ငန်းခွင်မှာ AI tools ကို
Decision Aiding Tools အနေနဲ့ ထိရောက်စွာအသူံးပြုနိုင်အောင် 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐅𝐨𝐫𝐞𝐜𝐚𝐬𝐭𝐢𝐧𝐠 𝐏𝐫𝐨𝐜𝐞𝐬𝐬 နဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 𝐏𝐫𝐨𝐜𝐞𝐬𝐬" တွေကို Case Study နဲ့တကွ စနစ်တကျ သင်ကြားပေးမှာဖြစ်လို့ စိတ်ပါဝင်စားသူများအနေဖြင့်
☎ 0974112496 (Viber) ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..
28/09/2024
ChatGPT ကို အသုံးပြုတော့မယ်ဆိုရင် prompt ကို စနစ်တကျရေးသားတတ်ဖို့ အရေးကြီးပါတယ်။ဘာကြောင့် Prompt တွေကို စနစ်တကျရေးဖို့ လိုအပ်တာပါလဲ...💭💭
✅ Be Specific:
Prompt စနစ်တကျ ကိုရှင်းလင်း၊ တိကျစွာရေးသားခြင်းက လိုအပ်ချက်ကိုမှန်ကန်စွာနားလည်ပြီး တိကျတဲ့ Result ကို ထုတ်ပေးနိုင်တဲ့အပြင် AI က မမှန်ကန်သည့်ဖြေကြားချက်တွေကို လျော့ချနိုင်ပါတယ်...
✅ Time Saving:
Prompt ကို မှန်မှန်ကန်ကန်ရေးထားရင် AI က မှန်ကန်တဲ့အဖြေကို အနီးစပ်ဆုံးထုတ်ပေးနိုင်တဲ့ အပြင် ပြန် ပြင်ဖို့ မလိုတဲ့အတွက် အမြန်ဆုံးလိုအပ်တဲ့အဖြေကို အချိန်တိုအတွင်း ရရှိစေတာကြောင့်ပါ ...
✅ Provide Context & Use Direct Instruction
တိကျတဲ့ keyword တွေကို သုံးပြီး မိမိလိုအပ်ချက်အရ Prompt စနစ်တကျရေးသားခြင်းက AI က result ထုတ်ပေးနိုင်စွမ်း ကို သာလွန်ကာင်းမွန်စေတဲ့အပြင် စနစ်တကျရေးသားထားတဲ့ prompt ကို AI ကို ပိုမိုစနစ်တကျနားလည်တာကြောင့်ပါ...
✅ Iterate
စနစ်တကျရေးထားသော prompt များက နောက်ပိုင်းတွင် ပြန်လည်အသုံးချရလွယ်ကူပြီး မိမိလိုအပ်ချက်အရ ပြန်ပြီးပြင်ဆင်အသုံးပြုနိုင်ရင် အလုပ်ကို ပိုပြီး ခရီးရောက်တွင်ကျယ်စေတာကြောင့်ပါ...
30/08/2024
Power BI နဲ့ ပါတ်သက်ပြီး data Visualization အပိုင်းလေးကို စတင်လေ့လာချင်သူများအတွက် Free Sharing ပေးထားတဲ့ short course လေး ဖြစ်ပါတယ်ခင်ဗျာ....လေ့လာချင်သူများအနေဖြင့် ကျွန်တော်တို့ ICON Business School Page ကို like and follow လုပ်ပြီး ပညာဒါန ပေးထားတဲ့ short course လေးကို တခြားသူလည်း မျှဝေတက်ရောက်နိုင်အောင် မိမိ ခင်မင်ရတဲ့ သူငယ်ချင်းအချို့ကို comment မှာ mentioned ခေါ်ပြီးလည်း မျှဝေပေးနိုင်ပါတယ်....
👉 Sharing ပြုလုပ်ပြီး Short Course လေးလည်း join..Ebook လေးလည်း လက်ဆောင်ယူပါ
👉 𝟏𝟎𝟎% 𝐅𝐎𝐂 ပါ
page မှာ public Sharing ပြုလုပ်၍သော်လည်းကောင်း Friend Only Sharing ဖြင့်သော်လည်းကောင်း Share ပေးရန်လိုအပ်ပါတယ်.....
Sharing လုပ်ပေးသောသူများအနေဖြင့် ကျွန်တော်တို့ 𝐈𝐂𝐎𝐍 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐜𝐡𝐨𝐨𝐥 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကို Screenshot နှင့်တကွ ပေးပို့ပြီး
"𝐓𝐞𝐨 𝐋𝐚𝐜𝐡𝐞𝐯" ရေးသာတဲ့ စာမျက်နှာ 447 ရွက်ရှိ "𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐏𝐨𝐰𝐞𝐫 𝐁𝐈 𝐁𝐫𝐢𝐧𝐠 𝐃𝐚𝐭𝐚 𝐭𝐨 𝐋𝐢𝐟𝐞" Ebook လေးကို စာအုပ်နှင့်တပါတည်း လိုက်ပါလေ့ကျင့်လို့ရတဲ့ Databook နဲ့တကွ မေတ္တာလက်ဆောင် ပေးပို့ပေးမှာ ဖြစ်ပါတယ်.....
Data Visualization ကို စတင်လေ့လာချင်သူများ sharing လေး ပြုလုပ်ပြီးရင် ဒီ link လေးကနေ join ပါခင်ဗျာ...
𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐆𝐫𝐨𝐮𝐩 𝐋𝐢𝐧𝐤 𝐭𝐨 𝐣𝐨𝐢𝐧 𝐡𝐞𝐫𝐞 !!!!
https://www.facebook.com/share/g/LwsYzW5shm97aKWd/
ကျွန်တော်တို့ page လေးမှာ စာရင်းသမားတွေသိသင့်တဲ့ knowledge လေးတွေ Advanced Excel, Power BI စတာလေးတွေ sharing ပြုလုပ်ပေးမှာဖြစ်တာကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် like & follow ပြုလုပ်ထားနိုင်ပါတယ်ခင်ဗျာ...
𝐓𝐡𝐚𝐧𝐤𝐬 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐒𝐡𝐚𝐫𝐢𝐧𝐠 !!!
𝐈𝐂𝐎𝐍 𝐀𝐝𝐦𝐢𝐧 𝐓𝐞𝐚𝐦
☎ 09893000866