Learning With LEO

Learning With LEO မဂ်လာပါ ဒီ Page ဟာ Supply Chain/Warehouse/Logistics နဲ့ ဆက်စပ်သော သင်ခန်းစာများကို လေ့လာနိုင်ဖို့ ရည်ရွယ်တည်ထောင်ထားပြီး 100% စိတ်ချယုံကြည်နိုင်ပါတယ် ခင်ဗျာ

I'm a well-trained and experienced leader in the warehouse and logistics field. I have been working in this industry for 10 years in different roles and organization. That's why I could deliver all my best and I could be your learning partner.

** Knowing Quality Is Always Matter **ပုံမှန်အားဖြင့်တော့ လူတွေဟာ အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ ခံစားချင်ကြတယ် ပိုင်ဆိုင...
13/12/2024

** Knowing Quality Is Always Matter **

ပုံမှန်အားဖြင့်တော့ လူတွေဟာ အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ ခံစားချင်ကြတယ် ပိုင်ဆိုင်ချင်ကြတယ် ဒါပေမယ့် အကောင်းဆုံးဆိုသော အရာတွေကို ပိုင်ဆိုင်ဖို့က လူတိုင်းအတွက် လွယ်ကူနေတာမျိုးမဟုတ်ပဲ လူနည်းစုသာ လက်လှမ်းမှီနိုင်ကြတယ်

ဒီအတွက် ကုန်ပစ္စည်းထုတ်လုပ် ရောင်းချသူတွေဟာ မိမိတို့ ထုတ်လုပ်မည့် ကုန်ပစ္စည်းဟာ ဘယ်လူတန်းစားအတွက် ရည်ရွယ်ထုတ်လုပ်ရတယ်ဆိုတဲ့ Targeted Customer ကို သတ်မှတ်ရတယ် ပြီးရင်တော့ သူနဲ့ ထိုက်သင့်တဲ့ Product Quality ကို Production Cost အနည်းဆုံးနဲ့ ထုတ်လုပ် ရောင်းချကြတယ် ဒါဟာ Normal Process ဖြစ်တယ်

အခြားတစ်ဖက်မှာတော့ Premium Quality Product တွေကို Afford မလုပ်နိုင်တာ မဟုတ်ပဲ ဝေးကွာနေရတဲ့ အဓိက အကြောင်းအရင်း ၂ ချက်ရှိနေပြန်တယ်

နံပါတ် ၁ ကိုယ်နဲ့ Match/Fit မဖြစ်တာ ၊ နံပါတ် ၂ ကတော့ ကောင်းလို့ ကောင်းမှန်း မသိတာပါ ဒီ ၂ ချက်မှာ ကိုယ်နဲ့ Match/Fit မဖြစ်လို့ မသုံးတာဟာ ပြသနာ မဟုတ်ပေမယ့် ကောင်းမှန်းမသိလို့ မသုံးတာဟာ ထုတ်လုပ်သူအတွက်ရော သုံးစွဲသူအတွက်ပါ နစ်နာပါတယ် (ဒါဟာလည်း Society အတွက် Negative Impact တစ်ခုပါပဲ)

ဒီအတွက် တတ်စွမ်းသမျှသော Marketing Strategy တွေ Promotion Activities တွေ အသုံးပြုပြီး သုံးစွဲသူကို ဘယ်လိုပင် Educate လုပ်ပေမယ့် အချို့ Premium Quality Product တွေဟာ Low Quality Product တွေကို မယှဉ်နိုင်ပဲ Market မှာ နေရာမရ ဖြစ်နေတတ်ကြပါတယ်

ဒါကြောင့် အချို့ ပါးနပ်တဲ့ စီးပွားရေးသမား (ပါးနပ်တယ်လို့ သုံးနှုန်းဖို့ အခြေအနေအပေါ် မူတည်ပါတယ်) တွေဟာ Quality ကို မရောင်းတော့ပဲ Quantity ကို ရောင်းဖို့ကြိုးစားရင် Market ကို Approaching လုပ်လာကြပါတယ်

ဒီကနေ ဆက်တွေးရင်း ကျွန်တော့်ခေါင်းထဲ ဝင်လာတဲ့ အတွေးတစ်ခုက ကျွန်တော်နိုင်ငံမှာ ဘယ်လောက်များ အရည်အသွေးမြင့်မားတဲ့ အရာတွေကို (ကောင်းမှန်းမသိလို့) ဆုံးရှုံးပြီးကြပြီလဲ ဆုံးရှုံးနေရပြီလဲ ဘယ်အချိန်ထိ ဆုံးရှုံးနေရအုံးမှာလဲ ဆိုတာပါပဲ................

with Leo

Hello everyone!You all are warmly invited to my YouTube channel and stay tuned for updates.
08/12/2024

Hello everyone!

You all are warmly invited to my YouTube channel and stay tuned for updates.

Share your videos with friends, family, and the world

03/12/2024

**Just 30 minutes**

ဒီနေ့မှာတော့ Just 30 minutes ဆိုတဲ့ learning tips လေးကို sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်

** 30 minutes ဟာ ကြာသလား?
ဘီယာဆိုင်ထိုင် လေပေါနေရင် Music band ကြည့်နေရင် ကွမ်းစား ဆေးလိပ်သောက် လုပ်နေရင် Game ဆော့နေရင် TikTok ကြည့်နေရင် မကြာပါဘူး
ကိုယ်စိတ်မဝင်စားတာ လုပ်နေရရင် ကြာပါတယ်

** တကယ်တော့ 30 minutes ဆိုတဲ့ အချိန်ဟာ ဘာမှမဟုတ်ပါဘူး အလုပ်အားသည် ဖြစ်စေ မအားသည် ဖြစ်စေ ပင်ပန်းသည် ဖြစ်စေ မပင်ပန်းသည် ဖြစ်စေ ဘာမှ ကြာတဲ့အချိန် မဟုတ်ပါဘူး အဲဒီ ဘာမှ မကြာတဲ့ အချိန် 30 minutes က အကျိုးရှိရှိ အသုံးချမယ်ဆိုရင် ကျွန်တော်တို့ ဘဝတွေကို 6 လ ကနေ 1 နှစ် အတွင်း ပိုပြီး မြင့်မားတဲ့နေရာတွေကို ခေါ်ဆောင် သွားပါလိမ့်မယ်

** စိတ်မဝင်စားပေမယ့် ဘဝအတွက် လိုအပ်လို့ ဇွတ်တင်း စိတ်ဝင်စားရခြင်း
ဟုတ်ပါတယ် ဘဝတိုးတက်ဖို့ အချို့အရာတွေ ဇွတ်တင်းပြီး စိတ်ဝင်စားရပါတယ် ဒါကြောင့်လဲ 30 minutes ပဲ ကျွန်တော် တိုက်တွန်းတာပါ

** ဘာလုပ်ကြမလဲ?
ဘာသာ စကား သင်ယူခြင်း ၊ အသက်မွေးဝမ်းကြောင်း ပညာ တစ်ခုခု သင်ယူခြင်း ၊ မိမိ ရှိနေတဲ့ Skills တွေကို Polish လုပ်ခြင်း Upskill လုပ်ခြင်း ၊ မိမိ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်း မိမိ ဘဝကို အထောက်အကူဖြစ်စေမယ့် Network ရှာဖွေ တည်ဆောက်ခြင်း နိုင်ငံတကာ အသိအမှတ်ပြု certificate တွေ ရယူပြီး Career Profile တည်ဆောက်ခြင်း ၊ Market research လုပ်ခြင်း (လူတွေ ဘာတွေ လိုအပ်နေလဲ ကိုယ် သူတို့ကို ဘာရောင်းပေးနိုင်မလဲ) စတာတွေ အကုန် လုပ်လို့ရပါတယ်

** အချို့ အရာတွေ ငွေကြေးလိုအပ်ပေမယ့် တော်တော်များများကတော့ ငွေကြေး များများစားစား မလိုအပ်ပဲ အလွယ်တကူ လုပ်လို့ ရပါတယ် ပိုက်ဆံ မရှိဘူး Computer မရှိဘူး မီးမလာလို့ Internet Bill မရှိလို့ Wifi လိုင်းမကောင်းလို့၊ ပင်ပန်းလို့ စတဲ့ ဆင်ခြေတွေပေးပြီး 30 minutes ဆိုတဲ့ အချိန်လေးကို လေ့လာဖို့ မပျက်ကွက်ကြဖို့ တိုက်တွန်းပါရစေ

ကျွန်တော်နဲ့ အတူ အသစ်အသစ်တွေ လေ့လာဖို့ ကျွန်တော့်ရဲ့ page ကိုရော YouTube Channel ကိုရော Follow, Subscribe လုပ်ထားဖို့လည်း တိုက်တွန်းပါရစေ ခင်ဗျာ

YouTube :
http://www.youtube.com/-With-LEO

Facebook:
https://www.facebook.com/profile.php?id=61559032925141&mibextid=ZbWKwL

မဂ်လာပါ ဒီ Page ဟာ Supply Chain/Warehouse/Logistics နဲ့ ဆက်စပ်သော သင်ခန်းစာများကို လေ့လာနိုင်ဖို့ ရည်ရွယ်တည်ထောင်ထားပြီး 100% စိတ်ချယုံကြည်နိုင်ပါတယ် ခင်ဗျာ

** Communication Skills Or Language Barrier **Technical Skills တွေကို အားပြု စုဆောင်းလာခဲ့ကြပြီး Next Level တစ်ခုကို တက်...
08/11/2024

** Communication Skills Or Language Barrier **

Technical Skills တွေကို အားပြု စုဆောင်းလာခဲ့ကြပြီး Next Level တစ်ခုကို တက်လှမ်းရတော့မည် အချိန် သို့မဟုတ် ပြည်တွင်းဖြစ်စေ ပြည်ပဖြစ်စေ Highly Competitive ဖြစ်တဲ့ Job post တွေကို ယှဉ်ပြိုင်တိုးရတဲ့အခါ ပထမဆုံး တွေ့ရမည့် စိန်ခေါ်မှုကတော့ Communication Skills ပဲ ဖြစ်ပါတယ်

Communication Skills လို့ဆိုရာမှာ ချိတ်ဆက်နားလည်နိုင်သော စွမ်းရည် (Verbal, Non-Verbal) Effective Communication အပြင် Language ဆိုတဲ့ ဘာသာစကား ကျွမ်းကျင်မှုဟာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်လာပြီး နှစ်နဲ့ချီပြီး အချိန်ယူ ဖြည့်တင်ရတဲ့ Skills တစ်မျိုးဖြစ်ပါတယ်
ဒါကြောင့် ယခုချိန်ထိ မေ့မေ့လျော့လျော့ နေနေကြတဲ့ ညီငယ် ညီမငယ်များကို မိမိတို့ နှစ်သက်ရာ သို့မဟုတ် အသုံးဝင်မည့် ဘာသာစကား တစ်မျိုးမျိုးကို ကြိုးစား အားထုတ် သင်ယူကြပါလို့ တိုက်တွန်းပါရစေ

မှတ်ချက် - English ဟာ နိုင်ငံတကာသုံး စကားဟု ဆိုသော်ငြား အာရှနိုင်ငံ အတော်များများဟာ မိမိတို့ Local Language ကိုပဲ ဉီးစားပေး သုံးစွဲကြပါတယ် ဉပမာ Japan, Korea, Thailand, Singapore လို တိုးတက်တဲ့ နိုင်ငံတွေမှာလည်း High Level Position မဟုတ်ရင် Local Language ကိုပဲ သုံးကြပါတယ် Singapore ဟာ English သုံးတယ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်းတော့ Chinese/Mandarin တတ်ထားသူတွေသာ အလုပ်အကိုင် လွယ်ကူကြပါတယ်

မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းကြပါစေ...................

Dynamic Operating Environment and Responsive Warehouse and logistics Operations တွေဟာ ဘယ်လောက်ပဲ Systematic ဖြစ်ပါတယ်ဆို...
16/08/2024

Dynamic Operating Environment and Responsive

Warehouse and logistics Operations တွေဟာ ဘယ်လောက်ပဲ Systematic ဖြစ်ပါတယ်ဆိုဆို Dynamic ဖြစ်တဲ့ Day to day operations ကို Run ကြးပါတယ် Supply Chain သို့မဟုတ် Flow of Goods ရဲ့ Key major Functions တွေ ဖြစ်သည့်အတွက် 24 hours and 7 days အလုပ်များပါတယ်

Infrastructure, vehicle, workforce စသည်တို့ကို manage လုပ်ရသည့်အတွက် manage လုပ်သူဟာ time to time ဖြစ်ပေါ် ပြောင်းလဲနေတဲ့ အခြေအနေပေါ် မူတည်ပြီး တုန့်ပြန် လုပ်ဆောင်ရသည်များဟာလည်း Responsive ဖြစ်ဖို့ လိုပါတယ်

Operations ဆိုသည့်အတိုင်း Supporting Departments တွေလောက် ဆုံးဖြတ်ချက်တွေကို အချိန်ယူ ချနိုင်တဲ့ အခြေအနေမရှိပဲ proactive ရော Reactive ရော သွက်လက် ထက်မြတ်နေဖို့ လိုပါတယ်

ဒါကြောင့် Managers, Supervisors များ အနေဖြင့် Skillful and well trained ဖြစ်နေဖို့အတွက် Academics ရော hand-on experience ရော ရသလောက် ဝမ်းစာ ဖြည့်တင်းထားဖို့ တိုက်တွန်းလိုက်ပါတယ်





Address

YANGON
Yangon
11041

Alerts

Be the first to know and let us send you an email when Learning With LEO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share