31/01/2025
တောင်ကိုရီးယားနိုင်ငံသို့ ရေလုပ်သားအနေဖြင့် သွားရောက်လုပ်ကိုင်
လိုသူများအတွက် သတင်းကောင်း...........
တောင်ကိုရီးယားနိုင်ငံသည် အရှေ့ဘက်တွင် Yellow sea,အနောက်ဘက်တွင် East sea,တောင်ဘက်တွင် Namhae sea(south sea)တို့ဖြင့် ၀န်းရံထားသောနိုင်ငံဖြစ်ပြီး ရေလုပ်ငန်းကို နိုင်ငံစီးပွားရေးအနေဖြင့် လုပ်ကိုင်နေသော နိုင်ငံဖြစ်ပါသည်။
တောင်ကိုရီးယားနိုင်ငံဧ။် အရှေ့ဘက်တွင်တည်ရှိသော Yellow Sea တွင် ငါးဖမ်းလုပ်ငန်းများ အဓိကလုပ်ကိုင်နေသော ချွန်းချောင်းနမ်းဒိုပြည်နယ်၊ဂျွန်းလာဘု့ဂ်ဒိုပြည်နယ်များတွင် ရေလုပ်သားအနေဖြင့် လုပ်ကိုင်လိုသူများ အနေဖြင့် လာရောက်လျှောက်ထားနိုင်နေပြီ ဖြစ်ပါသည်။
ကမ်းနီး ငါးဖမ်းစက်လှေများတွင် လုပ်ကိုင်ရမည်ဖြစ်ပြီး စက်လှေ အရွယ်အစားများမှာ တန် ၂၀ မှ တန် ၆၀ အတွင်းရှိပြီး လုပ်သား ၆ယောက်မှ ၁၀ယောက်အတွင်း တင်ဆောင်နိုင်သော ကမ်းရိုးတန်း အတွင်း ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်နေသော စက်လှေများ ဖြစ်ပါသည်။
ရေလုပ်ငန်းအတွက် တောင်ကိုရီးယားအစိုးရမှ သက်မှတ်ပေးထားသော ဗီဇာအမျိုးအစားမှာ E-10 ဗီဇာဖြစ်ပြီး ကမ်းရိုးတန်းအတွင်း ငါဖမ်းနိုင်သော လုပ်သားများအတွက် ချထားပေးသော ဗီဇာမှာ E_10-2 ဖြစ်ပါသည်။
လျှောက်ထားလိုသူများ အနေဖြင့် လိုအပ်ချက်များမှာ
- အသက် ၃၅ မှ ၅၀ အတွင်းရှိရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ရမည်
- ရေလုပ်ငန်းနှင့် ပတ်သက်သော အတွေ့အကြုံ ရှိထားရမည်
- ကိုရီးယားနိုင်ငံရှိ လုပ်ငန်းခွင်အတွင်း ပြောဆိုဆက်သွယ်နိုင်ရန် ကိုရီး
ယားဘာသာစကား အခြေခံရှိရမည်(ရေလုပ်ငန်းနှင့် သက်ဆိုင်သော
အသုံးအနှုန်းများ ထပ်မံ ကျက်မှတ်ရပါမည်။)
- ပင်လယ်ပြင်တွင် လုပ်ကိုင်ရမည်ဖြစ်ပါသဖြင့် လှိုင်းဒဏ်၊လေဒဏ် ခံနိုင်
ရပါမည်
အခြေခံလစာ(လက်ရှိ ၀မ်ပေါက်စျေး ၃.၃ကျပ်)
- တစ်နာရီ ၁၂,၀၀၀ ၀မ်(၄၀၀၀၀ကျပ်)
တစ်နေ့လျှင် အလုပ်ချိန် ၈နာရီ ရှိမည်ဖြစ်ပြီး ဒီရေအတက်အကျပေါ် မူတည်ပြီး အချိန်ပိုများလည်း ရှိနိုင်ပါသည်။
- တစ်လ ၀မ် ၂,၄၉၆,၀၀၀သိန်း (၈၂သိန်းကျော်)
အလုပ်သမားများအတွက် သတ်မှတ်အလုပ်ချိန်မှာ ၂၀၈နာရီ ဖြစ်ပါသည်။
- အချိန်ပိုအတွက် တစ်နာရီလစာ ကို (၁.၅ ဆ)ဖြင့် မြှောက်ပြီး တွက်ပေးပါသည်။
စက်လှေပိုင်ရှင်ဘက်မှ
- နေစရာအတွက် အဆောင်စီစဥ်ပေးပါမည်။
- တစ်နေ့လျှင် ၃နပ် စားစရာ စီစဥ်ပေးပါမည်။
အသေးစိတ် သိရှိလိုပါက
လိပ်စာ - တောင်ဥက္ကလာပ မြို့နယ်၊မြင်သာ မှတ်တိုင်အနီး၊ Hope Korean Language Center တွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။
ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလိုသူများအတွက်
ဖုန်းနံပါတ် - 09-257697401 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။