YAR KHIN SHIN Private School

YAR KHIN SHIN Private School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YAR KHIN SHIN Private School, Private School, No. 1 , Ananda Pagoda Street , Shwe Kainayee , Housing , Thingakyun Township, Yangon.

Photos from YAR KHIN SHIN Private School's post 03/07/2024

ယာခင်းရှင် နှင့် ယာခင်းရှင်သာ

ကိုယ်ပိုင်အထက်တန်းကျောင်း

2023 - 2024 ပညာသင်နှစ်အတွက်

သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမကြီးထဲမှာ

ကျင်းပပြုလုပ်ခဲ့တဲ့ပွဲမှာ

အဖွဲ့လိုက်ဖျော်ဖြေခဲ့ကြတဲ့ ချစ်စရာ

ကျောင်းသူလေးများရဲ့

ဖျော်ဖြေတင်ဆက်မှုလေးပါရှင့် 🌹🎉🌷🩷

ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်း
=============================

အမှတ်(၂၅)၊ အာနန္ဒာဘုရားလမ်းထောင့်၊

ရွှေကိန္နရီ အိမ်ရာ၊ ဘဝမြင့်မှတ်တိုင်၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

☎️ 09443231147 / 09764941558


Photos from YAR KHIN SHIN Private School's post 12/06/2024

ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့

2024 ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ

အောင်မြင်သူများစာရင်းပါရှင် 🥇🎉🏅🎊🏆

အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ကျောင်းသူ

မောင်/မယ် တွေကိုလဲ

ယာခင်းရှင်ဥက္ကဌ ဆရာကြီး ဦးဉာဏ်ဝင်းနှင့်

ဆရာ၊ဆရာမတွေက

အထူးဂုဏ်ယူလျက်ရှိပါတယ် 😍🎓🩷🎉

ကျောင်းသား မောင်/မယ်တွေ

အောင်မြင်သောဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏

ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်း
=============================

အမှတ်(၂၅)၊ အာနန္ဒာဘုရားလမ်းထောင့်၊

ရွှေကိန္နရီ အိမ်ရာ၊ ဘဝမြင့်မှတ်တိုင်၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

☎️ 09443231147 / 09764941558


03/06/2024

ဒီနေ့ဟာ တစ်နိုင်ငံလုံးကကျောင်းတွေစဖွင့်တဲ့

ပထမဆုံးရက်လေးပါ ၊

ဘုရားရှိခိုးသံ၊ နိုင်ငံတော်သီချင်းသံနှင့်

စာသင်သံလေးတွေဟာ

ကျောင်းဝန်းတစ်ခုလုံးပြည့်လျှံလို့နေပါပြီ။

နယ်လ်ဆင်မင်ဒယ်လား ပြောခဲ့တဲ့

စကားလေးတစ်ခုရှိပါတယ်၊ အဲ့တာကတော့

" Education is the most powerful weapon

which you can use to change the world ."

အရမ်းတန်ဖိုးရှိတဲ့စကားလေးပါ ။

ကမ္ဘာကြီးကို ပြောင်းလဲနိုင်ဖို့

ပညာရေးဟာ စွမ်းအင်အပြည့်ဝဆုံးလက်နက်တစ်ခုပါ ၊

နိုင်ငံအဆင့်ကနေ ကမ္ဘာအဆင့်ကိုတက်လှမ်းဖို့

ပညာရေးလိုအပ်ပါတယ် ၊ ဒီအတွက်ကြောင့်

ကျွန်မတို့ ယာခင်းရှင်ကျောင်းကြီးရဲ့

ရည်မှန်းချက်က ပညာတက်လူရည်ချွန်တွေ

နှစ်စဉ်၊နှစ်တိုင်း မွေးထုတ်ပေးနိုင်ဖို့

အမြဲကြိုးစားသင်ယူပြသပေးနေတယ်ဆိုတာ

ထပ်လောင်းပြောကြားပါရစေရှင်။

အားလုံးပဲ ထူးချွန်ထက်မြက်သော

ကျောင်းသား၊ ကျောင်းသူများဖြစ်ကြပါစေရှင် 🙏🙏🙏

ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်း
=============================

အမှတ်(၂၅)၊ အာနန္ဒာဘုရားလမ်းထောင့်၊

ရွှေကိန္နရီ အိမ်ရာ၊ ဘဝမြင့်မှတ်တိုင်၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

☎️ 09443231147 / 09764941558


15/05/2024

" အနာဂတ်ရဲ့ ပညာခင်း "

ယာခင်းရှင် နဲ့ ယာခင်းရှင်သာ

ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့

Theme Song လေးပါ ၊

2023-2024 ပညာရေးစုံညီပွဲတော်ကြီးရဲ့

ပုံရိပ် ဗွီဒီယိုမှတ်တမ်းလေးတွေနဲ့

သီချင်းလေးကို ပုံဖော်ထားခြင်းဖြစ်ပါတယ်။

သီချင်းလေးရဲ့ စာသားထဲမှာပါတဲ့အတိုင်း

ရှင်သန်၊ နိုးကြား၊ ကြိုးစား၊ ထက်မြက် စတဲ့

ဆောင်ပုဒ်လေးအတိုင်း

ယာခင်းရှင်နဲ့ယာခင်းရှင်သာ မှာတက်ရောက်နေတဲ့

ကျောင်းသား၊ ကျောင်းသူတွေကို

တက်သည်ထက် တက်

တော်သည်ထက် တော်

ထူးချွန်သည်ထက် ပိုထူးချွန်လာအောင်

သင်ကြားပေးနေတဲ့ ကျောင်းတော်ကြီးပါရှင် 🙏🙏🙏

ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်း
=============================

အမှတ်(၂၅)၊ အာနန္ဒာဘုရားလမ်းထောင့်၊

ရွှေကိန္နရီ အိမ်ရာ၊ ဘဝမြင့်မှတ်တိုင်၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

☎️ 09443231147 / 09764941558


02/05/2024

" ပညာ" ဟူသည်

ပဋိပက္ခ၊ ပြဿနာ၊ အခက်အခဲစသော

လောကအမှောင်ထုတွင်း ကျော်လွှားဖြတ်သန်းနိုင်ဖို့ရာ

လမ်းပြသည့် ကြယ်တာရာတစ်ပွင့်ဟု

အဓိပ္ပာယ်ဖွင့်ဆိုပါသည်။

ကျွန်မတို့ ကျောင်းသား၊ ကျောင်းသူတွေကို

စာသင်ကြားတဲ့အခါမှာလည်း

အတွေ့အကြုံရင့်ကျက်သည့် ဆရာတွေက

မိမိဘဝတစ်လျှောက် ဖြတ်သန်းလာတဲ့

သင်ကြားရေးအတွေ့အကြုံနဲ့အတူ

ဆင်ခြင်တုံတရားကအစ

စဉ်းစားတွေးခေါ်တတ်အောင်

သင်ကြားပေးလျက်ရှိပါတယ်။

Teaching Method တွေကအစ

နှစ်စဉ် Up to date ဖြစ်အောင်

သင်ကြားပို့ချလျက်ရှိပါတယ်ရှင် ။

ယခု 2024-2025 ပညာသင်နှစ်မှာ

မိမိတို့သားသမီးအတွက် ပညာရေး

စိတ်အေးချင်တယ်ဆိုရင်

ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ

အချိန်မီလာရောက်အပ်နှံဖို့

အကြံပြုတိုက်တွန်းပါရစေရှင် 🩷🩷🩷

အားလုံးပဲ ရေလိုအေးလို့

ပန်းလိုမွေးကြပါစေ 🙏🙏🙏

ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်း
=============================

အမှတ်(၂၅)၊ အာနန္ဒာဘုရားလမ်းထောင့်၊

ရွှေကိန္နရီ အိမ်ရာ၊ ဘဝမြင့်မှတ်တိုင်၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

☎️ 09443231147 / 09764941558


18/04/2024

Graduation is not the end ;
It’s the beginning.
~Senator Orrin Hatch

မိမိရဲ့သားသမီး အနာဂတ်ပညာရေးကို

စိတ်ချချင်တယ်ဆိုလျှင် ကျွန်မတို့ ယာခင်းရှင်

ကိုယ်ပိုင်အထက်တန်းကျောင်းမှာ

အပ်နှံဖို့ အကြံပြုတိုက်တွန်းပါရစေရှင်

ပညာရေးနယ်ပယ်အသီးသီးမှာ

အတွေ့အကြုံရင့်ကျက်သော

ဆရာ၊ ဆရာမများကိုယ်တိုင်

ကြီးကြပ်သင်ကြားပေးသည့်

ကျောင်းတော်ကြီးဖြစ်လို့

သားသမီးတွေရဲ့ ပညာရေးကို

ယုံကြည်စိတ်ချလို့ ရပါသည်ရှင်

သင့်တင့်မျှတသော ဈေးနှုန်းအပြင်

မိမိရင်မှဖြစ်သော သားသမီးများကဲ့သို့

ကြည်ရှု့ စောင့်ရှောက်ပေးသည့်

ကျောင်းတော်ကြီးတစ်ခုပါ။

ကျောင်းအပ် လက်ခံနေပြီဖြစ်တဲ့အတွက်

အမြန်ဆုံးလာရောက်အပ်နှံဖို့ တိုက်တွန်းပါရစေရှင် 🙏

ADMISSION OPEN FOR 2024-2025
===========================

ELEMENTARY LEVEL - KG TO GRADE 5

MIDDLE LEVEL - GRADE 6 TO GRADE 9

HIGH LEVEL - GRADE 10 TO GRADE 12

အခြေခံကနေ အလယ်တန်း ၊ အထက်တန်းအထိ

သင်ကြားပေးတာမို့လို့ မိမိတို့သားသမီး

ရောက်ရှိနေသည့် Level ကနေ

စတင်အပ်နှံလို့ ရပါသည်ရှင် 🙏🙏🙏

ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်း
=============================

အမှတ်(၂၅)၊ အာနန္ဒာဘုရားလမ်းထောင့်၊

ရွှေကိန္နရီ အိမ်ရာ၊ ဘဝမြင့်မှတ်တိုင်၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

☎️ 09443231147 / 09764941558


15/04/2024

မြန်မာ့နှစ်သစ်ကူး အခါသမယမှာ

မြန်မာပြည်သူပြည်သားအပေါင်း

စိတ်၏ချမ်းသာခြင်း

ကိုယ်၏ကျန်းမာခြင်းနှင့်

ပြည့်စုံကြပါစေလို့

ကျွန်မတို့ ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏🙏🙏

အားလုံးပဲ

သာယာပျော်ရွှင်သော

နေ့လေးဖြစ်ပါစေ 💙💙💙

ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်း
=============================

အမှတ်(၂၅)၊ အာနန္ဒာဘုရားလမ်းထောင့်၊

ရွှေကိန္နရီ ဘဝမြင့်မှတ်တိုင်၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

☎️ 09443231147 / 09764941558


10/04/2024

ယာခင်းရှင် နဲ့ ယာခင်းရှင်သာ
ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့
ကျောင်းသားစုံညီပွဲတော်လေးပါ

သုဝဏ္ဏ မိုးလုံလေလုံခန်းမထဲမှာ
ကျင်းပပြုလုပ်ခဲ့တဲ့ ယခုပွဲလေးဟာ
ကျောင်းသူ၊ ကျောင်းသားများရဲ့
အဖွဲ့လိုက် ဖျော်ဖြေတင်ဆက်မှုများအပြင်
ယာခင်းရှင်မှာ တက်ရောက်ပညာသင်ကြားခဲ့တဲ့
ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို
ထပ်မံဂုဏ်ပြုဆု ချီးမြှင့်တဲ့ပွဲလေးလဲ ဖြစ်ပါတယ် ။

ပညာ သမာ၊ အာဘာ နတ္ထိ ဆိုတဲ့စကားအတိုင်း

" ပညာနှင့်တူသော အလင်းရောင်သည် မရှိ "
ဟူသောစကားလေးအတိုင်း
နှစ်စဉ် နှစ်တိုင်း လူတော် လူကောင်းများကို
မွေးထုတ်ပေးလျက်ရှိတဲ့
ကျွန်မတို့ရဲ့ ကျောင်းတော်ကြီးပါ ။

ဆရာကြီး ဦးဉာဏ်ဝင်းရဲ့
စေတနာ၊ မေတ္တာ၊ ဂရုဏာဆိုတဲ့
နာသုံးနာ ကိုအရင်းခံပြီး တည်ထောင်ခဲ့တဲ့
ယာခင်းရှင် ကျောင်းတော်ကြီးဟာ
2011-2012 ကနေ 2023-2024 ထိဆိုလျှင်
နှစ်ပေါင်း ၁၃ နှစ်တိုင်ခဲ့ပါပြီရှင် ။

နှစ်စဉ်နှစ်တိုင်းလဲ အောင်ချက် ၈၀ % ကျော်တဲ့
အောင်မြင်မှုမျိုးကို ထိန်းသိမ်းထားနိုင်တဲ့
ကျောင်းတော်ကြီးတစ်ခုပါ

ယခု 2023-2024 ပညာသင်နှစ်မှာလဲ
ယာခင်းရှင်သာ ကိုယ်ပိုင်အထက်တန်း
ကျောင်းခွဲတစ်ခုကို 2023 ခုနှစ်မှာ
စတင်ဖွင့်လှစ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

" ရှင်သန်၊ နိုးကြား၊ ကြိုးစား၊ ထက်မြက် ရှေ့သို့ဆက် "
ဆိုတဲ့ ကျောင်းတော်ကြီးရဲ့ဆောင်ပုဒ်လေးအတိုင်း
မိမိတို့ရဲ့ ရင်သွေးလေးတွေရဲ့အနာဂတ်
စိတ်အေးဖို့ဆိုလျှင် လာရောက် အပ်နှံကြဖို့
အကြံပြုတိုက်တွန်းပါရစေရှင် 🙏🙏🙏

အားလုံးပဲ သာယာပျော်ရွှင်သော
နေ့လေးဖြစ်ပါစေ 💙💙💙

ယာခင်းရှင် ကိုယ်ပိုင်အထက်တန်းကျောင်း
=============================

အမှတ်(၂၅)၊ အာနန္ဒာဘုရားလမ်းထောင့်၊

ရွှေကိန္နရီ ဘဝမြင့်မှတ်တိုင်၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

☎️ 09443231147 / 09764941558


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 1 , Ananda Pagoda Street , Shwe Kainayee , Housing , Thingakyun Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00