18/05/2026
ESports ဆိုတာ ကစားရုံတင်မကဘဲ စည်းစနစ်နဲ့ ဗျူဟာတွေ ပေါင်းစပ်ထားတဲ့ အနုပညာတစ်ခုပါ! 🎮✨
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ eSports ဟာ လူငယ်တွေကြားမှာ အင်မတန် ရေပန်းစားလာပါတယ်။
ဒါကြောင့် YOUTH International College (YIC) မှာ UK Degree Level ကျောင်းသား Gamer လေးတွေအတွက် စည်းစနစ်ကျနလှတဲ့ eSports ပတ်ဝန်းကျင်မှာ _
ဘာတွေ ထူးခြားသလဲဆိုတော့ ...
🚀 High-end Hardware: Full Digital Spectrum Innovation Lab ထဲမှာ အကောင်းဆုံး Performance ကို ရရှိစေဖို့ High-end Dell Workstations ကြီးတွေကို အထူးတပ်ဆင်ပေးထားပါတယ်။
⏱️ Balanced Screen Time: ဘယ်အရာမဆို အလွန်အကျွံဖြစ်ရင် မကောင်းတဲ့အတွက် ကျောင်းသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို မထိခိုက်စေဖို့ Screen time တွေကို စနစ်တကျ ကန့်သတ်သတ်မှတ်ထားပါတယ်။
🤝 Teamwork & Strategy: စာသင်ချိန်ပြင်ပမှာ အသင်းလိုက် စနစ်တကျ ကစားရင်း အပန်းဖြေနိုင်သလို၊ ဆရာ/ဆရာမတွေရဲ့ ကြီးကြပ်မှုအောက်မှာ အသင်းတွေခွဲပြီး အကြိတ်အနယ် ယှဉ်ပြိုင်ရင်း Teamwork စွမ်းရည်တွေကို မြှင့်တင်နိုင်မှာပါ။
နည်းပညာတွေနဲ့အတူ မိမိရဲ့ အနာဂတ်ကို အားတက်သရော ထုဆစ်ပုံဖော်ဖို့ YIC ရဲ့ Innovation Lab မှာ ဆုံကြမယ်လေ။ 👋
12/05/2026
မိမိရဲ့ အနာဂတ်အတွက် UK Degree Pathway အစီအစဉ်တွေကို တက်ရောက်ဖို့ ပြင်ဆင်နေသူတွေအတွက် YOUTH International College (YIC) က အထူးသတင်းကောင်း ပါးချင်ပါတယ်။
အခုဆိုရင် May Intake အတွက် သင်တန်းကြေး (Programme Fee) အပေါ် 10% OFF အထိ အထူးသက်သာခွင့် ပေးအပ်နေပါပြီ။ 🤩
ဒီ Promotion အစီအစဉ်အရ 💻 UK Degree in Computing / IT တက်ရောက်ဖို့ အထူးသက်သာခွင့်ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့်မီပညာရေးကို တက်ရောက်နိုင်မယ့်အပြင်လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်စေမယ့်ဘာသာရပ်တွေကိုပါ လေ့လာခွင့်ရမှာပါ။ အခွင့်အရေးဆိုတာ အမြဲတမ်းရှိနေတာမဟုတ်လို့ အခုပဲ ကျောင်းအပ်လိုက်တော့နော်! 🏃♂💨
📩 အသေးစိတ်ကို Chat Box မှာ မေးမြန်းနိုင်သလို ဖုန်းဖြင့်လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
=======================================
ဘာကြောင့် 𝐘𝐈𝐂 မှာ တက်ရောက်သင့်သလဲ?
𝐘𝐈𝐂 ဟာ အခုဆိုရင် 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှ အစပြုပြီး 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 ပညာရေးကို ဆက်သွားချင်တဲ့ လူငယ်များအတွက် ဖြစ်စေ၊ 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 ကို ဆက်သွားချင်တဲ့သူဖြစ်စေ နှစ်မျိုးစလုံးကို ပံ့ပိုးပေးနိုင်ပြီး 𝐘𝐈𝐂 မှာပဲ 𝐔𝐊 𝐃𝐞𝐠𝐫𝐞𝐞 ကို ရယူနိုင်တဲ့အထိ တစ်နေရာတည်းမှာ သင်ယူနိုင်တဲ့ 𝐂𝐨𝐥𝐥𝐞𝐠𝐞 ဖြစ်ပါတယ်။
အစဉ်အလာရှိပြီး ပညာရေးလမ်းကြောင်းပေါ် 𝟏𝟗𝟗𝟕 ကတည်းက
မမှိတ်မသုန် 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့ လျှောက်လှမ်းလာခဲ့တဲ့ 𝐘𝐈𝐂 ဟာ
အခုဆိုရင် (𝟐𝟖) နှစ်ရှိခဲ့ပြီး 𝐈𝐓 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 များနဲ့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ကဲ့သို့ နယ်ပယ်အသီးသီးက ပညာရှင်များစွာကို မွေးထုတ်ခဲ့ပြီး ဖြစ်ပါတယ်။
𝐘𝐈𝐂 မှာ လက်ရှိ ဖွင့်လှစ်ထားတဲ့ အတန်းတွေကတော့_
𝟏. 𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 & 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀 (𝗨𝗞)
𝟐. 𝗕.𝗦𝗰 (𝐇𝐨𝐧𝐬) 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 (𝐔𝐊)
𝟑. 𝐇𝐍𝐃 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠
𝟒. 𝐇𝐍𝐃 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬
𝟓. 𝐁𝐓𝐄𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐯𝐞𝐥 𝟑 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐈𝐓
𝟔. 𝐁𝐓𝐄𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐯𝐞𝐥 𝟑 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬
𝟕. 𝐈𝐆𝐂𝐒𝐄 𝐒𝐭𝐚𝐫𝐭𝐞𝐫
𝟖. 𝐏𝐫𝐞 𝐈𝐆𝐂𝐒𝐄
𝟗. 𝐈𝐆𝐂𝐒𝐄 𝐎’ 𝐋𝐞𝐯𝐞𝐥
𝟏𝟎. 𝐏𝐫𝐞 𝐆𝐄𝐃
𝟏𝟏. 𝐆𝐄𝐃
အသေးစိတ်သိလိုတာရှိရင် 𝐘𝐈𝐂-𝐘𝐨𝐮𝐭𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ကို
တစ်ခေါက်တစ်ခါ … အရောက်လာပြီး စုံစမ်းမေးမြန်းဖို့ နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါရစေ။
လိပ်စာ- အမှတ် ၄၇𝐀, ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်တံတားဘေး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - 09 78500 3596, 09 95300 3596
𝐄𝐦𝐚𝐢𝐥: [email protected]
12/05/2026
စီးပွားရေးလောကထဲ ဝင်ရောက်ဖို့ ရည်မှန်းထားသူများအတွက်
Global Business နယ်ပယ်မှာ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ အဆင်သင့်ပဲလား? 💼🌟
စီးပွားရေးလောကရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့နဲ့ နိုင်ငံတကာအဆင့်မီ စီမံခန့်ခွဲမှုပညာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုရင် UK Degree (Business) က အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။
အခုဆိုရင် YOUTH International College ရဲ့ May Intake မှာ တက်ရောက်မယ့် ကျောင်းသား/သူတွေအတွက် သင်တန်းကြေး (Programme Fee) အပေါ် 10% OFF အထိ အထူးသက်သာခွင့် ပေးအပ်နေပါပြီ။
ဒီအစီအစဉ်ဟာ မိမိတို့ရဲ့ Business Career ကို အရှိန်အဟုန်နဲ့ မြှင့်တင်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။
✅ ဘာကြောင့် ဒီ Program ကို ရွေးချယ်သင့်တာလဲ?
UK ပညာရေးစနစ်အတိုင်း စနစ်တကျ သင်ကြားပေးခြင်း။
ခေတ်သစ်စီးပွားရေးလုပ်ငန်းခွင်တွေမှာ တကယ်အသုံးဝင်မယ့် Leadership & Management Skills တွေကို ရရှိမှာဖြစ်ခြင်း။
နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီတစ်ခုကို ပိုင်ဆိုင်နိုင်ခြင်း။
Promotion ကာလက အကန့်အသတ်ရှိလို့ အခုပဲ စုံစမ်းစာရင်းပေးသွင်းပြီး သင့်ရဲ့ စီးပွားရေးပညာရှင် အိပ်မက်ကို အကောင်အထည်ဖော်လိုက်ပါ။ 🚀
======================================
ဘာကြောင့် 𝐘𝐈𝐂 မှာ တက်ရောက်သင့်သလဲ?
𝐘𝐈𝐂 ဟာ အခုဆိုရင် 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှ အစပြုပြီး 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 ပညာရေးကို ဆက်သွားချင်တဲ့ လူငယ်များအတွက် ဖြစ်စေ၊ 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 ကို ဆက်သွားချင်တဲ့သူဖြစ်စေ နှစ်မျိုးစလုံးကို ပံ့ပိုးပေးနိုင်ပြီး 𝐘𝐈𝐂 မှာပဲ 𝐔𝐊 𝐃𝐞𝐠𝐫𝐞𝐞 ကို ရယူနိုင်တဲ့အထိ တစ်နေရာတည်းမှာ သင်ယူနိုင်တဲ့ 𝐂𝐨𝐥𝐥𝐞𝐠𝐞 ဖြစ်ပါတယ်။
အစဉ်အလာရှိပြီး ပညာရေးလမ်းကြောင်းပေါ် 𝟏𝟗𝟗𝟕 ကတည်းက
မမှိတ်မသုန် 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့ လျှောက်လှမ်းလာခဲ့တဲ့ 𝐘𝐈𝐂 ဟာ
အခုဆိုရင် (𝟐𝟖) နှစ်ရှိခဲ့ပြီး 𝐈𝐓 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 များနဲ့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ကဲ့သို့ နယ်ပယ်အသီးသီးက ပညာရှင်များစွာကို မွေးထုတ်ခဲ့ပြီး ဖြစ်ပါတယ်။
𝐘𝐈𝐂 မှာ လက်ရှိ ဖွင့်လှစ်ထားတဲ့ အတန်းတွေကတော့_
𝟏. 𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 & 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀 (𝗨𝗞)
𝟐. 𝗕.𝗦𝗰 (𝐇𝐨𝐧𝐬) 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 (𝐔𝐊)
𝟑. 𝐇𝐍𝐃 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠
𝟒. 𝐇𝐍𝐃 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬
𝟓. 𝐁𝐓𝐄𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐯𝐞𝐥 𝟑 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐈𝐓
𝟔. 𝐁𝐓𝐄𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐯𝐞𝐥 𝟑 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬
𝟕. 𝐈𝐆𝐂𝐒𝐄 𝐒𝐭𝐚𝐫𝐭𝐞𝐫
𝟖. 𝐏𝐫𝐞 𝐈𝐆𝐂𝐒𝐄
𝟗. 𝐈𝐆𝐂𝐒𝐄 𝐎’ 𝐋𝐞𝐯𝐞𝐥
𝟏𝟎. 𝐏𝐫𝐞 𝐆𝐄𝐃
𝟏𝟏. 𝐆𝐄𝐃
အသေးစိတ်သိလိုတာရှိရင် 𝐘𝐈𝐂-𝐘𝐨𝐮𝐭𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ကို
တစ်ခေါက်တစ်ခါ … အရောက်လာပြီး စုံစမ်းမေးမြန်းဖို့ နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါရစေ။
လိပ်စာ- အမှတ် ၄၇𝐀, ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်တံတားဘေး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - 09 78500 3596, 09 95300 3596
𝐄𝐦𝐚𝐢𝐥: [email protected]
10/05/2026
🌹 နွေးထွေးမှုအဖုံဖုံ ... အမေ့ရဲ့လက်တစ်စုံ 🌹
လူ့လောကထဲကို ခြေမချခင် သန္ဓေသားဘဝကတည်းက ကျေနာ်တို့ကို အနွေးထွေးဆုံး ကာကွယ်ပေးခဲ့တာ "အမေ့ရဲ့ လက်တစ်စုံ" ပါပဲ။ ✨
⏳ ကလေးဘဝမှာ...
"ကျွေးမွေးသုတ်သင်၊ သက်ဆုံးပင်၊ ချစ်ခင်ရှာပေ တို့မေမေ" ဆိုတဲ့အတိုင်း... မိသားစုအတွက်၊ ရင်သွေးငယ်တွေအတွက် မငြိုမငြင်ဘဲ ဝေယျာဝစ္စတွေ၊ အလုပ်အကိုင်တွေနဲ့ အမြဲအလုပ်ရှုပ်နေခဲ့တဲ့ အမေ့လက်တွေ။ အချိန်တွေကြာလို့ လောကဓံကြောင့် အမေ့လက်ကလေးတွေ နူးညံ့ရာကနေ ကြမ်းတမ်းသွားခဲ့ရင်တောင်... အဲဒီကြမ်းတမ်းမှုတွေထဲမှာ သားသမီးအပေါ်ထားတဲ့ တုနှိုင်းမရတဲ့ "မေတ္တာ" တွေ ကိန်းအောင်းနေမြဲပါ။
🎓 ဘဝလမ်းခရီးမှာ...
"လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယာ မိနှင့်ဖ" ဆိုသလို ကျေနာ်တို့ ဘဝရဲ့ ပထမဆုံး ဆရာတစ်ဆူဟာလည်း အမေပါပဲ။ ဘဝလမ်းကြောင်းမှန်ပေါ်ရောက်အောင် တွန်းတင်ပေးခဲ့တာ၊ အောင်မြင်မှုတွေရတဲ့အခါ ဂုဏ်ယူဝင့်ကြွားစွာနဲ့ လက်ခုပ်တီးပေးခဲ့တာလည်း အမေ့ရဲ့လက်တွေပါပဲ။
ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာအမေများနေ့ (International Mother's Day) မှာ...
ကျေနာ်တို့ကို ဘဝရဲ့အမြင့်ဆုံးအထိ ရောက်အောင် ပံ့ပိုးပေးခဲ့တဲ့ အမေ့ရဲ့ကျေးဇူးတရားကို ဦးညွှတ်ဂါရဝပြုပါတယ်။
❤️ "အမေ... ကျန်းမာပါစေ၊ သက်ရှည်ပါစေ။" ❤️
ကမ္ဘာပေါ်ရှိ မိခင်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း YOUTH International College မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
#အမေများနေ့
04/05/2026
သားသမီးအနာဂတ်အတွက် မိုင်ကုန်မရုန်းခင် ... ခေါင်းအေးအေးနဲ့ စဉ်းစားရအောင် 💡
🗣️ အခုတလော မိဘအချင်းချင်းဆုံမိရင် အပြောများဆုံးကတော့ “ကလေးတွေရဲ့ ပညာရေး”ပါပဲ။ 🗣️ ခေတ်ကာလအခြေအနေအရရော၊ ပညာရေးစနစ်တွေ ပြောင်းလဲလာတာကြောင့်ရော မိဘတိုင်း စိုးရိမ်စိတ်ကြီးနေကြတာဟာ တကယ်တော့ မဆန်းပါဘူး။ မိဘဆိုတာ ကိုယ့်ထက်သာစေချင်တာ သဘာဝပဲလေ။ ❤️
ဒါပေမဲ့ ဒီနေရာမှာ အရေးကြီးတဲ့အချက်လေးတစ်ခုကို သတိထားမိပါတယ်။ အဲဒါကတော့ “ကိုယ်က အရမ်းကာရော မနိုင်ဝန်ကို ထမ်းပြီး ကလေးကို နိုင်ငံခြားပို့ဖို့ ကြိုးစားနေကြတဲ့ကိစ္စပါ။ ✈️📉
၁။ နိုင်ငံခြားသွားမှ အောင်မြင်မှာလား? 🤔
နိုင်ငံခြားမှာ ကျောင်းတက်ရတာဟာ အတွေ့အကြုံသစ်တွေ ရနိုင်တာမှန်ပေမဲ့ ဒါဟာ တစ်ခုတည်းသော လမ်းကြောင်းတော့မဟုတ်ပါဘူး။ ❌ ကိုယ့်ရဲ့ ဘဏ္ဍာရေးအခြေအနေ (Financial) မလုံလောက်ဘဲ အတင်းတွန်းပို့လိုက်တဲ့အခါ ဝင်ငွေအသင့်အတင့်ပဲရှိတဲ့ မိဘတွေခမျာ ကြွေးမြီသံသရာတွေနဲ့ ကျန်ခဲ့သလို ဟိုသွားရောက်တဲ့ ကလေးမှာလည်း “ငါ့ကြောင့် မိဘတွေ ဒုက္ခရောက်နေပြီ”ဆိုတဲ့ စိတ်ဖိစီးမှု (Pressure) ကြောင့် သူ့ပညာရေးမှာ နောက်ကြောင်းမအေး ဖြစ်ရပြန်ပါတယ်။ 😰
၂။ ကလေးအတွက် “တကယ့်လိုအပ်ချက်” က ဘာလဲ? ❓
တစ်ခါတလေကျတော့ မိဘတွေက ပတ်ဝန်းကျင်ကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်ကြတယ်။ “ဘယ်သူ့သားသမီးကတော့ ဘယ်နိုင်ငံသွားပြီ၊ ငါ့ကလေးကျန်ခဲ့ပြီလား” ဆိုတဲ့ စိုးရိမ်စိတ်က မနိုင်ဝန်ကို ထမ်းမိစေတာပါ။ 😟
တကယ်တော့ ကလေးတစ်ယောက်အတွက် အရေးကြီးဆုံးက “ခိုင်မာတဲ့အခြေခံ (Foundation)” ရှိဖို့ပါ။ 🏗️ ပြည်တွင်းမှာပဲနေနေ … နိုင်ငံတကာအဆင့်မီသင်ရိုးတွေနဲ့ စနစ်တကျလမ်းခင်းပေးရင် နောက်ပိုင်း အခွင့်အရေးရလာတဲ့အခါ လျှောက်လှမ်းဖို့ လွယ်ကူသွားပြီပေါ့။ 🌟
၃။ မိဘရော ကလေးပါ ဖိစီးမှုကိုယ်စီနဲ့ ယောင်ချာချာ မဖြစ်ရလေအောင် 🤝
အခုအချိန်မှာ အကောင်းဆုံးကတော့ မိဘနဲ့သားသမီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖို့ပါ။ ✨
• မိဘကလည်း ကိုယ်တတ်နိုင်တဲ့အတိုင်းအတာကို ချပြပါ။ 🤲
• ကလေးကလည်း သူ တကယ်ဝါသနာပါတာ ဘာလဲ၊ ဘာကို ဆည်းပူးလေ့လာချင်တာလဲဆိုတာကို ရှာဖွေခိုင်းပါ။ 🔍
အဝေးကြီးကို လှမ်းကြည့်ပြီး ရင်မောနေမဲ့အစား လက်ရှိကာလမှာ ကလေးအတွက် အသင့်တော်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်မယ့် Bridging Programs တွေ၊ ဒါမှမဟုတ် Professional Skills တွေကို ပြည်တွင်းမှာပဲ အရင်လေ့လာခိုင်းထားတာက ယုံကြည်စိတ်ချရတဲ့ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါလိမ့်မယ်။ 💎
ပြောရမယ်ဆိုရင် ကလေးအနာဂတ်ဆိုတာ အပြေးပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။
🏁 အဓိကက လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ဖို့။
🛤️ မနိုင်ဝန်ကို ထမ်းပြီး ပူပန်ကြောင့်ကြနေမဲ့အစား၊ လက်ရှိအခြေအနေမှာ အထိရောက်ဆုံးလမ်းစကို ခေါင်းအေးအေးနဲ့ ရှာဖွေကြည့်ကြပါလို့ ဒီနေရာကနေ တိုက်တွန်းလိုက်ပါရစေ။ 🙏💡
-----------------------------------
𝐘𝐈𝐂 မှာ ဘာကြောင့် တက်ရောက်သင့်သလဲ
အစဉ်အလာရှိပြီး ပညာရေးလမ်းကြောင်းပေါ်မှာ ၁၉၉၇ ခုနှစ်ကတည်းက 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨n နဲ့ မမှိတ်မသုန် လျှောက်လှမ်းလာခဲ့တာ အခုဆိုရင် ၂၉ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။
𝐈𝐓 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 တွေနဲ့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ကဲ့သို့ နယ်ပယ်အသီးသီးက ထူးချွန်တဲ့ပညာရှင်ပေါင်းများစွာကိုလည်း အောင်မြင်စွာ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
𝐘𝐈𝐂 မှာ လက်ရှိ ဖွင့်လှစ်ထားတဲ့ အတန်းတွေကတော့_
၁. 𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 & 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀 (𝗨𝗞)
၂. 𝗕.𝗦𝗰 (𝐇𝐨𝐧𝐬) 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 (𝐔𝐊)
၃. 𝐇𝐍𝐃 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠
၄. 𝐇𝐍𝐃 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬
၅. 𝐁𝐓𝐄𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐯𝐞𝐥 𝟑 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐈𝐓
၆. 𝐁𝐓𝐄𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨ᱱ𝐚𝐥 𝐋𝐞𝐯𝐞𝐥 𝟑 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬
၇. 𝐈𝐆𝐂𝐒𝐄 𝐒𝐭𝐚𝐫𝐭𝐞𝐫
၈. 𝐏𝐫𝐞 𝐈𝐆𝐂𝐒𝐄
၉. 𝐈𝐆𝐂𝐒𝐄 𝐎’ 𝐋𝐞𝐯𝐞𝐥
၁၀. 𝐏𝐫𝐞 𝐆𝐄𝐃
၁၁. 𝐆𝐄𝐃
အသေးစိတ်သိလိုတာရှိရင် 𝐘𝐈𝐂-𝐘𝐨𝐮𝐭𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ကို တစ်ခေါက်တစ်ခါ … အရောက်လာပြီး စုံစမ်းမေးမြန်းဖို့ နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါရစေ။
09 78500 3596, 09 95300 3596
အမှတ် ၄၇ (𝐀), ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်ဂုံးတံတားဘေး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
𝐄𝐦𝐚𝐢𝐥: [email protected]
#နိုင်ငံတကာပညာရေး
03/05/2026
We Are Hiring – Join YOUTH International College (YIC)
👉 As part of our long-term strategic development and expansion plans, YOUTH International College (YIC) is seeking to recruit two key leadership positions to strengthen our organization and drive future growth:
🔸 Group Principal
🔸 Executive Coordinator- Board Affairs
🟧 Group Principal
We are seeking an exceptionally qualified and seasoned leader for the role of Group Principal. This is a high-level executive position designed to bridge the gap between departmental leadership and the CEO. The Group Principal will oversee the Deans of our UK Degree of Computing, UK Degree of Business, International GCSE, and GED departments, ensuring operational excellence, managing high-level stakeholder grievances, and leading the institution’s extracurricular and external growth.
🔸 Education: PhD degree is mandatory
🔸 Male or Female
🔸 Experience: At least 10 years of progressive experience in the education sector, with a minimum of 5 years in a Senior Management role
🟧 Executive Coordinator - Board Affairs
A highly organized and proactive professional who will work closely with top management to coordinate operations, manage executive tasks, and support institutional initiatives.
🔸 Bachelor’s or Master degree in Business Administration, Management, or a related field
🔸 Minimum over 3 years of relevant experience in coordination, administration, or executive support
🔸Strong communication and interpersonal skills
🔸Proficiency in Microsoft Office (Word, Excel, PowerPoint)
🔸 Ability to work independently and handle multiple tasks efficiently
🔸 Good command of English (written and spoken)
🔸 Female
We are looking for committed, capable, and forward-thinking individuals who are ready to contribute to the transformation of YIC into a leading international education institution.
📩 Interested candidates are invited to apply and be part of our journey toward academic excellence and global collaboration.
Send Resume to [email protected]
YOUTH International College (YIC) stands as one of Myanmar’s leading private higher education institutions, offering internationally recognized UK programs in Business and Computing.
Located in the heart of Yangon, YIC is part of YOUTH Education Group, an institution with almost three decades of experience in ICT and business education since its beginnings as YOUTH Computer Center in 1997.
YIC is committed to empowering young people with practical skills, global qualifications, and digital transformation mindset — preparing them for the world of Industry 4.0 and beyond.
အသေးစိတ်စုံစမ်းရန်
📍 လိပ်စာ - အမှတ် ၄၇ (𝐀), ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်ဂုံးတံတားဘေး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ 🏢🗺️
📞 ဖုန်း - 09 78500 3596, 09 95300 3596
📧 𝐄𝐦𝐚𝐢𝐥: [email protected]
01/05/2026
ဂုဏ်ပြုထိုက်တဲ့လက်တွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာကြီးအတွက်... 🌍👷♂
မေလ ၁ ရက်၊ ဒီကနေ့မှာ ကျရောက်တဲ့ မေဒေးနေ့မှာ ဂုဏ်ပြုထိုက်တဲ့ ကာယဉာဏလုပ်သားကြီးတွေနဲ့တကွ ကမ္ဘာသူကမ္ဘာအပေါင်း ကျန်းမာရွှင်လန်းကြပါစေကြောင်း YOUTH International College (YIC) မိသားစုက နှုတ်ခွန်းဆက်သ … ဂါရဝပြုအပ်ပါတယ်။
#မေဒေး #အလုပ်သမားနေ့
30/04/2026
ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယဝယ် ရွှေတိဂုံခြေတော်ရင်းမှ YIC က နှုတ်ခွန်းဆက်သခြင်း 🙏✨
-------------------------
ဒီကနေ့ဟာ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူ၊ ပွင့်တော်မူ၊ ပရိနိဗ္ဗာန်စံတော်မူဆိုတဲ့ (ဖွား၊ ပွင့်၊ စံ) ထူးခြားလှတဲ့သံဝေဇနိယလေးဌာနတို့နဲ့ ပြည့်စုံတဲ့ "ကဆုန်လပြည့် (ဗုဒ္ဓနေ့)" ဖြစ်ပါတယ်။
နွေအပူကို ကဆုန်ညောင်ရေသွန်းလောင်းပြီး အအေးဓာတ်ပေးသလို
YOUTH International College (YIC) မိသားစုဝင်တွေနဲ့တကွ ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့လည်း -
🌿 ဘေးဘယာဝေးကွာပြီး ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။
🌿 မေတ္တာတရားတွေနဲ့ ကြည်လင်အေးမြတဲ့ရေစင်ပမာ ရွှင်လန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။🙏
#ကဆုန်လပြည့် #ညောင်ရေ