13/02/2019
Yankin B.E.H.S(2) 2000 batches တွေကို
လေးလေးနက်နက် ဖိတ်ကြားလိုပါတယ်။
၂၀၀၀ခုနှစ်ကစလို့ သူငယ်ချင်းတွေအားလုံး
တစ်စုတစ်ဝေးတည်း စုံစုံညီညီ မဆုံဖြစ်တာ
ဆယ်စုနှစ် (၂) ခုနီးပါးတောင် ရှိနေပါပြီ။
ဒါကြောင့် လာမယ့် မတ်လ လဆန်းပိုင်းမှာ
2000 batches တွေရဲ့ သီးသန့်ရံပုံငွေနဲ့
ပြုလုပ်မယ့်၊ နှစ်စဉ်ပြုလုပ်နေကြ ကျေးဇူးရှင်
သင်ဆရာများကို ပူဇော်ကန်တော့တဲ့ ပွဲလေးမှာ
လာရောက်ပြီး ပူးပေါင်း၊ပါဝင်၊ကုသိုလ်ယူ
ပေးကြဖို့ အနူးအညွှတ် ဖိတ်ကြားလိုပါတယ်။ အဓိကရည်ရွယ်တာက အသက်တွေရလာပြီဖြစ်တဲ့ နယ်ပယ်စုံက သူငယ်ချင်းတွေ အခုလို reunion သဘောမျိုး နှစ်စဉ်နှစ်တိုင်း ပျော်ပျော်ရွှင်ရွှင်
တွေ့ဆုံပြီး ဆရာတွေကို ပူဇော်ကန်တော့ လိုတာပါ။
***အထူးအသိပေးလိုတာက ယခုနှစ်မှ စပြီး
ဤပွဲအတွက် အလှူငွေ ကြိုတင်ကောက်ခံခြင်း
လုံးဝ(လုံးဝ) မပြုလုပ်တော့ဘဲ၊ ကန်တော့ပွဲနေ့
ရောက်မှသာလျှင် လှူဒါန်းချင်သူများအား
နောင်နှစ်အတွက် ရန်ပုံငွေအဖြစ်
စာရင်းဇယားနှင့်တကွ လက်ခံ၊သိမ်းဆည်း
ပေးသွားမည် ဆိုတာပါ။***
(Editing- ကွန်မန့် အားလုံးကို တဦးချင်းစီ ကွန်မန့်ပြန်ပေးဖို့ အစဉ်မပြေတဲ့အတွက် ဒီမှာဘဲ ပြန်ဖြေပေးလိုက်ပါတယ် ခင်ဗျ.... ကျနော်တို့ရဲ့ ပွဲလေးကို ၂/၃/၂၀၁၉ မှာ ရန်ကင်းမြို့နယ်၊ ၁၃ ရပ်ကွက်အတွင်းမှာရှိတဲ့ ရွှေဟင်္သာတိုက်သစ် ဘုန်ကြီးကျောင်းမှာ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်ပြီး ၁၉၈၈ မှ ၂၀၀၀ ခုနှစ်အတွင်း ရန်ကင်း အ.ထ.က (၂) တွင် တာဝန်ထမ်းဆောင်ခဲ့သော (သင်)ဆရာ/ဆရာမများ အားလုံးကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ ဂါရဝပြုကန်တော့မှာ ဖြစ်ပါတယ်။ ပင်စင်ယူပြီး နှင့် ယခုလက်ရှိတိုင် တာဝန်းထမ်းဆောင်နေသော ဆရာ/ဆရာမများ ပါဝင်မှာ ဖြစ်ပါတယ် ခင်ဗျ။ ဒါကြောင့် ၁၉၆၀ ကျော် မှ စ၍ ယနေ့တိုင်ထိ ပညာသင်ကြား(နေ)ခဲ့ သော တပည့်များ၏ ဆရာများပါဝင်မှာ ဖြစ်သည့်အတွက် မည်သည့်နှစ်မှတပည့်မဆိုဆို လာရောက်၍ ကန်တော့ပန်းဆင်ခြင်း အတွက်လဲ ကျနော်တို့ ၂၀၀၀ ခုနှစ် ကျောင်းသားဟောင်းများမှ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်စွာ ဖိတ်ကြားအပ်ပါတယ် ခင်ဗျား။)