Modern World Lucky Family Online Shop

Modern World Lucky Family Online Shop

Share

We bring you only best quality products from Thailand , New Zealand and Australia.

We bring you only best quality products from Thailand ,China ,Taiwan , Hong Kong ,USA , New Zealand and Australia.

Photos from Modern World Lucky Family Online Shop's post 15/05/2026

🚨 အများပြည်သူသို့ အသိပေးနှိုးဆော်ချက် 🚨

အနောက်တိုင်းဆေးများ ရောနှောထည့်သွင်းထားပြီး စံချိန်စံညွှန်းမညီသော တိုင်းရင်းဆေးဝါးများကို သတိပြုရှောင်ရှားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျန်းမာရေးသည် အရေးကြီးဆုံးသောအရာဖြစ်သောကြောင့်
မသေချာသောဆေးဝါးများကို မဝယ်ယူမသုံးစွဲမီ
FDA အသိအမှတ်ပြုထားမှုရှိ/မရှိ သေချာစစ်ဆေးကြပါ။

⚠️ စံမညီဆေးဝါးများ သုံးစွဲခြင်းကြောင့်
ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်ပါသည်။

မိမိနှင့် မိသားစုကျန်းမာရေးအတွက်
သတိရှိစွာ ရွေးချယ်သုံးစွဲကြပါစို့။

03/05/2026

မဲဆောက်မြို့တွင် ထိုင်းပိုက်ဆံအတုများ ပျံ့နှံ့နေ
အထူးသဖြင့် အသက်ကြီးသော ဆိုင်ရှင်များကို ပစ်မှတ်ထားလျက်ရှိကြောင်း သိရပါသည်။ (မူရင်းရုပ်သံကို ကွန်မန့်တွင် ကြည့်ရှုနိုင်ပါသည်)
ပိုက်ဆံအတု စစ်ဆေးနိုင်မည့် နည်းလမ်းများ
ဓာတ်ပုံထဲရှိ အကြံပြုချက်အရ ပိုက်ဆံစစ်ဆေးသည့် ဖောင်တိန် (Detector Pen) ကို အသုံးပြုနိုင်ပါသည်။
✅ ပိုက်ဆံအစစ် ဖြစ်ပါက — ဖောင်တိန်နဲ့ခြစ်သောအခါ အရောင်သည် ဖျော့သွားပါမည်။
❌ ပိုက်ဆံအတု ဖြစ်ပါက — အရောင်သည် မည်းသွားခြင်း သို့မဟုတ် ရင့်လာခြင်း ဖြစ်ပါမည်။
ထိုင်းဗဟိုဘဏ်မှ အကြံပြုထားသော စစ်ဆေးနည်း (၃) မျိုး
ဖောင်တိန် မရှိသော်လည်း အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးနိုင်ပါသည်—
1️⃣ ကိုင်တွယ်စမ်းသပ်ခြင်း (Touch)
ထိုင်းဘတ်ငွေအစစ်၏ စက္ကူသားမှာ ခိုင်မာပြီး ကြမ်းတမ်းသလို ခံစားရပါသည်။
"รัฐบาลไทย" (Thai Government) ဟူသော စာသားနှင့် ဂဏန်းများကို လက်ဖြင့် ပွတ်ကြည့်ပါက အဖုအထစ်များကို ခံစားနိုင်ပါသည်။
2️⃣ အလင်းတွင် ထောင်ကြည့်ခြင်း (Light)
📌 ရေစာ (Watermark) — အလင်းတွင် ထောင်ကြည့်ပါက ဘုရင်၏ ပုံရိပ်ကို ရှေ့နောက် နှစ်ဖက်လုံးမှ ကြည်လင်ပြတ်သားစွာ မြင်ရပါမည်။ ထို့အပြင် တန်ဖိုးဂဏန်းကိုလည်း အလင်းဖြင့် ဖောက်မြင်နိုင်ပါသည်။
📌 ငွေရောင်ကြိုးတန်း (Security Thread) — စာရွက်အတွင်း မြှုပ်နှံထားသော ကြိုးတန်းကို အစင်းလိုက် မြင်ရပါမည်။
3️⃣ စောင်းကြည့်ခြင်း (Tilt)
📌 ရောင်ပြန်ဂဏန်း — ပိုက်ဆံကို ဘယ်ညာ စောင်းကြည့်ပါက ပုန်းနေသော ဂဏန်းများ ပေါ်ထွက်လာပါမည်။
📌 3D Foil အကွက် — ၁၀၀၀ နှင့် ၅၀၀ ဘတ်တန်များတွင် ပါဝင်ပြီး စောင်းကြည့်သည့်အခါ အရောင်ပြောင်းလဲ၍ တောက်ပနေပါမည်။
⚠️ သတိပြုရန်
ပိုက်ဆံအတုဖြစ်ကြောင်း သိရှိပြီးပါက ဆက်လက်အသုံးပြုခြင်းသည် ဥပဒေအရ အရေးယူခံရနိုင်ပါသည်။
သံသယရှိပါက ရဲစခန်း သို့မဟုတ် ဘဏ်သို့ ချက်ချင်း အကြောင်းကြားပါ။
သတင်းရင်းမြစ် – ထိုင်းပီဗီအစ်
Credit all km

18/04/2026

🚨 လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်ပြီး သတိထားဖို့ အရေးကြီးပါတယ် ⚡
၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်မှာ ဆူရင်ပြည်နယ်၊ ရတနဘူရီခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးမုန်တိုင်းဖြစ်ပွားခဲ့ပါတယ် 🌧
အဲဒီအချိန်မှာ လျှပ်စစ်ဝါယာကြိုးတစ်ချောင်းက တိုင်ကနေ ပြုတ်ကျပြီး သံဆူးခြံစည်းရိုးပေါ်မှာ တင်နေခဲ့ပါတယ်။
အန္တရာယ်ရှိတာ မသိဘဲ ခြံစည်းရိုးကို ထိမိရာမှ ဓာတ်လိုက်ပြီး မေ့မြောသွားခဲ့ပါတယ် ⚠️
သမီးဖြစ်သူက ကူညီဖို့ ကြိုးစားခဲ့ရာမှာလည်း ဓာတ်လိုက်ခံခဲ့ရပေမယ့် ကံကောင်းစွာ လက်ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။
ရွာသားတွေက ချက်ချင်း ကူညီပြီး ဆေးရုံပို့ခဲ့ပေမယ့် နောက်ဆုံးမှာ အသက်မရှင်နိုင်ခဲ့ပါဘူး 🖤
ဒီဖြစ်ရပ်က သာမန်မတော်တဆမှုမဟုတ်ဘဲ လူတွေ အလွယ်တကူ လျစ်လျူရှုတတ်တဲ့ အန္တရာယ်တစ်ခု ဖြစ်ပါတယ်။
⚡ မိုးရွာချိန်၊ မိုးကြိုးမုန်တိုင်းဖြစ်နေချိန်မှာ
သံခြံစည်းရိုးတွေ
လျှပ်စစ်တိုင်တွေ
ပြုတ်ကျနေတဲ့ ဝါယာကြိုးတွေ
ကို မထိမိအောင် အထူးသတိထားပါ။
📌 ပျက်စီးနေတဲ့ လျှပ်စစ်လိုင်းတွေ တွေ့ရင်လည်း အာဏာပိုင်တွေကို ချက်ချင်း အသိပေးပါ။
🖤 သေဆုံးသူမိသားစုအတွက် ဝမ်းနည်းပါတယ်
#တင်လွင်ဦး
#သတိပေးချက်
#သတင်းထူး

Photos from Modern World Lucky Family Online Shop's post 11/04/2026

၅၃ နှစ်တာ ကြာမြင့်ခဲ့ပါပြီ။
​နိဂုံးတစ်ခု... ပြီးတော့ အစပျိုးမှုတစ်ခု။ 🌊🚀
​၁၉၇၂ ခုနှစ်မှာ Apollo 17 ဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ လှိုင်းတံပိုးတွေကြားကို ဆင်းသက်ခဲ့ပြီး လူသားတို့ရဲ့ ပထမဆုံးသော လကမ္ဘာခရီးစဉ်ရဲ့ နောက်ဆုံးအခန်းကဏ္ဍကို အဆုံးသတ် နိဂုံးချုပ်ပေးခဲ့ပါတယ်။
​အဲဒီနောက်ပိုင်း ဆယ်စုနှစ်များစွာကြာအောင် လကမ္ဘာဆီက အသံတွေ တိတ်ဆိတ်သွားခဲ့တဲ့အတွက် ကမ္ဘာသူကမ္ဘာသားတွေရဲ့ ရင်ထဲမှာ မေးခွန်းတစ်ခုကတော့ ပဲ့တင်ထပ် ကျန်ရစ်ခဲ့ပါတယ် -
"ငါတို့ လကမ္ဘာကို တစ်ခေါက် ပြန်သွားနိုင်ဦးမလား?" ဆိုတာပါပဲ။
​အခုတော့ ရာစုနှစ်ဝက်ကျော် ကြာမြင့်ပြီးတဲ့နောက်မှာ Artemis II က လူသားမျိုးနွယ်ရဲ့ နောက်ထပ်စာမျက်နှာသစ်ကို ရဲရဲဝံ့ဝံ့ စတင်ရေးသားလိုက်ပါပြီ။ ဒါဟာ အတိတ်ကခရီးစဉ်တွေရဲ့ အဆုံးသတ် မဟုတ်တော့ပါဘူး။ ပိုမိုကြီးမားကျယ်ပြန့်တဲ့ စကြဝဠာခရီးစဉ်တွေရဲ့ "အစပျိုးမှု" သက်သက်သာ ဖြစ်ပါတယ်။
​ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ဟာ လကမ္ဘာကို ခေတ္တခဏ ရောက်ရှိဖို့သက်သက်တင် မဟုတ်တော့ပါဘူး။ အဲဒီမှာ အခြေချ နေထိုင်ဖို့၊ ပိုမိုနက်ရှိုင်းတဲ့ အာကာသဟင်းလင်းပြင်ကြီးကို စူးစမ်းဖို့နဲ့ နောင်လာမယ့် အင်္ဂါဂြိုဟ် (Mars) ခရီးစဉ်တွေအတွက် အုတ်မြစ်ချ ပြင်ဆင်ဖို့ပဲ ဖြစ်ပါတယ်။
​သမုဒ္ဒရာကတော့ အတူတူပါပဲ။
ရေထဲကို ဆင်းသက်ပုံကလည်း အတူတူပါပဲ။
ဒါပေမဲ့ ခေတ်ကာလနဲ့ ရည်မှန်းချက်တွေကတော့ လုံးဝကို ကွဲပြားသွားခဲ့ပါပြီ။
​သမိုင်းဆိုတာ ပုံစံတူ ပြန်ဖြစ်နေတာမျိုး မဟုတ်ပါဘူး — အဟောင်းကို အခြေခံပြီး ပိုမိုတိုးတက်၊ ပိုမိုမြင့်မားလာတဲ့ "ဆင့်ကဲပြောင်းလဲမှု" တစ်ခုသာ ဖြစ်ပါတယ်။ 🌑✨
​

04/04/2026

💔 ကချင်ဂီတလောကအတွက် ဝမ်းနည်းဖွယ်သတင်းတစ်ရပ် 💔
“ကချင်မြေကိုလာပါ့ တကယ်ပျော်တယ်နော့ (မနောမြေမှ တေးသံသာ)” သီချင်းဖြင့် လူသိများခဲ့သော ကချင်အဆိုတော် ဂျက်ဆန်ထွန်းသည် ယနေ့ နံနက်တွင် သူနေထိုင်ရာ တရုတ်နိုင်ငံတွင် ဦးနှောက်သွေးကြောပျက်၍ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါသည်။
အနုပညာလောကနှင့် ပရိသတ်များအတွက် များစွာဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပြီး သူ၏ သီချင်းများသည် အမြဲတမ်းမှတ်မိနေမည်ဖြစ်ပါသည်။
အလွန်စိတ်မကောင်းဖြစ်ရပါသည်… 😢
ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ 🙏

#ကချင်

#ဂျက်ဆန်ထွန်း

30/03/2026

ဘယ်သူ့ကိုမှ အားကိုးတကြီးနဲ့
မျှော်လင့်မထားပါနဲ့ အတက်နိုင်ဆုံး
ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပါ
ဘာမှမသိရင် အောက်ကျို့ရတယ်
ဒါကြောင့် သိအောင် လေ့လာပါ
ဘာမှမရှိရင် မျက်နှာငယ်ရတယ်
ဒါကြောင့် ရှိအောင် ကြိုးစားပါ

စာဖတ်ပါ
အမှားနည်းပြီး အသိတရားကြွယ်ဖို့ အတွက်
လူတစ်ယောက်မှာ နေ့စဉ်
အချိန်ပေးပြီး စာဖတ်နေဖို့လိုအပ်တယ်

ငွေရှာပါ။
ရှာပြီးမစုဆောင်းရင်လည်း
အိတ်ပေါက်နဲ့ ဖားကောက် ဆိုရိုးစကားလိုပဲ
သေအောင်ရှာ ချမ်းသာမှာ မဟုတ်တဲ့
အတွက်ကြောင့် ပိုက်ဆံစုပါ

ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ

ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြနဲ့
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက
ပိုများပါလိုက်မယ်.....တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ

လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထားသလောက်
အရေးမကြီးမှန်း အရေးမပါမှန်းသိလာပါလိမ့်မယ်

ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါ✍️✍️

Photos from Modern World Lucky Family Online Shop's post 29/03/2026

🛑 အမေရိကန်ဒေါ်လာ ငွေစက္ကူပေါ်မှာ သမ္မတထရမ့်ရဲ့ လက်မှတ် ပါဝင်လာတော့မယ်!
​အမေရိကန်ပြည်ထောင်စုရဲ့ နှစ်ပေါင်း ၂၅၀ ပြည့် (Semiquincentennial) အထိမ်းအမှတ်အဖြစ် ရှေ့လျှောက်ထွက်ရှိလာမယ့် ဒေါ်လာငွေစက္ကူတွေပေါ်မှာ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ရဲ့ လက်မှတ်ကို ထည့်သွင်းရိုက်နှိပ်သွားမယ်လို့ US Treasury (ဘဏ္ဍာရေးဌာန) က တရားဝင်ကြေညာလိုက်ပါတယ်။
​ဒါဟာ အမေရိကန်သမိုင်းတစ်လျှောက် တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးရဲ့ လက်မှတ် ငွေစက္ကူပေါ်မှာ ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်ပြီး ၁၈၆၁ ခုနှစ်ကတည်းက ကျင့်သုံးခဲ့တဲ့ ၁၆၅ နှစ်ကြာ အစဉ်အလာကို ရိုက်ချိုးလိုက်တာလည်း ဖြစ်ပါတယ်။
​🔍 သိထားသင့်တဲ့ အဓိကအချက်များ-
​ဘယ်သူ့လက်မှတ်အစားလဲ? - ပုံမှန်အားဖြင့် ဒေါ်လာငွေစက္ကူတွေပေါ်မှာ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးမှူး (U.S. Treasurer) တို့ရဲ့ လက်မှတ်တွေသာ ပါလေ့ရှိပေမယ့်၊ အခုအခါမှာတော့ ဘဏ္ဍာရေးမှူးရဲ့ လက်မှတ်နေရာမှာ သမ္မတထရမ့်ရဲ့ လက်မှတ်က အစားထိုးဝင်ရောက်လာမှာပါ။
​ဘယ်တော့ စတင်မလဲ? - သမ္မတထရမ့်နဲ့ ဘဏ္ဍာရေးဝန်ကြီး Scott Bessent တို့ရဲ့ လက်မှတ်ပါဝင်တဲ့ ပထမဆုံး ဒေါ်လာ ၁၀၀ တန် ငွေစက္ကူသစ်တွေကို လာမည့် ဇွန်လ (၂၀၂၆) မှာ စတင်ရိုက်နှိပ်သွားမှာဖြစ်ပြီး အခြားသော ငွေစက္ကူ denominations အားလုံးမှာလည်း ဆက်တိုက်ပြောင်းလဲသွားမှာပါ။
​ရွှေဒင်္ဂါးပြားနှင့် ဒေါ်လာဒင်္ဂါးသစ်များ - ငွေစက္ကူတွေအပြင် သမ္မတထရမ့်ရဲ့ ရုပ်ပုံပါရှိတဲ့ ၂၄ ကာရက် ရွှေဒင်္ဂါးပြား (Commemorative Gold Coin) ထုတ်ဝေဖို့ အနုပညာကော်မရှင် (CFA) က အတည်ပြုထားသလို၊ ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ ဒေါ်လာ ၁ တန် ဒင်္ဂါးပြား (Trump $1 Coin) ကိုလည်း လည်ပတ်သုံးစွဲဖို့ စီစဉ်နေပါတယ်။
​ဂုဏ်ပြုခြင်းဆိုင်ရာ မှတ်ချက် - ဘဏ္ဍာရေးဝန်ကြီး Scott Bessent က "ဒါဟာ သမ္မတထရမ့်ရဲ့ ဦးဆောင်မှုနဲ့ အမေရိကန်ရဲ့ စီးပွားရေးအောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့ သမိုင်းဝင်ခြေလှမ်းဖြစ်တယ်" လို့ ဆိုပါတယ်။
​💡 စိတ်ဝင်စားစရာ အချက်အလက်-
​အမေရိကန်ဥပဒေအရ အသက်ထင်ရှားရှိနေသူရဲ့ ရုပ်ပုံကို ငွေစက္ကူပေါ်မှာ ထည့်သွင်းခွင့်မပြုပေမယ့်၊ လက်မှတ်ကိုတော့ ထည့်သွင်းခွင့်ရှိတာကြောင့် အခုလို သမ္မတရဲ့လက်မှတ်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့အရန်ငွေကြေးဖြစ်တဲ့ အမေရိကန်ဒေါ်လာရဲ့ ဒီဇိုင်းပိုင်းမှာ အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။
​သတင်းရင်းမြစ်များ: * U.S. Department of the Treasury (Official Announcement)
​Reuters, BBC, Al Jazeera (March 27, 2026)
​ #ဒေါ်လာ #သမ္မတထရမ့် #အမေရိကန်

21/02/2026

စပေါ်နှင့် အုံနာကြေး ၃ ဆနီးပါးမြင့်တက်၊ တက္ကစီယာဉ်မောင်းများ အလုပ်ပြောင်းမှုများဖြစ်ပေါ်
၂၀၂၆ ဖေဖော်ဝါရီ ၁၉
စပေါ်ငွေနှင့် အုံနာကြေးများ အဆမတန် မြင့်တက်လာခြင်း၊ ခရီးသည်နည်းပါးလာခြင်းတို့ကြောင့် တက္ကစီယာဉ်မောင်းအချို့ လုပ်ငန်းမှ ထွက်ခွာပြီး လခစားအလုပ်များသို့ ပြောင်းရွှေ့နေကြောင်း သိရသည်။
လက်ရှိတွင် အငှားယူမောင်းနှင်လိုပါက စပေါ်ငွေ ကျပ် ၁၅ သိန်းမှ ၂၀ သိန်းကျော်အထိ ပေးသွင်းရပြီး၊ အုံနာကြေးမှာ တစ်ရက်လျှင် ကျပ် ၃ သောင်းမှ ၆ သောင်းကျော်၊ EV များအတွက် ကျပ် ၈ သောင်းမှ ၁ သိန်းအထိ ပေးရကြောင်း ယာဉ်မောင်းများက ပြောသည်။
၂၀၂၀ ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက စပေါ်နှင့် အုံနာကြေးမှာ နှစ်ဆမှ သုံးဆအထိ မြင့်တက်လာခြင်းဖြစ်ပြီး ပြင်ဆင်စရိတ်များလည်း တိုးမြင့်လာသည်။
ခရီးသည်များဘက်မှလည်း ယာဉ်စီးခမြင့်တက်မှုကြောင့် ယခင်ကဲ့သို့ မငှားမစီးတော့ဘဲ လိုင်းကားအသုံးပြုမှု တိုးလာကြောင်း သိရသည်။
Credit org

12/02/2026

မိသားစု တလဝင်ငွေ သိန်း ၂၀ ရှိပေမယ့် လကုန်ရင် သားရေပင်တွေပဲ ကျန်တဲ့ ‌ရွှေပြည်ကြီးက အိမ်ရှင်မတစ်ဦးရဲ့ ရင်ဖွင့်သံ...

ကျွန်မက ၇ နှစ်အရွယ် သားလေးနဲ့ ၅ နှစ်အရွယ် သမီးလေး ရှိတဲ့ အိမ်ထောင်သည် အမျိုးသမီး တဦးပါရှင်။ ကုမ္ပဏီတခုမှာ လစာ ၁၅ သိန်းနီးပါးရတဲ့ မန်နေဂျာအဆင့် ဝန်ထမ်းတဦးပါ။ အမျိုးသားကတော့ ကျွန်မလောက် လစာ မကောင်းပေမယ့် နှစ်ယောက်ပေါင်းရင် တလကို သိန်း ၂၀ ကျော်တော့ ဝင်ပါတယ်ရှင်။
ကျွန်မ ဇာတိနယ်မှာတော့ ရန်ကုန်မှာ မန်နေဂျာဖြစ်နေတဲ့ ကျွန်မကို သူဌေးမကြီး၊ ဘေ၊ာစိကြီးလို့ ခေါ်ကြရင် ကျွန်မ မချိပြုံးလေးပဲ ပြုံးပြနိုင်တော့တယ်ရှင်။ မိသားစု တလဝင်ငွေ သိန်း ၂၀ မှာ ၄ လွှာက တိုက်ခန်းကျဉ်းလေး ငှားဖို့ တလ ၄ သိန်းခွဲ ဖယ်ထားရပါတယ်ရှင်။
ကျန်တဲ့ ပိုက်ဆံထဲကနေ နယ်က မိဘတွေအတွက် ဆေးဝါးနဲ့ စားစရာမုန့်လေးတွေ ဝယ်ခြမ်းဖို့ ၃ သိန်း ပို့ပေးရပါတယ်။ ကလေး နှစ်ယောက် ကျောင်းနဲ့ ကျူရှင်စရိတ်က တလ ၄ သိန်း၊ မိသားစု စားစရိတ်က တရက် ၂ သောင်းနဲ့ တလ ၆ သိန်း၊ မီတာခ၊ အင်တာနက်ဖိုး၊ ဖုန်းဘေလ်၊ သာရေးနာရေး လူမှုရေးနဲ့ တွက်ကြည့်လိုက်ရင် လစာဆိုတာ သားရေပင်တွေပဲ လတိုင်း ကျန်နေပါတယ်ရှင်။
ဒါတောင် ကျန်းမာရေး စရိတ်က ပုံသေ မရှိသေးလို့ တော်နေသေးတာ၊ ကလေ၊းတွေ ဖျားတဲ့အချိန်ဆို ဈေးဖိုးထဲက ပါသွားပြီပေါ့ရှင်၊ မန်နေဂျာမကြီးဆိုပြီး ကုမ္ပဏီက ဖယ်ရီကားပေါ် အချေ မျက်နှာပေးနဲ့ တက်သွားရပေမယ့် တကယ်တော့ ကျွန်မအဖြစ်က "ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်" ဖြစ်နေတာပါပဲ။
လွန်ခဲ့တဲ့ ၅ နှစ်က ကျွန်မလစာ ဒီလောက် မများတာတောင် လူတန်းစေ့နေနိုင်ပြီး ရွှေတောင် စုနိုင်ခဲ့တာပေါ့။ အခုများတော့ တွေ့တဲ့အတိုင်းပါပဲရှင်။ အရင်တုန်းကဆို စီးတီးမတ်မှာ ယူချင်တဲ့ ပစ္စည်းတွေ ခြင်းအပြည့်ထည့်ရင်တောင် တသိန်းမကျော်တဲ့ အဖြစ်ကနေ အခုတော့ လက်ထဲ ပစ္စည်း ၄၊ ၅ မျိုး ဝယ်ရင်တောင် တသိန်းကျော်နေပြီရှင်။
စီးတီးမတ်ဆိုလို့ ပြောရဦးမယ်။ ဟိုတနေ့က သားသားအတွက် သွားတိုက်တံ လဲစရာရှိတာနဲ့ မိသားစုအတွက်ပါ လဲမယ်ဆိုပြီး သွားဝယ်တာ စီးတီးမတ်ကြီး တခုလုံးမှာ သွားတိုက်တံ လုံးဝ မရှိဘူးတဲ့ရှင်။ ဘာဖြစ်လို့ သွားတိုက်တံ မရှိတာလည်း ဝန်ထမ်းတွေကို မေးကြည့်တော့ ပစ္စည်းပြတ်နေလို့တဲ့ရှင်။
ကျွန်မတော့ ရုပ်ရှင်ထဲကလို အချိန်နောက်ကြောင်းပြန်ပြီး လွန်ခဲ့တဲ့ နှစ် ၄၀ ကို ရောက်သွားသလို ထင်လိုက်ရပါတယ်ရှင်။ သွားတိုက်တံ မရှိသလို သွားတိုက်ဆေးကလည်း ပြည်တွင်းထုတ်တဲ့ ၁ မျိုး ၂ မျိုးလောက်ပဲ တင်ထားတာ တွေ့ရတယ်။
နောက်ထပ် အံ့ဩစရာကတော့ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ စတဲ့ တကိုယ်ရည်သုံး ပစ္စည်းတွေအားလုံးဟာ ပြည်တွင်းထုတ်ပစ္စည်းတွေချည်းပဲ ဖြစ်နေတာပဲရှင်။
အမေတို့ခေတ်တုန်းက ခွဲတမ်းနဲ့ ဝယ်ရတဲ့ ကာဘော်လစ်၊ ရွှေဝါနဲ့ ပဒုမ္မာဆပ်ပြာတွေတောင် စီးတီးမတ်မှာ တင်ရောင်းနေတာ တွေ့ရတယ်။ နောက်ဆို အရင်တုန်းကလို တယောက်ကို ရွှေဝါ ဆပ်ပြာ ၂ တောင့်ပဲ ဝယ်လို့ ရမယ်ဆိုပြီးများ ဖြစ်လာမလား မသိဘူးရှင်။
အဲဒီလို တွေးမိတော့ fb ပေါ်က ပို့စ်တခုကို သတိရမိတယ်။ အရင်တုန်းက မြန်မာပြည်က သူဌေးတွေ ဘန်ကောက်သွားရင် အဝတ်အစားတွေ၊ ဖိနပ်တွေ၊ တန်ဖိုးကြီး အသုံးအဆောင်တွေ ဝယ်ကြတယ်။ အခုတော့ အဲဒါတွေအစား ခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာတွေ ဝယ်နေကြပြီဆိုတဲ့ ပို့စ်လေးပေါ့။ အဖြစ်ကတော့ မနှစ်ကနဲ့ကို မတူတော့တာပါရှင်။
အဲဒါနဲ့ပဲ ကလေ၊းတွေ အာဟာရအတွက် နေ့တိုင်းသောက်တဲ့ နွားနို့တန်းကို ဝင်ကြည့်တော့လည်း ဆပ်ပြာတန်းနဲ့ အတူတူပါပဲ။ ပြည်ပထုတ်တာ တခုမှ မရှိတော့ပါဘူး။ သားသားနဲ့ မီးမီးကို အရင်က ကောင်းဟက် နွားနို့ နေ့တိုင်း တိုက်နိုင်ပေမယ့် အခုတော့ တလီတာဘူးကို ၅ သောင်း ပေးနေရလို့ ပြည်တွင်းထုတ် ပင်ဂွင်းနို့မှုန့်လေးပဲ ဖျော်တိုက်နေရတယ်ရှင်။ ကလေ၊းတွေက အရသာကွာသွားလို့ မသောက်ချင်ပေမယ့်လည်း ပင်ဂွင်းတံဆိပ်သောက်ရင် ပင်ဂွင်းလေးလို ရေကူးမြန်မယ်လို့ မုသားသုံးပြီး တိုက်ရတာပါပဲရှင်။
”သားသားတို့ စားနေကြ မုန့်တွေ ဝယ်ခွင့်ကို လူကြီးတယောက်က ပိတ်ပင်ထားတာလေ၊ မုန့်တွေတင် မကဘူး ဖိုးဖိုးဖွားဖွားတို့ အတွက် မရှိမဖြစ် ဆေးတွေ၊ ဒိုင်ပါတွေလည်း ဝယ်လို့ မရအောင် ပိတ်ထားတာ၊ ဖေဖေ့ အလုပ်ထဲက စက်တွေကိုလည်း အပိုပစ္စည်း ဝယ်လို့ မရအောင် အဲဒီလူကြီးက ပိတ်ထားတာ” လို့ ကျွန်မက ပြောတော့ သားသားက ”အဲဒီလူကြီးက အတော်ဆိုးမှာပဲနော်” တဲ့၊
”ဆိုးတာပေါ့ သားရယ်၊ သူ့သားသမီးတွေ၊ မြေးလေးတွေကြတော့ ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ အစားအသောက်၊ အသုံးအဆောင်တွေ သုံးခိုင်းပြီး မေမေတို့လို ပြည်သူတွေကြတော့ ပိုက်ဆံရှိရင်တောင် ဝယ်မရအောင် လုပ်ထားတာ” လို့ ပြောလိုက်တယ်။ စားနေကြ မုန့်တွေ မစားရ၊ သုံးနေကြ အသုံးအဆောင်တွေ မသုံးရလို့ ကလေးတွေ မေးတဲ့ မေးခွန်းတွေကို သူတို့လေးတွေ နားလည်သလိုပဲ ပြန်ပြောရတာပေါ့ရှင်။
တချိန်က နိုင်ငံခြားပစ္စည်း လိုချင်တာ ရတယ်လို့ ကြွေးကြော်ခဲ့တဲ့ စီးတီးမတ်ကြီးဟာလည်း အခုချိန်မှာတော့ သမဆိုင်၊ ဂျီးအီးစီ၊ ဝင်းသူဇာဆိုင်တွေလို ပြည်တွင်းက အရည်သွေး မမီတဲ့ ထုတ်ကုန်တွေနဲ့ နှစ်ပါးသွားနေရပါပြီရှင်။
လက်ချုပ်အပ်တောင် နိုင်ငံခြားကနေ တင်သွင်းရတဲ့ ကျွန်မတို့ နိုင်ငံမှာ ပြည်ပထုတ်ကုန် အားလုံးကို ပိတ်ပင်ပြီး ပြည်တွင်းထုတ်တွေနဲ့ အစားထိုးဖို့ စဉ်းစားတဲ့ ရွှေဉာဏ်တော်ကတော့ စူးရောက်လွန်းတယ်လို့ပဲ ဆိုချင်ပါတယ်ရှင်။
ခေါင်းလျှော်ရည်နဲ့ ဆပ်ပြာ မရှိတာက ခဏထားလိုက်ပါဦးရှင်၊ နေ့စဉ် မရှိမဖြစ် သောက်နေရတဲ့ ဆေ၊းဝါးတွေကိုပါ သွင်းခွင့်ပိတ်လိုက်တော့ လူန၊ာတွေဟာ အာနိသင် ဘာမှန်းမသေချာ မရေရာတဲ့ အလားတူဆေ၊းဝါးတွေကိုပဲ ကျိတ်မှိတ်သောက်နေရတဲ့ ဘဝရောက်နေပါပြီရှင်။
လူကြီးတွေ သုံးနေတဲ့ ဒိုင်ပါတွေကိုလည်း တင်သွင်းခွင့် ပိတ်ထားတော့ အိပ်ယာပေါ်လဲနေတဲ့ နာတာရှည်လူန၊ာတွေက ဘယ်ဟာနဲ့ အစားထိုး သုံးရမှာလဲရှင်။ ပိတ်တဲ့သူတွေ ကိုယ်တိုင်က မအိုတော့၊ မန၊ာတော့ဘူးလားရှင်။ ဒီလို ပိတ်ထားတဲ့အတွက် သူတို့အလှည့်ကျရင်လည်း ဒိုင်ပါသုံးစရာ မရှိတဲ့ ဘဝ မရောက်ပါစေနဲ့လို့ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
အိမ်ရှင်မတွေရဲ့ အမောပေါင်းစုံကတော့ ထိုင်ပြောရင် နောက်တနေ့သာ ကူးသွားမယ် ကုန်နိုင်မယ် မထင်ပါဘူးရှင်။ ကျပ်ငွေက ဖောင်းပွ၊ ကုန်ဈေးနှုန်းက တက်၊ အရည်အသွေး မမီတဲ့ ကုန်ပစ္စည်းတွေ သုံးနေကြရတဲ့ ကျွန်မတို့ ပြည်သူတွေကတော့ "ပျောက်သောလမ်းမှာ စမ်းတဝါးဝါး" ဖြစ်နေတဲ့အကြောင်း ဖွင့်ဟ ဝန်ခံလိုက်ပါတယ်ရှင်။
Credit original
#အိမ်ရှင်မ
#ရွှေပြည်ကြီး

Photos from Modern World Lucky Family Online Shop's post 22/01/2026

မင်္ဂလာနှစ်ပတ်လည် ၂၁ နှစ်ပြည့်အတွက် ဂုဏ်ယူစွာ ဆုတောင်းပေးပါတယ် — ဒေါ်နယ် ထရမ့်နှင့် မီလေးနီယား ထရမ့်တို့အား။
အိမ်ထောင်ရေးခရီးစဉ် ၂၁ နှစ်တာအတွင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနှင့် ချစ်ခင်လေးစားမှုတို့ကို ထိန်းသိမ်းနိုင်ခဲ့ခြင်းသည် အမှန်တကယ် လေးစားစရာကောင်းပါတယ်။
လာမည့်နှစ်များအတွင်းလည်း ကျန်းမာချမ်းသာပြီး မိသားစုအတွက် ပျော်ရွှင်မှု၊ အောင်မြင်မှုများ ဆက်လက်ရရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 💐
🇺🇸 In English
Happy 21st Wedding Anniversary to Donald and Melania Trump!
Celebrating over two decades of marriage is a remarkable milestone, reflecting commitment, resilience, and mutual respect.
May this special anniversary be filled with cherished memories, continued happiness, good health, and lasting joy in the years ahead. Congratulations on 21 wonderful years together! 🎉💍
Credit pic

20/01/2026

🇹🇭 ထိုင်းရောက် မြန်မာများအတွက် အကြံပြုချက်များ 🇲🇲
(People’s Spring)Crd
ထိုင်းနိုင်ငံတွင် နေထိုင်၊ အလုပ်လုပ်နေကြသော မြန်မာညီအစ်ကိုမောင်နှမများအနေဖြင့်
ကိုယ်တိုင်လုံခြုံရေး၊ လူမှုအသိုင်းအဝိုင်းနှင့် သဟဇာတဖြစ်စေရန် အောက်ပါအချက်များကို အထူးဂရုပြုလိုက်နာကြပါရန်—
🔹 ထိုင်း–မြန်မာကြား ပြင်ပတွင်သာမက လူမှုကွန်ယက်ပေါ်တွင်ပါ
အမုန်းစကား၊ စော်ကားစကားများ မပြောဆိုရန်
🔹 အော်ဟစ်ဆူညံစွာ ပြောဆိုနေထိုင်ခြင်း မလုပ်ရန်
(ထိုင်းနိုင်ငံသားအများစုသည် တိတ်ဆိတ်မှုကိုနှစ်သက်ပြီး
ဆူညံမှုရှိပါက တိုင်ကြားလေ့ရှိကြပါသည်)
🔹 လမ်းဘေး၊ အများပြည်သူနေရာများတွင် အရက်၊ ဘီယာ သောက်စားခြင်း မပြုရန်
🔹 ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်
🔹 တရားဥပဒေနှင့် မညီသော မည်သည့်ကိစ္စမဆို ပါဝင်ပတ်သက်ခြင်း မပြုရန်
🔹 ထိုင်းနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊
ဒေသန္တရစည်းကမ်းများကို သိရှိပြီး လေးစားလိုက်နာရန်
🔹 အိမ်ရှင်လူမှုအသိုင်းအဝိုင်း၏ တန်ဖိုးထားမှုနှင့်
လူနေမှုပုံစံများကို နားလည်၍ သဟဇာတဖြစ်စွာ နေထိုင်ရန်
🔹 ထိုင်းစကား ပြောတတ်ပါက ပိုမိုအဆင်ပြေသဖြင့်
အနည်းဆုံး အခြေခံထိုင်းစကား ပြောတတ်အောင် ကြိုးစားသင်ယူရန်
🔹 သက်ဆိုင်ရာနယ်မြေရှိ ရွှေ့ပြောင်းလုပ်သားအရေး ကူညီသူများ၏
ဖုန်းနံပါတ်၊ Line ID များကို မှတ်သားထားရန်
🔹 ထိုင်းအစိုးရမှ ထုတ်ပြန်သော ကြေညာချက်များကို
အဆက်မပြတ် သတင်းဖတ်ရှု၊ နားစွင့်နေရန်
🔹 Passport၊ Pink Card၊ Work Permit စသည့်
စာရွက်စာတမ်းအထောက်အထားများကို အမြဲတမ်း ယူဆောင်ထားရန်
🙏 ကိုယ်တိုင်လည်း လုံခြုံ၊ အများနှင့်လည်း အဆင်ပြေစေရန်
အားလုံးပူးပေါင်းလိုက်နာကြပါစို့ 🙏

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 395/6, Moo 2, Hta Sai Luat, Tak,
Yangon
+660992938126