17/02/2025
"ဂျပန်နိုင်ငံသို့ ဆောက်လုပ်ရေးလုပ်ငန်းဖြင့် သွားရောက်လုပ်ကိုင်လိုသူ အသက် (၃၅) နှစ်အထက် အမျိုးသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ဟောပြောပွဲ"
"ဂျပန်နိုင်ငံသို့ ဆောက်လုပ်ရေးလုပ်ငန်းဖြင့် သွားရောက်လုပ်ကိုင်လိုသူ အသက် (၃၅) နှစ်အထက် အမျိုးသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ဟောပြောပွဲ"
🔹🔹 အားလုံးပဲ မင်္ဂလာပါရှင် 🔹🔹
ဒီဟောပြောပွဲလေးမှာတော့ ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်ကို စိတ်ဝင်စားသူများအတွက် ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ နည်းပညာ မြင့်မားပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီးသည့် နိုင်ငံတစ်ခုဖြစ်တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိပါတယ်။ အထူးသဖြင့် အတွေ့အကြုံရင့်ကျက်ပြီး စိတ်အားထက်သန်သူ အသက် 35 နှစ်အထက် အမျိုးသားများအတွက် ဒီနယ်ပယ်ဟာ အကောင်းဆုံး ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အအုံများ တည်ဆောက်မှု၊ အိမ်ရာနှင့် စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာမှုတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းဟာ အမြဲတမ်း လိုအပ်နေတဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ အသက် 35 နှစ်အထက် အမျိုးသားများအနေဖြင့် အတွေ့အကြုံရင့်ကျက်မှု၊ ပြဿနာဖြေရှင်းနိုင် စွမ်းနှင့် စိတ်ရှည်သီးခံနိုင်မှုတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းမှာ အထူးသင့်တော်ပါတယ်။ ဒီလို အရည် အချင်း တွေဟာ လုပ်ငန်းခွင်မှာ အောင်မြင်မှုရရှိဖို့ အဓိကသော့ချက်တွေ ဖြစ်ပါတယ်။
ဟောပြောပွဲနှင့် ပတ်သက်၍ လိုအပ်ချက်များအနေဖြင့်-
အသက်ကန့်သတ်ချက် - 35 နှစ် နှင့် အထက်
Visa အမျိုးအစား - Training Visa (အလုပ်သင် သင်တန်းသားဗီဇာ)
Gender - အမျိုးသား သီးသန့်
စိတ်ဝင်စားတယ်၊ အသေးစိတ် သိချင်တယ်ဆိုရင်တော့ လာမယ့် March လ (3) ရက်နေ့မှာ ကျင်းပသွားမယ့် Zoom Seminar ကို လာတက်ကြဖို့ လိုတယ်နော်။
➡️ လူဦးရေအကန့်အသတ်နဲ့ပဲ တက်ရောက်ခွင့်ရှိတာမို့လို့ အမြန်ဆုံးစာရင်း ပေးသွင်းထားကြဖို့ လိုပါလိမ့်မယ်နော်။➡️
📆 ကျင်းပမည့်နေရက် - 2025 ခုနှစ် March လ (3)ရက် တနင်္လာနေ့
🕘 ကျင်းပမည့်အချိန် - မနက် ၉: ၀၀ နာရီ မှ ၁၀ : ၃၀ နာရီအထိ
🕘 အမေးအဖြေကဏ္ဍ - ၃၀ မိနစ်
🔸ဝင်ကြေးအခမဲ့ဖြစ်ပါသည်။🔸
➡️ဟောပြောပွဲတက်ရောက်မည့်သူများသည်
March လ (2) ရက် Sunday မတိုင်မီ အောက်ဖော်ပြပါ Google form Link ကိုနှိပ်၍ စာရင်းပေးသွင်းရန် လိုအပ်ပါသည် ။ စာရင်းပေးသွင်းပြီးပါက မိမိတိုရဲ့ Gmail account ထဲသို ဟောပြောပွဲတက်ရောက် ရမည့် Zoom Link အလိုအလျောက်ရောက်ရှိလာမှာဖြစ်လို့ မိမိတို့ရဲ့ Gmail Account လေးတွေကို စစ်ဆေးကြည့်ဖို လိုပါတယ်။
👇 စာရင်းပေးသွင်းရန် Link
https://docs.google.com/forms/d/e/1FAIpQLSe0Xmu8_O1MeYklIPef0FJJ_7AL9jO60rFAGRcZbtFxhftexg/viewform?usp=sf_link
မကြာခင် ဟောပြောပွဲလေးမှာ ပြန်လည် ဆုံတွေ့ကြပါစို့။
#ဆောက်လုပ်ရေး visa #ဂျပန်