03/07/2024
ယာခင်းရှင် နှင့် ယာခင်းရှင်သာ
ကိုယ်ပိုင်အထက်တန်းကျောင်း
2023 - 2024 ပညာသင်နှစ်အတွက်
သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမကြီးထဲမှာ
ကျင်းပပြုလုပ်ခဲ့တဲ့ပွဲမှာ
အဖွဲ့လိုက်ဖျော်ဖြေခဲ့ကြတဲ့ ချစ်စရာ
ကျောင်းသူလေးများရဲ့
ဖျော်ဖြေတင်ဆက်မှုလေးပါရှင့် 🌹🎉🌷🩷
ယာခင်းရှင်သာ ကိုယ်ပိုင်အထက်တန်းကျောင်း
===============================
အမှတ်(၂)၊ ပင်လုံရိပ်မွန်အိမ်ရာ၊
လေးထောင့်ကန်လမ်းမကြီး၊
ကြီးပွားရေးရပ်ကွက် မြောက်ပိုင်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
☎️ 09443089656 / 09971320134
22/06/2024
GEOGRAPHY IS AN EARTHLY SUBJECT,
BUT A HEAVENLY SCIENCE.
ကမ္ဘာကြီးအကြောင်းသိဖို့ သမိုင်းပညာလိုသလို
ပထဝီပညာလဲလိုပါတယ်
ရှေးယခင်က တစ်နိုင်ငံနဲ့တစ်နိုင်ငံ
စစ်မက်ရေးရာအတွက်ဖြစ်စေ
သဘာဝသယံဇာတအတွက်ဖြစ်စေ
ထွက်ရှိရာဒေသတွေကို သိရှိဖို့
တစ်ဖက်ရန်သူရဲ့ မြေပုံတွေလိုအပ်ပါတယ်၊
ဒီမြေပုံတွေကနေတဆင့်
ကိုယ်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေရဲ့
အင်ပါယာတွေကိုလဲ နယ်နိမိတ်စည်းတွေ
သတ်မှတ်ပြီး နေထိုင်ခဲ့ကြရပါတယ်
ပထဝီပညာရပ်ဟာ
ကိုယ့်မြေ၊ ကိုယ့်ရေတင်မကဘဲ
ကမ္ဘာကြီးတစ်ခုလုံးရဲ့နေရာဒေသတွေ
အဲ့ဒေသတွေမှာရှိတဲ့ လူဦးရေ
ဘာသာစကား၊ ဒေသအစားအစာတွေကအစ
သိရှိလေ့လာရတဲ့ ကျယ်ဝန်းလှတဲ့ ပညာရပ်တစ်ခုပါ
ယာခင်းရှင်သာမှာ ကျောင်းတက်ရောက်နေတဲ့
ကျောင်းသား၊ မောင်/မယ် တွေဟာ
ဒီပညာရပ်တွေကို အသေးစိတ်ကအစ
သင်ကြားပေးနိုင်တဲ့ဆရာတွေ အသင့်ရှိနေတဲ့
ကျောင်းတော်ကြီးတစ်ခုပါ ။
ပညာဆိုတာ ကျက်စာမဟုတ်ပါဘူး၊
ဖတ်စာတစ်ခုပါ ၊ ဖတ်ထားတဲ့အရာကိုမမေ့အောင်
မှတ်သားနိုင်အောင် သင်ကြားရတာလဲ
ပညာတစ်ခုပါပဲ
ဒီပညာရပ်တွေကို သင်ကြားပြသဖို့အတွက်
ယာခင်းရှင်သာက ဆရာ၊ဆရာမတွေက
သားတို့ သမီးတို့အတွက်အမြဲအဆင်သင့်ရှိလျက်ပါရှင်
အောင်မြင်သောဘဝတွေပိုင်ဆိုင်နိုင်ကြပါစေ 🌹🌺🌷
ယာခင်းရှင်သာ ကိုယ်ပိုင်အထက်တန်းကျောင်း
===============================
အမှတ်(၂)၊ ပင်လုံရိပ်မွန်အိမ်ရာ၊
လေးထောင့်ကန်လမ်းမကြီး၊
ကြီးပွားရေးရပ်ကွက် မြောက်ပိုင်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
☎️ 09443089656 / 09971320134
12/06/2024
ယာခင်းရှင်သာ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့
2024 ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ
အောင်မြင်သူများစာရင်းပါရှင် 🥇🎉🏅🎊🏆
အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ကျောင်းသူ
မောင်/မယ် တွေကိုလဲ
ယာခင်းရှင်သာတည်ထောင်သူ
ဆရာကြီး ဦးဉာဏ်ဝင်း နှင့် ဆရာ၊ဆရာမတွေက
အထူးဂုဏ်ယူလျှက်ရှိပါသည် 😍🎓🩷🎉
ကျောင်းသား မောင်/မယ်တွေ
အောင်မြင်သောဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ လို့
ဆုမွန်ကောင်း တောင်းပေးလျှက် 🙏🙏🙏
ယာခင်းရှင်သာ ကိုယ်ပိုင်အထက်တန်းကျောင်း
===============================
အမှတ်(၂)၊ ပင်လုံရိပ်မွန်အိမ်ရာ၊
လေးထောင့်ကန်လမ်းမကြီး၊
ကြီးပွားရေးရပ်ကွက် မြောက်ပိုင်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
☎️ 09443089656 / 09971320134
10/06/2024
Music is powerful. It is the only thing that can speak into your mind, your heart and your soul without your permission.
ဂီတဟာ စိတ်နှလုံးကို အေးချမ်းစေပါတယ်
ဂီတပညာရပ်တစ်ခုခုကိုတက်ကျွမ်းထားတဲ့သူဟာ
စိတ်ရိုင်း၊ နှလုံးသားရိုင်းတွေမရှိပါဘူး
ကျွန်မတို့ ယာခင်းရှင်သာကျောင်းရဲ့
ရည်မှန်းချက်ကိုက အနာဂတ်နိုင်ငံတော်အတွက်
စိတ်ကော၊ ရုပ်ရော ကျန်းမာကြံ့ခိုင်တဲ့
ကျောင်းသားလူရည်ချွန်လေးတွေပေါ်ထွန်းဖို့
ဂီတသင်တန်းတွေထားရှိပေးထားတာပါ ။
လှပတဲ့ အနာဂတ်ကို ပညာရော အနုပညာနဲ့ပါ
တည်ဆောက်နိုင်ကြပါစေ 🌺🌷🌹❤️🩹
ယာခင်းရှင်သာ ကိုယ်ပိုင်အထက်တန်းကျောင်း
===============================
အမှတ်(၂)၊ ပင်လုံရိပ်မွန်အိမ်ရာ၊
လေးထောင့်ကန်လမ်းမကြီး၊
ကြီးပွားရေးရပ်ကွက် မြောက်ပိုင်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
☎️ 09443089656 / 09971320134
01/06/2024
June လဟာ တစ်နိုင်ငံလုံးကျောင်းတွေ
ပြန်လည်ဖွင့်လှစ်တဲ့ လတစ်လပါ
စာဖတ်သံ၊ စာသင်သံတွေနဲ့အတူ
ကျောင်းတစ်ကျောင်းရဲ့
ကျက်သရေရှိတဲ့ ဘုရားရှိခိုးသံ
နိုင်ငံတော်သီချင်း သီဆိုသံလေးတွေဟာ
နံနက်ခင်း ကျေးဌက်သံလေးတွေနဲ့အတူ
ပြန်လည်အသက်ဝင်လာတော့မှာပါ ။
ကျွန်မတို့ ယာခင်းရှင်သာကို
ယုံကြည်စွာ အပ်နှံထားကြတဲ့
ကျောင်းသားမိဘများကို
ကျွန်မတို့ ယာခင်းရှင်သာမိသားစုမှ
အမြဲဆုတောင်း မေတ္တာပို့သလျက်ပါရှင်။
ပညာရေးဆောင်ပုဒ် တစ်ခုဖြစ်တဲ့
" ကျောင်းနေပျော်၍ စာတော်ရမည် " ဆိုတဲ့စကားအတိုင်း
ကျောင်းသား၊ ကျောင်းသူတွေ
အတွေ့အကြုံရင့်ကျက်တဲ့ ဆရာ၊ဆရာမများမှ
အနီးကပ် ကြပ်မတ်သင်ကြားပြပေးသွားမှာ
ဖြစ်တဲ့အတွက် သားသား၊မီးမီးတွေရဲ့
ပညာရေး အနာဂတ်စိတ်အေးဖို့
ယာခင်းရှင်သာမှာ ကျောင်းတက်ပြီး
နိုင်ငံ့သားကောင်းရတနာတွေဖြစ်အောင်
ပြုစုပျိုးထောင်ပေးမယ့်
ကျောင်းတော်ကြီးဖြစ်ကြောင်း အာမခံရင်း .......
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပါစေ 🙏🙏🙏
ယာခင်းရှင်သာ ကိုယ်ပိုင်အထက်တန်းကျောင်း
===============================
အမှတ်(၂)၊ ပင်လုံရိပ်မွန်အိမ်ရာ၊
လေးထောင့်ကန်လမ်းမကြီး၊
ကြီးပွားရေးရပ်ကွက် မြောက်ပိုင်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
☎️ 09443089656 / 09971320134
27/05/2024
ကျောင်းတက်ဖို့ အဆင်သင့်ပဲလား ???
မကြာမီ ရက်ပိုင်းမှာ
အားလုံးကျောင်းပြန်တက်ရတော့မှာပါ၊
ကျွန်မတို့ရဲ့ ကျောင်းတော်ကြီးမှာလဲ
စာသင်သံ ၊ စာကျက်သံတွေနဲ့
ပြန်လည်အသက်ဝင်လာတော့မှာပါ ၊
နွေရာသီ သင်တန်းတွေရှိပေမယ့်
ယခုလို အတန်းစုံ၊ အရွယ်စုံကျောင်းသားတွေ
ကျောင်းပြန်တက်လာတဲ့ မြင်ကွင်းဟာ
ကျွန်မတို့ ဆရာ၊ ဆရာမတွေအတွက်
ကြည်နူးစရာအကောင်းဆုံး မြင်ကွင်းတစ်ခုပါ။
ကျောင်းသား၊ မောင် / မယ်တွေအနေနဲ့
အနာဂတ်ပညာရေး စိတ်အေးဖို့
ယာခင်ရှင်းသာမှာ ကျောင်းတက်ပြီး
ထူးချွန်ထက်မြက်တဲ့ လူရည်၊လူချွန်များ
ဖြစ်ကြပါစေလို့ ဆရာ၊ ဆရာမတို့အားလုံး
ဆုမွန်ကောင်း တောင်းအပ်ပါတယ် 🥰
အားလုံးပဲ အနာဂတ်ခေါင်းဆောင်ကြီးတွေ ဖြစ်ကြပါစေ 🙏
ယာခင်းရှင်သာ ကိုယ်ပိုင်အထက်တန်းကျောင်း
===============================
အမှတ်(၂)၊ ပင်လုံရိပ်မွန်အိမ်ရာ၊
လေးထောင့်ကန်လမ်းမကြီး၊
ကြီးပွားရေးရပ်ကွက် မြောက်ပိုင်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
☎️ 09443089656 / 09971320134
22/05/2024
ကဆုန်လပြည့်နေ့ သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည်
ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော
ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု
ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို
ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊
ကဆုန်လပြည့်နေ့တွင်
ဂေါတမဘုရားအလောင်းတော်
သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊
ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင်
ဂေါတမဘုရားအလောင်းတော်သည်
သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍
ဘုရားဖြစ်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊
ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏
အင်ကြင်းဥယျာဉ်၌ ဘုရားရှင်
ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့်
ဗုဒ္ဓဘာသာဝင်အပေါင်းတို့က
ကဆုန်လပြည့်နေ့အား
ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။
ဘုရားရှင်သည်
ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို
ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍
တရားအားထုတ်တော်မူခဲ့သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည်
ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော
ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။
ရေသွန်းလောင်းကြသည်မှာ
ကဆုန်လတွင် ရေရှားပြတ်လပ်၍
ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို
လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည်
ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ
ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။
နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင်
ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
ယခုလို ကဆုန်လပြည့်နေ့မှာ
မြန်မာပြည်သူ ပြည်သားအပေါင်းနဲ့
တစ်နိုင်ငံလုံးမှာရှိတဲ့
ကျောင်းသား၊ ကျောင်းသူ
မောင်၊ မယ်များအားလုံး
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းများ
ပြည့်စုံကြပါစေလို့
ကျွန်မတို့ ယာခင်းရှင်နှင့် ယာခင်းရှင်သာ မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင် 🙏🙏🙏
ယာခင်းရှင်သာ ကိုယ်ပိုင်အထက်တန်းကျောင်း
===============================
အမှတ်(၂)၊ ပင်လုံရိပ်မွန်အိမ်ရာ၊
လေးထောင့်ကန်လမ်းမကြီး၊
ကြီးပွားရေးရပ်ကွက် မြောက်ပိုင်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
☎️ 09443089656 / 09971320134