Min Travel

Min Travel

Share

We are 100 % local but our service is the best world standard by sharing our understanding, nature, culture &ways of life!!! Be worth your trip with us !

CHERS VOYAGEURS

Quelles sont les raisons qui peuvent amener un voyageur en au Myanmar :

Pays original par sa situation, sa culture, sa population. Situé entre l’Inde et la péninsule indochinoise,
ce pays est a l’abri jusqu’ici des influences extérieures

Le Myanmar pays bouddhiste qui pratique à la lettre le karma vous ne pourrez être Mieux accueilli qu’ici. La gentillesse des gens vous étonne

29/01/2025

အရမ်းအရေးကြီးတဲ့ visa မှန်သမျ Min Travel Myanmar သာဆက်သွယ်ပါ။
Sharing is caring !!

ကျောင်းသားများ Study Abroad လုပ်ဖို့အတွက်အကောင်းဆုံး
(10)နိုင်ငံကဘာတွေဖြစ်မလည်း❓

ခုခေတ်လူငယ်တွေအနေနဲ့ နိုင်ငံခြားမှာ scholar ရပြီးကျောင်းတက်မယ်ဆိုတဲ့စိတ်ကူးက လူငယ်တော်တော်များများမှာရှိတတ်ကြတယ်ပေါ့နော်။ ခုလို ၂၁ ရာစုမှာဆိုရင် ပညာရေးကအလွန်အရေးကြီးသောအခန်းကဏ္ဍကပါဝင်ပါတယ် ။

ဒါပေမယ့် တစ်ချို့ကျ ဘယ်နိုင်ငံတွေမှာပညာသင်ရမလဲဆိုတာသေချာမသိကြတာမျိုး ဖြစ်တတ်ကြတယ်။ ဒီတော့ ဘယ်လိုနိုင်ငံတွေက
ကျောင်းသားတွေအတွက်ပညာသင်ဖို့အကောင်းဆုံးလဲဆိုတာကိုဆက်လက်လေ့လာကြည့်ကြရအောင်။

(No 1) Canada (ကနေဒါ) 🇨🇦
****************************
ကမ္ဘာ့ ဒုတိယဧရိယာအကြီးဆုံးနိုင်ငံဖြစ်တဲ့ ကနေဒါနိုင်ငံဟာလက်ရှိမှာတော့ပညာရှာဖွေဆည်းပူးဖို့အကောင်းဆုံးနိုင်ငံထဲမှာ No1နေရာကနေဦးဆောင်ရပ်တည်နေပါတယ်။

မြင့်မားလှတဲ့ ပညာရေးစနစ်ကြောင့် Scholarship ကျောင်းသား
တွေအတွက်Canada ဟာမျက်စိကျစရာနိုင်ငံဖြစ်နေခဲ့ပြီးကမ္ဘာတစ်ဝှမ်းကOverseaကျောင်းသားအတော်များများသွားရောက်ပညာသင်ချင်ကြတဲ့ နိုင်ငံတစ်နိုင်ငံဆိုလည်းမမှားပါဘူး။

ကျောင်းသားများဟာလည်း အဆင့်မြင့်မားလှတဲ့လေ့ကျင့်သင်ကြား
ရးစနစ်အောက်မှာသင်ကြားခြင်းခံရပြီး တက္ကသိုလ်အဆင့်တွင်ပညာရှင် ၅ ဦး လျှင် ၂ ဦး ဟာအနည်းဆုံးနိုင်ငံတကာအဆင့်ဘွဲ့တစ်ခုရရှိထားကြပါတယ်။

ထိုးထွက်နေတဲ့GDPနဲ့နေထိုင်မှုအဆင့်အတန်းမြင့်မားလှတဲ့ ကနေဒါနိုင်ငံဟာ သာယာလှပြီးပညာသင်လို့ကောင်းလှတဲ့ နေရာတစ်ခုဘဲ
ဖြစ်နေပါတော့တယ်။Torontoမှာကျောင်းတက်မလား❓ စီးပွားရေးအချက်အခြာ ကျလှတဲ့Ottawa မြို့မှာ အချိန်ပိုင်းလုပ်ရင်းကျောင်းတက်မလား❓

နိုင်ငံရေးပဋိပက္ခကင်းပြီး ပညာရေးအခွင့်အလမ်းပါများလှတဲ့ ကနေဒါ နိုင်ငံဟာ ပညာသင်လို့အကောင်းဆုံးနိုင်ငံများကြားထဲထိပ်ဆုံးမှာရပ်တည်နေတာ အံ့သြဖွယ်တစ်စုံတရာမရှိတာအမှန်ပါဘဲ။

Mableသစ်ရွက်တို့နဲ့ Romance ဆန်လှတဲ့ Canadaနိုင်ငံရဲ့
Universityတွေကိုအောက်ကLinkလေးမှာဝင်ကြည့်သွားလို့ရပါတယ်ရှင့်။
https://www.timeshighereducation.com/student/best-universities/best-universities-canada

(No 2) Australia(သြစတြေးလျ)🇦🇺
********************************

အေးချမ်းလှပြီးနည်းပညာဖွံ့ဖြိုးတိုးတက်လှတဲ့နိုင်ငံဖြစ်တဲ့သြစတြေးလျနိုင်ငံဟာ နိုင်ငံတကာကျောင်းသားများအတွက်ဒုတိယစံအိမ်ကြီး
ဖြစ်လာခဲ့ပါတယ်။

ဘာကြောင့်လည်း❓

ထိပ်တန်းနိုင်ငံတကာကျောင်းများတွင်နေထိုင်မှုစရိတ်ဟာသြစတြေးလျတွင်အနည်းဆုံးနဲ့အသက်သာဆုံးဖြစ်ပါတယ်။

Melbourneမှာ British Romanceကိုခံစားပြိးကျောင်းတက်
မလား❓World Best Skyline ဆုကို ပူပူနွေးနွေးရရှိထားတဲ့ Sydneyမြို့ကြီးမှာ Opera Houseနဲ့ Selfieဆွဲမလား❓

သာယာလှတဲ့ Campus များနဲ့ နေထိုင်မှုစရိတ်သင့်တော်လှတဲ့ သြဇီ (ခေါ် )သြစတြေးလျားနိုင်ငံဟာ Study abroadersများအတွက် ဒုတိယပညာသင်လို့အကောင်းဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

University of Melbourne, Australian National University, University of Sydney, University of Queensland, and UNSW Sydney တို့လိုနာမည်ကြီး
Campus ကြီးတွေတည်ရှိတဲ့သြစတြေးလျနိုင်ငံဟာပညာသင်ရန်
အကောင်းဆုံးနိုင်ငံတွေထဲမှာ (NO 2) နေရာကိုရရှိထားတာဖြစ်ပါတယ်။

ပညာရေးစရိတ်သက်သာပြီး အာရှသားအများစု ပညာရေးအခြေချရာဖြစ်တဲ့ Australia နိုင်ငံရဲ့ Universities တွေကိုအောက်က
Linkလေးထဲမှာဝင်ကြည့်သွားလို့ရပါတယ်ရှင့်။
https://www.timeshighereducation.com/student/best-universities/best-universities-australia

(No 3) Germany(ဂျာမနီ)🇩🇪
****************************
Deutschlandမြေဟာဘာကြောင့်No 3 နေရာကိုရရှိထားရတာလည်း❓အင်မတန်စနစ်တကျဖွဲ့စည်းထားတဲ့ပညာရေးစနစ်ကနှစ်
စဉ် နိုင်ငံတကာအဆင့်ထူးချွန်ကျောင်းသားတွေကိုမွေးထုတ်ပေးနေပါတယ်။ဒါကြောင့်လည်း Scholarship ကျောင်းသားအများစုအတွက်မျက်စိကျစရာနေရာဖြစ်လာရတာပါ။

မြင့်မားလှတဲ့GDPနဲ့အဆင့်အတန်းမြင်လွန်းလှတဲ့ဂျာမနီတို့ရဲ့ဂုဏ်
အရှိန်အဝါက ဥရောပကိုအဖက်ဖက်ကလွမ်းမိုးထားတာ ငြင်းဖွယ်မရှိပါဘူး။Bayern Munich အသင်းကြီးရှိတဲ့ Munich မြို့မှာကျောင်းတက်ချင်လား❓Berlin Squareမှာစစ်ကျန်အဆောက်
အအုံဟောင်းတွေနဲ့ ခေတ်နောက်ပြန်သွားချင်လား?

စနစ်ကျပြီး စည်းကမ်းရှိလှတဲ့ Campusကြီးတွေမှာ ကမ္ဘာ့အဆင့်မအမြင့်ဆုံးပညာရေးစနစ်တွေနဲ့ ကျောင်းသားဘဝကိုဖြတ်သန်းချင်
လား❓

Part timeလုပ်ပြီးကျောင်းစရိတ်ကိုရှာချင်သူများအတွက်
Munichမြို့ကြီးကစောင့်ကြိုနေပါတယ်ရှင့်။။

၂၀၁၅ OEC /PISA လေ့လာမှုတွင် ဂျာမနီ ဟာသင်္ချာ နှင့်သိပ္ပံပညာတွင်အဆင့် (၁၆)နှင့်စာဖတ်ခြင်းတွင်အဆင့်(၁၁)နေရာရရှိခဲ့ပါတယ်။

Ludwig Maximilian University of Munich,
Technical University of Munich,
Heidelberg University,
Charité- Universitätsmedizin Berlin
University of Tübingen တို့လိုအရှိန်အဝါကြီးမားလှတဲ့ Campus တွေပေါများလှတဲ့ Germanyနိုင်ငံဟာ ပညာသင်လို့
အကောင်းဆုံးနိုင်ငံများအကြား No 3 နေရာမှာရပ်တည်နေတာဘဲ
ဖြစ်ပါတယ်ရှင့်။

ပညာရေးအဆင့်အတန်းမြင့်မားလွန်းလှတဲ့ Germany နိုင်ငံရဲ့
Universitiesတွေနဲ့Campusအသေးစိတ်ကိုအောက်ကLink
လေးထဲမှာဝင်ကြည့်လ်ု့ရပါတယ်ရှင့်။
https://www.timeshighereducation.com/student/best-universities/best-universities-germany

(No 4) Switzerland(ဆွစ်ဇာလန်)🇨🇭
*********************************
အေးချမ်းပြီး သာယာလွန်းလှတဲ့နိုင်ငံအဖြစ် No 1 နေရာမှာတည်ရှိ
နေတဲ့ Swiss ဟာဆိုရင်တော့ နိုင်ငံတကာတွင်ပညာသင်လိုသော
ကျာင်းသားများအတွက်ရွေးချယ်မှုတစ်ခုအနေနဲ့ဖြစ်လာခဲ့ပါတယ်။

တာဝန်ခံမှုနှင့်စီမံခန့်ခွဲမှုတို့ဖြင့်ပညာရေးစနစ်ဟာကာင်းစွာလည်ပတ်
နေပြီး အဂတိလိုက်စားမှုမရှိတဲ့ Luxury land ကြီးဟာ သူတို့ရဲ့
ပညာရေးစနစ် ကို ကမ္ဘာအဆင့်ထိရောက်အောင် တွန်းပို့ထားဆဲဖြစ်
ပါတယ်။နှင်းတောင်ကြီးတွေကြားမှာSkiစီးရင်း chillမလား❓
ကမ္ဘာ့နာမည်ကျော်ဇိမ်ခံပစ္စည်းတွေရဲ့ စုဝေးရာအရပ် Swissမြေရဲ့ သာယာလှတဲ့campusတွေမှာuni lifeကိုခံစားချင်လား❓

Zurich,Genebaတို့လိုကမ္ဘာ့ထိပ်တန်းမြို့တွေမှာ သန့်ရှင်းသာယာလှတဲ့မြို့ပြလူမှုဘဝတစ်ခုကိုစီးမြောချင်လား❓

ETH Zurich
University of Zurich
University of Basel
University of Bern
University of Lausanne တို့လို နိုင်ငံတကာအဆင့်မှီ တက္ကလ်သိုကြီးတွေရှိတဲ့ Swissဟာလည်းပညာသင်Scholarကျောင်းသားတို့ရဲ့ စုဝေးလို့အကောင်းဆုံးနေရာတစ်နေရာအနေနဲ့ရပ်တည်ေ
နပါတယ်။

သန်ရှင်းသာယာလှတဲ့ Switzerland နိုင်ငံရဲ့ Universities
Campusတွေရဲ့တစ်ခုချင်းစီအသေးစိတ်ကိုအောက်ကLinkမှာဝင်ကြည့်သွားလို့ရပါတယ်ရှင့်။

https://www.timeshighereducation.com/student/best-universities/best-universities-switzerland

(No-5) United States(USA)🇺🇲
*********************************
အမေရိကန် ဆိုတဲ့ နာမည်ကတော့ Scholar ကျောင်းသားများအတွက်ရင်းနီးနေမှာဖြစ်လို့ အထူးတလည်မိတ်ဆက်စရာတောင် မလို
တော့ပါဘူး။ အမေရိကန်လို့ဆိုလိုက်တာနဲ့ လူတိုင်းကအကောင်းဆုံး
တွေတည်ရ်ှတဲ့နိုင်ငံအနေနဲ့ပြေးမြင်ကြတာပေါ့။

ဒါ့အပြင်ကမ္ဘာစီးပွားရေးကိုထိပ်ဆုံးကဦးဆောင်နေတဲ့ GDP rank 1 US ဟာဆိုရင်တော့ သူတို့ရဲ့ပြောင်မြောင်လှတဲ့ ပညာရေးစနစ်
ကြီးဟာလည်း နိုင်ငံတကာကကျောင်းသားတွေကို ဖိတ်ခေါ်နေသလိုပါဘဲ။ကမ္ဘာ့ Transportion အကောင်းဆုံးနဲ့ ခေတ်အမှီဆုံးမြိုပြတစ်ခုဖြစ်တဲ့ NYC ဟာလက်ရှိကမ္ဘာတစ်ဝှမ်းကပညာသင်ကျောင်း
သားများအတွက် အချိန်ပိုင်းလုပ်လို့ အကောင်းဆုံးနေရာတစ်နေရာ
ဖြစ်နေဆဲပါ။

ဒါ့အပြင်ကမ္ဘာပေါ်ရှိ ထိပ်တန်းတက္ကသိုလ်ထက်ဝက်ဟာအမေရိကန်
နိုင်ငံရှိ တက္ကသိုလ်များဖြစ်ကြပါတယ်။

Harvard University, Columbia University, Johns Hopkins University, Michigan State University, Northeastern University, and Washington State University တို့လို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေတည်ရှိတဲ့ US
ဟာ ကမ္ဘာပေါ်ရှိ ပညာသင်ကျောင်းသားများအတွက် အကောင်းဆုံး
နေရာတစ်ခုအနေနဲ့ရပ်တည်နေပါတယ်။

ကမ္ဘာကျော်Campusကြီးတွေတည်ရှိတဲ့USရဲ့ Universities
Listကိုအောက်က Linkမှာဝင်ကြည့်သွားနိုင်ပါတယ်ရှင့်။

https://www.timeshighereducation.com/student/best-universities/best-universities-united-states

(No 6) Sweden(ဆွီဒင်)🇸🇪
***********************
သမိုင်းအစဉ်အလာကြီးမားလှတဲ့ ဗိုက်ကင်းလူမျိုးစုတွေရဲ့ နိုင်ငံကြီးဟာ လက်ရှိ နည်းပညာ၊စီးပွားရေး၊ပညာရေးမှာလည်း သူမတူအောင်ဦးဆောင်နေပြန်ပါတယ်။

Swedenဟာ Part Time လုပ်ရင်း ကျောင်းတက်လို့အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးကမ္ဘာကျော်ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့

Karolinska Institute
Lund University
Uppsala Universityတို့ရဲ့ ဂုဏ်သတင်းဟာလည်းနိုင်ငံတကာ
ကကျောင်သားးတွေအတွက်ဆွီဒင်မှာပညာလာသင်ဖို့ဖိတ်ခေါ်နေသ
လိုပါဘဲ။ဒါ့အပြင် ဆွီဒင်ဟာဆန်းသစ်တီထွင်မှုနဲ့ အင်ဂျင်နီယာလောက မှာဂုဏ်သတင်းရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဆွီဒင်တက္ကသိုလ်
များမှသုတေသနပြုမှုများဟာလည်းball bearing,Bluetooth,
pacemaker, Skype နှင့် Spotify တို့ရဲ့တီထွင်မှုများကိုကူညီခဲ့ပါတယ်။

တက္ကသိုလ်campusတွေနဲ့ပျော်ပျော်ကြီး လွတ်လပ်စွာပညာသင်
ကြားချင်သူများအတွက်Sweden ဟာမေ့ထားလို့မရတဲ့အနေအထားတစ်ရက်မှာတည်ရှိနေဆဲဖြစ်ပါတယ်။

လွတ်လပ်ပြီး Engineering Fieldမှာလွမ်းမိုးနေတဲ့Sweden
နိုင်ငံရဲ့Campusများကိုအောက်ကLinkလေးမှာဝင်ကြည့်သွားနိုင်ပါတယ်ရှင့်။

https://www.timeshighereducation.com/student/best-universities/best-universities-sweden

(No 7) Netherlands(နယ်သာလန်)🇳🇱
**********************************
Amstrdam မှာ ဥရောပအငွေ့အသက်တွေကို ခံစားရင်းကျောင်း
တက်ချင်နေပြီလား❓Dutchလူမျိုးတွေရဲ့မတူညီတဲ့ယဉ်ကျေးမှုတွေကိုလေ့လာချင်သလား❓ရှေးဟောင်းဆန်ပြီးတစ်မူထူးခြားလှတဲ့
Campusကြီးတွေတည်ရှိတဲ့ Netherlands နိုင်ငံဟာဆိုရင်လညား နိုင်ငံတကာကျောင်းသားတွေရဲ့နေအိမ်ဖြစ်လို့လာခဲ့ပါပြီ။

ပညာရေးနေထိုက်မှုစရိတ်ဟာသင့်နင့်တင့်တဲ့အနေအထားမှာရှိနေပေမဲ့လည်း နိုင်ငံရေးပဋီပက္ခမရှိဘဲ အေးအေးချမ်းချမ်းနဲ့ ကောင်းမွန်
လှတဲ့ ပညာရေးစနစ်ရှိတဲ့ Netherlands နိုင်ငံဟာ Study abroad ကျောင်းသားများအတွက်တော့မေ့ထားလို့မရတဲ့အနေအထားတစ်ခုမှာရပ်တည်နေပါတယ်။

European Vibes တို့ရဲ့မွေ့လျော်ရာ နယ်သာလန်နိုင်ငံရဲ့ University Campusများအသေးစိတ်ကိုအောက်ကLinkထဲမှာဝင်ကြည့်လို့ရပါတယ်ရှင့်။

https://www.timeshighereducation.com/student/best-universities/best-universities-netherlands

(No 8) United Kingdom(UK)🇬🇧
*******************************************
Scholarshipလို့ပြောလိုက်တာနဲ့UKကိုချန်ထားမရတာအမှန်ဘဲ
နော်။UKဟာပညာရေးအတိုးတက်ဆုံး နိုင်ငံတွေထဲမှာကမ္ဘာ့အဆင့်
2 နေရာမှာရပ်တည်နေပြီး GDP Rank 2မှာရပ်တည်နေတဲ့နိုင်ငံ
ကြီးတစ်နိုင်ငံဖြစ်ပါတယ်။

University of Cambridge
University of Oxford
University of St Andrews
Loughborough University
University of Bristol
Cambridge University တို့လိုသမိုင်းဂုဏ်ထည်ဝါကြီးမားလှတဲ့Campusတွေနဲ့ပြည့်နှက်နေတဲ့UKဟာကမ္ဘာ့တစ်ဝှမ်းကကျောင်းသားများရဲ့ပညာရေးသုခဘုံတစ်ခုဖြစ်လို့နေပါတယ်။

UKတက္ကသိုလ်များမှဘွဲ့များနှင့် အရည်အချင်းများကို ကမ္ဘာအနှံ့ရှိအလုပ်ရှင် /ကုပဏ္ဏိအများစုကအသိအမှတ်ပြုတာကြောင့် UK Scholarship ကိုစောင့်နေသူတွေကလည်း အင်မတန်များလှပါတယ်။ ဥရောပရဲ့ ဒိတ်ဒိတ်ကျဲနိုင်ငံဖြစ်တဲ့ Victoria မြေ UK ဟာနိုင်ငံတကာကကျောင်းသားများအတွက် နေထိုင်ရန်အကောင်းဆုံးနိုင်ငံတစ်ခုဆိုလည်းမမှားပါဘူး။ အာရှသားများ အင်မတန်လာရောက် ပညာသင်ကြတဲ့ UKဟာလက်ရှိ Study Abroader s တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ ပညာရေးမှတ်တိုင်တစ်ခုအနေနဲ့မားမတ်စွာရပ်တည်လျက်ရှိနေပါတယ်။

လူနေမှုအဆင့်အတန်းမြင်လှတဲ့ဥရောပရဲ့ ဒိတ်ဒိတ်ကြဲ UKရဲ့အစဉ်
အလာရှိလှတဲ့ Campus တွေကိုအောက်က Linkမှာဝင်ကြည့်လို့
ရပါတယ်ရှင့်။
https://www.thecompleteuniversityguide.co.uk/league-tables/rankings

(No 9) Spain(စပိန်)🇪🇸
*************************
Espanola~ ကမ္ဘာ့လူသုံးအများဆုံးဘာသာစကားတစ်ခုရဲ့မွေးရပ်မြေ စပိန်ဟာ Study Aboraders များအတွက် အကောင်ဆုံး
နေရာဖြစ်လို့လာခဲ့ပါတယ် ။ Barcelona ရဲ့ ရင်သက်ရှုမောဖွယ်
Skylineနဲ့ Neu Camp ဘောလုံးကွင်းကြီးရှိတဲ့ စပိန်ဟာ ကမ္ဘာတစ်ဝှမ်းကကျောင်းသားတွေ မျက်စိကျအောင်အဘက်ဘက်ကနေဆွဲဆောင်နေပါတယ်။အစိုးရရဲ့ပညာရေးစနစ်မြှင့်တင်မှုအောက်မှာ
တစတစ တရိပ်ရိပ်တက်လာတဲ့ ပညာရေးအရှိန်အဝါနဲ့အတူကမ္ဘာကျော် တက္ကသိုလ်Campusတွေဖြစ်ကြတဲ့

Pompeu Fabra University
Autonomous University of Barcelona
University of Barcelona
University of Navarra
Autonomous University of Madrid တို့ရဲ့နေအိမ်ဖြစ်
တဲ့ စပိန်နိုင်ငံဟာ ကမ္ဘာပညာသင်ယူလို့အကောင်းဆုံးနိုင်ငံများထဲမှာ No 9 နေရာကနေ ရပ်တည်လို့နေခဲ့ပါတယ်။

ရင်သက်ရှုမောဖွယ်ရာ ဓလေ့တွေနဲ့ ပြည့်နှက်နေတဲ့ စပိန်နိုင်ငံရဲ့တ
က္ကသိုလ်များကိုအောက်က Link လေးထဲမှာအသေးစိတ်ဝင်ကြည့်သွားလို့ရပါတယ်ရှင့်။

https://www.timeshighereducation.com/student/best-universities/best-universities-spain

(No 10) France(ပြင်သစ်)🇲🇫
****************************
Romance ဆန်လှတဲ့ဥရောပရဲ့ အလှပဂေးနိုင်ငံတစ်ခုဖြစ်တဲ့
France(ပြင်သစ်)ဟာ နိုင်ငံတကာကျောင်းသားများ ပညာသင်လို့
အကောင်းဆုံး နိုင်ငံဖြစ်လို့နေခဲ့ပါတယ် Paris မြို့ကကော်ဖီဆိုင်လေးတွေမှာ Frenchရိုးရာတေးသွားလေးတွေနဲ့ စီးမြောခံစားရင်းအချိန်ပိုင်းလုပ်ရင်းကျောင်းတက်ချင်နေသူလား❓ကမ္ဘာတစ်ဝှမ်းကပညာရေးနယ်ချဲ့လိုသူများအဖို့ ယဉ်ကျေးလှတဲ့ France ကနေအမြဲတမ်းကြိုဆိုနေမှာပါနော်။ Eiffel Towerကြီးနဲ့Selfieလှလှလေး
ဆွဲပြီး Uni Lifeကို ပြည့်ပြည့်ဝဝကြီး ခံစားချင်သူများအဖို့ ကမ္ဘာ့ပ
ညာရေးထိပ်တန်းနိုင်ငံကြီးဖြစ်တဲ့ Franceဟာ ပညာသင်ကျောင်းသားတွေအတွက် အစစအရာရာပြည့်စုံနေမှာမလွဲပါဘူး။

PSL- Research University Paris
Sorbonne University
University of Paris တို့လိုထိပ်တန်းတက္ကသိုလ်များနဲ့ကမ္ဘာ့ပညာရေးလောကကို ဦးဆောင်နေတဲ့ Franceဟာ နိုင်ငံရပ်ခြားက
ကျောင်းသားလူငယ်များအဖို့ နိဗ္ဗာန်ဘုံတစ်ခုသာဖြစ်နေခဲ့ပါတယ်။

လှပလွန်းတဲ့တေးသွားလေးများနဲ့ Paris မြို့ရဲ့ကော်ဖီဆိုင်လေးတွေတည်ရှိရာFrance(ပြင်သစ်)နိုင်ငံရဲ့တက္ကသိုလ်တွေကိုအောက်
ကLink လေးထဲမှာဝင်ကြည့်သွားနိုင်ပါတယ်ရှင့်။
https://www.timeshighereducation.com/student/best-universities/best-universities-france

အာရှပညာရေးထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ Japan(ဂျပန်)🇯🇵ဟာ
ကမ္ဘာ့အဆင့် 17 နေရာမှာရပ်တည်နေပြီးSingapore(စင်ကာပူ)
🇸🇬၊Thailand(ထိုင်း)🇹🇭၊ South Korea(တောင်ကိုရီယား)
🇰🇷နိုင်ငံတွေဟာ ကမ္ဘာ့အဆင့် 19,22နဲ့ 25တို့မှာအသီးသီးရပ်တည်နေပါတယ်ရှင့်။
______________________________________
ဒီနေ့ကျွန်မတို့Youth Triviaကနေတင်ဆက်ပေးခဲ့တာလေးကတော့ Overseaကျောင်းသားများ ကိုယ့်ပညာရေးအတွက် ဘယ်နိုင်ငံကိုရွေးချယ်သင့်သလည်း ဆိုတဲ့အပေါ်မှာ Researchလုပ်ပြီးပြောပြးခဲ့တာဘဲဖြစ်ပါတယ်။

ယခုResearchအပေါ်မှာထပ်သိချင်တာ၊မေးစရာရှိရင်ကျွန်မတို့ရဲ့
Youth Trivia Chat Boxမှာလာမေးလို့ရပါတယ်ရှင့်။

လာမေးပါ၊ဆွေးနွေးပါ၊ ကိုယ့်ပညာရေးဘဝပန်းတိုင်ကိုအကောင်ဆုံး
တည်ဆောက်ပါ။ မိမိလိုချင်တဲ့ အောင်မြင်တဲ့ဘဝခရီးလမ်းကို လွယ်
ကူချောမွေ့စွာ လျှောက်လှမ်းနိုင်ကြပါစေရှင့်။🇲🇲💕
___________________________________________
Presented By
Youth Trivia Research Organization

Photos from Min Travel's post 28/06/2019

Plantation Period in Myanmar !!!

Photos from Min Travel's post 06/09/2016

ဒီပုံတွေကိုယ်တိုင်ရိုက်ခဲ.တာ ၁၃ နှစ်ရှိပြီ

Photos from Min Travel's post 02/07/2016
Myanmar 26/05/2016
Photos from Min Travel's post 27/10/2015

Wonderful Pha An !!!!
So many Caves are there.
We can arrange for your trip there.
contact : [email protected]

Mobile uploads 18/06/2015

a nice view of our country

Mobile uploads 14/05/2015

How?

Mobile uploads 27/03/2015

the View of Ngapali Beach

Mobile uploads 13/02/2015

Happy Birthday General Aung San!!!

Mobile uploads 09/02/2015

Das ist Wasserschale.Von diesem Wasser kann man genau die spitze der Pagode sehen.Das ist Tupisch Myanmar Archete.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

959

Website

Address


241 , Phoe Khaung Condominium, Phoe Khaung Street, 14/2 QT, Southokkalapa
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00