ဉာဏ Empowers

ဉာဏ Empowers

Share

Nyarna Empowers Co.Ltd provides consultancy services for business and education.

22/08/2026

🇮🇩✈️အင်ဒိုနီးရှားနိုင်ငံ၊ ပါကာဆာ လေယာဉ်မောင်းသင်တန်းကျောင်း၏ September Intake အတွက် ကျောင်းအပ်လက်ခံနေပါပြီ

📆သင်တန်းကာလမှာ (၁၄) လ - (၁၆)လ ကြာမြင့်မည်ဖြစ်ပြီး PPL, CPL, IR, ME နှင့် ATPL (Frozen) အထိ သင်ကြားပေးမည်ဖြစ်ပါသည်။

✈️ကျောင်းသား (၅) ‌ဉီးလျှင် လေယာဉ်တစ်စင်းဖြင့် သင်ကြားမည်ဖြစ်ပြီး စာတွေ့သင်ကြားချိန် (၇၆၁)နာရီ၊ ပျံသန်းချိန်စုစုပေါင်း (၂၁၂) နာရီ နှင့် Simulator ဖြင့် မောင်းနှင်ခြင်း နာရီ (၆၀) ပါဝင်မည်ဖြစ်ပါသည်။

ကျောင်းလခတွင် နေစရိတ်ပါဝင်ပြီးဖြစ်ပြီး ကျောင်းလခကို (၁၀) ကြိမ်အထိ အရစ်ကျပေးသွင်းနိုင်ပါသည်။

အသက် (၁၇) နှစ်ပြည့်မြောက်ပြီး အခြေခံပညာအထက်တန်းနှင့် အလားတူအရည်အချင်းရှိသူများအားလုံး တက်ရောက်နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက-

ဉာဏစွမ်းပကား | Nyarna Empowers
☎️09 7500 744 69 (Viber ဖြင့်လည်းဆက်သွယ်နိုင်ပါသည်။)
🏠၉၀၃၊ မောရဝတီကွန်ဒို ၁၃၅၊ ပြည်လမ်း၊ ၈ မိုင် (မဟာစည်မှတ်တိုင်) ၊ ရန်ကုန်
(ရုံးချိန် တနင်္လာ - သောကြာ ၉:၀၀ နာရီမှ နေ့လယ်၃:၀၀အထိ)
#

18/08/2026

📣 YPC International College ၏ Principalနှင့်ကို​​​ယ်တိုင် ဆွေးနွေးနိုင်မည့်အခွင့်အရေး 📣

ကမ္ဘာ့အဆင့် ၅၀၀ စာရင်းဝင် UK နိုင်ငံ Liverpool John Moores University (LJMU) က ပေးအပ်ချီးမြှင့်သော ဘွဲ့များကို အချိန်တိုအတွင်း ကုန်ကျစရိတ်အသက်သာဆုံးဖြင့် မလေးရှားနိုင်ငံတွင် တက်ရောက်နိုင်မည့် ပညာရေးလမ်းကြောင်းများ၊ HND/ NCC Level 5 Diploma အောင်မြင်ထားသူများအနေဖြင့် UK နိုင်ငံ LJMUက တိုက်ရိုက်ချီးမြှင့်သော ဘွဲ့များကို တစ်နှစ်သာ ကုန်ကျစရိတ် အသက်သာဆုံးဖြင့် တက်ရောက်နိုင်မည့် ပညာရေးလမ်းကြောင်းများနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်သူများအတွက် အထူးသတင်းကောင်းတစ်ခု ရှိပါတယ်။

YPC International College ၏ Principal ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကျောင်းသူကျောင်းသားများနှင့် မိဘများအနေဖြင့် မိမိတို့ သိရှိလိုသည့် ပညာရေးဆိုင်ရာ အချက်အလက်များနှင့် ကျောင်းနှင့်ပတ်သက်သော အကြောင်းအရာများကို လူကိုယ်တိုင် တိုက်ရိုက် လာရောက်မေးမြန်း ဆွေးနွေးနိုင်မည့် အခွင့်အရေးပဲ ဖြစ်ပါတယ်။

📌 တွေ့ဆုံဆွေးနွေးနိုင်မည့် အသေးစိတ်အချက်အလက်များ
* နေ့ရက် - ဩဂုတ်လ (၂၂) ရက် (စနေနေ့)
* ‌အချိန် - နေ့လယ် ၁နာရီ မှ ညနေ ၃နာရီအတွင်း
* နေရာ - အခန်း ၉၀၃၊ မောရဝတီ ကွန်ဒို
၁၃၅၊ ပြည်လမ်း၊ (၈)မိုင် (မဟာစည်မှတ်တိုင်)၊ရန်ကုန်။

Principal DATUK Dr. Noel Robertနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီး အနာဂတ်ပညာရေးအတွက် အကောင်းဆုံး လမ်းညွှန်မှုများ ရယူနိုင်ရန် ဩဂုတ်လ (၂၂) ရက်နေ့တွင် ၈ မိုင်ရုံးသို့ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်အပ်ပါသည်။

YPC International College
Myanmar Representative Office
097500 59926 (Viber ကလည်း ဆက်သွယ်နိုင်ပါသည်)

29/07/2026

ဝါဆိုလပြည့်နေ့ "ဓမ္မစကြာ အခါတော်နေ့"

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် သူတော်ကောင်းတရားများ ပွားများကျင့်ကြံအားထုတ်လျက် ကိုယ်စိတ်နှလုံး သုံးပါးလုံး ချမ်းမြေ့ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဉာဏစွမ်းပကား | Nyarna Empowers

19/07/2026

ယနေ့ကျရောက်သော “အာဇာနည်နေ့”အား အလေးအမြတ်ပြုရင်း ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါဝရပြုအပ်ပါသည်။

ဉာဏစွမ်းပကား | Nyarna Empowers

Photos from ဉာဏ Empowers 's post 18/07/2026

ဉာဏ Empowers ​၏ မိတ်ဖက်ပညာရေးအဖွဲ့အစည်းဖြစ်သော KMD Education Group က ၁၈-၇-၂၀၂၆ ရက်နေ့ (စနေနေ့)တွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ Digital Hub Pansodan ၌ Global Education Expo 2026 အခမဲ့ပညာရေးပြပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းပညာရေးပြပွဲတွင် ဉာဏစွမ်းပကားက အောက်ပါ အာဆီယံ ဒေသတွင်း တက္ကသို်၊ ကောလိပ်နှင့် လေယာဉ်မောင်းသင်တန်းကျောင်းတို့ကို မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံးအဖြစ် ကိုယ်စားပြုကာ ပညာသင်ဆုများ ချီးမြှင့်ခြင်း၊ ပြည်ပပညာသင်အခွင့်အလမ်းများ မိတ်ဆက်ခြင်း၊ ဝင်ခွင့်သတ်မှတ်ချက်များ ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်-

North Chiang Mai University Myanmar Representative Office
YPC Myanmar Representative Office
Perkasa Myanmar

ဉာဏစွမ်းပကား | Nyarna Empowers

11/06/2026

၄ ရက်တာအတွင်း လေယာဉ်မှူးတစ်ဦးရဲ့ နေ့စဉ်ဘဝကို လက်တွေ့ခံစားကြည့်ဖို့ အဆင်သင့်ပဲလား? 👨‍✈️👩‍✈️
✈️လေယာဉ်မှူးကြီးအိမ်မက်ရှိသူ မြန်မာလူငယ်များအတွက် အင်ဒိုနီးရှားနိုင်ငံ၊ Perkasa Flight School ၏ 4 Days Pilot Camp အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ရပါသည်။
🎛️ DGCA-FAA Certified Simulator: တကယ့်လေယာဉ် Cockpit ထဲ ရောက်နေသလို လက်တွေ့မောင်းနှင်မှု အတွေ့အကြုံကို စမ်းသပ်မည့်အခွင့်အရေး။
🛩️ Joy Flight Experience: ကောင်းကင်ထက်မှာ တကယ့်လေယာဉ်ပျံသန်းမှုကို ကိုယ်တိုင်ခံစားကြည့်ရှုနိုင်မည့် ရင်ခုန်စရာ အစီအစဉ်။
👨‍✈️ Captain's Class & PFS Students Interaction: ဝါရင့်လေယာဉ်မှူးကြီးများ၊ လက်ရှိတက်ရောက်နေတဲ့ ကျောင်းသားများနှင့် တိုက်ရိုက်ဆွေးနွေးပြီး လေကြောင်းလုပ်ငန်း အကြောင်း လေ့လာခွင့်။
🌋ဒေသန္တရဗဟုသုတအတွက် အလည်အပတ်ခရီးစဉ်များလည်း ပါဝင်ပါသည်။
⚠️ လူဦးရေ အကန့်အသတ်ရှိပါသဖြင့် အခုပဲ ဆက်သွယ်စုံစမ်းအပ်နှံလိုက်ပါ။

ဉာဏစွမ်းပကား | Nyarna Empowers
🇲🇲 09 7500 744 69 (Viber ဖြင့်လည်းဆက်သွယ်နိုင်ပါသည်။)
📍၉၀၃၊ မောရဝတီကွန်ဒို ၁၃၅၊ ပြည်လမ်း၊ ၈ မိုင် (မဟာစည်မှတ်တိုင်) ၊ ရန်ကုန်
(ရုံးချိန် တနင်္လာ - သောကြာ ၉:၀၀ နာရီမှ နေ့လယ်၃:၀၀အထိ)

#

Photos from ဉာဏ Empowers 's post 03/06/2026

ဉာဏသည် မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်၏ မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံးအဖြစ် ရပ်တည်ဆောင်ရွက်လျက် ရှိရာတွင် အခါအားလျော်စွာ တက္ကသိုလ်မှ ပါမောက္ခ၊ ဆရာကြီး၊ ဆရာမကြီးများကို ဖိတ်ခေါ်၍ အခမဲ့ ပညာရေးဆွေးနွေးပွဲများ အလုပ်ရုံဆွေးနွေးပွဲများကို ဖိတ်ခေါ်ကျင်းပဆောင်ရွက်ပေးလျက်ရှိပါသည်။ ✨📊

🇹🇭မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာကောလိပ်၏ Assistant Dean ဖြစ်သူ Dr. Pongsiri Kamkankaew ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း "From Maker To Manager: Building Simple Systems For Solo Growth" ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို သူမလက်ရာ (She Creates) နှင့်ပူးပေါင်း၍ အောင်မြင်စွာ ကျင်းပနိုင်ရေး ဉာဏက ပံ့ပိုးကူညီပေးခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီးတစ်ကိုယ်တော်လုပ်ငန်းရှင် " ၃၄ " ဦး တက်ရောက်ခဲ့ကြပါသည်။

🧶🪡မိမိတို့၏ အနုပညာ၊ လက်မှုနှင့် အခြားထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း၊ စားသုံးသူစီမံခန့်ခွဲမှုနှင့် ကုန်ပစ္စည်းပို့ဆောင်မှု အစရှိသဖြင့် လုပ်ငန်းအဆင့်ဆင့်ကို တစ်ဦးတည်း ဆောင်ရွက်လျက်ရှိကြသည့် တစ်ကိုယ်တော်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲကာ လုပ်ငန်းချဲ့ထွင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အမြင်သဘောထားဖလှယ်ကာ ဆွေးနွေးခဲ့ကြပါသည်။

🇲🇲ဉာဏအနေဖြင့် မြန်မာကျောင်းသား/သူများ ဒေသတွင်းနိုင်ငံများရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သက်မွေးပညာသင်ကျောင်းများသို့ လွယ်လင့်တကူ တက်ရောက်နိုင်အောင် ကူညီဆောင်ရွက်ပေးနေရုံတင်မကဘဲ၊ ပြည်တွင်းရှိ လူငယ်များနှင့် လုပ်ငန်းရှင်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာ၊ အတတ်ပညာရပ်များကို ဆက်လက်မျှဝေ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်ပါသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲ၏ မှတ်တမ်းဓာတ်ပုံများကို ဂုဏ်ယူစွာဖြင့် ဝေမျှအပ်ပါသည်။✨

In the capacity as Myanmar Representative Office of North-Chiang Mai University (NCU), Nyarna regularly hosts free educational seminars and workshops, inviting distinguished professors and academicians to empower youth and professionals in Myanmar.

Recently, during the Myanmar visit of Dr. Pongsiri Kamkankaew, Assistant Dean of the International College at North-Chiang Mai University, Nyarna proudly facilitted a special workshop titled "From Maker To Manager: Building Simple Systems For Solo Growth," in collaboration with She Creates.

The workshop was attended by "34" talented solo women entrepreneurs who single-handedly manage every aspect of their businesses; from crafting art, handicrafts, and products to marketing, customer relations, and logistics. It was an insightful session filled with vibrant knowledge-sharing on how to build simple, systematic frameworks to effectively manage, scale, and upgrade their solo ventures. 💡

Beyond bridging the gap for Myanmar students to access quality education at regional universities, colleges, and vocational schools, Nyarna remains deeply committed to fostering continuous growth and sustainable development for local youth and entrepreneurs through knowledge-sharing initiatives. 🌟

ဉာဏစွမ်းပကား | Nyarna Empowers

28/05/2026

Eid Al Adha Mubarak to all! 🌙✨
May this special day bring peace, happiness and prosperity to everyone.

ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ “Eid Al- Ahda" အခါသမယတွင် ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ ကြွယ်ဝခြင်းများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဉာဏစွမ်းပကား | Nyarna Empowers

27/05/2026

🇬🇧🇲🇾 ယူကေနိုင်ငံ Liverpool John Moores University (LJMU) က တိုက်ရိုက်ပေးအပ်တဲ့ ဘွဲ့များကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ စရိတ်စက သက်သာစွာ တက်ရောက်လိုက်ပါ။

အသေးစိတ် စုံစမ်းရန်
Nyarna Empowers
ဉာဏစွမ်းပကား
🇲🇲 09 7500 59926 (Viber ကလည်း စုံစမ်းနိုင်ပါသည်)
၉၀၃၊ မောရဝတီကွန်ဒို
၁၃၅၊ ပြည်လမ်း၊ ၈ မိုင်၊ (မဟာစည်မှတ်တိုင်)၊ ရန်ကုန်။
ရုံးချိန်: တနင်္လာ- သောကြာ နံနက် ၉း၀၀ နာရီမှ မွန်းလွဲ ၃း၀၀ နာရီအထိ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


135, Pyay Raod, Mayangone
Yangon
11061

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00