Nesshin Kaigo Academy

Nesshin Kaigo Academy Professional Caregiver ဖြစ်လိုသူများ အတွက် ...

Japan Caregiver (Kaigo) အလုပ်ကို ဘာလို့ လုပ်သင့်သဲ ?  Kaigo Scholarship (Sponsor) Program ကို ဘာကြောင့် Join သင့်သလဲ?🌸 ဂ...
29/07/2026

Japan Caregiver (Kaigo) အလုပ်ကို ဘာလို့ လုပ်သင့်သဲ ?

Kaigo Scholarship (Sponsor) Program ကို ဘာကြောင့် Join သင့်သလဲ?

🌸 ဂျပန်မှာ အလုပ်တစ်ခု ရှာနေတာလား? ဒါမှမဟုတ် ဘဝအဓိပ္ပါယ်ရှိတဲ့ အနာဂတ်တစ်ခု တည်ဆောက်ချင်တာပါလား?

တစ်ခါတစ်လေ လူတွေက 介護(Kaigo)အလုပ်ကို “သက်ကြီးရွယ်အိုတွေကို ပြုစုရတဲ့ အလုပ်” လို့ပဲ မြင်ကြပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့…

介護 Caregiver (Kaigo) ဆိုတာ လူတစ်ယောက်ရဲ့ ဘဝကို တန်ဖိုးရှိအောင် ကူညီပေးတဲ့ အလုပ်ပါ။ ❤️

အသက်ကြီးလာတဲ့ အဖိုးအဖွားတွေမှာလည်း ...
❣️သူတို့ရဲ့ အိပ်မက်တွေ ရှိခဲ့ပါတယ်။
❣️မိသားစုအတွက် ကြိုးစားခဲ့ကြပါတယ်။
❣️လူငယ်ဘဝမှာ တိုင်းပြည်နဲ့ မိသားစုအတွက် အများကြီး ပေးဆပ်ခဲ့ကြပါတယ်။

အခုအချိန်မှာ သူတို့လိုအပ်တာက…
💙 နွေးထွေးတဲ့ စကားတစ်ခွန်း
💙 လက်ကို ကိုင်ပေးမယ့် လူတစ်ယောက်
💙 “သင်ဟာ တန်ဖိုးရှိပါတယ်” လို့ ခံစားရစေမယ့် ကြင်နာမှုတစ်ခု
အဲဒီအရာတွေကို ပေးနိုင်တဲ့သူက 介護職員(Kaigo caregiver) ဖြစ်ပါတယ်။

🌱 Kaigo အလုပ်ကနေ…

✅ ဂျပန်ဘာသာစကား တိုးတက်လာမယ်
✅ ဂျပန်လူမှုဘဝနဲ့ ယဉ်ကျေးမှုကို နားလည်လာမယ်
✅ တည်ငြိမ်တဲ့ Career တစ်ခု တည်ဆောက်နိုင်မယ်
✅ လူတွေရဲ့ဘဝကို ကူညီပေးရတဲ့ ဂုဏ်ယူစရာအလုပ်တစ်ခု ရရှိမယ်

မီနစံရဲ့ ဂျပန်အိပ်မက်က လစာရဖို့တစ်ခုတည်း မဟုတ်ဘဲ … လူတစ်ယောက်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ဖန်တီးပေးနိုင်တဲ့ အနာဂတ်တစ်ခု ဖြစ်ပါတယ်။ 🌸

Kaigo Scholarship (Sponsor) က မီနစံရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။



#ဂျပန်အိပ်မက်
#介護の仕事


မှ Kaigo Scholarship (Sponsor) Program တစ်ခုတည်းကို သာ အခမဲ့ စီစဉ်ဆောင်ရွက်ပေးပါတယ်။ အလုပ်သီးသန့် မဆောင်ရွက်ပေးပါ။

NESSHIN KAIGO ACADEMY
📍အမှတ် ၅၄၆၊ ကမ်းနားလမ်း၊
ကြည့်မြင်တိုင်မြို့နယ်။
Regency Petrol Station ရှေ့၊ ရန်ကုန်မြို့။
📞 09945543274

ပြုစုစောင့်ရှောင့်သူ Caregiver (Kaigo) အလုပ်ကို ဘယ်လိုသူတွေ လုပ်ကိုင်ကြသလဲ ...- ကြင်နာတဲ့ စိတ်ထားရှိသူ၊- မိမိပြုစုစောင့်...
26/07/2026

ပြုစုစောင့်ရှောင့်သူ Caregiver (Kaigo) အလုပ်ကို ဘယ်လိုသူတွေ လုပ်ကိုင်ကြသလဲ ...

- ကြင်နာတဲ့ စိတ်ထားရှိသူ၊
- မိမိပြုစုစောင့်ရှောင့်ပေးမှုကြောင့် တဖက်သားအစဉ်ပြေသွားတာကို နှစ်သက်သူ၊
- အဖိုး အဖွားများကို ချစ်ခင်တတ်သူ၊ အဖိုး အဖွားများ နှင့် အတူနေထိုင်ဖူးသူ၊
- မိမိခွန်အားဖြင့် မိမိနေ့စဉ်ဘဝကို မစွမ်းဆောင်နိုင်သောသူများကို သနားကြင်နာတတ်သူ၊
- အထီးကျန်ဆန်သော သူများကို အားပေးနှစ်သိမ့်တတ်သူ၊
- စိတ်ဓါတ်ခိုင်မာ ရင့်ကျက်သောသူ၊ ပျော်ရွှင်စွာ နေထိုင်တတ်သူ၊




NESSHIN မှ နှစ်စဉ် ခေါ်ယူပေးနေတဲ့ Kaigo Scholarship (Sponsor) Program အကြောင်း  ရှင်းလင်းဆွေး‌နွေးပွဲ ပြုလုပ်ပေးဖို့ရှိပ...
26/07/2026

NESSHIN မှ နှစ်စဉ် ခေါ်ယူပေးနေတဲ့ Kaigo Scholarship (Sponsor) Program အကြောင်း ရှင်းလင်းဆွေး‌နွေးပွဲ ပြုလုပ်ပေးဖို့ရှိပါတယ်။ ဂျပန်ဘက် ကောလိပ်မှ တာဝန်ခံ ဂျပန်ဆရာကိုယ်တိုင် လာရောက် ရှင်းပြ ဆွေးနွေး‌ပေးမှာမို့ စိတ်ဝင်စားသူ၊ မိမိ သိလိုရာကို တာဝန်ခံ ဂျပန်ဆရာ နှင့် တိုက်ရိုက် ဆွေးနွေးမေးမြန်းလိုသူများကို ဖိတ်ခေါ်ပါတယ်။

📆 နေ့ရက် - ၉.၈.၂၀၂၆ (တနဂ်နွေနေ့)
⏰ အချိန် - နံနက် ၁၀:၀၀ နာရီ
📍 နေရာ - NESSHIN Japanese Language Academy
🏫 အမှတ် (၅၄၆)၊ ကမ်းနားလမ်း၊
ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
Regency Petrol Station ရှေ့
(ကမ်းနားလမ်း ၊ ဟုမ်းလမ်းကားမှတ်တိုင် အနီး)

🗒️ NESSHIN သင်တန်းကျောင်း ဖုန်းနံပါတ် 09945543274 ကိုသော်လည်းကောင်း၊ Page Messenger မှသော်လည်းကောင်း စာရင်းပေးသွင်းနိုင်ပါပြီ။

🪑 ထိုင်ခုံနေရာ အကန့်သတ်ရှိပါသဖြင့် ကြိုတင်စာရင်းပေးသွင်းစေလိုပါသည်။ 🙇🏻‍♀️





#専門学校

စိတ်အားထက်သန်စွာ သင်ယူပါ။ နှလုံးသားအပြည့်ဖြင့် ပြုစုစောင့်ရှောက်ပါ။ အမြင့်မားဆုံး အရည်အသွေးဖြင့် လူမှုအသိုင်းအဝိုင်းကို ...
22/07/2026

စိတ်အားထက်သန်စွာ သင်ယူပါ။ နှလုံးသားအပြည့်ဖြင့် ပြုစုစောင့်ရှောက်ပါ။ အမြင့်မားဆုံး အရည်အသွေးဖြင့် လူမှုအသိုင်းအဝိုင်းကို အကျိုးပြုပါ။

情熱を持って学び、心を込めて介護し、最高の品質で社会に貢献する。

Learn with Passion. Care with Heart. Contribute to Society with Excellence.



NESSHIN Kaigo Academy

ဒီရက်ပိုင်း ပို့စ်တစ်ခု ဖတ်လိုက်ရတယ်။ ###x ဘွဲနဲ့ ပြီးထားတဲ့ သူက ခွေးကျောင်း(ခွေးထိန်း)နေတယ်၊ ###x နဲ့ ပြီးထားတဲ့ သူက မှ...
18/07/2026

ဒီရက်ပိုင်း ပို့စ်တစ်ခု ဖတ်လိုက်ရတယ်။ ###x ဘွဲနဲ့ ပြီးထားတဲ့ သူက ခွေးကျောင်း(ခွေးထိန်း)နေတယ်၊ ###x နဲ့ ပြီးထားတဲ့ သူက မှန်သုတ်(အိမ်မှန်တံခါးသန့်ရှင်းရေးလုပ်)နေတယ်တဲ့။ ..... (စက်ာပူက Domestic Worker လေး တစ်ယောက်ရဲ့ ရင်ဖွင့်သံပေါ့။)

私တို့ တပည့်လေးတွေထဲ မှာလဲ တက္ကသိုလ် တက်လက်စ ကလေးတွေ၊ တက္ကသိုလ် ဝင်ခွင့်ရထားပြီးသားကလေးတွေ ၊ ၁၀တန်း အမှတ်ကောင်းပါလျှက်နဲ့ Kaigo (Caregiver) ကို ရွေးချယ်လိုက်တဲ့ ကလေးတွေ ရှိတယ်။ ဒီလိုကြောင့်လဲ ကလေးတွေဟာ N3-N2 ကို အချိန်တိုအတွင်း အောင်နိုင်သွားကြတာလဲ ပါတာပေါ့နော်။ 私တို့က ဒီဂျပန်လမ်းကြောင်းကို ကိုယ်တွေ့ -Volunteer-စေတနာ နဲ့ ရပ်တည်ဖို့ လုပ်နေတာမို့ ၊ 私တို့ဆီရောက်လာတဲ့ကလေးတွေကို ဒီလမ်းကြောင်းပေါ်ကိုပဲ အကောင်းဆုံးတင်ပေးလိုက်နိုင်ပေမယ့် ၊ ကလေးတွေ ခေါင်းထဲမှာ သေချာထည့်ပေးလိုက်တာက ... အခုသွားတဲ့ လမ်းကြောင်းသည် ဂျပန်စာလေး အစဉ်ပြေသလောက်သင်ပြီး အလုပ်လုပ်ရဖို့ပဲ သွားရတဲ့ လမ်းကြောင်း မဟုတ်ပါဘူး။ ကျောင်းတက်နိုင်တဲ့ အခွင့်အရေးရှိပါလျှက် အလုပ်နဲ့ပဲ သွားချင်တယ်ဆိုတဲ့ ကလေးကိုလဲ အလုပ်နဲ့ပဲ အတင်းပေးမသွားခိုင်းပါဘူး။ တတ်နိုင်သမျှ Vocational College တက် National License ဖြေပြီး လိုင်စင်ရတစ်ယောက်အနေနဲ့ အလုပ်လုပ်နိုင်တဲ့ လမ်းပေါ်ကို တင်ပေးလိုက်တာပါ။

私တို့ ပြောပေးလိုက်တဲ့ စကားရှိပါတယ်။ မီနစံတို့က အကြောင်းအမျိုးမျိုး‌ကြောင့် Kaigo လမ်းကြောင်းကို ရွေးချယ်လိုက်ပေအုန်းတော့ မီနစံတို့မှာ ရှေ့လျှောက်လမ်း‌ကြောင်းတွေ ရှိပါသေးတယ်။ ရပ်တံ့မနေပဲ ဆက်သွားနေနိုင်ဖို့သာ အရေးကြီးပါတယ်။ 私တို့ တပည့်လေးတွေ အများစုဟာ ဂျပန်ကို Vocational College တက်ဖို့ ရောက်သွားချိန်မှာ အသက် ၂၀-၂၅ ပတ်လည်လေးတွေများပါတယ်။ ဂျပန်မှာ Vocational College ၂နှစ်တက် လိုင်စင်ဖြေပြီး အလုပ် ၅နှစ် လုပ်ပြီးသွားရင် မီနစံတို့ အသက်က ၃၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ 私 တို့ နိုင်ငံခြားဆိုတာကို စပြီး ခြေတစ်လှမ်းချနိုင်တဲ့ အသက်က ၃၀ မှပါ။ မီနစံတို့က အသက် ၃၀မှာ Vocational College ပြီး National License ရပြီး လုပ်သက် ၅နှစ်နဲ့ ကိုယ်ပိုင်ငွေကြးလဲ အတော်အတန်စုဆောင်းမိနေလောက်ပြီလို့ မျှော်လင့်ပါတယ်။ အဲ့ဒီ့အချိန်မှာ မီနစံ ကြိုက်နှစ်သက်ရာ လမ်း‌‌‌ကြောင်းကို ဆက်ရွေးချယ်ပိုင်ခွင့်တွေ အများကြီး ဖြစ်သွားပါပြီ။

ဒါ‌ကြောင့် ... အကြောင်းကြောင်းကြောင့် Kaigo Vocational College တက် Kaigo National License ရ အလုပ်လုပ်တဲ့ လမ်း‌ကြောင်းကို ရွေးချယ်မိတယ် ဆိုပါအုန်းတော့ ... ဒါဟာခြေလှမ်းတစ်ခုရဲ့ အစပဲ ရှိပါသေးတယ်။ နောက်တထပ် ခြေလှမ်းတွေကို ကောင်းကောင်းလှမ်းနိုင်ဖို့ အားယူလိုက်တဲ့ ပထမ ခြေလှမ်းပါပဲ ....

လောကမှာ အရာရာဟာ Perfect ဖြစ်မနေနိုင်ပါဘူး။ ဖြစ်နေတဲ့ ဘဝကို Perfect လို့ ယူဆပြီး ဆက်ပြီးလျှောက်လှမ်းနေနိုင်မှ အရာရာကို အစဉ်ပြေပြေ နေနိုင်မှာပါ။

မီနစံတို့ အရာရာကို သတိ အသိ ပြည့်စုံစွာဖြင့် ဘဝကိုလျှောက်လှမ်းနိုင်ကြပါစေ။

#ကိုယ့်ကိုယ်ကိုယ်ပင်ဆုံးမသင်သော်သူသင်သည်ထက်ပိုလေးနက်၏။

NESSHIN Kaigo Academy သီးသန့် သင်တန်းကျောင်းကို ၂၀၂၄ January မှာ စတင်ခဲ့ပြီး ၊ သင်တန်းသား သင်တန်းသူများထံမှ N5-4-3-2 အထိ...
13/07/2026

NESSHIN Kaigo Academy သီးသန့် သင်တန်းကျောင်းကို ၂၀၂၄ January မှာ စတင်ခဲ့ပြီး ၊ သင်တန်းသား သင်တန်းသူများထံမှ N5-4-3-2 အထိ သင်ရိုးစာအုပ်ဖိုးသာပေးသွင်းရပြီး … သင်တန်းကြေးမရှိ ၊ အများအခေါ် Agency Fees (လုံးဝ) မရှိ ၊ စာရွက်စာတမ်း ဝန်ဆောင်ခ (လုံးဝ) မရှိပဲ ၊ ဂျပန်နိုင်ငံ ရှိ Kaigo Vocational College များ သို့ တက်ရောက်နိုင်ရန် စီစဉ်ပေးခဲ့ပြီး (၂၀၂၆ ခုနှစ် April Intake အထိ) ကျောင်းသား အယောက် ၅၀ ရှိခဲ့ပါပြီ။

ဒီတစ်ခေါက် ဆန်းဆေးကြီး ဂျပန်ရောက်ချိန်မှာ အလုပ်ထဲ လုပ်ဖော်ကိုင်ဖက်များနဲ့ ဓလေ့ အယူအဆ အတွေးအခေါ် အစဉ်မပြေရှိသော တပည့်များအတွက်လဲ လိုက်လံ ဖြေရှင်းဆွေးနွေးပေးခဲ့သလို ၊ အလုပ်ထဲမှ ချီးကျူးစကား လက်ခံရရှိသော တပည့်များလဲ ရှိခဲ့ပါတယ်။

မည်သည့်အလုပ်မဆို ပင်ပန်းကြစမြဲမို့ … Kaigo အလုပ်ကိုလဲ မေတ္တာ ၊ ဂရုဏာ စေတနာထားပြီး မိမိတို့ ဘဝခရီးကို အစဉ်ပြေစွာ လျှောက်လှမ်းနိုင်ကြပါစေ။


မကြာခင် အခြေခံပညာအထက်တန်း စာမေးပွဲ‌အောင်စာရင်းတွေ ထွက်တော့မယ်။ မိမိရည်မှန်းရာ တက္ကသိုလ် ကို တက်ကြဖို့ မျှော်လင့်နေမယ့် က...
21/06/2026

မကြာခင် အခြေခံပညာအထက်တန်း စာမေးပွဲ‌အောင်စာရင်းတွေ ထွက်တော့မယ်။ မိမိရည်မှန်းရာ တက္ကသိုလ် ကို တက်ကြဖို့ မျှော်လင့်နေမယ့် ကလေးတွေ ရှိသလို ... အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဆက် မတက်ချင်၍သော်လည်းကောင်း / တက်ချင်သော်လည်း မိဘက တက္ကသိုလ် တက်ဖို့ မပံ့ပိုးပေးနိုင်တဲ့ ကလေးက အခြေခံပညာအထက်တန်းအောင်ပြီး အစဉ်ပြေရာ အလုပ်လုပ်ဝင်လုပ်ရင်း အဝေးသင်ဘွဲ့ယူပြီး ဘဝကိုရှေ့ဆက် မလား ....

အခြေခံပညာအထက်တန်းအောင်ပြီး မြန်မာနိုင်ငံမှာ ၁နှစ်ကျော် ကြိုးစားလိုက်ရင် ဂျပန်မှာ ပညာသင်ထောက်ပံ့ကြေးနဲ့ ၂နှစ် ကောလိပ်တက် ၊ ဒီပလိုမာရ ၊ ဂျပန်နိုင်ငံ အသိအမှတ်ပြု လိုင်စင်ရ ၊ ၅နှစ် အလုပ်လုပ်လို့ရမယ့် အခွင့်အရေးရှိနေတယ်ဆိုရင် အဲ့ဒီ့အခွင့်အရေးကို ရအောင်ယူမလား ....

မိမိက ကြိုးစားချင်စိတ်ရှိပါလျှက် ၊ ရည်မှန်းချက်ရှိပါလျှက် ငွေကြေးအများကြီး မတတ်နိုင်လို့ မိမိရည်မှန်းချက်ကို ရောက်ခွင့်မရှိ မဖြစ်ရလေအောင် NESSHIN ရဲ့ Kaigo Scholarship (Sponsor) Program နဲ့ ဂျပန်ကို အရောက်သွားနိုင်အောင် ကြိုးစားကြည့်ပါ။

👉သင်တန်းကြေး - အခမဲ့ (ဖတ်စာအုပ်ကြေး နှင့် အာမခံကြေးပေးသွင်းရန် လိုပါသည်။)
👉ကျောင်းမိတ်ဆက်ပေး ဝန်ဆောင်ခ - အခမဲ့
👉Vocational School (ကောလိပ်) ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် - အခမဲ့
👉Scholar (Sponsor) ကုမ္ပဏီ အင်တာဗျူး ဖြေဆိုခွင့် - အခမဲ့
👉COE လျှောက်ထားခြင်း ဝန်ဆောင်ခ - အခမဲ့

📌လိုအပ်ချက်
📍 တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်ဟူသော ခံယူချက် ၊
📍 သင်ကြားပြသမှုအား နာခံတတ်မှု ၊ အမှန်တကယ် ကြိုးစားသင်ယူမှု ၊
📍သင်တန်းကျောင်း နှင့် သင်တန်းသား/သူများအကြား အပြန်အလှန် ယုံကြည်မှု ၊

စိတ်ပါဝင်စား လျှောက်ထားလိုသူများ -
09945543274 (သို့) Page Messenger မှလဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

⛔️တီဘီပိုးရှိသူ ၊ အသည်းရောင်အသားဝါဘီပိုးရှိသူ ၊ ကာလသားရောဂါပိုးရှိသူများအား ဂျပန်နိုင်ငံဘက်မှလည်း လက်မခံပါသဖြင့် စာသင်ကျောင်းတွင်း သင်ကြားမှု အတန်းများ၌လည်း လက်ခံမည် မဟုတ်ပါ။ လိုအပ်ပါက ကြိုတင်ဆေးစစ်မှု ခံယူပါမည်။ ⛔️

📍သင်တန်းကျောင်းလိပ်စာ
အမှတ် ၅၄၆၊ ကမ်းနားလမ်း၊
ကြည့်မြင်တိုင်မြို့နယ်။
Regency Petrol Station ရှေ့၊ ရန်ကုန်မြို့။
☎️09945543274

🎌 Kaigo Scholarship (Sponsor) Program မှာ ဂျပန်ဘက်ကျောင်း ၊ အာမခံပေးတဲ့ Company ၊ NESSHIN ဂျပန်စာ သင်တန်းကျောင်း .. ထို ...
19/05/2026

🎌 Kaigo Scholarship (Sponsor) Program မှာ ဂျပန်ဘက်ကျောင်း ၊ အာမခံပေးတဲ့ Company ၊ NESSHIN ဂျပန်စာ သင်တန်းကျောင်း .. ထို အဖွဲ့အစည်း ၃ခုက ဘယ်လို အလုပ်လုပ်ရတယ်ဆိုတာ ရှေ့ Post မှာ ပြောပြပေးခဲ့ပြီး ဖြစ်ပါတယ်။

☝️ အခုမှာတော့ Scholar (Sponsor) ရတဲ့ ကျောင်းသားတွေ ဘယ်လို အခွင့်အရေး နဲ့ ကောင်းကျိုးဆိုးကျိုးတွေ ရနိုင်တယ် ဆိုတာကို ရှင်းပြပေးပါမယ်။

🏫 စီစဉ်ပေးတဲ့ မြန်မာဘက် သင်တန်းကျောင်း ၊ Scholar (Sponsor) ပေးတဲ့ Company ၊ တက်ရောက်ခွင့်ရတဲ့ ကျောင်းတွေ ပေါ် မူတည်ပြီး ကျောင်းသားရရှိမယ့် အခွင့်အရေး နဲ့ ကောင်းကျိုး ဆိုးကျိုးတွေ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

🏢 တချို့ Company တွေက သူတို့ တက်စေချင်တဲ့ ဂျပန်ဘက်ကျောင်းကို သူတို့ဘာသာ ချိတ်ဆက်ပြီး တက်ခိုင်းတာမျိုး ရှိသလို ၊ ဂျပန်ဘက်ကျောင်းကနေ Company တွေကို မိတ်ဆက်ပြီး သူတို့ ကျောင်းမှာ ကျောင်းပေးတက်စေဖို့ Company တွေကို အာမခံပေးဖို့ တောင်းဆိုတာမျိုးလဲ ရှိပါတယ်။

👩‍💼 အဓိကက Company ဘက်က “လိုင်စင်ရ-သက်ကြီးစောင့်ရှောင့်ရေး ဝန်ထမ်း” ကိုလိုချင်တာကြောင့် ကျောင်းသားကို အာမခံပေး ၊ အလုပ်ပေး ၊ လစာ ပေးထားတာ ဖြစ်ပါတယ်။ ဝန်ထမ်းလိုအပ်တဲ့ Company ဘက်က ကျောင်းသားကို အချိန်ပိုင်း တပတ် ၂၈ နာရီ အပြည့်ပေးချင်သော်ငြားလည်း ၊ တက်ခွင့်ရတဲ့ ကျောင်းရဲ့ စည်းကမ်းတင်းကြပ်မှုပေါ်မူတည်ပြီး ပေးလို့ မရတာမျိုးတွေလဲ ရှိပါတယ်။

🏢 တချို့ Company တွေက ကျောင်းသား မြန်မာနိုင်ငံက မလာခင် ဂျပန်စာ သင်ပေးတာမျိုး ၊ ဂျပန်လာဖို့ လေယာဉ် လက်မှတ်ဖိုးပေးတာမျိုး ၊ ရောက်ခါစ နေထိုင် စားသောက်စရိတ် ထုတ်ပေးတာမျိုးရှိတတ်ပါတယ်။ အဲ့လို အခွင့် အရေးတွေ ပေးထားရင် .. တဖက်မှာ ကျောင်းတက်နေစဉ် တောက်လျှောက်နေစရိတ် ထောက်ပံ့ပေးတာ မရှိတာမျိုး ၊ အချိန်ပိုင်းအလုပ်ကို တပတ် ၂၈ နာရီ (ကျောင်းသား အလုပ်လုပ်ခွင့်ရှိတဲ့ အချိန် အပြည့်) အလုပ် လုပ်ရပေမယ့် လစာကို တစ်လ ဂျပန်ယန်း ၅၀၀၀၀/- ၆၀၀၀၀/- လို့ ပုံသေသတ်မှတ် ပေးတာမျိုး တွေလဲ ရှိတတ်ပါတယ်။ ဒါကြောင့် တစ်ကျောင်းတည်းမှာ ကျောင်းအတူတူ တက်နေရတာချင်း အတူတူ စီစဉ်ပေးတဲ့ Company ၊ အဖွဲ့အစည်းပေါ်မူတည်ပြီး အချိန်ပိုင်းအလုပ် လစာဝင်ငွေ အခွင့်အရေး မတူတာမျိုးတွေ ရှိနိုင်ပါတယ်။

🏢 တချို့ Company ဘက်က ရွေးချယ်ပြီး တက်ခိုင်းတဲ့ ဂျပန်ဘက်ကျောင်းက စည်းကမ်းတင်းကြပ်နေလျှင် ၊ ကျောင်းသားက အချိန်ပိုင်းအလုပ်ကို တပတ် ၂၈ နာရီ (ကျောင်းသား အလုပ်လုပ်ခွင့်ရှိတဲ့ အချိန် အပြည့်) အလုပ်လုပ်ခွင့် မရတာမျိုးလဲ ရှိပါတယ်။ စာမလုပ်နိုင်မှာစိုးသည့်အတွက်ကြောင့် ဆိုသော ရည်ရွယ်ချက်ဖြင့် အလုပ်ချိန်ကို ကန့်သတ်ခွင့်ပြုပေးတာမျိုးလဲ ရှိနိုင်ပါတယ်။

🏢 တချို့ Company ဘက်က ဂျပန်လာဖို့ လေယာဉ် လက်မှတ်ဖိုးပေးတာမျိုး ၊ ရောက်ခါစ နေထိုင် စားသောက်စရိတ် ပေးတာမျိုး မရှိပါဘူး။ ဒါပေမယ့် ရောက်ရောက်ချင်း နေဖို့ နေရာစီစဉ်ပေးထားတာမျိုး၊ ကျောင်းတက်စဉ်တောက်လျှောက် နေဖို့စီစဉ်ပေးထားတဲ့ အခန်းငှားခကို ကျောင်းသားနှုန်းနဲ့ပဲ တောင်းပြီး Company က စိုက်ပေးတာမျိုး ၊ အချိန်ပိုင်း အလုပ်ကို တပတ် ၂၄~၂၈ နာရီ (ကျောင်းသား အလုပ်လုပ်ခွင့်ရှိတဲ့ အချိန်အပြည့်နီးပါး) ပေးပေးတာမျိုး၊ အချိန်ပိုင်း အလုပ်လုပ်နေစဉ် စားသောက်စရာပေးတာ/စားသောက်စရိတ် ထောက်ပံ့တာမျိုးတွေ ရှိပါတယ်။

👉 📌 ဒါကြောင့် ကျောင်းသားတွေ အနေနဲ့ Scholarship (Sponsor) Program စကားလုံးရဲ့ နောက်မှာ မိမိရရှိမယ့် ကာလတို-ကာလရှည် အခွင့်အရေး နဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သေချာသိရှိနားလည်ထားပါက အကျိုးမယုတ်ဘူးလို့ ထင်ပါတယ်။ 📌

🏫 ယခုလက်ရှိထိ နဲ့ ချိတ်ဆက်ထားတဲ့ Company တွေကတော့
- ဂျပန်လာဖို့ လေယာဉ် လက်မှတ်ဖိုး မပေးပါဘူး။
- ရောက်ခါစ နေထိုင် စားသောက်စရိတ် ထုတ်ပေးတာမျိုး မရှိပါဘူး။
ဒါပေမယ့် ........
- ရောက်ရောက်ချင်း နေဖို့ နေရာစီစဉ်ပေးထားပါတယ်။
- ကျောင်းတက်နေစဉ်တောက်လျှောက် နေဖို့စီစဉ်ပေးထားတဲ့ အခန်းငှားခကို ကျောင်းသားနှုန်းနဲ့ပဲ‌ ပေးရပါတယ်။
- အချိန်ပိုင်း အလုပ်ကို တပတ် ၂၄~၂၈ နာရီ (ကျောင်းသား အလုပ်လုပ်ခွင့်ရှိတဲ့ အချိန်အပြည့်နီးပါး) ကို တစ်နာရီအချိန်ပိုင်းလုပ်ခနှုန်းထား အပြည့်နဲ့ ပေးပါတယ်။ (ချွင်းချက်အနေနဲ့ စည်းကမ်းတင်းကြပ်သော ကျောင်းကို တက်ခွင့်ရသော ကလေးတွေမှ လွဲပြီး)
- NESSHIN မှ ဂျပန်စာကို သင်တန်းကြေးပေးသွင်းစရာ မလိုပဲ သင်ကြားပေးပါတယ်။ (ဖတ်စာအုပ်ဖိုး ၊ စာရွက်ဖိုးတော့ ပေးရပါတယ်။)
- NESSHIN မှ (ယခုအချိန်အထိ) ကျောင်းသားထံမှ ချိတ်ဆက်ပေးဝန်ဆောင်ခ တစ်စုံတရာ ရယူခြင်းမရှိပဲ ဆောင်ရွက်ပေးနေပါတယ်။

🪅 အမျိုးမျိုးရှိသော Kaigo Scholarship (Sponsor) Program တွေကို သေချာသိရှိနားလည်ပြီး မိမိအတွက် အသင့်တော်ဆုံးဖြစ်မယ့် စီစဉ်ဆောင်ရွက်ပေးသူ အဖွဲ့အစည်းတွေကို ရွေးချယ် အောင်မြင်နိုင်ကြပါစေ။

NESSHIN Kaigo Academy
📍သင်တန်းကျောင်းလိပ်စာ - အမှတ် ၅၄၆၊
ကမ်းနားလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
Regency Petrol Station ရှေ့၊ ရန်ကုန်မြို့။
📞 09945543274



#大阪社会福祉專門学校

大阪社会福祉専門学校 ကျောင်းမှာ ၂၀၂၆ April Intake - NESSHIN Kaigo Scholarship Program နဲ့ ကျောင်းတက်ဖို့သွားကြတဲ့ ကလေးတွေပါ … နှစ်...
09/05/2026

大阪社会福祉専門学校 ကျောင်းမှာ ၂၀၂၆ April Intake - NESSHIN Kaigo Scholarship Program နဲ့ ကျောင်းတက်ဖို့သွားကြတဲ့ ကလေးတွေပါ …

နှစ်ယောက်ကတော့ ထူးချွန်ပါလျှက် သူတို့လေးတွေရဲ့ခံယူချက်ကြောင့် အလုပ်နဲ့ပဲ သွားခဲ့ရတဲ့ ကလေးနှစ်ယောက်ပါ။ ရဲ့ ပုံမှန်မဟုတ်သော အထူးစီစဉ်ပေးမှုပါ။

မိမိတို့ရဲ့ ခရီးအစ ခြေလှမ်းကို မမေ့မလျော့သော စိတ်ဓါတ်ခံယူချက်နဲ့ … မိမိတို့ရည်မှန်းရာကို တစိုက်မတ်မတ် လျှောက်လှမ်းနိုင်သော လေးတွေ ဖြစ်ကြပါစေ။

😊🤜🤛😊


Kaigo အလုပ်ဟာ မေတ္တာ ဂရုဏာ စေတနာနဲ့ မလုပ်နိုင်ရင် လွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူးနော်။ အသက်ကြီးလာရင် ဘာကိုမှ အလိုမကျ ဖြစ်တတ်သ...
01/05/2026

Kaigo အလုပ်ဟာ မေတ္တာ ဂရုဏာ စေတနာနဲ့ မလုပ်နိုင်ရင် လွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူးနော်။ အသက်ကြီးလာရင် ဘာကိုမှ အလိုမကျ ဖြစ်တတ်သော အဖိုး အဖွားတွေ ၊ အသိဉာဏ်ချို့ယွင်းနေသော အယ်လ်ဇိုင်းမား ရောဂါဝေဒနာရှင် အဖိုး အဖွားတွေ ၊ အိပ်ယာပေါ်မှာနေပြီး နောက်ဆုံးနေ့ရက်တွေကို စောင့်ဆိုင်းနေရတဲ့ အဖိုး အဖွားတွေ ကို ပြုစုရတာ များတဲ့ အတွက် ၊ … ပြုစုစောင့်ရှောင့်မှုကို တကယ်ဝါသနာပါတဲ့သူ ၊ ကြင်နာတတ်သူ ၊ ခန္ဓာကိုယ်ကြံ့ခိုင်သူ ၊ စိတ်နှလုံးသား နူးညံ့သူတွေသာ လုပ်ကိုင်နိုင်တဲ့ အလုပ်ပါ။

တော်ရုံလူ မလုပ်နိုင်တဲ့ အလုပ်ဖြစ်တာကြောင့်ရယ် ၊ ဂျပန်နိုင်ငံရဲ့ တကယ်လိုအပ်ချက်ဖြစ်တာကြောင့်ရယ် ၊ ဂျပန်အစိုးရက အခွင့်အရေးကို အထူးတလည်ပေးထားတဲ့ အလုပ်တစ်မျိုးပါ။

ဒီလို အလုပ်ကို ကျောင်းတက် ၊ ဂျပန်နိုင်ငံ အသိအမှတ်ပြု လိုင်စင်ရပြီး ၊ ခိုင်မာတဲ့ အနေအထားတစ်ခုနဲ့ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ရရှိနိုင်တဲ့ Kaigo Scholarship Program ပါ။

ခိုင်မာတဲ့ အလုပ်တစ်ခုဖြစ်ပေမယ့် … အပေါ်မှာ ပြောပြထားသလို စိတ်နေစိတ်ထား အရည်အချင်းမရှိရင် ဒီအလုပ်ကို လုပ်လို့ မရနိုင်ပါဘူး။

ဒါကြောင့် က စီစဉ်ပေးနေတဲ့ Kaigo Scholarship (Sponsor) Program ကို
- ဂျပန်ကို အမြန်ရောက်ချင်လို့
- ကျောင်းလခ မပေးရလို့
- ကုန်ကျစရိတ်သက်သာလို့
- အခွင့်အရေးရလို့
- သူများကို အားကျလို့
- မိဘက စေခိုင်းလို့
- ချစ်သူက စေခိုင်းလို့ … ဆိုရင် မလျှောက်ပါနဲ့နော်။

👉👉👉❣️မိမိကိုယ်တိုင် ဒီအလုပ်ကို စိတ်ပါဝင်စားပြီး … ဂျပန်မှာ ရည်ရှည်အာမခံချက်ရှိတဲ့ အရာကိုလိုချင်တယ်ဆိုတဲ့ .. မိမိရဲ့ ကိုယ်တိုင် ဆန္ဒကြောင့်သာ လျှောက်ပေးပါ။❣️

🙇🏻‍♀️ကျေးဇူးတင်ပါတယ်။🙇🏻‍♀️

NESSHIN Kaigo Academy
📍သင်တန်းကျောင်းလိပ်စာ
အမှတ် ၅၄၆၊ ကမ်းနားလမ်း၊
ကြည့်မြင်တိုင်မြို့နယ်။
Regency Petrol Station ရှေ့၊ ရန်ကုန်မြို့။
📞 09945543274

Address

No. 546, Strand Road, Kyimyindaing Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959945543274

Website

Alerts

Be the first to know and let us send you an email when Nesshin Kaigo Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Nesshin Kaigo Academy:

Shortcuts

Share