21/01/2026
သင့်ရင်သွေးငယ်ရဲ့ ထူးချွန်မှုကို TSEC မှာ ပျိုးထောင်လိုက်ပါ!
သင့်ကလေးကို တကယ့်ထူးချွန်ထက်မြက်တဲ့ ကြယ်ပွင့်တစ်ပွင့်အဖြစ် မြင်တွေ့ချင်ပါသလား?
Talent Star Education Center (TSEC) မှာဆိုရင် သင်ရိုးညွှန်းတမ်းတွေတင်မကဘဲ ကလေးတို့ရဲ့ ပင်ကိုယ်ပါရမီတွေကိုပါ အကောင်းဆုံး ပျိုးထောင်ပေးနေပါသည်။
ကျွန်ုပ်တို့ကျောင်းက ကျောင်းသားကျောင်းသူတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး ဉာဏ်ရည်ထက်မြက်သူတွေအဖြစ် လူသိများပါတယ်။ အခြေခံအဆင့်ကစပြီး ကိုယ်ပိုင်တွေးခေါ်မှုစွမ်းရည် (Critical Thinking) မြင့်မားလာအောင် အရည်ချင်းပြည့်ဝသောဆရာ၊ဆရာများမှ အနီးကပ် လေ့ကျင့်သင်ကြားပေးပါသည်။
🏫 ဘာကြောင့် TSEC ကို ရွေးချယ်သင့်သလဲ?
Comprehensive Education: KG မှ Grade 12 အထိ ဘက်စုံပညာရေးစနစ်ဖြင့် သင်ကြားပေးခြင်း
Proven Excellence: ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများ စုစည်းရာနေရာဖြစ်ခြင်း
Holistic Growth: စာပေထူးချွန်မှုသာမက နည်းပညာနှင့် ဗဟုသုတပိုင်းကိုပါ အသားပေးခြင်း
Keep in touch with parents: မိဘနှင့်ကျောင်း အဆက်မပြတ်ထိတွေ့ပေးခြင်း
Prime Location: ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ သွားလာရလွယ်ကူသော နေရာတွင် တည်ရှိခြင်း
တို့ကြောင့် TSEC ဟာရွေးချယ်ဖို့မှန်ကန်တဲ့ကျောင်းတစ်ခုပဲဖြစ်ပါတယ်။
📢 ကျောင်းအပ်နှံမှုကို စတင်လက်ခံနေပါပြီ!
Google Form တွင်စာရင်းသွင်းပြီး သင့်ကလေးအတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်းဆုံးအနာဂတ်ကို TSEC မှာ အခုပဲ စတင်လိုက်ပါ။
Google Form Link
https://forms.gle/foSE9SzRaPeLiLCs9
📍 Address: Kantkaw 5th Street, Hlaing Township, Yangon.
Google Maps
https://maps.app.goo.gl/U52nBrUAtPcTXi3X8
📞 Call Now: 09757637558
TSEC — Nurturing Talents, Building Future Stars. ✨
10/01/2026
🏫
အစကောင်းမှ အနှောင်းသေချာမှာမို့ သားသားမီးမီးတို့ရဲ့ ပညာရေးကို အကောင်းဆုံးပြင်ဆင်ပေးဖို့ ( T.S.E.C Private High School ) မှ အကောင်းဆုံးပညာရေးအတွက် 2026-2027 ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပါပြီ။
🌟 ကလေးတစ်ယောက်ရဲ့ ကမ္ဘာဟာ သူတို့သင်ယူရတဲ့ ပတ်ဝန်းကျင်အတိုင်း လှပနေတတ်ပါတယ် 🌟
ဖေဖေမေမေတို့ရေ... ကလေးတို့ရဲ့ နေ့ရက်တိုင်းဟာ စာအုပ်ထဲက သင်ခန်းစာတွေတင်မကဘဲ အသစ်အသစ်တွေကို ရှာဖွေရင်း၊ မိမိကိုယ်တိုင်ယုံကြည်မှုတွေနဲ့ ဖြတ်သန်းသွားဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ကျောင်းမှာတော့ ကလေးတွေဟာ သူတို့ရဲ့ ဝါသနာကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရပြီး၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကြီးပြင်းလာအောင် ပျိုးထောင်ပေးနေပါတယ်။
ကျောင်းဆိုတာ စာသင်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေအတွက် "ဒုတိယအိမ်" လို နွေးထွေးနေစေရမယ်ဆိုတဲ့ ခံယူချက်နဲ့အတူ (၂၀၂၆-၂၀၂၇) ပညာသင်နှစ်အတွက် Waiting List များ စတင်လက်ခံနေပါပြီ။ ✨
✨ ဘာကြောင့် ကျွန်မတို့ကျောင်းကို ရွေးချယ်သင့်သလဲ? ✨
👨🏫 အရည်အချင်းရှိတဲ့ ဆရာ/ဆရာမများ
ကျွန်မတို့ဆီမှာ "ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်" ရှိတဲ့ အတွေ့အကြုံရင့် ဆရာ၊ ဆရာမတွေက ကလေးတစ်ဦးချင်းစီကို စိတ်ရှည်လက်ရှည်နဲ့ အနီးကပ် လေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ ပညာရေးအတွက် စိတ်အေးရပါပြီ။
🎯 သင်ရိုးအပြင် 5C အရည်အချင်းများ
အစိုးရသင်ရိုးကိုမှ ကလေးဗဟိုပြု (Child-Centered) စနစ်နဲ့ သင်ကြားပေးတဲ့အပြင်၊ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ 5C (Communication, Collaboration, Critical Thinking, Creativity, Confidence) အရည်အချင်းတွေကိုပါ ပျိုးထောင်ပေးပါတယ်။
🌍 နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့ Extra Curricular များ
English 4 Skills (Cambridge & Saungpokki)
International Science & Maths
Computer (ICT) စတာတွေကို အဆင့်မြင့်သင်ထောက်ကူတွေနဲ့ သင်ကြားပေးမှာပါ။
⚽ ဝါသနာကို ဖော်ထုတ်ပေးမယ့် ကလပ်များ
ကလေးတို့ ကိုယ်ကာယဖွံ့ဖြိုးပြီး ဝါသနာကို အခြေခံကောင်းရစေဖို့ Football, Karate, Art, Zumba ကလပ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
📱 မိဘတွေနဲ့ အမြဲထိတွေ့မှုရှိခြင်း
ကလေးရဲ့ တိုးတက်မှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို Viber Group ကနေ မိဘတွေဆီ နေ့တိုင်း တိုက်ရိုက်အသိပေးပေးပါတယ်။ CCTV နဲ့ School Bus ဝန်ဆောင်မှုတွေလည်း အပြည့်အဝရှိတာမို့ လုံခြုံရေးအတွက်လည်း စိတ်ချနိုင်ပါတယ်။
💰 ကျောင်းလခနှင့် ၀င်ကြေးများ
လစဉ်ကြေး: ၁ သိန်းကျပ်စွန်းစွန်း
ဝင်ကြေး ၅၀၀၀၀ ကျပ်
(ကျောင်းသားဟောင်းများပေးသွင်းရန်မလိုပါ)
🎁 Early Bird Special: ဖေဖော်ဝါရီလ (28) ရက်နေ့ မတိုင်ခင် အပ်နှံသူများအတွက် လစဉ်ကြေး 20000 kyats discount
🎁 Sibling Discount: မောင်နှမ အတူတူအပ်နှံပါက တစ်ဦးလျှင် နှစ်စဥ်ကြေး 5000kyats စီ discount
🎁 Full Payment Special: တစ်နှစ်စာ ကျောင်းလခ ကြိုတင်ပေးသွင်းပါက စုစုပေါင်းတန်ဖိုး၏ 5% OFF။
၅။ Referral Gift: ဝင်ကြေး 5% OFF for old students။
📍 လိပ်စာ: အေးရိပ်မွန် ၊ ကံကော် ၅ လမ်း ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။
📞 ဆက်သွယ်ရန်: 0926666 2423 /
09 26666 2235
03/01/2026
🇲🇲 (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 🇲🇲
ဇန်နဝါရီလ (၄) ရက်နေ့သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများအားလုံး တန်ဖိုးထား မြတ်နိုးအပ်သော လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။
မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကြသကဲ့သို့၊ နောင်တစ်ခေတ်၏ ပဲ့ကိုင်ရှင်ဖြစ်လာမည့် ကျွန်ုပ်တို့၏ ရင်သွေးငယ်များကိုလည်း အသိပညာ၊ အတတ်ပညာ ပြည့်စုံပြီး မျိုးချစ်စိတ်ဓာတ်ရှိသော နိုင်ငံ့သားကောင်းများဖြစ်အောင် [] မှ ဆက်လက်ပျိုးထောင်ပေးသွားမည် ဖြစ်ပါသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့ထူးနေ့မြတ်တွင် မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
03/01/2026
🎖️✨ ပဉ္စဂံဖလား မိသားစုဘောလုံးပြိုင်ပွဲကြီးမှာ အစွမ်းကုန် ကြိုးစားခဲ့ကြတဲ့ မောင်မယ်များအတွက် ဂုဏ်ပြုပွဲလေး ကျင်းပပြုလုပ်ခဲ့ပါတယ်။ 🎖️✨
ပြိုင်ပွဲကွင်းပြင်မှာ အားမာန်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြသလို၊ အခုလည်း မိမိတို့ကျောင်းမှာ ဆရာ၊ ဆရာမများ၊ သူငယ်ချင်းများနဲ့အတူ အောင်မြင်မှုတွေကို ပျော်ပျော်ပါးပါး ပြန်လည်မျှဝေရင်း ကြည်နူးစရာ အခိုက်အတန့်တွေကို ဖန်တီးခဲ့ကြပါတယ်။ 📸❤️
ဒီဂုဏ်ပြုပွဲလေးဟာ ဆုတံဆိပ်တွေအတွက်တင်မကဘဲ
✅ မလျော့သော ဇွဲလုံ့လဖြင့် ကြိုးစားခဲ့ကြတဲ့ ကစားသမားများ
✅ အားမာန်အပြည့်နဲ့ ကူညီခဲ့ကြတဲ့ ပန်းပွားအဖွဲ့ဝင်များနှင့် ကျောင်းသူများ
✅ အနီးကပ် လမ်းညွှန်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများ အားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ ပွဲလေးပဲ ဖြစ်ပါတယ်။
အောင်မြင်မှုဆိုတာ တစ်ဦးတစ်ယောက်တည်းကြောင့် မဟုတ်ဘဲ ကျွန်တော်တို့ ရာပြည့်Education Group မိသားစု တစ်ခုလုံးရဲ့ စည်းလုံးမှုကြောင့် ဖြစ်တည်လာတာပါ။ ဒီနေ့မှာ မြင်တွေ့ရတဲ့ ကျောင်းသား/သူတွေရဲ့ တောက်ပတဲ့ အပြုံးတွေက ကျောင်းတော်ကြီးအတွက် တကယ့် ဂုဏ်ယူစရာ ပုံရိပ်တွေပါပဲ။ ✨🌟
ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း အခုလို အားကစားစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်တွေနဲ့အတူ ပိုမိုထူးချွန်တဲ့ လူငယ်လေးတွေဖြစ်အောင် အတူတူ ကြိုးစားသွားကြမယ်နော်။ 💪🎓
31/12/2025
New Year 2026: Time to Celebrate & Recharge! 🎆
"နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အားအင်အသစ်များနဲ့ ရှေ့ဆက်ကြစို့" 🌟
မင်္ဂလာပါ ချစ်ခင်ရပါသော မိဘများနှင့် ကျောင်းသား/သူတို့ရေ...
မကြာခင်မှာ ၂၀၂၅ ခုနှစ်ကို နှုတ်ဆက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ၂၀၂၆ နှစ်သစ်ကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သစ်မှာ ကျောင်းသား/သူလေးတွေ အားလုံး အိပ်မက်သစ်တွေ အကောင်အထည်ဖော်နိုင်ပြီး မိဘအုပ်ထိန်းသူများအားလုံးလည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ ✨
နှစ်သစ်ကူး အားလပ်ရက်မှာ မိသားစုနဲ့အတူ အပန်းဖြေ အနားယူနိုင်ဖို့အတွက် ကျောင်းပိတ်ရက်လေးကို အသိပေးပါရစေခင်ဗျာ/ရှင်။
🗓️ ကျောင်းပိတ်ရက် (Holiday):
ဇန်နဝါရီလ (၁) ရက် မှ (၄) ရက်အထိ (ကြာသပတေး မှ တနင်္ဂနွေအထိ)
🗓️ ကျောင်းပြန်တက်ရမည့်ရက် (Back to School):
ဇန်နဝါရီလ (၅) ရက်၊ ၂၀၂၆ (တနင်္လာနေ့)
အားလပ်ရက်မှာ ပျော်ပျော်ပါးပါး အနားယူရင်း နှစ်သစ်မှာ အားအင်အပြည့်နဲ့ ပြန်လည်ဆုံတွေ့ကြရအောင်နော်။ 🎉
Wishing you a year filled with success, laughter, and endless possibilities! 🥂
]
18/12/2025
✨ TSEC Private School - ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ကုသိုလ်ယူလေ့လာရေးခရီးစဉ် ✨
ကြည်နူးပီတိဖြစ်ရတဲ့ နေ့ရက်လေးတစ်ခု! 🌕
TSEC Private School မှ ကျောင်းသား၊ ကျောင်းသူလေးများဟာ မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို လေ့လာသင်ယူခဲ့ကြပါတယ်။
TSEC အနေနဲ့ ကလေးငယ်တွေကို စာသင်ခန်းထဲမှာတင်မကဘဲ ပြင်ပလောကရဲ့ တန်ဖိုးရှိတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေး အစဉ်အလာတွေကို လက်တွေ့နားလည်စေဖို့ ဒီ Day Trip လေးကို စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
အေးချမ်းလှတဲ့ စေတီတော်ရင်ပြင်မှာ ကလေးငယ်တွေရဲ့ တက်ကြွတဲ့ လေ့လာလိုစိတ်နဲ့ ကြည်နူးစရာ အပြုံးတွေကို မြင်တွေ့ရတာဟာ တကယ့်ကို ပီတိဖြစ်ရပါတယ်။
🙏 စေတီတော်ကြီးကို လက်ယာရစ်လှည့်လည်ရင်း ဘုရားဖူးကုသိုလ်ယူကာ စေတီတော်ကြီးရဲ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ထူးခြားတဲ့ ဗိသုကာလက်ရာတွေနဲ့ ရင်ပြင်တော်ပေါ်ရှိ ထူးခြားတဲ့ နေရာများကို ဆရာ၊ ဆရာမများရဲ့ ရှင်းလင်းပြသမှုနဲ့အတူ ဗဟုသုတများ ရှာမှီးခဲ့ကြပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ယခုကဲ့သို့ လေ့လာရေးခရီးထွက်ကာ အချင်းချင်း ကူညီတတ်ရန် နှင့် စိတ်ရှည်သည်းခံတတ်သည့် အလေ့အကျင့်များကို ပြုစုပျိုးထောင်နိင်ခဲ့ပါတယ်။
ယခုကဲ့သို့ လေ့လာရေးခရီး သွားခြင်းအားဖြင့် အများပြည်သူနှင့် သက်ဆိုင်သော ဘာသာရေးနယ်မြေတွင် စနစ်တကျ သွားလာနေထိုင်တတ်သည့် အမူအကျင့်များကို ရရှိစေခြင်း ၊ မိမိတို့နိုင်ငံရဲ့ အထင်ကရ နေရာတစ်ခုကို ဂုဏ်ယူတတ်စေပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းလိုစိတ် ဖြစ်ပေါ်စေခြင်း : စာသင်ခန်းပြင်ပတွင် စိတ်အေးချမ်းမှုရရှိစေခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။
TSEC Private School သည် ကလေးငယ်များအား ဘက်စုံတော်ရုံသာမက ဘာသာတရားနှင့် ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားသည့် လူတော်လူကောင်းလေးများဖြစ်အောင် အမြဲမပြတ် ပျိုးထောင်ပေးလျက်ရှိပါသည်။
16/12/2025
📜 TSEC Private School မှ ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့ယဉ်ကျေးမှု သမိုင်းဝင်အမွေအနှစ် ပုဂံ သို့ လေ့လာရေး ခရီး 📜
TSEC Private School မှ ကျောင်းသားကျောင်းသူလေး တွေဟာ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ရှေးဟောင်းမြို့တော် ပုဂံ သို့ ပညာရတနာ ရှာဖွေရေး ခရီးစဉ်ကို အောင်မြင်စွာ ထွက်ခွာခဲ့ကြပါတယ်။
စာအုပ်တွေထဲကနေ သင်ယူခဲ့ရတဲ့ အကြောင်းအရာတွေကို လက်တွေ့ မြင်တွေ့ခွင့်ရတဲ့အတွက် ဒီခရီးစဉ်ဟာ သူတို့ရဲ့ စိတ်အာရုံကို လှုံ့ဆော်ပေးပြီး အသိပညာ ဗဟုသုတများ တိုးပွားစေခဲ့ပါတယ်
TSEC ကျောင်းသားလေးတွေဟာ ပုဂံခရီးစဥ်အတွင်း ရှေးဟောင်း ဘုရားပုထိုးများ လေ့လာခြင်း: အနော်ရထာမင်း လက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း အနုပညာလက်ရာများ၊ ဗိသုကာပုံစံများနှင့် နံရံဆေးရေး ပန်းချီများကို လေ့လာခဲ့ကြပြီး မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုကို ပိုမိုနားလည်စေခဲ့ပါတယ်။
ဒေသခံတို့၏ နေထိုင်မှုပုံစံ: ပုဂံဒေသခံများ၏ ရိုးရာဓလေ့များ၊ လက်မှုပညာများ (ဥပမာ- သဲပန်းချီ၊ ယွန်းထည်) များကို လေ့လာမှတ်တမ်းတင်ရင်း ဒေသန္တရ ဗဟုသုတကို တိုးပွားစေခဲ့ပါတယ်။
တန်ဖိုးထား ထိန်းသိမ်းတတ်ခြင်း: နှစ်ထောင်ချီ သက်တမ်းရှိသည့် အမွေအနှစ်များကို လေးစားတန်ဖိုးထားတတ်ဖို့နှင့် ၎င်းတို့ကို ရေရှည် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပုံကို လက်တွေ့ သိရှိနားလည်စေခဲ့ပါတယ်။
ခရီးစဉ်မှ အကျိုးကျေးဇူးများ အနေဖြင့်
💡 သမိုင်းအသိဉာဏ် တိုးပွားခြင်း: သီအိုရီပိုင်းဆိုင်ရာ သမိုင်းကို လက်တွေ့ မြင်တွေ့လေ့လာခြင်းဖြင့် မှတ်ဉာဏ်တွင် စွဲမြဲစေခဲ့သည်။
🤝 လူမှုဆက်ဆံရေး ခိုင်မာခြင်း: ခရီးစဉ်တစ်လျှောက် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ဦးကိုတစ်ဦး ကူညီဖေးမခြင်းဖြင့် ကျောင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာလာခဲ့သည်။
💖 နိုင်ငံချစ်စိတ် ရှင်သန်ခြင်း: မိမိတို့နိုင်ငံ၏ အဖိုးတန်သော ယဉ်ကျေးမှု အမွေအနှစ်များကို ဂုဏ်ယူတတ်သော စိတ်ဓာတ်များ ရရှိစေခဲ့သည်။
TSEC Private School မှ ခရီးစဉ်များသည် ရိုးရှင်းသော လေ့လာရေးသက်သက် မဟုတ်ဘဲ၊ အသိပညာ၊ ဉာဏ်ပညာနှင့် နိုင်ငံချစ်စိတ်တို့ကို ပေါင်းစပ်ပေးသော ဘဝ၏ သင်ခန်းစာများ ဖြစ်ပါသည်။
13/12/2025
🚀 TSEC ကလေးများရဲ့ ကြယ်တာရာခရီးစဉ်လေး! 🌌✨
TSEC ကျောင်းသား/သူလေးတွေရဲ့ လေ့လာရေးခရီးမှာ မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ အာကာသပြတိုက် (ရန်ကုန်) ကို ဖွင့်ပွဲနေ့မှာပထမဆုံးအကြိမ် လာရောက်လေ့လာခွင့်ရတဲ့ အဖွဲ့အဖြစ် လိုက်ပို့ပေးနိုင်ခဲ့လို့ အထူးပဲ ၀မ်းသာမိပါတယ် 🥳
ဒီခရီးစဉ်လေးဟာ ကလေးငယ်တွေအတွက် အာကာသဆိုင်ရာ ဗဟုသုတတွေနဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတဲ့ တကယ့်ကို အမှတ်တရဖြစ်စရာ အတွေ့အကြုံလေးပါပဲ။ 💫
👉 ကျွန်တော်တို့ရဲ့ TSEC ကလေးတွေဟာ...
☄️ ဂြိုလ်တွေ၊ နက္ခတ်တာရာတွေအကြောင်းကို စိတ်ဝင်တစား လေ့လာခဲ့ကြပုံ
🧑🚀 အာကာသယာဉ်မှူးတွေရဲ့ အခန်းနဲ့ ပစ္စည်းတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပုံ
🛰️ ဒုံးပျံနဲ့ ဂြိုလ်တုတွေရဲ့ ပုံစံတူတွေကို ကြည့်ရှုရင်း အံ့သြခဲ့ကြပုံ
...စတဲ့ အမှတ်တရပုံရိပ်လေးတွေကို ဒီပို့စ်မှာ တင်ဆက်ပေးလိုက်ပါတယ်။ ပုံလေးတွေကို ကြည့်ပြီး သူတို့ရဲ့ ပျော်ရွှင်မှုနဲ့ စူးစမ်းလိုစိတ်တွေကို ခံစားကြည့်နိင်ဖို့ အမှတ်တရ ပုံရိပ်လေးတွေမျှဝေလိုက်ပါတယ်။
#လေ့လာရေးခရီးစဉ်
#အာကာသပြတိုက်ရန်ကုန်
02/12/2025
TSEC ဂုဏ်ထူးဆောင် ကျောင်းသား မောင်ဝင်းကျော်စိုး ကို ဂုဏ်ပြုတဲ့ပွဲလေးကို တစ်ခဲနက် လာရောက် ဂုဏ်ပြုပေးခဲ့ကြတဲ့ ဆရာဆရာမများ နဲ့ ကျောင်းသားသူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
မောင်ဝင်းကျော်စိုးကို ချီးမြှင့်ဂုဏ်ပြုပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ မေတ္တာနဲ့၊ သူငယ်ချင်းတွေရဲ့ အားပေးမှုက TSEC အတွက်ရော မောင်၀င်းကျော်စိအတွက်ပါ ၀မ်းသာပီတီဖြစ်ရပါတယ်။
ကျောင်းအနေနဲ့လည်း ဒီလိုမျိုး ထူးချွန်တဲ့ ကျောင်းသားလေးတွေကို ဂုဏ်ပြုခွင့်ရလို့ ဝမ်းသာမိပါတယ်။
ဒီလို ဂုဏ်ပြုအားပေးမှုတွေက မောင်ဝင်းကျော်စိုးအတွက်ရော၊ ကျောင်းသား/သူ အားလုံးအတွက်ပါ အနာဂတ်မှာ ပိုပြီး တက်ကြွစွာ ကြိုးစားချင်စိတ် ကို ဖြစ်စေမှာအသေအချာပါဘဲ။
နောင်လည်း TSEC မှာ ထူးချွန်သူတွေ ဆက်လက် ပေါ်ထွက်လာပြီး ကျောင်းဂုဏ်ကို ဆောင်နိုင်အောင်ဆတ်လက်ကြိုးစားပါမယ်။
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်!
#လူရည်ချွန်