ဓာတုမျိုးမင်း

ဓာတုမျိုးမင်း ဓာတုဗေဒဘာသာရပ်ကို လွယ်လင့်တကူနားလည

ကိုးတန်း / ဆယ်တန်း Grade 10/11/12
ကျောင်းသူ ကျောင်းသားများအားလုံး ဒီ page လေး ကို ဝင်ရောက် လေ့လာခြင်းဖြင့် ဓာတုဗေဒ ဘာသာကို .... ပိုပြီး တတ်သိနားလည်သွားမယ်ဆိုရင် အများကြီး ဝမ်းသာပါတယ်...... နောက်ထပ်လဲ ဝင်ရောက်လေ့လာပါဥိးလို့ ပြောကြားချင်ပါတယ်....

G12 organic
12/03/2024

G12 organic

အခြေခံပညာအလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက် သင်ယူမည့် ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ ...
03/03/2023

အခြေခံပညာအလယ်တန်းဆင့် (Grade 9)
ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်
သင်ယူမည့် ကျောင်းသား ကျောင်းသူများနှင့်
မိဘပြည်သူများ သိရှိနိုင်စေရန်

(၁) အခြေခံပညာ အထက်တန်းဆင့်၊
(၂) စက်မှုနည်းပညာ၊
(၃) စိုက်ပျိုးရေးအတတ်ပညာ၊
(၄) မွေးမြူရေးအတတ်ပညာ စသည့်
ပညာရေးလမ်းသွယ် (၄)မျိုး ကို
ရွေးချယ် သင်ယူနိုင်မည့်
အခွင့်အလမ်းများပါ။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်က စပါမည်။

(၁) အခြေခံပညာအထက်တန်းဆင့်
=======================

ပုံမှန်ဖွင့်လှစ်လျက်ရှိသော အခြေခံပညာ
အထက်တန်းကျောင်းများတွင်

အခြေခံပညာအထက်တန်းဆင့်
(Grade 10, Grade 11, Grade 12)
ပညာသင်ကာလ (၃)နှစ် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည်

၎င်းတို့သင်ယူသော ဘာသာတွဲများအလိုက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး
သတ်မှတ်အရည်အချင်း ပြည့်မီပါက
အသက်မွေးဝမ်းကျောင်း
တက္ကသိုလ်များ ဖြစ်သည့် . .

ဆေးတက္ကသိုလ်၊
ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊
နည်းပညာတက္ကသိုလ်များ၊
ကွန်ပျူတာတက္ကသိုလ်၊
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊
စိုက်ပျိုးရေးတက္ကသိုလ်၊
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊
စီးပွားရေး တက္ကသိုလ်၊
ပညာရေးတက္ကသိုလ် အစရှိသည့်
တက္ကသိုလ်များ၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များ၊
ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့်
သိပ္ပံများသို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။

(၂) စက်မှုနည်းပညာ
===============

စက်မှုနည်းပညာလမ်းကြောင်းတွင်
အခြေခံပညာ အထက်တန်းဆင့်
ဘာသာရပ်များအပြင် အထူးပြုဘာသာရပ်
(၃)မျိုးဖြစ်သည့်
အဆောက်အဦနည်းပညာ
(Building Technology)၊
လျှပ်စစ်နည်းပညာ
(Electrical Technology) နှင့်
စက်ပစ္စည်း အစိတ်အပိုင်းများ
ထုတ်လုပ်ခြင်းနည်းပညာ
(Machining Technology)
ဘာသာရပ်များကို
ပညာသင်ကာလ (၃)နှစ်တွင်
စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်
အသင့် ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ
အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်
ဖြစ်ပါသည်။

စက်မှုနည်းပညာလမ်းကြောင်းတွင်
တက်ရောက်သည့် ကျောင်းသားများအတွက်
ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများမှာ
အထူးအောင် (Credit) ဖြင့်
အောင်မြင်သူများသည် ပညာသင်နှစ်(၆)နှစ်
တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့(BE)
ပေးအပ်သော နည်းပညာတက္ကသိုလ်များနှင့်

ပညာသင်နှစ် (၄)နှစ် တက်ရောက်ရပြီး
နည်းပညာဘွဲ့ (B.Tech) ပေးအပ်သော
အစိုးရနည်းပညာကောလိပ်များသို့ လည်းကောင်း၊

အဆင့်မီ (Qualified) ဖြင့်
အောင်မြင်သူများသည် ပညာသင်နှစ် (၃)နှစ်
တက်ရောက်ရပြီး အင်ဂျင်နီယာ နည်းပညာ
ဒီပလိုမာ (AGTI Diploma) ပေးအပ်သော
အစိုးရစက်မှုလက်မှုသိပ္ပံများသို့ လည်းကောင်း
ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

အင်ဂျင်နီယာ နည်းပညာ ဒီပလိုမာ
သင်တန်းကို ထူးချွန်စွာ အောင်မြင်သူများသည် အစိုးရနည်းပညာ ကောလိပ်၏
တတိယနှစ်(ပထမနှစ်ဝက်)သို့ လည်းကောင်း၊
နည်းပညာတက္ကသိုလ်၏
တတိယနှစ် (ပထမနှစ်ဝက်)သို့ လည်းကောင်း
စတင်တက်ရောက်နိုင်မည်ဖြစ်ပါသည်။

ရိုးရိုးအောင်မြင်သူများအနေဖြင့်
ပြီးမြောက်ကြောင်း အောင်လက်မှတ်
ရရှိမည်ဖြစ်ပြီး . . .
လုပ်ငန်းခွင် အသင့်ဖြစ်စေမည့်
သင်ရိုးညွှန်းတမ်းများအသုံးပြု၍
လေ့ကျင့်သင်ကြားပေးထားသဖြင့်
ပြင်ပလုပ်ငန်းခွင်များသို့ ဝင်ရောက်ရာတွင်
လည်းကောင်း၊ ကိုယ်ပိုင်လုပ်ငန်းများ
ဆောင်ရွက်ရာတွင်လည်းကောင်း များစွာ
အထောက်အကူရရှိစေမည် ဖြစ်ပါသည်။

(၃) စိုက်ပျိုးရေးအတတ်ပညာ
======================

စိုက်ပျိုးရေးအတတ်ပညာတွင်
အခြေခံပညာအထက်တန်းဆင့်
ဘာသာရပ်များအပြင်
စိုက်ပျိုးရေး အတတ်ပညာဆိုင်ရာ
ဘာသာရပ်များကို
ပညာသင်ကာလ (၃)နှစ်တွင်
စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်
အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ
အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်
ဖြစ်ပါသည်။

အထူးအောင်(Credit) ဖြင့်
အောင်မြင်သူများသည်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ
ဖွင့်လှစ်သည့် စိုက်ပျိုးရေး သိပ္ပံဘွဲ့
(Bachelor of Agricultural Science)
(၅)နှစ် သင်တန်းကို တက်ရောက်နိုင်ကြမည်
ဖြစ်ပါသည်။

အဆင့်မီ (Qualified) ဖြင့်
အောင်မြင်သူများသည်
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်
ဖွင့်လှစ်ထားသော
စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏
စိုက်ပျိုးရေး ဒီပလိုမာလက်မှတ်
(Diploma in Agriculture) (၃)နှစ်
သင်တန်းနှင့်
အစိုးရစက်မှုလက်မှုသိပ္ပံများ၏
အင်ဂျင်နီယာနည်းပညာဒီပလိုမာ
(AGTI Diploma - Farm Machinery)
(၃)နှစ်သင်တန်းသို့ တက်ရောက်နိုင်
ကြမည် ဖြစ်ပါသည်။

စိုက်ပျိုးရေးဒီပလိုမာသင်တန်းတွင်
ထူးချွန်စွာအောင်မြင်ပါက
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
စိုက်ပျိုးရေးသိပ္ပံဘွဲ့ (၅)နှစ်သင်တန်း၏
တတိယနှစ် (ပထမနှစ်ဝက်) သင်တန်းမှ
စတင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

အင်ဂျင်နီယာ နည်းပညာဒီပလိုမာသင်တန်းကို
ထူးချွန်စွာ အောင်မြင်သူများသည်
အစိုးရနည်းပညာ ကောလိပ်၏
တတိယနှစ်(ပထမနှစ်ဝက်)သို့ လည်းကောင်း၊
နည်းပညာတက္ကသိုလ်၏ တတိယနှစ်
(ပထမနှစ်ဝက်)သို့ လည်းကောင်း
စတင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

ရိုးရိုးအောင်မြင်ပါက
စိုက်ပျိုးရေးအတတ်ပညာ အောင်လက်မှတ်
ရရှိမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်
သက်ဆိုင်သော အခန်းကဏ္ဍများတွင်
လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများ
ရရှိမည်ဖြစ်ပါသည်။

(၄) မွေးမြူရေး အတတ်ပညာ
======================

မွေးမြူရေးအတတ်ပညာတွင်
အခြေခံပညာ အထက်တန်းဆင့်
ဘာသာရပ်များအပြင်
မွေးမြူရေး အတတ်ပညာဆိုင်ရာ
ဘာသာရပ်များကို ပညာသင်ကာလ
(၃)နှစ်တွင် စာတွေ့/လက်တွေ့ဖြင့်
လုပ်ငန်းခွင် အသင့်ဖြစ်စေမည့်
သင်ရိုးညွှန်းတမ်းများ အသုံးပြု၍
သင်ကြားလေ့ကျင့်ပေးမည် ဖြစ်ပါသည်။

အထူးအောင် (Credit) ဖြင့်
အောင်မြင်သူများသည်
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ
ဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးပညာဘွဲ့
(Doctor of Veterinary Medicine)
(၆)နှစ် သင်တန်းနှင့်
မွေးမြူရေးပညာဘွဲ့
(Bachelor of Animal Science) (၄)နှစ်
သင်တန်းများကို တက်ရောက်နိုင်ကြမည်
ဖြစ်ပါသည်။

အဆင့်မီ (Qualified)ဖြင့်
အောင်မြင်သူများသည်
စိုက်ပျိုးရေးသိပ္ပံများ၏ မွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry) (၃)နှစ်
သင်တန်းနှင့်

ငါး လုပ်ငန်း သိ ပ္ပံ ၏
ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ
(Diploma in Fisheries and Aquaculture)
(၃)နှစ် သင်တန်းသို့ တက်ရောက်နိုင်ကြမည်
ဖြစ်ပါသည်။

မွေးမြူရေးဒီပလိုမာသင်တန်းတွင်
ထူးချွန်စွာအောင်မြင်သူသည်
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်
(၄)နှစ်သင်တန်း၏ တတိယနှစ်
(ပထမနှစ်ဝက်) သင်တန်းမှ စတင်
တက်ရောက်နိုင်မည် ဖြစ်ပါသည်။

ငါးလုပ်ငန်းသိပ္ပံ ဒီပလိုမာသင်တန်းတွင်
ထူးချွန်စွာ အောင်မြင်သူများသည်
ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာ
ဘာသာရပ် တတိယနှစ်(ပထမနှစ်ဝက်)
သင်တန်းမှ စတင်တက်ရောက်နိုင်မည်
ဖြစ်ပါသည်။

ရိုးရိုးအောင်မြင်ပါက
မွေးမြူရေးအတတ်ပညာ
အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး

မွေးမြူရေးနှင့် သက်ဆိုင်သော
အခန်းကဏ္ဍများတွင် လုပ်ကိုင်နိုင်ရန်
အခွင့်အလမ်းကောင်းများ ရရှိမည်
ဖြစ်ပါသည်။

to owner

05/02/2023

🐮 နွားချေးကို ဘယ်လိုမျိုး အသုံးပြုရင် အပင်အတွက် အကောင်းဆုံးလဲ??🤔

🐮 သဘာဝမြေဩဇာ တစ်မျိုးဖြစ်တဲ့ တိရစ္ဆာန်အညစ်အကြေးကို သုံးခြင်းက အပင်တွေအတွက် အာဟာရဓာတ်ကြွယ်ဝပြီး မြေဆီလွှာ အစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။

🐮 တိရစ္ဆာန်အမျိုးအစား၊ အသက်အရွယ်၊ စားသုံးတဲ့ အစားအစာ၊ မြေဩဇာကို ဘယ်လိုပုံစံ သိမ်းဆည်းလဲတို့ပေါ် မူတည်ပြီး အာဟာရဓာတ်တွေက ကွဲပြားနိုင်သလို မြေဆွေး၊ အစို၊ အခြောက်ကို သုံးခြင်းကြောင့်လည်း အာနိသင်က ကွဲပြားပါတယ်။

🐮 နွားချေးက နိုက်ထရိုဂျင်ဓာတ် အများကြီးပါပြီး အရွက်ကို အားဖြည့်ပေးပါတယ်။ နွားချေးကို အစို/အ‌ခြောက် သုံးတာထက် ရေနဲ့ နှပ်တာတို့ မြေဆွေးနဲ့ ရောပြီး သုံးတာတို့က ပိုပြီး ထိရောက်ပါတယ်။ အကောင်းဆုံးကတော့ စနစ်တကျ သိုလှောင်ပြီး ဆွေးမြေ့ထားတဲ့ နွားချေးမြေဆွေးကို အသုံးပြုခြင်းပါပဲ🌵

🐮 နွားချေးအစိုသုံးရင် ဘာဖြစ်နိုင်လဲ??🌱

🔸သဘာဝမြေဩဇာ သုံးမယ်‌ဆိုရင် နွားချေးကို အစိုအတိုင်း အသုံးမပြုသင့်ပါဘူး။

🔸နွားချေးအစို သုံးရင် နိုက်ထရိုဂျင်များလို့ အလွန် ပူ‌တာကြောင့် အမြစ်ကို အပူလောင်စေပြီး ရောဂါတွေ ဖြစ်စေပါတယ်။

🔸အပင်ကလည်း တိုက်ရိုက်မစားသုံးနိုင်သလို ဆွေးဖို့ အချိန်ကြာတဲ့အပြင် အရွက်ဝါတာတွေ ဖြစ်စေပြီး အပင်ကိုပါ သေစေနိုင်ပါတယ်။

🔸ဆွေးနေတဲ့ အချိန်မှာ ဘက်တီးရီးယားတွေက ရေကတဆင့်(ရေသွင်းတာ၊ မိုး‌ရွာတာ) ပြန့်ပွားပြီး အနံ့ဆိုးတွေကြောင့် မြေအောက်ရေကိုပါ ညစ်ညမ်းစေပါတယ်။

🔸တိရစ္ဆာန် အညစ်အကြေး မြေဩဇာတွေမှာ ပေါင်းမျိုးစေ့တွေလည်း ပါဝင်တာကြောင့် ပေါင်းမြက်တွေ ပွားနိုင်ပါတယ်။

🔸လောင်ကျွမ်းစေတဲ့ အမိုးနီးယားနဲ့ ဆားပါဝင်မှု များတာကြောင့် အပင်ကို ထိခိုက်စေတဲ့အပြင် လူတွေကို အန္တာရယ်ဖြစ်စေတဲ့ ဆယ်လ်မိုနီလာ(Salmonella)၊ အီကိုလီ(E, coli) တို့လို ရောဂါပိုးမွှားတွေလည်း ပါဝင်ပါတယ်။

🔸ရောဂါပိုးမွှားတွေကြောင့် ထွက်တဲ့ သီးနှံကလည်း အရည်အသွေး မပြည့်မှီဘဲ စားသုံးသူတွေအတွက်ပါ အန္တရာယ် ဖြစ်စေပါတယ်။ နွားချေးအစိုက အပင်နဲ့ မြေဆီလွှာပါမက လူ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတဲ့ အထိပါပဲ။

🐮 နွားချေးအခြောက်သုံးရင်ရော ဘာဖြစ်နိုင်လဲ??🌱

🔸နွားချေးအခြောက်က ရေဓာတ် ၇၆ ရာခိုင်နှုန်းအထိ ပါဝင်ပြီး ‌နွားချေးအစိုထက် ပိုပြီး သိပ်သည်းပါတယ်။ (၆)လအောက်သာ ရှိပြီး မြေဆွေးလည်း မဖြစ်သေးပါဘူး။

🔸နွားချေးအခြောက်ကို သုံးတာက အပင်ရော မြေဆီလွှာအတွက်ပါ ကောင်းတယ်ဆိုပေမဲ့ သူ့မှာလည်း အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေနဲ့ ပေါင်းမျိုးစေ့တွေ ပါဝင်ပါတယ်။

🔸မြေဩဇာက အပင်အတွက် အာဟာရဓာတ် လွန်ကဲတာတို့ မမျှတတာတို့ကြောင့် သီးနှံတိုင်းအတွက်လည်း မသင့်လျော်ပါဘူး။

🔸ကောင်းစွာ မဆွေးမြေ့ရသေးတဲ့အတွက် နွားချေးမှာပါတဲ့ ဘက်တီးရီးယားတွေကြောင့် စားသုံးသူတွေကို ထိခိုက်စေတဲ့အပြင် ရေ‌‌စီးဆင်းမှုကနေ ပိုးမွှား‌တွေကြောင့် မြေအောက်ရေအထိပါ ညစ်ညမ်းသွားစေပါတယ်။

🔸ဒီရာသီမှာ နွားချေးအခြောက် ထည့်ဖြူးထားရင် အာဟာရရှိမှုက နောက်ရာသီမှသာ သက်ရောက်တာမျိုး ဖြစ်ပါတယ်။ နွားချေးအခြောက်ကို အပင်က ချက်ချင်း မစားသုံးနိုင်တာမို့ ပမာဏများများ သုံးရတဲ့အတွက် ကုန်ကျစရိတ်လည်း များပါတယ်။

📌📌 ဒါကြောင့် တိရစ္ဆာန်အညစ်အကြေး မြေဩဇာကို မသုံးခင် ရောဂါပိုးမွှားနဲ့ ပေါင်းမျိုးစေ့တွေ သေစေဖို့ မြေဆွေးပြုလုပ်ပြီးမှ သုံးတာက အကောင်းဆုံးပါပဲ။

🐮 နွားချေးမြေဆွေး ပြုလုပ်ပြီး သုံးရင် ဘာဖြစ်နိုင်လဲ??🌱

💠 နွားချေးမြေဆွေးဆိုတာ ကောက်ရိုး၊ စပါးခွံ၊ မြက်ခြောက်၊ သစ်ရွက်၊ သီးနှံရိုးခြောက်တွေနဲ့ နွားရဲ့ အညစ်အကြေးတို့ကို ရောနှောပြီး စနစ်တကျ သိုလှောင်ထားတဲ့ သဘာဝမြေဆွေး မြေဩဇာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆွေးမြေ့ဖို့ ကြာချိန်ကတော့ အသုံးပြုတဲ့ နည်းလမ်းပေါ် မူတည်ပြီး နှစ်ပတ်ကနေ (၃)လမှ (၆)လ အထိလည်း ကြာမြင့်ပါတယ်။

💠 နွားချေးမြေဩဇာမှာ နိုက်ထရိုဂျင်၊ ကာဘွန်အော်ဂဲနစ်၊ ဆာလဖာ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ဖော့စဖော့ရပ်တို့ ပါဝင်ပြီး မြေဆီလွှာကို အကျိုးပြုတဲ့ အဏုဇီဝသက်ရှိတွေနဲ့ အော်ဂဲနစ်ဒြပ်ဝတ္ထုတွေကိုလည်း ပံ့ပိုးပေးလို့ မြေဆီလွှာကို ပိုမို ကောင်းမွန်စေပါတယ်။

💠 အစိုဓာတ်ထိန်းပေးတာ၊ လေဝင်လေထွက်ကောင်းတာ၊ အပူအအေးမျှတစေပြီး အာဟာရဓာတ်တွေကိုလည်း ကာလရှည်ကြာ တစိမ့်စိမ့် ထုတ်ပေးပါတယ်။

💠 မြေ‌ဆွေးမြေဩဇာက အပင်ရောဂါကျမှုကို လျှော့ချပေးပြီး ပေါင်းမြက်တွေကို ကာကွယ်ပေးတဲ့အပြင် မြေဆီလွှာကိုလည်း ရေရှည် ထိန်းသိမ်းပေးပါတယ်။

🔰 နွားချေးမြေဆွေးက ဆွေးမြေ့ဖို့အတွက်သာ အချိန်ပေးရတာဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ နွားချေးမြေဆွေး သုံးခြင်းရဲ့ အကျိုးရလဒ်က အပင်ကိုရော မြေဆီလွှာအတွက်ပါ အာဟာရဓာတ်ကို ရေရှည် ထောက်ပံ့ပေးတာဖြစ်ပါတယ်။

🌾တောင်သူများအားလုံး သီးနှံများ ဖြစ်ထွန်းကြပါစေ🌾

#နွားချေးကိုဘယ်လိုမျိုးသုံးရင်အကောင်းဆုံးလဲ???

🔊🔊🔊

28/01/2023

မြေချဉ်ငန်ဓာတ်ဟာ အလွန်အရေးပါပါတယ်။ ကိုယ်စိုက်မဲ့သီးနှံနဲ့ ကိုက်ညီတဲ့ မြေချဉ်ငံကိန်း pH level ရှိဖို့လိုအပ်ပါတယ်။ များသောအားဖြင့်ကတော့ မြေချဉ်ငံကိန်း ၅.၅ to ၆.၅ ကြားမှာဆိုရင် သီးနှံပင်တော်တော်များများဖြစ်ထွန်းပါတယ်။

pH ဟာ ကိန်းဂဏန်းအနေနဲ့တော့ ၁ -၁၄ ထိရှိပါတယ်။ pH 7 ဟာ neutral အခြေအနေ ဓာတ်ပြယ်နေတဲ့အခြေအနေပါ eg. pH7 ရေ လိုမျိုးပေါ့။

အဲ့ဒီအထဲမှာမှ pH 7အောက်ရောက်ပါက acidic soil အက်ဆစ်ပေါက်နေတဲ့မြေ မြေချဉ်တွေလို့ခေါ်ပါတယ်။ အဲ့ဒီနေရာမှာလဲ acidic soil တွေကို ၆ မျိုးပြန်ခွဲထားပါသေးတယ်။

၁) Ultra Acidic soil pH < ၃.၅

အရမ်းချဉ်တဲ့မြေပါ စိုက်ပျိုးရေးလုပ်လို့အဆင်မပြေတဲ့ မြေမျိုးပါ pH က ၃.၅ ထက်နည်းတဲ့ အခြေအနေပါ။

၂) အလွန်အမင်းချဉ်တဲ့မြေ (Extremely acidic soil pH - ၃.၅ - ၄.၅

၃) အလွန်အချဉ်အားကောင်းသောမြေ (Very Strongly acidic) soil pH - ၄.၅ - ၅.၀

၄) အလွန်ချဉ်သောမြေ (Strongly acidic soil) pH - ၅.၁ - ၅.၅

၅) အတော်အသင့်ချဉ်သောမြေ (Moderate Acidic soil) pH - ၅.၆ - ၆.၀

၆) အနည်းငယ်ချဉ်သောမြေ (Slightly acidic soil) pH - ၆.၁ - ၆.၅

၇) ဓာတ်ပြယ်သောမြေ (Neutral soil) pH - ၆.၆ -၇.၃ ဆိုပြီး အမေရိကန်နိုင်ငံရဲ့ စိုက်ပျိုးရေးဌာနက ခွဲခြား သတ်မှတ်ထားပါတယ်။

ဘာတွေက မြေချဉ်တာကိုဖြစ်စေပါသလဲ

၁) မိုးရွာသွန်းမှု၊ မိုးရေချိန်

မိုးရေH2O နဲ့ CO2 များပေါင်းရာမှ weak acid ဖြစ်စေပြီး မြေကို ချဉ်စေပါတယ်။

၂) နိုက်ထိရိုဂျင်မြေဩဇာ

နိုက်ထိရိုဂျင်မြေဩဇာတွေ အများအပြားသုံးခြင်းကလည်း မြေကိုချဉ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် N မြေဩဇာတွေဟာ အမိုနီယမ်မှတဆင့် Nitrification ဖြစ်ပြီး H+ ions တွေ ထွက်လာပါတယ်။ H+ ions တွေ များလာပြီး မြေချဉ်မှုကိုဖြစ်ပေါ်စေပါတယ်။ နောက်ပီး H+ ions တွေဟာ Calcium, Magnesium , potassium တွေနေရာမှာ ဖလှယ်ပြီး မြေချဉ်ဓာတ်ကို ပိုပိုများစေလာတာပဲဖြစ်ပါတယ်။

၃) အပင်အမျိုးအစား

ပဲမျိုးနွယ်ဝင်တွေဖြစ်တဲ့ ပဲပုပ်၊ ‌alfalfa, clover တွေရဲ့ အမြစ်တွေကနေ သူတို့ရဲ့ အပင်တွင်းဖြစ်စဉ်တွေကို ထိန်းထားရန်အတွက် Hydrogen ions တွေ ထုတ်ပါတယ် ။ အဲ့ဒီအခါ မြေကို ပိုချဉ်စေပါတယ်

မြေချဉ်ရင် ဘာတွေဖြစ်တတ်လဲ?

၁။ အာဟာရဓာတ်

မြေအရမ်းချဉ်တဲ့မြေတွေမှာဆိုရင် အပင်အတွက်အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ NPK၊ ဆာလဖာ၊ ကယ်ဆီယမ်၊ မဂ္ဂနိ၊ မော်လပ်ဒီနမ်တွေဟာ ရနိုင်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ အိုင်းရွန်းတို့ အလူမီနီယမ်တို့ကတော့ ပေါများပြီး အပင်အဆိပ်သင့်တာတွေထိဖြစ်နိုင်ပါတယ်။

၂။ အဏုဇီဝသက်ရှိများ

မြေချဉ်မှုများပါက Rhizobia bacteria လို့ခေါ်တဲ့ ပဲမြစ်ဖု‌ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ အလွယ်တကူလျော့ကျပီး ပဲပင်တွေအတွက် ဆုံးရှုံးမှုကြီးဖြစ်စေပါတယ်။

မြေချဉ်တွေကို ဘာလိုပြုပြင်မလဲ

ဒါကတော့ pH level ကိုစစ်ဆေးကြည့်ပြီး ဘယ်လိုပြုပြင်ရမလဲ စဉ်းစားရမှာပါ။

အဲ့ဒီမှာ ထုံးကိုတော့ မြေအပေါ်ပိုင်း pH level ၅.၀ အထက်နဲ့ မြေအောက်ပိုင်း ထယ်တစ်သွားအနက်( 8လက်မ) အောက်မြေရဲ့ pH level ၄.၈ နဲ့အထက်ရှိပါက ထည့်သွင်းပေးနိုင်ပါတယ်။

မြေအပေါ်ပိုင်းမြေပေါ်မှာ ထယ်တစ်လွှာအနက်မှ pH ၅.၅ ရှိနေပါက ထုံးထည့်ရုံသာမက စိုက်ပျိုးမှုစနစ်ကိုပါ ပြုပြင်ပေးသင့်ပါတယ်။ ထုံးထည့်မယ်ဆိုရင်လည်း သူက မြေအမျိုးအစား၊ ထုံးအရည်အသွေး၊ မြေသားဖွဲ့စည်းပုံ၊ စိုက်ပျိုးမှုစနစ်နဲ့ မိုးရေချိန်တွေကိုပါ ထည့်သွင်းစဉ်းစားကြရမှာဖြစ်ပါတယ်။

ထုံးမှာလဲ

- Calcitic lime stone (Calcium Carbonate)

သူကလည်း Ca source တစ်ခုဖြစ်ပြီး magnesium 1-6% ပါဝင်ပါတယ်။

- Dolomitic Limestone (Calcium Carbonate, Magnesium Carbonate )

သူကတော့ CaCO3 + MgCO3 ပေါင်းထားတာပဲဖြစ်ပါတယ်။ သူမှာလဲ Mg 6%အနည်းဆုံးပါဝင်ပါတယ်။ မြေချဉ်ဓာတ်လျော့ဖို့ကတော့ သူတို့ရဲ့ သန့်စင်မှုအပေါ်မူတည်ပါတယ်။

- Hydrated Lime ( Ca( OH) 2)

သူကတော့ လူတိုင်းသိတဲ့အတိုင်း အိမ်‌ဆောက်တဲ့ ထုံးပါ။ သူကတော့ ဓာတ်ပြယ်မှုအားက အခြားထုံးတွေထက် သာလွန်ပါတယ်။

ထုံးဘယ်လိုထည့်ကြမလဲ?

၁။ အချိန်

သီးလှည့်စိုက်ခြင်းမှာ ပဲမျိုးရင်းဝင်အပင်တွေပါပါက ထုံးကို ပဲ မစိုက်ခင် ထည့်သွင်းပေးနိုင်ပါတယ်။ သီးနှံမစိုက်ခင် ကြိုထည့်ထားခြင်းဟာ မြေအတွက်ပိုကောင်းစေပါတယ် အလွန်ချဉ်တဲ့မြေ pH 5.1 - 5.5 တွေ အတွက် အကျိုးရှိစေပါတယ်။

၂။ အသုံးပြုပုံ

ထုံးက ရေမှာ အနည်းအကျဉ်းပဲ ပျော်ဝင်တာဖြစ်လို့ မြေထဲလုံးဝထည့်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာပေးရပါက Ammonium nitrate (N မြေဩဇာ) ဟာ Pure Calcium Carbonate ထက် ရေမှာ ၈၄၀၀၀ အဆ ပို၍ပျော်ဝင်လွယ်ပါတယ်။

အဲ့တာကြောင့် မြေကို ထယ်ထိုးထွန်မွှေလုပ်ပါက ထုံးတခါတည်းထည့်ပေးပါ။ မြေ မျက်နှာပြင်မှာပဲထည့်‌ပါက မြေအပေါ် ၂ -၃ လက်မထိလောက်ပဲရောက်ပီး မြေကိုကောင်းစွာမပြုပြင်နိုင်ပါ။

၃။ ကြိမ်နှုန်း

သီးနှံကို အချိန်ပြည့်စိုက်၊ နိုက်ထရိုဂျင်မြေဩဇာအသုံးများလေ ထည့်ရမဲ့ ကြိမ်နှုန်းလည်းများလေဖြစ်ပါတယ်။ မြေရဲ့ ချဉ်ငံကိန်းနဲ့လည်း သက်ဆိုင်ပါတယ်။

၄။ နှုန်းထား (ပေါင်)

သူ့ကို ထည့်ပါက မြေအမျိုးအစားပေါ်လည်းမူတည်ပီး လိုအပ်ချက်ကွဲပြားပါတယ်။ ၁၀၀ မီတာပတ်လည်မြေမှာ

မြေအမျိုးအစား--- ချဉ်ငံကိန်း ----- နှုန်းထား

ရွံစေးမြေ -------- ၅.၀၊ ၅.၅၊ ၆.၀ ----- ၂၈.၅၊ ၁၁.၅၊ ၄.၅ ပေါင်

သဲဆန်သောမြေ ---- ၅.၀၊ ၅.၅၊ ၆.၀ ----၁၀.၅၊ ၄.၃၊ ၁.၅ ပေါင်

နုန်းမြေ ------ ၅.၀၊ ၅.၅၊ ၆.၀ ----- ၂၁၊ ၈.၅၊ ၄.၅ ပေါင်အသီးသီး ထည့်နိုင်ပါတယ်။

နောက်ပီး pH ၅.၂ - ၅.၈ ကြားမှာဆိုရင် မြေ ပေ ၅၀ ပတ်လည်မှာ ထုံး ၅-၁၀ ပေါင်ထည့်နိုင်ပါတယ်။

သီးနှံပင်တွေအနေနဲ့တော့ ပဲအမျိုးမျိုး၊ ပြောင်း၊ ဂေါ်ဖီထုပ်၊ ဆလပ်အပြင် အခြားအရွက်စားဟင်းရွက်များ။

ခရမ်းချဉ်

သူက မြေချဉ်ပါက ကောင်းစွာမဖြစ်ထွန်းတာဖြစ်လို့ ကယ်စီယမ် ၊ မဂ္ဂနီစီယမ်ကိုကောင်းထည့်ပေးသင့်ပါတယ်။

အကြံပြုချက်

မြေကို ရေရှည်မှာ pH level ညှိပေးဖို့ကတော့ သဘာဝမြေဩဇာများများထည့်ပေးပါ။ နိုက်ထရိုဂျင်မြေဩဇာကို သင့်တင့်စွာထည့်ပါ။

copy : greenwavemyanmar

အခုဆိုရင် 2 In 1 Soil Analyzer စက်လေးက မြေကြီးကို တိကျတဲ့ရလဒ်ရနိုင်အောင် စက်တစ်လုံးတည်းနဲ့ နှစ်မျိုးလုံးသုံးနိုင်ပါတယ်ရှင့်
အသေးစိတ်သိရှိလိုပါက ဖုန်း 09951800006 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်
viber Group လေးထဲဝင်ပြီး စိုက်ပျိုးရေးအကြောင်းအရာများကိုနေ့စဉ် ဖက်ရှုနိုင်ပါပြီရှင့်

https://invite.viber.com/?g2=AQBaSlrnoECcak1f3Pbse052wqeqnGo5ZijSsHSav%2B81ufvwZqmf0Os4Zvg15Dtb

 #တီထွင်မှု၈၂မျိုး🏆 တီထွင်သူ🕵️နဲ့ ခုနှစ်🗓️တီထွင်မှု               တီထွင်သူ                    ခုနှစ်၁။လေဘရိတ်      ဝက်စတ...
18/01/2023

#တီထွင်မှု၈၂မျိုး🏆 တီထွင်သူ🕵️နဲ့ ခုနှစ်🗓️
တီထွင်မှု တီထွင်သူ ခုနှစ်
၁။လေဘရိတ် ဝက်စတင်းဟောက်စ် ၁၈၆၈
၂။လေအေးပေးစက် ကယ်လဗင် ၁၈၅၂
၃။လေယာဉ်ပျံ ရိုက်ညီနောင် ၁၉၀၃
၄။အပ်ခ်လိုက် ဒေဗီ ၁၈၀၈
၅။အော်တိုဖုန်း စထရိုဂါ ၁၈၈၉
၆။မီးပုံးပျံ မွန်ဂိုလဖိုင်ယာညီနောင် ၁၇၈၃
၇။ဗက်ဆီမာသံမဏိ ဗက်ဆီမာ ၁၈၅၅
၈။စက်ဘီး လေးလ်မင့် ၁၈၅၅
၉။ဗန်ဆင်မီးခွက် ဗန်ဆင် ၁၈၅၅
၁၀။ဂဏန်းတွက်စက် ဖဲ့လ်တ် ၁၈၈၉
၁၁။မြေတွန်းစက် ဟို့လ်တ် ၁၉၀၃
၁၂။ဆဲလူလွိုက် ဟိုင်းယက် ၁၈၇၀
၁၃။ဆေးရောင်စုံဓာတ်ပုံ လစ်ပမင်းအိုက်ဗ် ၁၈၉၂
၁၄။ကွန်ပေါင်းမှန်ဘီလူး ဂျန်ဆင် ၁၅၉၀
၁၅။ဝါဖက်စက် ဝှစ်တနီ ၁၇၉၂
၁၆။ဒဂါရိုဓာတ်ပုံ ဒဂါး ၁၈၃၉
၁၇။ဒီဇယ်အင်ဂျင် ဒီဇယ် ၁၈၉၆
၁၈။ဓာတ်ပြား ကာလင်းနား ၁၈၈၇
၁၉။ဒိုင်းနမိုက် နိုဗယ် ၁၈၆၇
၂၀။ဒိုင်နမို ဖာရာဒေး ၁၈၃၁
၂၁။လျှပ်စစ်အပ်ခ်မီးအိမ် ဘရပ်ရှ် ၁၈၇၈
၂၂။ဓာတ်လှေကား အိုးတစ်ကုမ္ပဏီ ၁၈၈၇
၂၃။လျှပ်စစ်ပန်ကာ ဝှီးလား ၁၈၈၆
၂၄။လျှပ်စစ်မီးဖို ဆီးမင်း ၁၈၇၇
၂၅။လျှပ်စစ်မီးလုံး အက်ဒီဆင် ၁၈၇၉
၂၆။လျှပ်စစ်မော်တာ ပါချီနိုတီဂရမ်း ၁၈၇၃
၂၇။လျှပ်စစ်ဘက်ထရီ ပလန်တေး ၁၈၆၀
၂၈။လျှပ်စစ်သံလိုက် ဟင်နရီ ၁၈၂၈
၂၉။အီသာဓာတ်ငွေ့. ဝါရင်းမော်တင် ၁၈၄၆
၃၀။ဓာတ်ဆီမော်တော်ကား ဒိမ်မလာဘင့်ဇ် ၁၈၈၄
၃၁။ဓာတ်ဆီချက်နည်း ရစ်တမန်းဘာတန် ၁၉၁၅
၃၂။စက်မဲ့လေယာဉ် လီလီယင်သယ် ၁၉၇၇-၇၈
၃၃။ဂျိုင်ရိုကွန်ပါ အန်းရှုတ်ဇ် ၁၉၀၆
၃၄။ဂျိုင်ရိုစကုပ် ဘိုနင်ဘာဂါ ၁၈၁၇
၃၅။ကြက်ပေါင်စေးအမာ ဟင်းဘော့ ၁၈၄၄
၃၆။ရေယာဉ်ပျံ ကားတစ် ၁၉၁၁
၃၇။ရေခဲလုပ်နည်း ကယ်ရီ ၁၈၆၀
၃၈။ဒုန်းကလားစက် လေးနား ၁၈၉၇
၃၉။သိုးမွေးစက် လေးဗ် ၁၈၆၃
၄၀။ဇာထိုးစက် ဟိကုပ် ၁၈၀၉
၄၁။လိုင်နိတိုက်စာစီစက် မာဂျင်သေလာ ၁၈၈၃
၄၂။မီးခြစ် ဝေါ့ကားဟိုလ်ဒင် ၁၈၂၇-၂၉
ဂျနော့အီရင်ယီ ၁၈၂၉
၄၃။မာဆရိုက်ချည်ရက်နည်း မာဆာ ၁၈၅၀
၄၄။ရုပ်ရှင် အက်ဒီဆင် ၁၈၉၃
၄၅။ရုပ်ရှင်ပြစက် ဂျင်းကင်း ၁၈၉၄
၄၆။ရေနံတူးစက် ဒရိတ် ၁၈၅၉
၄၇။ဓာတ်စက် အက်ဒီဆင် ၁၈၇၇
၄၈။ဓာတ်ပုံနဂ္ဂတစ် တယ်လဗော့ ၁၈၃၉
၄၉။ဓာတ်ပုံပညာ နိစ်ပ် ၁၈၂၇
၅၀။လေထိုးကြက်ပေါင်စေးတာယာ ဒန်းလော့ ၁၈၈၈
၅၁။စန္ဒယား ဝှုက်ထရီမန်း ၁၈၉၅
၅၂။ရေဒီယိုဓာတ်ပုံ အာရ်စီအေကုမ္ပဏီ ၁၉၂၄
၅၃။လေထိုးတာယာ သော်မဆင် ၁၈၄၅
၅၄။ဘိလပ်မြေ. အက်စ်ပဒင် ၁၈၂၄
၅၅။ကျောက်တောင်ဖောက်လွန်ပူ ကောက်ခ်ျ ၁၈၄၉
၅၆။ရေဒီယို မာကိုနီ ၁၈၉၆
၅၇။ရေဒီယိုမီးလုံး ဒီဖောရက်စ် ၁၉၀၇
၅၈။သံလမ်းပြေးမီးရထား ထရီဗီသစ် ၁၈၀၄
၅၉။ရေယွန်ပိုးတု အော်ဒီမား ၁၈၅၅
၆၀။ကောက်ရိတ်စက် မက်ကောမစ် ၁၈၃၁
၆၁။ခြောက်လုံးပြူး ကော့လ်ထ် ၁၈၃၅
၆၂။ပတ်လည်ပုံနှိပ်စက် ဝိုး ၁၈၄၇
၆၃။ဝက်အူရစ်ငမန်းယက် အဲရစ်ဆင် ၁၈၃၉
၆၄။အပ်ချုပ်စက် ဟိုး ၁၈၄၅
၆၅။ဗိုင်းငင်စက် အပ်ခရိုက် ၁၇၆၉
၆၆။ဗုင်းငင်စက် ဟားဂရိ ၁၇၆၄
၆၇။မီးသင်္ဘော ဖူလတန် ၁၈၀၇
၆၈။ရေနွေးငွေ့အင်ဂျင် ဝပ် ၁၈၆၉
၆၉။တာဘိုင်ရဟတ်စက် ဒီလာဘဲလ် ၁၈၈၂
၇၀။ခေတ်မီရေငုပ်သင်္ဘော ဟော်လန်နိုင်ငံ ၁၈၈၇
၇၁။ရှေးဦးရေငုပ်သင်္ဘော ဘွတ်ရှနယ် ၁၇၇၃
၇၂။ရေအောက်ကြေးနန်း မော့စ် ၁၈၄၂
၇၃။အသံထွက်ရုပ်ရှင် ကိတ်စ် ၁၉၂၆
၇၄။သံကြိုး(ကြေးနန်း) မော့စ် ၁၈၃၇
၇၅။တယ်လီဖုန်း ဘဲလ်(ဂရေဟမ်ဘဲလ်) ၁၈၇၆
၇၆။ရုပ်မြင်သံကြား ဘတ် ၁၉၂၇
၇၇။စပါးလှေ့စက် မိတ်ကယ် ၁၇၈၆
၇၈။လျှပ်စစ်ထရော်လီကား ဗင်ဒီပိုး ၁၈၈၄
၇၉။တန်စတင် မီးစာ ကူးလစ် ၁၉၀၆
၈၀။တွင်ခုံ ရော်ဗင်လောရင့်စ် ၁၈၅၄
၈၁။လက်နှိပ်စက် ရှို းလ် ၁၈၆၇
၈၂။ဆလင်ဒါ၂လုံးအင်ဂျင် ဘလပ် ၁၈၇၉

ေးပါသည်

18/01/2023
31/12/2022
30/12/2022

Address

Shweyinaye Kyaung Street
Yangon
11401

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959250260250

Alerts

Be the first to know and let us send you an email when ဓာတုမ်ိဳးမင္း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category