Language Lab English 4 Skills Training Centre

Language Lab English 4 Skills Training Centre Be confident. Never give up. Shine Bright. Be a member of Language Lab.

07/11/2022

💯Postcard writing practice

Postcard ရေးခြင်းရည်ရွယ်ချက်က ကိုယ်ရောက်တဲ့နေရာမှာ ကိုယ်ဘာတွေလုပ်တယ်၊ ဘာတွေတွေ့တယ်၊ ရာသီဥတုအခြေအနေ၊ ဘယ်တွေသွားတယ်၊ စားတယ် စတဲ့အကြောင်းအရာတွေကိုကိုယ့်ရဲ့ခံစားချက်အမြင်နဲ့ပေါင်းစပ်ရေးသားခြင်းဖြစ်ပါတယ်..

Postcard တစ်ခုမှာ front နဲ့ back နှစ်ပိုင်းပါဝင်ပါတယ် ရှေ့အခြမ်းမှာ နေရာဓာတ်ပုံလေးတွေ/ ပုံဖန်တီးဆွဲပီးထည့်‌ေလ့ရှိပါတယ် ..နောက်ဖက်အခြမ်းမှာတော့ စာရေးသားလေ့ရှိပါတယ် ။

ရေးတဲ့အခါမှာ အဓိကအနေနဲ့ ၅ပိုင်းပါဝင်ပါတယ်။

5 parts of writing a postcard

1.Greeting
2.Body
3.Closing
4.Signature
5. Address

1. Greeting

ကိုယ်ပို့မယ့်သူရဲ့နာမည်ကိုသုံးပြီး နှုတ်ခွန်းဆက်ပါ။
Hello Peter / How are you, Peter?
Dear + name သုံးလဲရပါတယ် (nick nameတွေသုံးလေ့ရှိပါတယ်)

2. Body

ဒီအပိုင်းမှာ ကိုယ်ပေးချင်တဲ့ informationတွေ အကုန်ရေးပါ။ အရင်ဆုံး ကိုယ်ရောက်နေတဲ့နေရာကို ဖော်ပြရေးပေးပါ။ ဘယ်တွေရောက်ခဲ့တယ်ဆိုတာကို နေ့အလိုက် Mondayမှာ ၊ Tuesdayမှာ ၊ yesterdayက စသဖြင့်ရေးနိုင်ပါတယ်။

3. Closing

အပိတ်မှာနှုတ်ဆက်ကြောင်းရေးပါ။

4.Signature

ကိုယ့်နာမည်ကို (အတိုကောက်)ဖော်ပြပါ။

5. Address

ကိုယ်ပို့မယ့်သူရဲ့လိပ်စာကိုရေးပါ။ နာမည်အပြည့်အစုံကိုလဲ ဒီနေရာမှာ‌ေရးနိုင်ပါတယ်။
Stamp တံဆိပ်ခေါင်းနေရာအကွက်မှာ တံဆိပ်ခေါင်းကပ်နိုင်ပါတယ်။ ပုံဆွဲပေးလို့လဲရပါတယ်။

Language Lab English 4 Skills Training Centre

အသက် ၇နှစ်အရွယ်မှ စတင်ပြီးအင်္ဂလိပ်စာစွမ်းရည်တိုးတက်လိုသူတိုင်းအတွက် English 4 Skills Classesများကို ၁၀နှစ်ကျော် သင်ကြားရေးအတွေ့အကြုံရှိ Experienced Teacherမှ အနီးကပ်လေ့ကျင့်သင်ကြားပေးပါသည်။

Be confident.
Never give up.
Shine bright.
Be a member of language Lab.

www.languagelabmyanmar.com


🪴Today's Class is awesome!🙋ဒီနေ့ရဲ့ YLE Classမှာ Marvellous Movers‌ လေးတွေဟာ သင်ခန်းစာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့သင်ယ...
16/07/2022

🪴Today's Class is awesome!

🙋ဒီနေ့ရဲ့ YLE Classမှာ Marvellous Movers‌ လေးတွေဟာ သင်ခန်းစာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့သင်ယူခဲ့ကြပါတယ်

🙋ဒီနေ့သင်ခန်းစာထဲမှာ ပေးထားတဲ့ပုံနှစ်ပုံကိုကြည့်ပြီး differencesလေးတွေကိုလဲရှာရပါတယ် Speaking Testဖြေဆိုတဲ့အခါမှာ အထောက်အကူဖြစ်စေတဲ့ activityလေးဖြစ်ပါတယ်

Be confident.
Never give up.
Shine bright.
Be a member of Language Lab.

📚Language Lab English 4 Skills Training Centre

ပြီးခဲ့တဲ့ Weekend Young Learners English အတန်းမှာ Marvellous Moversလေးတွေဟာ တကယ့်ကိုတက်တက်ကြွကြွနဲ့လေ့လာသင်ယူခဲ့ကြပါတယ်...
04/07/2022

ပြီးခဲ့တဲ့ Weekend Young Learners English အတန်းမှာ Marvellous Moversလေးတွေဟာ တကယ့်ကိုတက်တက်ကြွကြွနဲ့လေ့လာသင်ယူခဲ့ကြပါတယ်

target vocabulary wordsဖြစ်တဲ့စကားလုံးတွေကိုသင်ယူအပြီးမှာ Speaking practice အနေနဲ့ ပေးထားတဲ့ပုံတွေရဲ့ ကွဲပြားချက်တွေကို သူတို့ရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေပေါ်အခြေခံပြီး‌ အပြောလေ့ကျင့်ကြပါတယ်

Writing practiceအနေနဲ့လဲ Statement Sentenceနဲ့ Question sentenceတွေကို ပေးထားတဲ့ပုံအလိုက်ရေးခဲ့ကြပါသေးတယ်

Marvellous Moversတွေကတော့ အင်္ဂလိပ်ဘာသာစကားကိုအရှိန်အဟုန်နဲ့တိုးတက်ဖို့ရာ‌ လေ့ကျင့်ပြင်ဆင်နေကြပီဖြစ်ကြောင်းပါရှင်

🎯Language for Life than just Language Skills!

🪴Language Lab Myanmar
🪴English 4 Skills Training Centre
💻Website: www.languagelabmyanmar.com
📚Email:[email protected]
☎️ph no: 09 784563544/ page messenger

အင်္ဂလိပ်စာ 4 Skillsကို ငယ်စဉ်ကတည်းက စနစ်တကျပြောဆိုရေးသားနိုင်အောင်သင်ကြားထားမယ်ဆိုရင် ဘာတွေအကျိုးရှိမယ်ဆိုတာ ဒီနေ့ခေတ်မ...
29/06/2022

အင်္ဂလိပ်စာ 4 Skillsကို ငယ်စဉ်ကတည်းက စနစ်တကျပြောဆိုရေးသားနိုင်အောင်သင်ကြားထားမယ်ဆိုရင် ဘာတွေအကျိုးရှိမယ်ဆိုတာ ဒီနေ့ခေတ်မှာပြောစရာမလိုလောက်အောင်သိရှိကြပြီးဖြစ်ပါတယ်

Language Lab သင်တန်း‌ကျောင်းဟာ English 4 Skillsကို အထူးပြု‌ေလ့ကျင့်သင်ကြားပေးနေတဲ့ သင်တန်းကျောင်းတစ်ခုလို့ဆိုရင်မမှားပါဘူး...Language Labရဲ့ အတန်းတွေမှာ တက်ရောက်ကြတဲ့သင်တန်းသား‌ေတွဟာ ဆယ်ကျော်သက်အရွယ်ကနေ working professional လုပ်ငန်းခွင်ဝင်တဲ့အထိ အသက်အရွယ်အမျိုးမျိုးရှိကြတာဖြစ်ပါတယ်

🗓️⏰ယခုအခါမှာလဲ မိမိတို့ရဲ့ရင်သွေးတွေနောင်ရေးမှာ အင်္ဂလိပ်စာအခက်အခဲမရှိရအောင်နဲ့ စိတ်အေးရဖို့အတွက် Language Lab ကနေ July 2 ရက်နေ့မှာ Cambridge English Language Classအတန်းသစ်တွေ စတင်တော့မှာဖြစ်ပါတယ်

🙋အသက် 7 နှစ်အရွယ်ကနေ 14နှစ်ထိတက်ရောက်နိုင်တဲ့ English 4 Skillsသင်တန်းများဖြစ်ပါတယ်

🗓️စနေ၊ တနင်္ဂနွေ နှစ်ရက်ပဲအချိန်ပေးရမှာဖြစ်လို့ screen timeလဲမများစေပါဘူးနော် သင်တန်းချိန်တစ်ရက်ကို တစ်နာရီခွဲမှာ 4 Skillsကို စိတ်ဝင်စားဖွယ် activitiesတွေနဲ့သင်ယူရမှာဖြစ်ပါတယ်

💻📱သင်တန်းတွေကို Zoom ကနေ တိုက်ရိုက်သင်မှာဖြစ်ပါတယ်...သင်တန်းတစ်ချိန်ကို အများဆုံး ကျောင်းသား ၆ဦးထိသာလက်ခံသင်ကြားပေးတာဖြစ်လို့မထိရောက်မှာစိတ်ပူစရာမလိုတော့ပါရှင်

🔎သင်တန်းစုံစမ်းမယ်ဆိုရင်-

☎️09 784563544/ Page messengerကို ဆက်သွယ်နိုင်ပါတယ်

📚Language for Life than just Language Skills.

🪴Language Lab Training Centre🪴

⏰တော်တော်များများမှားတတ်ကြတဲ့ အသုံးလေးပါ ❗⏰ကွက်လပ်ထဲက စကားလုံးလေးကို⏰မှန်အောင်ဖြေကြည့်နော်  ❓❓_monday quizz time    🪴Lan...
27/06/2022

⏰တော်တော်များများမှားတတ်ကြတဲ့ အသုံးလေးပါ ❗

⏰ကွက်လပ်ထဲက စကားလုံးလေးကို
⏰မှန်အောင်ဖြေကြည့်နော် ❓❓

_monday quizz time




🪴Language Lab Training Centre🪴

ကလေးတွေအတွက် Phonics။လူကြီးတွေအတွက်  Phonetics။ Phonics*********Phonics က letter ပေါ်အခြေခံတယ်။စာလုံးကိုအသံထွက်ဖတ်တတ်ဖို...
26/06/2022

ကလေးတွေအတွက် Phonics။
လူကြီးတွေအတွက် Phonetics။

Phonics
*********
Phonics က letter ပေါ်အခြေခံတယ်။
စာလုံးကိုအသံထွက်ဖတ်တတ်ဖို့ဖြစ်တယ်။
ဥပမာ -
a_e စကားလုံးတွေရဲ့ အသံထွက်
Sh စကားလုံးတွေရဲ့အသံထွက်
Ch စကားလုံးတွေရဲ့ အသံထွက်တွေကို လေ့လာပြီး letter နဲ့ sound ကိုပေါင်းစပ်ပြီး Reading စကားလုံးတွေကိုအသံထွက်ဖတ်တတ်ဖို့ကိုလေ့ကျင့်တာပါ။

Phonetics
************
Phoneticsက phonemic alphabetsတွေ ပေါ်အခြေခံတယ်။
သင်္ကေတကြည့်ပြီးစကားလုံး ဒါမှမဟုတ် စာကြောင်းရဲ့အသံထွက်အမှန်ကို ထွက်တတ်ဖို့ဖြစ်တယ်။

ဥပမာ -
Pacific Ocean ဆိုတဲ့စကားလုံးက မတူညီတဲ့C အသံထွက်ကို ခွဲခြားပြီးအမှန်ထွက်တတ်အောင် သင်္ကေတနဲ့ဖော်ပြပေးတာမျိုးပါ။

The first C is pronounced as /s/.
The second C is pronounced as /k/.
The third C is pronounced as /sh/.

Phoneticsတတ်ရင် မသိတဲ့အသံထွက်ကို Dictionaryမှာကြည့်ပြီး ထွက်တတ်လာပါမယ်။

Sentence Levelမှာ Stress နဲ့ intonation အသံကိုပါ phonemic alphabet‌ေတွနဲ့ ‌ေပါင်းထည့်ရေး‌လို့ရပါတယ်။ ရေးရမှာဖြစ်ပါတယ်။






🪴Language Lab Myanmar Training Centre🪴

📣Jul ၂ ရက်နေ့မှာ အတန်းသစ်စမယ့် Starter Foundation Classလေးမှာ တက်ရောက်မယ့်သားသားမီးမီးတို့အတွက် အထူးအစီအစဉ်‌ေလးတစ်ခုရှိပ...
25/06/2022

📣Jul ၂ ရက်နေ့မှာ အတန်းသစ်စမယ့် Starter Foundation Classလေးမှာ တက်ရောက်မယ့်သားသားမီးမီးတို့အတွက် အထူးအစီအစဉ်‌ေလးတစ်ခုရှိပါတယ်

သင်တန်းချိန်မှာသုံးရမယ့် Coursebook စာအုပ်‌တွေကို လက်ဆောင်အ‌ေနနဲ့ရရှိမှာပဲဖြစ်ပါတယ် ❗

June30ရက်‌နေ့ နောက်ဆုံးထားပြီး Foundation Level စာရင်းပေးအပ်တဲ့သူတိုင်းအတွက် ဒီလက်ဆောင်လေးလက်ခံရရှိမှာဖြစ်ပါတယ်နော်

Level _Starter Foundation
Age _ 7 years old (အသက် ၆နှစ်ပြည့်ပြီးမှစတင်တက်ရောက်နိုင်ပါတယ်)
Duration _ 8 months
Fees - 35000 MMK monthly
Platform _ Zoom app + fb group

🖥️ထိထိရောက်ရောက်သင်ကြားပေးနိုင်ဖို့ ၆ဦးထိသာလက်ခံသင်ကြားမှာဖြစ်ပါတယ်

🖥️အင်္ဂလိပ်စာကိုအခြေခံမှစတင်ပြီးစနစ်တကျလေ့လာသင်ယူနိုင်စေမယ့် Foundation class လေးဖြစ်ပါတယ်

🖥️Phonics အသံထွက်ကိုအဓိကထားလေ့ကျင့်ပေးပြီး 4 Skillsလုံးပါဝင်မယ့် ဒီသင်တန်းလေးက ယခုမှစတင်လေ့လာရမယ့် သားသားမီးမီးတို့အတွက်အထူးသင့်တော်စေမှာဖြစ်ပါတယ်

📣 အထူးအစီအစဉ်လေးအတွက် နောက်မကျရအောင် အခုပဲစာရင်းပေးအပ်နှံဖို့ သင်တန်းကိုဆက်သွယ်နိုင်ပါပီနော်

သင်တန်းစုံစမ်းရန် -
☎️09784563544/ page messenger

[email protected]
www.languagelabmyanmar.com

🍎Be confident.
🍎Never give up.
🍎Shine bright.
🍎Be a member of Language Lab.

🔎Language for Life than just Language Skills🔎

🪴Language Lab Training Centre🪴

🎯ဒီနေ့မှာ Weekend အသုံးလေးလေ့လာကြည့်ကြပါမယ်Weekendကို Week နဲ့ end ခွဲမရေးရပါဘူးWeek နဲ့ endကို - (hyphen)ခံပြီးလဲ မရေးရ...
25/06/2022

🎯ဒီနေ့မှာ Weekend အသုံးလေးလေ့လာကြည့်ကြပါမယ်

Weekendကို Week နဲ့ end ခွဲမရေးရပါဘူး
Week နဲ့ endကို - (hyphen)ခံပြီးလဲ မရေးရပါဘူး
Weekendဆိုပြီးပဲ စကားလုံးတစ်လုံးအနေနဲ့ပဲရေးရပါတယ်

The Weekend = Saturday + Sunday ပါ
ဒါဆိုရင် ဒီစာကြောင်း‌ေတွကိုကြည့်ကြည့်ပါ ဘယ်စာကြောင်းကအမှန်ပါလဲ❓❓❓

1.I go swimming on the weekend
2. I go swimming at the weekend.
3. I go swimming at last weekend.
4. I go swimming on every weekend.

Weekend ကို on the weekend/ at the weekend သုံးလို့ရပါတယ် On the weekendဆိုတာက USအသုံးဖြစ်ပြီး At the weekendဆိုတာကတော့ UKအသုံးဖြစ်ပါတယ်

Last/ Next / every တို့နဲ့သုံးမယ်ဆိုရင် on/ at မထည့်ရပါဘူး

at the weekend / on the weekendအသုံးဟာ စနေ၊တနင်္ဂနွေ ၂ရက်မှာရှိတဲ့ အချိန်တစ်ချိန်ချိန်ကိုဆိုလိုတာဖြစ်ပါတယ်

စနေ၊တနင်္ဂနွေ ၂ရက်လုံးဆိုတဲ့အနေနဲ့သုံးမယ်ဆိုရင် over the weekend လို့လဲသုံးလို့ရပါတယ် during the weekendဆိုတဲ့အသုံးနဲ့ဆင်တူပါတယ်

သောကြာ ဒါမှမဟုတ် တနင်္လာနဲ့ ပိတ်ရက်တွေဆက်ပြီး သုံးရက်ဆက်/ လေးရက်ဆက်ပိတ်တာမျိုးကိုတော့ long weekend လို့ သုံးရပါတယ်





🪴Language Lab Myanmar Training Centre🪴

🙆တချို့ကလေးငယ်တွေဟာ ပန်းချီပုံလေးတွေဆွဲရတာကိုနှစ်သက်ကြပါတယ် သူတို့လေးတွေဟာအသေးစိတ်ဘလိုပဲဆွဲတယ်ဆိုပေမယ့်လဲ သူတို့စိတ်ကူးလ...
24/06/2022

🙆တချို့ကလေးငယ်တွေဟာ ပန်းချီပုံလေးတွေဆွဲရတာကိုနှစ်သက်ကြပါတယ် သူတို့လေးတွေဟာအသေးစိတ်ဘလိုပဲဆွဲတယ်ဆိုပေမယ့်လဲ သူတို့စိတ်ကူးလေးနဲ့ သူတို့ရဲ့ခံစားချက်အတိုင်းသူတို့စိတ်ထဲရှိသလိုသာရေးဆွဲကြလေ့ရှိပါတယ် အရမ်းငယ်တဲ့ကလေးတွေဆိုရင် Doodle ပုံစံလေးတွေဖြစ်နေလေ့ရှိပါတယ်

🙆ဒီထဲကပုံတွေမှာဆိုရင် သူ့ရဲ့ကလေးငယ်တွေဆွဲထားတဲ့ပုံတွေကိုအားပေးတဲ့အနေနဲ့ အပြင်မှာတကယ့်သက်ရှိတွေအနေနဲ့သာဖြစ်ခဲ့မယ်ဆိုရင် ဘလိုမျိုးဖြစ်နေမလဲဆိုပြီး အဖေဖြစ်သူကပြန်လည်ဖန်တီးပေးထားတဲ့ပုံတွေဖြစ်ပါတယ်

🐥ကြိုက်နှစ်သက်မိတဲ့ Internetမှာ ဖတ်လိုက်ရတဲ့အကြောင်းအရာလေးကိုပြန်လည်မျှဝေ‌ပေးခြင်းဖြစ်ပါတယ်🐥

🪴Language Lab Training Centre🪴

Speaking‌ တော့ ပြောနိုင်တယ် သူများပြောတာကျနားမလည်‌တော့ဘူး၊ Listeningမရဘူး ဆိုပြီးပြောကြသူတွေရှိပါတယ်ကိုယ်က‌အ‌ေကြာင်းအရာတ...
24/06/2022

Speaking‌ တော့ ပြောနိုင်တယ် သူများပြောတာကျနားမလည်‌တော့ဘူး၊ Listeningမရဘူး ဆိုပြီးပြောကြသူတွေရှိပါတယ်

ကိုယ်က‌အ‌ေကြာင်းအရာတစ်ခုခုကိုသေချာပြောနိုင်နေပီ Vocabတွေလဲသုံးနိုင်နေပြီဖြစ်ရဲ့နဲ့ Listening နားထောင်တဲ့နေရာမှာ ပြသနာဖြစ်နေတယ်ဆိုရင် ဖြစ်နိုင်တာတစ်ခုပဲရှိပါတယ်

ကိုယ်ပြောနေတဲ့အသံထွက်တွေမှားနေတာပါ ❗
ကိုယ်ထွက်လိုက်တဲ့အသံထွက်တွေဟာမှားနေတဲ့အတွက် Listeningမှာ တဖက်ကပြောတာတွေမှာ ကိုယ်သိတဲ့စကားလုံးတွေဖြစ်နေပေမယ့်လဲ ကိုယ့်အတွက်မကြားဖူးသလိုဖြစ်‌ေနတဲ့စကားလုံးအသစ်တွေဖြစ်နေပါလိမ့်မယ်
ဒီအခါမှာ နားမလည်လိုက်ဘူးဆိုတာဖြစ်လာတာဖြစ်ပါတယ်

စကားပြောတဲ့အခါမှာ စကားလုံးတွေကို
Intonation
Linking
Stress
အသုံးပြုပြီးပြောရတဲ့အတွက်လဲ ကိုယ်တိုင်က ဒါတွေကိုအသုံးပြုတာလွဲနေတဲ့အခါမှာ ကြားတဲ့နေရာမှာလဲလွဲနေမှာပဲဖြစ်ပါတယ်

Listening မရတဲ့သူဟာ Speakingမှာလဲမမှန်ဖို့သေချာသလောက်ဖြစ်ပါတယ် ဒါကြောင့် Listening practiceကို များများနားထောင်ပေးဖို့လိုအပ်ပါတယ် ဒါဆိုရင်ပြောစကားလဲမှန်လာပြီး နားထောင်တဲ့အခါမှာလဲအဆင်ပြေသွားမှာဖြစ်ပါတယ်

Be confident.
Never give up.
Shine bright.
Be a member of Language Lab.

Language for Life, not just Language Skills.

Language Lab Training Centre




📣မေးနေကြတဲ့ 4 Skillsလုံးကို လေ့ကျင့်ပေးမယ့် General English 4 Skills Course လူကြီးတန်းအတန်းသစ်လာပါပီ ❗🗓️Elementary Level...
23/06/2022

📣မေးနေကြတဲ့ 4 Skillsလုံးကို လေ့ကျင့်ပေးမယ့် General English 4 Skills Course လူကြီးတန်းအတန်းသစ်လာပါပီ ❗

🗓️Elementary Level အတန်းသစ်တစ်တန်း Julလထဲမှာဖွင့်ဖို့ရှိပါမယ်

Zoom appကိုအသုံးပြုပြီး အတန်းထဲမှာတီချယ်နဲ့သင်ရသလိုပဲ activities တွေနဲ့သင်ရမှာဖြစ်တဲ့ Online Classဖြစ်ပါတယ်
သင်တန်းအပ်ထားသူတွေကို Fb Groupပြုလုပ်‌ပေးပြီး အသုံးပြုရမယ့် Zoom ID နဲ့ passcode ကို အတန်းချိန်မစမီမှာ ပေးပို့မှာဖြစ်ပါတယ်

🗓️⏰သင်တန်းကာလ ၂လ ဖြစ်ပါတယ်...

သင်တန်းကြေး - 60000 MMK (၂လစာအပြီးအစီး)

🔺ဒီသင်တန်းကနေ ရရှိစေမယ့်အကျိုးကျေးဇူးတွေကတော့ 🔺

🎯Fluency Skill သိသိသာသာတိုးတက်‌လာ‌ေစမှာဖြစ်ပါတယ်

🎯Self Studyလုပ်ချင်ပြီး ဘယ်ကစရမှန်းမသိသူတွေအနေနဲ့လဲ သင်တန်းတက်ပြီး အင်္ဂလိပ်စာ 4 Skills + Vocab + grammar အခြေခံရရှိသွားပြီး ဆက်လက်‌ေလ့လာရမယ့်နည်းစနစ်တွေကိုသိရှိသွားစေမှာဖြစ်ပါတယ်

🎯သင်တန်းအပြီး Test‌ ဖြေဆိုအောင်မြင်သူများအနေနဲ့ Pre Intermediate Levelကို တက်ရောက်နိုင်မှာဖြစ်ပါတယ်

📣July 14ရက်နေ့ အတန်းစပါမယ် ❗

🖥️သင်တန်းသားဦးရေ 6 ဦးထိသာ လက်ခံသင်ကြားမှာဖြစ်လို့ အပြည့်အစုံစာရင်းပေးအပ်ထားသူတွေကိုသာ confirmationအနေနဲ့ text messageပေးပို့မှာဖြစ်ပါတယ်

☎️သင်တန်းစုံစမ်းရန် -
Page messenger / 09784563544ကို ဆက်သွယ်နိုင်ပါတယ်

🌳Be confident.
🌳Never give up.
🌳Shine bright.
🌳Be a member of Language Lab.

Language for Life than just Language Skill!

Language Lab Training Centre
www.languagelabmyanmar.com




Literacy Skillဆိုတာ ❓❓❓Reading နဲ့ Writing စာရေး၊စာဖတ်နိုင်တာကို literacy skillလို့အကြမ်းအားဖြင့်ပြောနိုင်ပါတယ် နောက်ပို...
23/06/2022

Literacy Skillဆိုတာ ❓❓❓

Reading နဲ့ Writing စာရေး၊စာဖတ်နိုင်တာကို literacy skillလို့အကြမ်းအားဖြင့်ပြောနိုင်ပါတယ်

နောက်ပိုင်းမှာ အများအားဖြင့် Speakingအပြောသွက်ဖို့ကိုဦးစားပေးသင်ယူကြတာများပါတယ် ဘာသာစကားတစ်ခုသင်ယူတယ်ဆိုတာဟာ အရေးအဖတ်ချည့်ပဲမဟုတ်တဲ့အတွက် အပြောပိုင်းကိုဦးစားပေးသင်ယူတာဟာမမှားဘူးဆိုပေမယ့် Literacy Skill ဖြစ်တဲ့အရေး နဲ့အဖတ်ကိုလဲအတိုင်းအတာတစ်ခုထိတတ်မြောက်ထားဖို့က လိုအပ်ပါတယ်

ကိုယ့်ရဲ့မြန်မာဘာသာစကားမှာလဲ တချို့သူတွေမှာ စကားပြောနိုင်ကြပေမယ့် စာမရေးတတ်မဖတ်တတ်တာမျိုးကိုတွေ့ဖူးကြမှာပါ Literacy Skillဟာ အခြေခံအကျဆုံးတတ်မြောက်ထားရမယ့်အရာတစ်ခုဖြစ်ပါတယ်

Literacy Skillကို ကျွမ်းကျင်တတ်မြောက်ထားတဲ့အခါမှာ စာဖတ်တဲ့အခါ အကြောင်းအရာတွေကို comprehension skill နားလည်မှုစွမ်းရည်လဲမြင့်တက်လာစေတာဖြစ်လို့ တခြားဘာသာရပ်‌ေတွကိုပါလေ့လာဖို့အ‌ေထာက်အကူဖြစ်‌ေစပါတယ် ဆက်သွယ်မှုစွမ်းရည် communication skillကိုလဲရရှိစေပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းလဲရှိလာစေမှာဖြစ်ပါတယ်

Literacy skill ကို ‌ပိုင်နိုင်အောင်လေ့ကျင့်မထားဘူးဆိုရင် လုပ်ငန်းခွင်ထိပါ သက်ရောက်မှုရှိစေမှာဖြစ်ပါတယ် စကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်ပေမယ့် အလုပ်လျှောက်လွှာ Application letterတွေ၊ တင်ပြချက် presentation အကြောင်းအရာတွေပြုလုပ်တဲ့အခါနဲ့ လုပ်ငန်းသုံးစာတွေရေးသားရာမှာများစွာအခက်တွေ့စေနိုင်ပါတယ်

❗ဒီနေရာမှာ readingဆိုတာကို စာဖတ်တတ်ရုံ၊ writingကို စာရေးတတ်ရုံရေးတတ်တာမျိုးကိုသာ မဆိုလိုပါဘူး အခြေအနေအကြောင်းအရာအလိုက်အကျိုးရှိအောင်ထိရောက်အောင်‌‌ေဖာ်ပြနိုင်စေမယ့် စာရေးစာဖတ်ခြင်းမျိုးကို ဆိုလိုရင်းဖြစ်ပါတယ်

🖥️စာဖတ်တဲ့အခါမှာလဲ printed books စာအုပ်တွေကိုသာ မဟုတ်ဘဲ e-booksတွေကိုပါ ဖတ်ရှုနိုင်ပါတယ်

🌳Language Lab Training Center🌳


Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959784563544

Alerts

Be the first to know and let us send you an email when Language Lab English 4 Skills Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Language Lab English 4 Skills Training Centre:

Shortcuts

Share