Perfect Time Cooking and Drink Preparation Training

Perfect Time Cooking and Drink Preparation Training အချက်ပြုတ် စိတ်ဝင်စားသူများအတွက်

16/07/2025

ဘာမှ မတင်ဖြစ်တာကြာလို့ အိမ်မှာချက်စားဖြစ်တာလေးကို စိတ်ဝင်စားတဲ့သူတွေ လိုက်လုပ်လို့ရအောင် တင်ပေးလိုက်ပါတယ်…
တခြား စီးပွါးရေးဘက်မှာပဲ အချိန်ပေးနေတဲ့အတွက် သင်တန်းတွေတော့ နားထားပါသေးတယ်ခင်ဗျာ
အားလုံးကိုတော့ သတိတရ ရှိနေပါတယ်

#မှိုအစပ်ကြော်

✔︎ ဘယ်ချိန်စားစား မရိုးနိုင်သလို.. လူတိုင်းနီးပါး ကြိုက်ကြတဲ့ ရှမ်းအစားစာနဲ့ ဆီချက်ခေါက်ဆွဲမျိုးစုံကို ကိုယ်တိုင်ချက်ပြု...
11/06/2024

✔︎ ဘယ်ချိန်စားစား မရိုးနိုင်သလို.. လူတိုင်းနီးပါး ကြိုက်ကြတဲ့ ရှမ်းအစားစာနဲ့ ဆီချက်ခေါက်ဆွဲမျိုးစုံကို ကိုယ်တိုင်ချက်ပြုတ်လိုပါသလား?

✔︎ အသေးစားစီးပွားရေးအနေနဲ့ ကိုယ်ပိုင်ဆိုင်လေးဖွင့်ပြီး အရင်းနည်းနည်းနဲ့ အမြတ်များများ ရလိုပါသလား?

✔︎ ရှမ်းအစားစာနဲ့ ဆီချက်ဆိုင်လေးဖွင့်ဖို့ စိတ်ကူးနေပြီလား?

✔︎ မိမိဆိုင်မှာ လက်ရှိရောင်းနေတဲ့ အစားအသောက်အပြင် Menu ထပ်တိုးလိုသူများအတွက်ကတော့ အသင့်တော်ဆုံးပါလို့ ပြောပါရစေ ★

▪️ သင်တန်းကြေး = ၁၆၀၀၀၀ ကျပ်

🔘 သင်ကြားပေးမည့် အမျိုးအမည်များ 🔘
************************************
✤ ရှမ်းခေါက်ဆွဲ
✤ ရှမ်းဟင်းထုပ်
✤ မြေအိုးမြီးရှည်
✤ ငါးထမင်းနယ်
✤ မန္တလေးမြီးရှည်
✤ တို့ဟူးနွေး
✤ ဖက်ထုပ်ပြုတ်
✤ ဖက်ထုပ်ဆီချက်
✤ ဆီချက်ခေါက်ဆွဲ
✤ နန်းကြီးသုပ်(မန္တလေးမုန့်တီ)
✤ ကြက်ပေါင်းခေါက်ဆွဲ
✤ နံရိုးပေါင်းခေါက်ဆွဲ
စသည်တို့ကို အခြေခံက အစ သင်ကြားပေးတာမလို့ သင်တန်းတတ်ပြီးတာနဲ့ ဆိုင်တန်းဖွင့်လို့ရနိုင်သည်အထိ တတ်မြောက်အောင်သင်ကြားပေးတဲ့ သင်တန်းလေးပါနော် ❤︎︎

🗓သင်တန်းနေ့=>22.6.2024 /23.6.2024
(Saturday/ Sunday)
✌︎︎ သင်တန်းကာလ၂ရက်သင်တန်း ✌︎︎

✪ သင်တန်းချိန်
⏱ မနက် ၁၀ နာရီ မှ ညနေ ၃နာရီအထိ
🍽( နေ့လည်စာကို သင်တန်းမှ စီစဉ်ပေးထားပါတယ်)

✪ သင်တန်းနေရာ
မိဂသီ ၂၁လမ်း၊ ၁၂ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📞 ဆက်သွယ်စုံစမ်းရန်
☏ 09402587646
☏ 09795013914

⚠︎︎ သင်တန်းမှာ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ရမှာဖြစ်ပါတယ် ⚠︎︎

𑁍 သင်တန်းကြေးမှ အပ အခြား ပစ္စည်းဖိုးများ ပေးရန်မလိုအပ်ပါ 𑁍

▪️ သင်တန်းပြီးဆုံးကြောင်း လက်မှတ်
(Certificate) ပေးအပ်ချီးမြှင့်သွားပါမည် ▪️



#ရှမ်းအစားစာနှင့်ခေါက်ဆွဲအမျိုးမျိုးပြင်ဆင်ချက်ပြုတ်နည်းသင်တန်း

ဇောင်ချမ်းပင်ဆိုတာ ပူပြင်း​ခြောက်​သွေ့တဲ့ အညာ​ဒေသမှာတွေ့ရ​လေ့ရှိတဲ့ အပင်တမျိုးပဲဖြစ်ပါတယ်။ ဆရာမခင်ခင်ထူးရဲ့ အညာဓ​လေ့ စာအ...
21/05/2024

ဇောင်ချမ်းပင်ဆိုတာ ပူပြင်း​ခြောက်​သွေ့တဲ့ အညာ​ဒေသမှာတွေ့ရ​လေ့ရှိတဲ့ အပင်တမျိုးပဲဖြစ်ပါတယ်။ ဆရာမခင်ခင်ထူးရဲ့ အညာဓ​လေ့ စာအုပ်​တွေမှာ​တော့ နာမည်​လေးဆန်းတဲ့ ​
ဇောင်ချမ်းပင်တို့ ၊ ​​ဇောင်ချမ်းကုန်းရွာတို့အ​ကြောင်းကို ခဏခဏ ဖတ်ဖူး​နေ​လို့ ဒီနာမည်နဲ့က ရင်းနှီး​နေခဲ့တာကြာပါပြီ။

ဒါ​ပေမယ့်.. ဇောင်ချမ်းပင်..နဲ့.. ဇောင်ချမ်းချဥ်​ကြော်ကို​တော့ အပြင်မှာ မြင်ဖူး သူ.. စားဖူးသူ ရှိသလို... မမြင် ဖူး...
မစားဖူး... မကြားဖူး သူလည်း ရှိနိုင်ပါတယ်...
ပုဂံ ရွှေဆံတော် ဘုရားနားက ဇောင်ချမ်းပင်ပုံ
တင်ပေးထားပါတယ်

အရင်ဆုံး ​ဇောင်ချမ်းချဥ် ပြုလုပ်ပုံ​လေးကို ​မေးမြန်းပြီး
သိလာရသမျှ ​ဖောက်သည်ချ​ပေးပါမယ်။
ဇောင်ချမ်းသီးကို ခူးပြီး ခါးလယ်က ခြမ်းရပါတယ်။
ခြမ်းပြီးရင်​တော့ ဇွန်းဖင်​လေးနဲ့ အလယ်ကဝိုက်ပြီး
အထဲကအဆံကိုယူပါတယ်။

အဆံကိုယူပြီးရင် ​ရေ ၃ ရက်စိမ်ရပါတယ်။
ညညဆို ရေကို အသစ်ပြန်ပြန်လှည်​​ပေးရပါတယ်။
​၃ ရက်ပြည့်ရင် ရေကို စစ်​နေ​အောင်ပြန်လုပ်၊
ပြီးရင် ထမင်းထည့်ရပါမယ် (ထမင်းကလည်းပူလို့မရပါ ၊
ပူရင် ​ဇောင်ချမ်းချဥ်က ပျက်စီးသွားမှာပါတဲ့)
ဒါ့​ကြောင့် ထမင်း​လေး​အေးပြီဆိုမှ ထမင်းရယ်၊ ဆားရယ် ၊
ဒီ​ဇောင်ချမ်းသီး​လေးရယ်ကို နယ်ရပါတယ်။
ပြီးတဲ့အခါ အိတ်နဲ့ ​သေချာ​​လေး လေလုံ​​အောင်စည်းပြီး
၃ ရက် ထပ်ထားရပါတယ်။
ချဥ်ပြီဆိုရင်​တော့ ​ကြော်စားလို့ရပါပြီ။

​ကြော်ပုံ​လေးက​တော့ ကြက်သွန်နီ​လေးကို ဆီသတ်၊ ပြီးရင် ငံပြာရည်ရယ်၊ ဆား​လေးနည်းနည်းရယ် ၊ ဟင်းခတ်မှုန့်နည်းနည်းရယ်ထည့် ၊ ချခါနီးမှ ငရုတ်သီးစိမ်း​လေးထည့်လိုက်ရုံပါပဲ။
​ဇောင်ချမ်းချဥ်ရဖို့ ပြုလုပ်ရတာက အချိန်ယူရ​ပေမယ့်လို့ ​ကြော်ပြီးသားကို စားလိုက်တဲ့အခါမှာ​တော့ ထုပ်ထုပ်ထုပ်ထုပ်နဲ့ ချဥ်ပြုံးပြုံး​ ဖန်တန်တန်လေး အရမ်းကို စား​လို့ကောင်းပါတယ်။
ကဲ ...ပုဂံရောက်ရင် ​ပုဂံ က ထမင်းဆိုင် တချို့ နဲ့..
Hotel တချို့မှာ...ဇောင်ချမ်းချဥ်​ကြော် ကို အခွင့်ကြုံရင်
မှာစားလို့ရနိုင်ပါတယ်...

အညာ ဇောင်ချမ်းချဥ် ရဲ့အရသာကိုစားဖူးသူတိုင်း
ကြိုက်မယ်လို့ထင်......

​ဇောင်ချမ်းချဥ်​လုပ်နည်း​လေးနဲ့ ​ဇောင်ချမ်းပင်ပုံများကို ​လေ့လာနိုင်ဖို့တင်​ပေးလိုက်ပါတယ်​....

Credit to original owner
photos. ..credit. .

မြန်မာတို့ရဲ့ နှစ်သစ်ကူး အချိန်အခါ ကာလမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ဘေးဘယာဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိ...
17/04/2024

မြန်မာတို့ရဲ့ နှစ်သစ်ကူး အချိန်အခါ ကာလမှာ
မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ဘေးဘယာဝေးကွာပြီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်

💦 ပျော်ရွှင်စရာ မြန်မာ့သင်္ကြန် ရေကစားပွဲတော်မှာ အားလုံးသော ပြည်သူများ ရေလိုအေးချမ်းကြပါစေကြောင်း Perfect Time မိသားစုမှ...
13/04/2024

💦 ပျော်ရွှင်စရာ မြန်မာ့သင်္ကြန် ရေကစားပွဲတော်မှာ အားလုံးသော ပြည်သူများ ရေလိုအေးချမ်းကြပါစေကြောင်း Perfect Time မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 💦🙏

✿ သင်တန်းကြေးအပြီးအစီး 60000 ks ဖြင့် ယိုးဒယား အထောင်းမျိုးစုံလက်တွေ့သင်တန်း ပြန်ဖွင့်ပါပြီ◎ သင်တန်းစမည့်နေ့10.3.2024 (S...
03/03/2024

✿ သင်တန်းကြေးအပြီးအစီး 60000 ks ဖြင့် ယိုးဒယား အထောင်းမျိုးစုံလက်တွေ့သင်တန်း ပြန်ဖွင့်ပါပြီ

◎ သင်တန်းစမည့်နေ့
10.3.2024 (Sunday) ၁ရက်ထဲသာ
◎ သင်တန်းချိန်
မနက် ၁၀:၀၀ မှ ၃:၀၀ ထိ

ယိုးဒယား အထောင်းသင်တန်းမှာဆိုရင်တော့
👨🏻‍🍳 ယိုးဒယား သင်္ဘောသီးထောင်း
🧑‍🍳 ယိုးဒယား သီးစုံထောင်း
🧑🏻‍🍳 လင်ဗန်းထောင်း
🧑‍🍳 ကြက်ခြေထောက်ထောင်း
👨🏻‍🍳 ပင်လယ်စာပဲကြာဇံထောင်း
🧑‍🍳 ပြောင်းဖူးထောင်း
🧑🏻‍🍳 ကင်းမွန်ထောင်း
🧑‍🍳 မုန့်ဖတ်ထောင်း
👨🏻‍🍳 ပင်လယ်စာ အစုံထောင်း
👨‍🍳 အဖွားကြီးထောင်း
👨🏻‍🍳 မာမားမုယောထောင်း
👨‍🍳 မားမားသင်္ဘောသီးထောင်း စသည်
များကို သင်ကြားပေးမှာပါပဲဖြစ်ပါတယ်

✤ ဒီအထောင်းတွေအပြင် မိမိကြိုက်နှစ်သက်တဲ့ seafoods များထည့်၍လည်း စိတ်ကြိုက်ထောင်းနိုင်ပါသေးတယ် ✤

⚠︎︎ အခြေခံက အစ သင်ကြားပေးတာမလို့ သင်တန်းပြီးတာနဲ့ ဆိုင်တန်းဖွင့်လို့ရသည်အထိ တတ်မြောက်အောင်သင်ကြားပေးတဲ့သင်တန်းလေးပဲဖြစ်ပါတယ် ⚠︎︎

✔︎ ကိုယ်ပိုင် စီးပွားရေးအနေနဲ့ တပိုင်တနိုင် ဆိုင်ဖွင့်လိုသူများ
✔︎ ယိုးဒယားအထောင်းဆိုင်လေးဖွင့်ဖို့ စိတ်ကူးနေသူများ
✔︎ မိမိဆိုင်မှာ လက်ရှိရောင်းနေတဲ့ အစားအသောက်အပြင် Menu ထပ်တိုးလိုသူများအတွက်ကတော့ အသင့်တော်ဆုံးပါလို့ ပြောပါရစေ ★

᯽Messenger မှနေ၍ အမည် , ဖုန်းနံပါတ်နှင့်တစ်ကွ စာရင်းပေးသွင်းနိုင်သလို
09402587646
09795013914 သို့လဲ ဆက်သွယ် စာရင်းပေးနိုင်ပါပြီ 🤙🏻
လိပ်စာ ▫️မိဂသီ၂၁ လမ်း၊ ၁၂ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်။

✅သင်တန်းသားများ လက်တွေ့ပြုလုပ်ရပါတယ်

🔹သင်တန်းကြေးမှ အပ အခြား ပစ္စည်းဖိုးများ ပေးရန်မလိုအပ်ပါ🔹

⚠️သင်တန်းပြီးဆုံးကြောင်း လက်မှတ်
(Certificate) ပေးအပ်ချီးမြှင့်သွားပါမည်⚠️


#ယိုးဒယားအထောင်းမျိုးစုံသင်တန်း
#အထောင်းသင်တန်း

ယခု မတ်လ ပိတ်ရက်များတွင် ဖွင့်လှစ်မည့် လက်တွေ့သင်တန်းများ ⬇️⬇️⬇️⬇️⬇️✅ 10.3.2024 ( တနင်္ဂနွေနေ့ )▫️ ယိုးဒယား အထောင်းမျိုး...
02/03/2024

ယခု မတ်လ ပိတ်ရက်များတွင် ဖွင့်လှစ်မည့် လက်တွေ့သင်တန်းများ
⬇️⬇️⬇️⬇️⬇️

✅ 10.3.2024 ( တနင်္ဂနွေနေ့ )
▫️ ယိုးဒယား အထောင်းမျိုးစုံ သင်တန်း ▫️
🔹 သင်တန်းကြေး 60000 ks

✅ 16.3.2024 ( စနေနေ့ ) &
✅ 17.3.2024 ( တနင်္ဂနွေနေ့ )
▫️ ရှမ်းအစားစာနှင့် ခေါက်ဆွဲ အမျိုးမျိုးသင်တန်း
🔹 သင်တန်းကြေး 120000 ks

✅ 23.3.2024 ( စနေနေ့ ) &
✅ 24.3.2024 ( တနင်္ဂနွေနေ့ )
▫️ Juices and mocktails course
▫️ အအေးမျိုးစုံ ပြုလုပ်နည်း သင်တန်း
🔹 သင်တန်းကြေး 120000 ks

✅ 30.3.2024 ( စနေနေ့ )
▫️ Mala series course
▫️ မာလာမျိုးစုံပြုလုပ်နည်းသင်တန်း
🔹 သင်တန်းကြေး 120000 ks

✅ 31.3.2024 (တနင်္ဂနွေနေ့)
▫️ Basic Dimsum Course
▫️ အခြေခံ ဒင်းဆမ်းမျိုးစုံပြုလုပ်နည်းသင်တန်း
🔹 သင်တန်းကြေး 150000 ks

✳️ သင်တန်းများအားလုံး
▫️ မနက် ၁၀ နာရီမှ ၃ နာရီထိဖြစ်ပါတယ်ခင်ဗျ

♨️ Messenger မှနေ၍ အမည် , ဖုန်းနံပါတ်နှင့်တစ်ကွ စာရင်းပေးသွင်းနိုင်သလို
09402587646
09795013914 သို့လဲ ဆက်သွယ် စာရင်းပေးနိုင်ပါပြီ 🤙🏻

⚠️ သင်တန်းကြေးမှ အပ အခြား ပစ္စည်းဖိုးများ ပေးရန်မလိုအပ်ပါ

😍သင်တန်းသားများ လက်တွေ့ပြုလုပ်ရပါတယ်နော်.. 😍

⚠️သင်တန်းပြီးဆုံးကြောင်း လက်မှတ်
(Certificate) ပေးအပ်ချီးမြှင့်သွားပါမည်⚠️

🥤ဆိုင်ဖွင့်မယ်ဆိုရင်လဲ အရင်းနဲနဲ နဲ့ အမြတ်များများရှာလို့ရတဲ့ Juices & Mocktails အအေးမျိုးစုံဖျော်နည်းသင်တန်း👈🥤သန့်ရှင်း...
18/02/2024

🥤ဆိုင်ဖွင့်မယ်ဆိုရင်လဲ အရင်းနဲနဲ နဲ့ အမြတ်များများရှာလို့ရတဲ့
Juices & Mocktails အအေးမျိုးစုံဖျော်နည်းသင်တန်း👈

🥤သန့်ရှင်းသပ်ရပ်တဲ့ Juice Bar လေးပဲဖွင့်ချင်တာလား?🥤

🥤ရေပန်းစားပြီး လူကြိုက်များတဲ့ အအေးလေးတွေကိုပဲ ရောင်းချင်တာလား?..🥤

🥤သားသားမီးမီးတွေအကြိုက်တွေ့နေတဲ့ အအေးတွေက ဈေးကြီးတဲ့အပြင် ကျန်းမာရေးအတွက် စိတ်မချရလို့ စိတ်ပူနေကြပြီလား?🥤

🥤ကျန်းမာရေးနဲ့အညီ လူကြီးလူငယ်မရွေး သောက်လို့ရတဲ့အပြင် အချိန်ကုန်ငွေကုန်သက်သာတဲ့ အအေးလေးတွေပြုလုပ်တတ်ချင်သူများ🥤

👉တပိုင်တနိုင် ကိုယ်ပိုင်ဆိုင်ဖွင့်ချင်သူများ..

အားလုံးအတွက် အထူးသင့်လျော်တဲ့ သင်တန်းလေးပါ

☕️အခြေခံကော်ဖီဖျော်စပ်နည်းကိုပါ ဗဟုသုတအနေနဲ့ ထပ်တိုးသင်ပေးသွားမှာပါ ခင်ဗျာ☕️

👉သင်တန်းကြေး=> 120000 ks 👈
(မည်သည့် အခကြေးငွေမှ ထပ်ပေးရန် မလိုပါ)

သင်တန်းနေ့ ➡️ 24.2.2024 (စနေနေ့)&
25.2.2024 (တနင်္ဂနွေနေ့)

သင်တန်းချိန် ⏱ မနက် ၁၀ နာရီ မှ ညနေ ၃နာရီထိ
🍽( နေ့လည်စာကို သင်တန်းမှ စီစဉ်ပေးထားပါတယ်)
ဆက်သွယ် စာရင်းပေးသွင်းရန် 09402587646
09795013914
♨️Messenger မှနေ၍ အမည် , ဖုန်းနံပါတ်နှင့်တစ်ကွ စာရင်းပေးသွင်းနိုင်ပါပြီ..♨️

♨️သင်တန်းသားဦးရေ ၁၀ ဦးထိသာလက်ခံပါတယ်ခင်ဗျာ..👈

နိုင်ငံတကာ သင်ရိုးများအတိုင်းကို Bartender ကိုယ်တိုင် သင်ကြားပေးမှာဖြစ်လို့ ရောင်းတန်းဝင် အရသာဖြစ်ဖို့အတွက် ၁၀၀% အာမခံပါတယ်..💯

🍹သင်ကြားပေးမယ့် အမျိုးအစားများ.. 🍹
⏩ Frappuccino
⏩ Smoothies
⏩ Milkshakes
⏩ Fresh Juices
⏩ Italy Soda
⏩ Ice Lemon Tea
⏩ Thai Milk Tea
⏩ Bubble Tea
⏩ Healthy Juices
⏩ Frozen Juices
⏩ Mocktails
⏩ဖာလူဒါ
⏩ရွှေရင်အေး
⏩ရေခဲသုပ်
စသည်တို့ကို အမျိုးပေါင်း ၃၀ကျော်
သင်ကြားပေးသွားမယ့်အပြင်

☕️Basic Coffee course ☕️
➡️ Americano
➡️ Espresso
➡️Cappuccino
➡️ Latte
➡️Mocha
➡️ Iced Coffee
➡️အိမ်သုံး ရုံးသုံး ကော်ဖီစက်နဲ့ဖျော်နည်းများ
➡️ကော်ဖီစက် မလိုပဲ Moka Pot အသုံးပြုပြီး ကော်ဖီအမျိုးမျိုးပြုလုပ်နည်းတွေပါ သင်ပေးမှာပါခင်ဗျ 🙏

📝စာတွေ့ လက်တွေ့နဲ့ အတတ်သင်ပေးမယ့် သင်တန်းလေးမို့ စိတ်ကူးမလွဲနဲ့နော်...🍹

😍သင်တန်းသားများ လက်တွေ့ပြုလုပ်ရပါတယ်နော်.. 😍

⚠️သင်တန်းပြီးဆုံးကြောင်း လက်မှတ်
(Certificate) ပေးအပ်ချီးမြှင့်သွားပါမည်⚠️


#အအေးမျိုးစုံဖျော်နည်းသင်တန်း

20.2.2024(အင်္ဂါနေ့)မှာ သင်ကြားပေးမဲ့ ပညာဒါန(ဗန်းမော်လခွိုင်စီခေါက်ဆွဲချက်နည်း)သင်တန်းလေးသတ်မှတ်လူဦးရေပြည့်ခါနီးပါပြီရှင...
17/02/2024

20.2.2024(အင်္ဂါနေ့)မှာ သင်ကြားပေးမဲ့ ပညာဒါန(ဗန်းမော်လခွိုင်စီခေါက်ဆွဲချက်နည်း)သင်တန်းလေးသတ်မှတ်လူဦးရေပြည့်ခါနီးပါပြီရှင် .. စာရင်းမပေးရသေးသူများ Page messenger မှာစာရင်းပေးလို့ရပါသေးတယ်ရှင် ..

📢 သင်တန်းကြေးပေးစရာမလိုတဲ့ ပညာဒါနသင်တန်း🎉 ကျွန်တော်တို့ Perfect Time အချက်ပြုတ်သင်တန်းရဲ့သင်တန်းနေရာအသစ်ပြောင်းလဲဖွင့်လှ...
12/02/2024

📢 သင်တန်းကြေးပေးစရာမလိုတဲ့ ပညာဒါနသင်တန်း

🎉 ကျွန်တော်တို့ Perfect Time အချက်ပြုတ်သင်တန်းရဲ့သင်တန်းနေရာအသစ်ပြောင်းလဲဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့ ဗန်းမော်ဒေသရဲ့အစားစာ လခွိုင်စီ (ရေစိမ်ခေါက်ဆွဲ) ပြုလုပ်နည်းကို ပညာဒါနသင်ကြားပေးသွားမှာဖြစ်ပါတယ်

⚠️ သင်တန်းသားဟောင်းများသာ ⚠️

✳️ လခွိုင်စီဆိုတာ ရေစိမ်​ခေါက်ဆွဲ(ဆန်ဖွယ်)နဲ့စားရတဲ့ခေါက်ဆွဲပါ .. ခေါက်ဆွဲကို ဝက်သားပြုတ်/ ဝက်စအုကြော်နဲ့ ချက်တဲ့ အရည်ဖျော်ခေါက်ဆွဲပါ

❇️ ဗန်းမော်မှာလည်းဆိုင်တွေမှာဝယ်စားလို့မရပါဘူး . သူက ပွဲဝင်ခေါက်ဆွဲလို့တောင်ပြောလို့ရပါတယ် ..တရုတ်နှစ်ကူး / အလှူ/မင်္ဂလာဆောင်/အိမ်သစ်တက်/ ကလေးနာမည်ပေး/ ဆုတောင်းပွဲ စတဲ့ အလှူပွဲတွေမှာချက်ကျွေးလေ့ရှိကြပါတယ် .

✳️ လခွိုင်စီကို တရုတ်လို အောစစ်း လို့ခေါ်ပါတယ် . အဲ့ဒီကမှ အောခွိုင်စစ်း.. အားခွိုင်စီ နောက်ဆုံးမှာတော့ လခွိုင်စီဆိုပြီး နာမည်တွင်သွားခဲ့တာပဲဖြစ်ပါတယ်…

🔸 ဒီသင်တန်းလေးကို စိတ်ဝင်စားတယ်ဆိုရင် လာမယ့် ၂၀.၂.၂၀၂၄ (အင်္ဂါ) နေ့ မနက် (၁၀) နာရီမှာ သင်တန်းသားဟောင်းတွေအခမဲ့ လာတက်လို့ရပါတယ်.. 🙏

🔆 Messenger မှာ ကျွန်တော်တို့ရဲ့ ဘယ်သင်တန်းကို တက်ဖူးပါတယ်ဆိုတဲ့အကြောင်းလေး ပြောပြပြီး စာရင်းပေးလို့ရပါပြီနော်

သင်တန်းအသေးစိတ်သိလိုပါက
09402587646 / 09795013914

🧑‍🍳 ဟင်းချက် အခြေခံမရှိတဲ့အပြင် ဓါးပါမကိုင်တတ်တဲ့ ၁၇နှစ်အရွယ်ကလေးကို တစ်ယောက်ထဲ သီးသန့်သင်ပေးခဲ့တဲ့ ပုံလေးတွေပဲဖြစ်ပါတယ်...
04/01/2024

🧑‍🍳 ဟင်းချက် အခြေခံမရှိတဲ့အပြင် ဓါးပါမကိုင်တတ်တဲ့ ၁၇နှစ်အရွယ်ကလေးကို တစ်ယောက်ထဲ သီးသန့်သင်ပေးခဲ့တဲ့ ပုံလေးတွေပဲဖြစ်ပါတယ်..

ဒီသားလေးက ကနေဒါမှာ ကျောင်းသွားတတ်မှာဖြစ်လို့ ဟိုရောက်ရင် လွယ်လွယ်ကူကူနဲ့ကိုယ်တိုင်လုပ်စားတတ်အောင် အခြေခံလေးတွေသင်ကြားပေးပါလို့ မိဘတွေကိုယ်တိုင်တောင်းဆိုလာတဲ့အတွက် သီးသန့်သင်ပေးဖြစ်ခဲ့ပါတယ် 🤩

🔸 ပုံမှန်သင်ကြားပေးနေတဲ့ ဟင်းလေးတွေအပြင်
ကလေးက သူကြိုက်တတ်တဲ့ ဗမာဟင်းလေးတွေပါ သင်ပေးဖို့ပြောလာတဲ့အတွက် စာတွေ့ လက်တွေ့နဲ့သေချာလေးသင်ပေးခဲ့ပါတယ်.. 🔸

စိတ်ပါလက်ပါနဲ့ ကြိုးစားသင်ယူရင်း
မီးဖိုချောင်နဲ့ မရင်းနှီးသေးတဲ့ ကလေးတစ်ယောက်ဟာ ၃ရက်မြောက်နေ့မှာပဲ အဆင်ပြေပြေနဲ့ ကိုယ်တိုင်ပြုလုပ်တတ်လာပါတယ်..
ဟင်းချက်တာကိုလဲ ပိုပြီးဝါသနာပါလာတယ်ဆိုတော့ သင်ပေးရကျိုးလဲနပ်ခဲ့ပါတယ်.. 💯

✅ ကျွန်တော်တို့ Perfect Time သင်တန်းလေးမှာ
အခုလိုမျိုး အခြေခံမရှိတဲ့သူတွေကိုလဲ အခြေခံကအစ ကိုယ်တိုင်ချက်ပြုတ်နိုင်သည်အထိ သီးသန့်သင်ကြားပေးတာလဲ ရှိပါတယ်..

✅ ပြည်ပထွက်ခွါပြီး အလုပ်လုပ်မည့်သူများ ကျောင်းတက်မည့်သူများ အတွက်
သင့်တင့်တဲ့သင်တန်းကြေးဖြင့် လက်ခံညှိနှိုင်းပြီး သင်ကြားပေးပါတယ်

📲 09402587646
09795013914

🙏 Perfect Time အချက်ပြုတ်သင်တန်းကိုယုံကြည်စွာလာရောက်ပြီး သင်တန်းလာတတ်တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါတယ်

Address

အမှတ် (၁၇၇), မိဂသီ ၂၁ လမ်း, ၁၂ရပ်ကွက်, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့။
Yangon
11091

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959795013914

Website

Alerts

Be the first to know and let us send you an email when Perfect Time Cooking and Drink Preparation Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category