AI ရှိနေလို့ အင်္ဂလိပ်ဘာသာစကားသင်ယူဖို့ မလိုတော့ဘူးလား?
++++++++++++++++++++++++++++++++
ဒီနေ့ခေတ်ရဲ့ ကဏ္ဍစုံမှာ AI ကိုအသုံးပြုလို့ရနေပြီး ဘာသာပြန်ဖို့ စာရေးဖို့အတွက်လည်း AI ကို အရမ်းအားကိုးလို့ရနေတော့ ဘာသာစကားတွေ (အထူးသဖြင့် အင်္ဂလိပ်စကားပေါ့) တတ်ထားဖို့ မလိုအပ်တော့ဘူးဆိုပြီး ယူဆလာကြတာ တွေ့ရပါတယ်။
အင်္ဂလိပ်လို ရေးဖို့လိုတဲ့ စာတမ်းတွေ၊ ဆောင်းပါးတွေ၊ Email တွေ၊ Assignment တွေမှာ AI ရဲ့အကူအညီနဲ့ လုပ်လာနိုင်ကြတာမြင်ရတော့ အင်္ဂလိပ်ဘာသာစကားတတ်မြောက်မှုက အရေးမပါတော့ဘူးလို့ ထင်ရကောင်းထင်ရနိုင်ပါတယ်။
AI အကူအညီကြောင့် အင်္ဂလိပ်စကားကို ကိုယ်တိုင်အသုံးပြုရမှုလျှော့ချနိုင်တယ်ဆိုပေမယ့် လုံးဝတတ်မထားလို့တော့ အဆင်မပြေနိုင်ပါဘူး။
ဘာကြောင့် အင်္ဂလိပ်စကားတတ်ထားဖို့ လိုနေသေးတာလဲ ဆိုတာ ကြည့်လိုက်ရအောင်ပါ။
နံပါတ် (၁) သိမ်မွေ့လွန်းတဲ့ ကွဲပြားခြားနားချက်တွေကို AI က မသိနိုင်ပါဘူး။
အင်္ဂလိပ်ဘာသာစကားရဲ့ အလင်္ကာတွေလို စကားအသုံးအနှုန်းတွေ၊ idiom တွေ၊ context နဲ့ tone ကိုသိမှ အဓိပ္ပါယ်အတိအကျဖွင့်လို့ရတာတွေမှာ AI က လိုက်မမီနိုင်သေးပါဘူး။ ဘာသာစကားဆိုရာမှာ ဒီဘာသာစကားပြောဆိုတဲ့လူတွေရဲ့ ဓလေ့ထုံးတမ်း ယဥ်ကျေးမှုတွေကိုပါ သိရှိထားရမှာဖြစ်လို့ ကိုယ်တိုင်သိရှိလေ့လာထားမှသာ အဆင်ပြေမှာဖြစ်ပါတယ်။
နံပါတ် (၂) တိုက်ရိုက်ဆက်သွယ်ရမယ့် နေရာမှာ AI က မကူညီနိုင်ပါဘူး။
Business Meeting တွေ Network တည်ဆောက်ရမယ့်နေရာတွေမှာ ကိုယ်တိုင်တတ်ထားမှ တဖက်လူနဲ့ တိုက်ရိုက်ဆက်သွယ်လို့ ရမှာပါ။ Real time conversation တွေပြောတဲ့အခါ AI ကို ဘာသာပြန်ခိုင်းနေလို့ အဆင်မပြေနိုင်ပါဘူး။
နံပါတ် (၃) ကိုယ့်ရဲ့ Professional Life မှာ တဆင့်ပိုသာနိုင်တယ်။
ကိုယ်တိုင်အင်္ဂလိပ်လို ပြောဆိုညှိနှိုင်းနိုင်လို့ ကိုယ်လျှောက်လှမ်းနေတဲ့ Professional Life မှာ တဆင့်ပိုမြှင့်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ကိုယ်က ဆရာဝန်၊ စာရင်းကိုင်၊ စားဖိုမှူး ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အလုပ်မှာ တဆင့်ပိုသာဖို့ ပြောဆို ညှိနှိုင်း လေ့လာရတဲ့အခါ ကိုယ်တိုင် အင်္ဂလိပ်လို တတ်ထားဖို့က သိပ်အရေးကြီးပါတယ်။
နံပါတ် (၄) ဘာသာစကားသင်ယူခြင်းက ကိုယ့်အတွေးအခေါ်ကို တိုးတက်စေပါတယ်။
ဘာသာစကားတစ်ခုသင်ယူတယ်ဆိုတာ စကားလုံးတွေချည်းပဲ ထိုင်ကျက်နေရတာမဟုတ်ပါဘူး။ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေပါ လေ့လာရတာဖြစ်သလို အရာရာကို ရှု့ထောင့်တစ်မျိုးနဲ့ပါ ကြည့်ရတာဖြစ်လို့ ကိုယ့်ရဲ့ အတွေးအခေါ်၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတွေလည်း တိုးတက်လာပါတယ်။
နံပါတ် (၅) ကိုယ်တိုင်တတ်ထားတော့ အမှီအခိုကင်းတယ်။
AI ရဲ့အကူအညီယူဖို့ဆိုရင် ကျွန်မတို့မှာ အင်တာနက်၊ ဖုန်း စတဲ့ ပစ္စည်းတွေလိုမှာဖြစ်ပါတယ်။ ကိုယ်တိုင်တတ်ထားတော့ ဘယ်လိုနေရာကိုပဲ ရောက်ရောက် အင်္ဂလိပ်လိုရေးထားတဲ့အရာတွေကို ဘယ်သူ့အကူအညီမှ မပါဘဲ ဖတ်နိုင်သလို ပြောဆိုဆက်သွယ်နိုင်မှာပဲဖြစ်ပါတယ်။
ဒါကြောင့် AI က ဘယ်လိုပဲ အကူအညီဖြစ်တယ်ဆိုပေမယ့် ကိုယ်တိုင်တတ်ထားဖို့ကတော့ လိုကိုလိုအပ်ပါတယ်။
Win Pa Pa Thu
English & Soft Skills Trainer
Win Pa Pa Thu - English & Soft Skills Trainer
Corporate Training Services
19/08/2026
"Good intentions do not automatically create good impact."
ရည်ရွယ်ချက်ကောင်းတယ်ဆိုတိုင်းလည်း သက်ရောက်မှုက အလိုအလျောက်ကောင်းနိုင်တာတော့ မဟုတ်ပါဘူး။
"ငါက စေတနာနဲ့ ပြော/လုပ် တာပါ...."
"ငါက အဲလိုရည်ရွယ်ပြီး လုပ်လိုက်တာမဟုတ်ပါဘူး ...."
ဆိုတာမျိုး ကြားဖူး/ပြောဖူးကြမယ်ထင်ပါတယ်။ အထူးသဖြင့် ကိုယ့်လုပ်ရပ်က သက်ရောက်မှု မကောင်းသွားတဲ့အခါမျိုးမှာ ပြောကြတာပေါ့။
ဒါကြောင့် စေတနာဆိုး/ရည်ရွယ်ချက်ဆိုး နဲ့လုပ်လိုက်တာမဟုတ်ပေမဲ့လည်း သက်ရောက်မှုက ဆိုးသွားနိုင်ပါတယ်။
သက်ရောက်မှုကောင်း (Good Impact) ဖို့ဆိုရင်
၁။ တဖက်လူဘာလိုချင်/လိုအပ်တာလဲ ဆိုတာကိုသိဖို့အရင်ကြိုးစားပါ။
ကောင်းစေချင်တဲ့ရည်ရွယ်ချက်နဲ့ အကြံဉာဏ်တွေပေးတယ်။ Good Intention တော့ဖြစ်နေတယ်၊ ဒါပေမဲ့ တဖက်လူက ကိုယ့်ဆီက အကြံဉာဏ်လိုချင်တာမဟုတ်ဘူး။ ဒါကြောင့် အကြံပေးမိတာက အသုံးမဝင်တဲ့အပြင် တဖက်လူကို စိတ်ပိုပင်ပန်းစေတယ်၊ စိတ်လေးလံစေတယ်။
ဒါဟာ တဖက်ရဲ့လိုအပ်ချက်ကိုမသိဘဲ လုပ်မိလို့ ဖြစ်သွားတာပါပဲ။
၂။ ဘာမှမလုပ်မိခင်မှာ ဖြစ်လာနိုင်တဲ့ သက်ရောက်မှုကို တွေးကြည့်ပါ။
စေတနာနဲ့လုပ်မှာပဲ၊ ရည်ရွယ်ချက်က ကောင်းပြီးသားပဲဆိုရုံနဲ့ မလုံလောက်ပါဘူး။ ဒီလိုလုပ်မိ/ပြောမိတယ်ဆိုရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်မလဲ ဆိုတာကို ဘာမှမလုပ်မိခင်/မပြောမိခင်မှာ တွက်ဆထားဖို့လိုပါတယ်။
၃။ Feedback တွေကို နားထောင်ကြည့်ပါ။
ရည်ရွယ်ချက်ကောင်းနဲ့လုပ်နေတာလို့ ကိုယ်ကယူဆထားတာဖြစ်လို့ တခြားသူတွေ ဘယ်လိုခံစားနေရလဲ၊ ကိုယ့်လုပ်ရပ်တွေအပေါ် ဘယ်လိုမြင်နေကြလဲဆိုတာကို ဂရုမစိုက်ဘဲနေလို့တော့မရပါဘူး။ အမြင်တွေ အသံတွေကို နားထောင်ဖို့တော့ လိုပါတယ်။ ဒါမှသာ နောက်ဆက်တွဲသက်ရောက်မှုက ဘာဖြစ်နေလဲဆိုတာ သိရမှာဖြစ်ပါတယ်။
"စေတနာနဲ့လုပ်တာပဲ လက်မခံတဲ့သူက မှားနေတာ" ဆိုတာမျိုးလည်း တရားသေ သတ်မှတ်လို့တော့ မရပါဘူး။
လူတွေက ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲ ဆိုတာထက် ဘာဖြစ်သွားလဲ? ဘယ်လိုတွေ့ကြုံခံစားရလဲ? ဆိုတာကို ပိုပြီး ဂရုစိုက်ကြတာများပါတယ်။
Win Pa Pa Thu
English & Soft Skills Trainer
လူတချို့က သူတို့ကြောင့် တခြားသူတွေမှာ စိတ်အနှောက်အယှက်ဖြစ်နေတာကို ဘာလို့ သတိမပြုမိကြတာလဲ? ဆိုတဲ့ကိစ္စ ဒီတလော အရမ်းတွေးဖြစ်နေတယ်။
ရေရှည် အတူယှဥ်တွဲနေထိုင်ဖို့ နဲ့ ပေါင်းရသင်းရ အလုပ်တွဲလုပ်ရ အဆင်ပြေဖို့ဆိုတာ စိတ်အနှောက်အယှက်ဖြစ်စရာ အပြုအမူ အမူအကျင့် စရိုက်လက္ခဏာတွေ နည်းနိုင်သမျှနည်းမှလည်း အဆင်ပြေတာကိုး။
သူတို့က တခြားသူတွေအမြင်မှာ စိတ်အနှောက်အယှက်ဖြစ်စရာဖြစ်နေမှန်း သိဖို့ဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ်သတိပြုမိတဲ့ Self-awareness ရှိဖို့က အခြေခံပဲ။
Self-awareness ဆိုတာမှာ ကိုယ်ကဘာကို တန်ဖိုးထားတယ်၊ ကိုယ်ဘာကြိုက်တယ် မကြိုက်ဘူး၊ ကိုယ်ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ကိုယ့်ရဲ့အားနည်းချက်အားသာချက် စသဖြင့် သေချာသိရင် Internal Self-awareness အားကောင်းတယ်လို့သတ်မှတ်နိုင်ပြီး
ကိုယ့်လုပ်ရပ်အပြုအမူကြောင့် သူများကို ဘယ်လိုထိခိုက်နိုင်တယ်၊ တခြားသူတွေ ကိုယ့်ကိုဘယ်လိုမြင်နေလဲ၊ ကိုယ်နဲ့ပတ်သက်ဆက်စပ်ရတဲ့သူတွေက ကိုယ့်အပေါ် impression ဘယ်လိုရှိနေလဲဆိုတာတွေကို အမှန်အတိုင်း သိရှိနားလည်ထားရင်တော့ External Self-awareness အားကောင်းတယ်လို့ ယူဆ နိုင်တာပေါ့။
Internal Self-awareness အားနည်းတာက ကိုယ့်အတွက်ပဲ ထိခိုက်နိုင်ပေမယ့် External Self-awareness အားနည်းတဲ့သူတွေကတော့ သူနဲ့ ပတ်သက်ရာပတ်သက်ကြောင်းသူအားလုံး စိတ်အနှောက်အယှက်ဖြစ်ရတာပဲ။
External Self-awareness အားနည်းတဲ့သူတွေမှာ -
- သူများအတွက် အနှောက်အယှက်ဖြစ်လားမဖြစ်လား သတိမထားမိဘဲ စကားတွေအကျယ်ကြီးပြောတာ
- စကားဝိုင်းမှာ သူချည်းပဲ သူ့အကြောင်းချည်းပဲပြောချင်တာ
- ကာယကံရှင်ကြိုက်နိုင်လား မကြိုက်နိုင်လားမတွေးဘဲ တခြားသူအကြောင်းဟာသလုပ်တာ
- တဖက်ကမတောင်းဘဲ အကြံဉာဏ်တွေအတင်းပေးတာ
- ကိုယ့်ကိုယ်ကိုယ်ပြန်မသုံးသပ်ဘဲ တခြားသူတွေကိုချည်းပဲ အပြစ်တင်တာ
- သူက အမြဲမှန်တယ်လို့ ထင်နေတာ
ဒီလိုအပြုအမူလေးတွေတွေ့ရတတ်တယ်။ သူတို့ အပြုအမူရဲ့ social impact ကို သတိမထားမိရာကနေ သူတို့က စိတ်အနှောက်အယှက်ဖြစ်လာတာပေါ့။
သူတို့ဘာကြောင့် သတိမပြုမိဘဲဖြစ်နေကြလဲဆိုတာကို ရှာဖွေလေ့လာကြည့်တော့
(1) သူတို့ရဲ့ Blind Spots က ကြီးနေတာ
သူတို့မှာ ရှိနေတဲ့ သူတို့ကိုယ်တိုင်ကမမြင်မိပေမယ့် ဘေးလူတွေက မြင်နေရတဲ့ အပိုင်းပေါ့။
သူတို့ကိုယ်တိုင်ကတော့ "ငါက ကောင်းစေချင်လို့ ပြောတာ" လို့မြင်နေပေမယ့် "သူနဲ့မဆိုင်ဘဲ ဘာမှလည်းနားမလည်ဘဲ အတင်းဝင်စွက်ဖက်နေတာ" လို့ တဖက်က ခံစားရနိုင်တာမျိုးပေါ့။ စကားတွေအကျယ်ကြီးပြောတတ်တဲ့သူက
" ငါက ပုံမှန်ပဲပြောတာပါ" လို့ တွေးနေပေမယ့် ဘေးကအနှောက်အယှက်ဖြစ်ရတဲ့သူက "အသံအရမ်းဆူညံနေလို့ အနှောက်အယှက်ဖြစ်လိုက်တာ" လို့တွေးနေတာမျိုးပေါ့။
(2) သူတို့ဘေးကလူတွေက Feedback အမှန်မပေးတာ/သူတို့ကိုယ်တိုင်ကလည်း မတောင်းတာ
သူ့ကို အမှန်အတိုင်းပြောပြလိုက်ရင် သူက လက်မခံဘဲနေမှာစိုးတာ၊ ကိုယ့်ကို တနည်းနည်းနဲ့ ရန်ရှာလာမှာ၊ ဆက်ဆံရေးပျက်သွားလို့ မကောင်းတဲ့အခြေအနေဖြစ်နေတာ ဒီလိုကြောင့် ဘေးကလူတွေကလည်း သူ့ကို Feedback အမှန်မပေးရဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူကိုယ်တိုင်ကလည်း ကောင်းတဲ့အချက်ပဲကြားခြင်ပြီး ပြင်သင့်တဲ့အချက်တော့ မကြားချင်တာမျိုးဆိုရင်လည်း သူ့ကိုယ်သူမသိနိုင်ပါဘူး။
ဒီတော့ If nobody complains, I must be fine" လို့ ယူဆလိုက်တာလည်းဖြစ်နိုင်ပါတယ်။
(3) ကိုယ့်ကိုယ်ကိုယ် အမှန်တိုင်းမြင်နိုင်လောက်အောင် လုံလောက်တဲ့ အသိဉာဏ်ပညာ ဗဟုသုတ မရှိတာ
The Dunning-Kruger Effect မှာပြောထားသလို ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်လောက်အောင် အသိဉာဏ်ပညာဗဟုသုတက မလုံလောက်တော့ ယုံကြည်မှုလွန်ကဲသွားပြီး သူများတွေက ကိုယ့်လောက်အဆင်မပြေနေဘူး၊ ကိုယ့်လုပ်ရပ် ကိုယ့်အပြုအမူက အရမ်းကောင်းမွန်နေပြီလို့ ပိုတွက်မိနေတာမျိုးပေါ့။ ဥပမာ တခြားသူတွေကို လူရှေ့သူရှေ့မရှောင် ဝေဖန်ထောက်ပြလေ့ရှိတဲ့သူတစ်ယောက်က သူဒီလိုလုပ်လိုက်မှ ပိုအဆင်ပြေသွားတယ်၊ သူက ပိုမြင်တတ်တယ် သူပြောလိုက်မှ တခြားသူတွေ ဆင်ခြင်နိုင်မှာလို့ ယူဆနေမယ်။ ဒါပေမဲ့ တခြားသူတွေအမြင်မှာတော့ သူက အခြေခံကျင့်ဝတ်တောင်မစောင့်ထိန်းတတ်သော ရိုင်းသောသူတစ်ယောက်အနေနဲ့ မြင်နေကြပြီး စိတ်အနှောက်အယှက်ဖြစ်နေရတာမျိုးပေါ့။ သူ့ကိုယ်သူ အမှန်မြင်နိုင်လောက်အောင် အသိဉာဏ်ပညာဗဟုသုတက လုံလောက်မှုမရှိနေတာပေါ့။
တကယ်တော့ ကိုယ်ကအနှောက်အယှက်ဖြစ်စေတဲ့သူ (Annoying Person) မဖြစ်ဖို့ဆိုရင် အခြေခံကတော့ Self-awareness အားကောင်းဖို့လိုတာပေါ့။ Self-awareness အားကောင်းဖို့ဆိုတာ လေ့ကျင့်ယူလို့ရပါတယ်။
(၁) သူများတွေဆီက Feedback တွေတောင်းကြည့်တာ၊ ရလာတဲ့ Feedback တွေဆိုရင်လည်း စိတ်ဖွင့်ထားပြီးလက်ခံပေးတာ၊ ကိုယ်တိုင်က ပြုပြင်ပြောင်းလဲပေးတာမျိုး လုပ်ကြည့်နိုင်ပါတယ်။
(၂) ကိုယ်ကပြောဖို့ချည်းပဲ စိတ်အားထက်သန်နေတာမဟုတ်ဘဲ များများနားထောင်ပေးတာကလည်း ကိုယ့်ကိုယ်ကိုယ် ပိုသတိပြုမိလာစေပါတယ်။
(၃) တခြားသူတွေရဲ့ မျက်နှာအမူအယာ အပြုအမူတွေကို သေချာအကဲခတ်ကြည့်ခြင်းကလည်း ကိုယ်ကို တခြားသူတွေ ဘယ်လိုမြင်နေလဲဆိုတာ သိရှိနိုင်ပါတယ်။
(၄) အဖြစ်အပျက်တစ်ခုခုဖြစ်ပြီးသွားတိုင်း စကားတစ်ခုပြောပြီးသွားတိုင်း Reflection ပြန်လုပ်တာကလည်း Self-awareness အားကောင်းဖို့ လုံးဝအထောက်အကူပြုတဲ့ နည်းလမ်းပါပဲ။
ဒီလိုအချက်လေးတွေလုပ်ကြည့်မယ်ဆိုရင် Self-awareness အားကောင်းလာပြီး ကိုယ့်ကိုယ်ကိုယ် ပိုသိလာမယ်၊ ဒီလိုကနေ ကိုယ်က တခြားသူတွေအတွက် အနှောက်အယှက်ပေးလွန်းတဲ့သူ မဖြစ်အောင်နေနိုင်မှာဖြစ်ပါတယ်။
17/07/2026
English Speaking Class (Zoom Class) (Pre-intermediate Level) 4th Batch
📌အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုအနေနဲ့ ပြောတတ်ချင်တယ်...
📌သူများတွေပြောရင်တော့ နားလည်သလိုရှိတယ် ကိုယ်တိုင်တော့ မပြောတတ်ဘူး.....
📌အင်္ဂလိပ်လို နည်းနည်းပါးပါးတော့ ရေးတတ်ပါတယ် ပြောဖို့ကျ မဝံ့ရဲဘူးဖြစ်နေတယ် ....
ဒါဆိုရင်တော့ English Speaking Pattern တွေနဲ့ အခြေအနေပေါ်လိုက်ပြီး ပြောဆိုရမယ့် Situational English တို့ သင်ပေးမယ့် အတန်းပဲဖြစ်တဲ့
English Speaking Class ကို Join ဖြစ်အောင်သာ Join လိုက်ပါ။
ရုံးချိန်လွတ်အတန်းဖြစ်ပြီး ရှက်စရာကြောက်စရာမလိုဘဲ ကိုယ်သိချင်တာတွေကို စိတ်တိုင်းကျမေးမြန်းနိုင်တဲ့အတန်းကို ရှာနေရင်တော့ ဒီအတန်းက ကွက်တိပါပဲ။
❗ပြောတတ်နေပြီးသားသူတွေအတွက် ဖွင့်တဲ့အတန်းမဟုတ်ဘဲ အင်္ဂလိပ်စကားပြောကို အခြေခံကစတင်လေ့လာချင်တဲ့သူတွေ Level တစ်ခုအထိ တိုးတက်သွားချင်တဲ့သူတွေအတွက် ရည်ရွယ်တဲ့အတန်းပဲ ဖြစ်ပါတယ်။
ပုံမှန်သင်တန်းကြေး - ၇၅၀၀၀ ကျပ်တည်းကိုမှ
အစောဆုံးအပ်တဲ့သူ (၁၀) ဦးအတွက် - ၅၅၀၀၀ ကျပ်ပဲ ပေးသွင်းနိုင်ပါတယ်။
လူဦးရေကန့်သတ်ထားတာဖြစ်လို့ စောစောအပ်မှ စိတ်ချရမယ်နော် ........
Win Pa Pa Thu
English & Soft Skills Trainer
28/06/2026
Universal Robina Corporation (URC Myanmar) မှ Workplace Leaders များကို Leadership Training ပေးဖြစ်ခဲ့ပါတယ်။ အဆင်ပြေအောင် အစစအရာရာစီစဥ်ပေးတဲ့အတွက်ရော တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပေးကြလို့ပါ ကျေးဇူးတင်ရပါတယ်။
Win Pa Pa Thu
Authentic Person ဆိုတာ ဘယ်လိုမျိုးလဲ?
ကိုယ့်ရဲ့ အစစ်အမှန်အတိုင်းပဲ ရှင်သန်နေထိုင်တဲ့သူက authentic person ပါပဲ။
ဟန်ဆောင်မှု ဖုံးကွယ်မှုတွေမရှိဘဲ ကိုယ့်တန်ဖိုးအစစ်အမှန်အတိုင်းပဲနေထိုင်တာ၊ ကိုယ့်အတွေးအခေါ်အစစ်အမှန်အတိုင်းပဲ ဖော်ပြရဲတာ ကိုယ့်ခံစားချက်အမှန်ကို ထုတ်ဖော်ရဲတာ ဒါတွေက Authentic ဖြစ်ခြင်းရဲ့ လက္ခဏာတွေပါပဲ။
ကိုယ့်ကို ဘယ်လိုလူလို့ထင်စေချင်လို့ ဘာတွေလုပ်ပြနေရင် ဒါဟာ authentic မဟုတ်တော့ဘူးပေါ့။
ကိုယ့်မှာရှိနေတဲ့ အရှိတရားထဲမှာ လူတွေက အားနည်းချက်လို့ထင်နေတာတွေလည်းရှိနိုင်သလို အားသာချက်လို့သတ်မှတ်ထားတာတွေလည်း ရှိနေနိုင်တာပဲ။ အားနည်းချက်လို့သတ်မှတ်ထားတာတွေကို မမြင်ရအောင်အတင်းဖုံးကွယ်ပြီး နေရရင်လည်း ဒါဟာ authentic မဖြစ်တော့ပါဘူး။
ကိုယ့်အားနည်းချက်ကိုလည်း အရှိအတိုင်းဖော်ပြရဲပြီး ပွင့်ပွင့်လင်းလင်းနေထိုင်ပြောဆိုရဲတာဟာ authentic ဖြစ်တာပါပဲ။
Authentic ဖြစ်ခြင်းထဲမှာ ကိုယ့်ကိုယ်ကိုယ်သိခြင်း နဲ့ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ခြင်း တို့လည်း ပါဝင်ပါတယ်။
ကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေကို ကိုယ်တိုင်သိပြီး ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံနေထိုင်ခြင်းပါပဲ။
တခြားသူရဲ့ မျှော်လင့်ချက်နဲ့ကိုက်ညီဖို့အတွက် လုပ်ယူထားတာမျိုး၊ဟန်ဆောင်ထားတာမျိုးဆိုရင် authentic မဖြစ်တော့ပါဘူး။
ဒီလိုပြောလို့ ကိုယ့်ရဲ့မကောင်းတဲ့အမူအကျင့်တွေ စိတ်နေသဘောထားတွေ အားနည်းချက်တွေကို မပြုပြင်ဘဲနေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲ အဆင်ပြေသလိုနေပြီး တခြားသူကို မတွေးပေးတာ မငဲ့ကွက်တာမျိုးကိုလည်း ဆိုလိုတာမဟုတ်ပါဘူး။ Authentic ဖြစ်ခြင်းဆိုတာ သူတစ်ပါးအတွက်လည်းတွေးပေးပြီး ကိုယ်ချင်းစာစိတ်ရှိဖို့လည်းလိုအပ်ပါသေးတယ်။ ဟန်ဆောင်တာ၊ မျက်နှာဖုံးတပ်တာ၊ ဖုံးကွယ်တာတွေကိုသာ မလုပ်သင့်တာပါ။
Authentic ဖြစ်ခြင်းရဲ့ ကောင်းကျိုးကတော့ ကိုယ့်ရဲ့အရှိအတိုင်းကို လက်ခံနိုင်တဲ့သူတွေကိုပဲ တွေ့ဆုံရခြင်းပါပဲ။
ကိုယ်က လူတွေအထင်ကြီးမယ့်သူမျိုး၊ လူတွေသဘောကျစေနိုင်တဲ့သူမျိုးအဖြစ် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီးနေထိုင်နေမယ်ဆိုရင် ကိုယ့်ရဲ့အစစ်အမှန်ကိုမသိဘဲ ကိုယ့်ဘေးရောက်လာတဲ့သူတွေဟာ ကိုယ်နဲ့အမှန်တကယ် ကိုက်ညီတဲ့သူ ဘယ်ဖြစ်နိုင်ပါတော့မလဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့မလွယ်တော့ဘူးပေါ့။ ကိုယ်ကသာ Authentic Person ဖြစ်နေမယ်ဆိုရင် ရောက်လာတဲ့သူတွေကလည်းကိုယ့်အစစ်အမှန်နဲ့ကိုက်ညီတဲ့သူတွေပဲ လာနိုင်တာပေါ့။
ကြုံဖူးတဲ့လူတစ်ချို့ရှိတယ်၊ Supermarket မှာစျေးဝယ်တော့ စျေးခြင်းလှည်းမှာ ပစ္စည်းအများကြီးမဝယ်နိုင်တာကိုရှက်လို့
တစ်ရှူးလိပ်တွေအများကြီးဝယ်ပြီး တခြားပစ္စည်းတွေအောက်ကထည့်လာသတဲ့၊ ဘေးလူတွေက သူ့ကိုပစ္စည်းအများကြီးမဝယ်နိုင်တဲ့သူလို့ အထင်သေးမှာစိုးလို့ပါတဲ့။
အိမ်ကိုဧည့်သည်လာရင် သူ့ကိုစာဖတ်တဲ့သူလို့ထင်အောင် တစ်ခါမှကောက်မကိုင်ဖူးတဲ့ အပတ်စဥ်ဂျာနယ်တွေနဲ့ စာအုပ်တွေဝယ်ပြီး လူမြင်သာတဲ့နေရာမှာ ထားထားတာမျိုး၊ တကယ်တော့ ဒီလိုလုပ်ရပ်မျိုးတွေက အစစ်အမှန်ကိုဖုံးကွယ်ပြီး ကိုယ့်ရဲ့အမှန်မဟုတ်တဲ့ပုံစံကို လုပ်ယူနေတာဖြစ်လို့ သိပ်စိတ်ပင်ပန်းရပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့အစစ်အမှန်ကို သိရှိလက်ခံပြီး ကိုယ့်တန်ဖိုးအတိုင်း ရှင်သန်နေထိုင်ရင်း ဘဝကိုအရိုးသားဆုံးဖြတ်သန်းဖို့ လိုအပ်ပါတယ်။
Win Pa Pa Thu
English & Soft Skills Trainer
20/05/2026
English Speaking Class (Zoom Class) (Pre-intermediate Level)
3rd Batch ကို ဖွင့်လှစ်လိုက်ပါပြီ။
📌အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုအနေနဲ့ ပြောတတ်ချင်တယ်...
📌သူများတွေပြောရင်တော့ နားလည်သလိုရှိတယ် ကိုယ်တိုင်တော့ မပြောတတ်ဘူး.....
📌အင်္ဂလိပ်လို နည်းနည်းပါးပါးတော့ ရေးတတ်ပါတယ် ပြောဖို့ကျ မဝံ့ရဲဘူးဖြစ်နေတယ် ....
ဒါဆိုရင်တော့ English Speaking Pattern တွေနဲ့ အခြေအနေပေါ်လိုက်ပြီး ပြောဆိုရမယ့် Situational English တို့ သင်ပေးမယ့် အတန်းပဲဖြစ်တဲ့
English Speaking Class ကို Join ဖြစ်အောင်သာ Join လိုက်ပါ။
ရုံးချိန်လွတ်အတန်းဖြစ်ပြီး ရှက်စရာကြောက်စရာမလိုဘဲ ကိုယ်သိချင်တာတွေကို စိတ်တိုင်းကျမေးမြန်းနိုင်တဲ့အတန်းကို ရှာနေရင်တော့ ဒီအတန်းက ကွက်တိပါပဲ။
❗ပြောတတ်နေပြီးသားသူတွေအတွက် ဖွင့်တဲ့အတန်းမဟုတ်ဘဲ အင်္ဂလိပ်စကားပြောကို အခြေခံကစတင်လေ့လာချင်တဲ့သူတွေ Level တစ်ခုအထိ တိုးတက်သွားချင်တဲ့သူတွေအတွက် ရည်ရွယ်တဲ့အတန်းပဲ ဖြစ်ပါတယ်။
ပုံမှန်သင်တန်းကြေး - ၇၅၀၀၀ ကျပ်တည်းကိုမှ
အစောဆုံးအပ်တဲ့သူ (၁၀) ဦးအတွက် - ၅၅၀၀၀ ကျပ်ပဲ ပေးသွင်းနိုင်ပါတယ်။
လူဦးရေကန့်သတ်ထားတာဖြစ်လို့ စောစောအပ်မှ စိတ်ချရမယ်နော် ........
Win Pa Pa Thu
English & Soft Skills Trainer
Introvert တွေမှာ ဘယ်လိုအားသာချက်တွေရှိနေလဲ?
+++++++++++++++++++++++++++++++++++++++
လူတွေရဲ့ Personality ကိုလိုက်ပြီး Introvert နဲ့ Extrovert ဆိုပြီး အကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲနိုင်ပါတယ်။
နားအေးပါးအေးနဲ့ သီးသန့်နေရတာကို ပိုကြိုက်တဲ့၊ ကိုယ်ဝါသနာပါရာကို လုပ်ရင်း တစ်ယောက်တည်းအချိန်ကုန်ရတာသဘောကျတတ်တဲ့၊ လူအများနဲ့ ဆူညံပျော်ပါးရတာကို သိပ်သဘောမကျတတ်တဲ့သူမျိုးကို ယေဘုယျအားဖြင့် Introvert လို့ သတ်မှတ်ကြတာပဲဖြစ်ပါတယ်။
Introvert တွေဟာ လူအများနဲ့ ဆူဆူညံညံနေရတာကို မကြိုက်ပေမယ့် စကားမပြောဘဲနေတဲ့သူတွေတော့လည်း မဟုတ်ပါဘူး။ ကိုယ်သဘောကျခင်မင်တဲ့သူတွေနဲ့ဆို အဓိပ္ပါယ်ရှိတဲ့ခေါင်းစဥ်မျိုးတွေနဲ့ စကားလက်ဆုံကြရတာကို သဘောကျတတ်တဲ့သူတွေပါ။
ဒီတစ်ခါမှာတော့ introvert တွေရဲ့ အားသာချက်တွေကို မျှဝေသွားမှာဖြစ်ပါတယ်။
၁။ လေးလေးနက်နက်တွေးတတ်ခြင်း။
Introvert တွေဟာ ကိုယ့်ဘာသာအတွေးနဲ့နေရတာကို သဘောကျတဲ့သူတွေဖြစ်သလို လေးလေးနက်နက်တွေးခေါ်တတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။
ဒါကြောင့် သူတို့ဟာ ကိုယ့်ခံစားချက်ကိုယ့်အတွေးအခေါ် ကိုယ့်စိတ်ကို နားလည်တဲ့သူတွေဖြစ်ပါတယ်။ Self-awareness အားကောင်းတဲ့သူတွေပဲဖြစ်ကြပါတယ်။
၂။ နားထောင်ပေးတတ်ခြင်း။
Introvert တွေက နားထောင်ရတာကို သဘောကျတတ်တဲ့သူတွေဖြစ်ပါတယ်။ တဖက်လူရဲ့စကားကို အလေးအနက်ထားပြီးနားထောင်ပေးတတ်ကြပါတယ်။ ဒါကြောင့် communication ကောင်းတယ်လို့ပြောနိုင်ပါတယ်။
၃။ ဖန်တီးမှုအားကောင်းခြင်း။
ကိုယ့်ဘာသာအေးအေးဆေးဆေးနေတတ်ပြီး အတွေးအခေါ်အားကောင်းတဲ့ introvert တွေဟာ ဖန်တီးမှု တီထွင်ဆန်းသစ်မှုလည်း အားကောင်းတတ်ကြပါတယ်။ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်လည်း အတွေးအခေါ်အသစ်တွေနဲ့ အကြံကောင်းတွေ ထွက်တတ်ပါတယ်။
၄။ အသေးစိတ်အာရုံစိုက်နိုင်ခြင်း။
Introvert တွေက အသေးစိတ်အာရုံစိုက်မှုအားကောင်းကြပါတယ်။ ဒါကြောင့်ပဲ တခြားသူတွေ မမြင်တဲ့ အမှားတွေ လစ်ဟာမှုတွေကို မြင်တတ်ကြပါတယ်။ ဒီအချက်ဟာ အလုပ်မှာပဲဖြစ်ဖြစ် လေ့လာသင်ယူရာမှာပဲဖြစ်ဖြစ် အလွန်အသုံးဝင်တဲ့ အချက်ပဲဖြစ်ပါတယ်။
၅။ အမှီအခိုနည်းခြင်း။
တစ်ယောက်တည်းနေရတာ တစ်ယောက်တည်းအလုပ်လုပ်ရတာသဘောကျတတ်တဲ့ Introvert တွေဟာ မှီခိုလိုစိတ်လည်း နည်းကြပါတယ်။ တခြားသူတွေနဲ့ပူးပေါင်းလုပ်ရတာထက် တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် အလုပ်လုပ်ရတာရာမှာ ပိုတော်ကြပြီး အလုပ်ပိုပြီးကြပါတယ်။
ကဲ ... ကိုယ်တိုင်ကရော Introvert လား Extrovert လား ပြောခဲ့အုံးနော်
Win Pa Pa Pa
English & Soft Skills Trainer
ကောင်းမွန်တဲ့ ဘဝနေနည်းက ရိုးရှင်းပါတယ်
+++++++++++++++++++++++++++++
၁။ ဘယ်သူ့ဆီကမှ မမျှော်လင့်ပါနဲ့။
ကိုယ့်ကို ချစ်ခင်လို့ ဘယ်သူက ဘာပေးရင်ကောင်းမှာပဲဆိုတာမျိုး၊ ကိုယ့်ကို သနားလို့ ဘယ်သူက ကူညီရင် ကောင်းမှာပဲ ဆိုတာမျိုး၊ ကိုယ့်တာဝန်တွေကို တခြားသူက ထမ်းပေးစေချင်တာမျိုး စသဖြင့် မျှော်လင့်ချက်တွေ မထားပါနဲ့။ ဒီလိုမျှော်လင့်တတ်တာက ပိုပြီးစိတ်ပင်ပန်းရပါတယ်။
၂။ ကြိုးစားပါ။
ကြားရလွန်းလို့ ရိုးနေတဲ့စကားဖြစ်ပေမယ့် အမှန်တရားတစ်ခုပါပဲ။ ဘာပဲလုပ်လုပ် ကြိုးကြိုးစားစားလုပ်ပါ။
ဝတ္တရားကျေမလုပ်ပါနဲ့။ အလုပ်တစ်ခုလုပ်နေတာပဲ တော်ပြီ၊ သင်တန်းပုံမှန်တက်နေတာပဲ ရပြီ ဆိုတာမျိုး မတွေးဘဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ ကြိုးကြိုးစားစား အလုပ်လုပ်တတ်တဲ့သူကို ကံတရားက မျက်နှာသာပေးတတ်သလို လူတွေကလည်း လေးစားကြပါတယ်။
၃။ အကျယ်မချဲ့ပါနဲ့။
ငွေကုန်ကြေးကျနည်းနည်းနဲ့ ပြီးရမယ့်ကိစ္စကို များများမသုံးရအောင်၊ လူနည်းနည်းနဲ့ ပြီးမယ့်ကိစ္စကို လူအများမပါရအောင်၊ ကိုယ့်မှာရှိထားတဲ့အရာနဲ့ ဖြစ်တဲ့ကိစ္စကို အသစ်ထပ်မဝယ်ရအောင် စသဖြင့် အရာရာတိုင်းကို အကျယ်မချဲ့ဘဲ ကိစ္စနည်းနိုင်သမျှနည်းအောင် ကြိုးစားဖို့လိုပါတယ်။
ငွေသုံးသိန်းနဲ့ အောင်မြင်ပြီးမြောက်အောင်လုပ်လို့ရတာကို ငွေငါးသိန်းကုန်သွားတာမျိုး၊ ရှိပြီးသား အဝတ်အစားနဲ့သွားလို့ရတဲ့ပွဲကို အသစ်ထပ်ဝယ်ပြီးသွားတာမျိုး၊ ချက်ထားပြီးသားဟင်းနဲ့စားလို့ရတာကို ထပ်ဝယ်မိတာမျိုး စသဖြင့် နေ့တဓူဝ ကိစ္စရပ်လေးတွေ မှာလည်း အတတ်နိုင်ဆုံး ကျစ်ကျစ်လစ်လစ်နေထိုင်လုပ်ကိုင်မယ်ဆိုရင် အပူပင်နည်းမှာပါပဲ။
ဘဝက တိုတောင်းပါတယ်။ အကောင်းဆုံးနေထိုင်နည်းနဲ့ ဖြတ်သန်းသွားဖို့ အရေးကြီးပါတယ်။ အဓိကက စိတ်ချမ်းသာဖို့လိုတယ်မဟုတ်လား။ ဒါကြောင့် အရိုးရှင်းဆုံးသာနေထိုင်ကြရအောင်ပါ။
Win Pa Pa Thu
English & Soft Skills Trainer
ကိုယ့်ရဲ့ Energy ကို ဘယ်လိုစီမံကြမလဲ?
++++++++++++++++++++++++++++++
ဒီနေ့ခေတ်မှာ လူတိုင်းနီးပါးပြောနေကြတဲ့စကားက အချိန်ကိုစီမံခန့်ခွဲဖို့ (time management) အကြောင်းပဲဖြစ်ပါတယ်။
ကိုယ်လုပ်ရမယ့်အလုပ်တွေ လုပ်ချင်တဲ့အလုပ်တွေ ကောင်းကောင်းမွန်မွန်ပြီးမြောက်သွားဖို့ဆိုရင် အချိန်ကို အကျိုးရှိစွာ စီမံခန့်ခွဲဖို့လိုတာပေါ့။
ဒါဟာ တကယ်ပဲမှန်ကန်ရဲ့လား?
အလုပ်လုပ်ဖို့အချိန်ရသေးတယ် ဒါပေမယ့် ကိုယ့်စိတ်နဲ့ခန္ဓာကိုယ်က လုပ်ချင်စိတ်မရှိတော့ဘူး၊ လုပ်နိုင်စွမ်းမရှိတော့ဘူး။
လူတိုင်း ဒီလိုအခြေအနေကိုကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ အချိန်ကိုစီမံခန့်ခွဲမှုအားနည်းနေလို့လား?
မဟုတ်ပါဘူး။
အချိန်ကို စီမံခန့်ခွဲတာထက် ကိုယ့်ရဲ့စွမ်းအင်ကို စီမံခန့်ခွဲဖို့ လိုအပ်နေသေးလို့ပဲဖြစ်ပါတယ်။
လူတိုင်းအတွက် အချိန်က တစ်ရက်ကို ၂၄ နာရီဆိုပြီး ပုံသေရပါတယ်။ ဒါပေမယ့် စွမ်းအင်ကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။
လူတစ်ယောက်မှာ
(1) Physical Energy
(2) Emotional Engergy
(3) Mental Engergy
(4) Spiritual Energy
ဆိုပြီး စွမ်းအင် ၄ မျိုးရှိပါတယ်။ ကိုယ့်ရဲ့ နေထိုင်ပုံ အမူအကျင့် ကိုယ့်အကြိုက်တွေပေါ်မှာမူတည်ပြီး Energy Level တွေ ကွာခြားသွားနိင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့စွမ်းအင်ကို စီမံခန့်ခွဲမှုမလုပ်ခင်မှာ သိထားရမယ့်အချက်လေးတွေရှိပါတယ်။
- ကိုယ်က ဘယ်အချိန်မှာ စွမ်းအင်ပိုပြည့်တတ်လဲ?
- ဘယ်အရာတွေက ကိုယ့်ရဲ့စွမ်းအင်တွေကို စုပ်ယူသွားတတ်ပြီး ဘယ်အရာတွေက ကိုယ့်ကို စွမ်းအင်တွေပေးတတ်သလဲ?
- ကိုယ့်ရဲ့ စားသောက်မှု၊ အိပ်စက်ချိန်၊ နေထိုင်မှုပုံစံတွေမှာ စွမ်းအင်ပြည့်နေအောင် ဘယ်လိုနေထိုင်ရမလဲ?
- ဘယ်သူတွေက ကိုယ့်ရဲ့စွမ်းအင်တွေကို စုပ်ယူတတ်သလဲ?
စတဲ့အချက်တွေကို သိထားရပါမယ်။ ဒါတွေသိထားမှသာ ကိုယ့်ရဲ့စွမ်းအင်ကို မဖြုန်းတီးမိအောင် စီမံနိုင်မှာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ Energy ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
1. ကိုယ့်ရဲ့ Energy ကိုစုပ်ယူတတ်တဲ့အရာတွေကို "No"ပြောနိုင်ပါစေ။
ပြိုင်ဆိုင်လိုစိတ်များပြီး မနာလိုတတ်တဲ့သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းတစ်ကော၊ စိတ်ဆင်းရဲစရာတွေကိုပဲပြောလေ့ရှိတဲ့ မိသားစုဝင် တစ်ယောက်ယောက်၊ အပြစ်ရှာပြောလေ့ရှိတဲ့ ဆွေမျိုး စတာတွေက ကိုယ့်ရဲ့ energy ကို စုပ်ယူသွားတတ်ပါတယ်။
ဒီလိုအရာတွေက physical energy ကို အားလျော့သွားစေတာမဟုတ်ပေမယ့် emotional energy နဲ့
mental energy တွေကိုတော့ အားပျက်သွားစေတာ အမှန်ပါပဲ။
ဒါကြောင့် အဲဒီအရာတွေကို ဝေးနိုင်သမျှဝေးဝေးနေဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ့်မှာ အရေးကြီးလုပ်စရာကိစ္စတွေရှိနေတဲ့အခါမျိုးမှာ
သူတို့တွေကို ရှောင်ဖြစ်အောင်ရှောင်ပါ။
2. အလုပ်ကို အစီအစဥ်ချတတ်ပါစေ။
တစ်နေ့တာအတွက်ပဲဖြစ်ဖြစ် တစ်လစာပဲဖြစ်ဖြစ် အလုပ်တွေ အစီအစဥ်ဆွဲတဲ့အခါ အချိန်ကိုပဲ ထည့်တွက်ပြီးအစီအစဥ်ဆွဲတာမျိုး မလုပ်ပါနဲ့။
ကိုယ့်စွမ်းအင်ကိုပါ ထည့်တွက်ရမှာဖြစ်ပါတယ်။ ဦးနှောက်များများသုံးရမယ့်အလုပ်၊ ခွန်အားသုံးရမယ့်အလုပ် စသဖြင့်ခွဲခြားပြီး ဘယ်အလုပ်ကို ဘယ်အချိန်မှာလုပ်ရင် ကိုယ့်ရဲ့စွမ်းအင်ကို ထိန်းသိန်းနိုင်မလဲဆိုပြီး တွက်ချက်ဖို့လိုပါတယ်။
ကျောင်းသားဘဝကလိုပဲပေါ့။ တွက်ရမယ့်စာ၊ ကျက်ရမယ့်စာ၊ စဥ်းစားတွေးခေါ်ရမယ့် စာကို မျှတအောင်လေ့လာရသလိုပဲ အလုပ်တွေကိုလည်း အဲဒီလို အစီအစဥ်ဆွဲဖို့ လိုအပ်ပါတယ်။
3. ကိုယ့်ကိုယ်ကိုယ် အားပြန်ဖြည့်ဖို့ အချိန်တစ်ခုပေးပါ။
ကိုယ့်ကို အားအင်ပြည့်စေတဲ့အရာတွေက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ တချို့က မိသားစုနဲ့ အချိန်ကုန်ဆုံးလိုက်ရရင်
အားပြည့်လာတတ်သလို တချို့က တစ်ယောက်တည်း အေးအေးဆေးဆေးနေလိုက်ရရင် အားအင်ပြည့်တာမျိုးလည်းရှိတတ်ပါတယ်။
တချို့သော ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေဆိုရင် တစ်ရက်တာရဲ့ အချိန်ဇယားထဲမှာ ဘာမှမလုပ်ဘဲ ဘယ်သူနဲ့မှ မတွေ့ဘဲ
တစ်ယောက်တည်းထိုင်ပြီး ကိုယ့်တွေးချင်တာလေးတွေ တွေးဖို့ အချိန်သီးသန့်ဖယ်ထားတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်
စွမ်းအင်ပြန်ပြည့်လာတာကိုလည်း တွေ့ရပါတယ်။
ကိုယ့်ရဲ့အချိန်ကိုသာ စီမံခန့်ခွဲရမှာမဟုတ်ဘဲ ကိုယ့်ရဲ့ Energy ကိုပါ စီမံခန့်ခွဲပြီး ပိုမိုကောင်းမွန်အကျိုးရှိတဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
Win Pa Pa Thu
English & Soft Skills Trainer
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Yangon