Fun & Learn Education Centre

Fun & Learn Education Centre Love and happiness come first and the other things follow .

Lunch time was fun ! 🥰🍜🍛🍱🥤
28/02/2026

Lunch time was fun ! 🥰🍜🍛🍱🥤

Hello  everyone ! We visited zoo too ...... 🙉🫎🐆🐅🦓
21/02/2026

Hello everyone !

We visited zoo too ...... 🙉🫎🐆🐅🦓

သဘာဝ သမိုင်းပြတိုက်နှင့် ဝေလငါးအရိုးစုဆီသို့ .... 🥰Learning is not only found in books.It lives in every artifact, every...
15/02/2026

သဘာဝ သမိုင်းပြတိုက်နှင့် ဝေလငါးအရိုးစုဆီသို့ .... 🥰

Learning is not only found in books.

It lives in every artifact, every story, and every step we take into the past.

I am so proud of how thoughtfully they explored, asked questions, and connected with history in such meaningful ways.

A beautiful day of learning beyond the classroom. 😇✨

A Trip to Space Museum 🥰🪐🌌🌠A short trip, but a universe of memories ✨🚀Today I watched my students’ eyes shine brighter t...
13/02/2026

A Trip to Space Museum 🥰🪐🌌🌠

A short trip, but a universe of memories ✨🚀

Today I watched my students’ eyes shine brighter than the stars at the space museum. 🤩

Learning beyond the classroom, dreaming beyond the sky. 🌌💙

ပျော်ရွှင်စွာဖြင့် သင်ယူစေပါမည် .... 🥰စာသင်ချိန်တွေကြားထဲက break time တွေဟာ သူတို့လေးတွေ အပျော်ဆုံး အချိန်တွေဖြစ်ပါတယ်.....
30/05/2025

ပျော်ရွှင်စွာဖြင့် သင်ယူစေပါမည် .... 🥰

စာသင်ချိန်တွေကြားထဲက break time တွေဟာ သူတို့လေးတွေ အပျော်ဆုံး အချိန်တွေဖြစ်ပါတယ်... 🥰🧸

ကိုယ်တိုင်ရွေး ... ကိုယ်တိုင်တွေးပြီး လွတ်လပ်စွာ ဖန်တီးဆော့ကစားခြင်းတွေဟာ ကလေးတွေအတွက် must need ပါ။

" ကစားခြင်းဟာ သုတေသနရဲ့ အမြင့်ဆုံးပုံစံဖြစ်တယ် "လို့ ( အဲလ်ဘတ် အိုင်းစတိုင်း ) ကလဲ ဆိုခဲ့ပါတယ်ရှင် ။

ငယ်ဘဝရဲ့ ကစားခြင်းတွေကစပြီး တချို့က သူတို့ရဲ့ အိမ်မက်ကလေးတွေကို အစပျိုးနေတတ်ကြပါတယ် ...☺️

စာသင်ခန်းပြင်ပတွေမှာလဲ ဉာဏ်ရည်ဖွံဖြိုးမှုအတွက် အထောက်အကူပြုတဲ့ ကစားနည်းမျိုးစုံဖြင့် ကစားစေလိုပါတယ်ရှင် ....

ကစားမှုဟာ ပျော်ရွှင်စေရုံဆိုတာထက် အဓိပ္ပာယ်အများကြီး ပိုရှိပါတယ်။

ကစားခြင်းအားဖြင့် happy homones တွေ ရစေရုံသာမက

🌟fine motor skill

🌟problem solving skill (ပြဿနာဖြေရှင်းနိုင်စွမ်း)

🌟creativity (ဖန်တီးနိုင်စွမ်း)

🌟Cooperation ( ပူပေါင်းဆောင်ရွက်နိုင်စွမ်း )

🌟Self- confidence (မိမိကိုယ်ကိုယုံကြည်မှုရှိစေခြင်း)

စသဖြင့် ကလေးလေးတွေရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူဖြစ်စေပါတယ်ရှင် ..... 🥰🧸

📚 ကလေးတွေကို ကျောင်းစာအပြင် fun reading လုပ်တတ်တဲ့ အကျင့်လေးကိုလဲ ပြုစုပျိုးထောင်ပေးပါ ။📚လူတစ်ယောက်ရဲ့ စိတ်ကိုသူ့ရဲ့အသိဉ...
20/04/2025

📚 ကလေးတွေကို ကျောင်းစာအပြင် fun reading လုပ်တတ်တဲ့ အကျင့်လေးကိုလဲ ပြုစုပျိုးထောင်ပေးပါ ။

📚လူတစ်ယောက်ရဲ့ စိတ်ကိုသူ့ရဲ့အသိဉာဏ်က လွှမ်းမိုးတယ်

📚အဲ့ဒီအသိဉာဏ်ကို ဗဟုသုတက လွှမ်းမိုးတယ်

📚အဲ့ဒီဗဟုသုတကိုကျတော့ စာအုပ်စာပေနဲ့ ဖြတ်သန်းလာတဲ့

အတွေ့အကြုံတွေက လွှမ်းမိုးပါတယ်...

📚ထို့ပြင်မက စာဖတ်ခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးတွေဟာ များလွန်းလှပါတယ် ...

📚ဒါကြောင့်မို့လို့ ကလေးတွေကို ငယ်စဉ်ကထဲက

📚ကောင်းမွန်သော အသိဉာဏ် အတွေးအခေါ်များ ရင့်သန်စေဖို့ရာ ရည်ရွယ်၍

📚စာဖတ်တဲ့ အလေ့အကျင့်လေးကို ပျိုးထောင်ပေးနေပါတယ်ရှင်

📚သူတို့ကိုယ်တိုင် စိတ်ကြိုက်ရွေးပြီး ဖတ်ရတဲ့ စာအုပ်လေးတွေမို့ သူတို့လဲ ပျော်တဲ့ အချိန်ပေါ့ ....🥰🫶🏻

📚ကိုယ်တိုင် စာမဖတ်တတ်သေးတဲ့ အရွယ်ကလေးတွေမှာတော့ ရုပ်ပုံလေးတွေကိုကြည့်ရင်း story ကို connect လုပ်ကြရင်း စာဖတ်ချင်စိတ်ဖြစ်အောင် persuade လုပ်ရပါတယ်ရှင် .....🥰

📚ကလေးတို့ကိုယ်တိုင် စိတ်ဝင်တစား စာဖတ်နေတဲ့ ပုံရိပ်လေးတွေဟာ ကြည်နူးစရာမို့ ဖေဖေမေမေတို့ကို ပြန်လည်မျှဝေပါတယ်ရှင် .......🤗📸🫶🏻

မြန်မာ့ရိုးရာ အတာသင်္ကြန်ကို တိတ်ဆိတ်အေးချမ်းစွာနဲ့ ကြိုဆိုပါတယ်ရှင် ...☺️💦🌼🌿မြန်မာ့ရိုးရာ နှစ်သစ်ကူး အချိန်အခါမှစ၍ စိတ်...
13/04/2025

မြန်မာ့ရိုးရာ အတာသင်္ကြန်ကို တိတ်ဆိတ်အေးချမ်းစွာနဲ့

ကြိုဆိုပါတယ်ရှင် ...☺️💦🌼🌿

မြန်မာ့ရိုးရာ နှစ်သစ်ကူး အချိန်အခါမှစ၍

စိတ်​၏ချမ်းသာခြင်း 🌼

ကိုယ်​၏ကျန်းမာခြင်း 🌼 တို့နှင့် ပြည့်စုံပြီး

ကပ်ကြီး (၃)ပါး ၊ ရန်သူမျိုး (၅)ပါး တို့မှ ကင်းလွတ်၍

မိသားစုများအားလုံး အေးချမ်းသာယာ ပျော်ရွှင်ကြပါစေရှင်...........☺️🙏🏻💦💦💦

ကလေးတွေအတွက် မိဘတွေက လက်ဦးဆရာပါ...
13/02/2025

ကလေးတွေအတွက် မိဘတွေက လက်ဦးဆရာပါ...

“ကိုယ့်ဆီ လူလာဖြစ်တဲ့ကလေး ကံကောင်းရစေဖို့”

🔳 Ovarian Lottery ဆိုတဲ့ မျိုးဥထီအကြောင်း ဆောင်းပါးရေးဖူးတယ်။ ကိုယ် လူသွားဖြစ်တဲ့ ခေတ်ကာလ၊ အရပ်ဒေသ၊ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ဘဝရဲ့ တာထွက်မှတ်တွေ မတူကြဘူး ဆိုတဲ့အကြောင်း။

မာရသွန်ပြေးရတာချင်း အတူတူ တချို့က ရှေ့နား။ တချို့က ဟိုးနောက်။ တချို့ကျ သူတို့တဘဝလုံး ကြိုးစားပြေးမှ တခြားလူတွေ တာစထွက်တဲ့ နေရာလောက်ကို ရောက်ကြရရှာတယ်။

ဒါကြောင့် ဘဝတွေ ကွာခြားနေကြတာမှာ ကြိုးစားအားထုတ်မှု ကွာလို့သက်သက်ထက် အခွင့်အလမ်းချင်း ကွာခြားမှုက ပိုအရေးပါတယ်လို့ မြင်တယ်။

🔳 အဲဒီတုန်းက နိုင်ငံတိုးတက်မှုရှုထောင့်ကနေ အသားပေးပြီး ရေးခဲ့တာ။ အခုတော့ တစ်ဦးချင်းရှုထောင့်ကနေ ရေးလိုတယ်။ ကိုယ့်ဆီ လူလာဖြစ်တဲ့ကလေး၊ ကိုယ့်မျိုးဥမှာ လာဝင်စားတဲ့ကလေး ကံကောင်းရစေဖို့ပေါ့။

အဓိကအားဖြင့် အချက် ၄ ချက်လို့ မြင်တယ်။

📌 ၁။ မေတ္တာတရား

မေတ္တာတရားနဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းခွင့်ရခဲ့တဲ့ ကလေးနဲ့၊ မေတ္တာမရခဲ့တဲ့ ကလေးဟာ သိပ်ကွာခြားတယ်။ လောကကို မြင်တဲ့အမြင်၊ သူတို့ကိုယ်သူတို့ မြင်တဲ့အမြင်၊ စိတ်နေစိတ်ထား၊ အနေအထိုင် အပြောအဆို ယဉ်ကျေးမှု စသဖြင့် မတူကြဘူး။

ငယ်ငယ်ကတည်းက ချစ်ခြင်းမေတ္တာ မရခဲ့တော့ တအားလိုချင်တယ်။ ဒီလိုနဲ့ People-pleaser တွေ ဖြစ်လာတယ်။ အဆိပ်အတောက် ဆက်ဆံရေးတွေမှာ ပိတ်မိနေတတ်တယ်။

တချို့လည်း ကိုယ့်ကိုယ်ကိုယ် အပါအဝင် ဘယ်သူ့ကိုမှ မချစ်တတ်တော့ဘူး။ ဒေါသကို မထိန်းချုပ်နိုင်ဘူး။ Abuser တစ်ယောက် ဖြစ်လာတယ်။

တစ်ခါတလေ သူတို့ကို အပြစ်မမြင်ရက်ဘူး။ ကောင်းမွန်တဲ့ ကလေးဘဝသာ ရခဲ့ရင် ဒီလိုတွေ ဖြစ်ချင်မှ ဖြစ်နေမှာ။ သူတို့ ရွေးချယ်လို့ ရခဲ့တဲ့အရာလည်း မဟုတ်ဘူး။ လူ့ဘဝထဲ ဝင်ဝင်ချင်း အဲဒီအရာတွေကို လောကကြီးက ရော့ အင့် ဆိုပြီး ပေးပစ်လိုက်တာ။

ငယ်ဘဝကိုပဲ အကြောင်းပြခိုင်းတာတော့ မဟုတ်ဘူးပေါ့။ သို့သော် ရုန်းထွက်ရ သိပ်ခက်တယ်ဆိုတာ ကြုံဖူးမှပဲ သိကြလိမ့်မယ်။

ဒါကြောင့်လည်း ကိုယ့်ဆီ လာဝင်စားတဲ့ကလေး ကံကောင်းစေဖို့မှာ မေတ္တာတရားကို ထိပ်ဆုံးက အရင်စပြောရတာပါ။

📌 ၂။ ဉာဏ်ပညာ

မိဘအုပ်ထိန်းမှု ဆိုတာကိုက ဉာဏ်ပညာ ပါရပါတယ်။ ပညာမပါတဲ့၊ ပညာနဲ့ ထိန်းကွပ်မထားတဲ့ မေတ္တာဟာ အဆိပ်အတောက် ဖြစ်သွားတတ်တယ်။

မိဘက ပညာတတ်ရင်၊ တွေးခေါ်စဉ်းစားဉာဏ် မြင့်မားရင် ကလေးကလည်း ပညာရပ်ဝန်းမှာ ကြီးပြင်းခွင့် ရတဲ့အတွက် ပညာကို မြတ်နိုးတယ်။ ပညာတတ်ဘဝကို လိုချင်တယ်။ ပညာတတ်အောင်လည်း ကြိုးစားအားထုတ်တယ်။

📌 ၃။ ရိုးသားစွာ ရှာဖွေထားသော ဓနဥစ္စာ

စည်းစိမ်ဥစ္စာ၊ ရုပ်ဝတ္ထုတွေ အရေးမကြီးဘူး ဆိုတာမျိုး အစွန်းရောက်ပြီး မပြောလိုဘူး။ ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ ထားနိုင်ရင် ကလေးအတွက် ကောင်းတာပေါ့။ ဘဝကို စတင်ရတာ ပိုလွယ်တာပေါ့။

သို့သော် ကျွန်တော်တို့ဆီမှာလို မဟုတ်တဲ့နည်းနဲ့ ချမ်းသာလာပြီး အဲဒါကိုပဲ ဂုဏ်သိက္ခာတစ်ခုလို အမွှန်းတင်နေကြ၊ ရှက်ရကောင်းမှန်းလည်း မသိ၊ ဟိရိသြတပ္ပတရားတွေ ဆိတ်သုဉ်းနေတာမျိုးကတော့ လူ့အဖွဲ့အစည်းအတွက် ရေရှည်မှာ မကောင်းဘူး။

သိမ်းကြုံးပြောတာ မဟုတ်ပေမဲ့ ဒီလိုဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာလည်း ငွေသာလျှင် နံပါတ်တစ် ဖြစ်နေဖို့က များတယ်။

ဒါကြောင့် ပိုက်ဆံက ထိုက်သင့်သလောက် အနေအထားတော့ ရှိရမယ်။ ပိုအရေးကြီးတာက သမ္မာအာဇီဝကျကျ ရှာဖွေထားတာ ဖြစ်ဖို့ပဲ။

ဟိရိသြတပ္ပတရားလို့ ခေါ်တဲ့၊ မဟုတ်တာ လုပ်ရမှာကို ကိုယ့်အတွင်းထဲကနေပါ ရှက်တဲ့စိတ်၊ တစ်ပါးသူ ကဲ့ရဲ့ပြစ်တင်မှာကို ကြောက်တဲ့စိတ်ဟာ လောကကို စောင့်ရှောက်တဲ့တရား ဖြစ်တယ်။ အဲဒါ ပျောက်ကွယ်ရှားပါးလာတဲ့ လူ့ပတ်ဝန်းကျင်ဟာ မလှပနိုင်ဘူး။ အဝေးကြီး မကြည့်နဲ့။ ကိုယ့်နိုင်ငံပဲ ကြည့်ပေါ့။

အဲဒီစိတ်ကို ကိုယ့်သားသမီးဆီ ထည့်ပေးလိုက်နိုင်ဖို့မှာ အရင်ဦးဆုံးအနေနဲ့ ကိုယ်တိုင်က ရှက်တတ်၊ ကြောက်တတ်သူ ဖြစ်ဖို့ လိုပါတယ်။

📌 ၄။ သမိုင်းကြောင်း

မိဘမကောင်း သားသမီးခေါင်း ဆိုတာလိုမျိုး မိဘရဲ့ လုပ်ရပ်ကိုကြည့်ပြီး သားသမီးကို ကဲ့ရဲ့ပြစ်တင်တာမျိုး မဖြစ်သင့်တာ မှန်တယ်။ မိဘနဲ့ သားသမီးဆိုတိုင်း အမြဲတူနေတာလည်း မဟုတ်ဘူး။ သို့သော် အနည်းနဲ့အများတော့ ဆက်စပ်မှု၊ ရိုက်ခတ်မှု ရှိကြတာပဲ။

ကိုယ့်မိဘက ဂုဏ်သိက္ခာရှိတယ်၊ လူမှုအသိုင်းအဝိုင်းရဲ့ လေးစားခြင်းကို ခံရတယ်ဆို၊ ကိုယ်လည်း ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို မျက်နှာပန်း လှတာပဲ။ ဂုဏ်ယူရတာပဲ။ သူတို့လို ဖြစ်ချင်စိတ်၊ လိုက်လုပ်ချင်စိတ်တွေ ရှိလာတာပဲ။

ဒါကြောင့် သမိုင်းကြောင်းက သိပ်အရေးကြီးပါတယ်။

နည်းပညာခေတ် ဖြစ်လာတော့ ကမ္ဘာကိုတောင် ရွာလို့ တင်စားလာကြတဲ့အချိန်မှာ ဘယ်သူ ဘာလုပ်တယ်၊ ဘယ်အချိန် ဘယ်ကာလမှာ ဘယ်လိုရပ်တည်ခဲ့တယ် ဆိုတာ ဖုံးမရတော့ပါဘူး။ အကုန် သိနေကြတာပဲ။ ဒါတွေကလည်း သားသမီးအပေါ် ရိုက်ခတ်တော့မှာပဲ။

ဥပမာ ငါတို့အဖေက လေတပ်သားကြီးလေ ဆိုပြီး နောက်မျိုးဆက်ထဲ ဘယ်သူမှ ဂုဏ်ယူနေလို့ မရတော့ဘူး။ Airstrike in Myanmar, Military Coup စသဖြင့် ရိုက်ရှာလိုက်တာနဲ့၊ AI တစ်ခုခုကို သွားမေးလိုက်တာနဲ့ ကိုယ့်မိဘရဲ့ လုပ်ရပ်တွေ တသီတတန်း ပေါ်လာတော့မဲ့ခေတ်ကြီး။ ငွေတွေ ဘယ်လောက်ပုံပေးပုံပေး၊ ရွှေပေါ်မြတင် ဘယ်လိုပဲထားထား၊ အင်မတန် ရှက်စရာကောင်းတဲ့ သမိုင်းအမွေကို ပေးလိုက်သလို ဖြစ်နေတော့မှာ။

ကျွန်တော် အမြဲပြောပါတယ်။ အဖြစ်အပျက်တွေက ပြီးသွားမှာ၊ သမိုင်းတွေကတော့ ကျန်ခဲ့မှာလို့။ အနာဂတ်အတွက်သာ ကြိုပြင်ဆင်လို့ရတာ။ သမိုင်းမှတ်တမ်း ဖြစ်သွားတဲ့ အတိတ်တွေက ပြန်ပြင်ဖို့ရာ သိပ်ခက်တယ်။ ဒါကြောင့် လက်ရှိပစ္စုပ္ပန် အခိုက်အတန့်တိုင်းမှာ ကိုယ့်သားသမီး တချိန်ကျ ရှက်နေစရာ မလိုတဲ့ ရွေးချယ်မှုတွေကို လုပ်ကြစေချင်တယ်။

မှန်တဲ့ဘက်က ရပ်တည်တယ်ဆိုတာ ပြောတော့သာ လွယ်တာ။ လက်တွေ့ကျ သိပ်ခက်ပါတယ်။ မမှန်တာ လုပ်နေတဲ့သူတွေက အားကြီးလေလေ၊ အင်အားများလေလေ၊ သူတို့နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ရတာ အထိအခိုက် အဆုံးအရှုံး များလေလေပဲ။ ဒီတော့ လက်ရှိမှာ စိတ်တွေ ပင်ပန်းနေရလိမ့်မယ်။ အားငယ်နေရလိမ့်မယ်။

သို့သော် ရေရှည်ကို တွေးကြည့်ပါ။ ငါတို့ရပ်တည်မှုအကြောင်း ငါ့သားသမီးတွေ ပြန်သိရ၊ ကြားရတဲ့အခါတိုင်း ဂုဏ်ယူနေကြလိမ့်မယ်၊ Inspired ဖြစ်ကြလိမ့်မယ်၊ ငါတို့လိုပဲ အမှန်တရားကို တန်ဖိုးထားတဲ့ လူကောင်းသူကောင်းကလေးတွေ ဖြစ်လာကြလိမ့်မယ် ဆိုတဲ့အတွေးက လက်ရှိ ကိုယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ မှန်သမျှကို တောင့်ခံနိုင်ဖို့ ခွန်အားဖြစ်စေမယ် ထင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၃.၂.၂၀၂၅

7.12.2024 ( Saturday ) 😍😍😍A short trip to zoo ... 🐵🐻🦧🐘🦌🦜🦅🦚🦏🐯ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးတဲ့ ဖေဖေမေမေတို့ တစ်ယောက်ချင်းစီတ...
08/12/2024

7.12.2024 ( Saturday ) 😍😍😍

A short trip to zoo ... 🐵🐻🦧🐘🦌🦜🦅🦚🦏🐯

ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးတဲ့ ဖေဖေမေမေတို့

တစ်ယောက်ချင်းစီတိုင်းကို

ကျေးဇူး အထူးတင်အပ်ပါတယ်ရှင့်...🥰🙏🏻

အကြောင်းအမျိုးမျိုးကြောင့် မလိုက်နိုင်တဲ့

သားသားမီးမီးတို့ကိုလဲ tr တို့ နောက်တစ်ခေါက်

တူတူသွားနိုင်အောင်ကြိုးစားကြမယ်နော် ☺️

အဆင်မပြေတာတွေရှိနိုင်ပေမဲ့ Risk ယူပြီးတော့ကို

ငါ့နောက်မှာ ငါ့ကလေးတွေရှိတယ်ဆိုတဲ့ စိတ်နဲ့ဘဲ

အကောင်းဆုံးကြိုးစားခဲ့ပါတယ်။💪🏼☺️

အတတ်နိုင်ဆုံးသူတို့ပျော်အောင်ထားခဲ့ပါတယ် 🥰

ဘေးကနေ လိုအပ်သမျှပံ့ပိုးပေးတဲ့

မိသားစုဝင်များနဲ့ trs များကိုလဲ ကျေးဇူးတင်လျက်ပါရှင် ...☺️🫶🏻

Address

North Okkalapa
Yangon

Website

Alerts

Be the first to know and let us send you an email when Fun & Learn Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share