23/10/2024
US မှာကျောင်းတက်ရင်း အလုပ်လုပ်တဲ့အခါ ကျောင်းစရိတ် ကာမိနိုင်လား?
ဒီမေးခွန်းကိုတော့ တိုင်းတပါးမှာ မိမိရဲ့ပညာရေးကို ငွေတွေပုံပေး ရင်းနှီးမြှပ်နှံထားပေးတဲ့ မိသားစုအတွက် ကိုယ့်ကျောင်းစရိတ်ထောက်ပံ့ပေးစရာမလိုတော့အောင် မေးကြဟန်တူပါတယ်….
US မှာမြန်မာကျောင်းသားအများစု ကျောင်းသွားတက်ပြီဆို Community College 4 Years Programme တက်ကြတာများပါတယ်။Community College တက်ရင်း အလုပ်လုပ်လို့ရနိုင်လားဆိုတော့
✔️ ရနိုင်ပါတယ်
✔️ ကျောင်းဖွင့်ရက်တွေထက်ကျောင်းပိတ်ရက်တွေမှာ Part-time ရှာဖွေလုပ်ကိုင်မယ်ဆို ကျောင်းချိန်လည်း မထိခိုက်တော့ဘူးပေါ့။
✔️ အတန်းချိန်နည်းတဲ့ရက်တွေမှာလည်း part-time job လုပ်နိုင်ပါတယ်။
‼️ အရေးကြီးတာတစ်ခုသိထားရမှာက F1 Visa နဲ့ရောက်လာတဲ့ကျောင်းသားတွေက တရားဝင် တစ်ပတ်ကို နာရီ ၂၀ ထက်ပိုပြီး အလုပ်လုပ်ကိုင်လို့မရပါဘူး။ ဒါကြောင့် နာရီ ၂၀ ထက်ပိုတဲ့ side-job တွေဆို Cash ပေးတဲ့ အလုပ်တွေကိုပဲ ရွေးပြီးလုပ်ကိုင်မှ အဆင်ပြေပါလိမ့်မယ်နော် ‼️
နောက်ထပ်တရားဝင်လုပ်နိုင်တဲ့ အလုပ်ကတော့ Campus-Job တွေပါ။ International Student တွေအနေနဲ့ Campus တက်ရောက်ပြီး ၃ လကျော်တာနဲ့ Campus Job တွေစတင်လုပ်ကိုင်နိုင်ပါတယ်။
📍International Student တစ်ယောက်က ဒီလို Part-time Job တွေလုပ်ကိုင်ရင်း ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာနိုင်တယ်ဆိုတာကတော့ ရာခိုင်နှုန်းတအားကိုနည်းပါးပါတယ်။
Community College ကျောင်းစရိတ်ဟာလည်း အတော်တန်မြင့်မားတာမို့ ကျောင်းစာတစ်ဖက် အလုပ်တစ်ဘက်ဆို လူပင်ပန်းပြီး ပညာရှာရမယ့်အစား ငွေနောက်လိုက်သလိုသာဖြစ်နေပါလိမ့်မယ်။ ကျောင်းစရိတ်ကာမိဖို့တော့ခက်ခဲပေမယ့် မိမိရဲ့အသုံးစရိတ်၊နေထိုင် စားသောက်စရိတ်တွေကိုတော့ လောက်င အောင်ရှာနိုင်ပါလိမ့်မယ်။
Beyond Borders အနေနဲ့အကြံပေးချင်တာကတော့ ကျောင်းသားတစ်ယောက်အနေနဲ့ကျောင်းသွားတက်ပြီဆိုမှတော့ ပညာကိုသာဆုံးခန်းတိုင်တက်ရောက်စေချင်ပါတယ်။ Community College 2 နှစ်တက်ပြီး Associate Degree ရပြီဆိုရင် US မှာလည်း အခြေကျသလောက်ရှိသွားပြီမို့ Full-time Job နဲ့တစ်နှစ်လောက်ပိုက်ဆံစုပြီးမှ ကျန်တဲ့ 2 နှစ်ကိုလည်းတက်ရောက်နိုင်တဲ့နည်းလမ်းရှိပါသေးတယ်။
ဒါ့ကြောင့် US စရောက်ရောက်ချင်း အလုပ်လုပ်ရင်း ကျောင်းစရိတ်ကာမိဖို့ဆိုတာတော့ အလှမ်းဝေးတဲ့ အနေထားတစ်ခုလို့သာပြောပြပေးချင်ပါတယ်နော်!!
📢 US က Community College / College or University ရွေးချယ်တက်ရောက်တာနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ Consultant နဲ့အသေးစိတ်ဆွေးနွေးချင်တယ်ဆိုရင်တော့ Beyond Borders ကိုသာဆက်သွယ်လိုက်ပါ ✔️
ဝန်ဆောင်မှုနှုန်းထားအသက်သာဆုံးနဲ့ ကျောင်းသားတစ်ဦးချင်းရဲ့ လိုအပ်ချက်အလိုက် ကျောင်းရွေးချယ်လျှောက်ထားတာကနေ Visa ရရှိပြီး လေယာဉ်လက်မှတ်ဝယ်ယူတာအထိ တစ်နေရာတည်းမှာ ဆောင်ရွက်ပေးနိုင်တဲ့ Beyond Borders ရှိပါတယ်နော် 💯
All In One Service for Your Career!
အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် မေးမြန်းနိုင်သလို၊ ဖုန်းဆက်၍လည်း သိလိုသမျှကို စုံစမ်းနိုင်ပါတယ်။
Yangon Address 🏠 အမှတ် (၃)၊ မြောက်ဘက်တန်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်။
Yangon Phone ☎️ 09-43023591.
#ကျောင်းစရိတ် #ကာမိနိုင်လား
07/08/2024
US Student Visa Interview မေးခွန်းတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ?
US Student Visa Interview ကို စင်းလုံးချောဖြစ်အောင်ဖြေဆိုနိုင်ဖို့ဆို ကျောင်းသားဘက်က အများကြီးပြင်ဆင်သွားဖို့လိုအပ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အကွက်ကျကျပြင်ဆင်သွားတာအပြင် Interview မှာမေးလာနိုင်တဲ့ မေးခွန်းတွေကိုလည်း ကြိုတင်လေ့လာထားပြီး လေ့ကျင့်နေဖို့လိုအပ်ပါသေးတယ်။ ဒါမှ Interviewer - VO နဲ့တွေ့တဲ့အခါ အထစ်အငေါ့ မရှိဘဲ ဖြေဆိုနိုင်မှာပါ။
Beyond Borders က US Student Visa ဖြေဆိုမယ့်ကျောင်းသားကျောင်းသူတွေအတွက် Interviewer - VO တွေမေးလေ့ရှိတဲ့မေးခွန်းတွေကိုပြောပြရင်း မေးလာတဲ့မေးခွန်းတွေအပေါ်ယုံကြည်ချက်ရှိရှိနဲ့ဘယ်လို ဖြေဆိုရမလဲဆိုတာ ဖော်ပြပေးသွားပါမယ်နော်🤜🏻🤛🏻
1. Introduce Yourself?
Ans - ဒီမေးခွန်းကတော့ VO တွေမေးတာရှားတယ်ဆိုပေမဲ့ ရံဖန်ရံခါ မေးတတ်သလို VO မမေးလည်း သူ့ကိုနှုတ်ဆက်တဲ့အနေနဲ့ အရင်ဆုံးမိတ်ဆက်လိုက်လို့လည်းရပါတယ်။
အဖြေကိုတော့ တိုတိုတုတ်တုတ်နဲ့ US embassy ကို ဘာလာလုပ်တယ်ဆိုတဲ့အကြောင်းအရာမျိုးသာပြန်ဖြေသင့်ပါတယ်။ Example - Hello, Good Morning, Officer. My name is Jennie. Today I am applying for an F1 Visa to study Business Administration major at Orange Coast College.
2. When did you finish high-school?
Ans - ကိုယ်အထက်တန်းကျောင်းပြီးခဲ့တဲ့ ခုနှစ်ကို အတိအကျပြောပြပေးပါ။ IGCSE ကျောင်းသားဆိုရင်လည်း IGCSE ဖြေပြီးတဲ့ နှစ်ကိုပြောပြရုံပါပဲ။ Example - I finished in 2017.
3. What is your Major?
Ans - US ကျောင်းမှာ တက်ရောက်ဖို့ ကိုယ်လျှောက်ထားတဲ့မေဂျာကိုပြောပြပေးပါ။ Example - My major is Business Administration.
4. Why did you choose USA?
Ans - ဒီမေးခွန်းက သိပ်အရေးကြီးပါတယ်။ အဓိကဖြေပေးရမှာက ကိုယ်ရွေးထားတဲ့ မေဂျာနဲ့ အမေရိကန်နိုင်ငံရဲ့ ပညာရေး၊ နိုင်ငံရေး၊ စီးပွါးရေး စတဲ့အခြေအနေတွေနဲ့ ဘယ်လို ဆက်စပ်မှုရှိနေတာလဲ။ အမေရိကန်နိုင်ငံရဲ့အခြေအနေတွေက ကိုယ့်အတွက် Practically လေ့လာနိုင်ဖို့ ဘယ်လိုအထောက်အပံ့ဖြစ်နေတာလဲ။ ကိုယ့်နိုင်ငံကို ပြန်လာတဲ့အခါမှာလည်း ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဘယ်လို အကျိုးရှိစွာ အသုံးချနိုင်မယ်။ စတဲ့ အားသားချက်တွေကို ကိုယ်ရွေးချယ် တက်ရောက်မယ့် မေဂျာနဲ့ ချိတ်ဆက်ပြီးပြောပေးဖို့မမေ့ပါနဲ့နော်။ Example - As US is a highly developed economy, I believe that studying in the US can provide me with a deeper understanding of economic theory and I will gain a strong foundation in business principles that will prepare me for a successful career. And the US’s multicultural society will prepare me to study in a globalized business environment and as well as how entrepreneurship develop economic growth.
5. Why that college or university? How did you know about that college or university?
Ans - ဒီမေးခွန်းကတော့ Individualized မေးခွန်းဖြစ်တဲ့အတွက် Example မပြောပြတော့ဘူးနော်။ အဓိကဖြေကြားပေးရမယ့် အကြောင်းအရာက ကိုယ်လျှောက်ထားတဲ့ကျောင်းရဲ့အားသာချက် ( High Academic Base, Myanmar Community, Well-known for bachelor programs, Affordable) / ဒီကျောင်းကို မလျှောက်ခင်မှာ ကိုယ်က research တွေပြုလုပ်ပြီး Option များစွာထဲက ဒီကျောင်းရဲ့ အားသာချက်တွေကြောင့် ရွေးချယ်ခဲ့တဲ့အကြောင်း အဓိကထား ဖြေပေးဖို့လိုအပ်ပါတယ်။
6. Why that State ( California/ NewYork / Chicago )
Ans - ဒီမေးခွန်းကိုလည်း ရံဖန်ရံခါမေးလေ့ရှိတာဆိုတော့ ကိုယ်သွားမယ့် ပြည်နယ်အကြောင်း အကြမ်းဖျင်းလေ့လာထားဖို့လိုပါတယ်။ ပြည်နယ်အကြောင်း ပြောတဲ့အခါ Accommodation fee, Living Expenses, World-Class College / University တွေပေါများပြီး ကိုယ့်အတွက် ဘယ်လိုအကျိုးရှိနိုင်ကြောင်းတွေ ထည့်ပြောပြပေးပါ။
7. Where that College/University is located?
Ans - ဒါကလည်း ကိုယ်တက်ရောက်မယ့်ကျောင်းလိပ်စာကို ပြောပြရုံပါပဲ။ အဓိကပြောပြရမှာက ဘယ်လမ်း၊ ဘယ်မြို့နယ် ( County ) မှာရှိလဲဆိုတာလောက်ပြောပြရင်လုံလောက်ပါပြီ။
8. What about your accommodation ? / Where will you live in US?
Ans - US ရောက်တဲ့အခါ ဘယ်မှာနေမလဲဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်းသိပ်အရေးကြီးပါတယ်။ ကိုယ်က Visa မရသေးပဲ ဘယ်မှာနေပါမယ်ဆိုပြီး သွားဖြေလိုက်လို့ လုံးဝ မဖြစ်ပါဘူး။ ပြင်ဆင်ထားတယ်၊ Option တွေရွေးချယ်ထားပြီး Visa ရမှသာ Option ထဲကအကောင်းဆုံးနေရာကိုရွေးချယ်ပါမယ်ဆိုပြီး ပညာသားပါပါ ဖြေတတ်ဖို့လိုပါတယ်နော်။ Example - I do a lot of research about accommodation. I contact accommodation providers that recommend from my college (College Name) and also I am ready to choose option to pick after I got my visa.
9. Do you aware transportation system in that state?
Ans - ဒီမေးခွန်းဟာလည်း မေးလေ့မရှိပေမယ့် ကြိုတင်ပြင်ဆင်ဖို့လိုအပ်တဲ့ မေးခွန်းတစ်ခုပါပဲ။ ကိုယ်သွားမယ့် ပြည်နယ်ရဲ့ Public Transportation System ကိုလေ့လာထားကြောင်းနဲ့ ကျောင်းကိုဘယ်လိုသွားမလဲဆိုတာတွေပြေပြပေးလိုက်ပါ။ ပြည်နယ်တစ်ခုနဲ့တစ်ခုကွဲပြားနိုင်တာကို သတိရပါနော်။ Example - Yes, I aware that public transportation system is not really strong. But I do research that I can go to school and for my living there have buses and bike.
10. Do you have plan to do part-time job?
Ans - ဒါကလည်း သတိကြီးကြီးထား ဖြေရမယ့်မေးခွန်းပါပဲ။ ကိုယ်က စာသွားသင်မှာဖြစ်တဲ့အတွက် အစပိုင်းမှာတော့ ကျောင်းစာကိုပဲအာရုံစိုက်မယ့်အကြောင်း ၊ ကိုယ့်ပညာရေးအတွက် ထောက်ပံ့ပေးမယ့် sponsor ကငွေရေးကြေးရေး အပြည့်အဝပံ့ပိုးပေးမှာဖြစ်တဲ့အတွက် အလုပ်လုပ် ဖို့ မသေချာဘူးဆိုတာတွေကို ပြောပြပေးပါ။ ဒါမှ ကိုယ်တကယ်ကျောင်းသွားတက်မှာကို VO ကယုံကြည်လက်ခံပေးမှာဖြစ်ပါတယ်။ Example - My Friends told me that there are campus job for students and also they are doing. But I am not sure to do because I want to focus on my study fully and I have to learn a lot. I have any financial concern, my parents will fully support my education.
11. What is your study plan?
Ans - ဒါက Bachelor မရခင် Study Plan ဘယ်လိုရှိမလဲ မေးတာဖြစ်ပါတယ်။ College or Community College တက်ရောက်မယ့်ကျောင်းသားက ဘယ်လိုဖြေသင့်လဲဆိုတော့ ဒီ College or Community College မှာ Associated degree ကိုအကောင်းဆုံးကြိုးစား ရယူပြီး ကိုယ့်အမှတ် ကိုလက်ခံပေးတဲ့ University ကို Transfer လုပ်ပါမယ်ဆိုပြီးပြောပြနိုင်ပါတယ်။ အဲ့တာနဲ့ ဆက်စပ်မေးခွန်းအနေနဲ့ မေးလာနိုင်တာကတော့ Why not join University? ပါ။ University ကိုဘာလို့တန်းမတက်တာလဲ မေးတဲ့အခါ ကိုယ်က study plan ကို quality foundation နဲ့ အခြေခံပိုင်နိုင်အောင် သေချာကြိုးစားပြီး well-structured ဖြစ်မှ University ကိုပြောင်းမဲ့အကြောင်းနဲ့ 2+2 programs ရဲ့ အားသာချက်တွေကြောင့်ပါ ဆိုပြီးဖြေပေးနိုင်ပါတယ်။
12. What will you do after graduation? What is your future plan?
Ans - Bachelor Degree ရပြီးတာနဲ့ မြန်မာနိုင်ငံကိုတန်းပြန်လာပြီး ကိုယ်သင်ယူလေ့လာခဲ့တဲ့ ပညာနဲ့ Career ကိုဘယ်လိုဆက်လျှောက်သွားပါမယ်။ နိုင်ငံကိုအကျိုးပြုတာ ဒါမှမဟုတ် မိသားစုစီးပွါးရေးအတွက် တိုးတက်အောင်မြင်
အောင်ထောက်ပံ့ပေးမယ်ဆိုတဲ့ အကြောင်းအရာတွေပြောပြပေးပါ။ အဓိက ကတော့မြန်မာပြည်ကိုပြန်လာမယ်ဆိုတဲ့အကြောင်းရာပါပဲ။ Example - After I got Bachelor Degree, I will come back to my home country. Because my father knows a lot about company business and I will set up a company with my father with the knowledge I learned.
13. Do you have relatives in US?
14. Have you been to any other countries before?
15. Have you applied for a visa before?
16. Who is your Sponsor?
17. What does he do?
ဒီမေးခွန်းတွေကတော့ တစ်ဦးချင်း မိမိနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေဖြစ်လို့ Example မရေးပြတော့ဘူးနော်။ အမေးများတဲ့မေးခွန်းတွေဖြစ်ပြီး တိုတိုတုတ်တုတ်နဲ့ဖြေနိုင်ဖို့ မဖြစ်မနေ ကြိုတင်လေ့ကျင့်သွားဖို့လိုအပ်သလို အဖြေပေးတဲ့အခါ ကိုယ်ဖြေလိုက်တဲ့ အကြောင်းအရာတိုင်းက DS-160Form ထဲကအဖြေတွေနဲ့ ထပ်တူကျနေဖို့ အထူးအရေးကြီးပါတယ်‼️
ဒီလောက်ဆို Beyond Borders က sharing လုပ်ပေးတဲ့ မေးခွန်းတွေက F1 Visa Interview ဖြေတဲ့အခါ ကျောင်းသားတွေအတွက် အထောက်ကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။
နောက်ထပ်လည်း F1 Visa နဲ့ပတ်သက်ပြီး ကျောင်းသားတွေ သိသင့်သိထိုက်တဲ့အကြောင်းအရာ အားလုံးကို Sharing လုပ်ပေးမှာဖြစ်လို့ Beyond Border Page ကို Like & Follow လုပ်ထားပေးဦး🫶🏻
F1 Visa နဲ့ပတ်သက်ပြီး တစ်ဦးချင်းဆွေးနွေးချင်တာမျိုးဖြစ်ဖြစ်၊ English Test ဖြေပြီး ကျောင်းလျှောက်တာကအစ Visa Interview ဖြေတဲ့အထိ ကိစ္စအဝဝအတွက် စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံးဆောင်ရွက်ပေးနိုင်မယ့် Agency ရှာနေတယ်ဆိုရင်တော့ Beyond Borders Visa & Education Service ကိုသာသိရလိုက်ပါနော်✔️
F1 Visa ဖြေကြမယ့် ကျောင်းသား ကျောင်းသူတွေအတွက် ကျောင်းရွေးချယ်လျှောက်ထားတာကနေ Visa Interview Process အထိ Consultation ပြုလုပ်ပြီး အစ အဆုံး တာဝန်ယူဆောင်ရွက်ပေးမှာပါ ✔️
All In One Service for Your Career!
အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် မေးမြန်းနိုင်သလို၊ ဖုန်းဆက်၍လည်း သိလိုသမျှကို စုံစမ်းနိုင်ပါတယ်။
Yangon Phone ☎️ 09-43023591.