17/12/2020
MBA အတွက် သင်တန်းကြေး သိန်း ၃၀ တန်ကို
အခမဲ့ ပညာဒါန တက်ခွင့်ပေးပါမယ် ... ဆိုပြီး
ကြော်ငြာပြီး
လူတွေ စိတ်ဝင်စားအောင် လုပ်တယ် ။
တကယ် သေချာ စုံစမ်းတော့မှ
👉 ၃ သိန်းတော့ သွင်းရမယ် ဆိုပြီး
ထပ် ပြောပြီး စည်းရုံးတယ် ။
( ကျွန်တော့်ကို လာလာမေးတာ
အနည်းဆုံး ၅ ယောက် အထက်ရှိတယ် )
📌
MBA နဲ့ ပတ်သက်လို့ လည်း
ရှင်းရှင်းလင်းလင်း တိတိကျကျ
အစကတည်းက ကြေငြာထားရမယ့် အစား
ပညာရေး အသိုင်းအဝိုင်းက ထောက်ပြလွန်းတော့မှ
ဘယ် အဆင့်ပါ ဘာညာဆိုတာ
ပြန် ထုတ်ပြောတယ် ။
( Degree အဆင့်မရှိ ။
Award တစ်ခု အဆင့်သာ ရှိတယ် )
📌
ပိုဆိုးတာက
ထောက်ပြတဲ့ ပညာရေး အသိုင်းအဝိုင်းက
ဆရာပေါင်း များစွာက
သူတို့ကို မနာလိုလို့ လုပ်ကြတာပါ ... ဆိုတာမျိုး
ထ ကြေငြာတယ် ။
📌
လစာ ၁၀ သိန်းရမယ့် အလုပ် ဆိုတာမျိုး
ကြော်ငြာလူခေါ်ပြီး
တကယ်တမ်းသေချာ စုံစမ်းမှ ...
သင်တန်းသား တစ်ယောက်
သင်တန်း အပ်အောင် ဆွယ်ပေးနိုင် ရင်
၁ သိန်း ပေးမှာမို့လို့
ဆယ်ယောက်ဆို ၁၀ သိန်းပါလို့ ဆိုတဲ့အတွက်
တကယ်တမ်းမှာ " လစာ " လို့ ကို
သုံးနှုန်းလို့ မသင့်ဘူး ... လို့
ကျွန်တော်ကတော့ ယူဆတယ် ။
အဲ့လို အလုပ်ရဖို့တောင်
သူတို့ဆီကို သင်တန်း + စာရွက်စာတမ်းကြေး
၃ သိန်းကျော် အရင် သွင်းရဦးမှာ ။
📌
ဒါတွေ ကို မသိလို့ လုပ်နေတာ ...
တစ်ခါတလေ အမှားအယွင်းဖြစ်တာထက်
တမင်ကို လူစိတ်ဝင်စားဖို့ပဲ ဦးစားပေးပြီး
ကျင့်ဝတ် ဘောင်ကို ကစားပြီး
ဈေးကွက် ဖောက်နေတာလို့ ယူဆတဲ့အတွက်
အဲ့ အဖွဲ့အစည်း ကို
ကျွန်တော်ကတော့ လုံးဝ Blacklist သတ်မှတ်ပါတယ် ။
အဲ့ဒီ သင်တန်းက ရလာတဲ့ လက်မှတ်တွေနဲ့
ကျွန်တော့်ရဲ့ ဘယ်လုပ်ငန်းမှာ မဆို
အလုပ်လာလျောက်ရင်
< အဲ့ဒီ လက်မှတ်တွေကို > အထင်ကြီးမှာ မဟုတ်သလို ...
ဘယ်တော့မှ ဘာအလုပ်ကိစ္စမှလည်း
မပတ်သက်ဖို့ ဆုံးဖြတ်ထားပါတယ် ။
အဲ့ လက်မှတ်တွေ မဟုတ်တဲ့
တခြား အရည်အချင်း ပိုင်းတွေကိုတော့
လိုအပ်သလို အသိအမှတ်ပြု လေးစားပေးလို့ ရပါတယ် ။
တော်ကြာ ... သင်တန်းတက်မိသူတွေ အနေနဲ့
မိအေး ၂ ခါနာ ဖြစ်တယ်ထင်မှာစိုးလို့ ကြို ပြောတာပါ ။
ကျွန်တော့် ကိုယ်ပိုင် အလုပ်တွေ တင်မက
ကျွန်တော့် မိတ်ဆွေတွေ / စာဖတ်သူတွေ /
သင်တန်းသားတွေကိုလည်း
ဒီ သင်တန်းကျောင်းရဲ့ လုပ်ရပ်တွေကို
ကြုံရင် ကြုံသလို < သူတို့ လာမေးတဲ့အခါတိုင်း >
သေချာ သတိပေးဖို့ ဆုံးဖြတ်ထားလိုက်ပါတယ် ။
ကျွန်တော် ကိုယ်တိုင်လည်း ဘာကောင်မှ မဟုတ်ပေမယ့်
ပညာရေး လောကထဲ မှာ
စီးပွားရေး လုပ်နေသူ တစ်ယောက်အနေနဲ့
ဒီလို ချဲ့ကားကြော်ငြာတာမျိုး ကို
လက်မခံကြောင်း / ရှုံ့ချကြောင်း
ကိုယ့် ရပ်တည်ချက်ကို
ကိုယ် ထုတ်ကြေငြာတဲ့ သဘောပါပဲ ။
အစိုးရ အနေနဲ့
အသိအမှတ်ပြု ဘွဲ့/လက်မှတ်တွေနဲ့ ပတ်သက်လို့
ထိထိရောက်ရောက် လုပ်သင့်တာ တစ်ချို့
မလုပ် - မလုပ်နိုင်သေး - မလုပ်ဖြစ်သေး တဲ့အခါ
ကိုယ့် နယ်ပယ်ထဲက လူ အချင်းချင်းပဲ
တတ်နိုင်သလောက် ဝိုင်းထိမ်းရမယ်လို့ ယူဆလို့ပါ ။
( PHEIA လို အသင်းမျိုးကလည်း
အာဏာပိုင် မဟုတ်တဲ့ အတွက်
သတိပေး - ဆွေးနွေးတာလောက်ပဲ လုပ်လို့ ရမှာပါပဲ ။
သူတို့ကလည်း ကြေညာချက်တောင်
သေချာ ထုတ်ထားပါတယ် ။
ဒီလင့် 👉 https://www.facebook.com/112921700063922/posts/414756016547154/ 👈 မှာ ဖတ်နိုင်ပါတယ် ။
အဲ့ဒီ ကြေညာချက်မှာ
MBA လို့ ပဲ ကြော်ငြာတာထက်
ဘယ်လို တိတိကျကျ သုံးနှုန်းသင့်တယ် ... ဆိုတာပါ
သူတို့ အကြံပေးထားတာ ပါပါတယ် ။ )
📌
တကယ်လို့ ခုလိုမျိုး
ပုဂ္ဂလိက ပညာရေး လောကသား အချင်းချင်း က
ဝိုင်း မထိမ်း ရင် ...
ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်ရတယ် ဆိုသလိုမျိုး
MBA ကို တကယ် ပင်ပင်ပန်းပန်း ကြိုးစားရယူထားရတဲ့ သူတွေပါ
ရောပြီး အထင်သေးခံရနိုင်တယ် ...
MBA ချင်း မတူကြောင်း ရှင်းပြနေရတဲ့ အလုပ် ပိုလာမယ် ...
သေချာ စနစ်တကျ သွားနေတဲ့ သင်တန်းတွေလည်း
ရောပြီး အထင်သေးခံရနိုင်တယ် ... လို့ ယူဆပါတယ် ။
ကြာလာရင် ... MLM လုပ်ငန်းတွေလိုမျိုး
လုပ်ငန်းတူ နယ်ပယ်တစ်ခုလုံးပါ နာမည် ပျက်နေရတဲ့ အဆင့်
ရောက်လာမှာ စိုးမိတာပါပဲ ။
ဒါကြောင့် ကိုယ် တတ်နိုင်တာ ကိုယ် လုပ်တဲ့အနေနဲ့
ဒီစာ ရေးတင် ဖြစ်တာပါပဲ ။
#ကိုဇင်ဇေ
📌
ဒီကာလထဲ အာရုံ သိပ်အနောက်မခံချင်လို့
နာမည် တပ်မရေးလည်း
ဘယ် သင်တန်းကို ဆိုလိုတယ်ဆိုတာ သိကြမှာပါ ။
ဒီ စာကို ဖတ်မိတဲ့ ...
ကျွန်တော့် မိတ်ဆွေထဲက စီးပွားရေး လုပ်ငန်းရှင်တွေ /
သင်ကြားရေး ဆရာတွေ / သင်တန်းတည်ထောင်သူတွေလည်း
ဒီ ကိစ္စကို ဘယ်လိုမြင်လဲဆိုတာ ဆွေးနွေးပေးသွားစေချင်ပါတယ် ။
( Image : from BrainyQuote )