17/06/2024
Deep Work
Deep workဆိုတာဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အလုပ်တွေကို အာရုံစူးစိုက်မှုအပြည့်နဲ့ ထိရောက်မှုရှိရှိ လုပ်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
Deep work ဟာ ယနေ့ခေတ်မှာ အလွန်အရေးပါလာပါပြီ။ ယနေ့လို အာရုံတွေများလာတဲ့ခေတ် distraction တွေ များလာတဲ့အချိန်မှာ တစ်ခုခကိုအာရုံစူးစိုက်လုပ်နိုင်ဖို့အင်မတန်ခက်ခဲလာပါပြီဖြစ်ပါတယ်။ ကျောင်းသားများဆိုလိုလျှင်လည်း စာကြည့်နေရင်း ဖုန်းသုံးမိတာမျိုး အာရုံပျံ့လွင့်တတ်ပါတယ်။ ဒါကြောင့် deep work လုပ်ဖြစ်အောင်လုပ်ဖို့အကြံပေးချင်ပါတယ်။
Deep workကို အနှောင့်အယှက်ပေးနေတဲ့ အချက်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
- entertainment အတွက် social media ကိုအလွန်အကြူးသုံးခြင်း
- muti-tasking တစ်ချိန်တည်းမှာအလုပ် နှစ်ခုသုံးခု တစ်ပြိုင်နက်လုပ်ခြင်း
-ပတ်ဝန်းကျင် ဆူဆူညံညံဖြစ်နေတဲ့နေရာအာရုံသေချာမစိုက်နိုင်တဲ့နေရာမှာအလုပ်လုပ်ခြင်း
- ကိုယ်ဘာလုပ်ရမှန်းမယ်မယ်ရရမသိဘဲ အရေးမကြီးတာတွေကိုအရင်လုပ်ပြီးအချိန်ဖြုန်းမိခြင်း
-self-awarenessမရှိခြင်းတို့ပဲ ဖြစ်ပါတယ်။
Deep workဖြစ်အောင်ဘယ်လိုလုပ်သင့်လဲ။
-ပထမဆုံး အနေနဲ့တော့ 80/20 rules ကိုကျင့်သုံးသင့်ပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာမှာ အရေးကြီးဆုံး 20% သောအလုပ်တွေကို အရင်ဆုံး လုပ်သင့်ပါတယ်။ အရေးကြီးတာကိုအရင်လုပ်ရင် 80%လောက်အလုပ်ကိုထိထိရောက်ရောက်လုပ်မိပြီးသားဖြစ်ပါလိမ့်မယ်။
ဥပမာ ကျောင်းသားတစ်ယောက်စာကြည့်မယ်ဆိုရင်လည်း အရေးကြီးတဲ့ စာအုပ်တွေကို ဦးစားပေးဖတ်မယ်ဆိုရင် စာမေးပွဲတွက်ပိုထိရောက်နိုင်ပါတယ်။
- Deep workဖြစ်ဖို့အတွက် တိတ်ဆိတ်တဲ့နေရာ ကိုယ် အာရုံအပြည့်အဝစိုက်နိုင်မဲ့နေရာ ရှာသင့်ပါတယ်။ ကိုယ့်ကိုလူတွေ အနှောင့်အယှက်မပေးနိုင်လေပိုကောင်းလေဖြစ်ပါတယ်။
- အရေးကြီး တာက ကိုယ်လုပ်မဲ့အလုပ်နဲ့သက်ဆိုင်တာတွေကို တစ်ပါတည်းအဆင်သင့်ယူဆောင်သွားဖို့ပါ။ဥပမာ ကျောင်းသားဆိုရင်လည်း စာအုပ် ဘောပင် စသည်ဖြင့် ယူဆောင်သင့်ပါတယ်။မလိုအပ်တဲ့ technical deviceတွေတော့မယူသင့်ပါဘူး။အာရုံ ပျံ့နိုင်တဲ့အတွက်ကြောင့်ပါ။
- Deep workလုပ်နိုင်ဖို့ရန် Timer မှတ်ပြီးအလုပ်လုပ်ရင်ပိုထိရောက်ပါတယ်။ဥပမာတစ်နာရီအလုပ်လုပ်ပြီး ဆယ်မိနစ် နားတာမျိုး အက်လို အလုပ်ချိန်နဲ့နားချိန်သမ မျှတအောင်သတ်မှတ်ထားရင် အလုပ်မှာ ငြီးငွေ့မှာမဟုတ်တော့ပါဘူး။
-နောက်ဆုံးတစ်ချက်ကတော့ တရားထိုင်ပါလို့ပြောချင်ပါတယ်။ ဒါမှသာ self-awareness ပိုကောင်းလာမယ် အလုပ်တစ်ခုခုကိုအာရုံစူးစိုက်မှုအပြည့်နဲ့လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။
ထိုအချက်တွေက လက်တွေ့လုပ်ဆောင်ရမဲ့အရာများဖြစ်ပါတယ်။ Deep workလုပ်တဲ့အလေ့အကျင့်ကောင်းကောင်းရပြီဆိုပါက ဘာစာလေ့လာလေ့လာ ဘာအလုပ်ကိုလုပ်လုပ် ထိရောက်မိရှိရှိလုပ်နိုင်မှာဖြစ်ပါတယ်။
Future-Proof
14/06/2024
Cultivate Adaptable Character
ခုခေတ်မှာလိုက်လျောညီထွေဖြစ်ဖို့လိုမယ်။
နေရာအချိန်နဲ့အခြေအနေပေါ်လိုက်ပြီးပြောင်းလဲဖို့တယ်။
ဟိုအရင်က ကျောင်းမှာသင်ခဲ့တဲ့စာတွေက ခုသုံးရချင်မှရတော့မယ်။
ကိုယုံကြည်ထားတာတွေကခုခေတ်မှာမှန်ချင်မှမှန်တော့မယ်။
ကမ္ဘာကြီးက အမြဲ ပြောင်းလဲနေတာကိုလက်ခံရမယ်။
Trend ဖြစ်နေတဲ့အရာတွေသိထားဖို့လိုမယ်။
သုံးမရတဲ့ပညာတွေသင်မဲ့အစား အနာဂတ်မှာသုံးရမှာတွေသင်ဖို့ပိုလိုလာမယ်။
နည်းပညာ ဘာသာစကား စတာတွေက မဖြစ်မနေလိုအပ်နေပြီ။
informative ဖြစ်နေဖို့တအားအရေးကြီးတယ်။
ကမ္ဘာမှာဘာတွေပြောင်းလဲနေတယ် ဘယ်အခြေအနေရှိတယ်စတာတွေကို မျက်ခြေမပြတ်ကြည့်နေနိုင်ဖို့လိုပါတယ်။
ကိုယ်ခုသင်နေတဲ့ပညာက နောက်ဆယ်နှစ်မှာသုံးရချင်မှရမယ်။အက်အချိန်ကျရင်လည်း လိုအပ်တဲ့ skillsတွေကိုထပ်ထပ်သင်နေရမှာဖြစ်တယ်။ life-long learningမလုပ်နိုင်ရင် နောက်ကျကျန်ခဲ့လိမ့်မယ်။
မြန်မာနိုင်ငံ မှာ နေရတာအခွင့်အရေးတွေမရှိရင် ရှိတဲ့နိုင်ငံကိုပြောင်းရမယ်။ မလိုတာတွေလွှတ်ချပြီး ပြောင်းလဲတတ်ဖို့လိုတယ်။ သူ့နေရာ ဒေသ ခေတ်စနစ်နဲ့လိုက်ပြီး ပြောင်းလဲပြင်လွယ်မှသာ အနာဂတ်မှာ အဆင်ပြေမှာပါ။
ဒါကြောင့် trend ဖြစ်နေတာတွေကိုသိထားရမယ်။
ခေတ် နဲ့အညီလိုအပ်တာတွေကိုလေ့လာနေရမယ်။
စိတ်ပျက်အားလျော့နေမဲ့အစားနည်းလမ်းရှာသင့်တယ်။
ကမ္ဘာအညီ လိုက်ပြောင်းလဲနိုင်ဖို့အရေးကြီးတယ်။
မပြောင်းလဲနိုင်ရင်နောက်ကျ ကျန်ခဲ့ဖို့များတယ်။
ဒါကြောင့် ကိုယ့်မှာရှိတဲ့ယုံကြည်မှုတွေပြောင်းသင့်ပြောင်းရမယ်။
အလုပ်ဖြစ်မဲ့အရာကိုပဲပြောင်းလဲလုပ်ကိုင်ဖို့လိုတယ်။
Growth-mindsetကိုမွေးမြူထားမှသာ ဒီခေတ်ထဲမှာ ကောင်းကောင်းရှင်သန်နိုင်ပါလိမ့်မယ်။
Future-Proof
14/06/2024
အချိန်တိုင်းကိုယ်က အလုပ်ရှုပ်နေတဲ့သူလား။
လုပ်တဲ့အလုပ်ကကော တိုးတက်မှုရှိရဲ့လား။
လူတွေက အလုပ်များတာကို ဂုဏ်ယူလေ့ရှိပါတယ်။
အလုပ်များလို့ အချိန်တောင်မရှိဘူးလို့ပြောကြတယ်။
တကယ်တော့ အလုပ်များတိုင်း မကောင်းပါဘူး။
တစ်နေ့မှာ လုပ်ရမဲ့အရာတိုင်းကအရေးမကြီးပါဘူး။
အရေးအကြီးဆုံးအလုပ်ကိုရွေးလုပ်တတ်ဖို့ပဲလိုပါတယ်။
တစ်ခါတစ်လေမှာ ဘာမှလုပ်စရာမရှိလို့ ပျင်းနေလည်း
ကိစ္စ မရှိပါဘူး။အဓိက က အလုပ်များဖို့မဟုတ်ဘဲ အရေးကြီးတာကိုထိထိရောက်ရောက်လုပ်နိုင်ဖို့ပါပဲ။
အရာတိုင်းကိုအရေးကြီးတယ်မတွေးဘဲ အရေးကြီးတာကိုပဲရွေးလုပ်မယ်ဆို အချိန်ကုန်သက်သာမှာဖြစ်ပါတယ်။
Future-Proof
14/06/2024
𝐓𝐞𝐧 𝐋𝐢𝐟𝐞 𝐋𝐞𝐬𝐬𝐨𝐧𝐬 𝐄𝐯𝐞𝐫𝐲 𝐓𝐞𝐞𝐧𝐚𝐠𝐞𝐫𝐬 𝐒𝐡𝐨𝐮𝐥𝐝 𝐋𝐞𝐚𝐫𝐧 , 𝐀𝐟𝐭𝐞𝐫 𝐊𝐧𝐨𝐰𝐢𝐧𝐠 𝐓𝐡𝐚𝐭 𝐓𝐡𝐞𝐲 𝐂𝐚𝐧 𝐖𝐚𝐥𝐤 𝐓𝐡𝐫𝐨𝐮𝐠𝐡 𝐓𝐡𝐞𝐢𝐫 𝐉𝐨𝐮𝐫𝐧𝐚𝐥 𝐖𝐢𝐭𝐡 𝐒𝐞𝐥𝐟-𝐅𝐮𝐥𝐥𝐟𝐢𝐥𝐥𝐦𝐞𝐧𝐭
မြန်မာနိုင်ငံရှိ ကျနော်အပါအဝင်လူငယ်အများစုဟာ ပြဿနာမျိုးစုံကို အဆိုးရွားဆုံးခံစားနေရပါတယ်။
Covid-19ဖြစ်ခဲ့တဲ့ အချိန်ကစလို့ ပြည်တွင်းမငြိမ်မသက်မှု တွေဖြစ်နေတဲ့အခုကာလတစ်လျှောက်မှာ အခက်အခဲမျိုးစုံကို မလွှဲသာ မရှောင်သာ အောင်ရင်ရှင်နေရပါတယ်။လူငယ်တွေမှာ ပညာရေးအခက်အခဲက အဆိုးရွားဆုံးဖြစ်တယ်လို့ယူဆမိပါတယ်။
ဒါကြောင့်လမ်းပျောက်နေတဲ့လူငယ်တွေ ဘဝမှာ ဘာတွေကိုအာရုံစိုက်ရမှန်း လူငယ်များအတွက် ကျနော့်လေ့လာထားမိတဲ့ ဘဝသင်ခန်းစာ ၁၀ ခုကို မျှဝေပေးချင်ပါတယ်။
၁။ 𝗦𝗲𝘁𝘁𝗶𝗻𝗴 𝗚𝗼𝗮𝗹𝘀 (ဘဝရည်မှန်းချက်ချမှတ်ပါ)
ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်တစ်ခုကိုချမှတ်ပါ။ ရည်မှန်းချက် မရှိရင် ဘဝအဓိပ္ပါယ်မရှိသလို လမ်းပျောက်သလိုခံစားရနိုင်ပါတယ်။
သေးသေးလေးစပြီးရည်မှန်းချက်ချပြီးဖြစ်အောင်ကြိုးစားကြည့်သင့်ပါတယ်။ ကိုဖြစ်ချင်တာကိုသေချာစဥ်းစားပြီးစာရွက်ပေါ်ချရေးကြည့်။ပြီးရင်အက်တာကိုဖြစ်မြောက်အောင် ဘယ်လ်ိုလုပ်မလဲ ဆိုတာကိုplanချရပါမယ်။planချပြီးရင်တော့အရေးကြီးဆုံးကတော့ self-discipline ပါ။ ကို့ကိုယ်ကိုစည်းကမ်းသတ်မှတ်ထားရမယ်။ ကို့ကိုယ်ကိုပေးထားတဲ့ကတိ စည်းကမ်းတွေကို တည်နိုင်ရမယ်။ ဥပမာဒီနေ့ တစ်နေ့တစ်ရီဂျပန်စာလုပ်မယ်ဆုံးဖြတ်ပြီးရင် အက်အတိုင်း မပြတ်မကွက်လုပ်တာမျိုးပါ။ ပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်ကိုအနှောင့်ယှက်ပေးနိုင်တာတဲ့ social media အလွန်အကျွံသုံးတာမျိုး အချိန်ဆွဲတတ်တာမျိုး စတဲ့အကျင့်ဆိုးတွေကိုဖယ်ရှားပစ်သင့်ပါတယ်။အရေးကြီးဆုံးက ရည်မှန်းချက်နဲ့ပတ်သက်တာတွေကိုပဲလုပ်ဖို့ပါ။
ဒါကြောင့်မို့ စာရွက်တစ်ရွက်ပေါ်မှာ goal setting ချပါ။planဆွဲပါ။ ပြီးရင်disciplineရှိရှိနဲ့ ကြိုးစားသင့်ပါတယ်။
၂။ 𝗕𝗲𝗹𝗶𝗲𝘃𝗲 𝗜𝗻 𝗬𝗼𝘂𝗿𝘀𝗲𝗹𝗳 (ကို့ကိုယ်ကိုယုံကြည်မှုရှိပါ)
လူတစ်ယောက် မှာအရေးကြီးဆုံးက self-confidenceရှိဖို့ပါ။ ငါကြိုးစားရင်ဖြစ်နိုင်တယ် ငါလုပ်နိုင်တယ် စသည်ဖြင့် ယုံကြည်မှု ရှိဖို့လိုပါတယ်။
Growth mindset ကိုမွေးမြူဖို့လိုပါတယ်။ ဘယ်ပညာရပ်မဆိုငါသင်နိုင်ပါတယ်။ငါသာ အချိန်ပေး ပြီးကြိုးစားမယ် ဆိုရင် ဘယ်အရာကိုပဲ ဖြစ်ဖြစ်သင်နိုင်တယ်။ပြီးတော့ self-confidence ရှိမယ်ဆိုရင် အခက်အခဲတွေကြုံလဲ အေးဆေးရင်ဆိုင်နိုင်ပါတယ်။ဘယ်ပြဿနာမဆို self-confidence ရှိတဲ့လူတစ်ယောက်က ကောင်းကောင်းဖြေရှင်းနိုင်ပါတယ်။ဒါကြောင့်ဘယ်အလုပ်မဆို ကို့ကိုယ်ကိုမယုံကြည်ဘူးဆိုရင် ဖြစ်မြောက််ဖို့ခက်ပါမယ်။
မိမိက ပညာရပ်တစ်ခုခုမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်လာမယ်ဆိုရင် self-confidence ရှိလာနိုင်ပါတယ်။ဒါကြောင့်မို့ personal growth ဖြစ်အောင်ကြိုးစားသင့်တယ်။ လူငယ်တစ်ယောက်အနေနဲ့ အတွေ့အကြုံတွေယူတာ ပညာရပ်တွေသင်ယူတာမျိုး စသည်ဖြင့် self-confidence ကိုတည်ဆောက်ယူသင့်ပါတယ်။
၃။𝗠𝗮𝗸𝗲 𝗗𝗲𝗰𝗶𝘀𝗶𝗼𝗻𝘀 𝗕𝘆 𝘆𝗼𝘂𝗿𝘀𝗲𝗹𝗳 𝗘𝘃𝗲𝗻 𝗪𝗿𝗼𝗻𝗴 𝗗𝗲𝗰𝗶𝘀𝗶𝗼𝘀(ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ချက်ချပါ။)
မြန်မာလူငယ်တစ်ယောက် အနေနဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ ခက်ခဲပါတယ်။မိဘတွေကိုကြောက်ရတာ ဆုံးဖြတ်ချက်မှားသွားရင် သူများတွေက ဝိုင်းကဲ့ရဲ့မှာစသည်ဖြင့် ကြောက်စိတ်ကိုယ်စီရှိပါတယ်။
ဆုံးဖြတ်ချက်ကို ကို သေးသေးလေးကစ ကြိုးစားချသင့်ပါတယ်။ဥပမာ ဒီနေ့ ငါဘာစားမယ် ဘာလေ့လာမယ် ဘာဝယ်မယ် စသည်ဖြင့် ဘယ်သူ့အကြံပေးချက် အကူညီမှမယူဘဲ ဆုံးဖြတ်ချက်ချင်သင့်ပါတယ်။ မှားသွားခဲ့တော့လည်း ကိစ္စ မရှိပါဘူး ။ ဘာဂရုစိုက်စရာရှိလဲ။အက်လိုပဲအမှားကနေသင်ခန်းစာယူရမှာပဲ။အက်လိုသေးသေးတွေကို ဆုံးဖြတ်ချက်ချနိုင်လာပြီဆိုရင် အရေးကြီး တာတွေဆုံးဖြတ်ရာမှာလည်းတွန့်ဆုတ်မနေတော့ဘူး ပိုပြီးဆုံးဖြတ်ချက်ချရဲလာမယ် ယုံကြည်မှုရှိလာမယ်။ ပြီးတော့ကိုယ့်ဘဝကိုယ် ပိုပြီးကျေနပ်ပါလိမ့်မယ်။
ဒါကြောင့်မို့ ပတ်ဝန်းကျင်ရဲ့အထင်အမြင်တွေဂရုမစိုက်ပါနဲ့။ ကို့စဥ်းစားဉာဏ် ကိုယ်စွမ်းကိုယ်စနဲ့ ဆုံးဖြတ်ချက်တွေချကြည့်ပါ။မှားမှာလည်းမကြောက်ပါနဲ့။ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်ရင်ကို့ဘဝဟာ ပိုပြီးindependent ဖြစ်လာမှာဖြစ်ပါတယ်။
၄။ 𝗪𝗼𝗿𝗸 𝗛𝗮𝗿𝗱 (အလုပ်ကြိုးစားပါ)
ကိုယ့်ရဲ့အချိန်တွေ ခွန်အားတွေကို ရည်မှန်းချက်ပြည့်ဝဖို့ပဲသုံးသင့်ပါတယ်။ entertainment အတွက်နဲ့အချိန်ဖြုန်းတာတွေလျှော့သင့်ပါတယ်။
80/20 ruleကိုအသုံးချကြည့်ပါ။ ကိုယ့်ရဲ့အချိန်80%ကိုအရေးပါတဲ့ အလုပ်20%အတွက်ပဲပေးပါ။ အရေးမပါတာကိုအရာပေးရင် ဆုံးရှုံးမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့် အလုပ်ကြိုးစားပါ။ဖြတ်လမ်းနည်းမရှိပါဘူး။
၅။ 𝗧𝗮𝗸𝗲 𝗥𝗲𝘀𝗽𝗼𝗻𝘀𝗶𝗯𝗶𝗹𝗶𝘁𝘆 𝗙𝗼𝗿 𝗬𝗼𝘂𝗿 𝗢𝘄𝗻 𝗟𝗶𝗳𝗲 (ကိုယ့်ဘဝကိုယ်ကို အပြည့်အဝတာဝန်ယူပါ)
ကိုယ့်ဘဝကိုယ်တာဝန်ယူဖို့လိုပါတယ်။ ဘဝမှာဖြစ်လာသမျှကိစ္စတိုင်းကို ကိုယ်တိုင်ပဲ ဖြေရှင်းရမှာပါ။
proactive ဖြစ်ဖို့အရေးကြီးပါတယ်။ ဘဝမှာကိုယ်ထိန်းချုပ်လို့ရတာနဲ့မရတာနှစ်မျိုးရှိပါတယ်။ကိုယ်ထိန်းချုပ်လို့ရတာကိုပဲ အာရုံစိုက်သင့်ပါတယ်။ ကိုထိန်းချုပ်မရတဲ့ နိုင်ငံရေးတွေ စီးပွားရေးတွေ စသည်ဖြင့်အပြင်ကအကြောင်းအရာတွေကိုပဲ တွေးပူပန်နေတာမျိုးမလုပ်သင့်ပါဘူး။ကို့ဘဝမှာဖြစ်လာသ မျှကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေကိုယ်နဲ့ပဲဆိုင်ပါတယ်။ကို့ဘသကိုယ်တာဝန်ယူနိုင်ရပါမယ်။
ဒါကြောင့်ကိုလုပ်နိုင်တာကိုအကောင်းဆုံးပါ။ဘယ်သူ့ကိုမှလည်းမblameပါနဲ့။ ထိန်းချုပ်မရတာဆို လွှတ်ချလိုက်ပါ။ကိုယ့်ဘဝကိုယ်တာဝန်ယူနိုင်ရင်ကိုဟာ independent ဖြစ်တဲ့လူတစ်ယောက်ဖြစ်လာမှာအသေအချာပါပဲ။
၆။ 𝗕𝗲 𝗥𝗲𝘀𝗽𝗲𝗰𝘁𝗳𝘂𝗹 𝗔𝗻𝗱 𝗖𝗼𝗺𝗽𝗮𝘀𝘀𝗶𝗼𝗻𝗮𝘁𝗲 𝗧𝗼 𝗢𝘁𝗵𝗲𝗿𝘀
(လူတွေအပေါ်လေးစားပါ မေတ္တာ ထားပါ)
ပေါင်းသင်းဆက်ဆံရေးမှာ လေးစားမှု ကအရေးကြီးပါတယ်။ တစ်ဖက်လူကိုလေးစားမှ ကိုယ်လည်းလေးစားခံရမှာဖြစ်ပါတယ်။
လူတစ်ယောက် အပေါ် စော်ကားတာမျိုး မကောင်းတဲ့အတင်းအဖျင်းတွေပြောတာမျိုး နှိမ်တာမျိုးမလုပ်သင့်ပါဘူး။လူတိုင်းမှာမာနရှိပါတယ်။ဒါကြောင့်လူတွေကိုအထင်မသေးပါနဲ့ လေးလေးစားစား ဆက်ဆံဖို့လိုပါတယ်။ ပြီးတော့ အချင်းချင်း ဘာပြောပြော ဘာလုပ်လုပ်မေတ္တာတရားထားသင့်ပါတယ်။ မေတ္တာ ဆိုတာက သူများကောင်းကျိုးလိုလားတဲ့စိတ်ထားပါ။ဒါကြောင့် ကိုယ်တတ်နိုင်တာရှိရင်ကူညီပေးတာမျိုး စကားပြောရင်ချိုချိုသာသာပြောတာမျိုး လုပ်သင့်ပါတယ်။ကိုယ်ချင်းစာနာစိတ် ကြင်နာစိတ်လေးတွေမွေးမြူဖို့လိုပါတယ်။
ဒါကြောင့်လူတိုင်းကို ကိုယ်ချင်းစာစိတ်လေးထားပါ။မေတ္တာထားပါ။လေးလေးစားစားဆက်ဆံပါ။လူတစ်ယောက်ကိုဘယ်တော့မှမနှိမ်ပါနဲ့။အထင်မသေးပါနဲ့။
၇။ 𝗚𝗲𝘁 𝗢𝘂𝘁 𝗢𝗳 𝗬𝗼𝘂𝗿 𝗖𝗼𝗺𝗳𝗼𝗿𝘁𝗭𝗼𝗻𝗲
(comfortzone ထဲကထွက်ဖို့ကြိုးစားရပါမယ်)
လူငယ်တွေအနေနဲ့ အမြဲသက်သက်သာသာနေရတဲ့ comfortzone ထဲမှာပဲပိတ်မိမနေသသင့်ပါဘူး။ခုခေတ်မှာသင်ယူစရာတွေတအားပေါပါတယ်။မိမိကိုယ်မိမိ challage ခေါ်သင့်ပါတယ်။
လူငယ်ဘဝမှာ ဘာမှဆုံးရှုံးစရာမရှိပါဘူး။ငယ်ရွယ်တုန်းမှာ အတွေ့အကြုံတွေရအောင်ရှာသင့်ပါတယ်။ ကိုအမြဲလုပ်နေကျအရာတွေတင်မဟုတ်ဘဲ အသစ် တွေလုပ်ဖို့ ပ်ုခက်တာတွေလုပ်ဖို့ challenge ခေါ်သင့်ပါတယ်။ ဥပမာ မသင်ဖူးတဲ့ဘာသာစကားသင်တာမျိုး ပိုခက်တာမျိုးကိုလုပ်သင့်ပါတယ်။အဓိကကတော့ကိုယ်ကြောက်တဲ့အရာတွေကိုပဲလုပ်သင့်တယ်။ ကိုက လူတွေမှာစကားပြောရမှာကြောက်ရင် လူတွေနဲ့စကားပိုပြော social ကောင်းအောင်လုပ်။အက်လိုchallengeခေါ်သင့်ပါတယ်။
လူငယ်တွေအနေနဲ့ငယ်တုန်းမှာစွန့်စားသင့်ပါတယ်။အတွေ့အကြုံတွေယူသင့်ပါတယ်။ဘာကိုမှတွေးပြီးပူပန်စရာ စိုးရိမ်စရာလည်းမလ်ိုပါဘူး။ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေမှားရင်လည်း ပြန်ကြိုးစားလို့ရတာပါပဲ။ကို့ရဲ့comfort zone ထဲမှာပဲနေနေမယ်ဆိုရင် ကို့ရဲ့ကိုယ်စွမ်းကိုယ်စတွေ အရည်အချင်း တွေက ဆုတ်ယုတ်သွားမှာပဲ ဖြစ်ပါတယ်။
၈။ 𝗧𝗮𝗸𝗲 𝗖𝗮𝗿𝗲 𝗢𝗳 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵(ကျန်းမာရေးကိုဂရုစိုက်ပါ)
လူငယ်တွေအနေနဲ့ ကျန်းမာဖို့လိုပါတယ်။ ကျန်းမာရေးက ဘဝရဲ့ foundation ပါပဲ။ မကျန်းမာရင် ဖြစ်ချင်တာတွေဖြစ်လာဖို့ ခက်ခဲသွားမှာပါ။
လူငယ် တွေအနေနဲ့ exercise လုပ်တာ healthy foodတွေစားတာ အိပ်ရေးဝဝအိပ်တာ မတည့်တာတွေရှာင်တာစသည်ဖြင့် ဂရုစိုက်သင့်ပါတယ်။ လူငယ်တစ်ယောက် အနေနဲ့ကတော့ ကျန်းမာကြံ့ခိုင်နေသင့်တယ်။ရှေ့ဆက်ရမဲ့ အလုပ်တွေ မှာ stressတွေရှိမယ် ကြိုးစားရတာတွေရှိမယ် ဒါတွေကိုကောင်းကောင်း handleလုပ်နိုင်ဖို့ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရှိဖို့လိုတယ်။
ဒါကြောင့် မကောင်းတဲ့အစားတွေရှောင်သင့်ပါတယ်။ physical ပိုင်းမှာရော mental ပိုင်းမှာပါ strong ဖြစ်နေမှ တစ်ခြားနိုင်ငံကလူငယ်တေွနဲ့ရင်ဘောင်တန်းနိုင်မှာဖြစ်ပါတယ်။
၉။ 𝗗𝗼 𝗟𝗶𝗳𝗲-𝗟𝗼𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴(အဆက်မပြတ်လေ့လာနေပါ)
ခုခေတ်မှာ လေ့လာမှုကိုရပ်လိုက်ရင်နောက်ကျကျန်ခဲ့မှာပါပဲ။ ပညာတွေကိုသင်လို့ကိုမကုန်ပါဘူး။ဟိုးအရင်ကလို မဟုတ်တော့ဘဲခုက trendနောက်မလိုက်နိုင်ရင် ဘဝကတိုင်ပတ်သွားပါလိမ့်မယ်။
life-long learning ကိုမဖြစ်မနေလုပ်ရမှာဖြစ်တယ်။
လူငယ်တွေမှာ curiosity စူးစမ်းချင်စိတ်ရှိနေဖို့ပဲလိုပါတယ်။သိချင်စိတ်တတ်ချင်စိတ်ပြင်းပြနေရပါမယ်။
ခုအခြေအနေမှာကျောင်းထွက်လိုက်ရရင်စိတ်ပျက်စရာမရှိပါဘူး။internet ရှိတာနဲ့တင်အကုန်လေ့လာနိုင်ပါပြီ။ စာအုပ်ဖတ်တာ သင်တန်းတွေတက်တာ အတွေ့အကြုံ တွေယူတာစသည်ဖြင့် ဘဝတစ်လျှောက်လုံးလေ့လာနေရပါမယ်။
Education က ပဲဘဝကို တိုးတက်စေမှာပါ။ ဒါကြောင့် ကျောင်းထွက်ရလည်းစိတ်မပျက်ပါနဲ့ သိချင်တာတွေတတ်ချင်တာကိုဆက်လေ့လာပါ။
၁၀။ 𝗚𝗶𝘃𝗲 𝗕𝗮𝗰𝗸 𝗧𝗼 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗔𝗻𝗱 𝗪𝗼𝗿𝗹𝗱(လူမှုအသိုင်းအဝိုင်းအတွက်ပြန်ပေးဆပ်ပါ )
ကမ္ဘာကြီးက ကျနော် တို့ကိုနေစရာ စားစရာသောက်စရာစသည်ဖြင့်များစွာပေးထားပါတယ်။ အက်လိုပဲလူအဖွဲ့အစည်းတွေ ကလည်း ကို့အတွက်တစ်ထောင့်တစ်နေရာကအထောက်အကူပေးခဲ့တာမျိုးလည်းရှိပါလိမ့်မယ်။
ကျွန်တော်တို့မေ့နေတဲ့အရာတစ်ခုက ပြန်ပေးဖို့ပါ။ မိမိတို့ဟာ community အတွက် ကိုတတ်နိုင်တဲ့ဘက်ကဝိုင်းဝန်ကူညီပေးသင့်ပါတယ်။ ဥပမာ volunteer လုပ်တာမျိုး ပညာဒါနအနေနဲ့ မျှဝပေးတာမျိုး အလှူအတန်းတွေလုပ်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ကူညီတတ်တဲ့စိတ်ထားမျိုးမွေးမြူသင့်ပါတယ်။
ခုချိန်မှာ သဘာဝ ပတ်ဝန်းကျင် ကိုလည်းတတ်နိုင်တဲ့ဘက်ကထိန်းသိမ်းသင့်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အလုပ်က လူသားတိုင်းနဲ့ဆိုင်တဲ့အလုပ်ပါ။ ဒါကြောင့် အမြဲယူနေတဲ့လူ မဟုတ်ဘဲ ကမ္ဘာ ကြီးအတွက် လူမှုအဖွဲ့အစည်းအတွက် က်ိုယ့်မိသားစု ကိုယ့်နိုင်ငံအတွက်လည်းတတ်နိုင်သလောက်ပြန်ပေးသင့်ပါတယ်။
Future-Proof
13/06/2024
𝙁𝙞𝙫𝙚 𝘽𝙪𝙘𝙠𝙚𝙩𝙨 𝙔𝙤𝙪 𝙨𝙝𝙤𝙪𝙡𝙙 𝙁𝙞𝙡𝙡 𝙏𝙤 𝙃𝙖𝙫𝙚 𝘼 𝙎𝙪𝙘𝙘𝙚𝙨𝙨𝙛𝙪𝙡 𝙇𝙞𝙛𝙚
ဘဝမှာတိုးတက်ဖို့ အဆင့်ဆင့်ဖြတ်သန်းရပါတယ်။ဖြတ်လမ်းနည်းလုံးဝမရှိပါဘူး။အခု sharing လုပ်ပေးမဲ့ ideaကတော့ 𝐓𝐡𝐞 𝐃𝐢𝐚𝐫𝐲 𝐨𝐟 𝐀 𝐂𝐄𝐎- 𝐓𝐡𝐞 𝟑𝟑 𝐋𝐚𝐰𝐬 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐚𝐧𝐝 𝐋𝐢𝐟𝐞 ဆိုတဲ့ စာအုပ်ထဲက ရရှိတာဖြစ်ပါတယ်။ Autour က နာမယ်ကြီးတဲ့ podcast တစ်ခုရဲ့ CEOဖြစ်ပြီတော့ podcastမှာပါဝင်တဲ့ successful guest speakers တွေကရတဲ့ wisdomတွေ သူ့ရဲ့ life experience တွေကိုပေါင်းစပ်ပြီး ဒီစာအုပ်ကိုဖန်တီးခဲ့တာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကြောင့် မူရင်းစာအုပ်ကိုဖတ်ကြည့်ဖို့လည်းrecommendပေးချင်ပါတယ်။
Author က ဒီစာအုပ်မှာ ထဲမှာ နိယာမ ၃၃ မျိုးကိုဖော်ပြပေးထားပြီး အခု sharing လုပ်ပေးမဲ့ နိယာမ မှာ ကိုယ့်ဘဝတွက်ဖြည့်ဆည်းရမဲ့ ကွက်လပ်ငါးခုကိုဖော်ပြပေးထားပါတယ်။ထိုအချက်ကအစဥ်လိုက်ဖြစ်တာမို့ အဆင့်ကျော်မယ်ဆိုရင် ထင်သလောက်ရလဒ်မရတာမျိုးတွေဖြစ်တတ်ပါတယ်။ထိုအချက်ငါးချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
𝟏.𝐊𝐍𝐎𝐖𝐋𝐄𝐃𝐆𝐄 (ကိုယ်ဘာသိထားလဲ)
𝟮.𝗦𝗞𝗜𝗟𝗟𝗦 (ကိုယ်က ဘာကျွမ်းကျင်လဲ)
𝟯.𝗡𝗘𝗧𝗪𝗢𝗥𝗞 (ကိုယ့်မှာမိတ်ဆွေဘယ်လောက်ပေါလဲ)
𝟰.𝗥𝗘𝗦𝗢𝗨𝗥𝗦𝗘𝗦 (ကိုယ့်မှာ ဘာအရည်အချင်းတွေရှိလဲ)
𝟱.𝗥𝗘𝗣𝗨𝗧𝗔𝗧𝗜𝗢𝗡 (𝗛𝗢𝗪 𝗧𝗛𝗘 𝗪𝗢𝗥𝗟𝗗 𝗦𝗘𝗘 𝗬𝗢𝗨)(တစ်ခြားသူတွေက ကိုယ့်အပေါ်ဘယ်လိုမြင်လဲ)
အခုarticle ကိုဖတ်သင့်တဲ့သူတွေကတော့ ကိုယ့်ဘဝမှာဘယ်အရာတွေကိုလေ့လာ ရမလဲမသိသေးတဲ့သူတွေ ဗဟုသုတ ရလိုသူတွေ အထူးသဖြင့်လူငယ်တွေဖတ်သင့်ပါတယ်။
Article ကိုဖတ်ပြီး ရနိုင်တဲ့အကျိုးကတော့
-ဘဝရဲ့လိုအပ်တဲ့ကွက်လပ်တွေကို ဖြည့်နိုင်လာမယ်
-ဖြတ်သန်းရမဲ့ processအဆင့်ဆင့်ကိုသိမြင်လာမယ်
-ဘယ်အရာကိုဦးစားပေးရမလဲဆိုတာကိုသိနိုင်လာမယ်
စသည်တို့ပဲ ဖြစ်ပါတယ်။
ဘဝရဲ့ အခိုက်အတန့်တိုင်းကိုတစ်ဆင့်ပြီး တစ်ဆင့်အောင်မြင်အောင် တက်လှမ်းနိုင်မှသာ တိုးတက်မည်ဖြစ်ပါသည်။ဒါကြောင့်မို့ ပညာသင်ရမဲ့အရွယ် စီးပွားရှာရမဲ့အရွယ်စသည်ဖြင့်ပိုင်းခြားထားတာဖြစ်ပါတယ်။.ဒါပေမဲ့ယနေ့ခေတ်မှာတော့စာသင်ရင်းလည်းငွေရှာနိုင်သလိုငွေရှာနေရင်းလည်းပညာသင်လို့ရပါတယ်။ ဒါပေမဲ့အောင်မြင်ချင်တယ်ဆိုရင် ဘဝကို အစီအစဉ် တကျ (systematically) ဖြတ်သန်းဖို့ စည်းစနစ်ကျကျ ဖြတ်သန်းဖို့ကအရေးကြီးပါတယ်။
ဒါကြောင့်မို့ ကို့ဘဝအောင်မြင်ဖို့ လိုအပ်တဲ့အချက် ၅ ချက်ကိုမည်သူမဆို ဖြည့်ဆည်းထားရဖို့လိုအပ်ပါတယ်။ထို5ချက်သာကိုသာ ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ရင်ကို့ဘဝအတွက် အများကြီး တိုးတက်မှာပဲ ဖြစ်ပါတယ်။
𝟏.𝐊𝐍𝐎𝐖𝐋𝐄𝐃𝐆𝐄 (𝐖𝐇𝐀𝐓 𝐘𝐎𝐔 𝐊𝐍𝐎𝐖)
ကျွန်တော်တို့ဟာ ဗဟုသုတ ရဖို့ စာတွေဖတ်တယ် ကျောင်းတက်တယ် သင်တန်းတွေတက်တယ် ခရီးသွားတယ် စသည်ဖြင့်အစုံပြုလုပ်ကြပါတယ်။
ထိုအရာတွေဟာ အထွေထွေ ဗဟုသုတ ကိုတိုးပွားစေတာမှန်ပါတယ်။ ဒါပေမဲ့အထွေထွေ ဗဟုသုတက ဘဝအောင်မြင်ဖို့မှာ သိပ်အသုံးမဝင်လှပါဘူး။ နေရာတကာကိုဟိုစပ်စပ်သိသည်ဆိုပေမဲ့ ပညာရပ်တစ်ခုခုကိုတစ်ဖက်ကမ်းခပ် မကျွမ်းကျင်ဘူးဆိုရင်တော့ ပြဿနာတော့ရှိပါပြီ။အခုပြောချင်တဲ့ဗဟုသုတက သီးခြားပညာရပ်တစ်ခုနဲ့သက်ဆိုင်တဲ့ ဗဟုသုတ ပဲ ဖြစ်ပါတယ်။ ဒါ့အတွက်အရင်ဆုံးကို့မှာ ဘာဝါသနာပါလဲ ဘယ်ပညာကိုသင်ချင်လဲဆိုတဲ့ ရည်ရွယ်ချက်ရှိရပါမည်။မိမိက ဆေးပညာရပ်ကိုသင်ချင်တယ်ဆိုရင် ထိုပညာရပ်နဲ့ဆိုင်တဲ့ဗဟုသုတတွေကိုပဲ လေ့လာသင့်ပါတယ်။ဥပမာ ဆေးဝါးအကြောင်း ခွဲစိတ်ကုသမှုအကြောင်းစသည်ဖြင့်ပါ။မိမိက fashion ကိုစိတ်ဝင်စားတယ်ဆိုရင်လည်း ဖက်ရှင်နဲ့ပတ်သက်တဲ့ branding design စသည်ဖြင့် လေ့လာသင့်ပါတယ်။
ပြောချင်တဲ့point က သီးခြားပညာရပ်တစ်ခုနဲ့သက်ဆိုင်တဲ့ information, knowledge တွေပဲ လေ့လာဖို့လိုပါတယ်။ ဒါမှသာ မိမိဟာ ဟိုစပ်စပ် ဒီစပ်စပ်ပါ နေတာမျိုးမဟုတ်ဘဲ ပညာရပ်တစ်ခုနဲ့ပတ်သက်တဲ့knowledgeမှန်သမျှကိုသိရှိမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့စာသင်ကျောင်းကိုတက်ရတဲ့ရည်ရွယ်ချက်ကလည်းknowledgeရဖို့ပါ။ ဒါပေမဲ့စာသင်ကျောင်းများက အထွေထွေဗဟုသုတကိုပဲသင်ပေးကြတာဖြစ်ပြီးတော့ ပညာရပ်တစ်ခုခုကိုတစ်ဖက်ကမ်းခတ်ကျွမ်းကျင်အောင် သင်မပေးတတ်ကြပါဘူး။ဒါကြောင့်မိမိသင်ချင်တဲ့အကြောင်း ပညာရပ်တစ်ခုခုကို ရွေးချယ်ပြီး ထိုပညာနဲ့ပတ်သက်စပ်ဆက်တာ မှန်သမျှကိုပဲလေ့လာပါလို့ပြောချင်ပါတယ်။
𝟮.𝗦𝗞𝗜𝗟𝗟𝗦 (𝗪𝗛𝗔𝗧 𝗬𝗢𝗨 𝗖𝗔𝗡 𝗗𝗢)
ဒီခေတ်ထဲမှာ အောင်မြင်ဖို့ နေရာတစ်ခုရဖို့ ငွေရှာနိုင်ဖို့ ပညာရပ်တစ်ခုမှာတစ်ဖက်ကမ်းခက်ကျွမ်းကျင်ဖို့လိုပါတယ်။ ထိုသို့ကျွမ်းကျင်ဖို့ကလည်း ပထမတစ်ချက်မှာပြောခဲ့တဲ့ knowledge မရှိရင်မဖြစ်ပါဘူး။
ဒါကြောင့်ပထမ သင်ချင်တဲ့ပညာနဲ့ဆိုင်တဲ့ specific knowledge ကိုစုဆောင်းပါ။ပြီးတော့မှာ ထိုknowledge ပေါ်မှာ အခြေ ခံပြီး practice တွေ experiments တွေ researchတွေလုပ်ပြီး ကျွမ်းကျင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။ ဘယ်skillမဆို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့အတွက် အချိန် လေ့ကျင့်မှု အားစိုက်မှု များစွာပေးရပါတယ်။ skillတစ်ခုကျွမ်းကျင်ဖို့ နာရီပေါင်း တစ်ထောင်ကြာအောင်လေ့ကျင့်ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့မိမိကြိုးစားရင်ကြိုးစားသလောက်အချိန်တိုအတွင်းတတ်မြောက်နိုင်ပါတယ်။
အလုပ်လုပ်မယ်ဆိုရင်လည်း ကျွမ်းကျင်တဲ့skillရှိမယ်ဆိုရင်တော့ ငွေရှာရလွယ်ပါတယ်။အလုပ်ရှာရမှာလည်းလွယ်ကူမှာဖြစ်ပါတယ်။ကို့မှာကျွမ်းကျင်တဲ့ skillရှိရင်ကိုဟာတန်ဖိုးရှိတဲ့လူတစ်ယောက်အလိုလိုဖြစ်လာပါတယ်။
ဒါကြောင့်မို့ skillတစ်ခုခုကိုcommitmentရှိရှိနဲ့ ကျွမ်းကျင်အောင်ကြိုးစားမယ်ဆိုရင် ကိုယ့်အနာဂတ်က လှပနေမှာဖြစ်ပါတယ်။
𝟯.𝗡𝗘𝗧𝗪𝗢𝗥𝗞 (𝗪𝗛𝗢 𝗬𝗢𝗨 𝗞𝗡𝗢𝗪)
လူတစ်ယောက်အောင်မြင်ဖို့ knowledge နဲ့ skillရှိရုံတင်မပြီးသေးပါဘူး။ Social Networkကျယ်ပြန့်ဖို့လည်းလိုပါသေးတယ်။ လူတွေကပဲ ကို့ဘဝကိုတိုးတက်အောင်အခွင့်အလမ်းတွေယူဆောင်လာပေးတာဖြစ်ပါတယ်။
ဒါကတော့ မိမိမှာ knowledge နဲ့ skillရှိတာကိုလူတွေသိအောင်ပထမဦးစွာကြိုးစားရပါမယ်။ lowkeyနေတာထက်စာရင်အခုလို digital ခေတ်မှာ personal brandတစ်ခုတည်ဆောက်ထားတာကောင်းပါတယ်။ကို့ရဲ့social media accမှာ ကိုကျွမ်းကျင်တဲ့skillတွေ ကို့ရဲ့ lifestyleပုံစံ ကအစ public ပေါ်မျှဝေနိုင်ပါတယ်။ အက်လို ကို့ရဲ့ brandကိုလူတွေရင်းနှီးလာမယ်သိရှိလာမယ်ဆိုရင်ကို့အတွက်အလုပ်လုပ်ရတာပိုလွယ်ပါတယ်။အပေါင်းအသင်းများအောင်လုပ်ဖို့လည်းအရေးကြီးပါတယ်။Networkingမှာတော့ နယ်ပယ်ပေါင်းစုံကလူတွေပါဝင်ရင်တော့ကို့အတွက်အလုပ်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ အခွင့်အလမ်းတွေရရှိမှာဖြစ်တယ်။ပြီးတော့ အလုပ်ရှာရလည်း မခက်တော့ပါဘူး။
ဒါကြောင့်Network ကိုတိုးချဲ့ဖို့လိုပါတယ်။လူတွေအများကြီးနဲ့ပူပေါင်းဆောင်ရွက်တတ်ဖို့ လူမျိုးဘာသာ အယူအဆမတူတဲ့သူတွေကိုလက်ခံတတ်ဖို့အရေးကြီးပါတယ်။
𝟰.𝗥𝗘𝗦𝗢𝗨𝗥𝗦𝗘𝗦 (𝗪𝗛𝗔𝗧 𝗬𝗢𝗨 𝗛𝗔𝗩𝗘)
အထက်မှာဖော်ပြခဲ့တဲ့သုံးခုသာဆက်စပ်နေတာပါ။ Knowledge မရှိရင် skillမရှိနိုင်ဘူး ။skillမရှိရင် Networkရဖို့လည်းခက်ခဲပါမယ်။Networkမရဘူးဆိုရင်လည်းresourse ရဖို့ခက်ခဲမှာဖြစ်ပါတယ်။
Networkရှိတယ်ဆိုရင်မိမိမှာ တန်ဖိုးရှိတဲ့ သတင်းတွေရရှိနိုင်တယ် skillရှိတယ်ဆိုရင်ငွေရှာနိုင်တယ် Knowledge ရှိတယ်ဆိုရင်ဝေမျှနိုင်တယ်။စသည်ဖြင့်ကို့မှာရှိတဲ့ resoursesတွေကိုကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် ကိုယ့်ဘဝအတွက်အရေးကြီးတဲ့ career ရွေးချယ်တဲ့ဆုံးဖြတ်ချက်မျိုးကို မှန်ကန်စွာချမှတ်နိုင်ပါလိမ့်မည်။ဒါကြောင့်ကို့မှာရှိတဲ့ အရည်အချင်းတွေ ဗဟုသုတ တွေ ကျွမ်းကျင်မှုတွေကို သိရှိဖို့လည်းလိုတယ်။သိရှိတဲ့အလျောက်တိုးတက်အောင် လေ့ကျင့်ဖို့လည်းလိုတယ်။
နောက်ဆုံးအနေနဲ့ကတော့ ထိုအရာတွေကိုအသုံးချပြီး ဆုံးဖြတ်ချက်တွေမှန်ကန်စွာချပြီး နောက်တစ်ဆင့်ကိုတက်လှမ်းဖို့ပဲ ဖြစ်ပါတယ်။
𝟱.𝗥𝗘𝗣𝗨𝗧𝗔𝗧𝗜𝗢𝗡 (𝗛𝗢𝗪 𝗧𝗛𝗘 𝗪𝗢𝗥𝗟𝗗 𝗦𝗘𝗘 𝗬𝗢𝗨)
နောက်ဆုံးအချက်အနေနဲ့ ကမ္ဘာကြီးက လူမှုအသိုင်းအဝိုင်းက ကို့အပေါ်မြင်တဲ့အမြင် ကအရေးကြီးပါတယ်။ကို့ရဲ့ဂုဏ်သတင်းကောင်းနေဖို့လိုပါတယ်။
လူအဖွဲ့အစည်းအမြင်မှာမိမိဟာ အကျင့်စာရိတ္တကောင်းမွန်တဲ့သူ စည်းကမ်းရှိတဲ့သူ အလုပ်လုပ်ရာမှာစေ့စပ်သေချာတဲ့သူ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုတဲ့သူ စသည်ဖြင့် ကောင်းမွန်နေဖို့လ်ိုအပ်ပါတယ်။ဒါကြောင့် ကို့ရဲ့စိတ်အခြေအနေအစ ကောင်းမွန်အောင်အကျင့်ဆိုးတွေမကပ်ရအောင်ထိန်းသိမ်းရမှာဖြစ်တယ်။ကို့ရဲ့ ကိုယ်နှုတ်အမူအရာစသည်တို့ကိုထိန်းသိမ်းရမှာလည်းဖြစ်တယ်။ မိမိကိုယ်ကိုသတ်မှတ်ထားတဲ့စံများ လူမှုအဖွဲ့အစည်းရဲ့တန်ဖိုးများကိုလည်း လေးစားဖို့လိုအပ်ပါတယ်။ ကို့မှာ အလုပ်ကြိုးစားသူ အလုပ်ခွင်မှာကျွမ်းကျင်စေ့စပ်သူ စသည်ဖြင့်ကောင်းတဲ့ဂုဏ်သတင်းတည်ဆောက်ထားမယ်ဆိုရင် အခွင့်အရေးတွေက ကို့ဆီအလိုလိုရောက်လာမှာဖြစ်ပါတယ်။
ထိုreputationကလည်း အထက်ပါအချက်လေးချက်မပါဘဲတည်ဆောက်ဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်မို့ step by step သွားပြီး reputation ကောင်းအောင်တည်ဆောက်ထားသင့်သလို ရှိပြီးသာ နာမည် ဂုဏ်သတင်းကိုမပျက်စီးရအောင် ထိန်းသိမ်းသင့်ပါတယ်။
ဒါကြောင့်ကို့ဘဝမှာ အရေးကြီးလုပ်ဆောင်ရမဲ့ဒီအချက်ငါးချက်ကို ငယ်ရွယ်စဥ်ကပင်ဖြည့်ဆည်းထားသင့်ပါတယ်။ ဒါကြောင့်မို့ ဘဝမှာဖြတ်လမ်းနည်းဆိုတာမရှိဘူးဆိုတာသိနားလည်မယ်လို့မျှော်လင့်ပါတယ်။ထ်ိုအရည်အချင်းငါးခုက ကို့ရဲ့အနာဂတ်ကို လုံခြုံမှုရှိအောင် ဖန်တီးပေးနိုင်တဲ့အတွက် ပိုင်ဆိုင်ထားသင့်ပါတယ်။
Future-Proof
13/06/2024
How to improve our brain capacity and memmory
လူသားတွေရဲ့ခန္ဓာကိုယ်မှာအရေးကြီးဆုံး အစိတ်အပိုင်းကတော့ ဦးနှောက်ပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ် တစ်ခုလုံး ကိုဦးနှောက်မှာတဲ့ အာရုံကြောများ nerve ကြောများဖြင့်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေမြင့်မားဖို့အရမ်းအရေးကြီးပါတယ်။ဦးနှောက်ကနေတစ်ဆင့် တိုက်ရိုက်ဆက်သွယ်ပေးတဲ့ nerves ကြောမျိုးတွေရှိသလို မိမိတို့ရဲ့ ကျောရိုးကနေတစ်ဆင့် တက်သွယ်တဲ့ အာရုံကြောများလည်းမျာစွာရှိပါတယ်။ လူမှာတစ်ခြား ကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ ခြေလက်များလှုပ်ရှားသွားလာဖို့ အလုပ်လုပ်ကိုင်ဖို့ ဦးနှောက်ကပဲခိုင်းစေနေတာဖြစ်ပါတယ်။ထို့ပြင်လူ့ဘဝအတွက်အရေးကြီးတဲ့ လေ့လာမှု မှတ်သားမှု မှတ်ဉာဏ်စွမ်းရည်စတာတွေကလည်း ဦးနှောက်ဟာကောင်းကောင်းအလုပ်လုပ်မှဆောင်ရွက်နိုင်တာဖြစ်တယ်။ ဗဟုသုတ သတင်းအချက်အလက် တွေကို စုပ်ယူတာ (input) ပြီးတော့ အက်ဒီသတင်းအချက်အလက် ဗဟုသုတတေွကို ဦးနှောက်ထဲမှာprocess လုပ်ပြီး သေချာစွာစဥ်းစားတွေးခေါ်မှုကိုလုပ်နိုင်ပါတယ်။ထိုသို့စဥ်းစားတွေးခေါ်ပြီး ဆုံးဖြတ်ချက်မျာချမှတ်ခြင်း မှတ်ဉာဏ်ထဲမှာသိမ်းဆည်းထားခြင်းတို့ဖြစ်တဲ့ output ကိုလည်းထုတ်ပေးနိုင်ပါတယ်။
ဒါကြောင့်မို့ ကျနော်တို့ရဲ့ ဦးနှောက်လုပ်ဆောင်မှု တွေစွမ်းဆောင်ရည်တွေ ပိုမိုကောင်းမွန်ဖို့ ကြိုးစားသင့်ပါတယ်။ လူတစ်ယောက် ရဲ့ ဦးနှောက် ဟာကောင်းကောငိးအလုပ်မလုပ်တော့ဘူးဆိုရင်တော့ ဘဝက ကမောက်ကမတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် မှတ်ဉာဏ်ပိုကောင်းလာဖို့ ဦးနှောက်စွမ်းဆောင်ရည်မြင့်တက်ဖို့အောက်ပါအချက်များကို ပြုလုပ်ဖို့တိုက်တွန်းချင်ပါတယ်။
- Exercise ⛹️♀️
လေ့ကျင့်ခန်းပုံမှန်လေးပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ် ရဲ့ system အားလုံးဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာဖြစ်လို့တစ်ခု ယိုယွင်းရင်တစ်ခြားတစ်ခုအပေါ်မှာလည်းသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာ ကိုယ်ကိုကျန်းမာကြံ့ခိုင်အောင် အားကစားကြိုးစားလုပ်ဆောင်ဖို့လိုပါတယ်။ လူတစ်ယောက်ရဲ့နေ့စဥ်ဘဝ လှုပ်ရှားသွားလာမှုတွေမှာ ကျန်းမာနေဖို့အင်မတန်လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက လူကို ပိုမိုကြံ့ခိုင်စေတဲ့အပြင်ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကိုမြင့်တက်စေပါတယ်။ အားကစား လုပ်ခြင်းကြောင့်လူကအရင်ကပိုတက်ကြွလန်းဆန်းလာနိုင်တယ် ဖျတ်လတ်သွက်လတ်လာမယ် မှတ်ဉာဏ်တွေပိုကောင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့်အနည်းဆုံး ကို့အတွက်ကိုယ် တစ်ရက်နာရီဝက်လောက်ဖြစ်ဖြစ် အချိန်ပေးကာ အားကစားလုပ်သင့်ပါတယ်။ ပြေးတာပဲ ဖြစ်ဖြစ် gym သွားတာပဲ ဖြစ်ဖြစ် လမ်းလျှောက်တာဖြစ်ဖြစ် ကြိုက်တာကိုလုပ်ဆောင်နိုင်ပါတယ်။ အဓိက က physcial ပိုင်းဆိုင်ရာမှာ actionတစ်ခုခုဆောင်ရွက်ဖို့ပါပဲ။ အားကစား မလုပ်တဲ့သူတေွမှာတော့ weight တက်လာတာမျိုး stressတွေများတာမျိုး အိမ်တွင်းအောင်းပြီးအထိုင်များတာတွေကြောင့် ဦးနှောက်ကိုအရင်ကထက်ပိုမိုထိုင်မှိုင်းစေမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်နှစ်သက်တဲ့အားကစား လေ့ကျင့်ခန်းတစ်ခုခုကိုရွေးချယ်လုပ်ဖို့အကြံပေးချင်ပါတယ်။
- Reading 📚
ဒုတိယအချက်အနေနဲ့ မှတ်ဉာဏ်ပိုကောင်းဖို့ ဦးနှောက်စွမ်းဆောင်ရည်မြင့်ဖို့စာဖတ်သင့်ပါတယ်။စာဖတ်ခြင်းရဲ့ကောင်းကျိုးတွေများစွာရှိပါတယ်။ မိမိတို့ဟာ စာကိုအာရုံစူးစိုက်ပြီးသေချာဖတ်သင့်ပါတယ်။ စာဖတ်ခြင်းဆိုတဲ့နေရာမှာ အပေါ်ယံတင်ဖတ်တာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ မှတ်စုထုတ်တာ ဖောက်ထွက်စဥ်းစားတာ ဗဟုသုတ အကျိုးသင့်အကြောင်းသင့်တွေးခေါ်တာ အကြံဉာဏ်အသစ်တွေထုတ်ဖော်တာ စတာတွေအားလုံးပါတယ်။ လေ့လာတာတွေထဲမှာအကောင်းဆုံးသောလေ့လာနည်းကတော့စာဖတ်ခြင်းလို့ပဲပြောချင်ပါတယ်။မိမိတို့ဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကြီးထွားဖို့သန်မာဖို့ gym သွားတယ် weightမတယ် လေ့ကျင့်ခန်း တွေလုပ်ကြပါတယ်။ဦးနှောက်ဆိုတာလည်းဒီတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ ဦးနှောက်မှာလည်းbrain muscle လို့ခေါ်တဲ့ဦးနှောက်ကြွက်သားတွေရှိပါတယ်။စာဖတ်ခြင်း သင်ယူလေ့လာခြင်း စဥ်းစားတွေးခေါ်ခြင်းစတာတွေကလည်းဦးနှောက်ကြွက်သားတွေကိုtrainလုပ်နေခြင်း လေ့ကျင့်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ စာဖတ်တဲ့နေရာမှာအကြံပေးချင်တာကတော့ Digital reading နဲ့စာရင်စာရွက်နဲ့ရေးထားတဲ့ စာအုပ်မျိုးကိုဖတ်စေချင်ပါတယ်။ အခုခေတ်မှာတော့ စာအုပ်တွေသိပ်မဖတ်ကြရင်လည်း ဗဟုသုတရမဲ့ အရာတွေ လေ့လာနိုင်ပါတယ် ဘာသာစကားအသစ်တွေသင်ကြားတာမျိုး အားနေလျှင် လည်း စဥ်းစားတွေးခေါ်နေတာမျိုး အကြံဉာဏ်တွေထုတ်နေတာမျိုး တွေကိုလုပ်သင့်ပါတယ်။ ဦးနှောက်ဆိုတာကလည်း ဓားတစ်လက်လိုပါပဲ။ ကြာကြာမသုံးဘဲထားရင်တုံးသွားနိုင်ပါတယ်။ဒါကြောင့်အမြဲဦးနှောက်ကိုသွေးနေရပါမယ်။ မသုံးဘဲထားရင်တော့ကြာလာရင်လုံးလုံးသုံးမရတဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်။ဒါကြောင့်စာဖတ်ပါ လေ့လာသင်ယူပါ ဦးနှောက်ကိုအသုံချပါ။
-Nature (သဘာဝနဲ့ထိတွေ့ပေးခြင်း)🏜
မှတ်ဉာဏ်ပိုမိုကောင်းမွန်ဖို့ သဘာဝတရားကြီးနဲ့လည်းထိတွေ့ပေးဖို့လိုပါသေးတယ်။ ခုလိုတအားတိုးတက်နေတဲ့ခေတ်မှာ အရာအရာအလွယ်တကူရနေတဲ့ခေတ်မှာ လူတွေဟာသဘာဝအတိုင်းတည်ရှိနေတဲ့အရာတေွကိုတောင်မေ့နေတတ်ကြပါတယ်။ကျွန်တော်တို့ရဲ့ဘိုးဘေးတွေခေတ်ထဲကပင်ဒီ သဘာဝတရားကြီးကိုအမှီပြုပြီးအသက်ရှင်နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ ထိုသဘာဝတရားကြီးကြောင့်ပဲဆင့်ကဲပြောင်းလဲမှုတွေ မျိုးဆက်တစ်ခုကနေတစ်ခုကိုတိုးတက်ပြောင်းလဲလာတာဖြစ်ပါတယ်။ သဘာဝတရားနဲ့တွေ့ထိနေထိုင်ခဲ့ကြတဲ့ ရှေးခေတ်လူသားတွေဟာ အသက်ပိုရှည်ကြတယ် ပိုကျန်းမာကြတယ် ပြီးတော့ ဦးနှောက်စွမ်းဆောင်ရည်တွေလည်းအလွန်ကိုမြင့်မားခဲ့ကြပါတယ်။ ဒါပေမဲ့အခုခေတ်မှာတော့ အလုပ်အကိုင်အတော်များများက နည်းပညာများကိုအသုံးပြုလာခြင်း အိမ်တွင်းမှာပဲထိုင်ပြီးအလုပ်လုပ်ရတာမျိုးတေွဖြစ်လာပါပြီ။ရုံးလုပ်ငန်းတေွမှာဆိုရင် ထိုင်ပြီးအလုပ်လုပ်နေရတဲ့အချိန်ကများပါတယ်။ဒါကြောင့် လေကောင်းလေသန်ရှူဖို့ နေရောင်ခြည်နဲ့တွေ့ထိဖို့အစသည်ရှိသည်တို့ကိုမေ့သလောက်တောင်ဖြစ်နေပါတယ်။ မြို့ပေါ်မှာနေထိုင်တဲ့လူများမှာဆိုရင်လေထုညစ်ညမ်းမှု ရေထုညစ်ညမ်းမှုများ စသည်တို့ကိုပင်ခံစားနေရပါသေးတယ်။ထိုအဆိပ်အတောက်ဖြစ်စေတဲ့ညစ်ညမ်းမှုတွေကဦးနှောက်ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်နိုင်ပါတယ်။ မြို့ပေါ်များမှာဆိုရင် ကွန်ကရစ်တွေ ခင်းထားကြတာဆိုတော့ သဘာဝက ပေးထားတဲ့ မြေ ကြီးနဲ့တောင်ထိတွေ့ဖို့အခက်ကြုံနေရပါတယ်။ ဒါကြောင့် သဘာဝတရားနဲ့ထိတွေ့ဖို့က အခုမျိုးဆက်မှာပိုလို့တောင်အရေးတစ်ကြီးလိုအပ်နေပါတယ်။ တကယ်တော့သဘာဝတရားကြီးက ကျွန်တော်တို့အပေါ် ကောင်းကျိုးများစွာကိုပေးနေပါတယ်။ ပြီးတော့ဘာမှစျေးကြီးပေးပြီးထိတွေ့နေစရာမလိုဘဲ အလိုလိုကို ရှေးနှစ်ပေါင်းများစွာတည်းကတည်ရှိနေတာဖြစ်ပါတယ်။ ပထဝီ တေဇော အာဘော ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ ခန္ဓာကိုယ် ကိုဖွဲ့စည်းထားပါတယ်။ အက်ဒီ မြေဓာတ် လေဓာတ် ရေဓာတ် မီးဓာတ်တို့ဟာခန္ဓာကိုယ်မှာသမ မျှတစွာရှိနေမှသာ ကျန်းမာမှာဖြစ်ပါတယ်။တစ်ခုချို့ယွင်းရင်တောင် တစ်ခြားတစ်ခုအပေါ်သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်ဒီဓာတ်ကြီးလေးပါးတည်ရှိနေတဲ့သဘာဝတရားကြီးနဲ့ထိတွေ့ဖို့လ်ိုပါတယ်။
၁။ sunlight - မနက်ခင်းစောစောဖြစ်စေ မည်သည့်အချိန်ဖြစ်စေ နေရောင်နဲ့ပုံမှန်ထိတွေ့သင့်ပါတယ်။ နေဟာအင်မတန်စွမ်းအားကြီးပါတယ်။ သဘာဝတရားကပေးထားတဲ့အပူဓာတ်စွမ်းအင်ရှိပါတယ်။နေသာမရှိဘူးဆိုရင်လည်းကမ္ဘာကြီးဟာ လည်းခဲပြီးပျက်စီးသွားမှာဖြစ်တယ်။နေစွမ်းအင်သာမရှိလျှင် လူသားများ အပင်များအပြင် ရှိရှိသမျှသော သတ္တဝါ မျိုးစုံဟာရှင်သန်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်သက်ရှိတွေအပေါ်နေရဲ့သက်ရောက်မှုစွမ်းအားဟာအင်မတန်အရေးပါပါတယ်။ နေရောင်ခြည်ကရရှိတဲ့အပူဓာတ်ဟာ ခန္ဓာကိုယ် အတွက်အရေးပါပါတယ်။ နေ့တိုင်း ၁၅ မိနစ်လောက်နေရောင်ခြည်နဲ့ထိတွေ့မယ်ဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့အရိုးတွေ ပိုမိုသန်မာလာမှာဖြစ်ပြီး တစ်ခြားကိုယ်တွင်းဇီဝဖြစ်စဥ်တွေကိုလည်းအထောက်အကူပြုမှာပါ။ထို့ပြင် နေ့စဥ်ပုံမှန်၁၅မိနစ်လောက်ကိုနေရောင်ကိုကြည့်မည်ဆိုရင်ကို့ရဲ့အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ထို့ကြောင့်နေ့စဥ်ပုံမှန် နေရောင်ခြည်နဲ့ထိတွေ့ဖို့လိုကိုလိုအပ်ပါတယ်။
၂။Ground - နေ့စဥ်မနက်စောစောဖြစ်စေ မည်သည့်အချိန်ဖြစ်စေကို့ရဲ့ခြေထောက်နဲ့မြေ ကြီးနဲ့ထိတွေ့ပေးသင့်ပါတယ်။ ထိတွေ့တဲ့နေရာမှာဖိနပ်ဝတ်ထားတာမျိုးမဟုတ်ဘဲ ကိုရဲ့ ခြေဗလာနဲ့သဘာဝကပေးတဲ့မြေ ကြီးနဲ့ထိတွေ့ပေးရမှာဖြစ်ပါတယ်။ တစ်ချို့တွေမှာတော့အခက်အခဲရှိမယ်ထင်ပါတယ်။ဒါပေမဲ့တစ်ရက်နည်းနည်း ဆယ်မိနစ်လောက်ပုံမှန် ထိတွေ့ပေးမယ်ဆိုရင် ခန္ဓာကိုယ် အတွက်လိုအပ်တဲ့မြေဓာတ်ကိုရရှိမှာဖြစ်ပါတယ်။မြေ ကြီးဟာလည်း ကမ္ဘာ ပေါ်မှာရှိတဲ့သက်ရှိသက်မဲ့မျိုးစုံကိုအကျိုးပြုပါတယ်။မြေ ကြီးပေါ်မှာစိုက်ပျိုးနိုင်တယ် လမ်းလျှောက်နိုင်တယ် အိမ်ဆောက်နိုင်တယ် စသည်ဖြည့်များစွာအကျိုးပြုပါတယ်။ဒါကြောင့်မြေဓာတ်ဟာလည်းစွမ်းအားကြီးမားပါတယ်။
၃။ Fresh air - လေကောင်းလေသန့်ရှုရှိုက်ပေးခြင်းဟာ ကျန်းမာရေးအတွက်အထူးကိုကောင်းမွန်ပါတယ်။ လေထုညစ်ညမ်းမှုတွေရှိတဲ့နေရာကလူတွေမှာဆိုကျန်းမာရေးအခက်အခဲတွေရှိနိုင်ပါတယ်။ ကျွန်တော်တို့ကောင်းမွန်စွာ အသက်ရှင်နိုင်ဖို့ လေကိုအဓိကအားကိုးနေရတာဖြစ်ပါတယ်။ တကယ်တော့ လူသားတွေအသက်ရှင်နေတာဟာ oxygen လို့ခေါ်တဲ့လေကိုရရှိနေခြင်းကြောင့်ဖြစ်ပါတယ်။ တကယ်တော့အသက်ရှူတယ်ဆိုတာဟာလည်းဓာတ်ငွေ့ဖလှယ်တာပဲ ဖြစ်ပါတယ်။ သဘာဝကရရှိတဲ့oxygen လေသန့်ကိုရှူရှိုက်လိုက်ပြီးတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ carbondioxide လို့ခေါ်တဲ့မသန့်တဲ့လေတွေကိုပြန်လည်ထုတ်လွှတ်ပေးတာကိုအသက်ရှူတယ်လို့ခေါ်ပါတယ်။ ဒါကြောင့်လုံးဝသိသာထင်ရှားတဲ့အချက်က လူတွေအသက်ရှင်ဖို့ gas exchange လုပ်ဖို့လိုမယ် gas exchange လုပ်ဖို့ O2 လေကောင်းလေသန့်လိုမယ် လေမရှိရင်အသက်မရှင်နိုင်ဘူး ဒါကြောင့်လေရဲ့သက်ရောက်မှုကကြီးပါတယ်။ ဒါကြောင့် ခန္ဓာ ကိုယ်မှာဖြစ်နေတဲ့ဇီဝကမ္မဖြစ်စဥ်တွေအတွက်လေကောင်းလေသန့်ရှူပေးဖို့လိုပါလိမ့်မယ်။
၄။water- ရေဟာ သက်ရှိတွေအတွက်မရှိမဖြစ်ပါ။ ရေမရှိရင်လည်းလူကအသက်မရှင်နိုင်ဘူး။ ခန္ဓာကိုယ် ထဲမှာရှိတဲ့အရာအများစုကရေများသာဖြစ်ပါတယ်။ ရေများရှိနေလို့ အစာအဟာရတွေတစ်နေရာကနေတစ်နေရာဖြန့်နိုင်တယ် သွေးလှည့်ပတ်မှုတေွဖြစ်စေနိုင်တယ် အစာချေမှုတွေဖြစ်နိုင်တယ် အစရှိသည်ဖြင့် လုပ်ငန်းအများစုမှာရေမပါလျှင်မပြီးတဲ့အနေအထားပါ။ထို့ကြောင့်သဘာဝတရားကြီးကပေးထာတဲ့ရေဓာတ်ကိုထိတွေ့ဖို့လိုပါတယ်။ ဒါကြောင့်မို့ရေများများသောက်သင့်ပါတယ်။ထို့ပြင်ရေအေးနဲ့ရေချိုးတာမျိုး ရေကူးတာမျိုးစသည်ဖြင့် ရေနဲ့ထိတွေ့ဖို့အင်မတန်အရေးကြီးပါတယ်။
ဒါကြောင့် နေရောင်ခြည် လေကောင်းလေသန့် မြေကြီး ရေသန့်စသည်တို့ကို ပုံမှန်ထိတွေ့သင့်ပါတယ်။ ထိုအရာတွေကသဘာဝကအလကားပေးထားတဲ့ အရာတွေဖြစ်ပါတယ်။ဒါတွေကိုကောင်းကောင်းအသုံးချင်ကို့ရဲ့ကျန်းမာရေး အတွက်အကျိုးရှိပါတယ်။ ကျန်းမာရေးကောင်းမွန်ရင်ဦးနှောက်စွမ်းဆောင်ရည်တွေလည်းတစ်ဟုန်ထိုးတိုးတက်လာမှာဖြစ်ပါတယ်။
- Quality sleep
ဦးနှောက်စွမ်းဆောင်ရည်တွေတိုးတက်ဖို့ တကဲ့ကို စစ်မှန်တဲ့အိပ်စက်ခြင်းမျိုးလိုအပ်ပါတယ်။ ရိုးရိုးလေးစဥ်းစားမယ်ဆိုလျှင်ပဲ ကောင်းကောင်းအိပ်ရေးမဝရင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေ စာလုပ်ရတာတွေ မှာ ကမောက်ကမတွေဖြစ်နိုင်ပါတယ်။ အိပ်ရေးမဝဘူးဆိုရင် stressတွေများတာမျိုး အားအင်ကုန်ခမ်းပြီးဘာမှမလုပ်ချင်မကိုင်ချင်ထိုင်းမှိုင်းတာမျိုးတွေဖြစ်တတ်ပါတယ်။အိပ်ရေးမရင်ကို့ရဲ့မှတ်ဉာဏ်ကိုပါထိခိုက်စေတဲ့အပြင်တစ်ခြားကျန်းမာရေးနဲ့ပတ်သက်တဲဲပြဿနာတွေတစ်သီကြီးဖြစ်လာနိုင်ပါတယ်။အိပ်ရေးမဝရင်ကိုယ်ခံအားကျဆင်းတာမျိုး stressတွေများတာမျိုးတွေဖြစ်စေတတတ်ပါတယ်။stressဆိုတာဟာဦးနှောက်စွမ်းရည်နဲ့ကျန်းမာရေးအတွက် အဆိပ်အတောက်တစ်မျိုးပါပဲ။ဒါကြောင့် အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။ဒီနေရာမှာပြီးပြီးရော အိပ်လိုက်တာမျိုးကိုဆိုလိုတာမဟုတ်ဘဲ ကျန်းမာစိတ်အေးချမ်းသာစွာနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ရမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့quality sleepတစ်ခုဖြစ်ဖို့ဂရုစိုသင့်တဲ့အချက်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
၁။ မနက်ခင်း ထွက်ခါစနေရောင်ကို ၁၀မိနစ်ခန့်ကြည့်ပေးပါ။
၂။ နေ့လယ် ၃နာရီနောက်ပိုင်းမှာအိပ်စက်ခြင်းကိုရှောင်ပါ။
၃။ မအိပ်ခင်တစ်နာရီအလိုမှာ social media သုံးတာမျိုးဖုန်းသုံးတာမျိုးကိုရှောင်သင့်ပါတယ်။
၄။ မအိပ်ခင် ရသစာအုပ်ဖတ်တာမျိုး တရားထိုင်တာမျိုး တွေလုပ်ဆောင်နိုင်ပါတယ်။ဒါတွေက စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်ပါတယ်။
၅။အိပ်ချိန်နီးခါနီးကိုထမင်းစားခြင်းမျိုး အစာကြေမလွယ်တာတွေစားခြင်းမျိုးရှောင်သင့်ပါတယ်။ ကော်ဖီသောက်တာမျိုး လက္ဖက်သုပ်စားတာမျိုးစသည်တို့ကိုလည်းရှောင်ရှားသင့်ပါတယ်။
၆။.မအိပ်ခင်မှာ ရေပူနဲ့ရေချိုးတာမျိုးတွေရှောင်သင့်ပါတယ်။
၇။.အိပ်ခါနီးမှာ အကြောလျှော့လေ့ကျင့်ခန်းကို၅မိနစ်လောက်အချိန်ပေးလုပ်ဆောင်နိုင်ရင်ကောင်းပါတယ်။ဘာလို့ဆိုရင်ခန္ဓာကိုယ်မှာအကြောအချင်တွေတောင့်တင်းနေရင် အိပ်စက်ရမှာခက်ခဲနိုင်ပါတယ်။
ဒီအချက်လေးတွေကိုလိုက်နာမယ်ဆိုရင် သင့်တင့်လျောက်ပတ်တဲ့ quality sleepကိုရရှိနိုင်မှာဖြစ်ပါတယ်။
-Meditation (တရားထိုင်ခြင်း)
ကျွန်တော်တို့ ခုခေတ်မှာ အရင်ကထက်ပိုမိုstressတွေများကြပါတယ်။ မိသားစုပြဿနာ စီးပွားရေးပြဿနာစသည်ဖြင့်ဖိအားတွေတအားများပါတယ်။အလုပ်လုပ်ကိုင်နေရသူများဆိုရင်လျှင် bus ကားနောက်ကျမှာ အလုပ်အချိန်မမှီမှာ deadlineတွေနီးလာတာ အလုပ်မှာmangerနဲ့အဆင်မပြေတာ အချင်းချင်းအငြင်းအခုံတွေဖြစ်ပြီးစကားများရတာစသည်ဖြင့်stressတွေများစွားရှိပါတယ်။ အိမ်ထောင်ရေး တွေ relationship တေွမှာဆိုရင်လည်းသက်ဆိုင်ရာဖိအားတွေ ပြဿနာတွေမျိုးစုံရှိနေကြပါတယ်။ ခုခေတ်မှာနည်းပညာတွေတိုးတက်လာသလို stressတွေ ကလည်းတိုးတက်လာနေပါတယ်။ဒါတွေကိုကောင်းကောင်းမထိန်းဘူးဆိုရင် အသက်ကိုတောင်ရန်ရှာနိုင်ပါတယ်။.stressတွေများလွန်းလို့သေကြောင်းကြံသွားတဲ့လူတွေလည်းကမ္ဘာမှာမရေမတွက်နိုင်အောင်မှာပါ။ ဒါကြောင့် မိုလို့stressက ကျွန်တော်တို့ရဲ့ ရန်သူ တစ်ယောက်ပါပဲ။ social media သုံးစွဲလျှင်လည်း အချင်းချင်းဝေဖန်တာ blameတာမျိုးတွေ သတင်းအချက်အလက် မျိုးစုံကြည့်ရတာ သတင်းတုသတင်းလိမ်တေွနဲ့ရင်ဆိုင်ရတာ သူများဘဝနဲ့ကို့ဘဝကိုယ်နှိုင်းယှဥ် ပြီးအားမလိုအားမရဖြစ်တာမျိုးတွေလည်းကြုံရတတ်ပါတယ်။လူမှုဆက်ဆံရေးတွေမှာလည်းအဆင်မပြေလို့ဒေါသထွက်တာ စိတ်မရှည်တာစသည်ဖြင့် negative feeling တွေက အမြဲတွေ့ကြုံခံစားနေရတာဖြစ်ပါတယ်။ ကြာလာတော့ကို့ကိုယ်ကိုထိန်းချုပ်နိုင်မှုမရှိသလို ကို့ဘဝကိုယ်မပိုင်တော့သလိုတောင်ခံစားရနိုင်ပါတယ်။ ဒါတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ ထိန်းချုပ်ဖို့ အကောင်းဆုံးသောနည်းကတော့ တရားထိုင်ခြင်းပါပဲ။ ဒါဟာ ဗုဒ္ဓ ဟောကြားသင်ကြားခဲ့တာတွေထဲမှာအဖိုးတန်ဆုံးလို့ယူဆမိပါတယ်။ မိမိတို့ဟာ တရားတွေရဖို့ ဉာဏ်အလင်းတွေပွင့်ဖို့ ဘာသာတရားလိုက်စားဖို့တိုက်တွန်းခြင်းမဟုတ်ပါဘူး။ အခုဆိုရင် Mindfulness လေ့ကျင့်ခန်းကိုဗုဒ္ဓဘာသာ မဟုတ်တဲ့နိုင်ငံတွေမှာတင် လက်ခံကျင့်သုံးနေပြီဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ stress reductionလျော့ချဖို့ပါပဲ။ MBSR (Mindfulness Based Stress Reduction) လို့ခေါ်တဲ့ တရားထိုင် ခြင်းနည်းကိုအသုံးပြုပြီး စိတ်ဖိစီးမှုများ ကိုလျော့ချခြင်းဆိုတဲ့ဘာသာရပ်ကိုနိုင်ငံတော်တော်များများက တက္ကသိုလ် တွေမှာပင်ပို့ချနေပြီဖြစ်ပါတယ်။ တစ်ချို့တွေဆို institution တွေတည်ထောင်ပြီး သင်တန်းတောင်ဖွင့်ပြီးဝင်ငွေရနေကြတာဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓ ဘာသာထွန်းကားတဲ့မြန်မာနိုင်ငံမှာတော့ ဗုဒ္ဓ ရဲ့အဆုံးအမတရားတော် များကို အလကားအလိုလိုကိုရရှိနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရားလို့သဘောမထားဘဲမိမိရဲ့စိတ်ဖိစီးမှုတွေလျော့ချဖို့ ဦးနှောက်စွမ်းဆောင်ရည်တွေပိုကောင်းလာဖို့ ကို့ဘဝကိုယ်ပိုထိန်းချုပ်မှုရှိလာနိုင်ဖို့တရားထိုင်ခြင်းကိုတစ်နေ့နာရီဝက်လောက်ပြုလုပ်သင့်ပါတယ်။
- Avoid sugar,Alcohol and drugs
သကြား စားခြင်း အရက် မူယစ်ဆေးအလွန်အကျွန်သုံးစွဲ ခြင်းကဦးနှောက်ကိုလေးလန်ထိုင်းမှိုင်းစေရုံမျှမက ကျန်းမာရေးအတွက်လည်းဆိုးကျိုးများစွာရှိပါတယ်။ အရက် မူးယစ်ဆေး နဲ့သကြားတို့မှာအထောက်အလျောက်ကောင်းကျိုးရှိတယိဆိုပေမဲ့ဆိုးကျိုးကပိုများပါတယ်။ဒါကြောင့်ကို့ရဲ့ဦးနှောက်စွမ်းဆောင်ရည်နဲ့ကျန်းမာရေးတိုးတက်ချင်တယ်ဆိုရင်တော့အတတ်နိုင်ဆုံးရှောင်ကြဥ်သင့်ပါတယ်။လုံးဝမသုံးစွဲနိုင်ရင်တော့အကောင်းဆုံးပါ။ဒါပေမဲ့ ကြိုက်လို့ဖြစ်စေ လူမှုရေးအရဖြစ်စေ သုံးစွဲမည်ဆိုလျှင်လည်း အကန့်အသတ်နဲ့သာသုံးစွဲသင့်ပါတယ်။လုံးဝ စွဲလမ်းသွားတဲ့ထိသုံးစွဲဖို့တော့မသင့်ပါဘူး။ဒါကြောင့်မို့မြတ်စွာဘုရားကငါးပါးသီလမှာ မူးယစ်စေတတ်တဲ့အရာတွေရှောင်ကြဥ်ဖို့တားမြစ်ထားတာဖြစ်ပါတယ်။ အကြောင်းကတော့ မူးယစ်တာ တွေကိုအလွန်အကျွံသုံးမိရင် လူ့ရဲ့အရေးကြီးဆုံးဖြစ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးနိုင်ခြင်း အသိစိတ်ပျောက်ခြင်း အတွေးအခေါ်မှားယွင်းခြင်းတို့ဖြစ်စေတတ်လို့ဖြစ်ပါတယ်။ သကြားကလည်းအရက်ဆေးလိပ်မူးယစ်ဆေးတို့ကဲ့သို့ပင်လူကိုစွဲလမ်းစေပါတယ်။ ဒါကြောင့် energy drinksတွေ လျှော့သောက်တာမျိုး အရမ်းချိုတဲ့မုန့်တွေစားတာမျိုးကို လျှော့ချသင့်ပါတယ်။ ဒါကြောင့်သကြား အရက်နဲ့ မူးယစ်ဆေးကိုရှောင်ပါ။မရှောင်နိုင်ဘူးဆိုရင် အကန့်အသတ်နဲ့သုံးစွဲပါလို့ပြောချင်ပါတယ်။
ဒါကြောင့်မို့ brain capacity တိုးတက်ချင်တယ်ဆိုရင်
၁။လေ့ကျင့်ခန်းလုပ်ခြင်း
၂။စာဖတ်ခြင်း
၃။သဘာဝနဲ့ထိတွေ့ခြင်း
၄။ကောင်းမွန်စွာအိပ်စက်ခြင်း
၅။တရားထိုင်ခြင်း နှင့်
၆။သကြားအရက်နဲ့မူးယစ်ဆေး မသုံးခြင်း
စတဲ့အချက်၆ချက်ကို နေ့စဥ်အချိန်နည်းနည်းပေးဆောင်ရွက်မယ်ဆိုရင် ကိုအသက်ရှင်နေသမျှကာလပတ်လုံးအကျိုးရှိစေမှာဖြစ်ပါတယ်။ ထို့ပြင်အသက်ကြီးလာရင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားလို့ခေါ်တဲ့ငယ်မူပြန်ပြီးမှတ်ဉာဏ်ဆုံးရှုးတဲ့ရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ဘဝမှာ လေ့လာနိုင်တဲ့ပညာရပ်တွေကိုမြန်မြန်ဆန်ဆန်လေ့လာနိုင်ဖို့ ဆုံးဖြတ်ချက်တွေမှန်ကန်စွာချနိုင်ဖို့ အကြံကောင်းဉာဏ်ကောင်းတွေရဖို့ brain capacityကိုတိုးမြှင့်ပါလို့အကြံပေးချင်ပါတယ်။
Future-Proof