26/03/2024
Hedge Fund တွေရဲ့ Performance ကိုဘယ်လိုတိုင်းကြမလဲ။
Investment လို့ ခေါ်တဲ့ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေ လုပ်တော့မယ်ဆိုရင် Return များတာ လောက်နဲ့ ပဲ မကြည့်ကြပါဖူး။ တကယ်တမ်း အသေးစိတ်တွက်ချက်တိုင်းတာကြတဲ့ performance metrics တွေက များပါတယ်။ ဒီ တိုင်းတာချက်တွေထဲမှာ အရေးအကြီးဆုံး ဦးစားပေးရတဲ့ တိုင်းတာစမ်းစစ်ချက် ကိန်းဂဏန်းတွေလဲ ရှိပါတယ်။ ဒီအထဲက တချို့ကို ဆွေးနွေး ပြပါ့မယ်။
ဒါပေမဲ့ မပြောခင် Hedge Fund ဆိုတာ ဘာလဲ အရင်ဆွေးနွေးပြပါ့မယ်။ Hedge ဆိုတာ risk mitigation လို့ ခေါ် တဲ့ ဆုံးရှုံးနိုင်ခြေ နည်းအောင် လုပ်တဲ့နည်းကို ခေါ်တာပါ။ ငွေကြေးရင်းနှီးမြုပ်နှုံမူ လုပ်ငန်းတွေမှာ ကိုယ်ရမှာထက် ကိုယ့်ဆီက ငွေတွေ အရင်မပါသွားဖို့ ကို စဉ်းစားကြလေ့ရှိပါတယ်။ ဒါဟာ risk management ပါ။ ရင်းနှီးမြုပ်နှံမှု့တိုင်းမှာ risk / return ratio ကို တွက်ချက်လေ့လာစဉ်းစားဆုံးဖြတ်ထားကြလေ့ရှိပါတယ်။ တနည်းအားဖြင့်ကိုယ်ယူထားတဲ့ risk နဲ့ ကိုယ်ပြန်ရတဲ့ return တန်ရဲ့လားဆိုတာပါ။
Hedge Fund တွေဟာ private fund တွေဖြစ်ကြပြီး stock share ထုတ်ရောင်းတဲ့ ကုမ္ပဏီတွေလို Security Exchange Commision ရဲ့ တင်းကျပ်မှု ကိုသိပ်မခံရပါဖူး။ အကန့်အသတ်နည်း နည်းနဲ့ ကိုယ် မြတ်မယ်ထင်တဲ့ trading strategy တွေကိုလွတ်လွတ် လပ်လပ်သုံးခွင့်ရကြပါတယ်။ ဥပမာ Short Selling လုပ်ခွင့် လိုမျိုး risk များတဲ့ trading strategy တွေကို သုံးခွင့်ရထားကြပါတယ်။ နောက်တခု အားသာချက်က public fund မဟုတ်တဲ့ အတွက် ကိုယ့်ရဲ့ ဗျူဟာ အသေးစိတ်(detailed strategy)နဲ့ Performance အသေးစိတ်ကို ထုတ်ပြောစရာမလိုပါဖူး။
Hedge Fund တွေရဲ့အစ
၁၉၄၉ မှာ ပထမဆုံး Hedge Fund ကို A.W Jones က New York မှာစတင ်တည်ထောင်ခဲ့ပါတယ်။ စထောင်တုန်း က သူ့ကိုယ်ပိုင်ရယ် သူငယ်ချင်း မိတ်ဆွေတွေ ထည့်တဲ့ ငွေ စုစုပေါင်း ဒေါ်လာ ၁ သိန်းလောက်နဲ့စခဲ့တာပါ။ ဒီလို Hedge Fund မန်နေဂျာတွေ ရဲ့ ထိန်းသိမ်းကိုင်တွယ် တဲ့ ရင်းနှီးထားငွေ ပမာဏ စုစုပေါင်း ကို Asset Under Management (AUM) လို့ ခေါ်ပါတယ်။ သူဌေးသူကြွယ်တွေ ငွေရှိပြီး stock trading ကို ကိုယ်တိုင်မလုပ်တတ် မလုပ်ခြင်တဲ့သူတွေဟာ Hedge Fund တွေထဲထည့် ကြပါတယ်။ ဒီငွေတွေကို Hedge Fund မန်နေဂျာတွေက ဉာဏ်စွမ်းရှိသမျှ အမြတ်ငွေတိုးပွားအောင် လုပ်ပေးရပါတယ်။ တနည်း စတော့ရှယ်ယာ၊ ဘွန်း နဲ့တခြား derivatives တွေပါသုံးပြီး နည်းမျိုးစုံနဲ့ ငွေရှာပေးကြရပါတယ်။
အမြတ်ရလာရင်လည်း Hedge Fund တွေကို performance fee အနေနဲ့ ပျှမ်းမျှအားဖြင့် ၂၀% - ၄၅% အထိပေးကြရပြီး စီမံခန့်ခွဲ ခ (management fee)အ နေနဲ့ ၂%က နေ ၃% ထိပေးကြရပါတယ်။ သချာင်္ပညာရှင် Jim Simmons ဦးစီးတဲ့ ကမ္ဘာကျော် Renaissance Technology ဆိုတဲ့ Hedge Fund မှာဆိုရင ် performance ကြေးက ၄၀% ေ လာက် ယူတာတောင်ထည့်မဲ့သူတွေများလို့ ၁၉၉၃ လောက်ထဲက အသစ်ထည့်ငွေ လက်မခံတော့ပါ ဖူး။ သူ့ရဲ့ Hedge Fund က အခုထိ တခါမှ မရှုံးသေးပဲ စတည်ထောင်ထဲက အခုထိ Compound Average Growth Rate (CAGR) ဟာ ၃၈% ကျော်နေလို့ ငွေကြေးဈေးကွက်မှာ တခါမှ သူ့လောက် မြတ်သူမရှိသေးပါဖူး။ Warren Buffet တို့ ထက်တောင် ပိုမြတ်နေပါသေးတယ်။
ဒါဟာလည်း သူရဲ့ Hedge Fund မှာ ကမ္ဘာ့ အတော်ဆုံး သချာင်္ပညာရှင်၊ ရူပဗေဒပညာရှင်နဲ့ ကွန်ပြူတာ သိပ္ပံပညာရှင ်တရာကျော်လောက်ခန့်ထား တယ်လို့ ပြောကြပါတယ်။ အများစုက ကမ္ဘာကျော်တက္ကသိုလ် တွေ က PhD ရထားသူတွေပါ။ ထူးဆန်းတာ က Finance သမားတယောက်မှ မပါတာပါ။ ဒါကလည်း သူ့ရဲ့ Hedge Fund ဟာ Quantitative လို့ ခေါ ်တဲ့ သချာင်္ပညာ အခြေပြုကာ ကွန်ပြူတာတွေနဲ့ statistics ကို နိုင်နိုင်နင်းနင်း တွက်ချက်ပြီး ဈေးကွက်ထဲက ငွေတွေကို သဲ့ယူနေတာပါ။ အတော်ဆုံး Quant တွေဟာ Renaissance မှာပဲ အလုပ်လုပ်ကြပုံရပါတယ်။ သူ့ Fund မှာ ၁၉၈၀ ကျော်နှစ်တွေကတည်းက Machine learning နဲ့ speech recognition တွေ trading မှာ ထည့်သုံးနေ ပြီလို့ ဆိုကြပါတယ်။ Jim Simmons ရဲ့ အကြောင်း အသေးစိတ်ကိုတော့ "The Man who Solved the Market" ဆိုတဲ့ ၂၀၁၉ ခုထုတ် စာအုပ်မှာ ရေးထားပါတယ်။ ဒါပေမဲ့ သူ့ Fund က ဘယ်လို ဗျုဟာ သုံးလဲ ဆိုတဲ့ အသေးစိတ်တော့ သိတဲ့သူရှားပါတယ်။ အထူးသိုသိုသိပ်သိပ် လုပ်ထားပါတယ်။ ဒါဆိုရင်တော့ Hedge Fund အကြောင်း အနည်းငယ် သိပြီလို့ယူဆပါတယ်။
ဒါဆိုရင်ကမ္ဘာ့ အကြီးဆုံး Hedge Fund တွေရဲ့ စွမ်းဆောင်ရည် performance ကို ဘယ်လို တွက်ကြမလဲ ကြည့်ကြရအောင်။ တကယ်တော့ အစောပိုင်းက ပြောထားသလိုပဲ Hedge Fund တွေဟာ အထူးလျို့ဝှက် အလုပ်လုပ်ကြလို့ သူတို့ ရဲ့ Peformance ကို သိနိုင်ဖို့ data တွေရဖို့က အတော်ခက်ခဲပါတယ်။ သူတို့ ဟာ တခြား စတော့ရှယ်ယာရောင်းချတဲ့ ကုမ္ပဏီတွေလို performance အသေးစိတ် ကို ဖွင့်ဟ ချပြဖို့ ဥပဒေအရ လုပ်ဖို့ မလိုအပ်ပါဖူး။ ဒါပေမဲ့ Hedge Fund Research Index( HFRI) နဲ့ Barclay Hedge တို့မှာတော့ Hedge Fund တွေက သူတို့ရဲ့ performance တွေကိုတင်ပြလေ့ရှိပါတယ်။
( ***မှတ်ချက်။ ။ အခု ဒီဆောင်းပါးမှာ ပါတဲ့ Hedge Fund တွေကို တိုင်းပြထားတဲ့ performance ratio table ဟာ December 2022 အထိ ပြထားတာဖြစ်လို့ update ဖြစ်ပါတယ်။ ဒီတွက်ချက်မှု့နဲ့ data တွေရဖို့ ကျနော် အတော်ကြိုးစားရှာဖွေခဲ့ရပါတယ်။***)
ကဲဒါဆို Hedge Fund performance တိုင်းတာချက် ratio နဲ့ နည်းလမ်းတွေကို လေ့လာကြည့်ရအောင်။
အောက်က ဇယားမှာပြထားတဲ့ Table မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် အထင်ကရ Hedge Fund များရဲ့ performance metric ကို တွက်ပြထားပါတယ်။ ၂၀၂၂ ခု ဒီဇင်ဘာအထိရထားတဲ့ data တွေကို အခြေခံထားပါတယ်။
Hedge Fund အချို့ရဲ့ Performance ကိုတွက်တဲ့အခါမှာ အဓိကသုံးတဲ့ Metrics တချိုရဲ့ သဘောသဘာဝကို အကျဉ်းချုပ်ရှင်းပြပေးပါ့မယ်။
Total Return- Hedge Fund တစ်ခုရဲ့ Total Return ဟာ သတ်မှတ်ကာလတစ်ခုအတွင်း မှာရှိတဲ့ Hedge Fund ရဲ့ စွမ်းဆောင်ရည်ကို ပြသနေပါတယ်။ ဒီကာလအတွင်း Hedge Fund ရဲ့အသားတင်ပိုင်ဆိုင်မှုတန်ဖိုး (Net Asset Value) ရာခိုင်နှုန်း တိုးခြင်း သို့မဟုတ် လျော့ကျခြင်းကို သိနိုင်ပါတယ်။ Total return ဟာ အချိန်ကာလ တခု အတွင်းက အရှုံးအမြတ်အားလုံးကို overall (စုပေါင်းထင်ဟပ်) မြင်နိုင်အောင်ပြထားတဲ့ သဘောပါ။
Annualized Return- Annualized Return တွေကတော့ သတ်မှတ်ကာလတစ်ခုအတွင်း တစ်နှစ်လျှင် ပျမ်းမျှပြန်ဝင်လာတဲ့ average annual return rate ပါ။ တွက် နည်းကတော့ အပေါ်က Total Retrun ကိုတည်ပြီး Hedge Fund တည်ရှိခဲ့တဲ့ နှစ်ပေါင်းနဲ့စားထားတာပါ။
Maximum Drawdown - Maximum Drawdown ဆိုတာက Hedge Fund တခုရဲ့ NAV (အသားတင်တန်ဖိုး) မှာ အများဆုံး ပြုတ်ကျနိုင်တဲ့ ဆုံးရှုံးနိုင်တဲ့ ငွေပမာဏ ကိုရာခိုင်နှုန်းနဲ့ ပြထားတာပါ။ ဥပမာ Millineum Hedge Fund ရဲ့ Net Asset Value က ဒေါ်လာ သန်း ၁၀၀ ရှိမယ်ဆိုပါစို့။ ဒီမှာ ၂၀ % Maximum Drawdown ရှိတယ ်ဆိုရင် ဘယ်အချိန်မှာမဆို အဆိုးဆုံးရှုံးရင် ဒေါ်လာသန်း ၂၀ လောက်ပဲလို့ပြောခြင်တာပါ။ ဒီအခါမှာ ကိုယ် trade လုပ်ထားတဲ့ strategy ရဲ့ maximum risk ကို သိထားတော့ တုန်တုန်ရီရီနဲ့ emotion သိပ်မဖြစ်နိုင်တော့ဖူးပေါ့။ Risk managememt perspective က ကြည့်မယ်ဆိုရင် Maximum Drawdown က သိပ်အရေးကြီးပါတယ်။
Sharpe ratio - Sharpe ratio ဆိုတာက တော့ investment portfolio တွေမှာ အတော် အသုံးများပါတယ်။ ပြောရရင် Sharpe ratio ဟာ အလွန်အရေးကြီးတဲ့ တိုင်းတာချက်တခုပါ။ ၁၉၉၀ စီးပွားရေးပညာ နိုဘယ်ဆုရှင် William Sharpe ထွင်ခဲ့တဲ့ ratio ပါ။ Willliam Sharpe က တော့ Stanford တက္ကသိုလ် မှာအခုထိစာသင်နေတုန်းပါ။ Hedge Fund ရဲ့ return ထဲက risk-free rate လို့ ခေါင်္ ်တဲ့ အမေရိကန် အစိုးရဲ့ ငွေတိုက်စာချုပ် (10 Year Treasury Bill) ရဲ့ နှုန ်း (တနည်း) ဗဟိုဘဏ် အတိုးနှုန်းကို Standard Devitation ( sigma) (သို့) Risk နဲ့ စားပြထားတာပါ။ တနည်းအားဖြင့် risk adjusted return rate ပါ။ Investment တွေကို ပြောတဲ့ အခါမှာ return ချည်းပဲ ပြောလို့ မရပါဖူး။ Risk ဘယ်လောက်ယူထားလဲဆိုတာပါ ထည့်စဉ်းစားရပါတယ်။ Sigma လို့ ခေါ ်တဲ့ risk က ကြောက်စရာပါ။ Risk များများယူထားလို့ return များများရတယ်ဆိုတာက direction (အတက်/အကျ ခန့်မှုန်းချက ်) မှန ်တဲ့ အခါ ပြသနာမဟုတ်ပေမဲ့ မှားခဲ့ရင် ပိုဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် "သူ့အိုးနဲ့ သူ့ဆန်တန်ရဲ့လား" ဆိုတဲ့ မေးခွန်းအတွက်ချိန် နိုင်ဖို့ သိပ်အရေးကြီးပါတယ်။
Sharpe ratio = (Rp - Rf)/ sigma of the portfolio
Rp - exepcted return rate of portfolio
Rf - Risk free rate (or) Government T Bill rate
Sigma - average risk of the portfolio
ဒီ formula ရဲ့ အနှစ ်ချုပ်က ရှင်းပါတယ်။ Return နဲ့ Risk ကို အချိုးချထားတာပါ။ ဒါကြောင့် sharpe ratio များလေကောင်းလေပါ။ သူယူထားတဲ့ risk ထက် return က ပိုရတယ်ဆိုတဲ့သဘောပါ။
Sortino ratio - Sortino အချိုးကို Sharpe ratio formula အတိုင်းပဲတွက်ပါတယ်။ ထူးခြားချက် က sigma ပါ။ Portfolio ရဲ့ sigma ထဲကမှ draw down
ဆွဲချသွားတဲ့ negative return သက်သက်ကိုပဲ ထဲ့တွက်ပါတယ်။ Sharpe ratio မှာသုံးတဲ့ sigma က up ကော down ကော ပါ နေပါတယ်။ sigma ဆိုတဲ့ သဘောက ပျှမ်းမျှ က နေသွေဖယ်သွားတဲ့ အခါမှာ ပျှမ်းမျှ ရဲ့ အပေါ် ကော ပျှမ်းမျှအောက်ကျသွားတာကော ၂ ခုလုံးပါနေပါတဲ့ စံသွေဖယ်မှု့ (standard deviation) ကိုပြောတာပါ။
Sortino ratio = (Rp - Rf) / sigma (down)
Rp - exepcted return rate of portfolio
Rf - Risk free rate (or) Government T Bill rate
Sigma (down) - average risk of the portfolio (downside)
Treynor ratio - Treynor အချိုး တွက်တဲ့ အခါမှာ ပိုင်းဝေကတော့ အရင် Sharpe နဲ့ Sortino ratio တို့ အတိုင်းပါပဲ။ Rp - Rf ပါပဲ။ ပိုင်းခြေမှာသာ market risk (သို့မဟုတ်) systemic risk ဖြစ်တဲ့ beta ပဲပြောင်းသွားတာပါ။ Beta ဆိုတာ လွယ်လွယ် ပြောရရင်တော့ Market လှုပ ်ခတ်ရင် ကိုယ့် Portfolio က ဘယ်လောက်လိုက် လှုပ်ခတ်သလဲဆိုတာပါ။ တနည်းအားဖြင့် sensitivity ကိုပြောတာပါ။ ကိုယ့် portfolio investment က beta = 2 ဆိုရင် စတော့ဈေးကွက် ၁ ဆတက်ရင် ကိုယ့် Portfolio က ၂ ဆ တက်မယ် ဈေးကွက် ကျရင် ၂ ဆ ကျပြမယ်ဆိုတဲ့ အတက်အကျ ကြမ်းပြီး risk များတယ်ဆိုတဲ့သဘောပါ။
Treynor ratio = (Rp - Rf)/ beta of portfolio
Rp - exepcted return rate of portfolio
Rf - Risk free rate (or) Government T Bill rate
Beta - volatility of the portfolio to the market
M-squared တိုင်းတာမှု- M-squared တိုင်းတာမှုကလည်း တည်ကိန်း (Numerator) ကတော့ ရှေ့က ratio တွေလိုပါပဲ။ Rp - Rf ပါ။ စားကိန်းမှာသာ ပြောင်းသွားတာပါ။ ဒီနည်းကို စီးပွားရေး နိုဘယ်ဆုရ ပညာရှင် Franco Modigliani နဲ့ မြေးမ ဖြစ်သူ Leah Modigliani တို့က ၁၉၉၀ နှစ်တွေမှာ တင်ပြခဲ့တာဖြစ်တယ်။
M square = (Rp - Rf) * [beta of the market/ beta of the portfolio] * (Rm - Rf)
Rp - exepcted return rate of portfolio
Rf - Risk free rate (or) Government T Bill rate
Rm - expected return rate of the market
Informatio ratio - Information ratio မှာတော့ တည်
ကိန်း ( Numerator) စပြောင်းပါတယ်။ Benchmark (S&P 500) return (သို့) စတော့ဈေးကွက် တခုလုံးရဲ့ return (Rm) ထဲကနေ Portfolio return (Rp)ကို နှုတ်ပါတယ်။ ပြီးမှ tracking error (သို့) sigma e နဲ့စားထားတာပါ။ သဘောကတော့ Benchmark ထက်သာအောင် မရှာနိုင်ရင်တော့ ဘာလို့ trading strategy တွေသုံးပြီး Active ရှာနေအုံးမှာလဲ။ အချိန်ကုန်လူပင်ပန်းတယ်။ Passive strategy အနေနဲ့ benchmark ဖြစ်တဲ့ ETF (Exchange Traded Fund) လို့ ခေါ်တဲ့ S&P 500 လုံးမှာပဲ ရင်းထားလိုက်ရမှာပါ။
Information ratio = (Rm - Rp)/ sigma e (tracking error)
Rm - average return rate of the market (S&P 500)
Rp - exepcted return rate of portfolio
Sigma e - tracking error ( ကိုယ့် fund နဲ ့benchmark နှိုင်းယှဉ်ပြောင်းလဲ နှုန်း)
(မှတ်ချက်- အထက်ဖော်ပြပါ Metric များဟာယေဘူယျ ကိုသာ အခြေခံထားတာကြောင့် Hedge Fund တွေရဲ့ ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။)
သုံးသပ်ချက်
ဇယားထဲပါတဲ့ ratio တွေ အကြောင်းလည်း ရှင်းထားပြီးပြီဆိုတော့ ကျနော် ဇယားမှာ အကောင်းဆုံးကနေ အဆိုးဆုံးကို အဓိက ဘာနဲ့ စီထားလဲဆိုတာပါ။ အဓိက ranking မှာ အခြေခံထားတာတွေကတော့ Sharpe ratio နဲ့ Annualized return တွေပါ။ ဒီ ratio တွေကို အဓိကထားပြီး ranking လုပ်ရတဲ့ ကျနော့်ယူဆချက်က investors တွေရဲ့ ရှု့ထောင့် အရဆို ယုံကြည်စိတ်ချရပြီး အများစုသုံးတဲ့ ခိုင်မာတဲ့ နည်းတွေ ဖြစ်နေလို့ပါ။ ကျန်တာတွေလည်း သူ့နေရာနဲ့ သူ အသုံးဝင် ကြမှာပါပဲ။ ကဲ ဒီလောက်ဆို Hedge Fund တွေရဲ့ performance ဘယ်လို တိုင်းမလဲ ဆိုတာ အကြမ်းဖျဉ်းတော့ သိကြပြီလို့ ထင်ပါတယ်။ Quant Finance နယ်ပယ် ဟာ အလွန် အပြောကျယ်ပြီး အဆင်မြင့် တွက်ချက်ရလို့ အမှားအယွင်းတွေပါကောင်းပါနိုင်မယ်ဆိုလေးတော့ထည့်ပြောလိုက်ပါရစေ။ ကိုယ်တိုင် လည်း လေ့လာနေသူတယောက် အဆင့်မှာပဲ ရှိပါသေးတယ်။ စိတ်ဝင်စားသူတွေအတွက် ပိုလေ့လာဖို့ တွန်းအားဖြစ်အောင် ဒီဆောင်းပါးရေးလိုက်တာပါ။
ဝင်းသူအောင်
မတ်လ ၁၊ ၂၀၂၃
25/03/2024