Success Prep Education Center - Myanmar

Success Prep Education Center - Myanmar

Share

SPEC students have got FULL/PARTIAL SCHOLARSHIPS from multiple universities across the United States. We are operating n New York and Myanmar.

We specialize in College Planning and finding financial aids for eligible students all over the world.

13/06/2025

Meet The Students: Michelle Htut & Melissa Htut: Part 2
==========================================

အပိုင်း (၁) ကို ကြည့်ရှုရန်
−−−−−−−−−−−−−−−−−
အပိုင်း (၁) မေးမြန်းခန်းထဲမှာတော့ မြန်မာပြည်ကနေ အမေရိကားကို ရောက်ရှိလာပြီးနောက်ပိုင်း အပြောင်းအလဲတွေကို ဘယ်လိုမျိုး ညှိယူကြိုးစားခဲ့သလဲ၊ ကျောင်းစာသာမကဘဲ ကျောင်းပြင်ပလှုပ်ရှားဆောင်ရွက်မှုတွေကို မျှတအောင် ဘယ်လိုမျိုး လုပ်ဆောင်ခဲ့သလဲ၊ တက္ကသိုလ်ကျောင်းတွေကို ဘယ်လိုမျိုး ရွေးချယ်လျှောက်ထားခဲ့သလဲ၊ ကျောင်းဝင်ခွင့် အက်ဆေးကို ဘယ်လိုမျိုး ပြင်ဆင်ရေးသားခဲ့သလဲ ဆိုတာတွေကို မေးမြန်းထားပါတယ်။

https://www.facebook.com/share/v/152MMxpVnc4/

အပိုင်း (၂) မေးမြန်းခန်းထဲမှာတော့ ဘက်စုံထူးချွန်တဲ့ ကျောင်းသားကျောင်းသူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုမျိုး ပြင်ဆင်ကြိုးစားရမလဲ၊ ပညာတော်သင်ဆုတွေကို ဘယ်လိုမျိုး ရှာဖွေရမလဲ၊ ခုချိန်တည်းကစပြီး ဘာတွေကို ကြိုတင်ပြင်ဆင်ထားရမလဲ ဆိုတာနဲ့ မိဘတွေဖက်က ဘယ်လိုမျိုး ပံ့ပိုးကူညီပေးရမလဲ ဆိုတာတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

−−−−−−−−−−−−−−−−−−

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…

Success Prep Education Center မှာ တက်ရောက်ပြီး ထိပ်သီး ပုဂ္ဂလိက တက္ကသိုလ်နဲ့ ကောလိပ်များကို ဝင်ခွင့်ရသွားခဲ့ကြတဲ့ ထူးချွန်ကျောင်းသူကျောင်းသားလေးများနဲ့ တွေ့ဆုံမေးမြန်းထားတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီသမီးငယ်လေးနှစ်ယောက်လုံးကို ၂၀၁၈ လောက်မှာ စတင်သိကျွမ်းခဲ့ရတာ ဖြစ်ပြီး အဲ့ဒီ့အချိန်တုန်းက အကြီးမလေး Michelle က ၈ တန်း၊ အငယ်မလေး Melissa က ၆ တန်းမှာ ပညာရည်ဆည်းပူးနေခဲ့ကြတယ်။

ညနေပိုင်း ကျောင်းဆင်းချိန်တွေဆိုရင် ကျွန်တော့်ရဲ့ Success Prep Brooklyn ကျောင်းခွဲလေးမှာ လာရောက်ပြီး အင်္ဂလိပ်စာ၊ သင်္ချာ၊ Writing နဲ့ တခြားဘာသာရပ်တွေကို အပတ်တကုတ် ကြိုးစားသင်ယူခဲ့ကြတယ်။

ကလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူဟာ သမီးကြီး ၁၂ တန်းနှစ်မှာ ဆုံးပါးသွားခဲ့ရပေမယ့် ဒီသမီးငယ်လေးနှစ်ယောက်လုံးကို သူတို့ရဲ့ မိခင်ဖြစ်သူရော၊ ကျွန်တော်တို့ရဲ့ Success Prep က ဆရာ၊ ဆရာမများကပါ အထူးဂရုစိုက်ပြီး လေ့ကျင့်ထိန်းကျောင်း သွန်သင်ဆုံးမပေးခဲ့ကြတယ်။

ကြိုးစားမှုရဲ့ အသီးအပွင့် ရလာဒ်တွေအဖြစ် သမီးကြီး Michelle Htut ဟာ Maine ပြည်နယ်ထဲက နာမည်ကြီး Private College တစ်ခုဖြစ်တဲ့ Bates College ကို Full Scholarship နဲ့ ၂၀၂၃ ခုနှစ်မှာ ဝင်ခွင့်ရခဲ့ပါတယ်။ သမီးကြီး ရရှိခဲ့တဲ့ ပညာတော်သင်ဆု ပမာဏကတော့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၈ သောင်းကျော်($81,480) နဲ့ လေးနှစ်စာ ဒေါ်လာ $325,920 ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

နောက် ၂ နှစ်အကြာမှာတော့ သမီးငယ် Melissa Htut ဟာ New York မြို့ပေါ်က နာမည်ကြီး Private University တစ်ခုဖြစ်တဲ့ New York University (NYU) ကို Full Scholarship နဲ့ ၂၀၂၅ ခုနှစ်မှာ ဝင်ခွင့်ရခဲ့ပြန်ပါတယ်။ သမီးငယ် ရရှိခဲ့တဲ့ ပညာတော်သင်ဆု ပမာဏကတော့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၉ သောင်းကျော် ($91,663) နဲ့ လေးနှစ်စာ ဒေါ်လာ $366,652 ကို ဆွတ်ခူးရရှိနိုင်ခဲ့ပါတယ်။

ဒီလိုထူးချွန်တဲ့ ညီအစ်မလေးနှစ်ယောက်နဲ့ သူမတို့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိခင်ဖြစ်သူကို ကျွန်တော်တို့ရဲ့ Success Prep Education Center က ကျောင်းအုပ် ဆရာရန်အောင် ကိုယ်တိုင် တွေ့ဆုံမေးမြန်းထားတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

အပိုင်း (၁) မေးမြန်းခန်းထဲမှာတော့ မြန်မာပြည်ကနေ အမေရိကားကို ရောက်ရှိလာပြီးနောက်ပိုင်း အပြောင်းအလဲတွေကို ဘယ်လိုမျိုး ညှိယူကြိုးစားခဲ့သလဲ၊ ကျောင်းစာသာမကဘဲ ကျောင်းပြင်ပလှုပ်ရှားဆောင်ရွက်မှုတွေကို မျှတအောင် ဘယ်လိုမျိုး လုပ်ဆောင်ခဲ့သလဲ၊ တက္ကသိုလ်ကျောင်းတွေကို ဘယ်လိုမျိုး ရွေးချယ်လျှောက်ထားခဲ့သလဲ၊ ကျောင်းဝင်ခွင့် အက်ဆေးကို ဘယ်လိုမျိုး ပြင်ဆင်ရေးသားခဲ့သလဲ ဆိုတာတွေကို မေးမြန်းထားပါတယ်။

အပိုင်း (၁) ကို ကြည့်ရှုရန်
−−−−−−−−−−−−−−−−−
https://www.facebook.com/share/v/152MMxpVnc4/

အပိုင်း (၂) မေးမြန်းခန်းထဲမှာတော့ ဘက်စုံထူးချွန်တဲ့ ကျောင်းသားကျောင်းသူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုမျိုး ပြင်ဆင်ကြိုးစားရမလဲ၊ ပညာတော်သင်ဆုတွေကို ဘယ်လိုမျိုး ရှာဖွေရမလဲ၊ ခုချိန်တည်းကစပြီး ဘာတွေကို ကြိုတင်ပြင်ဆင်ထားရမလဲ ဆိုတာနဲ့ မိဘတွေဖက်က ဘယ်လိုမျိုး ပံ့ပိုးကူညီပေးရမလဲ ဆိုတာတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီဗွီဒီယိုတွေ့ဆုံမေးမြန်းခန်းလေးကနေတဆင့် မိမိတို့ရဲ့ ရင်သွေးငယ်များအတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်လေးတွေကို လေ့လာသိရှိသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ…

Success Prep တွင် သင်ကြားပေးနေသည့် ဘာသာရပ်များ
-----------------------------------------------------
SPEC မှာ သင်ကြားပေးနေတဲ့ ဘာသာရပ်တွေကတော့ Algebra I, Algebra II, Geometry, Writing, Vocabulary, GED, SAT and College Essay Writing တို့ ဖြစ်ပါတယ်။ မိမိတို့ လိုအပ်ချက်ပေါ် မူတည်ပြီး လိုအပ်တဲ့ ဘာသာရပ်တွေကို ရွေးချယ်သင်ယူနိုင်ပါတယ်။

📌 အမေရိကန်နိုင်ငံရှိ အထက်တန်းကျောင်း၊ တက္ကသိုလ်များ
ရွေးချယ်ခြင်းနှင့် အချိန်နှင့် တပြေးညီ လျှောက်ထားခြင်းများ၊

📌 ဖြေဆိုရမည့် စာမေးပွဲများအတွက် ပြင်ဆင်သင်ယူလိုသူများ၊

📌 မိမိတို့ သားသမီးများအတွက် လိုအပ်မည့် ပညာရေးဆိုင်ရာ အကြံဉာဏ်များ၊

📌 လက်ရှိသင်ကြားပို့ချပေးနေသော အွန်လိုင်းသင်တန်းများနှင့်ဗီဇာ ပြင်ဆင်ဖြေဆိုခြင်းဆိုင်ရာ အကြံဉာဏ်များ ...

စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်...

Yan Aung
Success Prep Education Center
“Believing is Achieving!”

🇺🇸 Success Prep Education Center
Center I
8829 51st Avenue
Elmhurst, NY 11373
United States of America
☎️ + (1) 347 612 4561

Center II
1766 Cropsey Avenue
Brooklyn, NY 11214
United States of America
☎️ + (1) 929 412 2884

Center III
173 W El Repetto Drive
Monterey Park, CA 91754
United States of America
☎️ + (1) 626 464 3058

24/05/2025

Meet The Students: Michelle Htut & Melissa Htut: Part 1
=========================================
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…

Success Prep Education Center မှာ တက်ရောက်ပြီး ထိပ်သီး ပုဂ္ဂလိက တက္ကသိုလ်နဲ့ ကောလိပ်များကို ဝင်ခွင့်ရသွားခဲ့ကြတဲ့ ထူးချွန်ကျောင်းသူကျောင်းသားလေးများနဲ့ တွေ့ဆုံမေးမြန်းထားတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီသမီးငယ်လေးနှစ်ယောက်လုံးကို ၂၀၁၈ လောက်မှာ စတင်သိကျွမ်းခဲ့ရတာ ဖြစ်ပြီး အဲ့ဒီ့အချိန်တုန်းက အကြီးမလေး Michelle က ၈ တန်း၊ အငယ်မလေး Melissa က ၆ တန်းမှာ ပညာရည်ဆည်းပူးနေခဲ့ကြတယ်။ ညနေပိုင်း ကျောင်းဆင်းချိန်တွေဆိုရင် ကျွန်တော့်ရဲ့ Success Prep Brooklyn ကျောင်းခွဲလေးမှာ လာရောက်ပြီး အင်္ဂလိပ်စာ၊ သင်္ချာ၊ Writing နဲ့ တခြားဘာသာရပ်တွေကို အပတ်တကုတ် ကြိုးစားသင်ယူခဲ့ကြတယ်။

ကလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူဟာ သမီးကြီး ၁၂ တန်းနှစ်မှာ ဆုံးပါးသွားခဲ့ရပေမယ့် ဒီသမီးငယ်လေးနှစ်ယောက်လုံးကို သူတို့ရဲ့ မိခင်ဖြစ်သူရော၊ ကျွန်တော်တို့ရဲ့ Success Prep က ဆရာ၊ ဆရာမများကပါ အထူးဂရုစိုက်ပြီး လေ့ကျင့်ထိန်းကျောင်း သွန်သင်ဆုံးမပေးခဲ့ကြတယ်။

ကြိုးစားမှုရဲ့ အသီးအပွင့် ရလာဒ်တွေအဖြစ် သမီးကြီး Michelle Htut ဟာ Maine ပြည်နယ်ထဲက နာမည်ကြီး Private College တစ်ခုဖြစ်တဲ့ Bates College ကို Full Scholarship နဲ့ ၂၀၂၃ ခုနှစ်မှာ ဝင်ခွင့်ရခဲ့ပါတယ်။ သမီးကြီး ရရှိခဲ့တဲ့ ပညာတော်သင်ဆု ပမာဏကတော့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၈ သောင်းကျော်($81,480) နဲ့ လေးနှစ်စာ ဒေါ်လာ $325,920 ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

နောက် ၂ နှစ်အကြာမှာတော့ သမီးငယ် Melissa Htut ဟာ New York မြို့ပေါ်က နာမည်ကြီး Private University တစ်ခုဖြစ်တဲ့ New York University (NYU) ကို Full Scholarship နဲ့ ၂၀၂၅ ခုနှစ်မှာ ဝင်ခွင့်ရခဲ့ပြန်ပါတယ်။ သမီးငယ် ရရှိခဲ့တဲ့ ပညာတော်သင်ဆု ပမာဏကတော့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၉ သောင်းကျော် ($91,663) နဲ့ လေးနှစ်စာ ဒေါ်လာ $366,652 ကို ဆွတ်ခူးရရှိနိုင်ခဲ့ပါတယ်။

ဒီလိုထူးချွန်တဲ့ ညီအစ်မလေးနှစ်ယောက်နဲ့ သူမတို့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိခင်ဖြစ်သူကို ကျွန်တော်တို့ရဲ့ Success Prep Education Center က ကျောင်းအုပ် ဆရာရန်အောင် ကိုယ်တိုင် တွေ့ဆုံမေးမြန်းထားတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

အပိုင်း (၁) မေးမြန်းခန်းထဲမှာတော့ မြန်မာပြည်ကနေ အမေရိကားကို ရောက်ရှိလာပြီးနောက်ပိုင်း အပြောင်းအလဲတွေကို ဘယ်လိုမျိုး ညှိယူကြိုးစားခဲ့သလဲ၊ ကျောင်းစာသာမကဘဲ ကျောင်းပြင်ပလှုပ်ရှားဆောင်ရွက်မှုတွေကို မျှတအောင် ဘယ်လိုမျိုး လုပ်ဆောင်ခဲ့သလဲ၊ တက္ကသိုလ်ကျောင်းတွေကို ဘယ်လိုမျိုး ရွေးချယ်လျှောက်ထားခဲ့သလဲ၊ ကျောင်းဝင်ခွင့် အက်ဆေးကို ဘယ်လိုမျိုး ပြင်ဆင်ရေးသားခဲ့သလဲ ဆိုတာတွေကို မေးမြန်းထားပါတယ်။

အပိုင်း (၂) မေးမြန်းခန်းထဲမှာတော့ ဘက်စုံထူးချွန်တဲ့ ကျောင်းသားကျောင်းသူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုမျိုး ပြင်ဆင်ကြိုးစားရမလဲ၊ ပညာတော်သင်ဆုတွေကို ဘယ်လိုမျိုး ရှာဖွေရမလဲ၊ ခုချိန်တည်းကစပြီး ဘာတွေကို ကြိုတင်ပြင်ဆင်ထားရမလဲ ဆိုတာနဲ့ မိဘတွေဖက်က ဘယ်လိုမျိုး ပံ့ပိုးကူညီပေးရမလဲ ဆိုတာတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီဗွီဒီယိုတွေ့ဆုံမေးမြန်းခန်းလေးကနေတဆင့် မိမိတို့ရဲ့ ရင်သွေးငယ်များအတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်လေးတွေကို လေ့လာသိရှိသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ…

Success Prep တွင် သင်ကြားပေးနေသည့် ဘာသာရပ်များ
-----------------------------------------------------
SPEC မှာ သင်ကြားပေးနေတဲ့ ဘာသာရပ်တွေကတော့ Algebra I, Algebra II, Geometry, Writing, Vocabulary, GED, SAT and College Essay Writing တို့ ဖြစ်ပါတယ်။ မိမိတို့ လိုအပ်ချက်ပေါ် မူတည်ပြီး လိုအပ်တဲ့ ဘာသာရပ်တွေကို ရွေးချယ်သင်ယူနိုင်ပါတယ်။
📌 အမေရိကန်နိုင်ငံရှိ အထက်တန်းကျောင်း၊ တက္ကသိုလ်များ
ရွေးချယ်ခြင်းနှင့် အချိန်နှင့် တပြေးညီ လျှောက်ထားခြင်းများ၊

📌 ဖြေဆိုရမည့် စာမေးပွဲများအတွက် ပြင်ဆင်သင်ယူလိုသူများ၊

📌 မိမိတို့ သားသမီးများအတွက် လိုအပ်မည့် ပညာရေးဆိုင်ရာ အကြံဉာဏ်များ၊

📌 လက်ရှိသင်ကြားပို့ချပေးနေသော အွန်လိုင်းသင်တန်းများနှင့်ဗီဇာ ပြင်ဆင်ဖြေဆိုခြင်းဆိုင်ရာ အကြံဉာဏ်များ ...

စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်...

Yan Aung
Success Prep Education Center
“Believing is Achieving!”
🇺🇸 Success Prep Education Center

Center I
8829 51st Avenue
Elmhurst, NY 11373
United States of America
☎️ + (1) 347 612 4561

Center II
1766 Cropsey Avenue
Brooklyn, NY 11214
United States of America
☎️ + (1) 929 412 2884

Center III
173 W El Repetto Drive
Monterey Park, CA 91754
United States of America
☎️ + (1) 626 464 3058

27/04/2025

Happy Birthday, Success Prep!!!
========================

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…

နှစ်စဉ် ဧပြီလထဲကို ရောက်ပြီဆိုရင် မြန်မာနှစ်သစ်တစ်ခုကို ကူးပြောင်းတဲ့အချိန်ခါလည်းဖြစ်သလို Success Prep Education Center ကို စတင်တည်ထောင်ခဲ့တဲ့ နှစ်ပတ်လည်ကို ရောက်ရှိခဲ့ပြန်တာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲံ ၉ နှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ Success Prep ကျောင်းလေးဟာ အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းရင်း အတွေ့အကြုံသစ်တွေကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာကာ ကျောင်းသူကျောင်းသားလေးတွေရဲ့ အနာဂတ်အိပ်မက်တွေကို ဆက်လက်ထုဆစ်လျက် ရှိနေပါတယ်။

အမေရိကန်နွယ်ဖွား မြန်မာလူငယ်လေးများကိုသာမကဘဲ မြန်မာပြည်က ကျောင်းသူကျောင်းသားများကိုပါ တပြိုင်တည်း လေ့ကျင့်သင်ကြားပေးနေတဲ့ Success Prep ကျောင်းလေးဟာ ၉ နှစ်တာကာလအတွင်း ပညာတော်သင်ဆုပေါင်း အမေရိကန် ဒေါ်လာ ၅ သန်းကျော်ထိ ကူညီရယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Success Prep ရဲ့ ပညာရေး ပရိုဂရမ်အသီးသီးမှာ လေ့လာသင်ယူခဲ့ကြတဲ့ ကျောင်းသူကျောင်းသားများဟာ အခုဆိုရင် အမေရိကန်နိုင်ငံရဲ့ ထိပ်သီးတက္ကသိုလ်အသီးသီးမှာ ပညာတော်သင်ဆုများနဲ့အတူ ဆက်လက် ပညာဆည်းပူးလျက် ရှိကြပါတယ်။

ဒီလူငယ်လေးတွေအားလုံးရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို အားလုံးထပ်တူ ဝေမျှခံစားနိုင်ဖို့အတွက် Hall of Fame Collection လေးကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။

Believing is achieving ဆိုတဲ့အတိုင်းပဲ အောင်မြင်မှုတွေကို ဆက်လက်ဖန်တီးနိုင်ဖို့ အတူတကွ ဆက်လက်ယုံကြည်ကြပါစို့….

Yan Aung
Principal & Founder
“Believing is Achieving!”

🇺🇸 Success Prep Education Center

🔰 Center I
8829 51st Avenue
Elmhurst, NY 11373
United States of America
☎️ + (1) 347 612 4561

🔰 Center II
1766 Cropsey Avenue
Brooklyn, NY 11214
United States of America
☎️ + (1) 929 412 2884

🔰 Center III
173 W El Repetto Drive
Monterey Park, CA 91754
United States of America
☎️ + (1) 626 464 3058

Photos from Success Prep Education Center - Myanmar's post 16/04/2025

SPEC ၏ နွေရာသီ သင်တန်းများ စတင်လက်ခံနေပါပြီ....
=======================================

Quick Facts:
-------------------------------------------------------
(7-week program: July 7 ~ August 22)
Register by April 30th: Get $300 Discount!!! $1,095
Register by May 31st: Get $200 Discount!! $1,195
Register by June 30th: Get $100 Discount! $1,295
Register after June 30th: Full Price Tag. $1,395
-------------------------------------------------------
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…

Success Prep Education Center ရဲ့ Elmhurst, Brooklyn နဲ့ Los Angeles ကျောင်းခွဲတွေမှာ နွေရာသီ သင်တန်းတွေအတွက် ကျောင်းအပ်လက်ခံနေပြီ ဖြစ်ပါတယ်။

ဧပြီလ ၃၀ ရက်နေ့မတိုင်ခင် ကျောင်းအပ်သူများဟာ Early Bird Discount ဖြစ်တဲ့ $ 300 ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဖွင့်လှစ်သွားမည့် သင်တန်းများ
----------------------------

✅ Academic Focus (KG ~ G7):

9 AM ~ 12 PM (ELA & Math)
9 AM ~ 2 PM (ELA, Math & Writing)
9 AM ~ 5 PM (ELA, Math, Writing + Programming & AI)

သင်ကြားပေးသွားမယ့် အကြောင်းအရာတွေကတော့ နောက်နှစ်အတွက် Common Core နဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေကို တင်ကြိုသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

မနက်ပိုင်းမှာ အင်္ဂလိပ်စာ Reading Comprehension နဲ့ သင်္ချာ ဘာသာရပ်တွေကို သင်ကြားပေးသွားမှာ ဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ Writing & Grammar ကို အတွေ့အကြုံရင့်ကျက်တဲ့ ဆရာ၊ ဆရာမများမှ အနီးကပ်သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။

ညနေ ၂ နာရီနောက်ပိုင်းမှာဆိုရင်တော့ ယခုခေတ် ကျောင်းသားကျောင်းသူတိုင်း တတ်မြောက်နားလည်ထားသင့်တဲ့ Computer Programming & Artificial Intelligence Knowledge များကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ Specialized High School Admission Prep (SHSAT Prep):
G8 & G9

(ELA, Math & 6 Practice Exams with Reviews)

9 AM ~ 12 PM (Section 1)
2 PM ~ 5 PM (Section 2)

သင်ကြားပေးသွားမယ့် အကြောင်းအရာတွေကတော့ နယူးယောက်မြို့ပေါ်နေ Grade 8 နဲ့ Grade 9 ကျောင်းသားကျောင်းသူများသာ ဖြေခွင့်ရတဲ့ Specialized High School ဝင်ခွင့် သင်ရိုးစာတွေပဲ ဖြစ်ပါတယ်။

ကျောင်းသူကျောင်းသားများ သိသင့်တတ်သင့်တဲ့ အကြောင်းအရာနဲ့ သီအိုရီတွေကို ထိထိမိမိ တွန်းတွန်းတိုက်တိုက် သင်ကြားပေးသွားမှာ ဖြစ်ပြီး စာမေးပွဲ အတွေ့အကြုံရင့်ကျက်စေဖို့အတွက် မေးခွန်းဟောင်း ၆ စုံကိုလည်း အသုံးပြု ရှင်းလင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

✅ Digital PSAT/SAT Prep: G10 ~ G12

(ELA, Math & 6 Practice Exams with Reviews)

9 AM ~ 12 PM (Section 1)
2 PM ~ 5 PM (Section 2)

သင်ကြားပေးသွားမယ့် အကြောင်းအရာတွေကတော့ College Admission အတွက် ပြင်ဆင်လျှောက်ထားတဲ့အခါမှာ ထည့်သွင်းဖော်ပြနိုင်တဲ့ SAT စာမေးပွဲရဲ့ ဘာသာရပ်နှစ်ခုဖြစ်တဲ့ Verbal & Math ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ SAT စာမေးပွဲဟာ ကောလိပ်ဝင်ခွင့်လျှောက်ထားတဲ့အချိန်မှာ Optional တစ်ခုအဖြစ် ပြောဆိုသတ်မှတ်ထားပေမယ့်လည်း တက္ကသိုလ်ကောလိပ်ကောင်းကောင်းကို ပညာတော်သင်ဆုနဲ့ ဝင်ခွင့်ရချင်တဲ့ ကျောင်းသူကျောင်းသားများအတွက်ကတော့ ဖြေဆိုသင့်တဲ့ စာမေးပွဲတစ်အခုအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။

SPEC မှာ SAT သင်တန်းများ တက်ရောက်ပြီး သက်ဆိုင်ရာ ကောလိပ်နဲ့ တက္ကသိုလ်များဆီက ပညာတော်သင်ဆု စကောလားရှစ်များ ရရှိပြီး လက်ရှိတက်ရောက်သင်ယူနေကြတဲ့ ကျောင်းသူကျောင်းသားများစာရင်းကို ဒီပို့စ်လေးမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

https://www.successpreptutoring.com/spec-myanmar

✅ Online Summer Classes: All Grades
Saturdays & Sundays (9 AM ~ 1 PM)

သင်ကြားပေးသွားမယ့် အကြောင်းအရာတွေကတော့ နောက်နှစ်အတွက် Common Core နဲ့ ကိုက်ညီတဲ့ သင်ခန်းစာများ၊ SHSAT, SAT နဲ့ GED ပြင်ဆင်ဖြေဆိုလိုသူများအတွက် သက်ဆိုင်ရာ သင်ခန်းစာများ စတာတွေကို အတွေ့အကြုံရှိတဲ့ ဆရာဆရာမများမှ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

သင်ကြားပေးနေသည့် ဘာသာရပ်များ
----------------------------------

SPEC မှာ သင်ကြားပေးနေတဲ့ ဘာသာရပ်တွေကတော့ Algebra I, Algebra II, Geometry, Writing, Vocabulary, GED, SAT and College Essay Writing တို့ ဖြစ်ပါတယ်။ မိမိတို့ လိုအပ်ချက်ပေါ် မူတည်ပြီး လိုအပ်တဲ့ ဘာသာရပ်တွေကို ရွေးချယ်သင်ယူနိုင်ပါတယ်။

* အမေရိကန်နိုင်ငံရှိ အထက်တန်းကျောင်း၊ တက္ကသိုလ်များ
ရွေးချယ်ခြင်းနှင့် အချိန်နှင့် တပြေးညီ လျှောက်ထားခြင်းများ၊
* ဖြေဆိုရမည့် စာမေးပွဲများအတွက် ပြင်ဆင်သင်ယူလိုသူများ၊
* မိမိတို့ သားသမီးများအတွက် လိုအပ်မည့် ပညာရေးဆိုင်ရာ အကြံဉာဏ်များ၊
* လက်ရှိသင်ကြားပို့ချပေးနေသော အွန်လိုင်းသင်တန်းများနှင့်ဗီဇာ ပြင်ဆင်ဖြေဆိုခြင်းဆိုင်ရာ အကြံဉာဏ်များ
စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်...

Yan Aungg
“Believing is Achieving!”
🇺🇸 Success Prep Education Center

Center I
8829 51st Avenue
Elmhurst, NY 11373
United States of America
☎️ + (1) 347 612 4561

Center II
1766 Cropsey Avenue
Brooklyn, NY 11214
United States of America
☎️ + (1) 929 412 2884

Center III
173 W El Repetto Drive
Monterey Park, CA 91754
United States of America
☎️ + (1) 626 464 3058

09/04/2025

SPECtarian of 2025: Kate Hseng (Burmese Version)
=======================================

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…

ကျွန်တော်တို့ Success Prep Education Center မှာ ပညာတက်ရောက်သင်ယူပြီး သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးကို လျှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားလေးတွေရဲ့ ကောင်းသတင်းတွေထဲက နောက်တစ်ခုကို ဝေမျှပေးချင်ပါတယ်။

သူကတော့ မြန်မာနိုင်ငံကနေ SAT Online Class နဲ့ College Application Workshop Program တွေကို တစ်နှစ်ခွဲနီးပါး တစိုက်မတ်မတ် တက်ရောက်သင်ယူခဲ့တဲ့ တပည့်ကျော် သမီးငယ်လေး Kate Hseng ပဲ ဖြစ်ပါတယ်။

♦️ဝင်ခွင့်ရရှိသည့် တက္ကသိုလ်နှင့် ပညာတော်သင်ဆု ပမာဏ

သမီး Kate Hseng (a.k.a) Nang Nang Onn Hseng ဟာ U.S National Liberal Arts Colleges အားဖြင့် အမှတ်စဉ် ၃၊ Best Value Schools မှာ အဆင့် ၅ ရှိပြီး ကျောင်းသား ၁၀၀ ယောက် လျှောက်ရင် ၇ ယောက်သာ ဝင်ခွင့်ရရှိနိုင်တဲ့ Swarthmore College ကို ပညာတော်သင်ဆုအများကြီးနဲ့ ဝင်ခွင့်ရရှိခဲ့ပါတယ်။ Swarthmore College ရဲ့ ထူးခြားချက်ကတော့ Liberal Arts Education သာမကဘဲ Engineering Campus ပါ ရှိနေတာ ဖြစ်ပါတယ်။

သူမဟာ တစ်နှစ်ကို USD $78,981 နဲ့ လေးနှစ်စာ ဒေါ်လာ ၃ သိန်း ၁ သောင်း ၆ ထောင်ခန့် ရရှိမှာ ဖြစ်ပြီး သူမ စိတ်ဝင်စားတဲ့ Biology ကိုအခြေပြုပြီး Pre-Med. ကို တက်ရောက်သင်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။

♦️Success Prep နှင့် စတင်တွေ့ရှိခဲ့ပုံ

သမီးလေး Kate Hseng ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သာလွန်အထက်တန်းကျောင်း (Thalun International School) မှာ အထက်တန်း (၁၁ တန်း) တက်ရောက်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကျောင်းကနေပဲ Success Prep ရဲ့ လေ့ကျင့်သင်ကြားမှုနဲ့ နာမည်ကျော် Ivy League တက္ကသိုလ်တစ်ခုဖြစ်တဲ့ Dartmouth College ကို ဝင်ခွင့်ရရှိသွားခဲ့တဲ့ ထူးချွန်ကျောင်းသား မောင်ဝေယံဝင်းအောင် (Wai Yan Win Aung) ရဲ့မိဘများက မိတ်ဆက်ပေးမှုကနေတဆင့် Success Prep Education Center အကြောင်းကို စတင် သိရှိခဲ့တာ ဖြစ်ပါတယ်။

Success Prep ရဲ့ College Application Workshop Program ကနေ ကျောင်လျှောက်တဲ့ ကျောင်းသူကျောင်းသားတွေကို ဘယ်လိုပုံစံမျိုး ထိထိရောက်ရောက် လမ်းညွှန်သင်ကြားပြသ ပေးနိုင်မလဲ ဆိုတာကို အသေးစိတ်သိချင်တဲ့အတွက် တည်ထောင်အုပ်ချုပ်သူ ကျွန်တော်နဲ့ အွန်လိုင်းကနေ ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ သူတို့သိချင်တဲ့ မေးခွန်းတွေကို ဖြေပြီးတဲ့နောက်မှာ စိတ်တိုင်းကျခဲ့တာကြောင့် သမီးလေး Kate Hseng ကို ယုံကြည်စွာနဲ့ စတင်အပ်နှံခဲ့ပါတယ်။

ကျောင်းလျှောက်တဲ့အခါမှာလည်း သမီး Kate စိတ်ဝင်စားတဲ့ Biology ကို အခြေခံပြီး သင့်တော်မယ့် တက္ကသိုလ်တွေကို စနစ်တကျ ရွေးချယ်လှောက်ထားဖြစ်ခဲ့ကြပါတယ်။ သမီးလေးဖက်ကလည်း ကျွန်တော်တို့ Success Prep က ချမှတ်ပေးတဲ့ Assignment တွေ၊ ရေးရမယ့် အက်ဆေးတွေ၊ ပြုစုရမယ့် ကျောင်းတွေရဲ့ အချက်အလက်တွေကို ရှာဖွေလေ့လာခဲ့ရုံသာမကဘဲ သူမရဲ့ High School GPA နဲ့ အခြားဘာသာရပ်တွေမှာ အမှတ်ကောင်းနေအောင်လည်း ထိန်းထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းပြင်ပလှုပ်ရှားဆောင်ရွက်မှုတွေမှာ ဆိုရင်လည်း သမီးလေး Kate ဟာ Hlaing Thar Yar Kids လို့ခေါ်တဲ့ အဖွဲ့လေးတစ်ခုကို သူမရဲ့ သူငယ်ချင်းဖြစ်သူ Angela Tin (Boston College ကို စကောလားရှစ်နဲ့ ဝင်ခွင့်ရသူ) နဲ့ အတူတကွ တည်ထောင်ပြီး အပတ်စဉ် အင်္ဂလိပ်စာနဲ့ အခြားဘာသာရပ်တွေကို ကူညီသင်ကြား ပြသပေးနေခဲ့ပါတယ်။

ကျောင်းမှာဆိုရင်လည်း Thalun Student Council ရဲ့President၊ Varsity Volleyball Club ရဲ့ Captain၊ Varsity Girls’ Soccer Club ရဲ့ Captain နဲ့ Community Service Club ရဲ့ Vice President အဖြစ် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဒါကတော့ သမီးလေး Kate Hseng ကျောင်းနေစဉ်ကာလအတွင်းမှာ ရရှိခဲ့တဲ့ ဆုတွေပဲ ဖြစ်ပါတယ်။

🔹East Asia Regional Council of Schools: Global Citizenship Award (2023-2024)

🔹Thalun Learning Leaders of Tomorrow Scholarship: 75% Scholarship (Grade 10 - 12)

🔹Director’s Merit Award: Humanitarian of the Year (Grade 10, Grade 11)

🔹Director’s Honor Roll (Grade 10, Grade 11)

🔹AP Scholar with Honor (2024)

ကျောင်းပေါင်းများစွာအတွက် ရေးသားရတဲ့ Admission Essays တွေ၊ စိတ်ဝင်စားတဲ့ မေဂျာနဲ့ ရရှိနိုင်မယ့် ပညာတော်သင်ဆုတွေကို ရှာဖွေပြီး စာရင်းပြုစုတာတွေ၊ ကျောင်းပြင်ပ လှုပ်ရှားမှုလို့ ဆိုရမယ့် Extracurricular Activities တွေကိုလည်း မပျက်မကွက် တပြိုင်တည်း ပါဝင်ဆောင်ရွက်တာတွေ၊ တချိန်တည်းမှာပဲ High School GPA ကို ထိန်းထားနိုင်ဖို့အတွက် အချိန်နဲ့ တပြေးညီ ပြီးစီးအောင်လေ့လာနေရတဲ့ ကျောင်းစာနဲ့ AP ဘာသာရပ်တွေ၊ SAT အတွက် အပတ်စဉ် ဖြေဆိုရတဲ့ Assignments တွေ စသည်ဖြင့် ကိစ္စပေါင်းများစွာကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အကောင်အထည်ဖော် ကြိုးစားအားထုတ်နိုင်ခဲ့တဲ့ သမီးလေးအတွက် ဒီပညာတော်သင်ဆုဟာ တကယ်ကိုပဲ ထိုက်တန်လှပါတယ်။

♦️Wall of Fame မှာ မှတ်တမ်းရေးထိုး

ဒီလိုမျိုး ထိုက်ထိုက်တန်တန် အောင်မြင်မှု ရရှိအောင် ကြိုးစားနိုင်ခဲ့တဲ့ သမီးလေး Kate Hseng ကို ဂုဏ်ပြုတဲ့အနေနဲ့ Success Prep Education Center ရဲ့ ထူးချွန်ကျောင်းသားကျောင်းသူများ စာရင်း Wall of Fame မှာ Spectarian 2025 အဖြစ် အမှတ်တရ မော်ကွန်းရေးထိုးလိုက်ပါတယ်…

သမီးလေး Kate ဖြစ်ချင်တဲ့ Biomedical Engineer တစ်ယောက် အဖြစ် ဘဝခရီး တလျှောက်လုံးမှာ အောင်မြင်မှု အလီလီ ရရှိနိုင်ပါစေလို့လည်း Success Prep Education Center ရဲ့ ဆရာ၊​ဆရာမများက ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ….

အားလုံးကို ချစ်ခင်လေးစားလျက်

Yan Aung
“Believing is Achieving!”

🇺🇸 Success Prep Education Center

Center I
--------
8829 51st Avenue
Elmhurst, NY 11373
United States of America
☎️ + (1) 347 612 4561

Center II
---------
1766 Cropsey Avenue
Brooklyn, NY 11214
United States of America
☎️ + (1) 929 412 2884

Center III
----------
183 W El Repetto Dr
Monterey Park, CA 91754
United States of America
☎️ + (1) 626 464 3058
www.successpreptutoring.com

Photos from Success Prep Education Center - Myanmar's post 08/04/2025

SPECtarian of 2025: Frankie That
=========================

အားလုံးပဲ​မင်္ဂလာပါ ခင်ဗျာ…

ကျွန်တော်တို့ရဲ့ Success Prep Education Center ကနေ နှစ်စဉ် မွေးထုတ်ပေးနေတဲ့ ပညာတော်သင်ဆုရ ကျောင်းသူကျောင်းသားများ စာရင်းထဲကို နောက်တစ်ယောက် ထပ်မံ ဖြည့်သွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူကတော့ မြန်မာအမေရိကန်ကျောင်းသားလေး Frankie That ပဲ ဖြစ်ပါတယ်။

Frankie That ဟာ သူလျှောက်ခဲ့တဲ့ တက္ကသိုလ် ကောလိပ်စုစုပေါင်း ၁၄ ကျောင်းကနေ ထိုက်တန်တဲ့ စကောလားရှစ်တွေကို ရရှိခဲ့ပါတယ်။

♦️ Success Prep နှင့် စတင်တွေ့ရှိခဲ့ပုံ

Frankie ဟာ Success Prep မှာ SAT အတွက် အပြင်းအထန် လေ့ကျင့်ပြင်ဆင်ဖို့ သူ့အဒေါ်ကနေတဆင့် စုံစမ်းမေးမြန်းရင်း Brooklyn Center မှာ ကျွန်တော်နဲ့ စတင်တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။

မကာအိုနိုင်ငံမှာ နေသားကျနေပေမယ့် သူ့ရဲ့ ဘဝရှေ့ရေးအတွက် အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကြောင်း သူ့အဒေါ်က ရှင်းပြရင်း SAT အတွက်သာမကဘဲ တခြားလိုအပ်တဲ့ လမ်းညွှန်မှုတွေ ပြုလုပ်ပေးဖို့ ပြောလာခဲ့ပါတယ်။

သူ့ကို စသင်တဲ့အချိန်မှာ သူ့ရဲ့ သင်္ချာတွက်ချက်နိုင်စွမ်းနဲ့ စဉ်းစားနိုင်စွမ်းက တော်တော်လေးကောင်းတာကို သတိထားခဲ့မိတယ်။ အင်္ဂလိပ်စာပိုင်းကို အားဖြည့်သင်ကြားရင်း သူ့အားသာချက်ကိုလည်း ပိုမိုအားကောင်းအောင် ကျွန်တော်တို့ရဲ့ SPEC ဆရာ၊ ဆရာမများက အစွမ်းကုန် ကြိုးစားပေးခဲ့ကြပါတယ်။

ကျောင်းပြင်ပလှုပ်ရှားမှု (Extracurricular) ပိုင်းမှာလည်း အားမနည်းရအောင် သူ့ကို အားပေးလမ်းညွှန်ခဲ့တဲ့အချိန်မှာ သူဝါသနာပါတဲ့ ကြက်တောင်ရိုက်အားကစားနည်းကို အခြေခံပြိး Badminton Club မှာ မန်နေဂျာဖြစ်လာတာမျိုး၊ ထူးချွန်တဲ့ သင်္ချာပညာရပ်ကို အခြေခံတဲ့ Math Club မှာ အသင်းဝင်ပြီး ပြိုင်ပွဲတွေဝင်တဲ့အခါ ပထမရလာတာမျိုးတွေထိ သူ့ဖက်က ခေါင်းဆောင်မှု အရည်အသွေးတွေကို တဖြည်းဖြည်း ပြသလာနိုင်ခဲ့ပါတယ်။

ကျောင်းစာမှာဆိုရင်လည်း GPA 4.0 အထက်မှာ ရှိနေတာမျိုး၊ AP Calculus, AP Physics, AP Chinese, AP Computer Science, AP Statistics စတဲ့ ခက်ခဲတဲ့ ဘာသာရပ်တွေမှာ အမြင့်ဆုံးအမှတ်ဖြစ်တဲ့ 5 ထိ ရအောင် ကြိုးစားဖြေဆိုနိုင်တာမျိုးတွေထိ ပညာရေးပိုင်းမှာလည်း ထိန်းထားနိုင်ခဲ့ပါတယ်။

ကျောင်းလျှောက်ရမယ့် အချိန်ရောက်လာချိန်မှာတော့ မကာအိုကနေ အမေရိကားကို ပြောင်းလာပြီး နယ်မြေသစ်မှာ ရုန်းကန်ရင်ဆိုင်ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို အခြေခံပြီး အက်ဆေးကောင်းကောင်းလေးတစ်ပုဒ်ကို သူနဲ့ကျွန်တော် အတူတူ ရေးဖြစ်ခဲ့ကြတယ်။

အကြိမ်ပေါင်းများစွာ ရေးလိုက်၊ ဖျက်လိုက်၊ ပြင်လိုက် လုပ်ပြီးချိန်မှာတော့ ပြန်ဖတ်တိုင်း မျက်ရည်ဝဲပြီး ခွန်အားတွေ ဖြစ်စေခဲ့တဲ့ အက်ဆေးကောင်းလေးတစ်ပုဒ်ကို အပြီးသတ်နိုင်ခဲ့ကြတယ်။

အက်ဆေးခေါင်းစဉ်လေး နာမည်က New Horizon တဲ့…

♦️ ဝင်ခွင့်ရရှိခဲ့တဲ့ တက္ကသိုလ်များနဲ့ ရရှိခဲ့တဲ့ ပညာတော်သင်ဆုများ

ဘဝနာပြီး ကြိုးစားအားကောင်းတဲ့ ထူးချွန်ကျောင်းသားလေး Frankie ဟာ အောက်ပါတက္ကသိုလ် ကောလိပ်များဆီကနေ ပညာတော်သင်ဆုများကို ရရှိခဲ့ပါတယ်။

ပညာတော်သင်ဆုရ Private Universities and Institutions
——————————————————————-

🔹 Rochester Institute of Technology (New York), $69,460/Year, Total Award: $277,840

🔹 Cooper Union (New York), $69,546/Year, Total Award: $278,184

🔹 Drexel University (Pennsylvania), $48,495/Year, Total Award: $193,980

🔹 Rensselaer Polytechnic Institute (New York), $65,060/Year, Total Award: $260,240

🔹 New York Institute of Technology (New York), $53,560/Year, Total Award: $214,240

🔹 🔹 🔹

Total Award From Private Insitutions: $1,224,484 (1.23 millions)

🔹 🔹 🔹

ပညာတော်သင်ဆု အပြည့်ရ
Public Universities and Colleges)
—————————————————-

Full Ride Scholarship

🔹 Stoney Brook University
🔹 Binghamton University
🔹 University of Buffalo
🔹 SUNy Polytechnic Institute
🔹 Baruch College
🔹 Hunter College
🔹 City Tech
🔹 John Jay
🔹 Queens College

♦️ Hall of Fame မှာ မှတ်တမ်းရေးထိုး

အခုလိုမျိုး ဘဝကို ရိုးရိုးရှင်းရှင်းလေး နေထိုင်ပြီး မြင့်မားတဲ့ ရည်မှန်းချက်တွေကို ရောက်အောင်၊ ရအောင် ကျားကုတ်ကျားခဲ ဆွတ်ခူးကြိုးစားနိုင်ခဲ့တဲ့ ကျောင်းသားလေး Frankie That ကို ကျွန်တော်တို့ရဲ့ Success Prep Education Center မှာ SPECtarian of 2025 အဖြစ် မှတ်တမ်းရေးထိုးလိုက်ပါတယ်။

Data Science နဲ့ Artificial Intelligence ကို စိတ်ဝင်စားတဲ့ ချစ်တပည့်လေး Frankie That တစ်ယောက် ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝခရီးမှာ အောင်မြင်မှုတွေ အလီလီ ဆက်လက်ဆွတ်ခူး ရရှိနိုင်ပါစေလို့ Success Prep ရဲ့ ဆရာ၊ ဆရာမများက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

အားလုံးကို ချစ်ခင်လေးစားလျက်

Yan Aung
“Believing is Achieving!”

🇺🇸 Success Prep Education Center

Center I
8829 51st Avenue
Elmhurst, NY 11373
United States of America
☎️ + (1) 347 612 4561

Center II
1766 Cropsey Avenue
Brooklyn, NY 11214
United States of America
☎️ + (1) 929 412 2884

Center III
183 W El Repetto Dr
Monterey Park, CA 91754
United States of America
☎️ + (1) 626 464 3058

www.successpreptutoring.com

Myanmar Earthquake: Aftermath of Collapsed Buildings in Mandalay 29/03/2025

StayStrongMyanmar
===============

Our hearts are heavy with sorrow for the people of Mandalay in the wake of the devastating earthquake. The loss of lives, the missing loved ones, and the destruction left behind are truly heartbreaking.

To everyone affected—our thoughts and prayers are with you. May those who have lost their lives rest in peace, and may the missing be found safe. We stand in solidarity with the survivors and the brave rescuers working tirelessly to help.

If you can, please support relief efforts in any way possible. Every bit of help counts in this time of immense grief and need.

Success Prep extends its sincere hopes for the well-being and recovery of all those affected by this tragic event.

💔

Myanmar Earthquake: Aftermath of Collapsed Buildings in Mandalay Video taken from Mandalay, Myanmar, via CNN.Myanmar’s ruling military said Saturday on state television that the confirmed death toll from a devastating 7.7 ...

Photos from Success Prep Education Center - Myanmar's post 27/03/2025

SPECtarian of 2025: Angela Tin
========================

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…

နှစ်စဉ်နှစ်တိုင်း မတ်လဝန်းကျင်ရောက်ရင် ကျွန်တော်တို့ Success Prep Education Center မှာ ပညာတက်ရောက်သင်ယူပြီး သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးကို လျှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားလေးတွေရဲ့ ကောင်းသတင်းကို ကြားရမြဲ ဖြစ်ပါတယ်။

သည်တစ်ခါ ကောင်းသတင်းကို ဆောင်ကြဉ်းပေးလာသူကတော့ မြန်မာနိုင်ငံကနေ SAT Online Class နဲ့ College Application Workshop Program တွေကို တစ်နှစ်ခွဲနီးပါး တစိုက်မတ်မတ် တက်ရောက်သင်ယူခဲ့တဲ့ တပည့်ကျော် သမီးငယ်လေး Angela Tin ပဲ ဖြစ်ပါတယ်။

♦️ ဝင်ခွင့်ရရှိသည့် တက္ကသိုလ်နှင့် ပညာတော်သင်ဆု ပမာဏ
—————————————————————————————

သမီး Angela Tin (a.k.a) KayThari Tin ဟာ U.S National Ranking အားဖြင့် အမှတ်စဉ် ၃၇ မှာရှိတဲ့ Top 50 Colleges တွေထဲက တစ်ခုဖြစ်တဲ့ Boston College ကို ပညာတော်သင်ဆုအများကြီးနဲ့ ဝင်ခွင့်ရရှိခဲ့ပါတယ်။ သူမဟာ တစ်နှစ်ကို USD $70,000 နဲ့ လေးနှစ်စာ ဒေါ်လာ ၂ သိန်း ၈ သောင်းကျော် ရရှိမှာ ဖြစ်ပြီး သူမ စိတ်ဝင်စားတဲ့ Statistics Major ကို တက်ရောက်သင်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။

♦️ Success Prep နှင့် စတင်တွေ့ရှိခဲ့ပုံ
-——————————————————-

သမီးလေး Angela Tin ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သာလွန်အထက်တန်းကျောင်း (Thalun International School) မှာ အထက်တန်း (၁၁ တန်း) တက်ရောက်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကျောင်းကနေပဲ Success Prep ရဲ့ လေ့ကျင့်သင်ကြားမှုနဲ့ နာမည်ကျော် Ivy League တက္ကသိုလ်တစ်ခုဖြစ်တဲ့ Dartmouth College ကို ဝင်ခွင့်ရရှိသွားခဲ့တဲ့ ထူးချွန်ကျောင်းသား မောင်ဝေယံဝင်းအောင် (Wai Yan Win Aung) ရဲ့မိဘများက မိတ်ဆက်ပေးမှုကနေတဆင့် Success Prep Education Center အကြောင်းကို စတင် သိရှိခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ မိဘများဟာ Success Prep ကျောင်းကနေ လေ့ကျင့်သင်ကြားပေးမှုအကြောင်းကို အသေးစိတ်သိချင်ခဲ့တာကြောင့် တည်ထောင်အုပ်ချုပ်သူ ကျွန်တော်နဲ့ အွန်လိုင်းကနေ စတင်ဆွေးနွေး စုံစမ်းမေးမြန်းခဲ့ပါတယ်။ သူတို့သိချင်တဲ့ မေးခွန်းတွေကို ဖြေပြီးတဲ့နောက်မှာ စိတ်တိုင်းကျခဲ့တာကြောင့် သမီးလေး Angela Tin ကို ယုံကြည်စွာနဲ့ စတင်အပ်နှံခဲ့ပါတယ်။

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းမှာ သမီးလေး Angela ဟာ Success Prep ရဲ့SAT Curriculum တွေကို အပတ်တကုတ် ကြိုးစားလေ့လာခဲ့ရုံသာမကဘဲ ကျောင်းလျှောက်ရမယ့် အချိန်ရောက်လာချိန်မှာလည်း ကျွန်တော့်ဖက်ကပေးတဲ့ တာဝန်တွေ၊ လုပ်ဆောင်ရမယ့် ဝတ္တရားတွေကို မပျက်မကွက် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကျောင်းပေါင်းများစွာအတွက် ရေးသားရတဲ့ Admission Essays တွေ၊ စိတ်ဝင်စားတဲ့ မေဂျာနဲ့ ရရှိနိုင်မယ့် ပညာတော်သင်ဆုတွေကို ရှာဖွေပြီး စာရင်းပြုစုတာတွေ၊ ကျောင်းပြင်ပ လှုပ်ရှားမှုလို့ ဆိုရမယ့် Extracurricular Activities တွေကိုလည်း မပျက်မကွက် တပြိုင်တည်း ပါဝင်ဆောင်ရွက်တာတွေ၊ တချိန်တည်းမှာပဲ High School GPA ကို ထိန်းထားနိုင်ဖို့အတွက် အချိန်နဲ့ တပြေးညီ ပြီးစီးအောင်လေ့လာနေရတဲ့ ကျောင်းစာနဲ့ AP ဘာသာရပ်တွေ၊ SAT အတွက် အပတ်စဉ် ဖြေဆိုရတဲ့ Assignments တွေ စသည်ဖြင့် ကိစ္စပေါင်းများစွာကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အကောင်အထည်ဖော် ကြိုးစားအားထုတ်နိုင်ခဲ့တဲ့ သမီးလေးအတွက် ဒီပညာတော်သင်ဆုဟာ တကယ်ကိုပဲ ထိုက်တန်လှပါတယ်။

♦️ Wall of Fame မှာ မှတ်တမ်းရေးထိုး
———————————————————

ဒီလိုမျိုး ထိုက်ထိုက်တန်တန် အောင်မြင်မှု ရရှိအောင် ကြိုးစားနိုင်ခဲ့တဲ့ သမီးလေး Angela Tin ကို ဂုဏ်ပြုတဲ့အနေနဲ့ Success Prep Education Center ရဲ့ ထူးချွန်ကျောင်းသားကျောင်းသူများ စာရင်း Wall of Fame မှာ Spectarian 2025 အဖြစ် အမှတ်တရ မော်ကွန်းရေးထိုးလိုက်ပါတယ်…

သမီးလေး Angela ဖြစ်ချင်တဲ့ Statistician အဖြစ် ဘဝခရီး တလျှောက်လုံးမှာ အောင်မြင်မှု အလီလီ ရရှိနိုင်ပါစေလို့လည်း Success Prep Education Center ရဲ့ ဆရာ၊​ဆရာမများက ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ….

အားလုံးကို ချစ်ခင်လေးစားလျက်

Yan Aung
“Believing is Achieving!”

🇺🇸 Success Prep Education Center

Center I
8829 51st Avenue
Elmhurst, NY 11373
United States of America
☎️ + (1) 347 612 4561

Center II
1766 Cropsey Avenue
Brooklyn, NY 11214
United States of America
☎️ + (1) 929 412 2884

Center III
183 W El Repetto Dr
Monterey Park, CA 91754
United States of America
☎️ + (1) 626 464 3058

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

133, Mill Road, Suite 602, Mingalar Taung Nyunt
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00